Thursday, 7 June 2012

How to Solved Missing volume icon on taskbar (taskbar မှာ စပီကာ icon လေးပျောက်နေရင်)

Unknown | 7.6.12 | Best Blogger Tips

ဝင်းကမ္ဘာကျော်




ကျနော် ကတော့ Software တွေ Download လုပ်... ပြီးရင် စမ်း ၊ ကလိ.. အဆင်မပြေရင် ဗွမ်း နဲ့ အလုပ်တွေရှုတ်နေပါတယ် .. ဒီနေ့ ကလိ လိုက်တာ ပြဿနာကြီး  မဟုတ်ပေမဲ့ Taskbar က Speaker icon လေးပျောက်သွားတယ်ဗျာ... ဒါနဲ့ ဖြေရှင်းဖို့ နည်းလမ်းလိုက်ရှာတာ ဒီနည်း လေး နဲ့ အဆင်ပြေသွားလို့ ပြန်လည်မျှဝေလိုက်ပါတယ်...:)
ကျနော့လို Speaker icon လေးပျောက်သွားလို့ စိတ်ညစ်နေရင် အောက်မှာ ပြပေးထားတဲ့ လမ်းကြောင်းအတိုင်း ဖြေရှင်းနိုင်ပါတယ်...:)


Registry ထဲကို ဝင်ပြင်ပေးရမှာဆိုတော့ အမှားမခံပါဘူး .. ဒါ့ကြောင့် နံပါတ် 1 မှာပြောထားတဲ့ အတိုင်း Registry ကို Back Up လုပ်ထားနိုင်ပါမှ စိတ်ချနိုင်ပါတယ် ..တကယ်လို့ Registry ကို ဝင်ပြင်ရင်း တစုံတရာ မှားယွင်းခဲ့ရင် ဝင်းဒိုးပြန်တင်စရာမလိုပဲ စောစောက Back Up လုပ်ထားတဲ့ ဖိုင်လေး ပြန် RUN ပေးလိုက်တာနဲ့ အဆင် ပြန် ပြေသွားမှာပါ...


ကျနော်ကတော့ ကိုယ့်ကိုယ်ကို ယုံတယ် ဆိုပြီး ဒီနေရာက ပြောထားတဲ့အတိုင်း ရမ်းသန်းပြီး ကလိ လိုက်တာ အောက်က ပုံလေး အတိုင်း ပြန်ကောင်းသွားတယ်ဗျာ...:)


(ပုံသေးနေရင် ပုံလေးပေါ်ကို Click ပြီး ကြည့်နိုင်ပါတယ်)






စ လိုက်ကြရအောင်နော်....
ပထမဆုံး သင်ရိုးဟောင်းကြီးဖြစ်တဲ့ Start >> Run ကိုခေါ် regedit လို့ရေးပြီး Enter ခေါက်လိုက်ပါ ။


1. Back up the Registry by creating a restore point.


 
2. Go to Start > Run (or Windows-key + R), type in regedit and hit OK.


3. Navigate to the key HKEY_CURRENT_USER\ Software\ Classes\ Local Settings\ Software\ Microsoft\ Windows\ CurrentVersion\ TrayNotify.


4. Delete the values IconStreams and PastIconsStream.


5. Open up the Task Manager (Ctrl + Shift + Esc), go to the Processes tab, select explorer.exe and click End Process.


6. Open the Applications tab and click New Task at the bottom-right of the window.


7. In the message box that pops up type in explorer.exe and hit OK.


8. Explorer.exe will reload, and the missing icons should now be back in the system-tray where they belong.


9. Then if the volume bar isnt there, go to taskbar properties (where the volume was gray) and simply tick the box.




 အဲ့ဒီမှာ နံပါတ် ကနေ နံပါတ် အထိကတော့ ဘာပြဿနာမှမရှိပဲ အောင်မြင်စွာနဲ့ ရင်ဘတ် ကိုကော့ပြီး Delete လုပ် explorer.exe ကိုလည်း အောင်မြင်စွာ End Process လုပ်ပေးနိုင်ခဲ့ပါပြီ ။ 
(လူတိုင်းလဲ ဒီအဆင့်ထိတော့ လုပ်တတ်ကြလိမ့်မယ်ထင်ပါတယ် .... ဒါ့ကြောင့် နံပါတ်ကနေ အထိကို ချန်လှပ်ထားခဲ့တာပါ .. မလုပ်တတ်ဘူး ဆိုရင်လဲ Comment မှာပြောထားခဲ့ပါ သေချာအောင် Screenshot နဲ့  ပြန်တင်ပေးပါ့မယ်)


