Friday, 31 January 2014

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်းထိုးပီးကြည့်ကြမလား

Unknown | 31.1.14 | | Best Blogger Tips


 


  Myanmar Subtitle တွေကို Gom Player နဲ့ ကြည့်ရင်အဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. Gom Player ရဲ့ Perferences ထဲက Subtitle မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ .. ..win innwa Font မရှိဘူးဆိုရင်

ဒေါင်းသွားလိုက်ပါ။ GOM Player ကို မရှိရင် ဒီမှာယူလိုက်ပါ


Myanmar Subtitle တွေကို VLC Player နဲ့ ကြည့်ရင်လည်းအဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. VLC ရဲ့ Tool > Perferences ထဲက Subtitles & OSD မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ .. အားလုံးအဆင်ပြေပါစေဗျာ .. ပုံမမြင်ရရင် Full Screen ကြည့်ပေးပါ။ VLC Player ကို ဒီမှာရယူလိုက်ပါ




ဇာတ်လမ်းနဲ့မြန်မာစာတန်းကို အရင်ဒေါင်းလိုက်ပါ။

zip file ထဲကစာတန်းထိုးလေး ပါတဲ့ srt ဖိုင်လေးကို desktop မှာဆွဲတင်ထားလိုက်ပါ

ဘယ်နေရာမှာပဲဖြစ်ဖြစ်ထားလို့တော့ရပါတယ်။ရှာရတာလွယ်အောင်လို့ပါ

ကြည့်မယ့် Video ကို GOM Player နဲ့ဖွင့်လိုက်ပါ ။ setting နေရာကိုနှိပ်လိုက်ပါ

အောက်မှာ ပြထားတဲ့ ပုံအတိုင်းဆက်လုပ်ပါ


၁ ။ setting ကိုဖွင့်လိုက်ပါ

၂။Subtitles ကိုနှိပ်လိုက်ပါ

၃။ Subtitle Explorer ကိုနှိပ်လိုက်ပါ

 နောက်ထပ်ဖိုင်အသစ်တခု့ထပ်ထွက်လာပါ့မယ်။အောက်ပုံကိုကြည့်ပါ။

၁ ။ Folder အသစ်တခု့ကိုဖွင့်တဲ့ ပုံလေး ပြထားပါတယ် ဖွင့်လိုက်ပါ စာတန်းထိုးဖိုင်ထားတဲ့

နေရာကိုဖွင့်ပေးရပါမယ်။မိမိသိမ်းထားတဲ့နေရာကို ပြပေးရပါမယ်။

၂ ။ သိမ်းထားတဲ့နေရာကိုရောက်ပီဆိုရင် စာတန်းထိုးဖိုင်ကို ကလစ်ပေးလိုက်ပါ

 English လိုစာတန်းတွေ ကြလာမယ်အောက်ပုံ အတိုင်းပေါ့


၃။ Sync ဆိုတာလေးကိုနှိပ်လိုက်ပါ ခင်ဗျာ ကြည့်နေစဉ်လုပ်လိုက်တယ်ဆိုရင်

 မြန်မာစာကို တန်းမြင်ရပါတယ် ခင်ဗျာ

အဲ့ဒါလေးကတော့ GOM မှာ အသုံးပြု့ပုံလေးပါ

မြန်မာစာတန်းထိုးကို ဒီနေရာအောက်မှာ ဒေါင်းယူလိုက်ပါ





ဇာတ်လမ်းကို အောက်မှာယူပါ



 The Four 2 

The Four 2 ကို youtube မှာတင်နေတယ် မပြီးသေးဘူး


ဒီစာတန်းထိုးဖို့ စာလုံးတွေကို ကိုမိုးကျော်  ( Myanmar Subtitles) က အပင်ပန်းခံပြီးတော့ ဘာသာပြန်ထားတာပါ

ကျနော်ကတော့  movies ထဲမှာ အသေထည့်မရသေးလို့ မထည့်ရသေးပါဘူး ခင်ဗျာ

သူလုပ်ထားတာလေးကို ပြန်တင်ပေးထားတာပါ


ကိုလတ်(ကျွဲဆင်း)

Galaxy Tab3 10.1 P5220 အား Root လုပ်နည်း

မိုးညိုသား | 31.1.14 | Best Blogger Tips




မင်္ဂလာပါ သူငယ်ချင်းတစ်ယောက် အကူအညီလှမ်းတောင်းထားတဲ့ Galaxy Tab3 10.1 P5220 ကို Root လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သူလှမ်းမေးတုန်းကတော့ Vroot နဲ့ Root လိုက်ပါလို့ အလွယ်ပြောလိုက်တာ .. မရဘူးပြောလို့ မယုံတာနဲ့ သူငယ်ချင်းတရုတ်တစ်ယောက်ရဲ့ ဆိုင်ကနေယူပြီးတော့ လုပ်ကြည့်ပါတယ် သူပြောတဲ့အတိုင်းပါပဲ ဆရာကြီး Vroot လည်းမရပါဘူး။ နည်းလမ်းတော်တောများများ စမ်းပြီးပါပြီ လုံးဝမရပါဘူး။ နောက်ဆုံး အခုရေးပေးမယ့်နည်းလမ်းနဲ့မှ လုံးဝအဆင်ပြေသွားပါတယ်..  100% အဆင်ပြေပါတယ်။ ပထမဆုံးလိုအပ်တာလေးတွေကို တစ်ခါတည်းတင်ပေးထားပါတယ်.. အောက်ကလင့်မှာ အရင်ဒေါင်းလိုက်ပါ

လိုအပ်သည်များ ဒီမှာဒေါင်းပါ

ဒေါင်းပြီးသွားပြီဆိုရင် ဖိုင်ဖြေပြီးတော့ root ဆိုတဲ့ ဇစ်ဖိုင်လေးကို မန်မိုရီကဒ်ထဲ ကူးထည့်ထားပါ
ပြီးနောက် Recovery ဆိုတဲ့ဖိုင်ကိုဖြေပြီးတော့ အထဲမှ recovery ဖိုင်ကို Desktop ပေါ်သို့ ဆွဲတင်ထားပါ
 ပြီးသွားပြီဆိုရင် Odin ကိုဖွင့်ပါ Odin က PDA ကိုနှိပ်ပြီးတော့ စောစောက Desktop ပေါ်ဆွဲတင်ထားတဲ့ recovery.tar.md5 ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ..

