Showing posts with label Video Edit Software များ. Show all posts
Showing posts with label Video Edit Software များ. Show all posts

Sunday, 5 October 2014

Wondershare Video Editor ဆော့ဝဲ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.14 | Best Blogger Tips



ကဲဒီဆော့ ၀ဲလေးကတော့ မြန်မာလို့  စာတန်းထိုးရတာလည်း အဆင်ပြေတယ် Effect လည်းစုံတယ် တော်တော်ကောင်းတယ်။
ကဲစမ်းကြည့်လိုက်ကြပါဦး

 cracked ဖိုင်ထဲ့ နည်းလေးပါ
install လုပ်ပြီးသွားရင်
   Wondershare Video Edito rar ဖိုင်လေးဖွင့်လိုက်တာနဲ့ 
အောက်ကပုံတိုင်း  cracked ဖိုင်လေးတွေ့ ပါလိမ့်မယ်ဝင်လိုက်ပါ။ 

 ပြီးရင်တော့ အောက်က Video Editor ဆိုတဲ့ ဖိုင်တွေ့ လိမ့်မယ်
အဲ့ တာလေးကိုခဏထားလိုက်

Desktop ပေါ်က Wondershare Video Edito icon လေးကို ကလစ်
ပြီး open file location ကိုနှိပ်လိုက်ပါ   
 C:\Program Files\Wondershare\Video Editor တန်း ရောက်သွားပါမယ် ဖိုင်ထွက်လာပါမယ် 
အောက်ကပုံတိုင်း အစောန cracked > Video Edito exe လေးကိုဆွဲထဲ့ လိုက်ပါ ရပါပြီ







 

Tuesday, 25 March 2014

Focus Photoeditor 6.5 Free Download Update Full version

Mr. Win Hlaing | 25.3.14 | | Best Blogger Tips

ဒီsoftware တော့ Editor လုပ်ထဲ့ထည့်မှာအလွင်ကောင်းမွင်လှသော software ကောင်းတစ်ခုပါဖြစ်တယ်
 ဓာတ်ပုံတွေ Editing လုပ်တာဝါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ကျနော်တင်ပေးလိုက်ပါတယ် ကြိုက်တယ်ဆိုရင် အောက်မှာဒေါင်းနိုင်ပါတယ်
Focus Photoeditor 6.5 is a powerful, easy-to-use image editor, that can be used to improve and correct all kind of digital photos and to produce graphics for the web, the home and the office. You can acquire digital pictures from file, from other applications, or with the help of a scanner or a digital camera and start to work with them immediately. Try the different automatic improvement functions and correct your photos in a matter of seconds. With its many image regulation abilities, that improve the pictures appearance, without loosing any quality, Focus can be used as a strong and professional tool by both beginner and advanced photographers.

Main features Of Focus Photoeditor 6.5:

• Loads fast, letting you immediately start to edit your pictures
• Does not eat up memory: memory consumption does not grow with the number of layers or the number of files opened
• Supports over 100 digital camera RAW formats
• Has the best set of Automatic Photo Corrections you could ask for
• Uses High Quality photo correction algorithms, which are also finely tuned
• Has a very easy to use Batch Processor with undo capabilities
• Supports powerful ways of creating Selections and has separate undo history for them
• Features great control over precise editing
• Provides many options to save and export files (optimized size and preview for all formats)
• Has a very comfortable picture browser: lets you rotate, make backup copies, copy & paste, print picture files in a sheet
• Offers many extras, like a web-album builder
• Improved interface
• Added support for newest cameras
• Improved speed of several editing and displaying operations
• Added some photo corrections and improved existing ones
• Added "Auto Crop"
• Paint Engine was improved, now follows the mouse movements more smoothly and precisely
• Improved "Quick Fix" correction
• Added Automatic and Manual "Dynamic Range" Correction
• Corrected many bugs
• Improved many other features

Download Here
===

အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org





ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Friday, 25 October 2013

မိမိကြိုက်နှစ်သက်တဲ့ movie တွေက LOGO တွေကိုဖျောက်ပေးနိုင်တဲ့ SoftOrbits Remove Logo Now! Pro 1.5

Unknown | 25.10.13 | Best Blogger Tips


SoftOrbits Remove Logo Now! Pro 1.5 | 10.39 MB  


ဒီနေ့ ကျနော် ပေးခြင်တာလေးရှိပါတယ်။ လွန်ခဲ့တဲ့ ၄ လလောက်ကလည်း

ညီလေးတယောက်တောင်းထားဖူးပါတယ်။သူလည်းတော်တော် ပတ်ရှာနေတာ မတွေ့ရသေးဘူး

ဘာလည်းဆိုတော့ movies တွေ နိုင်ငံခြားက ပဲဖြစ်ဖြစ် မြန်မာ movies ဖြစ်ဖြစ်

 မိမိ အဆင်ပြေမယ့်နေရကြနေဒေါင်းလာတယ် ဆိုပါစို့ ။အဲဒီမှာ မျက်စိရှုပ်စရာ ဘာတွေ့လည်း ဆိုတော့

LOGO တွေ watermark တွေပါ..ဟင်းဟင်း..ကြီးကြီးကျယ်ကျယ် ပြောတာမဟုတ်ပါဘူး

မျက်စိနောက်တဲ့လူကပြောဖူးလို့ပါ...ငိငိငိငိ ။အဲဒီ Logo တွေ watermark တွေကို

ဖျောက် ပေးနိုင်တဲ့ ဆော့ဝဲကောင်းလေးပါ။ကျနော် လည်း ဖူးဗားရှင်းဖြစ်မဖြစ်စမ်းရင်း

သူ့ကိုလည်း နဲနဲပါးပါးတီးခေါက်ကြည့်တော့ အမှန်တကယ် ပျောက်တာတွေ့ရတယ် ခင်ဗျာ။

မူရင်းပိုင်ရှင်တွေကတော့ ဆဲ မလားမသိဘူးနော်...ခွင့်လွှတ်ပါ.ကျနော်တို့က နည်းပညာမျှဝေရုံ 
 
