Showing posts with label Browserများ. Show all posts
Showing posts with label Browserများ. Show all posts

Tuesday, 11 February 2014

Mozilla Firefox Setup 28.0 Beta 1

Unknown | 11.2.14 | | Best Blogger Tips


Mozilla Firefox ရဲ့ နောက်ဆုံး update အသစ်လေး ပါ

update မလုပ်ရသေးတဲ့ သူငယ်ချင်းများအတွက်

 ဒီနေရာကနေပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ


DOWNLOAD


ကိုလတ်(ကျွဲဆင်း)

Sunday, 19 January 2014

ကွန်ပြူတာအတွက် နောက်ဆုံထွက် Browser update များ စုစည်းမှု့

Unknown | 19.1.14 | Best Blogger Tips



အလကားရတာလေးတွေကနေ ပြန်စရေးရမှာပဲဗျာ

ရှာထားတာလေးတွေကတော့ရှိတယ် စမ်းနေရင်းနဲ့ အဆင်မပြေလို့ Draft ထဲမှာပဲစု့နေတယ်

အောက်က ကျနော်ပေးခြင်တဲ့ Browser တွေကတော့ မြန်မာတွေနဲ့ သင့်လျော် မှု့ရှိပြီးတော့

မြန်မာစာ မှန်တဲ့ Browser တွေပါ။မြန်လည်း မြန်ပါတယ်။

Update တွေချည်းပဲ စု့တင်ပေးလိုက်ပါတယ် ခင်ဗျာ


MOZILLA FIREFOX  27.0 Beta 7

ဒေါင်းရန်  MILOSHARE | TUSFILES


GOOGLE CHROME 34.0.1788.0 Dev

 ဒေါင်းရန်  MILOSHARE | TUSFILES


MAXTHON CLOUD BROWSER 4.2.1

 ဒေါင်းရန်  MILOSHARE | TUSFILES


Comodo Dragon Internet Browser 31.0

ဒေါင်းရန်  MILOSHARE | TUSFILES


ကိုလတ်(ကျွဲဆင်း)

Sunday, 5 January 2014

Google Chrome မှာ Password မေ့သွားရင် ဘယ်လိုပြန်ကြည့်မလဲ...?

Unknown | 5.1.14 | | Best Blogger Tips



ကျနော် ရဲ့ ဘော်ဒါတွေ ထဲမှာ Google Chrome ကို သုံးစွဲကြတဲ့ ဘော်ဒါတွေရှိမှာပါ

Loading ကြာချိန်လည်း  နည်းတယ် Firefox ထက် မြန်ဆန် သွက်လက်တော့ သုံးစွဲကြမှာပါ

ကျနော် ကတော့ သုံးပါတယ်။ Google Chrome User တယောက်အနေနဲ့ LOG IN ဝင်ပြီးတော့ 

သုံးပါတယ်။ ဘာကောင်းလည်း ဆိုတော့ ဒီမှာ Sign up လုပ်ထားချင်းအားဖြင့်

မည်သည့် နေရာ မည်သည့် PC မှာ မဆို မိမိ သုံးစွဲနေကြ Bookmark တွေ Mail တွေကို

ပြန်လည်ရရှိပါတယ်။ ဒီထက်ပိုတာတွေလည်းရှိပါတယ်။windows အသစ် တင်လိုက်လို့

Google Chrome အသစ်ပြန်ဆွဲမယ် ဆိုပါစို့ မိမိ သုံးနေကျ အကောင့်နဲ့ password ကို ပေးပြီး

ပြန်ဝင် မယ် ဆိုရင် မိမိ အကောင့်နဲ့ ပါက်သက်သမျှတွေ ပြန်လည်ရရှိပါတယ်။

အိုကေ အခု့ ပြောချင်တာက Chrome ကို သုံးပြီး Gmail တွေ Facebook တွေ ဖွင့်ထားမယ်

password တွေကိုလည်း save ထားမယ် ဆိုပါစို့  ။ ဥပမာ Facebook ကိုဖွင့်မယ် 

password တွေကို save ( Remember Passwordလုပ်) ထားတဲ့ အတွက်  

facebook မှာ user name တွေ password တွေကို

ပြန်ရိုက်နေစရာ မလိုဘူး Facebook ကြီး တန်းပွင့် လာမယ် ။ဟုတ်တယ်နော်

အဲ့ဒီလို သုံးတာများလာလို့ ဒါမှမဟုတ် ဘယ်လို အကြာင်းနဲ့ ဖြစ်ဖြစ် passwoord တွေ

မေ့နေပြီ ဆိုရင် ဘယ်လို ပြန်ကြည့်လို့ရနိုင်တယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်
Google Chrome ရဲ့ Latest Version ကိုလိုချင်ရင် ဒီမှာဒေါင်းလိုက်ပါ