အရေးကြီးတဲ့အချက်ကတော့ Odin မှာ F.Reset Time မှလွဲ၍ ကျန်တာအားလုံးကို အမှန်ဖြစ် ဖြုတ်ထားပေးပါ။ အရေးကြီးဆုံးကတော့ Auto Reboot မှာလုံးဝ အမှန်မခြစ်ပါနဲ့ ။။ အမှန်ခြစ်မဖြုတ်မိပါက CWM ဝင်မည်မဟုတ်သဖြင့် အဆင်မပြေပါဘူး။ သတိရှိပါစေ

Tab3 ကိုပိတ်ပါ.. ပြီးရင် Power + Volume Down ကိုနှိပ်ပြီးတော့ Download mode ဝင်လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ Odin မှ Device ကိုသိပြီဆိုရင် အဝါရောင် အကွက်ပေါ်လာမှာဖြစ်ပါတယ်။ အဝါရောင် အကွက်ကလေးပေါ်လာတာနဲ့ Start ကိုနှိပ်ပြီးတော့ Flash လုပ်ပါ။ အစိမ်းရောင်လေးနဲ့ Pass လို့ပြသွားပြီဆိုရင် Tab3 ကိုကွန်ပျူတာနဲ့ ချိတ်ဆက်ထားရာမှ ဖြုတ်လိုက်ပါ.tab ဟာ restart ကျသွားမှာမဟုတ်ပါဘူး ဒီအတိုင်းပဲ ရှိနေမှာပါ .. USB ဖြုတ်ပြီးပြီဆိုရင် Tab ကို Power မပိတ်ပဲနဲ့
Power + Volume Up ကိုနှိပ်ပြီးတော့ Recovery တန်းဝင်လိုက်ပါ CWM Recovery ထဲကိုရောက်သွာားမှာဖြစ်ပါတယ် ရောက်သွားပြီဆိုရင် install ကိုနှိပ်ပါ .. Sd card မှ စောစောက ထည့်ခဲ့ Root zip ကို ရွေးပြီးတော့ install လုပ်ပေးလိုက်ပါ ပြီးသွားရင် Reboot Syatem ကိုနှိပ်ပြီးတော့ Reboot လုပ်ပေးလိုက်ပါ.. ပြန်တက်လာပြီဆိုရင်တော့ ကြည့်လိုက်ပါ..  ကြက်ခြေခတ် ပုံစံ SuperUser လေးနဲ့ လန်းနေပြီဖြစ်ပါတယ် ..

အဆင်ပြေကြပါစေဗျာ.. အဆင်မပြေတာရှိရင်လည်း Comment ပေးခဲ့လိုက်ပါဗျာ


Thursday, 30 January 2014

ကိုယ်တင်လိုက်တဲ့ဖိုင်တွေနဲ့အတူထည့်ဖို့ Blog အတွက် Shotrcut လေး

Anonymous | 30.1.14 | Best Blogger Tips


Blogging နဲ့ပတ်သက်တာလေးတွေ မရေးဖြစ်တာ နည်းနည်းကြာသွားလို့
Blogger မှာ အသုံးတည့်မယ့် နည်းပညာလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်
သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ နည်းပညာလေးတော့မဟုတ်ပေမယ့် ..
မသိသေးသူတွေအတွက်တော့ အသုံးတည့်မှာပါ ..
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ အွန်လိုင်းကနေ ဖိုင်လေးတွေကို
ဒေါင်းယူလိုက်တဲ့အခါမှာ အဲဒီ ဖိုင်တွေနဲ့အတူ Browser Shortcut လေးတွေ ပါပါလာတာကို သတိထားမိဖူးမှာပါ ..

များသောအားဖြင့် အဲဒီ Shortcut တွေမှာ ရေးထားလေ့ရှိတာက
"For More Free Softwares" စသည်ဖြင့်ပေါ့ဗျာ ..




ကိုယ်က အဲဒါဘာဖိုင်လေးပါလိမ့်လို့ သိချင်တာနဲ့ ဖွင့်လည်း ဖွင့်လိုက်ရော
အဲဒီဖိုင်ကို တင်ပေးထားတဲ့ မူရင် Website ပွင့်သွားပါလေရော ..
ကိုယ့် Website ကို လိပ်စာရေးပေးထားစရာမလိုတဲ့အပြင်
ကိုယ်တင်ထားတဲ့ဖိုင်ရဲ့ Download Link ကိုပဲ ယူသုံးထားတာမျိုးတွေ ရှိခဲ့ရင်
တကယ်တမ်းဖိုင်ကိုဖြည်လိုက်တဲ့အခါမှာ Visitor တွေအနေနဲ့ အဲဒီဖိုင်ကို မူလတင်ခဲ့တဲ့
Website/Blogger ကို သိသွားစေနိုင်မယ့် နည်းလမ်းလေးတစ်ခုပဲ ဆိုပါတော့
ကဲ ... ကိုယ်တင်လိုက်တဲ့ဖိုင်တွေနဲ့အတူ ချုံ့ဖိုင်ထဲမှာ တစ်ခါတည်းရောထည့်ပေးလိုက်ဖို့
အဲဒီလို ကိုယ့်ရဲ့ Website ကို တိုက်ရိုက်ရောက်သွားစေမယ့် Browser Shortcut လေး
လုပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးမှာပါ ..
ကဲ .. စလိုက်ကြစို့ ..
၁။ Desktop ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက New >> Shortcut လို့
ဆွဲယူပြီး နှိပ်လိုက်ပါ ..




အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ့်ဘလော့ရဲ့ URL ကို ထည့်ပေးပါ ..
ဥပမာ - ကျွန်တော့်ဘလော့အတွက် လုပ်မယ်ဆိုရင် ပုံမှာမြင်တဲ့အတိုင်း
http://itmotesoeway.blogspot.com လို့ ရိုက်ထည့်ပေးလိုက်ပါတယ်
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..





အဲဒီထဲမှာ Shortcut အတွက် ကိုယ်ပေးချင်တဲ့ နံမည်ကို ပေးလိုက်ပါ ..
ဥပမာ - For More Full Softwares  ပေါ့ဗျာ
ပြီးရင် .. Finish ကိုနှိပ်ပေးလိုက်တာနဲ့ .. ကိုယ့်ဝင်းဒိုးမှာ Default ထားထားတဲ့ Browser ရဲ့
Shortcut လေး ရောက်လာပါမယ် .. အဲဒီ Shortcut ရဲ့ နံမည်ကတော့ ကိုယ်ပေးထားတဲ့အတိုင်း
For More Full Softwares ပေါ့ ...
အဲဒါလေးကို Double Click နဲ့ Run လိုက်ရင် ကိုယ့်ရဲ့ Default ထားထားတဲ့ Browser နဲ့အတူ
ကိုယ့်ရဲ့ ဘလော့စာမျက်နှာလေးဆီကို ရောက်သွားပါလိမ့်မယ် ..
အဲဒီမှာမှ အိုင်ကွန်ပုံကို ပြောင်းချင်သေးတယ်ဆိုရင် အဲဒီ Shortcut ပေါ်မှာ Right Click နှိပ်ပြီး
ပွင့်လာတဲ့ထဲက Property ကိုနှိပ် ..  အောက်ကပုံအတိုင်းပွင့်လာမယ် ..