သက်သက်ပါ။ပုံလေး ၂ ပုံ ကျနော်ယူထားတယ် အောက်မှာကြည့်လိုက်ပါ

 အပေါ်က ပုံမှာသတိထားမိလားမသိဘူး Heart ကထုတ်တဲ့ vcd ခွေဆိုတော့

သူ့ရဲ့ တံဆိပ် Heart ဆိုတာလေး ပါလာတယ်။အဲ့ဒါကို ကျနော်က ဖျောက်လိုက်တယ်။

အောက်ပုံမှာဆက်ကြည့်ပါ။ Heart ဆိုတဲ့ အနီရောင် စာလုံးကို မမြင်ရတော့ပါဘူး ခင်ဗျာ

လုံးလုံးကိုပျောက်သွားတာပါ


ကျနော်က စမ်းသပ်ရုံစမ်းထားတာဆိုတော့ သေသေသပ်သပ်တော့မရှိဘူပေါ့နော်။

တကယ်လို့ လှလှလေး လိုချင်ရင်တော့ မိမိကိုယ်တိုင် ဆော့ဝဲ ကိုအောက်မှာ

ဒေါင်းယူပြီးစမ်းသပ် ကြပါခင်ဗျာ။ဖိုင်ထဲမှာ ဖတ်ပေးပါ ဆိုတဲ့ text လေး ပါ ပါတယ်

အထဲမှာ Key လေး ရေးထည့်ထားပါတယ်။ registered လုပ်တဲ့နေရာမှာ Key လေးထည့်ပေးပြီး

မိမိနှစ်သက်ရာ  Email ထည့်ပေးလိုက်ပြီး save လုပ်လိုက်ပါ ခင်ဗျာ






 
ကိုလတ်(ကျွဲဆင်း)
 
 

Remove Logo Now! automatically analyzes the video stream, locates and removes static overlays, including logos, subtitles, and watermarks. Thanks to the unique inpainting algorithm, Remove Logo Now! removes objects carefully, leaving almost no visible traces.


Take a look at Remove Logo Now! This program can help you to remove watermark from video in several clicks.

Logotypes and watermarks in video files are annoying, indeed. Removing them manually is a difficult task that very few users would like to experience. However, there will be absolutely no problems to remove watermark from video files if you download a special tool known as logo remover.

All you need to do to quickly and efficiently remove logos, subtitles or watermarks from video files is:

Home Page : http://www.softorbits.com/



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, 24 September 2013

Video တွေ စိတ်ကြိုက်တည်းဖြတ်မယ် Oposoft Video Editor 7.7

Unknown | 24.9.13 | Best Blogger Tips

Oposoft Video Editor 7.7 with Crack

 

ဒီဟာလေး ကိုသုံးဖူးကြလား အသစ်တော့ မဟုတ်ပေမယ့် လူသိနည်းပါတယ်


ဒါပေမယ့် သူလည်း တကယ်ကောင်းတယ်  format မတူတဲ့ ဖိုင်တွေ ကို တခု့တည်းမှာပေါင်းလို့ရတယ်


မိမိကြိုက်နှစ်သက်တဲ့ အပိုင်းတွေ ဖြတ်ပြီးတော့ ပြန်ပေါင်းလို့ရတယ်

 

 အသေးစိတ်တော့ အောက်မှာ ဆက်လေ့လာပြီးဒေါင်းလိုက်ပါ


ZIPPYSHARE | BOX | SENDSPACE | SHAREBEAST | TUSFILES


ကိုလတ်(ကျွဲဆင်း)


Oposoft Video Editor is an easy-to-use application for video editing, With Video Editor, you can merge all different format video into one file, split a large video file into smaller clips, and cut the segments you want and then get a new small file from a large video file. It already includes all video encoders and decoders, you don’t need download any other codecs to make it work.



With just a few mouse clicks, you can enjoy your movie clips without interruption.

Video Joiner is powerful video tool which can help you merge all different format video into one file, Customize output parameters including resolution, bit rate, frame rate, etc to completely fulfill your different requirements.

Video Splitter is a powerful video tool which can help you split a large video file into smaller clips. You can split the video in segments by time, by size, or split averagely.

Video Cutter is a powerful and easy-to-use video tool, which help you to cut the segments you want and then get a new small file from a large video file.

*Join multiple videos and combine them into one
*Split one video into several segments
*Cut the segments you wanted of your video

Sunday, 15 September 2013

KARAOKE စာတန်းထိုး ပြုလုပ်နည်း (ADOBE AFTER EFFECT 7.0) (HOW TO MAKE KARAOKE TEXT )

Unknown | 15.9.13 | | | Best Blogger Tips



ကျနော်အချိန်ရတာနဲ့ Karaoke စာတန်းထိုး ပြုလုပ်နည်း (Adobe After Effect 7.0) tutorial ကို မသိသေးတဲ့ အခြေခံပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပြီးတင်ပြပေးခြင်းဖြစ်ပါတယ်။ ကျနော့်အနေနဲ့ edit ဆရာတစ်ယောက်မ
ဟုတ်တော့ အာားနည်းချက်တွေ မပြည့်စုံတာတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအတွက် ကျနော်ကြိုတင်ပြီးအသိ
ပေးပါတယ်။ ကျနော် search engine မှာ ဒီ Karaoke စာတန်းထိုး ပြုလုပ်နည်း ကို တော်တော်များလိုက်ရှာခဲ့ပါ
တယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်းအတာထိမတွေ့ခဲ့ပါဘူး။ အဲဒါကြောင့် ကျနော်အချိန်ရရင် ဒီ tutorial ကိုရေး
မယ်လို့စိတ်ကူးထားတာကြာခဲ့ပြီးပေါ့ဗျာ။ အခုတော့ရေးလိုက်ပါပြီး။ လေ့လာသူများ၊ သိချင်လိုချင်တဲ့ပုဂ္ဂိုလ်များ
အနေနဲ့ ကျနော်တင်ပြတာလေးတွေနဲ့ပတ်သက်ပြီး နားမလည်တာလဲရှိမယ်။ အဲဒါကို ထပ်ခါထပ်ခါကြိုးစားကြည့်
ပါ။ အကြိမ်ပေါင်းများလာရင် နားလည်လာပါလိမ့်မယ်။ ပြုလုပ်တတ်လာပါလိမ့်မယ်။ ပညာတစ်ခုဟာ အချိန်တို
အတွင်းနဲ့ ရဖို့အင်မတန်ခဲယဉ်းပါတယ်။ လိုချင်ရင် စိတ်ရှည်ဖို့လိုပါလိမ့်မယ်။ ကျနော် ဒီလိုနိဒါန်းပျိုးရခြင်းသည်
Karaoke စာတန်းထိုး ပြုလုပ်နည်းကို တစ်ခါမှမပြုလုပ်ဖူးတဲ့ပုဂ္ဂိုလ်များအတွက် လွယ်လွယ်နဲ့သဘောမပေါက်
နိုင်ဘူးဆိုတာကို ပထမသဘောပေါက်စေချင်တယ်။ နောက်ပြီးသီချင်းတစ်ပုဒ်ကို စိတ်ကြိုက်ပြီးစီးအောင်လုပ်ဖို့
က အနည်းဆုံး (၂)နာရီလောက် အချိန်ပေးရမယ်။ ဒါတောင် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များအတွက်နော်။ ဒီtutorial
နဲ့ မကျွမ်းကျင်သေးဘူးဆိုရင် အဲဒီမကအချိန်ပေးရပါလိမ့်မယ်။

