Friday, 31 October 2014
ဘလော့ခရီးသည် နှင့် အခြားဆိုဒ်စုံ APK လေးပါ.. ( For Android Ph User )
Anonymous | 31.10.14 | Best Blogger Tips
မင်္ဂလာပါ  ကျွန်တော် ဘလော့ခရီးသည် ရဲ့ APK လေးကို အသစ်တဖန်ပြန်လည် လ်ုပထားပါတယ်..
သည်တခါတော့ အတတ်နိုင်ဆုံး စုံစုံလင်လင် ဖြစ်စေ၇န်  ပြင်ဆင်ထားပါတယ်....
 ပါဝင်သော ဆိုဒ်များကတော့
(၁) စာအုပ်စာပေဆိုဒ်များ
(၂) နည်းပညာဆိုဒ်များ
(၃) သတင်းမီဒီယာဆိုဒ်များ
(၄) သီချင်းဆိုဒ်များ
(၅) အားကစားဆိုဒ်များ
စသည်တို့ကို  ရသလောက် ထည့်သွင်းဖေါ်ပြပေးထားပါတယ်... မိမိတို့ ဖုန်းကနေ အမြဲ တင်နေသမျှ တွေကို  နောက်မကျရလေအောင်  စောင့်ဖတ်ကြမယ်ဆိုပါက အောက်မှာ ဒေါင်းလိုက်ပါနော်..
ဘလော့ခရီးသည် APK ဒေါင်းရန်
(OR)
 (OR)
(OR)
အစစ အဆင်ပြေပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်
Thursday, 30 October 2014
Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်း
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 30.10.14 | Best Blogger Tips
windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================
သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 
UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။
(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 
of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 
တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 
gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။
 အဆင့်  ( ၁ )
------------------------------
အရင်ဆုံး မိမိ ကွန်ပျူ  တာ ကို restart ပြန်ချ ပါမယ်။ 
အဆင့်  ( ၂ )
---------------------------------
windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။
အဆင့်  ( ၃ )
--------------------------------
cmd  / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။
(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။
(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။
(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )
clean ကိုရိုက်ပါ enter ခေါက်ပါ။
convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။
exit ကိုရိုက်ပြီး ထွက်လိုက်ပါ။
လက်တွေ့ စမ်းသပ် လုပ်ပြ ထား တဲ့  video ကြည့် ချင် သူ များ အနေ နှင် ဒီမှာ လေ့ လာ ပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။
စိုင်းသူ (နည်းပညာ ပြန်လည် မျှဝေခြင်း )
Sunday, 26 October 2014
Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် လုပ်နည်း
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 26.10.14 | Best Blogger Tips
Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် မလုပ်တတ်သေးတဲ့ 
သူငယ်ချင်များအတွက် full version ဖြစ်အောင် လုပ်နည်း ( video file ) လေး ကို ပါ တစ်ပါ တည်းဖော် ပြပေးထား ပါ တယ်။ အသုံးပြု လို သူ များ အနေ နှင့် အောက်မှာ download ယူပြီး full version ဖြစ်အောင် လုပ်နည်း video လေး ကို ကြည့် ပေးပါ။
full version မလုပ်တတ်သေးရင် ဒီ video လေး ကို သွား ပြီး လေ့ လာ ပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။
စိုင်းသူ 
www.saithu102.blogspot.com
Thursday, 23 October 2014
2050 အထိ လိုင်စင် သက်တမ်း ရ တဲ့  Avast Antivirus
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 23.10.14 | Best Blogger Tips