အဲဒီထဲက Change icon ကိုနှိပ် .. အောက်ကပုံအတိုင်းပွင့်လာမယ်


အဲဒီထဲကမှာ ကိုယ်လိုချင်တဲ့ icon ကို ကလစ်ပေး ဒါမှမဟုတ် ထပ်ရှာချင်သေးတယ်ဆိုင် Browse ကိုနှိပ် ပွင့်လာတဲ့ထဲက ကိုယ်နှစ်သက်တဲ့ icon ကို ကလစ်ပေးပြီး Ok နှိပ် ..
 နောက်ကျန်နေတဲ့ Box ထဲက Apply နှိပ် Ok နှိပ် ..


ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Website ကို တိုက်ရိုက်အလည်လာနိုင်မယ့် Shortcut လေးတစ်ခုကို စိတ်တိုင်းကျ ရလာပါမယ် ..
အဲဒါကိုမှ ကိုယ်တင်မယ့်ဖိုင်တွေနဲ့အတူရောပြီး ချုံ့ဖိုင်တွေထဲမှာ ထည့်ပေးလိုက်ရုံပဲပေါ့ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


How to create a web document shortcut for your website

In some of the downloaded files from online, you may have ever seen a browser shortcut.
Whenever you click double on that shortcut, a browser will open and you are sure that you have  to visit to a website to which the shortcut you clicked has been intended.
It is the website at which the shortcut have been linked by the admin.




How had it been done? Let me share about it. Lets start.

Right click on your desktop and click New >> Shortcut in context menu. Check out my
screenshot below.



If you had finished it, a windows as shown below will open.



In the box, fill the URL of your WEBSITE. As for me, I typed and filled my blog's UTL,
" http://itmotesoeway.blogspot.com " .
Then, click " Next ".
The windows as shown below will open.



In the box, fill the name for your shortcut as you like. As for me, I filled it with
" For More Full Softwares " .
And then, click " Finish ".
A shortcut named " For More Full Software " will be seen on your desktop.
Moreover, if you want to change icon to your web document shortcut, right click on your shortcut icon. And click again " Property " in context menu.
A windows as shown will open.



Click on " Change icon " , and another windows will pop up.



Here, either click on the icon you like or click " Browse " for more icons.
If you finish choosing the icon you like, click " Ok ".
In the rest windows, click " Apply " and "Ok".



That it is.
When you prepare to upload a file to a hosting site, added your web document shortcut to the file or files which you preparing to upload.
Be pleasure!
If you have either some question for this post or some tricks to share, feel free write on comment.
But, No spam, please.
Thanks for your visiting.
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 www.aungsanmks.com
www.ledimye.blogspot.com
www.ninilayy.blogspot.com

Facebook Fan Page ကိုမလိုခြင်ပြန်ဖျက်နည်း

Anonymous | 30.1.14 | Best Blogger Tips

 ဘလော့ကာမိတ်ဆွေများအတွက်  မိမိတို့ လုပ်မိထားသော ဘလော့ကာရဲ့ facebook fan page အပိုတွေကို ဖျက်လိုပါက  ဖျက်နိုင်ရန်  နည်းလမ်းလေးကို တင်ပြလိုက်ရပါတယ်နော်... အလွယ်လေးပါ
                             
    အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete

 အောက်မှာ ပုံလေးနဲ့တစ်ကွ ရှင်းပြပေးထားပါတယ်.....


 မိမိတို့ facebook ကနေ ဖျက်လိုသော  ပေ့ကိုကလစ်ပေးလိုက်ပါ..အပေါ်ပုံကပြထားသလိုပေါ့..နော်

 အပေါ်ပုံတိုင်းကျလာမယ်..အဲခါမှာ Edit Page ကနေကလစ်ပြီး Manage Permissions ဆိုတာကိုကလစ်ပါ.
အပေါ်ပုံတိုင်းထပ်ကျလာတာနဲ့ အောက်နားမှာ Delete For .....မိမိဘလော့ပေ့အမည်... ဆိုပြီးရှိပါတယ်
အဲတာကိုကလစ်ပြီး ဖျက်ပေးလိုက်တာနဲ့  ok  ပေါ့နော်.... အဆင်ပြေကြပါစေ....

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.com

Wednesday, 29 January 2014

ဘလော့တွေ..ဆိုဒ်တွေ ရဲ့မှားယွင်းမှုကို ရှာဖွေပေးတဲ့နေရာလေး

Anonymous | 29.1.14 | Best Blogger Tips

မင်္ဂလာပါနော်  ခုတင်မည့်နည်းပညာလေးကေတာ့ ဘေလာ့ကာတိုင်းလိုအပ်ပါတယ်... မိမိတို့ဘလော့လေးကို   Scan your website FOR FREE  လုပ်ပေးတဲ့ နေရာလေးပါ...
မဖြစ်မနေလုပ်ပေးသင့်တာလေးပေါ့ဗျာ....
                   ကဲ လုပ်မယ်ဆို         သည်နေရာ     ကိုသွားလိုက်ပါနော်...


                                မိမိတို့ ဆိုဒ်ရဲ့ URL ကိုထည့်ပြီး scan လိုက်ပါနော်


                             ခုလိုဆိုဒ်မှာ ရှိတဲ့ လင့်အမှားတွေကိုရှာဖွေပေးပါတယ်
နောက်အဲလင့်တွေကို မိမိတို့ဆိုဒ်ရဲ့  HTML  မှာဘဲရှာဖွေပြီး ဖျက်ပေးလိုက်ရမှာဖြစ်ပါတယ်... တချို့တော့
ပို့စ်တွေတင်တဲ့အခါမှာ မှားယွင်းတတ်ကြတာလည်းကြုံကြရမှာပါ.. ဘာဖြစ်ဖြစ်  ရှာတွေ့လာသမျှ ကုဒ်တွေ
လင့်တွေကို ရှင်းလင်းပေးခြင်းဖြင့် မိမိတို့ ဆိုဒ်လေး ပေါ့ပါးသွက်လက်မြန်ဆန်လာစေပြီးးးး
ဂွတ်....ရှယ်....လာမယ်ဂျာာာာ
                           ယုံဘူးနားးး စမ်းကြည့်ပေါ့.....အနော်တော့ လက်တွေ့ကြည့် လယ်တီမြေမှာစမ်းတာ
အညားးးကြီးးတွေ့လယ်...ေိေိ...  ပျော်စရာ...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 လယ်တီမြေသား www.ledimye.blogspot.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.blogspot.com/

