Sunday 23 September 2012

Adobe Reader X ရှိရက်နဲ့ PDF ဖိုင်လ်တွေ ဖတ်/ဖွင့်မရဖြစ်နေရင်

Unknown | 23.9.12 | | Best Blogger Tips


Adobe Reader X: There was an error opening this document. Access denied.







 Kolin: ကူညီပါအုန်း..စက်ထဲမှာ Adobe reader X ရှိတယ် ဒါပေမယ့် PDF file တွေနဲ့ ဂျာနယ်တွေဖတ်လို့မရဘူး အကို....






 မေးထားတာက မပြည့်စုံပါဘူး .. ကွန်ပြူတာတိုင်းမှာ Error တစုံတရာ ဖြစ်ရင် သက်ဆိုင်ရာ Message လေးတွေနဲ့ သတိပေးတတ်ပါတယ် ဘာ့ကြောင့်ဖြစ်တယ်, ဘာမရှိလို့ ဘာညာဆိုပြီး Message လေးတွေနဲ့ ပြပါတယ် ... အဲ့ဒီ Message လေးတွေ သိရရင် အကြောင်းရင်းကို တိုက်ရိုက် ဖြေရှင်းနိုင်ပါတယ်.. ခုကတော့ အကြောင်းရင်း Message ကို မသိရလို့ Adobe reader X မှာ အများဆုံးဖြစ်တတ်တဲ့ ပြဿနာများကို ခြုံပြီး ဖြေရှင်းဖို့ နည်လမ်း လေးတွေကို မျှဝေပေးလိုက်ပါတယ်..။




Adobe Reader X မှာ PDF ဖိုင်လ်တွေ ဖွင့်လို့  အပေါ်ကပုံလေးလို "There was an error opening this document. Access denied."  Error ပြနေတယ်ဆိုရင် အောက်ပါနည်းလမ်းအတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်... ။


Start > all Programs
ကနေ Adobe Reader X ကိုဖွင့်ပါ..။


 Edit > Preferences မှ တဆင့်..

























“Security (Enhanced)” > “Enable Enhanced Security”  ကို အမှန်ခြစ်လေးဖြုတ်ပေးပြီး OK ပေးထားပါ...။














နောက်တစ်ခါ Edit > Preferences ကနေ ...












General tab မှ “Enable Protected Mode at Startup” ကို အမှန်ခြစ်လေးဖြုတ်ပြီး..














Yes > OK ပေးလိုက်ပါ....










တကယ်လို့ မရသေးရင်....














(1) Help > Check for Updates ကိုနှိပ်ပြီး Update လုပ်ပေးပါ...


ပြီးတော့ ...




(2) Help > Repair Adobe Reader Installation ကိုနှိပ်ပြီး Repair လုပ်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ...။








 အဆင်ပြေကြပါစေ..





 ဝင်းကမ္ဘာကျော်




 





0 comments:

Post a Comment