2050 အထိ လိုင်စင် သက်တမ်း ရ တဲ့  Avast Antivirus Free & Avast Internet Security 2015  လေး ကို အသုံး ပြု လို သူများ အတွက် လိုင်စင်သက်တမ်း ရ အောင် ပြု လုပ် နည်း ပါ video file ပါ တစ်ပါ တည်း တင်ပေးထား ပါတယ်။အသုံးပြု လို သူများ အနေ နဲ့ အောက် မှာ ဒေါင်း ယူလိုက်ပါ။
ဒေါင်းရန် / Google Drive  ,
လိုင်စင်သက်တမ်း ပြု လုပ်နည်း လေးကို ဒီမှာ ကြည့် နိုင်ပါ တယ်။
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
Sunday, 19 October 2014
screen capture ရိုက်ချင် သူများအတွက် BSR Screen Recoder
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 19.10.14 | Best Blogger Tips
အောက်မှာ series keys ထည့် ဖို့ အတွက် screen shoot ပုံလေးတွေ ကိုပါဖော်ပြပေးထားပါတယ်။
ဒေါင်းလုပ်ယူရန် /  solidfiles , google drive
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
video တည်းဖြတ်ချင် သူများ အတွက် wondershare video editor 4.7.1.0
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 19.10.14 | Best Blogger Tips
 ဆော့ ဝဲ ကောင်းကောင်းလေး တွေ သိမ်း ထား ချင် တဲ့  မိတ် ဆွေ တွေ အတွက် wondershare video editor နောက်ဆုံးထွက် update လေးကို ပြန်လည်မျှ ဝေ ချင်ပါတယ်။
ပေါ့ ပေါ့ ပါးပါး လေး နဲ့  အသုံး ပြု လို ရပါတယ်။ effect တွေလည်းတော်တော်လေး ကိုစုံလင် လာ သလို မိမိလိုချင်တဲ့  effect ကိုလည်းဒေါင်း လို့ ရပါသေးတယ်။ဖိုင်ဆိုဒ်ကတော့ (83 MB ) ရှိပါတယ်။
Full version အသုံးပြု လို့ ရ အောင် crack file လေးကို ထည့် သွင်းပေးထားပါတယ်။
crack မဖြည် တတ် သူများ အတွက် အောက်ကvideo လေး ကို အကူအညီ ရယူပြီး အဆင်ပြေပြေ အသုံးပြု လို့ ရပါတယ်။
ဒေါင်းရန် - solidfiles , google drive
crack ဖိုင်မဖြေ တတ် သေးသူများ ဒီမှာ လေ့ လာပေးပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ် မယ် ဆို ရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
Wednesday, 15 October 2014
ဖိုင်တွေ Copy ကူးရင် ကြာနေလို့ မြန်တာလေးကို မှသုံးချင်တဲ့ သူတွေအတွက်
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 15.10.14 | Best Blogger Tips
ဖိုင်တွေ Copy ကူးရင် ကြာနေလို့ မြန်တာလေးကို မှသုံးချင်တဲ့ သူတွေအတွက် ဒီဆော့ဝဲလိကိုဆောင်ထားပါ။ ရှရခတ်နေသူတွေအတွက် အဆင်သင့်သုံးလိုရအောင်တင်ပေးထားပါတယ်။
ဖိုင်တွေကို Copy ကူးရာမှာ တကယ့် မြန်တဲ့ ဆော့ဝဲလ်ဖြစ်တာမို့  မသုံဖူးသေတယ်လူတွေ ဒီဆောဝဲလ်
ကို သုံးဖြစ်အောင်သုံးလိုက်ပါ လို့ ပြောပါရစေ ။အခု လက်ရှိ ကျွန်တော်ဒီကောင်းလေးကို သုံနေတာမို
ကိုယ် အကောင်းသုံးနေသလို သူများတွေလည်းအကောင်းသုံးစေချင်တဲ့ စိတ်လေးနဲ့ မျှဝေပေးတာပါ။
Tuesday, 14 October 2014
လူငယ်နှင့် အလုပ်အကိုင်
Aung Ko Htet | 14.10.14 | Best Blogger Tips
ဒီဆောင်ပါးဟာ စာရေးသူအနေနဲ့ လူငယ်တွေဟာ အလုပ်လုပ်ကိုင်တဲ့ စွမ်းရည်နဲ့ ကြိုးစားနိုင်တဲ့ စွမ်းအားတွေရှိတဲ့အကြောင်းကို စာရေးသူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ နဲ့ ဖော်ပြပေး လိုက်ရပါတယ်။ တကယ်တော့ လူငယ်တွေကို နေရာပေးစေချင်လို့ပါ။ လူငယ်တွေမှာ လုပ်နိုင်စွမ်းတွေရှိကြပါတယ်။ လူငယ်တွေမှာ ခဏသင်ပေးလိုက်တာနဲ့ အလွယ်တကူ တတ်မြောက် နိုင်တဲ့ ခွန်အားတွေရှိပါတယ်။ လူငယ်တွေဟာ လူကြီးတွေလောက် အသုံးမ၀င်ဘူးဆိုတဲ့ ရှေးဟောင်းအယူတွေကို ပြောင်းလဲသင့်ပြီလို့ ထင်လို့ပါ။ မင်းအသာနေစမ်းပါ မင်းငါ့လောက် လုပ်သက်ရှိလို့လားဆိုတဲ့ လူငယ်တွေကို ဘေးထိုးထားတဲ့ အဖြစ်တွေကို ပြောင်းလဲသင့်ပါပြီ။