ဘလော့ပို့စ်တွေကို Facebook ပေါ်ရှယ်နည်း( c-box တောင်းဆိုမှု)

Anonymous | 29.1.14 | Best Blogger Tips


 အားလုံး မင်္ဂလာပါဗျာ သည်နည်းပညာလေးကတော့ သိပ်မထူးဆန်းပေမယ့်  တယောက်သောသူ လာရောက်မေးမြန်းတောင်းဆိုထားတဲ့အတွက်  မသိသေးသူများလည်း သိနိုင်စေရန်အတွက်
တင်ပြလိုက်ရပါတယ်...
တောင်းဆိုသူကတော့.........

mgminntar: ဆိုဒ်ကနေရှယ်လိုက်တာကို ဖန်းဖ်ပေ့မှာကော် ရိုးရိုးနာမည်ဖေ့မှာကော်ပေါ်အောင်ဘယ်လိုလုပ်လည်း

 အဆင်ပြေအောင် ပုံလေးတွေနဲ့ သေခြာ ရှင်းပြပါ့မယ်...နော်...ပထမဆုံး ကျွန်တော် တင်ထားတဲ့
Share ဘောင်လှလှလေးကို မိမိတို့ ဘလော့မှာ ထည့်ထားဖို့ လိုပါမယ်..အဲအတွက် ထည့်ရမဲ့ နေရာနဲ့  ထည့်နည်း ကုဒ်ရယူနည်းကို  အောက်မှာ သွားကြည့်ပြီး လ်ုပလိုက်ပါနော်..


ဘလော့အတွက် share box လှလှလေး လုပ်ဖို့   သည်နေရာ  ကိုသွားလုပ်လိုက်ပါ။
ဘလော့အတွက် share ဘောင်လေး ရယူနည်းကိုတော့   သည်မှာ    လေ့လာလိုက်ပါ။

 စမယ်နော်....
အဆင့်  (၁)  အနေနဲ့  အောက်ကပုံလေးကို ကြည့်လိုက်ပါ။


 ရှယ်ဘောင်လေး မိမိတို့ ဘလော့ပေါ် ရရှိပြီဆိုတာနဲ့  share ဆိုတာလေးကို မောက်တင်လိုက်ပါ။
မောက်တင်လို့ အောက်ကပုံအတိုင်းရှယ်ဘောင်လေး တက်မလာပါက  ကလစ်ပေးလိုက်ပါ..
များသောအားဖြင့်တော့ ပမထဆုံး ရှယ်ဖို့တော့ မောက်တင်တာနဲ့ ပေါ်လာပါတယ်.. နောက်ပို့စ်တွေ ရှယ်မယ်ဆို ကလစ်ပေးမှာ ထွက်လာတတ်ပါတယ်...


အဆင့်  (၂)  အနေနဲ့ အောက် ကပုံကိုကြည့်လိုက်ပါ
အပေါ်ကလို ကလစ်တာနဲ့ ရှယ်နိုင်တဲ့ ဘောင်လေးတက်လာမှာ ဖြစ်ပါတယ်... အဲခါမှာ
်Facebook ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...နော်... မိမိတို့ စက်မှာ fb sing in ၀င်ထားပြီးဆို တန်းပေါ်လာမယ်.. မ၀င်ရသေးရင် ၀င်ပေးရမှာပါ...

အဆင့်  (၃)  အနေနဲ့...အောက်ကတိုင်းဆက်လုပ်ပေးလိုက်ပါ


ခုလိုလေး  fb စာမျက်နှာ ကျလာပါမယ်.. အဲခါမှာ..(၁) မိမိတို့ ကိုယ်ပိုင် စာမျက်နှာပေါ်  ရှယ်လိုလားး
(၂) သူငယ်ချင်းစာမျက်နှာပေါ် ရှယ်ပေးလိုလား 
(၃) fb  group တွေအပေါ်ရှယိလိုသလားး
(၄) မိမိတို့ ကိုယ်ပိုင် fan page ပေါ်ပြန်ရှယ်မလားး
          စိတ်ကြိုက် ရွေးချယ်လိုက်ပါ...သည်လောက်ဆို ရှင်းပါတယ်နော်..
ပြီးတာနဲ့  Share Link ဆိုတာကိုကလစ်ပေးလိုက်ပါ.... ရောက်ပါ့မယ်ဗျာ......
                           အဆင်ပြေကြပါစေ     
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည်

Moborobo Smartphone Manager ကို​မြန်မာဘာသာနဲ့သုံးကြမယ်

Kaung Khant | 29.1.14 | Best Blogger Tips

 

ဒီ ပိုစ့် လေးက www.mmitd.com က ကို Clicker ရေးထားတဲ့ပိုစ့်ဖြစ်ပါတယ် ဒီနေ့ ကျွန်တော် email ဖွင့်ကြည့်လိုက်တော့  MMITD ပြန်ဖွင့်ပြီဆိုတဲ့အကြောင်း ဒီပိုစ့်လေးနဲ့ ကြိုဆိုလိုက်ပါတယ်။ကို Clicker ရေးထားတဲ့" Moborobo Smartphone Manager ကို​မြန်မာဘာသာနဲ့သုံးကြမယ် "ဆိုတဲ့ပိုစ့်လေးကို အောက်မှာ ဆက်ကြည့်ပေးပါ။
မြန်မာနိုင်ငံရဲ့ နည်းပညာလောကပြောင်းလဲမှုတွေကို သတိထာမိကြမယ်ထင်ပါတယ် www.google.com.mm ကိုမြန်မာဘာသာနဲ့သုံးလာနိုင်တာ၊အသုံးများဝဘ်ဘရောက်ဆာတစ်ခုဖြစ်တဲ့ firefox (Aurora) ကိုမြန်မာဘာသာနဲ့သုံးလာနိုင်တာ၊နောက်ပြီး facebook ကိုလဲမြန်မာဘာသာနဲ့သုံးနိုင်အောင်လုပ်နေကြပါပြီ.....တစ်ကယ်တော့နည်းပညာနယ်ပယ်မှာ မြန်မာဘာသာ တိုးဝင်နိုင်အောင် ကြိုကြားကြိုကြား လုပ်နေကြတာကြာပါပြီ မြန်မာဘာသာနဲ့သုံးနိုင်တဲ့ software တွေလက်ညိုးထိုးပြစရာတော်တော်များလာပါပြီ။

 ခက်တာကမြန်မာတွေကိုယ်တိုင်က အရေးတယူနဲ့ အားပေးထောက်ခံသုံးစွဲမှုတွေ မရှိဘူးလို့ ကျွန်တော်စွပ်စွဲချင်ပါတယ်။ပိုဆိုးတာက " software တွေကိုမြန်မာလိုသုံးရတာ ကြောင်တောင်တောင်နိုင်တယ်" ဆိုတဲ့အပြောမျိုးတွေပါ တစ်ကယ်ကိုမဖြစ်သင့်တဲ့အပြောမျိုးပါ။ အခုလဲကျွန်တော်ကြိုးစားထားတဲ့ အရာတစ်ခုကို မိတ်ဆွေတွေ စမ်းသုံးစေချင်လို့ တင်ပြချင်ပါတယ်။ အဲတာက smatphone တွေကို စီမံအုပ်ချုပ်နိုင်တဲ့ Moborobo ဆိုတဲ့ Tool လေးတစ်ခုပါ။ သူ့ကို android ဖုန်းတွေနဲ့ပဲတွဲဖက်အသုံးများပါတယ်။

အခုအဲဒီ Tool လေးကို မြန်မာဘာသာနဲ့သုံးနိုင်အောင် လုပ်ဆောင်ပုံနည်းလမ်းလေးကိတင်ပြပါ့မယ်။အရင်ဆုံး screenshot ပုံလေးတွေကိုကြည့်ပါအုံး......

