Showing posts with label Breaking News. Show all posts
Showing posts with label Breaking News. Show all posts

Tuesday, 10 September 2013

မလေးရောက် မြန်မာများ အတွက် တာဝန်ယူကြောင်း အလုပ်သမား ၀န်ကြီးပြော

Unknown | 10.9.13 | | Best Blogger Tips






ပြီးခဲ့သည့် ဇွန်လဆန်းက မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသာများကို တွေ့ရစဉ် (ဓာတ်ပုံ – SIN CHEW DAILY / ASIA NEWS NETWORK)

10.9.2013

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရရေးနှင့် ခံစားခွင့်များ အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ အလုပ်သမား ၀န်ကြီး က ပြောဆိုကြောင်း သိရသည်။

မလေးရှားရှိ မြန်မာအလုပ်သမားများ လုပ်ခ လစာ၊ အလုပ်သမား အကျိုးခံစားခွင့်၊ ကျန်းမာရေး အာမခံ စသည်တို့ အပြည့် အ၀ ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်မြင့်က ကွာလာလမ်ပူမြို့၌ ယမန်နေ့က မြန်မာလူမှုအဖွဲ့များနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားသည် ဟု မလေးရောက် မြန်မာများက ပြောပြသည်။

မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်ခွင့် လက်မှတ်(ပါမစ်)များ ရရှိရေးအတွက် မလေးရှား အာဏာပိုင်များနှင့် ဆွေးနွေး တောင်းဆို ပေးသွားမည်ဟုလည်း အလုပ်သမား ၀န်ကြီး ဦးမောင်မြင့်က ပြောဆိုသွားကြောင်း၊ ပါမစ် ရရှိရေး ဆောင်ရွက်ပေးမည်ကို ကြိုဆိုသော်လည်း လုံခြုံ စိတ်ချစွာ သွားလာနေထိုင် လုပ်ကိုင်နိုင်ရေးသည် ပို၍ အရေးကြီးကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကပုန်းနာရေး ကူညီမှု အသင်းမှ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

“ပါမစ်ရှိရုံနဲ့ မရပါဘူး၊ ကျနော်တို့ နိုင်ငံသားတွေရဲ့ လုံခြုံမှုက ပိုပြီးအဓိက ကျနေပါတယ်၊ အဲဒီအတွက်လည်း မလေး အာဏာ ပိုင်တွေကို မြန်မာအစိုးရ အနေနဲ့ တွန်းအား ပေးစေချင်တယ်၊ ဒီလ အနည်းငယ်မှာ ဓားထိုးခံရပြီး သေတာ၊ လည်လှီး သတ်ဖြတ် ခံရပြီး သေတာ ၉ ဦး အထိရှိနေပေမယ့် အခုထိ တရားခံ တယောက်မှ မမိသေးဘူး”ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီး၏ အဖွဲ့တွင်ပါဝင်သည့် အလုပ်သမား ဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်ကလည်း သံရုံးနှင့် အလှမ်းဝေးကွာ သည့် အရပ်ဒေသများ၌ အလုပ် လုပ်ကိုင်မည့် မြန်မာအမျိုးသမီးများကို စိစစ်ပြီးမှသာ မလေးရှားနိုင်ငံသို့ သွားခွင့်ပြုတော့ မည် ဟု ပြောဆိုကြောင်း သိရသည်။

“မြို့နဲ့ဝေးတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အမျိုးသမီးတချို့ အဓမ္မ ကျင့်ခံရတာတွေ ရှိတဲ့အတွက် နောင်ဆိုရင် စိစစ်ပြီးမှ ခွင့်ပြုပေးသွားမယ်လို့ ပြောတယ်၊ ပြဿနာရှုပ်တဲ့ နေရာတွေ၊ သံရုံးနဲ့ဝေးတဲ့နေရာတွေမှာ ပြဿနာ တခုခုဖြစ်ရင် ဖြေရှင်းပေးဖို့ ခက်ခဲတဲ့အတွက်ပါ”ဟု ဦးဆန်းဝင်း က ဆိုသည်။

မြန်မာနိုင်ငံသားများသည် မိမိတို့ နိုင်ငံမှ မလေးရှားသို့ အေဂျင်စီများ စီစဉ်ပေးသည့် စက်ရုံ အလုပ်ရုံများ၌ အလုပ် လုပ်ကိုင် ရန် တရားဝင်လာရောက်သော်လည်း လုပ်ခ လစာနှင့် အကြောင်းကြောင်းကြောင့် အလုပ်ပြောင်းရွှေ့ရာမှ တရားမ၀င် နေ ထိုင်သူများ ဖြစ်သွားရကြောင်း၊ ထို့ကြောင့် ယင်းသို့ မဖြစ်ရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ယခုလဆန်းပိုင်းက လုပ်ဆောင်ခဲ့သည့် တရားမ၀င် နိုင်ငံခြားသားဖမ်းဆီးမှု အစီအစဉ်(အော်ပရာစီ) စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၈၀ ၀န်းကျင်ကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်သွားမည် ဖြစ်ပြီး နိုင်ငံသား စစ်မှန်သူများကို အစိုးရ ကိုယ်တိုင်တာဝန်ယူ၍ မြန်မာနိုင်ငံသို့ ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း ကွာလာ လမ်ပူရှိ ဧရာဝတီ ဖောင်ဒေးရှင်း၏ တာဝန်ခံ ဦးသီဟ မောင်မောင် က ပြောသည်။

“မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေလည်း ရှိတော့ သေချာ စိစစ်ရမှာပါ၊ စိစစ်ပြီးရင် ကိုယ့်နိုင်ငံကို အမြန်ဆုံး ပြန်ပို့နိုင်အောင် မလေး အာဏာပိုင်တွေနဲ့ ဆွေးနွေး စီစဉ်ပေးမယ်လို့ ၀န်ကြီးက ပြောတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှား အာဏာပိုင်များသည် အော်ပရာစီ စစ်ဆင်ရေး အရ တရားမ၀င် နိုင်ငံခြားသား ၅ သိန်း အထိ ဖမ်းဆီးမည်ဟု ကြေ ညာထားသော်လည်း ယခုရက်ပိုင်းတွင် ပိုက်စိပ်တိုက် ဖမ်းဆီးမှု မလုပ်တော့ကြောင်း၊ မလေးရှား နိုင်ငံတွင် လူ ၁၀၀၀ ဆန့်သည့် ထိန်းသိမ်းရေး စခန်း ၁၂ ခု သာရှိသည့်အတွက် လက်ရှိဖမ်းဆီးထားသူများအား စိစစ် လွှတ်ပေးပြီးမှသာ နောက်ထပ် ဖမ်းဆီးမှု လုပ်ဆောင်နိုင်ကြောင်း မလေးရောက် မြန်မာများ က ပြောသည်။

ကွာလာလမ်ပူ မြို့အပါအ၀င် အနီးတ၀ိုက်ရှိ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၌ စက်တင်ဘာလ ၁ ရက်နေ့မှစတင် ဖမ်းဆီး ထားသည့် နိုင်ငံခြားသား ၈၁၀၀ ရှိကြောင်း၊ ၎င်းတို့အနက် တရားမ၀င် ၂၄၀၀ ရှိကြောင်း၊ ထို ၂၄၀၀ တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ပါဝင်ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

ဖမ်းဆီး ထိန်းသိမ်းထားသူများတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ နီပေါ ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီ ယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံ ၁၆ နိုင်ငံ မှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။
 


ဧရာဝတီ





Ref : http://shannnews.blogspot.com




မလေးရှားမှ မြန်မာအားလုံး တရားဝင်အလုပ်သမားဖြစ်စေရေး သံရုံးကို တောင်းဆို

Unknown | 10.9.13 | | Best Blogger Tips







 


မင်းမင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၆ မိနစ်


မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအားလုံးကို တရားဝင်
အလုပ်သမားများ ဖြစ်စေရေး ဆောင်ရွက်ပေးရန်
မလေးရှားအခြေစိုက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့နှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့က ထိုနိုင်ငံရှိ
မြန်မာသံရုံးကို စက်တင်ဘာ ၇ ရက်ကတောင်း ဆိုလိုက်သည်။



မလေးရှားအစိုးရက ယခုလဆန်းမှစတင်၍ ၎င်းတို့နိုင်ငံအတွင်းရှိ
တရားမ၀င်လုပ်သားများကိုဖမ်းဆီးလျက် ရှိရာ မြန်မာလုပ်သား ၅၅၀ ကျော်လည်း
အဖမ်းခံထားရသဖြင့် ထိုအဖွဲ့များက ကြေညာချက် ထုတ်ပြန်တောင်းဆို
လိုက်ခြင်းဖြစ်သည်။



မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိသည့်အနက်
တရားဝင်အလုပ်သမားသုံး သိန်းခန့် သာရှိပြီး တရားမ၀င်လုပ်သားလေးသောင်းနှင့်
ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ဦးတင်လတ်က ဇွန်လဆန်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။



မလေးရှားရောက် အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးခံထားရသော
တရားမ၀င်မြန်မာအလုပ်သမားအားလုံး လွတ်မြောက်ရေး ကိုလည်း
သံရုံးကဆောင်ရွက်ပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထားသည်။



စက်တင်ဘာ ၁ ရက်က စတင်ခဲ့သည့် မလေးရှားအစိုးရ၏ တရားမ၀င်လုပ်သားများ
ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် မြန်မာများအပါအ၀င် တရားမ၀င်အလုပ်သမားပေါင်း
ရှစ်ထောင်ကျော် အဖမ်းခံခဲ့ရသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ညှိနှိုင်းရန် မြန်မာအစိုးရကလည်း
ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့
ထွက်ခွာသွားပြီဖြစ်သည်။



မြန်မာအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော
တရားမ၀င်မြန်မာလုပ်သားများကို တရားဝင် နေထိုင်ခွင့် ရရှိရေးအတွက်
ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း မလေးရှားအစိုးရနှင့်မူ
ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမသိရသေးပေ။



လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန်
သံရုံးကစိစစ်ပြီး တရားဝင် ပြန်လည်ခေါ်ယူသွားမည်ဟု
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့်
ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က
ထုတ်ဖော်ရေးသားခဲ့သည်။





Ref: Mizzima - News in Burmese












ဖမ်းဆီးခံထားရသော အိုဗာစတေးများ တရားဝင်ပါမစ် ပြန်လည်ထုတ်ပေး

Unknown | 10.9.13 | | Best Blogger Tips









ရန်ကုန် စက်တင်ဘာ ၈


မလေးရှားနိုင်ငံ၌ ဖမ်းဆီးနေသော OPS 6P စီမံချက်အတွင်း ယခင် 6P က
(Permit)ပါမစ်အတွက် ငွေပေးသွင်းထားပြီး ပါမစ်မရရှိသူများနှင့်
အချို့သောပါမစ်ပြန်လည်ပေးအပ်ရန်

လိုအပ်သည့် နိုင်ငံခြားသားအလုပ်သမားများကို တရားဝင်ပါမစ်ထုတ်ပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း
မလေးရှားနိုင်ငံ နေ့စဉ်ထုတ် The Star သတင်းစာက တရားဝင်ဖော်ပြထားသည်။


 


 ယနေ့အထိ ဖမ်းဆီးထားသူ တရားမဝင်အလုပ်သမား စုစုပေါင်း ၅ဝဝဝ
ကျော်ရှိနေပြီဖြစ်ပြီး အားလုံးကို ပြန်လည်ပို့ဆောင်သွားမည်မဟုတ်ြေ
ကာင်း၊
လိုအပ်သော နိုင်ငံခြားသား အလုပ်သမားများကို စိစစ်ပြီး တရားဝင်
နေထိုင်လုပ်ကိုင်ခွင့်ရအောင် ပြန်လည်စီစဉ်မည်ဖြစ်ကြောင်းကို
ပြည်ထဲရေးဝန်ကြီး ဒါတွတ်စရီအာမက်ဇာဟစ်က အဆိုပါသတင်းတွင်
ဖြည့်စွက်ပြောကြားသည်။



