Friday 31 May 2013

Java , C++ Programming များသင်ကြားပေးပါမည်

Unknown | 31.5.13 | Best Blogger Tips





မင်္ဂလာပါ.. Java , C++ Programming စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမများအတွက် Programmer များဖြစ်တဲ့ ညီမငယ်လေး ဆုရတနာ ( SuYaTaNar ) နဲ့ ညီငယ်လေး VoDa Kar တို့နှစ်ဦးက

www.mmithelper.comတွင် နေ့စဉ်သင်ခန်းစာတစ်ခုချင်းစီသင်ကြားပြသပေးသွားမှာဖြစ်ပါတယ်..ဒါ

ကြောင့် Programming စိတ်ဝင်စားသူများအနေဖြင့် လာရောက်လေ့လာ သင်ယူကြဖို့ ဖိတ်ခေါ်အပ်ပါသည်

ခင်မျာ... :-)



Windows 8.1 OS ထွက်မည်

Unknown | 31.5.13 | Best Blogger Tips







Windows 8.1 OS ထွက်မည်





ပြီးခဲ့တဲ့ အပါတ်ကတော့ တင်ဖူးပါတယ် ဒါပေမယ့် ဒါလေးက App တွေ ပိုလာပါတယ်





Microsoft မှ Windows 8 ထက်ပိုပြီးအဆင့်မြင့်တဲ့ Windows 8.1 OS ကို ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ 





အဆင့်မြင့်ဆိုလို့ အရင်က ဗားရှင်းကို မမြင့်ဘူးလို့ မဆိုလိုပါဘူး။ ယခု ထက်ဖြန့်မယ့် 8.1 က UI ပိုတိုးလာတဲ့ သဘောပါ။ Windows 7 မှာ ပါခဲ့ သလိုမျိုး ဘယ်ထောင့်အောက်က Start Button တို့ ပြန်ပါမယ်လို့ ကြားနေ ပါတယ်။ ဇွန် ၂၆ မိတ်ဆက်တဲ့ နေ့ကျ အားလုံးကို သိရမှာပါ။ 





အရင် Windows 8 OS ဝယ်သုံးထားသူများ အနေနဲ့ ဝယ်သုံးစရာ မလို ပါဘူးတဲ့။ အခမဲ့ Upgrade လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ကျနော် တို့ မြန်မာ ပြည်မှာ အများစုက Crack ထားတဲ့ ကော်ပီခွေတွေ သုံးတာပါ။ ဒီတော့ Upgrade လုပ်ဖို့အတွက် စီဒီဈေးသက်သက်သာသာ နဲ့ ဝယ်လုပ် ရုံပါပဲ။ လောလောဆယ် အထိတော့ ရတာပေါ့။ ဆန်ရှင် တွေ ပွင့်တဲ့ တစ်နေ့။ မိုက်ခရိုဆော့ဖ်ဝင်လာတဲ့ တစ်နေ့ဆိုရင်တေ့ မရတော့မှာ သေချာ ပါတယ်။ 





sharing လုပ်ဖို့အတွက် Syncing ကောင်းလာမယ်။ Screen ဆိုဒ်အမျိုး မျိုးအတွက် ထောက်ပံ့မယ်။ SkyDrive app ပိုကောင်းလာမယ်။ PC Setting ဝင်ဖို့အတွက် control panel သွားစရာ မလိုတော့ဘူး ဘာညာနဲ့ သတင်းတွေ ထွက်နေပါတယ်။ Windows 8.1 OS မိတ်ဆက်တဲ့ နေ့မှ ပါဝင်လာမယ့် Feature အသစ်များကို ပြည့်ပြည့်စုံစုံ မိတ်ဆက်ပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ်။ 


-





Ref: pocketlint





Aung Kham (TSJ team)





-









ကိုလတ်(ကျွဲဆင်း)



All WINDOWS 8 LOADER V1.7.9

Unknown | 31.5.13 | | Best Blogger Tips





အားလုံးသော
Windows 8 ဗားရှင်းတွေကို Activate လုပ်ပေးတဲ့ Activator ဖြစ်ပါတယ်..
Pirate Windows ကိုသာ သုံးနိုင်သေးတဲ့ ကျွန်တော်တို့ မြန်မာတွေလက်ထဲမှာ
Activate မဖြစ်သေးတဲ့ Windows 8 တွေကို သုံးရင်း Warning တက်လာလို့
စိတ်မချမ်းမသာဖြစ်နေသူတွေ ဒီကောင်ကိုသာ သုံးလိုက်ပါ.. အဆင်ပြေပါတယ်..
ထွက်ခဲ့ပြီးတဲ့ Windows 8 အားလုံးကို Activate ဖြစ်စေမှာပါ..
စာရင်းကိုကြည့်ပါ..