 လုပ်နည်းလေး ကိုတော့ အောက်မှာ ကြည့်လိုက်ပါ။လူတိုင်းတောင် သိနေမလား

မသိဘူး ခင်ဗျ။လုပ်နည်းလေးက လွယ်ပါတယ်။သတိမမူ ရင်သာ မမြင်ရပဲ နေမှာပါ


 အပေါ်က ပုံအတိုင်း Google Chrome ရဲ့ ညာဘက်ဒေါင့် အပေါ်နားလေးက

ဘေးတိုက် မျဉ်း ၃ ကြောင်း ကို နှိပ်ပြီးတော့ setting ကိုသွားလိုက်ပါ


 setting ထဲကို ရောက်ပီ ဆိုရင် Show Advanced setting ကို ဆက်နှိပ်လိုက်ပါ



 Password and Forms ကိုရောက်ပြီ ဆိုရင် Manage Save Password ကို ဆက်နှိပ်လိုက်ပါ




အထဲမှာ မိမိ အသုံးပြု့ရန် save လုပ်ထားတဲ့ Password တွေကို မြင်ရပါအောင်

မိမိ လိုချင်တဲ့ password နေရာကို ကလစ်လိုက်ပါ ။ password နေရာမှာ Show လို့ ပေါ်လာပါပြီ

အဲ့ဒါ ဆိုရင် မိမိ password ကို ပြန်မြင်ရပါပြီ။ကြည့် ပြီးရင်တော့ Hide ကို ပြန် နှိပ်ထားလိုက်ပေါ့

 မိမိ သုံးစွဲ သလောက် password တွေကို ဒီနေရာမှာ မြင်ရပါတယ် ခင်ဗျာ။

Password တွေကို save တယ် ဆိုတာလည်း Internet Cafe တို့ သူငယ်ချင်းတို့ ဆီမှာ 

သွား မ save နဲ့ ..နားကားနေမှာစိုးလို့ပြောတာ .ခ်ခ်။ 

တခြားလူ နဲ့ မျှဝေ သုံးစွဲခြင်း မရှိတဲ့ မိမိ ကိုယ်ပိုင်စက်တွေမှာပဲ save လုပ်ထားသင့်ပါတယ် 



 ကိုလတ်(ကျွဲဆင်း)

Monday, 9 December 2013

Firefox မှာ Duplicate Tabs တွေ မဖွင့်မိအောင် တားပေးမယ့် Dublicate Tab Blocker

Unknown | 9.12.13 | | Best Blogger Tips



Firefox မှာ Duplicate Tabs တွေ မဖွင့်မိစေဖို့
==========================================

Browser တွေမှာ Tab တွေ အသုံးပြုလို့ရစေတဲ့အတွက် ၀က်ဆိုက်တွေအများကြီး ကို Browser 

တစ်ခုထဲက နေကြည့်လို့ရပါတယ်။ Tab တွေအများကြီးဖွင့်ပြီး အသုံးပြုခြင်းဟာ သင့်ကွန်ပြူတာကိုလေးလံစေတာကို သတိပြုပါ။ အထူးသဖြင့် RAM Memory နည်းတဲ့စက်တွေမှာဆို သိသာပါတယ်။ ၀က်ဆိုက်တစ်ခုထဲကို Tab နှစ်ခုမှာ ဖွင့်ကြည့်မိတဲ့ အဖြစ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို Duplicate Tab တွေကို မဖွင့်မိအောင် ကာကွယ်ပေးမယ့် Firefox Add-on တစ်ခုဖြစ်တဲ့ Duplicate Tab Blocker ကို အသုံးပြုရင် အဲဒီ ပြဿနာကိုကင်းဝေးစေမှာပါ။

Duplicate Tab Blocker ကို အင်စတောလုပ်ပြီးရင် Restart လုပ်စရာမလိုပါဘူး။ ဒါ့အပြင် အသုံးပြုသူက Configure လုပ်စရာမလိုပါဘူး။ ဖွင့်ထားပြီးသား ၀က်ဆိုက်တစ်ခုကိုထပ်ပြီးဖွင့်မိရင် နောက်ထပ် Tab တစ်ခုဖွင့်ပေးမှာမဟုတ်ဘဲ ဖွင့်ထားပြီးသား Tab ကို ပြပေးမှာပါ။


 Ref to Digital Life Journals


ကိုလတ်(ကျွဲဆင်း)