''ရွှေ့ပြောင်း အလုပ်သမားတွေအတွက်
ပြစ်ဒဏ်မရှိစေသင့်ပါဘူး၊ ကျွန်တော်တို့ အခု Outsourcing Companies တွေကို
စိစစ်ရပါတော့မယ်''ဟု ဆက်လက်ပြောကြားသွားခဲ့ကြောင်း၊ အဆိုပါ ပါမစ်ဆက်လက်
ဆောင်ရွက်ပေးမည့်သူများမှာ 6p အစီအစဉ်၏ ကွန်ပျူတာစနစ် ဖော်ပြချက်အတိုင်း
စိစစ်သွားမည်ဖြစ်ကြောင်း၊ အခြားသောသူများကိုမူ မလေးရှားနိုင်ငံမှ
ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြေ
ာင်းလည်း သိရသည်။




အဆိုပါ အစီအစဉ်များကို မလေးရှားနိုင်ငံ လူ့အရင်းအမြစ်
ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကြိုဆိုလိုက်ပြီး မလေးရှားနိုင်ငံရှိ
အလုပ်ရှင်များအတွက် တရားဝင်လုပ်သားများသာ ခန့်အပ်ရေးကို ထိရောက်စွာ
အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ေ
ကြာင်း၊
အလုပ်သမားပြတ်လပ်မှုပြဿနာများ အလုပ်ရှင်များ ရင်မဆိုင်လိုပါက တရားဝင်
အလုပ်သမားများကိုသာ ခန့်အပ်ပေးသွားရန် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့်
ဝန်ကြီးဌာနများအနေဖြင့် ယခုအစီအစဉ်ကို ပြီးဆုံးအောင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော
င်းနှင့်
နောက်ဆုံးအဆင့် တရားဝင် နိုင်ငံခြားသားအလုပ်သမားများသာ နိုင်ငံအတွင်း
ကျန်ခဲ့မည် ဖြစ်ကြောင်းကို ဝန်ကြီးက ဆက်လက်ပြောကြားသွားသည်။



ယနေ့ မလေးရှားနိုင်ငံ The Star သတင်းဌာနမှ အလုပ်ရှင်သူဌေးများမှ တရားမဝင်လုပ်သားများ ခန့်အပ်မှုကို နောက်ဆုံးရပ်တန့်ပစ်ရမည့်အချိန်
ဖြစ်ကြောင်းကိုလည်း ဖော်ပြထားရှိပြီး လက်ရှိမြို့တော် ကွာလာလမ်ပူ၊
ဆလန်းဂေါပြည်နယ်၊ ပီနန်မြို့ ဂျိုဟိုးဘာရူးမြို့၊ မလကာမြို့ရှိ
အချို့နေရာများတွင် စက်တင်ဘာ ၇ ရက်အထိ ဖမ်းဆီးမှုများ ရှိနေသေးကြောင်း
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံသားများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။
 


စိုးဝင်း(SP)


 


 Ref : http://www.myanmardailynews.org/




Monday, 9 September 2013

မလေးရှား အလုပ်သမားများအတွက် သတင်းကောင်း

Unknown | 9.9.13 | | Best Blogger Tips




 


 


 
မလေးရှားမှာ

အော်ပရာစီရာတွင် ဖမ်းဆီးခံထားရသော အလုပ်သမားများကို ပြန်လည် တရားဝင်
မှတ်ပုံတင်ခွင့်ပြုမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က
ပြောကြားလိုက်ပါတယ် ။
သူက ဆက်လက်ပြောကြားရာမှာ...



ကျွန်တော်တို့
နိုင်ငံမှာ သင့်တော်တဲ့ အလုပ်တွေအတွက် နိုင်ငံခြား အလုပ်သမား အရင်းအမြစ်တွေ
လိုအပ်နေပါတယ် ။



အော်ပရာစီ
စတင်ကတည်းက ဖမ်းဆီးထားတဲ့ အလုပ်သမား ၅၀၀၀ လောက်ရှိပါတယ် ။
ဒီဖမ်းဆီးခံ
အလုပ်သမားတွေ တရားဝင် ပြန်ဖြစ်ရေး မှတ်ပုံတင်ခွင့်ပြုပါမယ် ။




အလုပ်သမားတွေက အသနားခံတာတွေကို ကျွန်တော်တို့ နားထောင်
လိုက်လျောပေးလိုက်တာပါ ။
အချို့ဆိုရင် ကုမ္မဏီတွေရဲ့
လိမ်လည်ငွေယူတာကိုခံကြရတာကု
ိ
သိရပါတယ် ။




သူတို့ဟာ ရင်းဂစ် 3000 ကနေ 8000 အထိ မလေးရှားမှာ အလုပ်လုပ်ရဖို့
ပေးခဲ့ရပေမဲ့ တရားဝင် စာရွက်စာတမ်း ဘာတခုမှ မရခဲ့ပါဘူး ။ ဒီလိုဒုက္ခ
ရောက်နေတဲ့သူတွေကို ကျွန်တော်တို့ အနေနဲ့ အပြစ်ပေးလို့ မဖြစ်ပါဘူး ။
ဒါပေမဲ့ တရားဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ကုမ္မဏီတွေကိုတော့ ဥပဒေအရ အရေးယူရပါမယ်
လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က ပြောကြားလိုက်ပါတယ် ။




Myanmar Journal






Sunday, 8 September 2013

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်

Unknown | 8.9.13 | | Best Blogger Tips







အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ် 


 


 


 မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့
မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် စက်တင်ဘာ ၉ ရက်တွင် အလုပ်သမား
ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။



၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ
ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်သမား ၀န်ကြီးဌာန အလုပ်ရှင်အလုပ်သမား
တွေဆုံပွဲအပြီး၌ ဦးမျိုးအောင်မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



"အလုပ်သမား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး အပါအ၀င် ကျွန်တော်ရယ်၊
ပြည်ထဲရေးက တာဝန်ရှိသူတွေရယ် ပါမယ်။ နောက်နိုင်ငံခြားရေး ၀န်ကြီးဌာနက
တာဝန်ရှိသူတွေ ပါမယ်။ အဓိကကတော့ ဟိုမှာရှိနေတဲ့ အထောက်အထားမဲ့
အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးကြမှာပါ။
ဒါနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရအောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နောက်ဖမ်းဆီးထားတဲ့ အလုပ်သမားတွေကို ဘယ်လိုပြစ်ဒဏ်တွေ ပေးမလဲ၊
ဒဏ်ကြေးတွေကို လျှော့ပေါ့ပေးဖို့ စသဖြင့် ဖမ်းဆီးခံရတဲ့ ကိစ္စတစ်ခုတည်း
မဟုတ်ဘဲ ရေရှည်အတွက်ပါ ဆွေးနွေးကြမှာပါ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမူဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က
ပြောကြားခဲ့သည်။



ယခုကဲ့သို့ သွားရောက်မှုတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့
မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ပြည်ထဲရေး
ဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်လည်း
တွေ့ဆုံသွားရန်ရှိကြောင်းလည်း သိရသည်။



မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများမှ အထောက်အထားမဲ့
အလုပ်သမားများအား စက်တင်ဘာ ၁ ရက်မှစ၍ မလေးရှား အစိုးရက အထူးစီမံချက်ဖြင့်
ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင်လျက်ရှိပြီး စက်တင်ဘာ ၄ ရက်အထိ
စာရင်းများအရ အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၅၅၀ ဦးကို
ဖမ်းဆီးထားကြောင်း သိရသည်။



Ref : Eleven

Saturday, 7 September 2013

မလေးရှားရောက် အိုဗာစတေးများအတွက် ဝမ်းမြောက်ဖွယ် (အထူးသတင်း)

Unknown | 7.9.13 | | Best Blogger Tips






မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန်
့ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ
ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်

ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင်
ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည်
ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး
ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း


 ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး
အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်




Ref : http://www.myanmarcnn.com





ဒီနေ့တော့ အင်မတန်မှ ကြက်သရေမင်္ဂလာ အပေါင်းခညောင်းတဲ့ သတင်းကောင်းကြိးတခုကို တွေ့ရကြားရလို့ ပြောမပြနိုင်အောင် ရွှေညီငယ်ညီမငယ်တို့အတွက် ၀မ်းသာအားရဖြစ်မိပါတယ် ...။ ၀မ်းသာလွန်းလို့ သတင်းကို ချက်းချင်းသိစေလိုတဲ့စေတနာဇောတွေကြောင့် မူရင်းအတိုင်း တိုက်ရိုက် ကော်ပီရော လင့်ပါတင်ပေးလိုက်ပါတယ် ဒါပေမယ့် တချိုညီငယ်ညီမငယ်များအတွက် နားလည်မှုလွဲမှာစိုးတဲ့အတွက် တတ်နိုင်သမျှ အကျဉ်းချုပ် နားလည်သလို ဘာသာပြန်သတင်းအဖြစ် တင်ဆက်ပေးလိုက်ပါပြိ ကျွမ်းကျင်သူများကလဲ တိုက်ရိုက်ဘာသာပြန်ပေးကြဖို့တောင်းဆိုပါတယ် ။

အားတက်စရာ မင်္ဂလာသတင်းပါ တပါတ်လုံးလုံး တအုံးနွေးနွေး သောက စိုရိမ်ကြောင့်ကြစိတ်တွေနဲ့ နေ့ညတွေကို တထိပ်ထိပ် တလန့်လန့်နဲ့ ကျော်ဖြတ်နေကြရတဲ့ ကလေးတွေ အတွက် ကောက်ရိုးလေးတမျှင်တော့ အားကိုးရာရပါပြိ The Star သတင်းစာကြိးမှာ ပြည်ထဲဝန်ကြိး Datuk Seri Dr Ahmad Zahid Hamidi ကိုယ်တိုင်က နိုင်ငံခြားအလုပ်သမားတွေ မရှိမဖြစ်လိုအပ်ပါတယ်လို့ ထုပ်ပြောလာပါပြိ ။

ပြိးခဲ့တဲ့ တနင်္ဂနွေနေ့စတင်ဖမ်းဆီးလာတာ တရားမ၀င်လုပ်သား ၅၀၀၀ ကျော် အဲဒိထဲက တချိုတ၀က်ကို သက်ဆိုင်ရာတိုင်းပြည်ကို ပြန်ပို့လိုက်ပါပြိတဲ့ (ချက်ချင်းပြန်ပို့ခံရတာက အင်ဒိုနီးရှားတွေပါ သူတို့အစိုးရက အဲလိုအားကိုးရတာ)

နိုင်ငံခြားသားအလုပ်သမားများကို မဖြစ်မနေလိုအပ်တဲ့အတွက် အလုပ်သမားများအတွက် 6p အစီအစဉ်အောက်ကနေ register ပြန်လုပ်ပြိး တရားဝင်လုပ်သားဖြစ်အောင် ပြန်လည် လုပ်ဆောင်ပေးမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ပြိးကြောင်းဆိုပါတယ် ။

ဖမ်းဆီးမိတဲ့ တရားမ၀င်လုပ်သားတွေရဲ့ထွက်ဆိုချက်အရ တချိုတွေက 6p အစီအစဉ်မှာ Outsourcing Companies တွေကို ရင်းကစ် ၃၀၀၀ ကနေ ၈၀၀၀ ပေးရပေမယ့် ပါမစ်မရဘဲ အိုဗာစတေဖြစ်နေရတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ် ။ အဲလိုလုပ်သားတွေကို အပြစ်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့လဲ ဆိုပါတယ် 6p မှာ register တင်ငွေပေးပြိး ပါမစ်မကျသူ မရသူတွေကို အပြစ်ပေးဖို့မဖြစ်နိုင်သလို Outsourcing Companies များကိုလဲ တစုံတရာ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ် ။

သတင်းစာမှာပါတာ ဒီလောက်ပါပဲ နားလည်သလိုဘာသာပြန်ပြိး နားလည်လွယ်အောင် ပြန်ရေးပြတာပါ Immigration အတွင်းက အရာရှိတယောက်ဆီက ခိုင်လုံတဲ့ သတင်းအရတော့ 6p အစီအစဉ်ကို ပြန်စပြိး စာအုပ်ရှိသူတွေကို ပါမစ်ပြန်လည်ချထားပေးမယ်လို့ သတင်းတိတိကျကျရထားပါတယ် ။ ဒီတကြိမ်တော့ ရွှေညီငယ် ညီမငယ်တို့ရေ မြန်မာအချင်းချင်းမို့ လက်တို့လိုက်အုံးမယ် ဖြစ်နိုင်သမျှ ရှောင်ကြဉ်ကြစေလိုပါတယ် ရွှေအေဂျင်စီကြိးတွေကိုပါ သေချာတဲ့ Outsourcing Companies တွေကို သေချာစုံစမ်းပြိး တိုက်ရိုက်ကိုယ်တိုင် ကြိုးပမ်းကြစေလိုပါတယ် အစိုးရကိုယ်တိုင် ဘယ်ကုမ္ပဏီတွေမှာ လုပ်ရမယ်ဆိုတာ ကြေညာချက်ထုပ်ပြန်ပါလိမ့်မယ် အစိုးရကြေညာတဲ့ ကုမ္ပဏိဆီကို ကိုယ်တိုင်ချီတက်နိုင်အောင် ကြိုးစားကြပါ ဒိအစီအစဉ်သစ်အတွက် တိုက်သလောက် အချိန်ယူရမှာဖြစ်လို့ မိမိတို့ဘက်ကလဲ ရသမျှငွေကြေးလေးစုဆောင်းထားကြပါလို့ တိုက်တွန်းရင်း ။ တိုက်ရိုက်ဘာသာပြန်လိုအပ်ရင် ကွန့်မင်ပေးထားပါ မနက်လင်းရင်း ကြိုးစားပေးပါမည်။

ကိုယ်စိတ်နှစ် ကျမ်းခန့်သာ ၀မ်းသာကြပါစေ



အရှင်နာရဒ




PUTRAJAYA: Illegal immigrants detained under the Ops
6P Bersepadu crackdown in the country will be given another chance to be
legalised, said Datuk Seri Dr Ahmad Zahid Hamidi.



