Showing posts with label ပိဋကတ် (၃) ပုံ. Show all posts
Showing posts with label ပိဋကတ် (၃) ပုံ. Show all posts

Tuesday, 30 July 2013

Facebook နဲ့ပတ်သက်လို့ ...

Unknown | 30.7.13 | | | | Best Blogger Tips


 








၁။
Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post,
Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete
လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ
ကြိုက်သလိုရွေးလို့ရပါတယ်။





၂။ ဒီလူ Post တွေတင်တာ
သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့အစည်းကိုထိခိုက်တယ်။ အုံကြွမှုဖြစ်အောင်
ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက်နောင်
လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။



၃။
ဒီ Friend ရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend
လုပ်မထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။



၎။
အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို
လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment,
Share တစ်ခုခုသွားမပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။



၎။
သူ့ Timeline ပေါ်က Post, Photo, Status လောက်နဲ့ အပြင်မှာ လက်သီးနဲ့ထိုး
ဓါးနဲ့ထိုးပြီး ပြဿနာသွားမရှင်းနဲ့။ Facebook ထဲမှာ သူ့ကို
ပြန်လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေးထားပြီးသား။ အဲဒါမှ
မကျေနပ်သေးဘူးဆိုရင်လည်း တရားမကြောင်းနဲ့ဆိုင်ရင် တရားမကြောင်းနဲ့ တရားစွဲ။
ရာဇ၀တ်ကြောင်းနဲ့ဆိုင်ရင် ရာဇ၀တ်ကြောင်းနဲ့ တရားစွဲ။ အထောက်အထားတော့
ခိုင်လုံပါစေ။



၅။ Facebook ပေါ်မှာမဆဲနဲ့ ဆဲရင် လူမှုရေးစရိုက်ကို ဝေဖန်တာ ခံရလိမ့်မယ်။



၆။ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာ အတွေးအခေါ်နဲ့ အပြုအမူတွေ တင်မိရင် အသိ၊ ဉာဏ်၊ ပညာ၊ အဆင့်အတန်းကို ကဲ့ရဲ့လိမ့်မယ်။



၇။
ပေါ်သမျှအကြောင်းအရာတိုင်း Status မတင်နဲ့။ တွေ့သမျှ Post တိုင်းမှာ
Comment ၀င်ဝင်မပေးနဲ့။ ဆရာလိုလို သမားလိုလိုအပြုအမူတွေရှောင်။
နားမထောင်ချင်လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ ကြာရင် ငပေါကြီးဖြစ်ပြီး
လူမုန်းများမှာတော့ အသေအချာပဲ။



၈။ ဒီ Friend နဲ့ Chat
မယ်ဆိုရင် ဒီ Friend အကြောင်းသိအောင်အရင်လုပ်။ နင် တစ်လုံး ငါ တစ်လုံးနဲ့
အရင်မဆက်ဆံနဲ့။ အလုံးစုံသိချင်ရင် About မှာကြည့်။ သူတင်ထားသလောက် About
ပေါ်မူတည်ပြီး ချင့်ချိန်ဆက်ဆံ။



၉။ Facebook ပေါ်မှာ
ချစ်ကြိုက်ပြီး Date လုပ်တဲ့အခါ သတိထား။ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊
အစ်ကို၊ မောင်တွေနဲ့ ချိန်းမိလျှက်သားဖြစ်ပြီး အရှက်ဗြန်းဗြန်းကွဲတတ်တယ်။
(ရိုင်းကောင်းရိုင်းမယ် ... အတော်များများ ဒါမျိုးဖြစ်နေကြလို့။)



၁၀။ Facebook ရှေ့မှာ ထမင်းမစား ရေမသောက်ဘဲ တစ်နေကုန် တစ်ညလုံး ထိုင်မနေနဲ့ သေတတ်တယ်။



၁၁။ Facebook ပေါ်မှာတင်သမျှအကုန် လိုက်မယုံနဲ့ ရူးတတ်တယ်။



၁၂။
Facebook ကနေထွက်ပြီး အပြင်လောကကိုကြည့်ပါ။ ကိုယ်ထင်တာတွေနဲ့
တခြားစီပဲဆိုတာ သိလိမ့်မယ်။ လောကကြီးက သာယာနေသေးတယ်ဆိုတာလည်း
ပြန်ပြီးယုံကြည်လာလိမ့်မယ်။



ကိုဇင်




၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်။





Ref :  http://www.lubo601.com/2013/07/facebook.html









Sunday, 28 July 2013

ပိဋကတ် (၃) ပုံ မြန်မာပြန်

Unknown | 28.7.13 | Best Blogger Tips







ဝိနည်း








သုတ္တန်





၁။ ဒီဃနိကာယ်


၂။  မဇ္ဈိမနိကာယ်


၃။  သံယုတ္တနိကာယ်


၎။ အင်္ဂုတ္တရနိကာယ်


 ၅။ ခုဒ္ဒကနိကာယ်








အဘိဓမ္မာ





 ၁။ အဘိဓမ္မာပိဋက ဝိဘင်္ဂပါဠိတော်


၂။ အဘိဓမ္မပိဋက စမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်

၃။ အဘိဓမ္မပိဋက ကထာဝတ္ထုပါဠိတော်မြန်မာပြန်

၎။ အဘိဓမ္မပိဋက ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန်








နိဗ္ဗာန် အားရည်စူးပြီး ပိဋကတ် (၃) ပုံအား မျှဝေပါ၏





ကျွန်တော် အဓိပတိ သည် ပညာပါရမီ အားနည်းသောကြောင့် ဒေါင်းလုပ်လင့်များအား ads ဘာမှမခံထားပါ။ လင့်များသေနေချင်း မှာယွင်းစွာတင်ထားချင်းများ တွေရှိခဲ့ လျင်


အသိပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်





အဓိပတိဘာမှမပါပဲလာ ဘာမှမရှိတဲ့အခန်းမှာနေ ဘာမှမပါပဲပြန်ထွက်သွား



အဓိပတိ

www.trtech-mm.com