လူငယ်တွေအနေနဲ့လည်း ကြိုးစားကြပါ။ ကြိုးစားအားထုတ်မှုမရှိပဲနဲ့တော့ အောင်မြင်မှုဆိုတာကို ရလာမှမဟုတ်ပါဘူး။ အိပ်ယာထဲကနေ ကျွန်တော်က ဘာဖြစ်ချင်တာ ညာဖြစ်ချင်တာဆိုပြီး လျှောက်အော်နေလို့ကတော့ အလကားပါပဲ။ ကိုယ်က ကြိုးစားမှ ကိုယ့်ကို စောင့်ကြည့်နေကြတဲ့ လူကြီးတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုမှာဖြစ်ပါတယ်။ နောက် လာမည့် အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိနေတာကို သတိရပေးပါ။
ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံလေးတစ်ခု တင်ပြလိုပါတယ်။ စာရေးသူဟာ ဆယ်စာမေးပွဲဖြေပြီးကတည်းက လုပ်ငန်းခွင်ဝင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ စာရေးသူဝါသနာပါတာကတော့ IT နည်းပညာပိုင်းပါ။ IT နည်းပညာကို စသိခါစကတော့ ကွန်ပျူ ပြုပြင်ခြင်းနဲ့ စတင် သိရှိခဲ့ပါတယ်။ ကွန်ပျူတာတွေ ပြင်ပေးချင်တယ်။ ဒီပညာရပ်ဟာ ကိုယ့်ရဲ့ နှောင်ရေးအတွက် လည်း အဆင်ပြေစေမယ်ဆိုတဲ့ အသိလေးပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့တာက ကွန်ပျူတာပြုပြင်ခြင်းဆိုတာ နည်းပညာရဲ့ တစ်စိတ် တစ်ဒေသပဲဆိုတာပါပဲ။ နောက်တော့ လေ့လာရင်းနဲ့ Networking, Programming နဲ့ social media ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိသင့်သလောက်သိလာခဲ့တာပါ။
ဒါက စာရေးသူရဲ့ ၀ါသနာအကြောင်းပါ။ ဒီလိုနဲ့ စာရေးသူဟာ ဆယ်တန်းအောင်ပြီးခါစ ဆိုတဲ့ ပညာရည်အချင်းတစ်ခုနဲ့ အရောင်းဆိုင်လေးတစ်ဆိုင်မှာ စတင် အလုပ်လုပ်ခဲ့ပါတယ်။ စာရေးသူရဲ့ မိဘတွေကတော့ နယ်မှာပါ။ စာရေးသူဟာ ဦးလေးနဲ့ အဒေါ်တို့ရဲ့ ထိန်ကျောင်း မှုတွေကြားမှာ ကြီးပြင်းခဲ့ရ တဲ့ လူတစ်ယောက်ဆိုတော့ သူတို့ စီစဉ်ပေးတဲ့အတိုင်း အရောင်းဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။ အဲ့ဒီတုန်းက ရတဲ့ လစာကတော့ သုံးသောင်းကျပ်ပါ။ ဒီလစာကိုတစ်ခါတည်းတန်းမရပါဘူး။ လ၀က်လောက် အလုပ်သင်အနေနဲ့ လုပ်ရပါသေးတယ်။ နောက်လမှ သုံးသောင်းဆိုတဲ့ ငွေပမာဏကို လက်ဝယ်ပိုင်ဆိုင်ခဲ့တာပါ။
အဲ့ဒီ အလုပ်မှာ သုံးလလောက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ အိမ်ကိုရောက်ဖို့အတွက် ကားနှစ်ဆင့် စီးရတဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်ထမင်းကိုစား ရတဲ့ ငွေကြေးပမာဏကို ငွေသုံးသောင်းဆို တဲ့ တန်ဖိုးက လုံလုံလောက်လောက် မဖြည့်ဆည်းပေးနိုင်လို့ အိမ်က လူကြီးတွေ စီစဉ်ပေးတဲ့ နောက်အလုပ်တစ်ခုကိုပြောင်းခဲ့ပါတယ်။ နောက်တော့ စာရေးသူဟာ Transportation Contract Company တစ်ခုမှာ တစ်လကို လစာငါးသောင်းနဲ့ အလုပ်ရခဲ့ပါတယ်။ စာရေးသူရဲ့ တာဝန်က Transportation Leader ပါ။ အလုပ်က အဆောင်ပေးပါတယ်။
အဆောင်မှာနေတဲ့ ၀န်ထမ်းဆိုရင် ထမင်းဖိုး မနက်စာ ရှစ်ရာနဲ့ ညစာ ရှစ်ရာဆိုပြီး တစ်ရက် ထောင့်ခြောက်ရာရပါတယ်။ စာရေးသူကလည်း ဆယ်တန်းအောင်ပြီးကတည်းက ကိုယ်ထူးကိုယ်ချွန်မယ်ဆိုတဲ့အတွေးနဲ့ နေတဲ့ လူဆိုတော့ သူတို့ စီစဉ်ပေးတဲ့အဆောင်မှာ နေဖြစ်ခဲ့ပါတယ်။ လမ်းစရိတ်မကုန် ထမင်းစားရိတ်လည်း အပိုရဆိုတော့ စာရေးသူအတွက် ပိုပြီး တွက်ခြေကိုက်ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ရဲ့ အိမ်မှာနေရတာဖြစ်တဲ့အတွက်ကြောင့် အချိန်မရွေး အခိုင်းခံရပါတယ်။ ရတဲ့ လစာငွေကတော့ အားလုံးပေါင်းလိုက်ရင် တစ်သိန်းနီးပါးရပါတယ်။ သေသေချာချာ တွက်ကြည့်မယ်ဆိုရင်တော့ တစ်သိန်းကျော်မယ်လို့ ထင်ပါတယ်။ အဲ့ဒီတစ်သိန်းကျော်ဖို့အတွက် အလုပ်လုပ်ရတာလည်းနေ့ရောညပါလုပ်ရပါတယ်။နေပူပူ မိုးရွာရွာ ထီးမပါ ခေါင်းဆောင်းမပါပဲ ပြေးလွှား လုပ်ကိုင်ပြီး အလုပ်က ပြန်ရောက်တဲ့အချိန်က အိပ်ချိန်ပါပဲ။ နေပူ မိုးရွာထဲမှာ ထီးဆောင်းရတာတို့ ဆိုတာကလည်း အလုပ်ကို နှောင့်နှေး ကြံ့ကြာစေတဲ့ မလိုလားအပ်တဲ့ အပြုမူ တစ်ခုပါပဲ။