Karaoke စာတန်းထိုး ပြုလုပ်နည်း သဘောသွား…
Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု
ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု
လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

အခုကျနော် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ သီချင်းစာသားကို ပုံစံပြပြီး ဒီ tutorial မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီသီချင်းစာသားတစ်ချောင်းကိုပဲ လုပ်ကြည့်မယ်။ ဒါကိုလုပ်တတ်ပြီးဆိုရင်တော့ ကျန်
တဲ့ သီချင်းအပိုင်းတွေလဲ အလားတူလုပ်တတ်သွားမှာပါ။

အပိုင်း (၁)

(က) မိမိအသုံးပြုတဲ့ Photoshop ကိုဖွင့်လိုက်ပါ။ ကျနော်က Photoshop CS 2 ကိုအသုံးပြုတော့ အဲဒါကိုဖွင့် လိုက်ပါပြီး။ ဖွင့်ပြီးရင် Menu က File> New ကိုနှိပ်လိုက်ပါ။ Preset အကွက်တွင် NTSC DV 720+480 (with guide)ဆိုပြီး ဗွီဒီယိုဖိုင်နဲ့ ပတ်သက်တဲ့ format တစ်ခုခုကိုရွေးပါ။ ပြီးတော့ OK



(ခ) ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့ စာသားကိုရိုက်ထည့်လိုက်ပါ။ ဒီစာသားကို ဗွီဒီယို တည်းတဲ့အခါ အရောင် quality မကျအောင် Eye Candy 4000 နဲ့ ကွတ်ထားရပါမယ်။ ဒီ Eye Candy 4000 ကို ဒီ Photoshop မှာ plug in ချိတ်ဆက်ထားရပါမယ်။ ဒါကလဲကျနော်ပြီးခဲ့တဲ့ပို့စ်တွေမှာရေးခဲ့ပါပြီး။

အဲဒါကို Menu> Filter> Eye Candy 4000 ကိုနှိပ်လိုက်ပါ။ အောက်ပါအတိုင်း ကာလာ ဘောက်စ်ပေါ်လာမှာဖြစ်
ပါတယ်။ ကျနော်ချိန်းထားတဲ့ ထားလို့ရသလို၊ မိမိလိုချင်တဲ့အတိုင်းလဲ အရောင်တွေချိန်ပြီးတော့ OK သာနှိပ်လိုက်
ပါ။



(ဂ) အဲဒီစာသားကို စိတ်ကြိုက်ပြင်ဆင်ပြီးဆိုရင် Layer အကွက်ထဲက စာသားကို ကလစ်နှစ်ချက်နှိပ်ပြီး 01 လို့
ရိုက်ထည့်ပါ။



ကျန်တဲ့ စာသားများကို Layer အသစ်ထပ်ယူပြီး စာသားများကိုထပ်ရိုက်ပါ။ ပြီးရင်အရောင်ကွတ်ဖို့ကီးဘုတ်
ပေါ်က Ctrl+F တွဲနှိပ်လိုက်ပါ။ ဒါဆို ပထမ layer က ကွတ်ထားတဲ့အရောင်အတိုင်းရလာမှာဖြစ်ပါတယ်။

အခုကျနော်က စာချောင်းတစ်ချောင်းအတွက် Layer တစ်ခုကိုသာ နမူနာတင်ပြခြင်းသာဖြစ်ပါတယ်။ သီချင်း
စာသားများလေလေ Layer များလေလေဆိုတာကိုတော့ နားလည်ထားစေချင်တယ်။ သီချင်းတစ်ပုဒ်ဆိုရင်
Layer ပေါင်း ၂၀ လောက်ရှိမယ်ထင်ပါတယ်။

ကဲ…ဒီ Layer တစ်ခုကို ပြင်ဆင်တာပြီးပြီဆိုရင် Save as နဲ့သာ ၎င်း Layer ကိုနာမည်ပေးပြီး psd (photo
shot) format ကိုသာရွေးပြီးသိမ်းလိုက်ပါ။ ၎င်းဖိုင်အမည်ကိုလည်း သေချာမှတ်ထားပါ။ အခုကျနော်နမူနာပြမယ့်
ဖိုင်အမည်ကို MM လို့ပေးထားလိုက်ပါတယ်။

အပိုင်း (၂)

အပိုင်း (၂) မှာ ကျနော်တို့ခုဏက ပြုလုပ်ထားတဲ့ သီချင်းစာသား psd (photoshop) ဖိုင်နဲ့ သီချင်းတွေကို Ado
be After Effect မှာ Karaoke စာတန်းထိုးနည်းကို စတင်ပြုလုပ်ဖို့အတွက် Adobe After Effect ပရိုဂရမ်ကိုဖွင့်
လိုက်ပါ။ အောက်ပါပုံအတိုင်း Adobe After Effect ရဲ့ screenshot ဖြစ်ပါတယ်။