The Home Minister said this was in view of the country's need for foreign manpower in certain sectors.



Some 5,000 illegal immigrants have been detained since the start of the
crackdown on Sunday but not all of them will deported, Dr Ahmad Zahid
said.



"We will provide the facility for employers to register these workers to
be re-legalised under 6P because we are considering the shortage of
manpower in certain sectors, which we reckon foreign workers are needed.



"We have also listened to the appeal from employers. Some of them were
cheated by outsourcing companies (and) they did not get the (legal work)
documents even though they have paid between RM3,000 to RM8,000, so we
cannot penalise them.



"I think they should not be penalised but we need to take action against
the outsourcing companies as well," Dr Ahmad Zahid said during a press
conference at the ministry after launching a seminar for ministry staff,
here, Friday.









Tags / Keywords:


 


Ref :  http://www.thestar.com.my/News/Nation/2013/09/06/6P-crackdown-illegal-immigrants-Malaysia.aspx



Thursday, 5 September 2013

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်

Unknown | 5.9.13 | | Best Blogger Tips







5.9.2013


မလေးရှားနိုင်ငံတွင် အဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို
နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး ပြန်လည်ခေါ်ယူသွားမည်ဟု
သမ္မတ၏ပြောရေးဆို ခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည
့် ဦးရဲထွဋ်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော် ရေးသားလိုက်သည်။


စက်တင်ဘာ ၁ရက်က စတင်ခဲ့သည့် မလေးရှားအစိုး၏ တရားမ၀င်လုပ်သားများ
ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ မြန်မာ ၅၅၅ ဦး
အထိန်းသိမ်းခံထားရကြောင်းလည်း ဒု-၀န် ကြီးကဆိုထားသည်။


“ဒီစစ်ဆင်ရေးဟာ မြန်မာနိုင်ငံသားများကိုပဲ ဦးတည်ဆောင်ရွက်တာ မဟုတ်ပါဘူး။
တရားမ၀င်နေထိုင် လုပ်ကိုင် နေသူများနဲ့ ၎င်းတို့ကို အလုပ်ခန့်အပ်ထားသူ
များအားလုံးကို အရေးယူနိုင်ဖို့ မလေးရှားနိုင်ငံ အစိုးရက
ဆောင်ရွက်တာဖြစ်ပါတယ်” ဟုလည်း သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား
ရှင်းလင်း ထားသေးသည်။

မလေးရှားအာဏာပိုင်တို့
ဖမ်းဆီးထားသူများထဲတွင် မြန်မာနိုင်ငံသားများသာမက
အင်ဒိုနီးရှားနိုင်ငံသားများ၊ နီပေါနိုင်ငံသားများ၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၊ ပါကစ္စတန်နိုင်ငံသားများ၊
တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဒု-၀န်ကြီးက ဆိုသည်။


မလေးရှားအစိုးရ၏ `Ops 6P Ber-sepadu´ဟု အမည်ရသည့် အဆိုပါစစ်ဆင်ရေးကြောင့်
လက်ရှိအချိန် အထိ လူပေါင်း ၈၁၀၀ အဖမ်းခံခဲ့ရသည့်အနက် ၂၄၀၀ မှာ
တရားမ၀င်နေထိုင်သူများဖြစ်ကြောင
်း ဒု-၀န်ကြီး က ရေးသားထားသည်။


မလေးရှား လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရ၀နကူးမားက
“တရားမ၀င်အလုပ်သမားတွေ ကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကိုတော့
မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ် သိန်း ၁၅၀ ခန့်) နှင့် အထက်
ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ် အထိကျခံစေခြင်း(သို့မဟုတ်) ကြိမ်
ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့
နဲ့
အရေးယူနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ယင်းပြစ်ဒဏ်သုံးရပ်စလုံး
ကျခံရနိုင်ပါတယ်” ဟု ပြောကြောင်း The Star သတင်းဌာနတွင် စက်တင်ဘာ ၃ ရက်က
ဖော်ပြထားသည်။

မလေးရှားရောက် ၈၈ ကျောင်းသား အဖွဲ့မှ
ကိုအောင်ကြီးကမူ မြန်မာများ ကြိမ်ဒဏ်ပေးခံရမည့်ကိစ္စကို အစိုးရက
တားဆီးပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

သူက “ကြိမ်ဒဏ်က
ကျွန်တော်ကိုယ်တိုင်အထိ ခံဖူးထားတာဆိုတော့ မလွယ်ဘူးဗျ။ အေးလာရင်
အသားကုန်ကိုက်တာ။ အလေးအပင်လည်း တော်တော်နဲ့ မ မနိုင်ဘူး” ဟုလည်း
ရှင်းပြသည်။




မဇ္ဈိမသတင်းဌာန 









Wednesday, 4 September 2013

မလေးရှားမှာ ဒုတိယနေ့ အတွင်း အလုပ်သမား ၂၅၀၀ ကျော် ဖမ်းဆီးခံရ

Unknown | 4.9.13 | | Best Blogger Tips












 


မလေးရှားနိုင်ငံက ​တရားမဝင် ​အလုပ်အကိုင် ​ဝင်ရောက်လုပ်နေတဲ့ ​အလုပ်သမားတွေကို ​ဖမ်းဆီးတဲ့ ​၃လ 

ကြာ ​အထူး ​စီမံကိန်းရဲ့ ​ဒုတိယမြောက်နေ့မှာ ​တရားမဝင် ​နေထိုင်နေကြတဲ့ ​လူပေါင်း ​၂၅၀၀ ​ကို ​ဖမ်းဆီး

ထားပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ ​တော့မယ်လို့ ​သိရပါတယ်။






မလေးရှားနိုင်ငံက ​လူဝင်မှု ​ကြီးကြပ်ရေးတွေ၊ ​ပြည်သူ့စစ်တွေနဲ့ ​ရဲတွေ ​ပူးပေါင်းပြီး ​ပြည်ပကနေ ​တရားမ

ဝင် ​အလုပ်လုပ်ကိုင်နေတဲ့ ​အလုပ် ​သမားတွေရှိရာ ​ဆောက်လုပ်ရေး ​လုပ်ငန်းခွင်၊ ​စိုက်ပျိုးရေးခြံတွေနဲ့ 

အဖြစ်သဘောသာ ​ဆောက်ထားတဲ့ ​တဲအိမ်တွေမှာ ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​ပြုလုပ်နေတာ ​ဖြစ်ပါတယ်။



ဒီလို ​ဖမ်းဆီးမှုမျိုးကို ​၃ ​လ ​ကြာ ​ပြုလုပ်ဖို့ရှိပြီး ​မလေးရှားနိုင်ငံတွင်း ​တရားမဝင်နေထိုင်နေကြတဲ့ ​လူပေါင်း 

ငါးသိန်းကို ​ဖမ်းဆီးဖို့ ​ရည်ရွယ်ထားတာ ​ဖြစ်ပါတယ်။



ဒီလိုဖမ်းဆီးမှုအတွင်း ​မြန်မာနိုင်ငံသား ​၂၀၀ ​လောက် ​ဖမ်းဆီးခံခဲ့ရတယ်လို့ ​သိရပြီး ​ကျန်ရှိသူ ​အများစု

က ​တောထဲမှာ ​ပုန်းအောင်းနေကြတယ်လို့ ​သိရပါတယ်။



မလေးရှားနိုင်ငံမှာ ​အင်ဒိုနီးရှား၊ ​ဖိလိပိုင်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေ ​တ

ရားဝင်အနေနဲ့ရော ​တရားမဝင်အနေနဲ့ပါ ​အလုပ်လုပ်ကိုင်နေကြတာ ​ဖြစ်ပါတယ်။



ပြည်ပကနေ ​အဆမတန် ​ဝင်လာတဲ့ ​အလုပ်သမားတွေကြောင့် ​မလေးရှားနိုင်ငံမှာ ​အလုပ်သမားပိုလျံမှု

ပြဿနာတွေ၊ ​စီးပွားရေး ​ကျဆင်းမှုတွေ ​ကြုံနေရတဲ့အပြင် ​ရာဇာဝတ်မှုတွေပါ ​များလာတဲ့အတွက်

ကြောင့် ​လူပေါင်း ​ငါးသိန်းကို ​ဖမ်းဆီးပြီး ​ဆိုင်ရာနိုင်ငံကို ​ပြန်ပို့ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။



မလေးရှားနိုင်ငံမှာ ​တရားမဝင် ​အလုပ်လုပ်နေသူပေါင်း ​ခုနှစ်သိန်းရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။


 


 ABC Radio Australia






Ref : http://friendsloveforlife.blogspot.com



Tuesday, 3 September 2013

အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်

Unknown | 3.9.13 | | Best Blogger Tips






ရန်ကုန်၊ စက်တင်ဘာ ၂

လတ်တလော၌ တရားမဝင်
နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော
မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန်
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့
မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။

အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်
အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊
ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့
ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သုံးလကြာ
စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို
ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ်
အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာလ ၁
ရက်နေ့တွင် စတင်နေပြီဖြစ်ပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာလုပ်သား ၅၅၅
ဦး အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း
မလေးရှား အခြေစိုက် The Star သတင်းစာက စက်တင်ဘာ ၂ ရက်နေ့တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့
တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဟု
အမည်ခံထားသူများကိုလည်း သေချာစိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ်
မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွား မည် ဖြစ်ကြောင်း
သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့ သူတိုင်းကို မြန်မာလို့ ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရာ ရောက်သွားမယ်” ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင်
ကွာလာလမ်ပူ မြို့တော်၊ ပီနန်း၊ ဂျိုးဟိုး အစရှိနေရာများရှိ တရားမဝင်
အလုပ်သမားအများစု ခိုအောင်းရာ နေရာများ၊ စက်ရုံများကို အဓိကထား
စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများ ပြုလုပ်ရာတွင် မျက်နှာကြက်၊
ကြမ်းပြင်အောက်များတွင် ပုန်းနေသူများကိုပါ ရှာဖွေ ဖမ်းဆီးကြောင်း
မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မြန်မာ
ဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရားဝင်
အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင်
အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

“ဖမ်းဆီးတာတော့
မတွေ့ရသေးဘူး။ စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့ သူတွေကတော့ မအိပ်နိုင်
မစားနိုင်ဖြစ်နေကြတယ်” ဟု စလန်ဂေါပြည်နယ် ဓမာဆာရာမြို့တွင်
အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ယခုနှစ်အကုန်ထိ တရားမဝင်
နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး
ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ ကို ဖမ်းဆီး
အရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။

“မြန်မာတွေ အပြင်မထွက်ရဲတော့ဘူး” ဟု ဆာလာဘန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။