This is activated

x86 (32-bit)

Windows 8 x86

Windows 8 N x86

Windows 8 Pro x86

Windows 8 Pro VL x86

Windows 8 Pro N x86

Windows 8 Pro with Media Center x86

Windows 8 Enterprise x86

Windows 8 Enterprise N x86

x64 (64-bit)

Windows 8 x64

Windows 8 N x64

Windows 8 Pro x64

Windows 8 Pro VL x64

Windows 8 Pro N x64

Windows 8 Pro with Media Center x64

Windows 8 Enterprise x64

Windows 8 Enterprise N x64

Activate Windows 8 Enterprise

Activate Windows 8 Professional

Activate Microsoft Office 2013

Activate Microsoft Office Visio 2013

Activate Microsoft Office Project 2013

Activate Microsoft Office 2010

Activate Microsoft Office Visio 2010

Activate Microsoft Office Project 2010

Activate Windows 7 Enterprise

Activate Windows 7 Professional

Activate Windows Vista Enterprise

Activate Windows Vista Professional



အဆင်ပြေပါစေ..






Download :10.5 MB





RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root နည်း

Unknown | 31.5.13 | | | Best Blogger Tips





RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root လို့ရတဲ့နည်းလေး မျှဝေချင်ပါတယ်..

ပထမဆုံး လိုအပ်တာလေးတွေ. ဒေါင်းပါ..

1. RegawMOD EVO 4G LTE Rooter For 32bit  HERE or HERE

    RegawMOD EVO 4G LTE Rooter For 64bit        HERE

2. HTC Driver

3. .Net Frame 4.0



ဒေါင်းပြီးသွားရင်.. Driver နဲ့ .Net 4.0 မရှိသေးသူက Install လုပ်လိုက်ပါအုံးနှော်..

ကဲ. စမယ်..

1. ကိုယ့် Windows OS အလိုက် RegawMOD EVO 4G LTE Rooter For 32bit (သို့မဟုတ်) RegawMOD EVO 4G LTE Rooter For 64bit ကို Run ပါ..

2. ဖုန်းကို USB Debugging နဲ့ Unknown Source ကို On ထားပြီး USB ကြိုးသုံးကာ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..

3.
Driver ကိုသိတယ်. ဆိုရင် Computer မှာ ဖုန်းပုံတက်လာပြီး အဲဒီထဲမှာ ROOT
ME ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်.. အဲဒါကိုနှိပ်လိုက်ပါ.. အဲဒီမှာ Warning တွေ
တက်လာနိုင်ပါတယ်.. USB Debugging ကို On မထားတာတို့. Driver
မသိတာတို့ပေါ့ဗျာ.. အားလုံး သိတယ် . ဆိုရင်တော့ အဆင်ပြေပါတယ်..
သူ့အလိုလိုလုပ်သွားပါလိမ့်မယ်.. နောက်ဆုံး ပြီးခါနီးလေးမှာ Root
ပြီးကြောင်းကို Warning တက်သလို တက်လာမှာဖြစ်ပါတယ်.. ဒီအတိုင်းထားလိုက်ပါ..
ဖုန်းပုံမှာ အစိမ်းရောင်စာတွေ အလုပ်လုပ်ရင်း နောက်ဆုံးတော့
အားလုံးပြီးဆုံးသွားမှာဖြစ်ပါတယ်..





အဆင်ပြေပါစေခင်ဗျာ..