ဒီ Adobe After Effect ရဲ့ မိန်းဖန်သားပြင်မှာ အဓိကသိထားရမည့်နေရာလေးတွေကို ကျနော်စာသားတွေနဲ့
လိုက်ပြီးရေးထားပါတယ်။

၁။ Project နေရာ (မိမိပြုလုပ်ထားတဲ့ စာသားဖိုင်၊ သီချင်းတွေကိုခဏသိမ်းထားမည့်နေရာ)
၂။ Display Screen ဗွီဒီယို၊ စာသားသီချင်းတွေကို ကြည့်ရှုမည့် မြင်ကွင်းနေရာ
၃။ Timeline ဆိုတာ project က ဖိုင်တွေကို edit လုပ်ဖို့အတွက် စွဲထည့်ရမည့်နေရာ
၎။ Karaoke Text Edit Main Station ကရာအိုကေ သီချင်းစာသားဖြစ်ဖို့ အဓိကပြုလုပ်ရမည့်နေရာ
(အဲဒီမှာ Time indicator နဲ့ Time ruler နှစ်ခုပါရှိပါသည်)

ဒီနေရာမှာပိုပြီးရှင်းအောင် ကျနော်အပိုင်းပိုင်းလေးတွေကိုခွဲပြီးတင်ပြသွားပါ့မယ်….

အပိုင်း (က) Project နေရာတွင် မိမိတည်းဖြတ်ဖိုင်များခေါ်တင်ခြင်း…

အဆင့် (၁)
ပထမဆုံး Composition မှာ တည်းဖြတ်မည့်သီချင်းတွေကို အခန်းလိုက်အခန်းလိုက်ဖြစ်အောင် Duration အချိန်
ကိုကန့်သတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီအတွက် Menu> Composition ကိုနှိပ်ပြီး New Composition ကိုဆက်
နှိပ်ပါ။ အောက်က Duration အကွက်တွင် ကျနော်သတ်မှတ်ထားတဲ့အတိုင်း 9 စက္ကန့်သာထားလိုက်ပါ။ OK



အဆင့် (၂)
ဒီအဆင့်မှာ Project နေရာမှာ မိမိတည်းဖြတ်မည့်ဖိုင်တွေကို ခေါ်တင်ဖို့ဖြစ်ပါတယ်။ အဲဒီအတွက် Menu> File> Import ကိုနှိပ် ဒါမှမဟုတ် Project နေရာမှာ လွတ်သောအကွက်တွင် ကလစ်နှစ်ချက်နှိပ်လိုက်ရင်လဲ မိမိဖိုင်ကို
ခေါ်တင်လို့ရပါတယ်။ မိမိ psd နဲ့ သီချင်းစာသားဖိုင်ကို ရွေးပြီး open ကိုသာနှိပ်ပါ။



အဆင့် (၃)
အထက်ပါ ဘောက်စ်တွင် open ကိုနှိပ်လိုက်တာနဲ့ အောက်ပါ Layer option ဘောက်စ်ပေါ်လာမယ်။ အခု ကျနော့်ဖိုင်က layer တစ်ခုတည်းဆိုတော့ပြဿနာမရှိပေမယ့်။ Layer များရင်တော့ ဘယ်Layer ကိုရွေးမ
လဲဆိုတာမျိုးရှိတတ်တယ်။ ပုံမှန်အားဖြင့် import of kind အတွက်တွင် Composition ကိုရွေးပြီး ထိုနောက် Merged layer ကိုသာရွေးပြီး OK



အဆင့် (၄)
အဲဒီ စာသားရဲ့ သီချင်းဖိုင်ကိုခေါ်တင်ဖို့ဖြစ်ပါတယ်။ အထက်ပါအတိုင်း သီချင်းဖိုင်ကိုရွေးပြီး Open နှိပ်လိုက်ရုံပါပဲ။
psd ဖိုင်လို layer တွေ ရွေးစရာမလိုပါ။

project နေရာတွင် ကျနော်တည်းဖြတ်ဖို့ဖိုင်တွေရွေးထားတာ အာက်ပါပုံအတိုင်းမြင်နိုင်ပါတယ်။




အပိုင်း (ခ) Timeline အကွက်တွင် project ကနေ တည်းဖြတ်မည့်ဖိုင်များ စွဲထည့်ခြင်းနှင့် ကာလာ
အရောင်များပြင်ဆင်ခြင်း


အဆင့် (၁)
Project မှာရှိတဲ့ ဖိုင်တွေကို ဒီ Timeline ကိုရောက်အောင် မိမိတည်းဖြတ်မည့်ဖိုင်တွေထဲမှာ psd (photoshop)
ဖိုင်ဆိုရင် ၎င်းဖိုင်ကို ကလစ်နှစ်ချက်ခေါက်ပါ။ အောက်ပါပုံသည် MM ဆိုတဲ့ psd ဖိုင်ကို ကလစ်နှစ်ချက်ခေါက်
လိုက်တာနဲ့ Timeline အတွင်းမှာရောက်ရှိသွားတဲ့ပုံဖြစ်ပါတယ်။



01 ဆိုတဲ့ layer အမည်နဲ့ဖေါ်ပြပေးမှာဖြစ်ပါတယ်။ အခု layer တစ်ခုတည်းမို့လို့ 01 တစ်ခုပဲဖေါ်ပြပေးတာပါ။
အကယ်၍ သီချင်းတစ်ပုဒ်လုံးဆို layer က layer က အခု ၂၀ ကျော်လောက်ဖေါ်ပြမယ်။


အဆင့် (၂)
psd (photoshop) ဖိုင်ထည့်ပြီးလျှင် ကျန်တဲ့သီချင်းတွေထည့်ဖို့အတွက် Project ကနေ မိမိတည်းဖြတ်မည့် စာ
သားရဲ့ သီချင်းကို ဒီtimeline ကိုအတွင်းကိုရောက်ဖို့ drag and paste လုပ်ရမယ်။ ဒါဆို ၎င်းသီချင်းဖိုင်ကို
မောက်စ်နဲ့ဖိစွဲပြီး timeline မှာရှိတဲ့ Background ဖိုင်အောက်ရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။ အဲဒါဆို
အောက်ပါပုံအတိုင်း Background ဖိုင်အောက်မှာ သီချင်းဖိုင်တစ်ခုရောလာမှာဖြစ်ပါတယ်။