တစ်ခါတစ်လေ ပင်ပန်းလွန်းလို့ ရေတောင်မချိုးနိုင် ညစာတောင်မစားနိုင်ပဲ တန်းပြီးအိပ်ပျော်သွားခဲ့ပါတယ်။ မနက်ကျရင်တော့ ငါးနာရီပုံမှန်ထရတာပေါ့။ ဒါမှလည်း စာရေးသူတို့ အလုပ်က အချိန်မှီ Transport လုပ်နိုင်မှာလေ။ အသက်ဆယ်ရှစ်နှစ် ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ယောက်က မနက်မိုးလင်းတာနဲ့ Dyna 14 ပေ ကားရဲ့ခေါင်းခန်းကနေစီးပြီး စားသုံးသူ Customer တွေဆီ မိမိ company ရဲ့ Product တစ်ခုကို အချိန်မှီပို့ပေးနိုင်ဖို့ လူကြီးတစ်ယောက် နည်းတူ အလုပ်လုပ်ရပါပြီ။ စာရေးသူဟာ Leader ဖြစ်တာကြောင့် စာရေးသူရဲ့ လက်အောက်က အလုပ်သမားတွေ အများကြီး ရှိပါတယ်။
အကုန်လုံးက ကိုယ့်ထက် အသက်ကြီးတဲ့ အိမ်ထောင်ရှင် လူကြီးတွေဖြစ်ပါတယ်။ ပြဿနာတွေစပါပြီ။ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်က လူကြီးတွေကို Leader လုပ်ရတဲ့အတွေ့အကြုံတွေ စတင်တွေ့ရပါပြီ။ အတိုက်အခံတွေနဲ့ ကိုယ်ပြောရင် ပြောသလို ဖြစ်မလာတာတွေကအစ ပြဿနာတွေ ကြုံတွေ့ရပါပြီ။ အလုပ်မှာ စာရင်းတွေမှားတာကအစ၊ နောက်ဆုံး စက်ရုံကို အချိန်မှီမရောက်တာကအဆုံး၊ကားသမားတွေက ပညာပြတာ ခံရနဲ့ စာရေးသူ Manager ရဲ့ ဆူပူ ဆဲဆိုမှုတွေကို ခံခဲ့ရပါတယ်။
ကိုယ်ကလည်း လူငယ်မို့လို့လားတော့ မသိဘူး။ စိတ်ဆတ်တယ်လို့တော့ ကိုယ့်ကိုယ်ကို ထင်မိတယ်။ တစ်ခုခုဆိုရင် ဒေါသထွက်တာကလည်း အားနည်းချက်တစ်ခုဖြစ်နေတယ်။ ဒီတော့ အောက်လက်ငယ်သားဝန်ထမ်းတွေဖြစ်တဲ့ လူကြီးတွေနဲ့ အဆင်မပြေတာတွေဖြစ်လာခဲ့တယ်။ စစချင်းမို့လို့ သူတို့က ပညာပြတာလဲ ပါမှာပေါ့။ ဒါပေမဲ့ စာရေးသူရဲ့ အားသာချက်တစ်ခုကတော့ လူအပေါင်းအသင်းကောင်းတာပါပဲ။ လူတစ်ယောက်ကို ကြည့်လိုက်တယ်။
ဒီလူဘာကြိုက်တတ်တယ်ဆိုတာတွေကို လိုက်လျောပြီး ပေါင်းသင်းတတ်တာကတော့ စာရေးသူရဲ့ အားသာချက်တစ်ခုပါ။ ဒီလိုနဲ့ စာရေးသူရဲ့ လုပ်ငန်းအဆင်ပြေဖို့နဲ့ ရေရှည်မှာ အကောင်းမွန်ဆုံးဖြစ်ဖို့ စာရေးသူရဲ့ လက်အောက်က ၀န်ထမ်းတွေကိုပေါင်းသင်းရပါပြီ။ သူတို့အကြိုက်လိုက်ပြီး ပေါင်းတာရှိသလို ကိုယ့်အကြိုက်တွေ ပြောပြပြီးပေါင်းသင်းရတာလဲ ပါတာပေါ့။ ဒီလိုနဲ့ပဲ စာရေးသူဟာ ရိုးရိုးမေဂျာ မြန်မာစာနဲ့ ဒဂုံ တကသိုလ်မှာ အဝေးသင် တက်ရောက်ခဲ့ပါတယ်။ ဒါကတော့ ကိုယ့်ပညာရေးဆိုတော့ ဘွဲ့ရမှဖြစ်မယ်လေ။ ပထမနှစ်ကျောင်းပြီးတော့ ကြားထဲမှာ အားတဲ့အချိန်တွေရှိနေတယ်။ အလုပ်ကြီးပဲ လုပ်နေလို့ကလဲ အဆင်မပြေပြန်ဘူးလေ။ ကိုယ့်တက်လမ်းကိုလည်း တစ်ဖက်ကရှာရတာပေါ့။ ဒါနဲ့ ပဲ ကိုယ်ဝါသနာပါပဲ IT နည်းပညာ အတွက် သင်တန်းတွေတက်ခဲ့ပါတယ်။
ပထမနှစ်ကျောင်းပြီးတယ် ကွန်ပျူတာ Basic (iOffice 2007) ကိုတက်ရောက်ခဲ့တယ်။ နောက်ထပ်အလုပ်လုပ်ရင်းနဲ့ ပဲ ဒုတိယနှစ်ကျောင်းတက်ရမဲ့ အချိန်ရောက်တော့ ကျောင်းတက်ပြီး စာမေးပွဲပြီးတဲ့ အချိန်မှာ နောက်ထပ် Practical A+ ကိုတက်ရောက်ခဲ့တယ်။ နောက်ထပ်ဒီလိုပဲ တတိယနှစ်ပြီးတဲ့ အချိန်မှာ Network Engineering သင်တန်းကိုတက်ခဲ့တယ်။ အဲ့ဒီနောက်မှာ Laptop လေးတစ်လုံးကို ပိုက်ဆံစုပြီး ၀ယ်လိုက်တယ်။ သီချင်းဆိုတာကို ၀န်သနာပါတဲ့ အနုပညာရှင်အနေနဲ့ ဂစ်တာတစ်လုံးတော့ ရှိသလို၊ အိုင်တီနည်းပညာကို ၀ါသနာပါတဲ့ လူတစ်ယောက်အတွက်တော့ ကွန်ပျူတာ တစ်လုံးဆိုတာရှိသင့်တယ်လေ။ စာရေးသူဟာ ကိုယ်ဝါသနာပါတဲ့ နည်းပညာ ပိုင်းကို လေ့လာရင်း ဒီအလုပ်ထဲမှာပဲ ဒီလစာနှုန်းထားနဲ့ လုပ်ကိုင် နေထိုင်ခဲ့တာ သုံးနှစ် ရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စာရေးသူဟာ company ရဲ့ ယုံကြည်မှု တစ်ခုကို ရရှိခဲ့ပါတယ်။
ဘယ်လောက်တောင်လဲဆိုရင် စာရေးသူလုပ်တဲ့ Company ဟာ Transportation Contract အနေနဲ့ အမည်ခွဲတွေ အများကြီးနဲ့ လုပ်ကိုင်ခဲ့ပြီး အဲ့ဒီထဲကမှ စာရေးသူ လုပ်ကိုင်နေတဲ့ စာရေးသူတို့ အဖွဲ့ စည်းတစ်ခုဟာ စက်ရုံရဲ့ တင်ဒါ ရွေးချယ်ပွဲကနေ မပါဝင်ပဲ အဖြုတ်ခံခဲ့ရပါတယ်။ အဲ့ဒီထဲကမှ စာရေးသူတို့အဖွဲ့ရဲ့ ၀န်ထမ်းတွေအများကြီး လျှော့ချပြစ်ခဲ့ရပါတယ်။ လူပျို လူလွတ်တွေ အလုပ်ပြုတ်တာ အကြောင်းမဟုတ်ပေမဲ့ အိမ်ထောင်သည်တွေအတွက်တော့ စိတ်မကောင်းစရာ အချိန်တွေဖြစ်ခဲ့ရပါတယ်။ စာရေးသူလည်း ကိုယ့်အထုတ် ကိုယ်ထုတ်ပြီး အိမ်ပြန်ရတော့မယ်လေ။