အော်ပရာစီ
စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊
စစ်တပ်၊ အပါအဝင် အင်အား ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည်
မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။

တရားမဝင်
နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊
အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ် ငါးသိန်းနှင့်
ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သိုမဟုတ် ပြစ်မှုအားလုံးကို
ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။





 


The Voice Weekly






Monday, 2 September 2013

မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက်

Unknown | 2.9.13 | | Best Blogger Tips




 


 


ဂျိုဟိုး ရှိစက်ရုံးတစ်ချို့တွင်ဆက်တိုက်ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများစတင်းခဲ့ကြောင်း မလေးရှားရောက်မြန်မာများမှ သတင်းပေးခဲ့ကြပါသည် ။
===================================
ထပ်မံပြီးမလေးရှားအစိုးရ၏ရာဇာသံ ပေးသည့်ရက်မှာယနေ့ရောက်ရှိလာပြီဖြစ်
သောကြောင့်ကွာလာလမ်ပူရှိတစ်ချို့သော နိုင်ငံခြားသားအလုပ်သမားများရှိနေနိုင်
သည့်နေရာတစ်ချို့တွင်ဖမ်းဆီးရန်ပြင်ဆင်မှု့များယနေ့စတင်နေပြီင်္းဖြစ်ကြောင်းသိရသည် ။
Thestar သတင်းစာမှာယနေ့မနက်ဖော်ပြချက်တွင်
ယနေ့နံနက်စောစော ပိုင်းအတွင်း ကွာလာလမ်ပူရှိ Bukit Raja, Klang and
Dengkil တို့အားစစ်ဆေးသွားခဲ့ပြီး ၊ Bangladesh, Indonesia, Myanmar and
Nepal နိုင်ငံသား စုစုပေါင်း 71 ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းထုတ်ြ
ပန်သွားသည်။


ယခုစတင်မည့် Enforcement အစီင်္အစဉ်အတွင်း နိုင်ငံလုံးဆိုင်ရာ တရားမဝင်
အလုပ်သမား ၄ သိန်းအားဖမ်းဆီးရန် Target ထားကြောင်းနှင့် အလုပ်ရှင် 4520 ကို
ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားလဝကက အတိအလင်းထုတ်ပြန်သွားခဲ့သည် ။

ယခုဖမ်းဆီးမှု့တွင် အဖမ်းခံရသည့် အလုပ်သမားများကို ချက်ချင်း ပြည်နှင်မည့်
အစီအစဉ်အား ဥပဒေ ပုဒ်မ Section 6, 15(4) and 55 ဖြင့်
စီစဉ်မည့်အကြောင်းနှင့် ။
ပြည်တွင်းရှိ တရားမဝင်အလုပ်သမားများကို
ခန့်အပ်သည့်အလုပ်ရှင်များကို ဒဏ်ငွေ 50000 ၊ ထောင်ဒဏ် ၅ နှစ်နှင့် ကြိမ်ဒဏ်
5 ချက်အထိ အမြင့်ဆုံးထား အရေးယူမည်ဖြစ်ကြောင်း ယနေ့ Thestar သတင်းစာက
ဖော်ပြသွားသည် ။

အဖမ်းခံရသော တရားမဝင်နိုင်ငံခြားသားများကိုမူ မိခင်တိုင်းပြည်သို့ ချက်ချင်းပို့ဆောင်သွားမည်ဟု ဖော်ပြထားသည် ။




မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက်(၂)
(မလေးရှား အရေးပေါ် သတင်း)

Written By နေဇော်လင်း- မီဒီယာ on Sunday, September 1, 2013 | 12:08:00 PM


ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM
ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ်
၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ
(အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ
ဖြစ်ပါသည်။ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက်
စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့
သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)


ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ
အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏
သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့
အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ
စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ
အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း
ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ
Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ
အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး
ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။

နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအားလုံး အောက်ပါအချက်များကို သတိပြုန်
************

ယနေ့ရက်များသည် မလေးရှားရောက် မြန်များများ - အထူးသဖြင့် တရားမဝင်
အလုပ်သမားများအတွက် သတိထားနေထိုင်ရမည့်ကာလဖြစ်သည် မှာအထူးပြောရန်မလို
။အမှန်သမားများအတွက်မူ ခိုင်မာ ၊ သေချာသော အထောက်အထားများ
ကိုလက်တွင်ကိုင်ဆောင်ထားဖို့သာလ
ိုသည် ။
ကျွန်တော်တို့ မှ အိုဗာစတေးသများကို အထူးအသိပေးလိုသည်မှာ အရမ်းကြောက်လန့်မနေစေရန် သတိပြုစေလိုပါသည် ။
အများနှင့်လုပ်ဆောင်သောအခြေအနေဖြစ်သောကြောင့်ကိုယ့်တိုင်အားကိုးပြီးနေထိုင်ရန်သာ
လိုသည်။မိမိတို့ မိတ်ဆွေသူငယ်ချင်းများ၏ ဖုန်းနံပတ်များ နှင့်
အားကိုးနိုင်သော မိတ်ဆွေသူငယ်ချင်းများကို အကူညီကြိုတောင်းထားရန် လိုသည် ။

အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားကြရန်နှင့် အဖိုးတန်ပစ္စည်းများ ကို တတ်နိုင်သမျှ မဆောင်ထားဖို့ အကြံပြုသည် ။


အရေးပေါ်ငွေပမာဏ 500 ၊ မှ 1000 ဝန်းကျင်ခန့် စိတ်ချယုံကြည်ရသော
မိတ်ဆွေထံတွင် အဆင်သင့်ဆောင်ထားရန်လိုသည် ။ ထိုငွေသည် မိမိအဖမ်းခံရပါက
လေယာဉ်လက်မှတ်ဖိုး သို့မဟုတ် လိုအပ်သည့်နေရာတွင် အသုံးချရန်အတွက်ဖြစ်သည် ။
အိုဗာစတေးသမားများ၏ ကိုယ်တွင် အခြား မည်သည့်အဖိုးတန် ပစ္စည်း ၊ ငွေကြေးများ မဆောင်ထားရန် အထူးသတိပြုသင့်သည်/
/အပြင်ထွက်လည်ပတ်ခြင်း၊လမ်းသွားခြင်းတို့ကို ရှောင်နိုင်သလောက်ရှောင်စေလို
သည် ။

အိုဗာစတေးများစုနေသော နေရာများကို ရှောင်ရန်လိုသည် ။
6 P တွင် လက်ဗွေနှိပ်ထားပြီး ပါမစ်ထပ်မံ မလျှောက်သော စက်ရုံများရှိအလုပ်သမားများ သတိပြုရန်အထူးလိုသည်။

မိမိယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းများ ၊ မိမိတို့နှင့်သက်ဆိုင်သော
အေးဂျင်းများ ၊ သူဌေးများကို အကြောင်းတစ်စုံတရာ ဖြစ်လာပါက တာဝန်ယူပေးရန်
ကြိုတင်ညှိနှိုင်းထားသင့်သည် ။
အထူးသဖြင့် မည်သည့်အချိန်မဆို ခရီးသွားနိုင်ရန် ပြင်ဆင်ထားသင့်သည့်အချိန်ဖြစ်သည် ။

ဖမ်းခြင်းမဖမ်းခြင်းသည် မလေးရှားအစိုးရ၏ တာဝန်ဖြစ်သည် ။

အဖမ်းခံရခြင်းမခံရခြင်းသည်သာလျှင် ကျွန်တော်တို့လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည် ။မလေးရှားတွင် ဖမ်းဆီးသည်မှာ အကြောင်းတစ်စုံတရာ မရှိပဲအချိန်မရွေးဖမ်းဆီးနေခဲ့ပြီးသည်ကို အားလုံးသိပြီးဖြစ်သည် ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်
အခြေအနေအားလုံးကို ပါးနပ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန်အတွက်
ကျွန်တော်တို့မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ အားပေး
တိုက်တွန်းသည် ။

ကျွန်တော်တို့ကြိုတင်သိရသမျှအခြေအနေအားလုံးကို ရေးသားတင်ဆက်ပေးသွား
မည်ဖြစ်သည် ။


 


 










Sunday, 1 September 2013

ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ

Unknown | 1.9.13 | | | Best Blogger Tips







ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ
*************************************************

ယနေ့ မလေးရှားအစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများတစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။

တရားမဝင် နေထိုင်သူ ၊ အထောက်အထားမပြည့်စုံသူအားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။

ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။

ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook အသုံးပြုသူမှ သတင်းပေးသွားသည် ။

အလားတူ မလေးရှားနိုင်ငံတစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ နိုင်ငံခြားသားအလုပ်သမားများနေထိုင်သော နေရာများတွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့်နေရာတော်တော်များများတွင် ဆက်တိုက်ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများမှ သတင်းပေးသွားခဲ့သည် ။

အထူးသဖြင့် မိမိတို့နေအိမ်သည် နိုင်ငံခြားသားများနေသည့်အိမ်ပုံစံအတိုင်း
၊ ရှုပ်ရှက်ခတ်နေသော အဝတ်စားများလှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့်
ညစ်ပတ်ခြင်း ၊ အများသိသာလွယ်သော နိုင်ငုံခြားသားများနေအိမ်ပ
ုံစုံ ဖြစ်နေခြင်းတို့ရှိပါက သန့်ရှင်းထားရန် လိုအပ်သည် ။

ဝင်ရောက်စစ်ဆေးသွားသောနေအိမ်များသည် နိုင်ငံခြားသားများနေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက်သွားကြောင်းသိရသည် ။

ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားမည် ။

 


ဓာတ်ပုံ: နေဇော်လင်းအွန်လိုင်းမီဒီင်္ယာ
 


Ref. မလေးရှားရောက်မြန်မာများ






Friday, 30 August 2013

မြန်မာနိုင်ငံသားအပါအ၀င် အလုပ်သမား ၂၀၀ ကျော် မလေးရှားအစိုးရ ဖမ်းဆီး

Unknown | 30.8.13 | | Best Blogger Tips










မြန်မာနိုင်ငံသားအပါအ၀င် အလုပ်သမား ၂၀၀ ကျော် မလေးရှားအစိုးရ ဖမ်းဆီး
==========================================
သောကြာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ၂၁မိနစ်မလေးရှားအစိုးရက တရားမ၀င်နေထိုင်သော နိုင်ငံခြားသားအလုပ်သမားများကိုဖမ်းဆီးလျှက်ရှိရာ
မြန်မာနိုင်ငံ သား အပါအ၀င် နိုင်ငံခြားသား အလုပ်သမား နှစ်ရာကျော် ဖမ်းဆီးပြီး စတင် စစ်ဆေးနေပြီ ဖြစ်သည်။

မလေးရှားအစိုးရကစက်တင်ဘာ၂ရက်တွင်စတင်ဖမ်းဆီးမည်ဟုအစောပိုင်းက ကြေညာထားသော် လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင် ဖမ်းဆီးနေခြင်းဖြစ်ပြီး ယမန်နေ့ကအထိဖမ်းဆီးနေဆဲဖြစ်ကြောင်းမလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောကြသည်။

“ပီနန်းမှာတော့ စဖမ်းနေပြီခင်ဗျ။ မနေ့ထိ အယောက်နှစ်ရာလောက်ဖမ်းထားတယ်လို့ တီဗွီမှာ ကြေညာတယ်။ မြန်မာနိုင်ငံသားဘယ်နှစ်ယောက်ပါတယ်ဆိုတာမသိသေးဘူး”ဟု ကွာလာလမ်ပူမြို့နေမလေးရှားရောက် မြန်မာအလုပ်သမားများကိုကူညီပေးနေသူ ကိုအောင်ကြီးက ဆိုသည်။

အကယ်၍ ဖမ်းဆီးမိပါက တရားမ၀င်နေတယ်ဆိုရင် ကြိမ်ဒဏ်တစ်ချက်မှ သုံးချက်ထိ ရိုက်ခွင့်ရှိသည်ဟု မလေးရှား အစိုးရက ကြေညာထားသည်။

ထို့ပြင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းလွန်အလုပ်သမားများသည်ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး၊ တရားမ၀င် နေထိုင်သူများ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ UNHCR လက်မှတ်ကိုင်ဆောင်သူများကိုUNHCRကထိန်းသိမ်းရေးစခန်းမှ ပြန်လည် ရွေးထုတ်
ကြရကြောင်း မလေးရှား မွန်ဒုက္ခသည်စခန်း ကော်မတီဝင် နိုင်ဥက္ကာက ဆိုသည်။