Credit to : မောင်ပေါက်(http://komaungpauk.blogspot.com)





အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ

Unknown | 31.5.13 | Best Blogger Tips










အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ကွန်ပြူတာဆိုင်ရာ ဘာသာရပ်များ



--------------------------------------------------------

အိုင်တီလို့သာ အကြမ်းဖျင်းခေါ်ပေမယ့် သူက အင်မတန် ကျယ်တဲ့ ပင်လယ်ကြီး တစ်ခုပါပဲ။ 





ယင်းကျယ်ပြန့်တဲ့ ပင်လယ်ထဲမှာ ကိုယ်က ဘယ်ပရော်ဖက်ရှင်နယ်လိုင်းကို 





လိုက်စားလို့အဆင်ပြေမယ်ဆိုတာ





 ကို ရွေးနိုင်အောင် သိသလောက် ဖော်ပြပေးလိုက်ရ ပါတယ်။ 




ကွန်ပြူတာ အင်ဂျင်နီယာ (Computer Engineering)




ကွန်ပြူတာ စက်ပစ္စည်းတီထွင်တဲ့ ပညာလို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။





 CPU ဘယ်လိုလုပ်တယ်။ မော်နီတာ ဘယ်လိုလုပ်တယ်။





 ဟာ့ဒ်ဝဲ ပစ္စည်းအစိတ်အပိုင်း တစ်ခုချင်းစီတည်ဆောက်တဲ့ ပညာရပ်ပါပါမယ်။





 ဒါတင်ဘယ်ကအုံးမလဲ။ ဆော့ဖ်ဝဲ ဖန်တီးမှုလည်း ပါဝင်ပါ သေးတယ်။ CPU တော့လုပ်လိုက်ပါပြီ။ 





ယင်း CPU ဘယ်ဘယ်လို တာဝန်ထမ်းဆောင် မယ်။ 





ဘယ်လို အီလက်ထရောနစ် Signal ကိုတုံ့ပြန်လုပ်ဆောင်မယ် အစရှိသဖြင့် 





ဟာ့ဒ်ဝဲတင်မကတော့ပဲ ဆော့ဖ်ဝဲပါ ပါဝင်လာပါတယ်။ 





ဒီတော့ ကွန်ပြူတာ အင်ဂျင်နီယာ ဆိုတာ ကွန်ပြူတာ ရဲ့  အခြေခံအကျဆုံး





 ဆော့ဖ်ဝဲ နဲ့ ဟာ့ဒ်ဝဲကို တီထွင်ဖန်တီးတဲ့ ဘာသာ့ရပ် ဖြစ်ပါတယ်။ 

ကွန်ပြူတာ စနစ် အင်ဂျင်နီယာ (System Engineer)






ကွန်ပြူတာ အင်ဂျင်နီယာကတော့ ကွန်ပြူတာတွေ တစ်လုံးပြီး တစ်လုံး တီထွင်လိုက်ပါပြီ။ 





ယင်း ကွန်ပြူတာတွေ ဘယ်လို စနစ်နဲ့ အလုပ်လုပ်မယ်ဆိုတာကို 





ဖန်တီးပေးရမယ့် အဆင့်ကလည်း တစ်ခု ရှိပါသေးတယ်။ 





ဥပမာ ကွန်ပြူတာနဲ့ ဂြိုလ်တုကိုလှမ်းချိတ်မယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံးချိပ်ဆက်ဖို့အတွက် 





ဘယ်လို ဟာ့ဒ်ဝဲတွေ ရှိသင့်တယ်။ ဆော့ဖ်ဝဲတွေ ရှိသင့်တယ်။ 





လိုအပ်တဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲ တီထွင်ဖန်တီးပေးသူကို ကွန်ပြူတာ စနစ်အင်ဂျင်နီယာလို့ ခေါ်ပါတယ်။





 ကွန်ပြူတာလို့ရှေ့ မှာ တပ်ရတဲ့အကြောင်း အရင်းက system အင်ဂျင်နီယာမှာ အခြား 





ဘာသာရပ်တွေလည်း ထပ်ကွဲနေသေးလို့ပါ။ 




ကွန်ရက် အင်ဂျင်နီယာ (Network Engineer)






ကွန်ပြူတာ ထွင်တဲ့သူက ထွင်လိုက်ပြီ။





 တစ်လုံးနဲ့ တစ်လုံး ချိတ်လို့ရအောင် ဆော့ဖ်ဝဲတွေ၊ ဟာ့ဒ်ဝဲတွေလည်း ထွင်လိုက်ပြီ။ 





သို့ပေမယ့် ယင်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကျတော့





 ကွန်ရက်အင်ဂျင်နီယာက အလုပ်လုပ်ပေးရတာပါ။ Network Engineer ပေါ့။ 





ဒါလည်း အင်မတန် ကျယ်ပြန့်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အီးမေးလ်တွေပို့လို့ရအောင်၊





