Showing posts with label Windows Phone ဆိုင်ရာနည်းလမ်းများ. Show all posts
Showing posts with label Windows Phone ဆိုင်ရာနည်းလမ်းများ. Show all posts

Monday, 17 March 2014

YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးဖြင့် SLIDESHOW တစ်ခု့လုပ်ခြင်း

Unknown | 17.3.14 | | Best Blogger Tips






Youtube ကို လူတိုင်းနီးပါ သိကြပါတယ်။အသုံးပြု့ဖူးကြမှာပါ။အနည်းဆုံးတော့ Youtube ကသီချင်းလေး 
တော့ နားထာင်ကြည့်ဖူးကြပါလိမ့်မယ်။Youtube ထဲမှာ ဒီထက်မက စိတ်ဝင်စားစရာ ပညာရပ်တွေ၊ ရယ်စရာ ဟာသလေးတွေ နဲ့ Discovery တွေအများကြီးရှိတာလည်း အားလုံးသိမှာပါ။ မတွေ့ပါဘူးလို့တော့ မပြောပါနဲ့ ခင်ဗျာ။ မရှာတက်လို့မတွေ့တာနေမှာပါ။ ရှာတက်ဖွေတက်မယ်ဆိုရင် အင်တာနက် ဆိုတာ သုံးလို့အရမ်းကောင်းပါတယ်။ မိမိအတွက် ယူတက်ရင် ပညာရပ်တွေအများကြီး မြှုပ်နှံထားတဲ့နေရာတွေပါ။
မသုံးတက်သေးဘူးဆိုရင်လည်း သုံးတက်အောင် ၊ ရှာတက်ဖွေတက်အောင်လေ့လာထားသင့်ပါတယ်။

Youtube ကို မိမိကိုယ်ပိုင်လို အသုံးပြု့ချင်တယ်ဆိုရင်တော့ Youtube မှာ ကိုယ်ပိုင်နေရာလေးတခု့ရှိဖို့
အတွက် အကောင့်လေးတခု့ ဖွင့်ထားလိုက်ပါ။အကောင့်ဖွင့်တယ်ဆိုတာလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး
အမြဲသုံးနေတဲ့ Email ပေးလိုက်ရင်လည်းရပါတယ်။ မိမိကိုယ်ပိုင်ရှိထားတဲ့အတွက် Youtube မှာ ကိုယ်ကြည့်ချင်တာ ကိုယ်ကြည့်ထားတာတွေကို အမြန်ဆုံးပြန်ကြည့်နိုင်တယ်။ watch list ထဲထည့်ထား
မယ်ဆိုရင်လည်း မိမိပြန်ကြည့်ချင်တဲ့အခါ အလွယ်တကူပြန်ကြည့်နိုင်တာပေါ့။နောက်တခု့ကောင်းတာက
မိမိကိုယ်ပိုင် video လေးတွေ၊မင်္ဂလာဆောင်တို့ အလှုတို့ လိုတွေမှာရိုက်ထားတဲ့ ဗီဒီယိုတွေကို youtubeမှာတင်ပြီး ပြန်လည်မျှဝေပြီးကြည့်လို့ရတယ်။အကောင့်မပျက်မခြင်းကြည့်နေလို့ရတယ်။
နည်းပညာသမားတွေဆိုရင်လည်း မိမိကိုယ်ပိုင်လုပ်ထားတဲ့ tutorial တွေကို video ရိုက် ဒါမှမဟုတ် Screenshot လုပ်ပြီး youtube မှာတင်ပေးမယ်ဆိုရင် မိမိနေရာကိုလာရောက်ကြည့်ရှု့အားပေးနေတဲ့ user
တွေအတွက် အချိန်မရွေး ပြန်လည်လေ့လာလို့ရတာပေါ့။

အခု့ ဒီဟာလေးကတော့ Youtube ကနောက်မှ တိုးလာတဲ့နည်းသစ်လေးပါ။နည်းသစ်ဆိုပေမယ့်ကြပါပြီ
ကျနော်ကတော့ သိတာ ၂ လလောက်ပဲရှိသေးတာပါ။ အဲ့ဒါကြောင့် မသိသေးတဲ့ သူငယ်ချင်းတွေလည်း
ဒါလေးတွေ့ပြီး ကိုယ်ပိုင်လုပ်နိုင်အောင် ပြန်လည်မျှဝေလိုက်တာပါ။ သိပြီးသားဆရာတွေကတော့ ကျော်သွားလိုက်ပါ။မသိသေးတဲ့ သူငယ်ချင်းတို့အတွက် ပြန်လည်မျှဝေတာပါ။