လွတ်လပ်ရေးနေ့ မတိုင်မီနေ့၊ လွတ်လပ်ရေးနေ့အပြီးတွင် အခွန်မဆောင်သူ၊
တရားမ၀င် နေထိုင်သူနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများကို
ယခင်နှစ်များကလည်း ယခုကဲ့သို့ ဖမ်းဆီးလေ့ရှိ ပြီး ယခုနှစ်တွင်မူ
ကြိမ်ဒဏ်ပေးဖွယ် ရှိနေသည်။

အစိုးရကဖမ်းဆီးမှုများကြောင့်ယခုကဲ့သို့စီမံချက်ကာလများတွင်တရားမ၀င် နေထိုင်သူများသည်မြို့နှင့်အလှမ်းကွာသည့် တောတောင်များတွင်ပုန်းအောင်း နေထိုင်ကြလေ့ရှိသည်ဟု နိုင်ဥက္ကာက ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်သိန်းဝန်းကျင်ရှိသည့်အနက် တရားမ၀င်နေထိုင်သူ ငါးသိန်းဝန်းကျင် ရှိကြောင်း Burma Campaign Malaysia က ထုတ်ပြန်ထားသည်။





 


Ref : https://www.facebook.com/thant.zin.3766






Wednesday, 28 August 2013

မလေးရှား လ.ဝ.က ရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ (မလေးရောက်မြန်မာများအတွက် အထူးသတင်း)

Unknown | 28.8.13 | | Best Blogger Tips









လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင် အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်တိုက်ရှာဖွေတော့မည် ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွားခဲ့ပါသည် ။



ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ ရေလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံး ပူးပေါင်းရှာဖွေမည့် အင်အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။




ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့် သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။



ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။



ထို့အပြင် တရားမဝင်အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်းရေးသားထားသည်။

ယခုစီမံချက်အတွက် တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက်အထားများကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင် ကြော်ငြာထားပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။



ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော သူများအားလုံးကို အဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့မျိုးမှ ပေးမည်မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်းများမှ အဓိကတာဝန်ယူရမည့်အကြောင်းကို ဖော်ပြထားသည် ။



အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်းမပြည့်စုံသူများဖြစ်ကြောင်း တွေ့ရှိရပြီးဖြစ်ကြောင်း ။ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေးကြောင်း ။



ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ်ကြောင်း ။ ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှု အထူးများပြားကြောင်း ။



ထပ်မံပြီးတရားမဝင်နေထိုင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။



ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက် ပျောက်ကွယ်သွားရမည်ဖြစ်ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှဆက်လက်ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။



၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှတရားမဝင်နေထိုင်သူများအားလုံး ပျောက်ကွယ်ရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း ..



တရားမဝင်နေထိုင်သူများအတွက် ကာကွယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထားသည့်အတွက် မည်သူမျှ ကာကွယ်မပေးစေလိုကြောင်းကို ...။



အလုပ်ရှင်များအားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီးသည့်အတွက် မည်သည့် တရားမဝင်အလုပ်သမားကိုမှ ဆက်လက်မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို .



လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။



Source : http://www.thestar.com.my/News/Nation/2013/08/28/Nations-biggest-ever-crackdown-soon.aspx



Ref : မလေးရှားရောက် မြန်မာများ








Friday, 19 April 2013

လုမ္ဗနီ ကို ကာကွယ်ဖို့ စုပေါင်းကူညီကြပါစို့......

Unknown | 19.4.13 | | Best Blogger Tips


 





 ဒီပို့စ်လေးကတော့ နည်းပညာ နဲ့ မဆိုင်ပါဘူး ... သို့ပေမဲ့ ဘာသာ သာသနာအတွက် အရေးကြီးနေတာမို့ တဆင့်ပြန်လည်မျှဝေပေးရတာပါ... ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာမြေကို ကယ်တင်ဖို့ လက်မှတ်တွေ အများကြီးလိုနေပါသေးတယ်... ဝိုင်းဝန်းလက်မှတ်ထိုးတောင်းဆိုပြီး အခြား မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း တဆင့် ပြန် Share ပေးခြင်းဖြင့် ကူညီကြဖို့ မေတ္တာရပ်ခံပါရစေ....အားလုံးကို ကျေးဇူးတင်လျှက်.....





 (နန်းခင်ဇေယျာ) သာဆိုရင်...... တစ်ရက်ထဲနဲ့ ပွဲပြတ် မှာ အသေချာပဲနော်.....:D .... 





====================================





လုမ္ဗိနီဟာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေရာမှ ၁၈၉၆ မှာ အိန္ဒိယရှေးဟောင်းသုတေသနဌာနမှ ဒေါက်တာအလွိုက်ဖျူရာတို့ရဲ့ ဖော်ထုတ်ချက်ကြောင့် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ တွေ့ရှိခဲ့သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှုကား မရှိခဲ့သေးပါ။ ၁၉၆၇ - ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ဘုရားဖူးရောက်စဉ်အခါမှသာ လုမ္ဗိနီဒေသထိန်းသိမ်းစောင့်ရှောက်ဖို့ ကုလသမဂ္ဂမှ အကူအညီပေးရေး စသည့် အစီအမံများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

၁၉၇၀-ခုတွင် ကုလသမဂ္ဂဆိုင်ရာ နီပေါအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်၍
``နီပေါ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊
လာအို၊ ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း´´နိုင်ငံတို့
ပါဝင်သည့် လုမ္ဗိနီဖွံ့ဖြိုးရေးကော်မီတ
ီကို ဖွဲ့စည်းခဲ့ပါသည်။ နောက်ပိုင်းတွင် ``ဘင်္ဂလားဒေရှ့်၊ ဘူတန်နှင့် ကိုရီးယားသမ္မတနိုင်ငံ´´တို့လည်း
ယင်းကော်မီတီတွင် ပါဝင်လာခဲ့ပါသည်။ ထိုကော်မီတီ၏ တာဝန်ပေးချက်အရ
ဂျပန်လူမျိုး ဗိသုကာပညာရှင် ဒေါက်တာ ကင်ဇိုတန်ဂီက ၁၉၇၈-တွင်
လုမ္ဗိနီစီမံကိန်း ဒီဇိုင်းကို ရေးဆွဲခဲ့ပါသည်။


ထိုစီမံကိန်းမှာ မြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေရာကို
သန့်သန့်ရှင်းရှင်း ခမ်းခမ်းနားနား သီးခြားရပ်တည်နိုင်စေရေး၊
ဗုဒ္ဓဘာသာအမွေအနှစ်ဖြစ်သည့် အသောကကျောက်တိုင်နှင့် Maker Stone ကို
ထိခိုက်ညစ်ညမ်းမှု မရှိစေရေး၊ ဘုရားဖူးလာရောက်သူများ
စိတ်ချမ်းသာကိုယ်ချမ်းသာစွာ
ဖြင့်
ဖူးမြော်နိုင်ရေး၊ ဘုရားရှင်၏ မွေးဖွားရာနေရာသည် လူနှင့်မနှော
ဘာသာရေးသဘောအသွင်ကိုသာ ဆောင်စေရေးအတွက် ဦးစားပေး ရေးဆွဲခဲ့ကာ နီပေါအစိုးရ၊
ကုလသမဂ္ဂအဖွဲ့တို့ နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

ထိုဒီဇိုင်းတွင် ပါဝင်သည့် ဧရိယာမှာ

Master Plan, Restricted Area နှင့် Buffer Zone တို့ အပါအ၀င်
ငါးမိုင်ပတ်လည် ရှိပါသည်။ Master Plan တွင် တောင်မြောက်အလျားသုံးမိုင်၊
အရှေ့အနောက် အနံ တစ်မိုင်ရှိပြီး ထိုသုံးမိုင်ကို သုံးပိုင်းစီပိုင်းကာ တောင်ဘက်အစွန်ဆုံးတစ်မိုင်ဧရိယာကို
ဖွားတော်မူသည့်နေရာတွင် သတ်မှတ်ထားပါသည်။ ယင်းနှင့်ကပ်လျက် အလယ်ပိုင်း
တစ်မိုင်ကို နိုင်ငံတကာကျောင်းများဇုန် သတ်မှတ်ထားပြီး
မြောက်ဘက်အစွန်ဆုံးတစ်မိုင်
ကို
လုမ္ဗိနီရွာသစ်ဇုန်အဖြစ် သတ်မှတ်ထားပါသည်။ ထို Master Plan အတွင်းတွင်
သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် အဆောက်အအုံမျှသာ ဆောက်လုပ်ခွင့်
ရှိပါသည်။

Master Plan ၏ ဘေးနှစ်ဘက် တစ်မိုင်စီကို
လွှမ်းခြုံဧရိယာအဖြစ် သတ်မှတ်ထားပါသည်။ ပုံတွင် မီးခိုးရောင်ဖြင့်
ခြယ်ပြထားပါသည်။ ယင်း၏အပြင်ဘက် နောက်ထပ် တစ်မိုင်စီကို Buffer Zone အဖြစ်
သတ်မှတ်ထားပါသည်။ အားလုံးပေါင်း ဧရိယာမှာ ပတ်ဝန်းကျင် ငါးမိုင်
ကျယ်ဝန်းပါသည်။ ထိုဧရိယာသည် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းရပါသည်။
ဘာသာရေးလက္ခဏာများကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရပါသ
ည်။ ထို့ကြောင့် ထိုဧရိယာနယ်မြေအတွင်းတွင် စိုက်ပျိုးမွေးမြူလုပ်ငန်းသာ လုပ်ဆောင်ခွင့် ရှိပါသည်။ မြို့တည်ခွင့် မရှိပါ။


ယခုလောလောဆယ်တွင် Buffer Zone ၏ အပြင်ဘက်တွင် ဘိလပ်မြေစက်ရုံ စသည်များကို
လာရောက်တည်ဆောက်သဖြင့် လောလောဆယ် လုမ္ဗိနီ၏ လေထုညစ်ညမ်းမှုမှာ လက်ခံနိုင်သည့်
နှုန်းစံပမာဏထက် ၆ ဆ ခန့်မြင့်တက်နေကြောင်း သိရပါသည်။


ထိုထက်ပို၍ အရေးကြီးသည်မှာ Restricted Area နှင့် Buffer Zone တို့
နေရာတွင် လူဦးရေနှစ်သိန်း အခြေချနေထိုင်မည့် ငြိမ်းချမ်းရေးမြို့တော်
တည်ဆောက်မည့်အစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံအစိုး
ရ
ကိုယ်စားလှယ်များနှင့် နီပေါအစိုးရတို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ နေ့က
သဘောတူ လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုအစီအစဉ်အတွက် ယူနက်စကိုအဖွဲ့ကို
အသိပေးခြင်းလည်းမရှိသလို လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ဝင
်နိုင်ငံများနှင့်လည်း
တိုင်ပင်ခြင်း အသိပေးခြင်း မရှိခဲ့ပါ။ ထိုအစီအစဉ်များအကြောင်း အကျယ်တ၀င့်
သိလိုလျှင် အောက်ပါ လင့်ခ်များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

http://thehimalayantimes.com/featured/year2011/inner.php?id=526,

http://newindianexpress.com/opinion/article521534.ece,

http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation

ထိုအစီအစဉ်သာ အောင်မြင်ခဲ့လျှင် ဖွားတော်မူရာ လုမ္ဗိနီနယ်မြေတွင် လူဦးရေထူထပ်များပြားလာခြင်းကြောင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုများ အရင်ဆုံး သက်ရောက်လာမည်ဖြစ်ပြီး ဘာသာရေးအထိမ်းအမှတ်သင်္ကေတများပါ
ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။ ဘုရားရှင်၏ ဖွားတော်မူသည့်နေရာသည်
လူနေထူထပ်သော အိမ်ခြေများ ကြားတွင် ညပ်လျက် မှေးမှိန်ကွယ်ပျောက်ရတော့မည
် ဖြစ်ပါသည်။