ကဲ ဘာဆက်လုပ်မလဲ Window Screen ပေါ်မှာ လက်ရှိကြည့်နေတဲ့ Firefox Browser ကကလွဲပြီး ဘာဆိုဘာမှ မတွေ့ရတော့ပါဘူး ... ဟိုက် သေပီကွာ...:(
 မဖြစ်သေးပါဘူးဆိုပြီး အပေါ်က စာတွေကို သေချာပြန်ကြည့်တော့မှ.. ဆက်လုပ်ရမဲ့ အလုပ်တွေ ပေါ်လာပါတော့တယ်..:) 
ဒီနေရာမှာ Registry ကို ဝင်ပြင်လေ့ ပြင်ထ မရှိသူ အတွေ့အကြုံ မရှိသေးသူ တစ်ယောက်အတွက် တော့ တော်တော်လေး တိုင်ပတ် သွားနိုင်ပါတယ်..။


ကွန်ပြူတာနည်းပညာ ဆိုတာ မသိသေးရင်သာ အရမ်းခတ်ခဲတာပါ .. သိသွားတော့လဲ ဒါလေးများကွာဆိုပြီး အထင် Small တတ် သွားကြတာ ကွန်ပြူတာ ပြဿနာ တတ်ဖူးသူတိုင်း သိကြမှာပါ...:)


ပြန်ဆက်ကြရအောင်ပါ.. နံပါတ် မှာ Open the Applications tab ဆိုတာကို ကျနော်ရှာမတွေ့တာပါ... ဘယ်တွေ့မလဲဗျာ ကျနော်က Task Manager ကို ပိတ်ပစ်လိုက်တာကိုး... 
ဒီတော့မှ သတိရ ပြီး  (Ctrl + Shift + Esc) or (Ctrl + Shift + Del) ကနေတဆင့်  Task Manager ကို ပြန်ခေါ်လိုက်တော့မှ ... ဟော တွေ့ပါပြီခင်မျာ... သူကဒီလိုကိုးးး




Applications >> New Task.. ကို Click လိုက်ပါ...။ ပြီးရင် အောက်က ပုံထဲကအတိုင်း...




New Task.. ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Box ထဲမှာ explorer.exe ဆိုပြီး ဥုံဖွက် ပေါ်စေ (အဲမှားလို့) explorer.exe လို့ ရေးပြီး OK ကိုနှိပ်လိုက်ရင် explorer က သူ့ဘာသာသူ reload လုပ်ပေးပြီး စောစောက ပျောက်နေတဲ့ Speaker icon လေးနဲ့ အတူ ပြန်တတ်လာပါတော့တယ်...။


ဒီ Registry ကနေတဆင့်ဝင်ပြီး ဖြေရှင်းနည်းကတော့ သိပြီးသား လူ အတွက် ပြဿနာ မရှိနိုင်ပေမဲ့ ခုမှ စ တင် လေ့လာနေသူ တွေအဖို့ကတော့ မဟာ စွန့်စားခန်း တစ်ခုပါပဲ ... (တခုခု မှားသွားရင် Window ပြန်တင်တတ်ရလို့ပါ)
ဒါ့ကြောင့် Resgisty ကို ဝင်ပြင်တဲ့ အတွေ့အကြုံလေးကို... ကွန်ပြူတာ နည်းပညာကို ခုမှ စ တင် လေ့လာနေသူတွေ အတွက် ဗဟုသုတ ရစေရန်  ရည်ရွယ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်..





အားလုံးအဆင်ပြေကြပါစေ.....:)
ဝင်းကမ္ဘာကျော်




0 comments:

Post a Comment