Photo တွေကို နောက်ခံသီချင်းလေးနဲ့ Slideshow လုပ်ဖို့အတွက် ဘာဆော့ဝဲမှမလိုပါဘူး လုပ်လို့ရပါတယ်
Youtube ထဲမှာတင်လုပ်မှာပါ။အဲ့ဒီအတွက် ကိုယ်ပိုင်စိကြိုက်သီချင်းတော့ ရွေးချယ်လို့မရပါဘူး။
ကိုယ်ပိုင်စိတ်ကြိုက် ရွေးချယ်လို့ရဖို့အတွက် တော့ ဒီလင့်မှာ သွားယူလိုက်ပါ ဆော့ဝဲသုံးပြီးလုပ်ရမှာပါ။
အခု့နည်းကတော့ Youtube ဖွင့်ဖို့အတွက် အင်တာနက် ရှိဖို့ပဲလိုအပ်ပါတယ်။အသုံးပြု့ပုံတွေကို
အောက်မှာ ပုံလေးတွေနဲ့ရှင်းပြထားပေးပါတယ် လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။


အပေါ်က ပုံအတိုင်း Youtube ကိုသွားလိုက်ပါ



1 ။ဓါတ်ပုံတွေတင်ဖို့အတွက် upload ကိုနှိပ်လိုက်ပါ။ 

2။ ညာဘက်ဘေးက Photo Slideshow ကိုနှိပ်လိုက်ပါ


အပေါ်က ပုံအတိုင်း ဘယ်ဘက်ဘေးက Upload Photo ကိုနှိပ်လိုက်ပါ။

အလယ်နေရာက Select Photo From Your Computer ကိုနှိပ်လိုက်ပါ


ဒီမှာတော့ မိမိ အသုံးပြု့မယ့် ပုံတွေကိုရွေးပေးလိုက်ပါ။

ရွေးပေးပြီးရင် open ကိုနှိပ်လိုက်ပါ


open ကိုနှိပ်လိုက်ပြီဆိုရင် youtube မှာ တင်နေပါပြီ

ဒီအဆင့်မှာတော့ သီချင်းတွေရွေးပေးရပါမယ်.မိမိဓါတ်ပုံရွေးထားတာပေါ် မူတည်ပြီး ကြာချိန်မီးနစ်တွက်

ပြီးရွေးလိုက်ပါ။ သီချင်းတွေလည်းအများကြီး ရှိပါတယ်။English သီချင်းတွေပဲ ဖြစ်ပါတယ်

စိတ်ကြိုက်သီချင်းရွေးပေးပြီးပြီးဆိုလျှင်တော့အောက်က Upload ဆိုတာကိုနှိပ်ပေးလိုက်ပါ


Upload ကိုနှိပ်လိုက်ပြီဆိုရင် Youtube Stream မှာတင်နေပြီဖြစ်ပါတယ်။

တင်ပြီးရင် ကျလာမယ့် လင့်ကိုလည်း အပြာရောင်လေးနဲ့ တခါတည်းပေးထားပါတယ်

တကယ်လို့ တင်ပြီးသွားရင် ပြထားတဲ့ အပြာရောင်လင့်ကနေပြီးတော့ မိမိ တင်ထားတဲ့ Slideshow 

ကိုပြန်ကြည့်လို့ရပါတယ်။

ဒီနေရာမှာအချိန်အားတယ်ဆိုရင်Title ဆိုတဲ့နေရာမှာမြန်မာ 

လိုရေးပြီး ခေါင်းစဉ်လှလှလေး ပေးလို့ရပါတယ်

Description နေရာမှာသွားပြီးတော့လည်း ဘာအတွက် ဒီ slideshow လုပ်ရတယ်ဆိုတာလေးကို အကျဉ်း

အားဖြင်ဖော်ပြပေးလို့ရပါတယ်။




Slideshow ကိုလုပ်ပြီးလို့ Youtube ကလည်း upload တင်ပြီးပြီဆိုရင်

 Video Manager နေရာမှာသွားပြီးတော့ စာသားလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ သွားရောက်