Background ဖိုင်ကိုအသုံးမလိုသည့်အတွက် ၎င်းဖိုင်ကိုရွေးပြီး ကီးဘုတ်ပေါ်က delete ကိုသာနှိပ်ပြီးဖျက်လိုက်
ပါ။

အဆင့် (၃)
ဒီအဆင့်က layer တွေကို ပွားယူဖို့ဖြစ်ပါတယ်။ ကရာအိုကေစာတန်းရဲ့သဘောသည် layer တစ်ခုကနေ နှစ်ခု ပွားယူရမှာဖြစ်ပါတယ်။ သဘောက layer နှစ်ထပ်ရှိရမှာဖြစ်တယ်။ အဲဒါကရဖို့ 01 layer ကို select ပေးပါ။ ပြီးတော့ ကီးဘုတ်ပေါ်က Ctrl + D တွဲနှိပ်ပါ။ အောက်ပါပုံအတိုင်း 01 2 ဆိုတဲ့ layer တစ်ခု ထပ်ပိုလာမှာ ဖြစ်ပါတယ်။



အဆင့် (၄)
ပွားယူလို့ရလာတဲ့ layer (01 2) ကို အရောင်ကာလာဖြည့်ရမယ်။ အောက်ပါပုံအတိုင်း Menu> Effect>Color
Correction> Tint ကိုနှိပ်ပါ။



Tint ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်က ကာလာဘောက်စ်ပေါ်လာမှာဖြစ်ပါတယ်။ အဲဒါကိုမိမိစိတ်ကြိုက်ဖြစ်မည့် အရောင်တွေကို ကျနော်ကွင်းထားတဲ့အဖြူ၊ အမည်းနေရာတွေမှာ မိမိစိတ်ကြိုက်အရောင်တွေနဲ့ဖြည့်လိုက်ပါ။



မှတ်ချက်…
ဒီနေရာမှာ layer အများအတွက်ကျနော်နည်းနည်းလောက်တင်ပြပေးချင်ပါတယ်။ layer 1 ကိုအပေါ်အတိုင်း
layer ပွားယူတာတို့ အရောင်ဖြည့်တာတို့လုပ်တတ်ပြီးဆိုလျှင် ကျန်တဲ့ layer 2, 3, 4 စသည် ဘယ်လိုလုပ်ရမလဲ
ပေါ့နော်။ ဟုတ်ပါပြီး။ layer 01-01 2 အပေါ်ကအတိုင်း ကာလာအရောင်ဖြည့်ထားပြီးဆိုလျှင် ကီးဘုတ်ပေါ်က
Ctrl + C ကိုတွဲနှိပ်လိုက်ပါ။ copy ယူထားတဲ့သဘောပေါ့။ ပြီးတော့ layer ( 01-01 2) သီချင်းဖိုင်တွေကို lock
သော့ခတ်ထားလိုက်ပါ။ ကျန်တဲ့ layer များကို select ပေးပါ (တစ်ခုခုကို select ပေးပြီး Ctrl + A ကိုသာနှိပ်ပါ)
ထိုနောက် ကီးဘုတ်ပေါ်က Ctrl + D ကိုတွဲနှိပ်ပါ (လေယာတွေကိုထပ်ပွားဖို့)။ အဲဒါဆို layer တွေကို 02 02 2,
03 03 2, 04 04 2 စသည်အားဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ပွားယူလာတဲ့လေယာတွေကို အရောင်ဖြည့်ဖို့ ခုဏက
copy ယူထားပြီးဖြစ်သည့်အတွက် ကီးဘုတ်ပေါ်က Ctrl + V ကိုသာနှိပ်လိုပ်ပါ။

အကြမ်းအားဖြင့်…

Ctrl + A = Select All
Ctrl + C = အရောင်များကို ကော်ပီ
Ctrl + D = Layer များကို ပွားယူ
Ctrl + V = ၎င်းကော်ပီထားတဲ့ အရောင်တွေကို paste
အပိုင်း (ဂ) Karaoke Text Edit Main Box နဲ့ Display Screen လုပ်ဆောင်ချက်မျအဆင့် (၁)
ဒီ Karaoke Text Edit Main Box ကို အသုံးပြုနိုင်ဖို့ ပထမအသုံးပြုရမည့်ကီးဘုတ်ပေါ်က ကီးတွေကိုနည်းနည်း
ရှင်းပြချင်ပါတယ်။ အဲဒီဘောက်စ်မှာပါတဲ့ သီချင်းတွေကို နားထောင်ဖို့အတွက် Num Lock ဖက်ခြမ်းပါတဲ့ Del ကီး
ကိုခေါက်လိုက်ပါ။ ဒါဆို သီချင်းတွေက သူ့နေရာနဲ့သူပေါ်လာမှာဖြစ်ပါတယ်။



သီချင်းက Duration ကို သတ်မှတ်ထားသည့်အတွက် ကိုးစက္ကန့်သာ play လုပ်မှာဖြစ်ပါတယ်။ အဲဒါကို မိမိလိုချင် တဲ့သီချင်းနေရာနဲ့ကိုက်အောင်ဘောက်စ်မှာပါတဲ့ time indicator အတိုင်လေးကို လိုက်ရွေ့ပေးရပါမယ်။