 

သူ့ကိုမြန်မာယူနီကုဒ်အထောက်ပံ့ပေးထားတဲ့ window 8 မှာပဲသုံးလို့အဆင်ပြေပါတယ်။ window 7 မှာတော့ကျွန်တော်လဲကောင်းကောင်းမစမ်းကြည့်ရသေးပါဘူး။ Moborobo ရဲ့နောက်ဆုံးထွက် version ကို တော့ www.moborobo.com မှာအလွယ်တစ်ကူဒေါင်းယူနိုင်ပါတယ်။မြန်မာဘာသာသွင်းဖို့အတွက် အောက်မှာကျွန်တော်ပေးထားတဲ့en-US.lng ဆိုတဲ့ file ကို C:\Program Files (x86)\Moborobo\Products\Moborobo\Language ဆိုတဲ့ folder အောက်မှာအစားထိုး replace လုပ်ရပါ့မယ်။

 ဒါပါပဲ ..................... မိတ်ဆွေတို့ စမက်ဖုန်းတစ်လုံး၊ tablet  တစ်လုံးကိုထိန်းချုပ်ဖို့အတွက် စမက်ဖုန်းမန်နေဂျာကို မြန်မာဘာသာနဲ့သုံးနိုင်ပါပြီ....


Download Here- en-us.lang, 395kb

 credit to - www.mmitd.com 

 Born To Make You Happy

မြန်မာသတင်း apk တွေ စုစည်းပေးထားပါတယ်

Kaung Khant | 29.1.14 | Best Blogger Tips



မြန်မာသတင်းတွေနဲ့ ပက်သက်တဲ့

application တွေကို တစုတစည်း

လေးဖြစ်သွားအောင်လို့ ရသမျှ

တွေ့ ထားသမျှ apk လေးတွေကို

စုစည်းပေးလိုက်ပါတယ်။

အောက်မှာဒေါင်းယူပါ။

 သစ်ထူးလွင် သတင်း blog apk

 The voice.apk

 Tachileik News.apk

 RFA Burmese.apk

 Radio News.apk

 Planet Myanmar News.apk

 Planet Dictionary.apk

 Myanmar President Office.apk

 Myanmar News info.apk

 Mizzima SAS.apk

 Mizzima News.apk

 Hotnews Reader.apk

 Aye Chan Mon သတင်း.apk

 Daily Sport.apk

 Myanmar Soccer Reader.apk

 Top Soccer Leagues.apk

 Live Score1.2.5.apk

 inm apj.apk

 Myanmar News.apk

 7Days News Journal.apk

 MM News.apk

 Myanmar eRadio.apk

ကဲ……ရှိထားသမျှလေးတွေ စုပြီးတင်ပေး

လိုက်ပါတယ်။

အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။

Tuesday, 28 January 2014

မြန်မာပြည် ကိုအခြေခံ ရိုက်ကူးထားသော Ninja; Shadow Of Tear အကြည်

Unknown | 28.1.14 | Best Blogger Tips




ဒီနေ့လည်း ကျနော်ရဲ့ သူငယ်ချင်းတွေကို မြန်မာပြည်ကို အခြေခံပြီးတော့ ရိုက်ထားတဲ့

American Ninja ဇာတ်ကားလေးတစ်ကား ကို တင်ပေးချင်ပါတယ် ခင်ဗျာ။ အကြည်လေးပါ။

ကျနော်ကိုယ်တိုင်လည်း Video ကြည့်ရင် မကြည်တာတို့ အသံမကောင်းတာတို့ ဖြစ်ရင်

မကြိုက်ပါဘူး။အာကြောင့်ကျနော်တင်ပေးရင်တော့ ကြည်လင်မှု့ရှိရပါစေမယ်။

မြန်မာပြည် ဂျပန် ခေတ်ကနေပြီးတော့ စတင်လာတဲ့ ဇာတ်လမ်းလေးပါ။

ပျင်းစရာ မလိုလောက်အောင်ကောင်းပါတယ်။ နအဖ လက်ထက် က အကျဉ်သားကို

စစ်ဆေးတဲ့ နေရာမှာ မီးပူကပ်ပြီးတော့ စစ်ဆေးတာလေးတောင်ပါ ပါတယ်။

ထိုင်းနယ်စပ် နဲ့ ဂျပန်မှာ ရိုက်ထားတာလေးပါ။ဒီဇာတ်ကားလေးကလည်း ကျနော်သူငယ်ချင်းတွေကို

ကျေနပ်မှု့ပေးနိုင်လိမ့်မယ် ထင်ပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကလည်း ဒေါင်းယူလို့ကောင်းတဲ့ဆိုဒ်လေးပါ

366.4 MB ပဲရှိပါတယ်ခင်ဗျာ ။

DOWNLOAD

MILOSHARE | TUSFILES  


တိုက်ရိုက်ကြည့်ချင်တယ်ဆိုရင် အောက်ကလင့်မှာ ဝင်ကြည့်ပါခင်ဗျာ

ကိုလတ်(ကျွဲဆင်း)



Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း ( ဘလော့အတွက် အရေးပါသောကဏ္ဍ)