ဒါပေမဲ့ ဖြစ်ချင်တော့ စာရေးသူရဲ့ ဦးလေးနဲ့ အဒေါ် နှစ်ယောက်စလုံးက အစိုးရ၀န်ထမ်းဖြစ်တာကြောင့် တာဝန်နဲ့ နေပြည်တော်ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဦးလေးဆီကို ဖုန်းဆက်တော့ နေစရာကို စီစဉ်ပေးတဲ့အတွက်ကြောင့် ကိုယ့်အတွက် လုပ်စရာမရှိတော့တဲ့ အလုပ်ကနေ ပြန်ဖို့ ပြင်ဆင်ခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကြိုးစားမှုလို့ပဲ ဆိုလေမလား၊ ကုသိုလ်ကံလို့ပဲ ဆိုလေမလား စာရေးသူကို Company ရဲ့ အခြား အဖွဲ့ အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်ပေးဖို့ သူဌေးက လျှော့ချပြစ်လိုက်တဲ့ ၀န်ထမ်းတွေ မသိအောင် ကမ်းလှမ်းတော့ ကံမကောင်း သူတွေကြား ထဲကနေ ကံထူးသူမောင်ဖြစ်သွား ပါလေရော။ ဒီလို ဖြစ်လာဖို့အတွက်ကို စာရေးသူကို အာမခံပေးတာကတော့ စာရေးသူရဲ့ မန်နေဂျာပါ။
အဲ့ဒီ အဖွဲ့ အစည်းတစ်ခုကလည်း သူဌေးနဲ့ တိုက်ရိုက်ဆက်သွယ်ရတဲ့ အဖွဲ့ အစည်းဖြစ်တော့ စာရေးသူဟာ သူဌေး ယုံကြည်ရတဲ့ လူတစ်ယောက်အဖြစ် နေရာရခဲ့ပါတယ်။ နောက်ဆုံး လှိုင်သာယာကို စာရေးသူရဲ့ နာမည်နဲ့ ဂိုထောင်ဝယ်ထားတဲ့ အနေထားထိတောင်ရခဲ့ပါတယ်။ ဒီလိုနဲ့ စာရေးသူဟာ ရိုးရိုးမေဂျာ မြန်မာစာနဲ့ (BA Myanmar) ဆိုတဲ့ ဘွဲ့ကိုရပါပြီ။ ဒီဘွဲ့ယူဖို့လည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားတာက ဓါတ်ပုံရိုက်မယ် ဘယ်သွားမယ် ဘာလုပ်မယ်နဲ့ပေါ့။ တကယ်တမ်းဘွဲ့ယူရမဲ့ အချိန်ကျတော့ စာရေးသူကိုယ်တိုင် ဘွဲ့ ယူရမဲ့ နေ့ကို မေ့နေခဲ့ပါတယ်။ အဲ့ဒီနေ့ကလည်း မှတ်မှတ်ရရ Company ရဲ့ Product အတွက် Client တွေဆီကို Transport လုပ်ဖို့ ဘွဲ့ နှင်းသဘင်ခန်းမဘက်ကို ကားမောင်းရင်း ဖြတ်သွားတုန်း ဘွဲ့ဝတ်စုံတွေနဲ့ လူတွေကို တွေ့ရတော့မှ သိရတယ်။
ဒီနေ့ဟာ စာရေးသူရဲ့ ဘွဲ့ယူရမဲ့နေ့ဆိုတာကို သိခဲ့ရပါတယ်။ ပြီးတော့မှ အလုပ်ထဲက ၀န်ထမ်းတွေကို ပြန်ပြောပြတော့မှ အားလုံးက တော်တော်ဆိုးတဲ့ ကောင်လို့ မှတ်ချက်ပေးတာကို ခံလိုက်ရတယ်။ ဒါက အဓိက မဟုတ်ပါဘူး။ နောက်မှ ဘွဲ့လက်မှတ်သွားထုတ်လည်းအဆင်ပြေသွားတာပဲ။ ဒီ ဘွဲ့လက်မှတ်ကြီးကိုင် ဘွဲ့ဝတ်စုံတွေဝတ် ဓါတ်ပုံတွေရိုက်ပြီး ငါက ဘွဲ့ရပညာတတ်ကြီး ဘာကြီးဆိုပြီးလည်း ဂုဏ်ယူနေဖို့အတွက် အချိန်မပေးနိုင်ပါဘူး။ ဘွဲ့မရပဲ အောင်မြင်မှုရနေတဲ့ သူတွေအများကြီးပဲလေ။ ဒီဘွဲ့လက်မှတ်ကြီးရှိတော့မှ လူရာဝင်တယ်ဆိုတဲ့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေရဲ့ ရှေးဆန်ဆန်အတွေးအခေါ်တွေကြောင့်သာ ဘွဲ့ရအောင်ယူလိုက်တဲ့ သဘောပါပဲ။ ဒါတွေပိုင်ထားမှပဲ ကိုယ်နောက်အလုပ်တွေအတွက် အဆင်ပြေမှာလေ။
စာရေးသူက ဘွဲ့ရပြီဆိုတော့ စာရေးသူရဲ့ နှောင်ရေးအတွက် စဉ်းစားရပြီလေ။ ကိုယ်ဝါသနာပါတာ ကိုယ်ဖြစ်ချင်တာက IT သမားတစ်ယောက် ၊ ဒါပေမဲ့ ကိုယ်လုပ်နေတာက Transportation Leader တစ်ယောက် ဘာမှကို မဆိုင်တော့ပါဘူး။ အဲ့ဒါကြောင့် လက်ရှိ လုပ်နေတဲ့ Transportation Leader အလုပ်ကို ထွက်ပြီး ကိုယ်ဝါသနာပါတဲ့ IT နည်းပညာနယ်ပယ်ကို အခြေချ ဖို့အတွက် အိုင်တီနဲ့ ပါတ်သက်တဲ့ company တွေမှာ အလုပ်လျှောက်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စာရေးသူဟာ Web Design (HTML,CSS,Javascript,Photoshop,Flash) နဲ့ Web Developer (PHP, Mysql) ကိုတက်ရောက်ပြီးစီးလို့ Web Developer အလုပ်ကိုလည်း လေ့လာသင်ယူ လုပ်ကိုင်လျှက်ရှိပါတယ်။ Social Media ပိုင်းနဲ့ လည်း အလုပ်တွေ လုပ်ကိုင်လျှက် ရှိသလို Blogger အဖြစ်လည်း IT နည်းပညာနဲ့ ပါတ်သက်တဲ့ နည်းလမ်းတွေ ဆောင်းပါးတွေ application & software တွေကို ရေးသား မျှဝေပေး လျှက်ရှိပါတယ်။