အဆင့် (၂)
ဒီအဆင့်က သီချင်းနဲ့ စာသားကိုအစနဲ့အဆုံးမှတ်သားဖို့ဖြစ်ပါတယ်။ အဲဒါကို
timeline က (01 2) ကို select ပေးလိုက်ပါ။ lock ခတ်ထားရင် ပြန်ဖြုတ်လိုက်ပါ။ ကီးဘုတ်ပေါ် Num Lock ဖက်ခြမ်းက Del ကိုနှိပ်ပြီး သီချင်းကိုစနားထောင်းပါ။ သီချင်းရဲ့စတင်မည့်နေရာကိုချိန်ပြီး time indicator နဲ့ လိုက်ရွေ့ပါ။ သီချင်းနဲ့ မိမိတည်းဖြတ်မည့်စာသားကိုက်မည့်အနေအထားထိ ကိုမလဲဆိုတာကို Del (full stop) ကိုထပ်ခါတလဲနှိပ်ပြီး ချိန်ညှိပါ။
ချိန်ညှိလို့အဆင်ပြေပြီးဆိုရင် ´ဂုဏ်ဓနမက်တဲ့သစ္စာတရားနဲ့ ငါ့လိုလူပါကွယ်´ ဆိုတဲ့သီချင်းကို (ဂုဏ်) အစနဲ့
(ကွယ်) အဆုံးကို ကျနော်တို့ que အတုံးအဖြူလေးနဲ့မှတ်ထားရမယ်။ ဘယ်လိုမှတ်သားထားရမလဲဆိုတော့
Del (full stop) ကိုနှိပ်ပြီး သီချင်းကို play ထားလိုက်ပါ။ ပြီးတော့ (ကွယ်) ဆိုတဲ့သီချင်းဆုံးတာနဲ့ ကီးဘုတ်ပေါ်
က ခရေပွင့်နဲ့ ဇီးရိုးတွဲနှိပ်ထားလိုက်ရင် အောက်က que အဖြူတုံးလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အကယ်၍
မကိုက်သေးဘူးဆိုရင် ၎င်း que အဖြူတုံးလေးကိုပြန်ဖျက်ချင်ရင် ၎င်းတည့်တည့်ကို Right Click ထောက် delete this mark ကိုနှိပ်လိုက်ရုံပါပဲ။
အောက်က ကျနော်ပြုလုပ်ထားတဲ့ပုံကိုကြည့်ပါ။ သီချင်းအဆုံးက (ကွယ်) ကိုအရင် que ချလိုက်ပါ။ ပြီးတော့ သီ
ချင်းကို ကီးဘုတ်ပေါ်က del (full stop) ကိုပြန်နှိပ်ပြီး အစ (ဂုဏ်) ကို ကြားတာနဲ့ ကီးဘုတ်ပေါ်က ခရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ပါ။ ဒါဆိုအစမှာ que အဖြူတုံးလေးတစ်ခုထပ်ရလာမယ်။
ဒါဆို que အဖြူတုံးလေးဟာ အစတစ်တုံးနဲ့ အဆုံးတစ်တုံးတွေ့ရမှာဖြစ်ပါတယ်။



ဒီနေရာမှာ စာနဲ့ရေးပြရတော့ အနည်းငယ်အခက်အခဲရှိတယ်။ အဲဒါကို ကိုယ့်ကိုကျေနပ်လောက်အောင်ထပ်ခါ
လေ့ကျင့် ကြည့်ဖို့လိုပါတယ်။

အဆင့် (၃)
သီချင်းအစ အဆုံးကို que နဲ့မှတ်သားထားပြီးဆိုရင် အဲဒီ အဆုံး que ကို MaskShape နဲ့ ကန့်သတ်ရမှာဖြစ်ပါ
တယ်။ အဲဒါဆို time indicator အတိုင်လေးကို အဆုံးတစ်ခုဖြစ်တဲ့ que အဖြူတုံးနားမှာ မောက်စ်နဲ့ရွေ့ထား လိုက်ပါ။ ကီးဘုတ်ပေါ်က Ctrl Shift + N တို့ကိုတွဲနှိပ်ပါ။ ပြီးတော့ ကီးဘုတ်ပေါ်က M တစ်ခါတည်းဆက်နှိပ်ပါ။ ဒါဆို အောက်ပုံက ဘယ်ဖက်မှာရှိတဲ့ MaskShape ရဲ့နာရီလိုအလုံးလေးကိုမောက်စ်နဲ့တစ်ချက်နှိပ်ပါ။ အရောင်ကိုကန့်သတ်ပေးတဲ့သဘောဖြစ်ပါတယ်။ ပုံက ညာဖက်မှာအ၀ါရောင်လိုအစက်က လေးတစ်ခုတွေ့ရ မှာဖြစ်ပါတယ်။



MaskShape အတွက် ကီးဘုတ် short cut :

Ctrl Shift + N တစ်ချက် ။
M တစ်ချက် ။

အဆင့် (၄)
သီချင်းနဲ့စာသားကို que အဖြူတုံးနဲ့ MaskShape တို့ မှတ်သားထားလိုက်ပြီးဆိုရင် သီချင်းစာသားရဲ့ကာလာ အရောင်ပြေးဖို့ လုပ် ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် အောက်ကပုံအတိုင်း Display Screen မှာ အ၀ါရောင်
ဒေါက်တိုင်ကလေးတစ်ခုရှိပါတယ်။ အဲဒီဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့
အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့
ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအဆုံး (ကွယ်)ထိ ရောက်အေင်ရွေ့ပါ။



အဆင့် (၅)
ပြီးတော့ time indicator တိုင်လေးကို que ရဲ့ အစနားလေးမှာ ထပ်ရွေ့ထားလိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။



အဆင့် (၆)
အဆင့် (၄)က အတိုင်း ကျနော်တို့ Display Screen က အဲဒီအ၀ါရောင်ဒေါက်တိုင်ကို ကီးဘုတ်ပေါ်က Shift ကိုဖိနှိပ်ထားပြီး ဒေါက်တိုင်ရဲ့ အောက်ခြေအလုံးလေးတည့်တည့်ကို မောက်စ်နဲ့တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော့ shift ကိုနှိပ်ထားပြီး မောက်စ်နဲ့ဒေါက်တိုင်အောက်ခြေရဲ့အလုံးလေးကို သီချင်းအစ (ဂုဏ်)ထိ ရောက်အေင် ရွေ့ပါ။