 ပုံတွေ၊ သတင်းတွေ စီးဆင်းရအောင် ဖန်တီးပေးသူ များက Network Engineer များ ဖြစ်ပါတယ်။





 ဒီမှာကွန်ပြူတာတင် မကတော့ပဲ တယ်လီဖုန်း ကွန်ရက် အင်ဂျင်နီယာ ဆိုပြီလည်း ရှိပါတယ်။ 





တစ်ခုနဲ့တစ်ခုက ဆက်စပ်မှု ရှိပါတယ်။ 




ကွန်ပြူတာ စနစ်အုပ်ချုပ်ရေး ဘာသာရပ် (System Administrator)





ကွန်ပြူတာလည်းရှိပြီ၊ ချိတ်လည်းချိတ်ပြီးပြီ၊ သတင်းအချက်အလက်လည်း စီးဆင်းပြီဆိုရင်





 နောက်ထပ် လိုအပ်တာက Administration ပါ။ 





ယင်း အချက်အလက်များစီးဆင်းနေမှုကို အမြဲစောင့်ကြည့်ပေးရမယ်။ 





လုံခြုံရေးဘယ်လိုကာကွယ်ပေးရယ် အစရှိသဖြင့် အတော်လေး ကွဲသဗျ။ 





Admin ဆိုတဲ့အတွက် လုပ်ငန်းလည်ပတ်မှုက သူက ရှိနေဖို့လိုအပ်တာပေါ့။ 





ယင်း ဘာသာရပ်နဲ့ Networking ဘာသာရပ်နဲ့က ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါတယ်။





 Network ရသူက Admin ပိုင်းသွားဖို့လွယ်ပြီး Admin ပိုင်းရသူကလည်း 





Networking ပိုင်းကို သွားဖို့လွယ်ကူပါတယ်။ 





System Engineer လည်း ဒီလိုင်း ၂ ခုကို အလွယ်တကူ ကူးသွားလို့ ရပါတယ်။ အချိန်တော့ ပေးရမှာပေါ့။ 


ကွန်ပြူတာ ပရိုဂမ်ရေးဆွဲခြင်း ဘာသာရပ် ( Computer Programmer )




Programmer သို့တည်းမဟုတ် Developer သို့တည်းမဟုတ် coder သို့မဟုတ် 





အခြားအမျိုးမျိုးခေါ်တာရှိပါသေးတယ်။ မြန်မာပြည်မှာလည်း ပရိုဂမ်မာတွေ အများကြီးပါ။





 ဝဘ်ဆိုဒ်ပရိုဂမ်မာလား၊ ဆော့ဖ်ဝဲပရိုဂမ်မာလား၊ ဟာ့ဒ်ဝဲမှာ ကုဒ် ထည့်မယ့် 





ပရိုဂမ်မာလား အစရှိသဖြင့် လိုင်းအမျိုးမျိုး ထပ်ကွဲပါသေးတယ်။ 





လက်ရှိ မြန်မာပြည်မှာ အများစု ကတော့ Web Programmer ပေါ့။





 နောက်ထပ်များလာတာကတော့ ဆော့ဖ်ဝဲပရိုဂမ်မာပါ။ 





ဖုန်း app လေးတွေ တစ်ပိုင်တစ်နိုင်ဆွဲနေကြတဲ့ လူငယ်တွေ များလာလို့ ဝမ်းသာ ရပါတယ်။ 





ကွန်ပြူတာတွေ ဘယ်လောက်ပဲထွင်ထွင်၊ ဘယ်လောက်ပဲချိတ်ချိတ်





 ယင်းအချက်အချက်အလက်တွေကို ခင်းကျင်းပြသမှု အပိုင်းကျတော့ ပရိုဂမ်မာက လုပ်ရတာပေါ့။ 





အလွယ်ကူဆုံး ဥပမာ ပြောမယ်။ စကားပြန်ပေါ့။ ကျနော်က မြန်မာလူမျိုး၊ ကမ္ဘာ အရပ်ရပ်က လူပေါင်းစုံနဲ့ 





တစ်နေရာတည်းမှာတွေ့တဲ့အခါ သူတို့ဘာပြောလည်း ကျနော်မသိဘူး။





 ဒါကို သိအောင် ကြားမှာ စကားပြန်က ဘာသာပြန်ပေးမယ်။ 





ဘာသာအနည်းအများပေါ်မူတည်ပြီး သူနိုင်သလောက် ဘာသာပြန်ပေးတယ်။





 ပြောတဲ့သူက ဝမ်းနည်းတဲ့ စကားဆိုရင် သူက ဝမ်းနည်းနဲ့ အမူအရာလေးနဲ့ ဘာသာပြန်ချင်ပြန်မယ်။