ဒီအကြောင်းအရာတွေဟာ စာရေးသူရဲ့ ဘ၀တစ်စိတ်တစ်ဒေသ ကြိုးစားမှုကိုရေးသားဖော်ပြ ထားခြင်းဖြစ်ပါ တယ်။ ဘာအတွက်လည်းဆိုရင်တော့ စာရေးသူတို့လို လူငယ်တွေမှာ ကြိုးစားမှုတွေရှိ တယ်ဆိုတာကိုသိစေချင်ပါတယ်။ စာရေးသူတို့လို လူငယ်တွေမှာ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီလူငယ်တွေကို မြေတောင်မြောက်ပေးဖို့ဆိုတာ လူကြီးတွေဆီမှာ အများကြီး တာဝန်ရှိပါတယ်။ လူငယ်တွေကို လက်တွဲခေါ်ပေးပါ။ လူငယ်တွေမှာ အောင်မြင်လိုစိတ်ရှိပါတယ်။ ဒါတွေကို သိစေချင်လို့ စာရေးသူရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသားဖော်ပြ ပေးလိုက်ခြင်းဖြစ်ပါတယ်။
စာရေးသူ မျှဝေနေတဲ့ Blog နဲ့ Website တွေကတော့ www.ict.com.mm, www.winkabarkyaw.net, www.maungpauk.org , www.saithu102.blogspot.com , www.thefreenote.com , www.myanmarebookstore.blogspot.com နှင့် စာရေးသူရဲ့ ကိုယ်ပိုင် blog တွေဖြစ်တဲ့ www.mmitknowledge.com , www.itstudier.blogspot.com တို့အပြင် Facebook Fan Page တွေမှာလည်း ပြန်လည်မျှဝေပေးလျှက်ရှိပါတယ်။
Aung Ko Htet
Facebook : www.facebook.com/bloggeraungkohtet
Email : aungkohtet.htet82@gmail.com
website : www.mmitknowledge.com
Sunday, 12 October 2014
Samsung Galaxy Note 4 လေး နဲ့ Samsung Galaxy S5 ကို ROOT ကြမယ်
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 12.10.14 | Best Blogger Tips
CF-Auto-Root for the Samsung Galaxy Note 4
SM-N9100 (Qualcomm): CF-Auto-Root-trltechn-trlteduoszc-smn9100.zip (may be replaced)
SM-N910W8 (Canadia, Qualcomm): CF-Auto-Root-trltecan-trltecan-smn910w8.zip
SM-N910C (Thailand, Exynos): CF-Auto-Root-trelte-treltexx-smn910c.zip
SM-N910U (Hong Kong, Exynos): CF-Auto-Root-trhplte-trhpltexx-smn910u.zip
SM-N910S (Korea, Exynos): CF-Auto-Root-trelteskt-trelteskt-smn910s.zip
SM-N9106W (China, Snapdragon): CF-Auto-Root-trltechn-trlteduoszn-smn9106w.zip
SM-N9109W (China, Snapdragon): CF-Auto-Root-trltechn-trlteduosctc-smn9109w.zip
CF-Auto-Root for the Samsung Galaxy S5 (including S5 Prime)
SM-G900F (International Qualcomm): CF-Auto-Root-klte-kltexx-smg900f.zip
SM-G900H (International Exynos): CF-Auto-Root-k3g-k3gxx-smg900h.zip
SM-G900I (Oceania?): CF-Auto-Root-klte-kltedv-smg900i.zip
SM-G900L (Korea): CF-Auto-Root-kltelgt-kltelgt-smg900l.zip
SM-G900M (Middle and South America?): CF-Auto-Root-klte-klteub-smg900m.zip
SM-G900R4 (US Cellular): CF-Auto-Root-klteusc-klteusc-smg900r4.zip
SM-G900T (T-Mobile US): CF-Auto-Root-kltetmo-kltetmo-smg900t.zip
SM-G900P (Sprint): CF-Auto-Root-kltespr-kltespr-smg900p.zip
SM-G900T1 (Metro PCS): CF-Auto-Root-kltemetropcs-kltemetropcs-smg900t1.zip
SM-G900W8 (Canada): CF-Auto-Root-kltecan-kltevl-smg900w8.zip
SM-G900S (Korea?): CF-Auto-Root-klteskt-klteskt-smg900s.zip
SM-G901F: http://download.chainfire.eu/481/CF-…xx-smg901f.zip
SM-G906K: http://download.chainfire.eu/539/CF-…tt-smg906k.zip
SM-G906L: http://download.chainfire.eu/540/CF-…gt-smg906l.zip
SM-G906S: http://download.chainfire.eu/541/CF-…kt-smg906s.zip
Root လုပ်နည်း
Driver ဒေါင်းပြီးရင် Computer မှာ သွင်းထားပါ….. root ဖိုင်နဲက odin ကို ဇစ်ဖြေပါ ..
