Thursday 27 September 2012

My Computer မှ D:,E:,G: စ,တဲ့ Drive တွေပျောက်နေရင် ဖြည်ရှင်းနည်း

Unknown | 27.9.12 | | Best Blogger Tips


Fix Missing Drive in Windows 7



My Computer မှာ  Drive D: E: F: G: စ,တဲ့ Drive တွေပျောက်နေရင် အလွယ်တကူ ပြန်ဖေါ်ယူနိုင်ပါတယ်...။  ကိုယ်တိုင်ကြုံဖူးတာပါ ... ဟိုနေ့က Window ပြန်တင်အပြီး D: Drive တစ်ခုလုံး လုံးဝပျောက်သွားပါတယ်.. အရေးကြီးတာတွေ ထည့်ထားတာဆိုတော့ ရုတ်တရက် ပူထူသွားတာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူးဖြစ်သွားပါတယ်... ဒါနဲ့ ဒီနည်းလမ်းလေးနဲ့ ပြန်အဆင်ပြေသွားလို့ မသိသေးသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ်..။





Start > Search Box လေးထဲမှာ  diskmgmt.msc  ကိုရေးထည့်ပေးပြီး  Enter  ခေါက်ပါ Disk Management Box ပေါ်လာရင် ပုံထဲကလို ပျောက်နေတဲ့ Drive Partition ပေါ်ကို Right Click နဲ့ “Change Drive Letter and Paths”  ရွေးပြီး....










ပုံထဲကအတိုင်း ပျောက်နေတဲ့ D: (or) E: နာမည်တခုခု ရွေးပေးပြီး OK ကိုနှိပ်လိုက်ပါ...










My Computer ကို ပြန်ဖွင့်ကြည့်လိုက်ပါ ပျောက်နေတဲ့ Drive လေးပြန်ရောက်နေပါပြီ...။





အားလုံး အဆင်ပြေကြပါစေ..





ဝင်းကမ္ဘာကျော် 









0 comments:

Post a Comment