အသောကကျောက်စာတိုင်နှင့် ခြေတော်ရာ Maker Stone တို့သည်Pollution
များကြောင့် မကြာမီ ထိခိုက်ပျက်စီးရတော့မည် ဖြစ်ပါသည်။ ယူနက်စကိုအနေဖြင့်
သတိပေးပါလျက် နီပေါအစိုးရက ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှ
င် လုမ္ဗိနီကို Danger Zone အဖြစ် စာရင်းတင်မည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ဖယ်ရှားခံရမည်ဖြစ်ပါသည်။

ထိုသို့ ဖယ်ရှားခံရပါက မိမိတို့ ဗုဒ္ဓဘာသာအမွေအနှစ်အပေါ် ထိန်းသိမ်းစောင့်ရှောက်နိုင်မှုစွမ်းအားလည်း
လျော့ပါးလာမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်သိသူ
ဗုဒ္ဓဘာသာအချို့ဦးဆောင်၍ ကုလသမဂ္ဂထတွင် လုမ္ဗိနီငြိမ်းချမ်းရေးမြို့
တော် တည်ဆောက်မည့်အစီအစဉ်ကို ရပ်ဆိုင်း၍ ကင်ဇိုတန်ဂီ၏ Master Plan ကို ဆက်လက်ရှင်သန်ခွင့် ပေးပါမည့်အကြောင်း အသနားခံစာ တင်ထားပါသည်။

ထိုအသနားခံစာ အသက်ဝင်လှုပ်ရှားနိုင်ရေးအတွက် လူပေါင်းတစ်သိန်း၏ လက်မှတ်များ လိုအပ်ပါသည်။ ထိုလက်မှတ်များ ပြည့်မီကာ ဘုရားရှင်ဖွားတော်မူမည့်နေရာကို ကာကွယ်နိုင်ရေးအတွက် မိတ်ဆွေတို့၏ လက်မှတ်များလည်း တစ်တပ်တစ်အား ပါဝင်လျက် ၀ိုင်းဝန်းထောက်ပံ့ပေးကြပါရန် တောင်းပန်အပ်ပါသည်။

လက်မှတ်ထိုးလိုပါက

၁။ ဒီလင့်ခ် http://www.change.org/petitions/un-secretary-general-ban-ki-moon-nepal-government-preserve-the-world-heritage-lumbini-the-buddha-s-birthplace ကို ကလစ်ဖွင့်ပါ။

၂။ အမည် ၊ အီးမေးလ်လိပ်စာများ ဖြည့်သွင်းပါ။
၃။ လမ်းနာမည် (အဆင်ပြေရာ)
၎။ မြို့နာမည်
၅။ နိုင်ငံ
၆။ စာပို့ကုတ် (Post Code) တွင် အဆင်ပြေရာ ဂဏန်း ၇ လုံးခန့်
၇။ Why is this important to you? နေရာတွင် Save World Heritage Zone စသည် မိမိဆန္ဒသဘောထားကို ရိုက်ထည့်ပါ
၈။ အနီရောင် Sign ကို ကလစ်ပေးပါ။

ဒါဆိုလျှင် မိမိတို့ ဘာသာအမွေအနှစ် ဘုရားရှင်ဖွားတော်မူရာမြေကို ကယ်တင်ရာတွင် သင်လည်း ပါဝင်ကုသိုလ်ယူနိုင်ပါပြီ။

(အထူးမှတ်ချက်- ဗုဒ္ဓဘာသာမြန်မာလူမျိုးများ လူဦးရေ ( တစ်သိန်း အထိ ) ကန့်ကွက်ကြောင်း လက်မှတ်ထိုးမှသာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခြင်း အောင်မြင်ရာရောက်ပါမည် )

ရေးသားသူ - ပန်းကမ္ဘာဘုန်းဘုန်း
Source : http://www.dhammayaungchi.com/2013/02/blog-post.html



Saturday, 16 February 2013

Mobile Phone Problem ကြုံတွေ့နေရသူများအား ကူညီပါမည်

Unknown | 16.2.13 | | | Best Blogger Tips







အားလုံးသော ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ...ဒီနေ့တော့ လူအများကို စေတနာအပြည့်အ၀နဲ့ ကူညီ


မယ့် မြန်မာ Website တစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်...ဘယ်လို Website မျိုးလဲဆိုရင် Phone Services


Website လေးပါ...ယနေ့ အရှိန်အဟုန်နဲ့ နည်းပညာတိုးတက်လာတဲ့ ကျနော်တို့နိုင်ငံမှာ ကွန်ပျူတာဆိုင်


ရာတင်မက...Mobile Phone ဆိုင်ရာ ပြသနာများဟာလည်း တစ်ရှိန်ထိုးမြင့်တက်လာလျက်ရှိပါတယ်...


ဒီလို Mobile Phone ဆိုင်ရာပြသနာများအတွက် ဒီ Website လေးရဲ့ Admin ဟာ သူတတ်ကျွမ်းထားတဲ့ 


Mobile Phone ပြုပြင်ချင်းဆိုင်ရာ ပညာရပ်များကို အသုံးပြုပြီး ဖုန်းပိုင်းဆိုင်ရာ ပြသနာကြုံတွေ့နေရသူများ


ကို ကူညီချင်လွန်းတဲ့အတွက် ကျနော့်ဆီကို ဆက်သွယ်လာပါတယ်...ဒါကြောင့် အားလုံးနဲ့လဲအဆင်ပြေ


အောင်...မြန်မာ အိုင်တီလောကအင်အားတောင့်တင်းအောင်...ကျနော်တို့ရဲ့ ၀င်းကမ္ဘာကျော် Website


ဟာလည်း အဖက်ဖက်က ပြည့်စုံကောင်းမွန်စေလိုသောရည်ရွယ်ချက်များဖြင့် Mobile Phone Problem များ


ကိုဖြေရှင်းပေးမယ့် Website လေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်မျာ...မိမိတို့ကြုံတွေ့နေရတဲ့ ဖုန်းပိုင်း


ဆိုင်ရာ အခက်အခဲများကို ၄င်း ၀ဘ်ဆိုဒ်လေးရဲ့ Command Box မှာရေးသားခဲ့ခြင်းဖြင့် မိမိတို့လိုအပ်သမျှ


ကိုတောင်းဆိုနိုင်မှာဖြစ်ပါတယ်... Website လေးရဲ့နာမည်ကတော့..........








 ဖြစ်ပါတယ်...အားလုံးဘဲ အဆင်ပြေကြပါစေခင်မျာ......




Monday, 14 January 2013

ညီအစ်ကိုမောင်နှမ များသို့ဖိတ်ကြားခြင်း.....

Unknown | 14.1.13 | | Best Blogger Tips






အားလုံးသော ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ..ကျွန်တော်တို့မြန်မာနိုင်ငံဟာ နှစ်စဉ် တဖြည်းဖြည်းနဲ့


ဘက်စုံ တိုးတက်ပြောင်းလဲလာတာ အားလုံးအသိပါ..ဒီလို တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် အိုင်တီနည်းပ


ညာနဲ့ပတ်သက်ရင် ဖွံ့ဖြိုးတိုးတက်နေတာ နှေးကွေးလွန်းပါတယ်..IT နည်းပညာနဲ့ပတ်သက်ရင် အားနည်း နေပါသေးတယ်..ဒီလို အားနည်းနေတာဟာ IT နှင့်ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ..အခုမှ IT နယ်ပယ် ထဲသို့စတင်ဝင်ရောက်ခါစ ညီအစ်ကိုမောင်နှများနှင့် ပြည်ပရောက် မြန်မာများအတွက် အခက်အခဲတစ်ခု လိုဖြစ်နေပါတယ်..ဒီလို မျိုးအခြေအနေတွေကို ပြေလည်သွားစေဖို့အတွက် IT ကို နားလည်တတ်ကျွမ်းသူ ညီအစ်ကိုများက ၀ါသနာအလျောက် အချိန်ကုန်ငွေကုန်ခံပြီး မိမိတို့တတ်နိုင်သည့်ဘက်မှ အုပ်တစ်ချပ်  သဲတစ်ပွင့် နည်းပညာဆိုဒ်အမျိုးမျိုးထောင်ပြီး ကူညီပေးနေကြပါတယ်..အခု ကျွန်တော် IT Helper ကလည်း ကျနော်နားလည် တတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် ကျွန်တော် သိသလောက် မျှဝေကူညီနိုင်ဖို့


အတွက် ကျွန်တော့်ရဲ့ကိုယ်ပိုင် Website ဖြစ်တဲ့ www.mmithelper.blogspot.com စာမျက်


နှာကို ဖွင့်လှစ်ထားပါပြီ...IT နည်းပညာနဲ့ဆက်နွယ်နေသူ ညီအစ်ကိုမောင်နှမ များအားလုံးအား ကျွန်တော် သိနားလည်ထားသည့် ပညာရပ်များဖြင့် အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ပါတယ်ခင်ဗျာ...အားလုံးသော ညီအစ်ကိုမောင်နှမများရွှင်လန်းချမ်းမြေ့ကြပါစေ.........................။  IT Helper








www.mmithelper.blogspot.com website is for Myanmar nationalities and other visitors who are
visiting here to get or improve IT knowledges , we are just here for
supporting you visitors . And also we are warmly welcome you to give us
suggestions and advising regarding our web site . Wish you all visitors
to be wealthy and healthy forever...!





Friday, 4 January 2013

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး.........

Unknown | 4.1.13 | Best Blogger Tips






ကျွန်ူပ်တို့ အဘိုးအဘွားတို့ တိုင်းပြည်ကောင်းစားရေး စိတ်ထားများ ဖြင့်
သူတို့၏ အသွေးအသားတို့အား လွတ်လပ်ရေး ယဇ်ပလ္လင်ထက်တွင် မကြောက်မရွံ့
နောက်မတွန့်ဘဲ စတေးခံသွားခဲ့ကြသည့် အကြောင်းများကို ဖတ်ရှုရသူ အပေါင်း
နှစ်ထောင်းအားရ စိတ်ဓါတ်များဖြင့် အာဇာနည်ဟု ကြွေးကြော် ၊ သူတို့ကို
ဦးခိုက် ပူဇော်ထိုက်ပါတယ်လို့ ချီးမွမ်း စကားသံတွေမှာ သူတို့တွေ
ပျော်ရွှင်နေမယ်လို့ မိတ်ဆွေ ယုံကြည်ပါသလား ။ လွတ်လပ်၍ အချုပ်အချာ အာဏာကို
ပိုင်ဆိုင်ခွင့်ရကာ လူ့အခွင့်အရေး အပြည့်ဝေ ရရှိနိုင်သည် ဒီမိုကရေစီ
နိုင်ငံ တည်ဆောက် နိုင်ရန် အတွက် လွတ်လပ်ရေး ပန်းတိုင်
ဖမ်းဆုပ်ကိုင်နိုင်ရန် အားသွန်ခွန်စိုက် တကြောင်းတည်းသော လမ်းစဉ်ကို
လမ်းပြချီတက်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးကကော ယနေ့ ( ၆၅ )ကြိမ်မြောက်
လွတ်လပ်ရေး နေ့ အတွက် ပျော်ရွှင်နေမည်ဟု သင်ယုံကြည်ပါသလား ..။

ကျွန်ူပ်၏ အမြင်အရ ဆိုလျှင် သူတို့တွေ ပျော်ရွှင်နေမည့် အစား
တမျိုးသားလုံး အတွက် ဦးတည်လုပ်ဆောင်ခဲ့သော အလုပ်များသည် လက်တစ်ဆုပ်စာ
လူတစ်စု ကောင်းစားရေးသာ ဖြစ်သွားခဲ့သည် အပြင် အခြားလူများမှာ ကျေးကျွန်များ
သဖွယ် ဒုက္ခကို ပွေ့ဖက်၍ မျက်ရည်ရွှဲကာ အံကြိတ်ခေါင်းငုံ့၍ သီးခံနေကြသော
ပြည်သူလူထု၏ ပုံရိပ်စစ်များသည် သူတို့ နှလုံးသားကို ပူလောင်
ပြင်းပြစေရုံသာမက မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာလားလို့
ဟစ်ကြွေးပေလိမ့်မယ် ။ လွတ်လပ်၍ တရားမျှတသော အချုပ်အချာ အာဏာပိုင်
နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော နိုင်ငံတနိုင်ငံမှ နိုင်ငံသားများသည်
လွတ်လပ်ရေး နေ့ကို မလွတ်လပ်စွာ ဆင်ယင် ကျင်းပခဲ့ရသည်မှာ နှစ်ပေါင်း ( ၆၃ )
နှစ် တိုင်ခဲ့ပေပြီဟု ကြွေးကြော်ညည်းတွားလိုက်လျှင် လွတ်လပ်ရေး ဖခင်ကြီးက
တမလွန် ဘုံဘ၀မှ ထကြည့်၍ ငါတို့ အသွေးအသားတွေကို မင်းတို့တွေ ညည်းတွားဖို့
ပေးဆပ်ခဲ့တာ မဟုတ်ပါဘူးလို့ အားမလို အားမရ မိန့်ကြားပေလိမ့်မည်…။