ပြုပြင်လို့၇ပါတယ်။ အဲ့ဒါကတော့ မိမိ ဥာဏ်စွမ်းရှိသလောက် ထပ်ထည့်လို့ရပါတယ် ခင်ဗျာ


ကိုလတ်(ကျွဲဆင်း)





Thursday, 9 January 2014

Windows Phone တစ်လုံးကို PC ချိတ်ဆက်နည်း

Unknown | 9.1.14 | Best Blogger Tips


 Windows Phone အသုံးပြုတဲ့သူတွေအတွက် သူငယ်ချင်းတို့အသုံးပြုတဲ့ PCနဲ့ Windows Phone
ကို ချိတ်ဆက်ဖို့ အတွက် ဒီအတိုင်းချိတ်ဆက်တယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
Windows Phone နဲ့သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာကိုချိတ်ဆက်ဖို့အတွက် ဘယ်လိုပြုလုပ်ရတယ်
ဆိုတာ Share ပေးလိုက်ပါတယ်နော်
ဘယ်ဆော့ဖ်ဝဲကိုအသုံးပြုရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Windows Phoneအသုံးပြုတဲ့
သူတွေအတွက့်ဖုန်းကို PC မှာချိတ်ဆက်ဖို့အတွက်ဆိုရင် Zune ဆိုတဲ့ Application ကိုအသုံးပြုရပါ
မယ်။Zune Application ဟာ သူငယ်ချင်းတို့ရဲ့ဖုန်းအတွင်းကို Media File တွေ Photo File တွေနဲ့
အခြား App တွေကိုထည့်သွင်းအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။
Zune Application ကို Download ပြုလုပ်ဖို့အတွက် (http://www.windowsphone.com/en-US/how-to/wp7/zune-software) ဆိုတဲ့ဝက်ဘ်စာမျက်နှာမှာသွားရောက်
 Download လုပ်ယူ
နိုင်ပါတယ် (Not found) ဖြစ်နေရင် အောက်မှာကျွန်တော်ရှာပေးထားတဲ့လင့်ကယူလိုက်ပါနော်
Download လုပ်ယူလို့ရတဲ့ Installer File ကို Run လိုက်ရင် အဆင့်အလိုက်အတိုင်း လိုက်လံ
ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
Zune Application ကို ထည့်သွင်းအသုံးပြုဖို့အတွက်ကတော့ သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာ
Requirementတွေကတော့ အနိမ့်ဆုံး Windows XP SP3 ဖြစ်ရပါမယ်။ Zune ဟာ Windows
XP SP3 ကနေ Windows 8 မှာအထိသုံးစွဲနိုင်မှာဖြစ်ပါတယ်။ CPU ကအနိမ့်ဆုံး 1GHz ရှိရမှာ
ဖြစ်ပါတယ်။ Memory ကလည်း 2GB အနည်းဆုံးရှိရမှာဖြစ်ပါတယ်။
နောက်တစ်ခုလိုအပ်ချက်ကတော့ သူငယ်ချင်းတို့ကွန်ပျူတာဟာအင်တာနက်နဲ့ချိတ်ဆက်ထားဖို့
လည်းလိုအပ်မှာဖြစ်ပါတယ်။ Zune Application ကိုထည့်သွင်းပြီးပြီဆိုရင်တော့သူငယ်ချင်းတို့ဖုန်း
ထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ပြန်လည်ထုတ်ယူနိုင်မှာဖြစ်သလို၊သူငယ်ချင်းတို့ဖုန်းထဲ
ကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ 
Zune Application ဟာ ဖုန်းထဲမှာရှိတဲ့သီချင်းဖိုင်တွေကိုလည်း CD ဖြင့် Burn နိုင်အောင်ထည့်
သွင်းစီစဉ်ထားပါတယ်။ Zune Application ကိုအသုံးပြုပြီးသူငယ်ချင်းတို့ဖုန်းကိုလည်း Update
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်မယ်ဆိုရင်အခမဲ့ Download ပြုလုပ်ခွင့်ရမှာဖြစ်ပါ
တယ်။အထက်ပါကဏ္ဍကို KMD Mobile မှပံ့ပိုးကူညီသည်။