အဆင့် (၇)
အထက်ပါအဆင့်များလုပ်ဆောင်ချက်ပြီးပြီဆိုရင် ဒီသီချင်းစာသားတစ်ပိုဒ်ကို အရောင်ပြေးလို့ရသွားပါပြီ။ သို့သော်
အခုလက်ရှိတည်းဖြတ်ထားတဲ့ layer ကန့်သတ်ထားဖို့လိုလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ que အဖြူတုံးရဲ့အ
ထက်နားလေးမှာ ဟိုဖက်ဒီဖက်အပြာဖျော့ရောင်နဲ့တွေ့နိုင်ပါတယ်။ ဒါဆို အစနဲ့ အဆုံးကို ဘယ်လိုကန့်သတ်မလဲ
။ time indicator တိုင်ကို que အစနားမှာ ရွေ့ထားလိုက်ပါ။ ပြီးတော့ အစမှတ်ဖို့အတွက် ကီးဘုတ်ပေါ်က B ကို
နှိပ်။ ထိုနောက် time indicator တိုင်ကို que အဆုံးနားမှာ ပြန်ရွေ့ထားပါ။ အဆုံးကိုမှတ်ဖို့အတွက် ကီးဘုတ်ပေါ်
က N ကိုနှိပ်ပါ။


အစ B
အဆုံး N


ဒါဆို မိမိလုပ်ထားတွေကို ပြန်ပြီးကြည့်ဖို့အတွက် ကီဘုတ်ပေါ် Num Lock က ဇီးရိုးကိုနှိပ်လိုက်ပါ။ ဒါဆို သီချင်း
စာသားအရောင်တွေ ပြေးနေတာကိုတွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ အရောင်ပြေးတာနဲ့ သီချင်းက မကိုက်ဘူးဆိုရင် ပြန်ပြင်လို့ရပါသေးတယ်။ ဥပမာ…သီချင်းက အရှေ့
ရောက်နေတယ်။ အရောင်က နောက်မှာကျန်နေတယ်။ အဲဒါဆို သီချင်းရောက်တဲ့နေရာမှာ ကီးဘုတ်ပေါ်က ခ
ရေပွင့်နဲ့ ဇီးရိုးကိုတွဲနှိပ်လိုက်ရင် que အဖြူတုံးတစ်ခုထပ်မှတ်လိုက်ပါ။ ပြီးတော့ time indicator တိုင်ကို ၎င်း
que နားမှာ ရွေ့ယူလိုက်ပါ။ ပြီးလျှင် Display Screen က အ၀ါရောင်ဒေါက်တိုင်ကို ခုဏက que နဲ့မှတ်ထား
တဲ့ သီချင်းစာသားနေရာထိရောက်အောင်ရွေ့ပါ။ ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။

အဆင့် (၈)
ကဲ…ဒီ Layer ကို ပြင် edit လုပ်တာ စိတ်ကြိုက်ဖြစ်ပြီးဆိုရင် ဒီ layer ကို အစနဲ့ အဆုံးကန့်သတ်လိုက်မယ်။ အဲဒါ
ဆို အောက်ကပုံအတိုင်း ကျနော်ကွင်းထားတဲ့ scroll မျှားကို တစ်ချက်နှိပ်လိုက်ပါ။




ပြီးတော့ layer 01 နဲ့ layer 01 2 နှစ်ခုစလုံးကို select ပေးလိုက်ပါ။ time indicator တိုင်ကို que အစမှာရွေ့
ထားပါ။ ကီးဘုတ်ပေါ်က Alt + { နှစ်ခုကိုတွဲနှိပ်ပါ။ အောက်ကပုံအတိုင်း လေယာအစဖက်မှာ ပြတ်ထွက်သွား
တာတွေ့ရပါလိ့မ်မယ်။ အလားတူ အဆုံးဖက်ခြမ်းမှာလဲ ပြတ်သွားအောင် time indicator တိုင်ကို que အဆုံးမှာ ရွေ့ထားပါ။ ကီးဘုတ်ပေါ်က Alt + } နှစ်ခုကိုတွဲနှိပ်ပါ။ ကဲ..အောက်ကပုံအတိုင်းလိုဖြစ်သွားပါပြီးဗျာ။




အထက်ပါတင်ပြချက်များသည် layer (သီချင်းစာသားတစ်ပိုဒ်)အတွက်မျှသာ ဖြစ်ပါတယ်။ ကျန်တဲ့ layer များအ
တွက်ဆို အပိုင်း (ဂ) က အဆင့်တိုင်းအားလုံးနည်းတူလုပ်ဆောင်ရမှာဖြစ်ကြောင်း လေ့လာသူများသိစေချင်ပါ
တယ်။ လေယာတစ်ခုလုပ်ပုံလုပ်နည်းကောင်းကောင်းသိထားပြီးဆိုရင် ကျန်လေယာများအတွက်မခက်တော့ပါ။
သို့သော် ကျနော်စကားချပ်အနေဖြင့် ပြောရလျှင် ကျန်လေယာများဆက်လုပ်ဖို့ဆိုရင် မိမိပြုလုပ်မည့်လေယာမှ
အပ ကျန်လေယာအားလုံးကို ဘယ်ဖက်ခြမ်းက မျက်လုံးများအာလုံးပိတ်ထားလိုက်ပါ။ မဟုတ်ရင် ကြည့်ရတာ
အဆင်ပြေမည်မဟုတ်ပါ။ ကျနော်အနေနဲ့ အကြံပေးချင်တာက layer မကျွမ်းကျင်သေးသောပုဂ္ဂိုလ်များအတွက်
layer ကို အချိန်ယူပြီးလေ့လာစေချင်ပါတယ်။

နောက်တစ်ခုထပ်ပြောပါရစေ။ သီချင်းတစ်ပုဒ်လုံးဟာ နှစ်ကြော့ရှိပါတယ်။ ကျနော်တို့က သီချင်းစာသားကို ပထ
မအကြော့အတွက်ပဲလုပ်ထားတာများပါတယ်။ ဒုတိယအကြော့က သီချင်းကတူနေတော့ ပထမကြော့က သီချင်း
စာသား layer တွေကိုပဲ ကောပီပြန်ကူးယူရမှာပါ။ ဥပမာ…သီချင်းပထမကြော့အတွက် layer အခုနှစ်ဆယ်
လောက်ရှိတယ်ပေါ့ဗျာ။ အဲဒီအခုနှစ်ဆယ်စလုံးကို select ပေးပြီး ကော်ပီယူထားလိုက်ပါ။ ဒုတိယကြောင့်ပြန်စ
မယ့် သီချင်းကို time indicator တိုင်နဲ့ ရွေ့ထားလိုက်ပါ။ ပြီးတော့ Ctrl + V လုပ်လိုက်ရုံပါပဲ။

