Wednesday 30 September 2015

မြန်မာ့ အင်တာနက် အသုံးပြုသူတိုင်း သိထားသင့်သည့် မြန်မာ ဝဘ်က်ဆိုက် လိပ်စာ (၅) ခု

Aung Ko Htet | 30.9.15 | Best Blogger Tips




လူတိုင်း မိုဘိုင်း ဖုန်းကို အသုံးပြုလာနိုင်တဲ့အခြေအနေမှာ မိုဘိုင်းအင်တာနက်ကလည်း အလွယ်တကူ အသုံးပြုလာနိုင်ပြီ ဖြစ်ပါတယ်။ဒါပေမဲ့ မိုဘိုင်း အင်တာနက်ကို အသုံးပြုပြီး အင်တာနက်ဖိုး ၊ ဖုန်းဘေလ်အကုန်ခံရတာ တန်အောင် အသုံးပြုခြင်းဟာ နည်းပါးတာကို တွေ့ ရပါတယ်။

မိုဘိုင်းအင်တာနက်ကို ဂိမ်းဆော့ဖို့ သီးသန့် မဟုတ်ဘဲ ဘယ်လို အကျိုးရှိတဲ့ ဝက်ဘ်ဆိုက်လေးတွေ ကြည့်လို့ ရမလဲ ဆိုတာကို မျှဝေလိုက်ပါတယ်။



လတ်တလော ဆိုရှယ်မီဒီယာ ပေါ် အထိတောင် ရှယ်လာကြတဲ့ အထိ ကောင်းတဲ့ အကြောင်းအရာများကို ရေးသားထားတဲ့ ၀ဘ်ဆိုက်လေး တစ်ခု ဖြစ်ပါတယ်။ဝဘ်ဆိုက်ပုံပန်းက ရိုးရှင်းပြီး ဖတ်ရှုနိုင်တဲ့ ပိုစ့် အမျိုးအစားများကလည်း ကျစ်ကျစ်လစ်လစ်ရှိပါတယ်။ ဖတ်ရှုနိုင်တဲ့ အကြောင်းအရာများ ကတော့နိုင်ငံတကာဂီတ ၊ ရုပ်ရှင် ၊ နည်းပညာ ၊ ဘဝရေးရာ ၊ အားကစား ၊ ဖျော်ဖြေရေး စသဖြင့် ဖတ်လို့ ကောင်းအောင် ရေးသားထားတာကို တွေ့ ရပါတယ်။
တစ်နေ့ ကို တင်တဲ့ ပို့ စ် အရေအတွက် ၅-၈ ပိုစ့် တင်ပါတယ်။



မြန်မာအနုပညာရှင်များရဲ့  လက်ရှိ သတင်းများ ၊ အတွင်းရေး ၊ အင်တာဗျူး ၊ ဟိုးဟိုးကျော်တဲ့ အကြောင်းအရာများကို မျက်ခြေမပြတ် သိချင်တယ် ဆိုရင်တော့ ဒီ ဝဘ်ဆိုက် စာမျက်နှာက အကူအညီပေးပါလိမ့်မယ်။ သတင်းစာ ဂျာနယ်တွေမှာတောင် မဖော်ပြထားတဲ့ အကြောင်းအရာတွေကို ဒီမှာ သိရှိနိုင်ပါတယ်။ Myanmar Celebrity က Youtube Channel တစ်ခုပါ ရှိတဲ့ အတွက် တော်တော်လေး လှုပ်ရှားနိုင်တဲ့ အွန်လိုင်းမီဒီယာတစ်ခုလို့  ဆိုရမှာပါ။

တစ်နေ့ ကို တင်တဲ့ ပိုစ့် အရေအတွက်ကတော့ ၃-၅ ပိုစ့်  တင်လေ့ရှိပါတယ်။


ရန်ကုန် ၊ မန်းလေး မှာ ရှိတဲ့ အိမ်ခြံမြေများကို ငှားလိုသလား ၊ ဝယ်လိုသလား ၊ ဈေးဘယ်ဈေးရှိပြီလဲ သိချင်သလား ၊ ဒါမှမဟုတ် မိတ်ဆွေကိုယ်တိုင်က အိမ်ခြံမြေနဲ့ ပတ်သက်တဲ့  အကြောင်းအရာ ဆောင်းပါးလေးတွေ ဖတ်ချင်သလား။ ဒီဝဘ်ဆိုက်မှာ ရှာဖတ်လို့ ရပါတယ်။ ရန်ကုန်မြို့ မှာ နယ်ကနေ လာနေကြသူများအဖို့ အိမ်အငှား အကြောင်းအရာ ဈေးနှုန်းတွေကို သိရှိနိုင်ဖို့  ဒီဆိုက်က ကူညီပါလိမ့်မယ်။ ဝန်ထမ်းသမားတွေအဖို့  အိမ်ရှာရတဲ့ ပြဿနာကလည်း အလုပ်တစ်ခုဆိုတော့ ..ဒီလို ဝဘ်ဆိုက်လေးတွေ ရှိနေတော့ ရှာရဖွေရ လွယ်တာပေါ့။ 
အိမ်အငှား Up to date နဲ့  ဝန်ဆောင်မှု အကြောင်းအရာတွေအပြင် ၊ အိမ်ခြံမြေဆိုင်ရာ ဆောင်းပါးများ ကို တစ်နေ့  ၅ပုဒ်မှ ၁၀ ပုဒ်အထိ တင်ထားပေးတာကို တွေ့ ရပါတယ်။


တစ်နေ့ တာ အပျင်းပြေ စေဖို့  ဟာသနဲ့ ပေါက်တက်ကရ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီဝဘ်ဆိုက်က ကူညီပေးပါလိမ့်မယ်။ သူက လူပေါင်းစုံ တင်တဲ့ ဟာသ စာ ၊ ရုပ်ပုံ ၊ ဗီဒီယိုတွေကိုပါ ကြည့်ရှုနိုင်မှာပါ။ ဒါပေမဲ့ တစ်ခါတလေ ၁၈+  ဟာသလေးတွေပါ ပါလာတက်လို့   ဆယ်ကျော်သက်လေးတွေ ဖတ်လို့ မသင့်တော်ပါဘူး ။တစ်နေ့ တာ တင်တဲ့ ပိုစ့် ကတော့ ၁၀ - ၃၀ ပိုစ့်  ရှိပါတယ်။ 


ဒါကတော့ မိုဘိုင်းချစ်သူများအတွက် iOS ကော Andriod User အတွက် ပါ အသုံးတည့်တဲ့ ဝဘ်ဆိုက်ပါ။
Apps အကြောင်း ၊ဖုန်းပြင်နည်းအပြင် ၊ Mobile review တွေကို ပါ ဖတ်လို့ ရနိုင်မှာပါ။ အသုံးတည့်တဲ့ ဆော့ဝဲလ်တွေ ၊မိုဘိုင်းဖုန်း ဂိမ်းလေးတွေကိုပါ အခမဲ့ ဒေါင်းလုခ်ချလို့ ရအောင်
ပြုလုပ်ပေးထား ရှင်းပြပေးထားပါတယ်။ မိတ်ဆွေဖုန်း ပြဿနာ တစ်ခုခုရှိရင်လည်း မေးလို့ ရပါတယ်။ ဖုန်းအတွက် အသုံးဝင်တဲ့ ဝဘ်ဆိုက်လေးပါ။
တစ်နေ့ တာကို အနည်းဆုံး ၆ ပိုစ့် တင်ပါတယ်။


0 comments:

Post a Comment