Anonymous | 28.1.14 | Best Blogger Tips

 မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး
ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ်
သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး  ဘလော့တွေမှာ မိမိတို့ စိတ်ကြိုက်
template တွေ ဒီဇိုင်းလှလှလေးတွေ နဲ့ပြုပြင်ဖန်တီးဖို့ဆိုတာ သည်နည်းလမ်းလေးကို သိကိုထားမှ
ဖြစ်မှာမို့ပါ...ဒါကြောင့် တောင်းဆိုမှု အရရော..သိသင့်တယ်ထင်တာမို့ စေတနာနဲ့ရော သည်နည်းလေးကို  ထရေးဖြစ်တာပါ.... Template တွေကို ဒေါင်းယူပြီး မိမိဘလော့ထဲမှာ စိတ်တိုင်း
ကျ သွင်းယူတဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.... အသေးစိတ် ပုံလေးတွေနဲ့ တစ်ကွ ဒေါင်းယူနည်း
ဒေါင်းထားသော တက်ပလက်ဖိုင်ကနေ xml ဖိုင်လေးယူနည်း ရှင်းပြထားပါတယ်... ဒေါင်းယုံနဲ့ မရပါ
xml ဖိုင်လေးကိုသာ မိမိတို့ ဘလော့ထဲကို Upload ထည့်မှသာလျှင် လိုခြင်သော တက်ပလက် ဒီဇိုင်းတွေကို ရရှိမြှ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး ကဲစမယ်  လေကရှည်နေပြီ...ေိေိ....
 တောင်းဆိုသူမိတ်ဆွေပါ......
 လင်္ကာ: တက်ပလက် အသစ်တွေကို ဒေါင်းယူနည်းနဲ့ xml ယူနည်းလေးရေးပေးပါလားဗျာ


ပထမဆုံးအနေနဲ့  တက်ပလက် ဒေါင်းလို့ ရတဲ့ ဆိုဒ်လိပ်စာလေးပေးပါ့မယ်.....

               + တက်ပလက်များကို     သည်မှာ     ရှာဖွေဒေါင်းယူပါ  ။

               + နောက်ထပ်လိုအပ်က     သည်မှာ    ဆက်လက်ရှာဖွေနိုင်ပါတယ်  ။
နောက်ထပ်  လိုအပ်သေးပါက.... တက်ပလက်ဆိုဒ်ပေါင်းများစွာရှိပါတယ်...
         http://www.dailybloggertemplates.com/
         http://www.deluxetemplates.net/page/2
         http://www.dhetemplate.com/
         httphtetnaykha.blogspot.com
         http://www.soratemplates.com/
 သည်ဆိုဒ်တွေဆိုရင်ဘဲ  လုံလောက်ပါပြီနော်  အများကြီးးးးကိုရနိုင်လို့ပါ....
ကဲ တက်ပလက်တစ်ခုကို ဒေါင်းရင်းနဲ့  ဥပမာ ပြုတင်ပြလိုက်ပါ့မယ်...

   အဆင့်   (၁)  အနေနဲ့.......တက်ပလက်ဆိုဒ်ထဲဝင်လိုက်ပါပြီ


မိမိတို့ စိတ်ကြိုက် စာမျက်နှာအလိုက် ရွေးချယ်နိုင်ပါတယ်... ရွေးချယ်စရာတွေအများကြီးးပါနော်
စာတွေ ကြည့်ပြီး လိုအပ်သလို ရွေးနိုင်ပါတယ်... တက်ပလက်တိုင်းမှာ နာမည်လေးတွေရှိပါတယ်...
သေခြာ ကြည့်လိုက အမည်ကိုကလစ်နိုင်ပါတယ်... ပုံကြီးမူရင်းကို မြင်လိုက Demo ဆိုတာကို ကလစ်ကြည့်လိုက်ပါ....ဒေါင်းလိုက Download ပေါ့...ခုတော့တစ်ခု ရွေးလိုက်ပြီပေါ့..အောက်မှာ

  အဆင့်   (၂)  အနေနဲ့ ဆက်ကြည့်လိုက်ပါ...........


မိမိရွေးထားသော တက်ပလက်လေးပေါ့... Preview ကိုကလစ်ပါက ဆိုဒ်ကြီးမြင်ရမယ်...
ကဲ  Download ကြစို့ ကြာနေမယ်..နော်..ဒေါင်းလိုက်ပါပြီဗျာ.. ခဏလေးဘဲ စောင့်ပါ....စက္ကန့်ပိုင်းမျှသာ ကြာမှာပါ....

   အဆင့်  (၃)   အနေနဲ့ ဒေါင်းထားတဲ့ ဟာလေးပြီးသွားတဲ့အခါမှာပေါ့..


Open floder  ကိုကလစ်ဖွင့်လိုက်ပါ... မဟုတ်လည်း မိမိစက်ထဲ ဒေါင်းလော့ဝင်တဲ့ ဖိုင်ထဲသွားလိုက်ပေါ့.....သည်လိုလေးတွေ့မယ်...အောက်မှာ....

  အဆင့်  (၄)   ကတော့ ဒေါင်းထားတဲ့ တက်ပလက် ဖွင့်လိုက်ပါ.....


တွေ့ပြီနော်  ကျွန်တော် ဥပမာပြထားတဲ့ တက်ပလက်လေးက အမည်က music plus ဆိုတဲ့ဟာပါ။
အဲတာလေး မိမိတို့ ထဲတွေ့တာနဲ့  ညာကလစ်ပေးပါ  Extract to musicplus/ ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...( မှတ်ချက် ။   ။ musicplus နေရာမှာ မိမိတို့ဒေါင်းသော template အမည်ပါ)
ကလစ်ပြီးတာနဲ့  Floder အ၀ါလေးကျလာမှာဖြစ်ပါတယ်.....အောက်မှာကြည့်ပါ

Music Plus ဆိုတဲ့အမည်နဲ့ Floder အ၀ါလေးပါ...အဲတာလေးကို ဖွင့်လိုက်ပါ... တစ်ခါဖွင့်ယုံနဲ့ xml ဖိုင်လေး မတွေ့သေးပါက တွေ့သည့်တိုင် ဖိုင်လေးတွေကို ဆက်ဖွင့်ပေးလိုက်ပါ...တွေ့ပြီဆိုတာနဲ့..

  အဆင့်  (၅)   xml ဖိုင်လေးကို တွေ့ပြီဆိုတာနဲ့.....အောက်မှာ...xml ဖိုင်


ကဲဂျာ....ရပါပြီ  xml ဆိုတဲ့ ဖိုင်လေး...သူဘဲ အဓိကကျတာလေ...သူကဘဲ မိမိတို့ဘလော့ကို
ပြောင်းလဲစေနိုင်တာပါဗျာ...ဒါလေးရဖို့အရေးးးးးးးဟူးးးးးးးးးးးးးးးမောလိုက်ထာ..ေိေိ
အဲတာလေးတော့ သေသေခြာခြာ မီးလုံသေတ္တာလေးနဲ့ သိမ်းကျနော်....ဟိဟိ
Template ချိန်းနည်းကိုတော့            သည်နေရာမှာ    ဆက်လက်လေ့လာလိုက်ပါနော်....။


 တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

 အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။

လယ်တီမြေသား www.ledimye.blogspot.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မဗိမာန်စာပေဆိုဒ်  www.ninilayy.blogspot.com/

ဘလော့ကိုမြန်စေတဲ့ Loading Speed လေးလာပြီ..