ဒီလိုပါ။ ဝဘ်ဆိုဒ်တစ်ခုကို ကွန်ပြူတာမှာ ဖွင့်ရင် ဘယ်လို ဘာသာရပ်နဲ့ပေါ်မယ်။ 





သတင်းတွေကို ဘယ်နေရာမှာ ဖတ်ရမယ်။ ဘာကိုရှာရင် ဘယ်နေရာမှာ အလွယ်တကူ တွေ့ရမယ်။ 





အစရှိသဖြင့် ပေါ့။ အနီးစပ်ဆုံးအနေနဲ့ မာ့ခ်ဆူကာဘတ်ဆိုတဲ့





 Facebook တည်ထောင်သူဟာ PHP programmer တစ်ဦးပါ။ 





Facebook ဆိုတာကြီး ကို ဖန်တီးဖို့အတွက် သူကြိုးစားခဲ့တာလေးပါ။ 





ပရိုဂမ်မာ မှာတောင် Java လား၊PHP လား၊ C++ လား ဘာလား ညာလား 





လိုင်းက အတော်လေး ထပ်ကွဲ ပါသေးတယ်။ နောက်မှ အသေးစိတ်ပြောတာပေါ့။ 


ဝဘ်ဆိုဒ် ဒီဇိုင်း ဘာသာရပ် (Web Designer)

ဒါက ပရိုဂမ်မာနဲ့ နည်းနည်းဆက်စပ်တယ်။ ပရိုဂမ်မာတွေ တစ်ခုပြီးတစ်ခုဖန်တီးပေမယ့် 





ဒါကို ထည့်ပြ၊ချပြဖို့ကျ Design ဆွဲထားတဲ့ Template ရှိဖို့လိုတယ်လေ။ 





ဘယ်လို အရောင်လေးနဲ့ ပြမယ်။ ဘယ်လို အမြင်ရှိရမယ်။ 





ဘယ်နေရာမှာတော့ ဘာလေး ရှိရမယ်။ အစရှိသဖြင့်ပေါ့။ 





Web Designer အဆွဲကောင်းလို့ မီလျံနာ ဖြစ်သွားတဲ့ သူတွေ အများကြီးပါ။ 





Template တွေရောင်းစား တာပေါ့။ Web Designer တစ်ယောက်ဖြစ်ဖို့ ၆ လသင်တန်းသာ 





တက်ရတယ်ဆိုပေမယ့် ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်ဖို့က ၃ နှစ်လည်း မလုံလောက်ပါဘူး။ 





သူကလည်း အခြား ကွန်ပြူတာ ဘာသာရပ်တွေလိုပဲ လေ့လာလေ နက်နဲလေ ဘာသာရပ်ပါ။





 ခုနေ Web Designer တစ်ယောက်ကို သွားမေးကြည့်ပါလား။





 မင်းတို့ ဘယ်လောက်ကြိုးစားခဲ့ရသလဲလို့။ ထားလိုက်ပါ။ နောက်မှ အသေးစိတ် ရှင်းပါ့မယ်။ 


ဝဘ်ဆိုဒ်အုပ်ချုပ်ရေးမှုး (Webmaster)




ဒါကတော့ ခေါင်ချုပ်ကြီးပေါ့။ Webmaster တစ်ယောက်ရဲ့  တာဝန်က 





ဝဘ်ဆိုဒ်တစ်ခုနဲ့ ပက်သက်ပြီး ပရိုဂမ်ပိုင်းလည်း တတ်ရတယ်။





 System ပိုင်းလည်းတတ်ရမယ်။ ဆာဗာပိုင်းလည်း တတ်ရမယ်။ Network ပိုင်းလည်း ရရမယ်။ 





ကိုယ်က တာဝန်ယူထားတာလေ။ Google လိုဆိုဒ်မျိုးမှာ Webmaster လုပ်သူဟာ





 ဆိုဒ် ၅ မိနစ်လောက်ဒေါင်းတာနဲ့ အလုပ်ပြုတ်ဖို့ ရာခိုင်နှုန်းများပါတယ်။





 ၅ မိနစ်အတွင်း ဆုံးရှုံးသွားမယ့် ရှယ်ယာက ကုမ္မဏီတစ်ခုလုံးက ဝန်ထမ်းလစာထက် အဆပိုများတာကိုး။





