Friday 12 June 2015

အင်တာနက်က လူတိုင်းကို အကျိုးပြုစေဖို့ဆိုရင်

Aung Ko Htet | 12.6.15 | Best Blogger Tips



နိုင်ငံတကာမှာ ရုပ်ရှင်ကြည့်ဖို့အတွက် ရုပ်ရှင်အချိန်ကို သိရန်နဲ့ လက်မှတ်ဝယ်ရန် ဖုန်းကနေပဲ တိုက်ရိုက်လုပ်ကြပါတယ်။ နေရာတစ်ခုခု သွားနေတုန်း မသိရင် ဖုန်းထဲကနေ Google Map ကို ဖွင့်လို့ ရှာပါတယ်။ ဈေးဆိုင်မှာ ကုန်ပစ္စည်း ဝယ်နေတုန်း ဒီကုန်ပစ္စည်း စိတ်ချရမှု ရှိမရှိ ဖုန်းအင်တာနက် ဖွင့်လို့ တစ်ခါတည်း ရှာဖွေပါတယ်။ အမေရိကန်မှာ နေတဲ့သူက ဗြိတိန်သွားလည်ချင်ရင် တစ်လလောက် တည်းချင်ရင် Airbnb ဝဘ်ဆိုဒ်ကနေ တစ်လငှားနေလို့ရမယ့် အိမ်ကို ရှာလိုက်တယ်။ သတင်းအချက်အလက်နဲ့ အင်တာနက်ခတ်မှာ ယင်း အရာများကို အပြည့်အဝနဲ့ အကောင်းဆုံး အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ဟာ နိုင်ငံတကာလို ဖြစ်လာဖို့ ဘာတွေလိုအပ်သလဲဆိုတာကို လေ့လာကြည့်ရအောင်


အင်တာနက်လိုင်း မြန်ဆန်မှု လိုအပ်

အင်တာနက်လိုင်း မြန်ဆန်ဖို့အတွက် အထူးလိုအပ်ပါတယ်။ မြန်ဆန်ရုံတင်မကသေး။ သာမန် အခြေခံလူတန်းစားများပါ တစ်နေကုန်ဖွင့်ပြီး သုံးရလောက်အောင် သက်သာတဲ့ အနေအထားတစ်ခုအထိ ရောက်ဖို့ လိုအပ်ပါသေးတယ်။ ဒါမှပဲ လူတွေဟာ အမြဲတမ်း connected to internet ဖြစ်မှာ ဖြစ်ပါတယ်။ အဲ့လိုမဖြစ်သေးတဲ့ အကျိုးဆက်ကတော့ user volume နည်းခြင်းလည်း ပါဝင်ပါတယ်။

အင်တာနက် တွင် ရှာဖွေမှု အခက်အခဲ ဖြေရှင်းရန်လို

နိုင်ငံတကာမှာ ကုန်ပစ္စည်းတစ်ခု ရှာဖွေမယ်ဆိုရင် ကုန်ပစ္စည်းအမည်ကို ရိုက်လိုက်ရင် ရပြီ။ လမ်းသိချင်ရင် လမ်းအမည်ရိုက်ထည့်ရင် ရပြီး၊ သတင်းတစ်ခုခု သိချင်ရင် သတင်းမှာ ပါဝင်မယ့် လူတစ်ယောက်ယောက် သို့မဟုတ် နေရာတစ်ခုခုကို ရိုက်လိုက်ရင် ရပြီ။ အဆုံးထိပြောမယ်ဆိုရင် ကြင်ဖော် ရှာမယ်ဆိုရင်တော့ Find my partner လို့ရိုက်လိုက်တာနဲ့ Dating site ကို ရှာပေးပါလိမ့်မယ်။ အင်္ဂလိပ်ဘာသာစကားကော အခြားသော ဘာသာစကားပေါင်းစုံကို အသုံးပြုလို့ ရှာဖွေတဲ့အခါမှာ result ထွက်လာမှုက မြန်ဆန်ပြီး မှန်ကန်ပါတယ်။ မြန်မာဘာသာစကားအားဖြင့် ဇော်ဂျီ font နဲ့ ရှာဖွေလို့မရသလို ယူနီကုဒ်နဲ့ ရှာမယ်ဆိုရင် ယူနီကုတ် မြန်မာစာဖြင့် တင်တဲ့ ဆိုဒ်တွေလည်း အင်မတန့် အင်မတန် နည်းပါတယ်။

အင်တာနက်မှာ သတင်းအချက်အလက်များဖို့လို

အင်တာနက်မှာ သတင်းအချက်အလက် များများ မရှိသေးတာလည်း အမှန်ပါပဲ။ နိုင်ငံတကာ သတင်းအချက်အလက်များကို မဆိုလိုပါ။ ပြည်တွင်းမှ အချက်အလက်များ ဖြစ်ပါတယ်။ သတင်းဆိုဒ်များ အနေနဲ့ www.news-eleven.com, www.mmtimes.com တို့အပြင် အခြားသော ဆိုဒ်များစွာ ဖြစ်ပေါ်လာရန် လိုအပ်ပါသေးတယ်။ ဒါ့အပြင် နေ့စဉ် လူနေမှုဘဝကို အထောက်အကူပြုမယ့် LifeSyte တွေ၊ စီးပွားရေး ဆိုင်ရာ လိပ်စာ yellow page တွေ အပြင် www.imyanmarhouse.com, www.imyanmarcar.com အစရှိသဖြင့် listing ဝဘ်ဆိုဒ်များလည်း ရှိရန်လိုအပ်ပါသေးတယ်။

လူတို့ အသိပညာတိုးပွားရန်လည်း လိုအပ်

အင်တာနက်ဆိုတာ Facebook, Viber တို့လောက်ပဲ သုံးလို့ရတာ မဟုတ်ဘူး။ လိုချင်တဲ့ဘဝအတွက် အထောက်အကူပြုတဲ့ အချက်အလက်များကိုပါ ရှာဖွေလို့ရသေးတယ် ဆိုတာပါ သိအောင် အသိပညာပေးဖို့ လိုအပ်ပါသေးတယ်။ မြန်မာတို့ဟာ နည်းပညာ ပစ္စည်းများနဲ့ နှီးနှောခွင့်ရတာ မကြာသေးတာကြောင့်လည်း ဖြစ်ပါတယ်။

0 comments:

Post a Comment