Anonymous | 28.1.14 | Best Blogger Tips

ခုတင်ပေးမယ့် ပို့စ်လေးကတော့ ဘလော့အတွက် Loading Times တွေကို ပိုမိုမြန်ဆန်စေတဲ့
နည်းပညာလေးတစ်ခုပါဘဲ.. တချို့ဘလောတွေ့မှာ Video တွေ စသဖြင့် ဆိုဒ်ကိုလေးစေတဲ့
အရာတွေ တင်တော့  ဘလော့ရဲ့ Loading ကနှေးကွေးလေးလံစေပါတယ်..ဒါကြောင့် သည်နည်းလမ်းလေးကို ရှာဖွေ ပြီး တင်ပြမျှဝေလိုက်ရခြင်းဖြစ်ပါတယ်...

 ထည့်နည်းကတော့ လွယ်ပါတယ်...
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။


</head> ကုဒ်ကိုရှာလိုက်ပါ..တွေ့တာနဲ့ ပေးထားတဲ့ကုဒ်တွေကို သူ့အောက်မှာ ကပ်ထည့်ပါ။

<script charset='utf-8' src='http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js' type='text/javascript'/>

<script src='http://beautifulbloggerwidgets.googlecode.com/files/lazyload-min.js' type='text/javascript'/>

<script charset='utf-8' type='text/javascript'>

$(function() {

$(&quot;img&quot;).lazyload({placeholder : &quot;http://beautifulbloggerwidgets.googlecode.com/files/grey.gif&quot;,threshold : 200});

});

</script>

ပြီးတာနဲ့ မိမိတို့ရဲ့ template ကို save လိုက်လို့ရပါပြီနော်...
မိမိတို့ဘလော့လေး ပိုမိုမြန်ဆန်သွက်လက်လာပါလိမ့်မယ်.....အဆင်ပြေပါစေဗျာ.....
 အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။


Monday, 27 January 2014

ခရစ်စမတ်နှင်းးလေးတွေနဲ့ အလှဆင်ကြမယ်

Anonymous | 27.1.14 | Best Blogger Tips


Christmas snowfalls with breeze for Blogger 2012
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျာ... ခုတင်မဲ့ နည်းလေးကတော့ မိမိတို့ ဘေလာ့လေးတွေအတွက် လှပတဲ့... နှင်းလေးတွေနဲ့ တန်ဆာဆင်ပေးမဲ့...ခရစ်စမတ် လက်ဆောင်သဘောမျိုးးလေးပါ...တင်တာနောက်ကျနေလို့ ခရစ်စမတ်အတွက်လို့တော့ မပြောတော့ပါဘူးးနော်...ဟဲဟဲ...
နည်းလမ်းလေးက လွယ်ပါတယ်.. အောက်မှာ လေ့လာလိုက်ပါ

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

                      ]]></b:skin>  ကုဒ်ကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အပေါ်ကပ်လျှက် အောက်ကပေးထားတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါ.....


ကုဒ်ကိုရှာရခက်ပါက  မတွေ့ခဲ့ပါက သည်လိုရေးရှာလိုက်ပါ b:skin

နောက်တဆင့်အနေနဲ့...
<body> 
ဆိုတာကိုဆက်ရှာပေးပါ  တွေ့ပြီဆိုတာနဲ့  သူ့အောက်မှာ ကပ်လျှက် အောက်ကပေးထားတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါနော်...


 <script charset="utf-8" src="https://netoopscodes.googlecode.com/svn/branches/Js files/snowfall.js" type="text/javascript"></script>

<div id="mbl_snowflakes">

<div id="snowContainer">

</div>
</div>
 ပြီးးးတာနဲ့.. မိမိတို့ ဘလော့ကို preview နဲ့စစ်ဆေးကြည့်လိုက်ပါနော်...အိုကေတာနဲ့  save template လုပ်နိုင်ပါပြီ....
           နမူနာကြည့်လိုပါက    သည်မှာ   ကလစ်ကြည့်လိုက်ပါ။

 အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
ဘလော့ခရီးသည်

Numbered Page Navigation လေးတွေ ဘလော့မှာ ထည့်ကြမယ်

Anonymous | 27.1.14 | Best Blogger Tips


 အားလုံးမင်္ဂလာပါဗျာ... ကျွန်တော် ခုတင်မဲ့ နည်းပညာလေးကတော့ ဘေလာ့တစ်ခုမှာ လိုအပ်ချက်လေး တစ်ခုဖြစ်တဲ့  စာမျက် နှာ အရေတွက် နံပါတ်လေးတွေဘဲ ဖြစ်ပါတယ်... ခဏခဏ လာလာမေးနေကြလို့ ကျနော်လည်း  အရင် တင်ထားဘူးပါတယ်... အဲတုန်းကတော့ ပုံစံတမျိုးထဲပဲ  ဗျ... ခုကတော့
အင်္ဂလိပ် ဆိုဒ်တစ်ခုကို ဘဲ လမ်းညွှန်ရတော့မယ်... စတိုင်လေးတွေ အမျိုးမျိုးနဲ့ ဆိုတော့ ရွေးချယ် ခွင့်ရတာပေါ့  မိမိတို့ နှစ်သက်ရာ စတိုင်လေးကိုရွေးချယ် ပြီး မိမိတို့ဘလော့ ပို့စ်တွေရဲ့ အောက်ဆုံးမှာ
နံပါတ်စဉ်လေး  နဲ့ပြနေတာလေး ဖန်တီးကြပါစို့နော်..........

ကဲ ဒါဆို  ကျွန်တော် တကယ် ပြည့်စုံတဲ့ နေရာလေးကိုဘဲ လမ်းပြပေးလိုက်ပါတော့မယ်နော်... သူဆီကနေ
လိုအပ်သလို ယူဆောင်အသုံးပြုနိုင်ပါတယ်....   သည်နေရာမှာ      ကလစ်ပြီးဝင်လိုက်ပါ....
လုပ်နည်းကိုတော့ အောက်မှာ ရှင်းပြလိုက်ပါတယ်....