 ဒီတော့ Webmaster ဟာလည်း ကွန်ပြူတာ အခြေခံ Web အပိုင်းသွားတဲ့ ပညာရပ်တစ်ခုပါ။





 တော်တော်များများက ပရိုဂမ်ပိုင်းလိုက်စားသူတွေ သွားတာများပါတယ်။





 နာမည်ကိုက Web ဆိုတော့ Application Layer နဲ့ တော်တော်ကြီးပိုင်နိုင်သူများက





 Webmaster ပိုင်းကို သွားဖို့ လွယ်ကူပါတယ်။ 


ကွန်ပြူတာ ကွန်ရက် လုံခြုံရေးအတတ်ပညာ ( Computer Security/ Hacker ) 




ဒါကတော့ အတော်များများ စိတ်ဝင်စားနေကြတဲ့ ပညာရပ်ပေါ့။ 





ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ ဟက်ကာတွေ အလုပ်များတာ တွေ့တော့ အားကျကြတာပေါ့။ 





သူကလည်း နက်နဲတဲ့ ဘာသာရပ် တစ်ခုပါ။ Programming တစ်ခုပဲ တတ်ထားလို့ မရဘူး။ 





Networking လည်းတတ်ရမယ်။ Physical အပိုင်းအရ ဟာ့ဒ်ဝဲပစ္စည်းတွေအကြောင်း လည်း သိထားရမယ်။ 





OSI Layer ၇ခုလုံး အလုပ်လုပ်ပုံအပြင်၊ ကိုယ် ကာကွယ်ချင်တယ်၊





 ထိုးဖောက်ချင်တဲ့ ပစ္စည်း၊ စက်ယန္တယားတွေ အကြောင်းလေ အားလုံး သိရသေးတယ်။





 နာဆာမှာ ဟက်ကာတွေ မွေးထားတယ်လေ။





 ဒုံးပျံတစ်စင်းဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အင်ဂျင်နီယာနီးပါး သိရပါတယ်။ 





FBI မှာ ဟက်ကာ ထားတယ်။ ကာကွယ်ရေးပစ္စည်း၊ 





စစ်လက်နက်တည်ဆောက်မှု အကြောင်းတွေလည်း သိရတယ်။





 နိုင်ငံရေးဆိုင်ရာ ဘာသာရပ်လည်း သင်ကြားရတယ်။





 ပြောမယ်ဆို စနစ်လုံခြုံရေးအမည်ခံ ဟက်ကာ၊ System Security သမား ဖြစ်ဖို့ဆိုတာ 





သူ့နေရာနဲ့ သူဆိုင်ရာ ပညာရပ်အားလုံးကို သိထားဖို့လိုအပ်ပါတယ်။ 




အိုင်တီ စီးပွားရေးဘာသာရပ် (IT Business)




ကွန်ပြူတာပေါ်ပြီဆိုတာနဲ့ ယင်းကွန်ပြူတာကိုအခြေခံလို့ ဘယ်လိုစီးပွားရေးလုပ်ရမယ်ဆိုတာ 





ဘာသာရပ်က ပေါ်လာပြီးသား။ သူကလည်း မလွယ်ပါဘူး။ 





IT နဲ့ဆိုင်ရာ စီးပွားရေး လုပ်မယ့်သူက တော်ရုံ အပြင်က မရဘူးလေ။ 





အိုင်တီနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ တွေ အင်မတန်ကျယ်ပြန့်ရတယ်။ 