ZUNE လေးကို ဒီမှာလည်း ယူနိုင်ပါတယ် ခင်ဗျာ



Zune Application ကို အပေါ်ကလင့်မှာမရရင်   ဒီမှာ    ယူလိုက်ပါနော်
          
Ref:Internet Journal (http://myanmarinternetjournal.com)

မြန်မာချစ်သူ  &  ဆာဟာရရဲ့ ကမ္ဘာ

Sunday, 11 August 2013

Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း

Unknown | 11.8.13 | Best Blogger Tips



Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ်ခြင်း



အကြောင်းကြောင်းကြောင့် Nokia Lumia with Windows Phone 8 မှာ Password ထားမိပြီး

 မေ့သွားလို့ ပြန်လုပ်ယူလို့ မရတော့တဲ့ အခါ Lock ကျသွားတက်ပါတယ်။ Password ကလည်း ဘယ်လိုမှ 

စဉ်းစားလို့မရ၊ Try ရင်း Try ရင်း Lock Time ကလည်း တစ်ဖြည်းဖြည်း နာရီတွေ များလာပြီဆိုရင် Hard 

Reset ချဖို့ လိုအပ်လာပါလိမ့်မယ်။ 

( Lock မကျထားတဲ့ ဖုံးဆိုရင်တော့ Setting ကနေ Reset ကို လွယ်ကူစွာ လုပ်နိုင်ပေမဲ့ 

Locked ဖြစ်နေတဲ့အခါ အဆိုပါနည်းလမ်းကို သုံးလို့မရတဲ့အတွက် Key တွေကို နှိပ်ပြီးေ

အာက်ဖော်ပြပါနည်းလမ်းကို အသုံးပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ )

Lumia ကို ပြန်အသုံးပြုနိုင်ဖို့ တစ်နည်းအားဖြင့် Format လုပ်ပြီး Factory Reset ချကာ ပြန်လည် 

အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။ 

Warning!! Lock ကျထားတဲ့ ဖုံးက Data တွေကတော့ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Locked Lumia Phone ကို Factory Reset လုပ်ဖို့ လိုအပ်လာပြီဆိုရင် အလွယ်ကူဆုံး နည်းလမ်းကတော့ 

Step 1
ဖုံးကို Charger မှာ မတက်ထားပါနဲ့။ 

1. ဖုံးကို ပိတ်လိုက်ပါ။

2. ပိတ်သွားပြီဆိုရင် Volume down Key ကို နှိပ်ထားပြီး charger နဲ့ အားသွင်းလိုက်ပါ။ 

မှန်ကန်တယ်ဆိုရင် exclamation mark (!) အကြီးကြီး တစ်ခုတည်း screen မှာ ပေါ်လာပါလိမ့်မယ်။

(OS reset ကို ဆက်မလုပ်ချင်တော့ပဲ Normal MOde ကို ပြန်ထွက်ချင်တယ်ဆိုရင် Volume Down + 

Power Key ကို 10Seconds လောက် နှိပ်ထားပေးလိုက်ပါ။).

Step 2

(!) ပေါ်နေတဲ့ အချိန်မှာ ဖော်ပြပါ အစီအစဉ်အတိုင်း Keys များကို တစ်ခုဖြင်း နှိပ်သွားပါ။

1. Volume up

2. Volume down

3. Power

4. Volume down

မှန်ကန်တယ်ဆိုရင် ဖုံး Restart ဖြစ်သွားပါလိမ့်မယ်။

Step 3

Restart ပြီးသွားတာနဲ့ Reset လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ စက်သွားနှစ်ခုလည်နေတဲ့ 

ပုံမျိုးကို တွေ့ရပါလိမ့်မယ်။ အားလုံးပြီးဆုံးသွားပြီ ဆိုရင်တော့ Factory Setting နဲ့ Reset ဖြစ်ပြီးသား 

Lumia Phone အနေနဲ့ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

ယခင်က ဖုံးကို Live Account နဲ့ ချိတ်ဆက်ပြီး Backup လုပ်ထားတာ ဖြစ်ခဲ့မယ်ဆိုရင်တော့ 

ယခင်က Data အချို့ကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။


TineHtetAung: TechSpace Tech Team
ALEX