 ပထမဆုံး  မိမိ တို့ လိုခင်ြသော ပုံစံကို လိုက်ပြီးရွေးချယ်ပါ... သူ့ဆိုဒ်ထဲမှာ မျိုးစုံပါတယ်နော်
အိုကေ ရွေးပြီးတာနဲ့  အောက်နားက Generate ဆိုတာကို ကလစ်ပေးလိုက်ပွှါဲအပေါ်နားကလေ နံပါတ်တွေ စိတ်ကြိုက် ပြုပြင်နိုင်သေးတယ်နော်... လိုသလို ကလိပေတော့... အိုကေ ပြီးတာနဲ့
 Add to Blogger ဆိုတာကို ကလစ်လိုက်ပါ...  အဲခါမှာဘဲ  ဇယားတခုပြောင်းလာပြီး
မိမိတို့ဘလော့အမည်ကို ရွေးပေးပြီး ဆေ့လိုက်ယုံပါဘဲနော်.... လုပ်ကြည့်လိုက်ပါနော် အဆင်မပြေတာ ရှိခဲ့ပါက  ချက်ဘောက်မှာ အော်ခဲ့ပါ.
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

ပုံလေးတွေ မောက်တင်တာနဲ့ မီးးလုံးလေးတွေ ထပေါ်မယ်

Anonymous | 27.1.14 | Best Blogger Tips


အခုတင်ပေးမယ့် ပို့(စ်) လေးကတော့ ဘလော့ပို့(စ်)မှာ  HTML/Javascript and Css Codes တွေကို Mouse Pointer နှင့် ထိလိုက်ရင် မီးလုံးလေးထွက်လာပြီး မီးလင်းနေအောင် တင်နည်း/ထည့်နည်းလေးပါ။ ဤ နည်းကိုသုံး၍ ဘလော့ပို့(စ်)မှာ Cond တင်တဲ့ သူတွေတော့ သိပ်မရှိသလောက်ပါပဲ မကြိုက်ကြတာလာတော့ မသိပါ။ ကြိုက်တဲ့ မိတ်ဆွေတွေ အတွက် အောက်မှာ Demo သွားကြည့်နိုင်ရန် Link နှင့်တကွ Cond လည်းပေးထားပါတယ်။
 လုပ်နည်းးလေးကတော့ အောက်မှာ ကြည့်လိုက်ပါ....

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

               ]]></b:skin>  ကုဒ်ကိုရှာပါတွေ့တာနဲ့ သူ့အပေါ်ကပ်ပြီး အောက်ကပေးထားတဲ့
ကုဒ်တွေ ထည့်လိုက်ပါနော်...
မှတ်ချက် ။     ။ သည်ကုဒ်ကို လူတော်တော် များများ ရှာမတွေ့ ဖြစ်နေကြပါတယ်  သည်တော့ b:skin 
အဲလိုလေးဘဲ ရေးရှာ ကြည့်ပါ..သူက ကုဒ်တွေကို ခေါက်ထားလို့ ဖြစ်ပါတယ်... စာတိုင် မျှားအနက်လေးတွေက  အဲတာကလစ်ကြည့် ကုဒ်တွေ ခေါက်ထားတာ တွေ့ရပါ့မယ်  ဒါကြောင့် တချို့ ကုဒ်တွေ ရှာဖွေ ခက်ခဲနေတာပါ...အိုကေနော်..


.code1 {

overflow:auto;width:503px;height:200px;

font-family: "Consolas", "Courier New", Courier, mono, serif;

color:#848176;

margin : 15px 35px 15px 15px;

padding : 10px 10px 10px 35px;

clear : both;

list-style-type : none;

background : #000000 url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge_tNPl1-58MMvHRx4CpVooFyRTn64mte1pgf7cINNRNgsEGrazC9z3Bdj8n3VoklAU2p2P1yQWSo7_IzVvD6HByJDPKthEEcQAgTAX-uC1r0c_L8Ca1St-aTcHuEr6UiqpAlBZ2nwwaEB/s320/btsnts-show-codes1.jpg) repeat-y top left;

border : 1px solid #000000;

border-left:20px solid #ccc;

-webkit-transition:all .3s ease-in-out;-moz-transition:all .3s ease-in-out;-o-transition-duration:all .3s ease-in-out;transition:all .3s ease-in-out;-webkit-border-radius:3px;-moz-border--moz-border-radius: 23px 20px 20px 20px;border-radius: 23px 20px 20px

}

.code1:hover{

background : #000000 url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1qUUmP9MnLAX6m-YIRk2oZKMz1dkPXyxIu91Cis_K_D68EOrnLamOsfGr3_oWFA_PwsLMGT4LB61A3-VhNhVdmetcEyPQZK-1iqoNicT8zsd_-D_WCct392KAr0C3FrJwhmqy1LEARH4k/s1600/btsnts-show-codes2.jpg) repeat-y top left;

color:#FEF9BF;

border : 1px solid #000;

border-left:20px solid #ccc;

-webkit-box-shadow: 0px 0px 10px  rgba(0, 0, 0, .3);

-moz-box-shadow: 0px 0px 10px  rgba(0, 0, 0, .3);

box-shadow: 0px 0px 10px  rgba(0, 0, 0, .3);

box-shadow: 10px 10px 5px #888888;

}


မိမိတို့ တက်ပလက် ဆေ့လို့ ရပါပြီ...ဒါဆို
ပို့စ်တင်ကြမယ်ပေါ့...တင်တဲ့အခါ ကုဒ်လေးထည့်ပေးလိုက်ပါ...အဲကုဒ်မှာ ဘဲ မိမိတို့ပေါ်စေခြင်တဲ့
လင့်ကို ထည့်ရမှာပါ...အောက်မှာပါ..

<div class="code1">
ဒီနေရာမှာ မိမိ ပေါ်စေချင်တဲ့ HTML/Javascript Codes ကိုထည့်ပါ။  </div>

                  မူရင်းးကို  သည်မှာ  လေ့လာနိုင်ပါတယ်..

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..


အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
လယ်တီမြေသား www.ledimye.blogspot.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မနှင့်စာပေနန်းတော် http://ninilayy.blogspot.com/

Jackie Chan ရဲ့ နောက်ဆုံးထွက်ဇါတ်ကား Police Story 2013 အကြည်

Unknown | 27.1.14 | Best Blogger Tips



Jackie Chan ရဲ့ နာမည်ကြီး ဇါတ်လမ်းတွဲထဲက နောက်ဆုံးထွက် ဇါတ်ကား

PLOICE STORY 2013 လေးပါ။အရင်ဇါတ်လမ် Ploice Story ကို Hong Kong မှာ

ရိုက်ခဲ့ပြီး ဒီဇါတ်လမ်းကိုတော့ တရုတ် ပြည်မကြီးမှာ ရိုက်ခဲ့တာပါ။တရုတ်ပြည်မှာ ရုံပြည့်ရုံလျှံ

ဝက်ဝက်ကွဲနာမည်ကြီးဇါတ်ကားကြီးပါ။ကြည့်မယ်ဆိုရင် အောက်မှာဝင်ဒေါင်းသွားလိုက်ပါ

ဖိုင်ဆိုဒ်တော့ 443.4 mb ရှိပြီးတော့ FLV Format အမျိုးအစားပါ

DOWNLOAD



ကိုလတ်(ကျွဲဆင်း)