root ဖိုင် ဇစ်ဖြေရင် အထဲမှာ   CF-Auto-Root tar ရယ်
Odin ကိုဇစ်ဖြေပြီး Computer မှာ Run ပါ..  Odin  ရဲ့   PDA မှာ
CF-Auto-Root.tar ဖိုင်ကို သွင်းပေးပါ…
ပြီးရင် ဖုန်းကို ပိတ်   download mode ၀င်ပါမယ်.. 
volume down + power + home တွဲနှိပ်ပြီး ၀င်ပါ..  အောက်ပါအတိုင်းဖြစ်ပါမယ်
samsung-galaxy-note-downloade-mode-buttons
ဝင်ပြီးရင် ဖုန်းကို usb ထိုးပါ
Odin က ဖုန်းကို သိသွားတယ်ဆိုရင်တော့ အ၀ါရောင်လေးလင်းလာမှာပါ မသိရင်တော့ driver ပြန်တင်လိုက်ပါခင်ဗျာ။ ပြီးရင်တော့ start သာနှိပ်လိုက်ပါ။ Odin မှာ PASS ပြရင်တော့ Root တင်နည်းပြီးဆုံးပါပြီ
CREDIT TO- Myanmar XDA
Tuesday, 7 October 2014
Windows Browsers Downloader.exe
Kaung Khant | 7.10.14 | Best Blogger Tips
-  Browser Downloader ဆော့ဝဲသည် Windows OS အတွက် အသုံးများ၊ နာမည်ကြီးသော Web Browser များနှင့် မရှိမဖြစ် လိုအပ်သော Browser Plugins များကို အဆင်ပြေပြေ လွယ်လွယ်ကူကူ Download ပြုလုပ်နိုင်ရန် link များ ချိတ်ဆက်ထားပြီး မြန်မာဘာသာစနစ်ဖြင့် ဖန်တီးပြုလုပ်ထားသော Computer သုံး software တစ်ခုဖြစ်ပါသည်။
-  Firefox , Chrome , Avant Browser ,Internet Explorer , Maxthon Web Browserစသည်တို့၏ latest version များ ဒေါင်းနိုင်ရန် FileHippo.com နှင့် link များချိတ်ဆက်ထည့်သွင်းထားပါသည်။
- Plugin များဖြစ်သော Flash Player ,Google Toolbar , Shockwave စသည်တို့ကို လည်း Download ပြုလုပ်နိုင်ပါပြီ။
- Browser Downloader.exe – version 1.0 ကတော့ 1.46 MB ရှိပါတယ်။
Download လုပ်ရန်လင့်ခ်ကတော့ ---- 
https://www.dropbox.com/s/x7ng3ch7pogq59m/Browser%20Downloader.exe
ချစ်မိတ်ဆွေ စာဖတ်သူများ အနေဖြင့် အကြံပေးချက် ၊ ထင်မြင်ယူဆ ချက် ၊ ဝေဖန်သုံးသပ်ချက် များကို အောက်တွင် ရှိသော Comment Box တွင် ပေးခဲ့နိုင်ပါကြောင်း လေးစားစွာ ပြောကြားပါရစေ။
Sunday, 5 October 2014
ကလစ်၂ ချက် နှိပ်ရုံနဲ့ ဖူးဗားရှင်းဖြစ်တဲ့ Internet Download Manager Latest version
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.14 | Best Blogger Tips
ကျနော် ရဲ့ ဆိုဒ်မှာ အမြဲတမ်း တင်ပေးနေကြ IDM လေးပါ။
ဒါလေးကို Patch တွေ Crack တွေကို မသုံးတက်ပါဘူး မချိုး တက်ပါဘူး ဆိုတဲ့ လူတွေအတွက်
ရည်ရွယ်ပြီး အသစ် update ထွက်တိုင်း တင်ပေးနေပါတယ်။ကျနော် ရဲ့ သူငယ်ချင်းတွေအခက်အခဲ 
မဖြစ်ကြစေဖို့အတွက်ပါ။ ကျနော် ကိုယ်တိုင်လည်း Crack တွေကိုပဲ သုံးတာ ဖြစ်တဲ့အတွက်
Crack လုပ်နည်း Patch ချိုးနည်းတွေကို အရင်လေ့လာခဲ့ရပါတယ်။
အဲ့ဒါကြောင့် သူငယ်ချင်းတို့လည်း Crack သုံးနည်းလေးတွေကို လေ့လာထားစေချင်ပါတယ်။
Original ဝယ်မသုံးသေးဘူး ဆိုရင်ပြောတာပါနော်။ Patch ချိုးနည်း Crack သုံးနည်းတွေကို
မြန်မာ ဘလော့ဂါ တွေရော နိုင်ငံခြား ဘလော့ ဂါတွေရော စာနဲ့ တမျိုး video နဲ့ တမျိုး ရှင်းပြထားတာ
တွေ အများကြီးရှိပါတယ် ခင်ဗျ။ကျနော် ကိုယ်တိုင်လည်း Patch ချိုးနည်း ကို video နဲ့ ရှင်းပြထားတာရှိ
ပါတယ် တကယ်လို့ကြည့်မယ် ဆိုရင် ဒီနေရာမှာ ဝင်ကြည့်လို့ရပါတယ်
တကယ်လို့ original ဝယ်သုံးနေတာ ဆိုရင်တော့
ဘာပူစရာလိုလည်းနော်။ဒါလေးကတော့ Crack တွေ Patch တွေ မသုံးတက်တဲ့ 
ဘော်ဒါတွေ အတွက် ကလစ် ၂ ချက် နှိပ်ရုံနဲ့ Fullversion ဖြစ်တဲ့ IDM လေးပါ