အားလုံးကို အသေးစိတ်သိတာ မဟုတ်တောင် ကွန်ပြူတာနဲ့ ဆက်စပ် နည်းပညာ ပစ္စည်းအားလုံးရဲ့  





လုပ်ပုံကိုင်ပုံ၊ ပညာရှင်များရဲ့  လုပ်ပုံကိုင်ပုံကို သိထားရတယ်။





 ပြီးတော့ ကမ္ဘာ့အိုင်တီစီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ





 အားလုံး တွက်ချက်ပြီး ဒီကုန်ပစ္စည်းထုတ်လုပ်သင့်လား၊ ဒီစက်ရုံဆောက်သင့်လား။





 E Commerce တစ်ခု စလုပ်သင့်လား ဒါတွေ အားလုံး ဆုံးဖြတ်ချက်ချဖို့ဆိုတာ





 Geek တွေက တော်ရုံမလုပ်နိုင်ဘူးလေ။ IT Business အသိပညာကြွယ်ဝ သူက ဒါကို အကွက်ချ၊





 စီမံချက်ချပြီး သေချာလုပ်နိုင် ပါတယ်။ သူကလည်း သူ့အခက်နဲ့ပဲနော။





 လေ့လာမယ်ဆို အနည်းဆုံး ၃ နှစ်ရင်းရမယ့် ပညာရပ်ပါ။ 





အလုပ်နဲ့ပါ တွက်ရင် ၆ နှစ်လောက်လုပ်ထားဖူးသူမှ IT Business လောက မှာ လက်မ ထောင်နိုင်ကြတာပါ။ 


အဲ့ထက်လည်း များရင်များမယ်။ နည်းရင်နည်းမယ်ပေါ့။ ကြိမ်းသေမပြောတတ်ပါဘူး။




အခြား ကွန်ပြူတာ ပရိုဂမ် အသုံးချ အတတ်ပညာများ 




၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ရေပန်းစားလာတဲ့ ပညာတွေပေါ့။ 





သတိမထားမိကြဘူး။ Computer Animation ပိုင်းကို ကောင်းကောင်း ဆော့ကစားနိုင်သူများဟာ





 ဟောလိဝုဒ်မှာ ပညာရှင်အနေနဲ့ လုပ်ကိုင်နေကြပါတယ်။ 





သူက Application မှာ ကစားရတာလေ။ လက်စွမ်းထက်သလောက် 3D မှာနာမည်ရလာရင်





 စီးပွားရေးလုပ်ငန်းရှင်အထိတောင် ဖြစ်နိုင်ပါတယ်။ ပြီတော့ ရှိပါသေးတယ်။





 Auto CAD, Graphic Desinger, ACCA ကွန်ပြူတာစာရင်းကိုင် အစရှိသဖြင့်





 ပြောမကုန်အောင် များပြားလှတဲ့ ပညာတွေ ရှိသေးတယ်နော။ 





အားလုံး သူ့နေရာနဲ့သူ ထူးချွန်ရင် မြောက်စားခံရမှာ အမှန်ပါပဲ။ 


အနှစ်ချုပ်

ကျနော်ပြောသားပဲ ကွန်ပြူတာပညာရပ်ဆိုတာ တကယ် ခပ်သောက်လို့မ ကုန်တဲ့ ပင်လယ်ကြီးပါ။ 





ဒါတောင် ချိတ်ဆက်မှု မပါသေး တယ်။ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ 





မက်ကယ်ထရောနစ် အင်ဂျင်နီယာ များက သင်္ဘောတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ 





အခြား စက်ပစ္စည်းတွေကို ဖန်တီးတယ်။ ယင်း ဖန်တီးတဲ့ စက်ယန္တယားတွေ ကို မောင်းသူမဲ့လုပ်မယ်၊ 





စစ်လက်နက်ဆန်းတွေ တပ်ဆင်မယ်။ ဘာလုပ်မယ်၊ ဘာလုပ်မယ်။ အားလုံး ကွန်ပြူတာနဲ့ထိတွေ့ရတယ်။ 





ဒီတော့ သူတို့လည်း ကွန်ပြူတာကို ပြန်လေ့လာတယ်။ ကွန်ပြူတာ ပညာရှင်များလည်း ယင်းပညာတွေကိုြ





ပန်လေ့လာရပါတယ်။ ဒီလိုပဲ ဆေးပညာမှာလည်း ကွန်ပြူတာတွေသုံးရတယ်။ ဒီအတွက် လည်းေ





ဆးပညာရှင်များ ဘက်ကလည်း ကွန်ပြူတာနဲ့ ဆိုင်ရာ ပြန်လေ့လာရတာတွေရှိပါတယ်။





 ဒီတော့မှာ ပြီးပြည့်စုံတဲ့ ဓာတ်ခွဲခန်းတွေ ပေါ်လာတာလေ။ ပြောမယ်ဆို ကုန်တောင်ကုန်နိုင်မှာ မဟုတ်ဘူး။ 





ဆက်ရေးနေရင် ဒီလိုပဲ ကွန်ပြူတာနဲ့ဆိုင်ရာ ဘာာသာရပ်တွေ တစ်ခုပြီး တစ်ခုတိုးနေအုံးမှာပါ။

