Saturday 29 September 2012

မိမိကွန်ပြူတာလုံခြုံဖို့ Login Password ထည့်နည်း / ပြန်ဖြုတ်နည်း

Unknown | 29.9.12 | Best Blogger Tips








win sein: ကွန်ပြူတာဖွင့်ရင် Password ခံတာလေးရှင်းပြပေးပါလား အစ်ကို...ကျေးဇူးပြုပြီးတော့


ဥပမာ ကွန်ပြူတာ စ,ဖွင့်တဲ့အခါ Password ခံပြီးဖွင့်တဲ့ သဘောပါ အစ်ကို.....





မေးထားလို့ မသိသေးသူတွေလဲ ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...





ကွန်ပြူတာကို သူများတွေ မကိုင်စေချင်လို့  လုံခြုံအောင် Password ခံပေးတာကို မေးထားတာပါ  .. တကယ်တမ်း Window စ တင်တင်ချင်းမှာလည်း Password ကို တစ်ခါထဲ ထည့်ပေးလို့ရပါတယ်..


 ခုမှ ပြန်ပြီး loggon Password ကို ပြန်ထည့်ထားချင်တယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးလိုက်ပါ...





နားလည်လွယ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်...





Start > Control Panal ကနေ ပုံလေးတွေမှာ ပြထားတဲ့ အတိုင်း ဆက်လုပ်သွားပါ...































ဒီနေရာမှာ နံပါတ် (1) နဲ့ (2) မှာ ကိုယ်ပေးမဲ့ Password ကို တူညီအောင် ရိုက်ထည့်ပေးလိုက်ပါ..။ နံပါတ် (3) ကို နှိပ်ပြီး Save ပေးလိုက်ပါ ..(ကိုယ်ပေးတဲ့ Password ကိုတော့ မှတ်ထားပေါ့နော်) စမ်းကြည့်ချင်တယ်ဆိုရင် Win Key + L ကို တွဲနှိပ်လိုက်ပါ .. Password တောင်းပါလိမ့်မယ် စောစောက ပေးခဲ့တဲ့ Password ကို ရိုက်ထည့်ပေးပြီး ဖွင့်လိုက်ပါခင်မျာ... 





အဆင်ပြေပါစေ...။





တစ်လက်စထဲ ကွန်ပြူတာ စ,ဖွင့်တာနဲ့ Password ရိုက်ထည့်ပြီး ဖွင့်နေရတာကို မနှစ်သက်ဘူးဆိုရင် Remove လုပ်တဲ့နည်းပါ တခါထဲ ရေးပေးလိုက်ပါတယ်... (Password မေ့သွားတယ်ဆိုရင်တော့ ဒီမှာ တော်တော်များ Software တွေ တင်ပေးထားပါတယ်)





ကွန်ပြူတာ စ,ဖွင့်တာနဲ့ Password ရိုက်ထည့်နေရလို့ ပြန်ဖြုတ်ချင်ရင် အောက်ပါအတိုင်း ပြန်ဖြုတ်ပေးနိုင်ပါတယ်...





အပေါ်မှာ ပြောပြခဲ့တဲ့ လမ်းကြောင်းအတိုင်း Start > Control Panal ကနေ တဆင့်ချင်း ပြန်ဝင်ပါ...

























ဒီနေရာကိုရောက်ရင် မိမိ ပေးထားတဲ့ Password ကို ရိုက်ထည့်ပေးပြီး Remove Password ကို နှိပ်ပေးလိုက်ပါ ... Win Key + L ကိုနှိပ်ပြီး စမ်းကြည့်ပါ Password မတောင်းတော့ပါဘူး.....





အားလုံးအဆင်ပြေကြပါစေ...





ဝင်းကမ္ဘာကျော်












4 comments:

  1. အခုလို စိတ်ရှည်ရှည် စေတနာရှိရှိနဲ့ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကို....အကိုဝင်းကို လေးစားစွာဖြင့်.........win sein

    ReplyDelete
  2. ကျေးကျေးပဲ နော်.............

    ReplyDelete
  3. ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  4. password ခံတာအောက်မှာပြန်မြင်နေရတယ် ဘာလိုလို့လဲအကို

    ReplyDelete