အောက်မှာ အလွယ်တကူ ဝင်ယူသွားလိုက်ပါ ခင်ဗျာ
ဒါကတော့  crack ထားတဲ့  patch file ပါ လိုလိုမယ်မယ် ဒေါင်းလို့ ရ အောင် တစ်ခါ တည်းတင်ပေးထားတာပါ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ် ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.14 | Best Blogger Tips
သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း
------------------------------------------------------------------
firefox အသုံးပြု သူများ အတွက် ပါ။ မိမိတို့  အင်တာနက် မှာ bookmarks လေးတွေလုပ်ပြီး
 သိမ်းထားတတ်သူတွေ အတွက်ပါ။ မိမိမှတ်သားထားတာလေးတွေ ကို မိမိ တို့ စက် မှာ windows အသစ်
 တင် တဲ့ အခါ ပျောက်သွားမှာ ကို စိုးရိမ် စရာ မလို တော့ ပါ ဘူး။အဲဒီအတွက် firefox  မှာ sync account
 ဖွင့် ပြီး တော့ ပုံမှန် အသုံးပြု လိုက်ရုံပါပဲ။firefox မှာ sync Account ဖွင့် ဖို့ အတွက် မိမိ တို့ ရဲ့  gmail
Account နဲ့  အရင်ဆုံး Sin up လုပ်ရ ပါမယ်။မိမိနှစ်သက်တဲ့  password ပေးပြီး Sing up လုပ်ခဲ့ တဲ့ 
Email မှာ Verify လုပ်ပေးပြီး ရုံပါပဲ.... Windows အသစ် တင် တိုင်း firefox မှာ sync Account ကို sin in
ဝင် တာ နဲ့ မိမိ မှတ်သားထား တဲ့  bookmarks , tab , password , Add on တွေ ကို ကဲ အလွယ်ကူ
ဆုံး ပြန်လည်ရယူ နိုင် ပါပြီ။အောက်မှာ အသေးစိတ် ကိုပုံနှင့် တစ်ကွ ရှင်းပြပေးထားပါ တယ်။
အဆင့် ( ၁)
-------------------------------
firefox setting  / option မှာ အောက်ကပုံလေးအတိုင်း Sync ကိုနိုပ်ပါ။ Create Account ကို နိုပ်ပေးပါ။
အဆင့် ( ၂ )
----------------------------------
 မိမိရဲ့  Register  လုပ်မဲ့ Email လိပ်စာနှင့်  Password ကိုထည့် ပါ။ year of Birth မှာ မိမိ မေးသက္က ရာဇ် ကို ထည့် ပေးပါ။ပြီးရင် Next ကိုနိုပ်ပါ။
အဆင့် ( ၃ )
------------------------------------
 မိမိ Register လုပ်ခဲ့ တဲ့ အီးမေး ကိုဖွင့် ပါ ။ firefox sync ကို verify ဖြစ် ဖို့ ပေးပို့ လာ တဲ့ link ကိုနိုပ်ပါ။
အဆင့် ( ၃ )
------------------------------------
Manage ကိုနိုပ်ပါ။
အဆင့် ( ၄ ) 
---------------------------
မိမိ sync လုပ်လိုတဲ့  tabs , bookmarks စသည်ဖြင့် မိမိ နှစ်သက်သလို စီစဉ်ပါ။ ပြီးရင် အားလုံးပြီး ဆုံးသွားပါ ပြီ။
အသစ်တင်တိုင်း facebook ကနေ ဖတ်မယ် ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ
www.saithu102.blogspot.com
Wondershare Video Editor ဆော့ဝဲ
စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.14 | Best Blogger Tips
ကဲဒီဆော့ ၀ဲလေးကတော့ မြန်မာလို့  စာတန်းထိုးရတာလည်း အဆင်ပြေတယ် Effect လည်းစုံတယ် တော်တော်ကောင်းတယ်။
ကဲစမ်းကြည့်လိုက်ကြပါဦး
 cracked ဖိုင်ထဲ့ နည်းလေးပါ
install လုပ်ပြီးသွားရင်
   Wondershare Video Edito rar ဖိုင်လေးဖွင့်လိုက်တာနဲ့ 
အောက်ကပုံတိုင်း  cracked ဖိုင်လေးတွေ့ ပါလိမ့်မယ်ဝင်လိုက်ပါ။ 
 ပြီးရင်တော့ အောက်က Video Editor ဆိုတဲ့ ဖိုင်တွေ့ လိမ့်မယ်
အဲ့ တာလေးကိုခဏထားလိုက်
Desktop ပေါ်က Wondershare Video Edito icon လေးကို ကလစ်
ပြီး open file location ကိုနှိပ်လိုက်ပါ   
 C:\Program Files\Wondershare\Video Editor တန်း ရောက်သွားပါမယ် ဖိုင်ထွက်လာပါမယ် 
အောက်ကပုံတိုင်း အစောန cracked > Video Edito exe လေးကိုဆွဲထဲ့ လိုက်ပါ ရပါပြီ