မှာချင်တာကတော့ဗျာ။ ကိုယ်က ဘယ်ပညာရပ်ကိုပဲ လိုက်စား၊လိုက်စား အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ 





အချိန်နဲ့ ကိုယ်လုပ်နိုင်မယ့် အတိုင်းအတာ ကိုလည်း ပြန်တွက်၊ လိုင်းတော့မကြောင်စေနဲ့။ 





ဟိုဟာလည်းဖြစ်ချင်တယ်၊ ဒီဟာလည်း ဖြစ်ချင်တယ်၊ ဗျာက များနေရင် နောက်ဘာမှ ဖြစ်မလာဘူး။ 





အထက်က ပြသတဲ့ ဘာသာရပ်တွေအားလုံးကို စာဖတ်သူ တစ်ယောက် တည်း လုပ်နိုင်လို့လား။ 





စတိဗ်ဂျော့တို့၊ ဘီလ်ဂိတ်တို့တောင် မလုပ်နိုင်ပါဘူး။ သုံးခု၊ လေးခု လောက် လုပ်မယ်ဆိုရင် 





မတားချင်ပေမယ့် အဲ့ထက်ပို လာရင်တော့ မကောင်းတော့ပါဘူး။ Networking ပိုင်းသွားမယ်။ 





ပရိုဂမ်ပိုင်း လည်း ဆက်လေ့လာမယ်။ IT စီးပွားရေးလည်း အတွေ့အကြုံနဲ့ ယူသွားမယ်။ 





စနစ်လုံခြုံရေးပိုင်းလည်း ကူးမယ်။ ဒီလောက်ဆိုရင် ဖြစ်ပါသေးတယ်။ ဘာလို့လဲဆို အားလုံးက 





ဆက်စပ်နေတယ်လေ။ ဒီတော့ လိုင်းပူးချင် သပဆိုရင်လည်း အနီးစပ်ဆုံးလိုင်းတွေပဲ ပူးစေချင်ပါတယ်။

မမေ့အောင် ထပ်မှာချင်ပါသေးတယ်။ Team Work. ။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ network 





အင်ဂျင်နီယာ တစ်ယောက်တည်း ရှိလို့ မရဘူး။ ပရိုဂမ်မာပဲရှိလို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိရတယ်။





 ပြည့်စုံ ရတယ်။ ကိုယ်က မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူကို လက်တွဲခေါ်။ ကိုယ်တတ်တဲ့ ပညာတွေကို 





ဆရာစားမကျန်ပြန်သင်ပေး။ ညီငယ်၊ညီမငယ်တွေကို သေချာ ဆုံးမ။ ကိုယ့်နိုင်တဲ့ ကဏ္ဍကနေပါဝင်လို့ 





အိုင်တီကွန်ရက်ကြီးတစ်ခုဖန်တီးရင် ဘာလို့တိုင်းပြည်က မတိုးတက်ရမှာလဲ။ ကျနော် သိထားသလောက် 





သူ့နေရာနဲ့သူ ပညာတွေတွေ ကိုယ်စီ ရှိနေပါတယ်။ အားလုံးကို စည်းလုံးစေချင်ပါတယ်။ နွားကွဲ ကျားဆွဲ တဲ့။ 





တစ်ယောက်တည်းတော်နေတာမျိုး၊ ထက်နေတာမျိုးတို့လည်း ရှိကြတယ်။ ပြည်ပရောက်သွားတယ်။ 





အချို့ ကျတော့လည်း ပြည်တွင်းမှာ လုပ်ပါတယ်။ မြေတောင်မြောက်ပေးမယ့်သူ မရှိဘူး။ 





အရင်းအနှီးထုတ်ပေး တဲ့သူ မရှိဘူး။ အစရှိသဖြင့်ပေါ့။ စိတ်မပျက်ပါနဲ့။ ခုမှ တိုင်းပြည်က လမ်းပွင့်စ ရှိဆဲပါ။ 





အားလုံး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေကြိုးစားပေးကြပါ။ ကျနော်စာရေးသူ မောင်အောင်ခမ်းကေ





လးစားစွာ တိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။





--



အောင်ခမ်း (TSJ team)

-
http://blog.techspace.com.mm/2013/05/blog-post_29.html





ကိုလတ်(ကျွဲဆင်း)