Showing posts with label မြန်မာ Font များ. Show all posts
Showing posts with label မြန်မာ Font များ. Show all posts

Monday, 20 January 2014

Firefox ကိန္နရီ Add-ons ကိုသုံးပြီး Facebook ကိုမြန်မာလိုသုံးမယ်

Anonymous | 20.1.14 | | Best Blogger Tips



ကျွန်တော်ယခုတင်ပြချင်တာကတော့ Firefox မှ ကိန္နရီ Add-ons လးကိုသုံးပြီး Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ဒီ Add-ons လေးဟာ မိမိကွန်ပျူတာမှာUnicode Font ရှိရန်မလိုဘဲ ဇော်ဂျီဖောင့်မှ ယူနီကုတ်ပြောင်းလိုသူများ အလွယ်တကူပြောင်းလဲ ပေးနိုင် ကြည့်ရူနိုင်ပါတယ်။ ပုံမှန်သင်ရိုက်နေကြ ဇော်ဂျီ ကီးဘုတ် ဖြင့်လည်း Ctrl+Alt ဖိပြီး Mouse ဖြင့်နှိပ်ပြီးUnicode ပြောင်းလဲပြီးအသုံးပြုနိုင်ပါသေးတယ်။ Firefox Version 26 များလိုအခြားနေရာတွင် မြန်မာစာပေါ်ပြီး မြန်မာနံမည် Facebook Account များတွင် လေးထောင့်တုံးဖြစ်နေတာ ကိုလည်း ဖြေရှင်းပေးနိုင်သော Add-ons လေးဖြစ်ပါတယ်။
 ဒီ Add-ons လေးကိုတီထွင်ခဲ့တဲ့ Official Blog Link ကတော့  Blog>>>Myanmar Font Prefixer ဖြစ်ပြီး Developer များကို အထူး ကျေးဇူးတင်ရှိသလို ဒီနေရာကနေလည်း Creditလည်းပေးပါတယ်.....
Facebook ကိုမြန်မာဘာသာဖြင့် အလွယ်တကူအသုံးပြုချင်သူ များ အောက်မှာကြည့်ပြီး ပြုလုပ်နိုင်ပါတယ်ခင်ဗျာ.....

1.အရင်ဆုံး Facebook မှ Setting>>>General>>>Language တွင် မြန်မာဘာသာမပါဝင်သေးသောသူများ အောက်ကအတိုင်း ပါဝင်လာအောင် ပြုလုပ်နိုင်ပါတယ်။(ရှိပြီးသားသူများကတော့ ဒီအဆင့်မလိုအပ်ပါဘူး...)
2.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။ Translations ကိုရောက်သွားလျှင် Select Language ကိုနှိပ်ပြီးမြန်မာဘာသာ ရွေးချယ်ပြီး Continue နှိပ်လိုက်ပါ။ 

3.အောက်ကပုံအတိုင်းပေါ်လာပါမယ်။

4.အပေါ်ကအဆင့်တွေ ပြီးသွားရင်တော့ ကိန္နရီ Add-ons လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Firefox ကိုRefresh ပေးလိုက်ပါ။
5.ပြီးရင်တော့ Facebook Setting >>> General >>>Language ကိုသွားပြီင်္း ညာဘက်မှ Editကိုနှိပ်ပါ။ မြန်မာဘာသာ ပြောင်းလဲပြီး  Save Changes ကိုနှိပ်လိုက်ပါ။ 



6.ဒါဆိုရင်တော့ သင့်ရဲ့ Facebook မှာ အောက်ကပုံတွေအတိုင်း Facebook ကို မြန်မာလို ကောင်းစွာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။



အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

Saturday, 8 December 2012

ESE Myanmar Fonts Collection Installation Software

Unknown | 8.12.12 | Best Blogger Tips






နေပြည်တော် ပျဉ်းမနား ESE Computer Centre က ထုတ်လုပ်တဲ့ Myanmar Fonts Collection Installation Software ဖြစ်ပါတယ်။ Software တွေကို Install လုပ်သလို Next နှိပ်သွားရုံနဲ့ ကွန်ပျူတာအတွက်လိုအပ် တဲ့ Fonts တွေကို Fonts Folder ထဲမှာ Install လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အသုံးလိုတဲ့ သူများသုံးနိုင်အောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်.. Download ယူနိုင်ပါပြီ။







Tuesday, 1 May 2012

မြန်မာ ဒီဇိုင်း Font များ

Unknown | 1.5.12 | Best Blogger Tips





zin: ဝင်းအင်းဝ (Win Innwa Font) ဖောင့်လေးလိုချင်လို့ ကူညီပါဦး ခင်ဗျာ....။
 
ဒီနေရာ မှာလည်း ကိုယ်နေထိုင်ရာ မြို့အမည် နဲ့ Email လိပ်စာလေး ရေးပြီး Submit လုပ်ပေးလိုက်ရင် Win Innwa Font ကို တိုက်ရိုက် ဒေါင်းယူန်ုင်ပါတယ်...။
 
မြန်မာ ဒီဇိုင်း Font တွေကို တခြား လိုအပ်နေတဲ့ သူငယ်ချင်းများပါ အဆင်ပြေအောင် စုစည်းပေးလိုက်ပါတယ်...။
 


 




အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး


ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)