ဒါကလဲ ကျနော်အကြမ်းဖျင်းအားဖြင့်သာ ပြောပြနိုင်တာပါ။ တကယ်လုပ်တတ်ချင်ရင် ကိုယ့်ကိုကြိုးစားကြည့်ပါ။
တစ်ကြိမ်းမရရင် နောက်တစ်ကြိမ်ပေါ့။ အကြိမ်များလာရင် အဆင်ပြေမှာပါ။ ကျနော်က တဒေါင့်တနေရာမှာ အ
ထောက်အကူဖြစ်စေတဲ့ သဘောမျိုးနဲ့ ကြိုးစားရေးပေးတဲ့သဘောပါပဲ။

project ဖိုင်ကို သိမ်းခြင်း

၁။ မိမိတည်းဖြတ်တာတွေကို စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် ဖိုင်ကိုသိမ်းစည်းရတော့မယ်။ သိမ်းသည်းရမည့်ဖိုင်
format အမျိုးအစားက AVI ပဲဖြစ်ပါတယ်။ အဲဒါကိုသိမ်းဖို့အတွက် ကီးဘုတ်ပေါ်က Ctrl + M ကိုတွဲနှိပ်
လိုက်ပါ။ ဘောက်စ်တစ်ခုပေါ်လာရင် ဖိုင် name ကိုပေးပြီး OK (မပေါ်ရင် ဘာမှလုပ်စရာမလို)
ထိုနောက် Best Setting ၊ Out put Module Template နှစ်ခုတို့တွင် Setting ကို Best Setting ရွေး၊
ပြီးတော့ Out put Module Template ကိုနှိပ်လိုက်ပါ။ (အကယ်၍ အဲဒါတွေမပေါ်ခဲ့ရင် Menu က Edit>
Preference ကို နှိပ်လိုက်ရင် Best Setting ၊ Out put Module Template နှစ်ခုကိုတွေ့နိုင်ပါတယ်။
ထိုနောက် အောက်ကပုံအတိုင်း New ကိုနှိပ်ပါ။



၂။ Format Option ကိုနှိပ်ပါ။ ပေါ်လာတဲ့ဘောက်စ်တွင် Microsoft DV ကိုရွေးပြီး OK



၃။ အောက်ကပုံမှာ ကျနော် ခြစ်ထား၊ ရွေးထားအတိုင်း လိုက်ပြီး ခြစ်ထား၊ ရွေးထားလိုက်ပါ။ Stretch ကိုအမှန်
ခြစ်၊ Custom နေရာတွင် NTSC DV ကိုရွေး၊ Crop၊ Audio Out Put ကိုအားလုံးအမှန်ခြစ်လိုက်ပါ။



၎။ အားလုံးပြီးလျှင် save ဖို့အတွက် Render ကိုနှိပ်ပါ။



အောက်ကပုံမှာ ဖိုင်ကိုသိမ်းတဲ့အနေအထားဖြစ်ပါတယ်။ ခဏစောင့်လိုက်ပါ။ ကလင်…ဆိုတဲ့အသံမြည်လာတာနဲ့
မိမိသိမ်းထားတဲ့ဖိုင်ပြီးဆုံးသွာပါပြီးခင်ဗျာ…


အမှာ ။ ။
ကျနော် ဒီ tutorial ကိုရေးဖို့အချိန်အနည်းငယ်ပေးဆပ်ခဲ့ရပါတယ်။ အထက်ကပြောခဲ့အတိုင်း ဆရာများအတွက် ရည်ရွယ်ပြီးရေးတာမဟုတ်ပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာဖြစ်ပါတယ်။ ဒီ tutorial နဲ့ အခြေခံပုဂ္ဂိုလ်
များအတွက် အတိုင်းအတာတစ်ခုထိအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စာနဲ့ ပုံရေးပြထားသော်လည်း လိုအပ်
ချက်တွေတော့ ရှိနေမှာသေချာတယ်။ အဲဒီလိုအပ်ချက်တွေကို မိမိကိုယ်နိုက်ကလဲ ထပ်မံပြီးလေ့လာဖို့လိုပါလိမ့်
မယ်။ ကျနော်ကတော့ ဒီ ´ကရာအိုကေ စာတန်းထိုးနည်းကို´ မြန်မာလိုရေးထားတာများရှိမလားဆိုပြီး search
engine ကနေ အချိန်ပေါင်းများစွာ လိုက်ရှာခဲ့ပါတယ်။ ဒီဆော့ဝဲနဲ့ရေးထားတော့ မတွေ့မိခဲ့ပါ။ တစ်ခြားလုပ်နည်း
ကတော့ အနည်းငယ်ရေးထားတော့တွေ့တယ်။ သို့သော် စိတ်တိုင်းကျမဖြစ်တာနဲ့ ဒီဆော့နဲ့လုပ်ပုံလုပ်နည်းကို
ထပ်ခါတလဲလေ့လာပြီးတော့ အနည်းငယ်ကိုယ့်ကိုသဘောပေါက်ပြီးလို့ ယူဆရတဲ့အချိန်မှာ ဒီ tutorial ကိုရေး
ခြင်းဖြစ်ပါတယ်။
ကျန်တဲ့ ဒီဆော့ဝဲနဲ့ effect လုပ်ဆောင်ပုံ၊ ပြုလုပ်ပုံတွေကို ၀ါသနာပါရင် youtube.com သွားရောက်လေ့လာ
နိုင်ပါတယ်။ အဲဒီမှာ ဒီစာတန်းထိုးနည်းမတွေ့နိုင်ပေမယ့် တစ်ခြား effect tutorial ပြုလုပ်နည်းတွေကတော့
မြောက်များစွာတင်ထားပါတယ်။ ကျနော်ရေးတဲ့ tutorial ကိုဖတ်ပြီး အနည်းငယ်မျှ အကျိုးရှိရင်လည်း
ကျနော် ပညာပါရမီကို ဖြည့်ရတဲ့အတွက် ကျနော်ဝမ်းသာပါတယ်လို့ပြောပါရစေ…

အားလုံးကိုကျေးဇူးတင်ပါတယ်

စောလင်းနက်စ်