အပွင့်လင်းဆုံး နဲ့ အရိုးသားဆုံး ဝေဖန်ပြရရင် မြန်မာနိုင်ငံသား
တော်တော်များများက အမေစုကို ချစ်ခင်လေးစားကြတယ်လို့ ၀န်ခံထားပေမယ့် တဖက်က
မသိစိတ်မှာ သံသယတွေက ကြားခံနေတော့ တကယ့်လက်တွေ့ကျတဲ့ ၀န်းရံမှု အဖြစ်ကို
မရောက်နိုင်သေးတာပါ ။ ဒီလို သံသယတွေ ဘာကြောင့် ဖြစ်လာရတဲ့
အကြောင်းအရင်းကလည်း ၂၂ နှစ်လုံးလုံး ဘာမှ မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အာဏာရှင်
ဘက်တော်သားတွေရဲ့ သွေးထိုးစကားကို ခင်ဗျာတို့ မသိစိတ်က လွဲမှားစွာ
သိမ်းပိုက်ထားလို့ပါဘဲ ။ လူထုခေါင်းဆောင်က တိုင်းပြည်အရေး နဲ့
ပုဂ္ဂိုလ်ရေးရာ အားပြိုင်လာတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွား အတွက်
ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေ့ထားခဲ့တာတွေ ကို အားလုံးသိနေပါလျှက် နဲ့
ဒီလို စကားမျိုးတွေကို နားယောင်နေကြတာဟာ အာဏာရှင် အစိုးရကို တဖတ်တလမ်းက
အားပေးနေတယ် ဆိုတာ မေ့မထားစေချင်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကို
လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့လို့ လေးစားတာလား ၊ လွတ်လပ်ရေး အတွက်
ကိုယ်ကျိုး မဖက် တိုင်းပြည် အတွက် လုပ်ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်ကို
လေးစားတာလား ဆိုတဲ့ စကားကို ကွဲကွဲပြားပြား သာ သိကြမယ် ဆိုရင် ခင်ဗျာတို့
အမေစုကို ထင်နေတဲက ယုံမှားသံသယဆိုတာ အကုန်ကွယ်ပျောက် ကုန်ပါလိမ့်မယ် ။

ခေါင်းဆောင် ရှိလျှင် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစား ၊ ခေါင်းဆောင်
မရှိလျှင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံ သည်မှာ
လူသားတို့၏ အကျင့်မှန်ပင် ဖြစ်လေသည် ။ လူပီသသော လူသားတစ်ယောက် သည်
ခေါင်းဆောင်ကို ချစ်မြတ်နိုးသလို နောက်လိုက်များကိုလည်း လေးစားလေ့ရှိသည်မှာ
သဘာဝ ဟု ဆိုပါလျှင် ကျွန်ူပ်တို့ လူပီသ ကြရဲ့လား စဉ်းစားကြည့်သင့်ပါတယ် ။
ထမင်း နပ်မှန်ဖို့တောင် မနည်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေက
နိုင်ငံရေး သဘောတရား တွေကို သင်ကြားဖို့ အချိန်မရှိပါဟု ပြောကြသည့်လူများ
တဖြည်းဖြည်း များပြားလာပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတနိုင်ငံတွင် ၀မ်းရေး အတွက် ခက်ခဲစွာ ရှာဖွေစားသောက်ရခြင်းတို့မှ
အစဉ် လွတ်မြောက်နေပါတယ် ဆိုတာကို မမေ့ကြပါနဲ့ ။ ခေတ်မှီဖွံ့ဖြိုး
တိုးတက်တဲ့ နိုင်ငံ အဖြစ်ရောက် အောင် ချီတက်နိုင်ရင် ၀မ်းရေး ဆိုတာ
လွယ်ကူစွာ ဖြေရှင်းနိုင်မှာ အသေအချာပါဘဲ ။ လူဖြစ်ရတဲ့ ခဏတာ အချိန်လေးမှာ
ထမင်းနပ်မှန်ရေး အတွက် ကြိုးစားပြီး ထမင်း၀၀လေး စားနေရတာ လူ့ဘ၀ ရဲ့
အနှစ်သာရလို့ ယူဆနေကြတာလား ။

အမေစုရဲ့ တိုင်းပြည်အပေါ်ကို ထားရှိတဲ့ စေတနာ ၊ မွန်မြတ်တဲ့ စိတ်ထား ၊
သန့်ရှင်းတဲ့ ကိုယ်ကျင့်တရား ၊ လေးနက်တဲ့ အသိဥာဏ် ၊ ပြည်သူလူထု အပေါ်ကို
ပေးဆပ်နေတဲ့ လုပ်ရပ်တွေကို အဓိကထားပြီး မဆုံးဖြတ်ဘဲ အောင်မြင်မှု ၊
ရှုံးနိမ့်မှု ဆိုတာတွေ ကို နောက်ကို သံယောင်လိုက်ပြီး လိုက်နေကြရင်
ခင်ဗျာတို့လည်း အာဏာရှင်ရဲ့ ဘက်တော်သား အဖြစ် ရောက်မှန်းမသိ ရောက်နေကြပြီ
လို့ သတိပေး စကား ပြောကြားချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို
မြင့်မြတ်လွန်းတဲ့ သူရဲကောင်းပါလို့ အခုချိန်မှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့
အသိဥာဏ်မှာ မော်ကွန်းရေးထိုးခြင်း ခံနေရတဲ့ လူတစ်ယောက်ကို အဲဒီခေတ်က
လူတချို့က မလိုတမာ စိတ်ယုတ်မာတွေ နဲ့ အမျိုးမျိုး ချောက်တွန်း ၊ သူသွားရာ
လမ်းမှာ ခြေထိုးခံ ၊ နောက်ဆုံး မတတ်နိုင်လို့ လုပ်ကြံခံခဲ့ကြတာ ပုံပြင်
မဟုတ်ဘူးဗျ ။ အခုလည်း အမေစုရဲ့ အောင်မြင်ကျော်ကြားမှု ကို မနာလို မရှုစိမ့် ၊
ကိုယ်ကျိုး အတ္တအလွန်ကြီးမားတဲ့ လူတွေက အမေစုရဲ့ အားနည်းချက်တွေပါလို့
ထောက်ပြ ပြောဆိုနေတာကို ခင်ဗျာတို့ မသိစိတ်က လက်ခံထားရင် ခင်ဗျာတို့လည်း
အဲဒီလူတွေနဲ့ သိပ်မထူးခြားပါဘူး ။ ကိုယ်တိုင်ကလည်း သိပ်နားမလည်တော့
သူတပါးစကားကို ယုံမှားကြတာ ပုထုဇဉ် လူသားတွေရဲ့ သဘာဝကို
ပြစ်တင်ပြောဆိုချင်လို့ မဟုတ်ပါဘူး ။ စဉ်းစားစေချင်လို့ အသိပေးနေတဲ့ စေတနာ
စကားတွေကို အမုန်းခံပြီး ပြောကြားနေတာပါ ။

အာဏာရှင် စနစ်ဆိုး၏ ယုတ်မာ ပက်စက်မှု ကြောင့် တိုင်းပြည် ပြိုကျ ပျက်စီး
နေပါသည့် အယူအဆကို ပြည်သူလူထု အားလုံးက လက်ခံထားကြသည် ။ ထိုသို့ အာဏာရှင်
စနစ်ဆိုး ကို တိုက်ထုတ်၍ ဒီမိုကရေစီ ကြွေးကြော်သံများ ဖြင့်
လုပ်ရှားနေသူများကို ပြည်သူလူထုက သဘောကျ နှစ်ခြိုက်လေ့ ရှိကြသည် ။ ထိုအခါ
တဆင့်တက်၍ ကျနော်တို့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ်သင့်သည်ဟု
အဆိုပြု တင်သွင်းလိုက်လျှင် အနည်းငယ်မျှ စဉ်းစား ပြီးသည်နှင့် တပြိုင်နက်
ငြင်းဆန်ခြင်း မရှိဘဲ သဘောတူ လက်ခံလေ့ ရှိကြပြန်သည် ။ ထိုအခါ နောက်
တဆင့်တက်၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် အဓိက လုပ်ဆောင် နိုင်သူများမှာ
ပြည်သူလူထု သာ ဖြစ်သော ကြောင့် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာ တာဝန်ကို ယူ၍
လက်တွေ့ကျကျ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်သည့် အချိန်တွင်မူ တွေဝေသွား
ကြသူ များလွန်း လှသော ယနေ့ ချိန်ခါ သမယတွင် တကယ် လက်တွေ့ ထိရောက်စွာ
ကြိုးစားနေသော လူများမှာ အဏာရှင် တို့၏ တဖက်သိပ် ဖိနှိပ်မှုကို
ခါးသီးရင်နင့် စဖွယ် ခံနေကြရကာ မြန်မာပြည်ကြီး ၏ ဆုတ်ယုတ်သထက် ပိုမို
ဆုတ်လာရခြင်း၏ အဓိက အကြောင်းအရင်း တရပ် ဖြစ်သည်ဟု ထင်မြင် ယူဆမိလေသည် ။

စစ်အာဏာရှင်တို့၏ ဆိုးရွားလှသော ယုတ်မာပက်စက်မှု ကို
ခေါင်းငုံ့ခံနေလိုက်၍ အာဏာရှင် စနစ်ဆိုးအောက်မှ ဘယ်တော့မှ လွတ်မြောက်မည်
မဟုတ်ကို လူတိုင်းသိ၏ ။ ပြည်သူလူထုက ခေါင်းငုံ့သီးခံလိုက်၍ အာဏာရှင်
စနစ်အောက်မှ လွတ်မြောက် သည့် နိုင်ငံဟူ၍ အတိတ်သမိုင်းတွင် မရှိခဲ့သလို
ပစ္စပ္ပုန်နှင့် အနာဂတ်တွင်လည်း ဘယ်ခါမှ ရှိလိမ့်မဟုတ်။ ထိုသို့
ခေါင်းငုံ့ခံနေသမျှ သူတို့၏ ဖိနှိပ်မှု က ပိုမို ဆိုးရွားလာပေသည် ကို လည်း
လူတိုင်း လက်တွေ့ကျကျ ခံစားခဲ့ရသလို အခု ချိန်ထိလည်း ခံစားနေရခြင်းဆဲ ပင်
ဖြစ်ကြောင်း သိနေပါလျှက် အဘယ်ကြောင့် ဆန့်ကျင်မှု မပြု လိုကြပါသနည်း ဟု
မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဘဲ အားမနာတမ်း လက်တွေ့ကျကျ
စဉ်စားသင့်ကာ ဖြေကြည့်သင့်ပါသည် ။

ထိုသို့ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး အတွက် ကြိုးစား
ဆောင်ရွက်နေသူများတွင် အကြမ်း နှင့် အနု လမ်းစဉ် နှစ်ခု
ကွဲပြားသွားကြပြန်သည် ။ ဘယ်လို နည်းလမ်းကိုသုံးသုံး ဦးတည်ချက် နှင့်
စစ်မှန်သော တိုင်းပြည် ချစ်စိတ် အပေါ်ကိုအခြေခံ ထားကြဖို့သာ
လိုအပ်ပေသည် ။ ဖက်ဆစ်ကို တိုက်ထုတ် အပြီး ၊ အင်္ဂလိပ်က ပြန်ဝင်လာသည့် အချိန် ၊
လွတ်လပ်ရေးကိစ္စ အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေး ဆိုသည့်
အချိန်တွင် အောင်မြင်လျှင် ညောင်ရေမှာ ပန်းထိုးမယ် ၊ မအောင်မြင်လျှင်
တောင်ခြေမှ ယမ်းအိုးတည် ကြ ဟု ၍ ဗိုလ်ချုပ်က မသွားခင် ပြည်သူလူထု အား
မှာကြားသွားခဲ့ပါသည် ။ ယခုချိန်တွင် ထိုကဲ့သို့ပင် တွေ့ဆုံဆွေးနွေးရေးကို
အမေစုက တောင်းဆိုထားသည်ကို အားလုံး အသိ ။ စစ်အာဏာရှင်တို့ဘက်က
လက်မခံခဲ့လျှင် ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပေမည်
။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေး လမ်းစဉ်မှာ
ပြည်သူလူထု၏ သွေးများ မြေသို့ကျ မကျ ဆိုသည်မှာ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏
သဘောထားပေါ်တွင်သာ မူတည်နေပါသည် ။

တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ၊ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုပါလျှင်
တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလည်း ဆိုသည့် အခြေခံကြသည့်
မေးခွန်းလေးများက ရိုးစင်းလွန်းလှပေသည် ။ သို့သော် ထွက်လာသည့် အဖြေများက
ဝိုးတ၀ါး နိုင်လွန်း လှပေသည် ။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ပျက်နေ
ပါသည် ဆိုသည့် အချက်ကို လက်ခံလျှင် အာဏာရှင် စနစ်ကို ဖြုတ်ချမှ တိုင်းပြည်
ပြည်လည် အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက် နိုင်မည် ဆိုသည့်
ယုံကြည်ချက်ကို ကိုင်စွဲ၍ မိမိတို့ တတ်နိုင်သည့် တာဝန်ကို ယူနိုင်ပါမှ
တိုင်းပြည်ကို တကယ်ချစ်ရာ ရောက်သည် ဟု ကျွန်ူပ် လေးနက်စွာ ယုံကြည်မိပါသည် ။
ထိုကြောင့် နောင်လာမည့် ( ၆၄ ) လွတ်လပ်ရေး နေ့အခမ်းအနားတွင် လူ့အခွင့်အရေး
အပြည့်အ၀ ရယူပိုင်ဆိုင်ကာ လွတ်လပ်ရေးနေ့ကို လွတ်လပ်စွာ ဆင်နွှဲနိုင်သည့်
နိုင်ငံသားတို့ ဘ၀ ကို ရောက်ရှိနိုင်အောင် ဒီမိုကရေစီ စနစ်ကို
အမြန်ဆုံးတည်ဆောက်ကြရအောင်လို့ လေးစားစွာ တိုက်တွန်း နိုးဆော်ရင်း ဖြင့်
မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းမှ သူရဲကောင်းများ ၊ ဒီမိုကရေစီခေါ်
လူ့အခွင့်အရေး တိုက်ပွဲကြီးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားစွာ
ဦးညွတ် ဂါဝရ ပြုလိုက်ပါတယ် …….။

ခင်မင်လေးစားလျှက်.............

ဗမာ့သွေး



မည်သည့် ပုတ်ခတ်မှုမျိုး မှမပါရှိပါ..လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ကြပါသည်။



Monday, 31 December 2012

Y-Talk ကို အင်တာနက်လိုင်း မလိုဘဲ အသုံးပြုနည်း

Unknown | 31.12.12 | | Best Blogger Tips



 


 

၁။ (က) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် အသုံးပြုရန် ( Internet မလို )
၀၁ – ၄၄ ၅၅၅၅၅ သို့ဆက်ပါ။ သင့် Ytalk Account Password ၏ နောက်တွင် “#” ကို ထည့်ပြီးနှိပ်ပါ။

( ဥပမာ 1234567890# )

မိမိ ခေါ်ဆိုလိုသော နံပါတ်နှိပ်ပြီး “#” ကိုထည့်၍ ဖုန်းခေါ်ဆိုပါ။ ( ဥပမာ 00 65 90000000# )


(ခ) Land Line ( ကြိုးဖုန်း) နှင့် Mobile Phone ဖြင့် ငွေဖြည့်ရန် ( Internet မလို )


Ytalk Account အတွက် ငွေဖြည့်ရန် ဖြစ်သည်။ ၀၁ – ၄၄ ၅၅၅၅၄ သို့ဆက်ပါ။ မိမိ Ytalk Account Password ကိုနှိပ်ပါ။ ( ဥပမာ 1234567890# )


 


PIN Code ၏ နောက်တွင် “#” ကိုထည့်ပြီး ငွေဖြည့်ပါ။









Singapore
၁၂ ကျပ်/မိနစ်




Malaysia
၂၄ ကျပ်/မိနစ်




Philippines
၁၂၇ ကျပ်/မိနစ်




Indonesia
၆၅ ကျပ်/မိနစ်




Thailand
၂၅ ကျပ်/မိနစ်




USA
၁၂ ကျပ်/မိနစ်




UK
၂၀ ကျပ်/မိနစ်




Australia
၁၉ ကျပ်/မိနစ်




Norway
၂၂ ကျပ်/မိနစ်




Newzealand
၂၀ ကျပ်/မိနစ်




Japan
၂၅ ကျပ်/မိနစ်




China
၁၁ ကျပ်/မိနစ်




Hongkong
၁၂ ကျပ်/မိနစ်




Taiwan
၁၂ ကျပ်/မိနစ်




South Korea
၃၉ကျပ်/မိနစ်




UAE
၂၁၂ ကျပ်/မိနစ်




Qatar
၂၁၂ ကျပ်/မိနစ်




Saudi Arabia
၂၂၉ ကျပ်/မိနစ်




India
၂၅ကျပ်/မိနစ်



တို့အပြင် အခြား နိုင်ငံပေါင်းများစွာကိုလည်း ဈေးနှုန်းသက်သာ စွာဖြင့် ဖုန်းခေါ်ဆို နိုင်ပါသည်။

မြန်မာ Mobile မှကူးယူဖော်ပြသည်။



Sunday, 30 December 2012

အားလုံးသတိထားနိုင်အောင်ဝေမျှတာပါ.....

Unknown | 30.12.12 | Best Blogger Tips




 


ယခုပဲ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး

တစ်ယောက်က သေချာသလောက် ရှိသော သတင်း တစ်ခုကို ပြောသွားပါတယ်။ ယင်း နိုင်ငံရေးသမားဟောင်းကြီးသည်
အသက် ၇၃ နှစ် ရှိပြီ ဖြစ်ပြီး နိုင်ငံရေးမှုနှင့် အကြိမ်ကြိမ် ဖမ်းဆီး
စစ်ဆေး ခံရပေမဲ့ အစိုးရကို မကြောက်တန်း စကားများကို ရဲရဲ ၀ံ့ဝံ့
ပြောရဲပေမဲ့ ယခင် ထမ်းဆောင်ခဲ့ဖူးတဲ့ ပါတီကြီး တစ်ခုရဲ့ သတင်းအမှန်ကိုတော့
ယနေ့ ဂျာနယ်များလိုပဲ မပြောရဲရှာပါဘူး။
သူပြောတဲ့ သတင်းက သေချာသလောက် ရှိတာမို့ အများပြည်သူများလဲ သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

“ သာစည်မှ ပျဉ်းမနား နယ် အထိကို မွတ်ဆလင် အုပ်ချုပ်ခွင့်ရ နယ်မြေ
ဖြစ်စေရန် မွတ်ဆလင် ဘာသာ ပြန့်ပွားစေရန် ပါတီကြီး တစ်ခုအား
ဆော်ဒီအာရေဗျနိုင်ငံမှ ဒေါ်လာ သန်းတစ်ရာ ထောက်ပံ့ထားကြောင်း”

ဖြစ်နိုင် မဖြစ်နိုင်တော့ မသိပေမဲ့ သာစည်မြို့မှာ မွတ်ဆလင် ဦးရေ
များပြားလာသလို ရမည်းသင်းမြို့ကတော့ မွတ်ဆလင် ကြီးစိုးသည့် မြို့ဖြစ်ပါသည်။
ထို့ပြင် ပျော်ဘွယ်မြို့မှာလည်း တစ်စတစ်စ များပြားလာသော မွတ်ဆလင်တွေကို
ကြည့်ကြပါ။ တပ်ကုန်းနှင့် ရမည်းသင်းမြို့ကြား ယင်းတော် ဆိုသော ရွာမကျ
မြို့မကျ ရွာအကြီးစား ဟာ မွတ်ဆလင်ကုလားရွာပါ။ ပျဉ်းမနားမြို့မှ သာစည်
မြို့အကြား ဘာသာရေး စာသင်ကျောင်းများ အများအပြား ဆောက်လုပ်ပြီး ဖြစ်ပါသည်။
ကျောက်ဆည်မြို့မှာ အထိကရုံး ဖြစ်ဖူးသလို ပျဉ်မနားမြို့မှာလည်း ကုလား ဗမာ
အထိကရုံး ဖြစ်ဖူးပါသည်။ ပြဿနာ အစမှာ မွတ်ဆလင်များဖက်က အမြဲစခြင်း ဖြစ်သည်။

ဆော်ဒီမှ အာဏာရရှိရန် သုံးစွဲဖို့ ထောက်ပံ့ကြေးငွေ ပေးထားပြီး
ပြန်တောင်းသည့် အခွင့် အရေးကတော့ အာဏာရလာလျှင် သာစည်မှ ပျဉ်းမနားမြို့အထိ
နယ်မြေကို မွတ်ဆလင်ဘာသာရေး နယ်မြေ ဆိုပြီး ပေးရပါလိမ့်မယ်။

မြန်မာနိုင်ငံ၏ အလယ် အူကိုဖောက်ပြီး အနောက်တံခါးနဲ့ ဆက်မယ်။ ပြီးကျတော့
ကေအိုင်အေ ကို ၀င်ကူပြီး တောင်တန်းဒေသမှာ နယ်ချဲ့မယ်။ ဧရာဝတီ တိုင်းမှာလည်း
ပြန့်ကျဲနေပြီး ကရင်ဒေသနဲ့ မောလမြိုင်ကို နေရာယူပြီးပြီ။ ၈၈ တုန်းကလဲ
ပြည်တွင်း မငြိမ်သက်ချိန်မှာ ရခိုင်ကို စီးဖို့ ကြံရွယ်ခဲ့တယ်။ အဲဒီဖက်ကို
တိုက်ထုတ်နေရ တုန်း ကရင်နဲ့ တိုက်နေရတာ တပ်မတော်သားတွေ ၄၊ ၅ ရက် ရေမသောက်ရ
တောထဲမှာ အငတ်ခံပြီး ညကျမှ လေယာဉ်နဲ့ ရေခဲတုန်းတွေ ပစ်ချပေးတာကို
မြေပြင်ပေါ် ၀ပ်တွားသွားပြီး အသက်ဆက်ရတဲ့ တိုင်းပြည်အတွက် လူမသိ သူမသိ(
ပြည်မမှာ ဆန္ဒပြလို့ ကောင်းတုန်း) သေခဲ့ရတယ်။

ကျိုက်ထီးရိုးတောင်ပေါ်ကို ၀င်ပစ်တာ မှတ်မိကြပါသေးသလား။ လုံခြုံရေး
တာဝန်ယူတဲ့ စစ်တပ်ကို အကုန်အသတ်ခံရသလို ဘုရားဖူးတွေ ဈေးသည်တွေပါ
သေခဲ့ရတာပါ။
အခုလဲ တိုင်းပြည်မှာ မကြာမီ အာဏာလုပွဲကို
ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ဆိုပြီး ဆူပူအောင် လုပ်မယ်။ ဒီအတွက် ထောက်ပံ့ကြေး
ပေးထားပြီးပြီ။ နိုင်ငံတော်ဖက်က သိသင့်သလောက် သိပြီး ဖြစ်လို့ တပ်သစ်
မှန်သမျှ ဒီနယ်မြေကို ၀န်းရံထားရပါတယ်။ တစ်ချို့ကိစ္စတွေဟာ နေရာတကာ
လူသိခံလို့ မရပါဘူး။ ဒါပေမဲ့ တစ်ချို့ကိစ္စတွေကတော့ ကြိုတင် သတိထားတာတောင်
တန်ကာမကျပါဘူး။
“ လူ့အခွင့်အရေးလို့ ထပ်တလဲလဲ အော်နေရင် သတိသာထားပေတော့”