Tuesday, 3 December 2013

Browser တွေကိုအလုပ်လုပ်နှုန်းမြှင့်တင်ပေးမယ့် SpeedyFox 2.0.6 Build 68

Unknown | 3.12.13 | | Best Blogger Tips


SpeedyFox လေးကို အားလုံးလည်းရင်းနှီးကြလိမ့်မယ်ထင်ပါတယ်

အခု့ အသစ် update ထွက်လာလို့ သူငယ်ချင်းတို့အတွက်ပြန်လည်မျှဝေလိုက်ပါတယ်

ဒီကောင်လေးကတော့ Browser တွေရဲ့ အလုပ်လုပ်နှုန်းကို သုံးဆ ထိမြှင့်ပေးပါတယ်

Firefox , Chrome နဲ့ Thunderbird သုံတဲ့လူတွေအတွက်အထူးစပါယ်ရှယ်ပါ

နောက်တခု့ကောင်းတာက Skype ကို support လုပ်ပေးပါသေးတယ် ခင်ဗျ။

ဒီကောင်လေးကိုသုံးစွဲလို့ မည်သို့မျှစိုးရိမ်စရာမရှိပါဘူးခင်ဗျ။ဒီကောင်လေးကနေထပ်ပြီးတော့

သူငယ်ချင်းတို့ရဲ့ Bookmark တွေ Password တွေ Profile တွေကိုတောင်

ကာကွယ်ပေးပါတယ်ခင်ဗျာ။ယခု့တင်ပေးလိုက်တာလေးကတော့ windows OS အတွက်ပါ

ဖိုင်ဆိုဒ်လေးကလည်းငယ်ပါတယ် 606 KB ပဲရှိပါတယ်။

အလုပ်လုပ်တာတော့ အရမ်းကောင်းပါတယ် ။အောက်မှာဒေါင်းယူနိုင်ပါတယ် ခင်ဗျာ




ကိုလတ်(ကျွဲဆင်း)


Monday, 2 December 2013

Google Chrome အတွက် Download Manager Fruumo

Unknown | 2.12.13 | | Best Blogger Tips




Google Chrome အတွက် Download Manager
==========================================
Browser တွေမှာ Built-In ပါရှိတဲ့ Download Manager တွေဟာ Features တွေနည်းပါးပြီး Pause,Resume လုပ်ပေးနိုင်တဲ့ Feature တွေမပါရှိပါဘူး။ ဖိုင်တွေကို Download လုပ်ဖို့အတွက် တစ်ခြား Third-Party Download Manager တွေကို အသုံးပြုကြရပါတယ်။ အခုတစ်ခါမှာတော့ Fruumo ဆိုတဲ့ Download Manager နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Fruumo က Chrome Extension ဖြစ်ပြီး Chrome မှာပဲ အသုံးပြုလို့ရမှာပါ။
Fruumo ရဲ့ User Interface က ကြည့်ကောင်းပြီး အသုံးပြုရလွယ်ကူစေပါတယ်။ Fruumo ကို အင်စတောလုပ်ပြီးရင် အိုင်ကွန် တစ်ခုကို Chrome မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အိုင်ကွန် ကိုနှိပ်ပြီး Download လုပ်နေတဲ့ ဖိုင်တွေကို Manage လုပ်နိုင်ပါတယ်။
• Fruumo က Pause, Resume, Stop , Remove စတာတွေလုပ်ပေးနိုင်ပါတယ်။
• Settings Page မှာ Filter တွေပြုလုပ်နိုင်ပြီး ဒေါင်းလုပ်လုပ်တဲ့ ဖိုင်အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ဖိုဒါတွေမှာ သိမ်းဖို့ သတ်မှတ်နိုင်ပါတယ်။
• ဒေါင်းလုပ်ပြီးတဲ့ အခါ မှာ Desktop Notifications တွေနဲ့ အချက်ပေးနိုင်ပါတယ်။ Chrome ကို အသုံးပြုနေခြင်း မရှိရင်တောင် Notification တွေကို သိနိုင်ပါတယ်။
• Multi-Download ပါရှိပြီး Web Page တစ်ခုက လင့် တွေ အများအပြားကို တစ်ပြိုင်နက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
• Search Bar ပါရှိပြီး Download Page က ဖိုင်တွေကို အလွယ်တကူ ရှာနိုင်ပါတယ်။
Fruumo Download Manager ကို အောက်က လင့် ကနေ အင်စတောလုပ်နိုင်ပါတယ်။




ကိုလတ်(ကျွဲဆင်း)



Saturday, 2 November 2013

Firefox 26.0 Beta 1

Unknown | 2.11.13 | | Best Blogger Tips



Firefox အသုံးပြု့သူများအတွက် Firefox ကနေ update အသစ်ပေးလိုက်ပါတယ်

မတင်ရသေးသောသူများအသုံးပြု့နိုင်ပါတယ်ခင်ဗျာ


SHAREBEAST | BOX | ZIPPYSHARE


ကိုလတ်(ကျွဲဆင်း)


Friday, 27 September 2013

မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 27.9.13 | Best Blogger Tips



မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website ဒီနေ့အားလုံးကို Website လေးတစ်ခု ညွှန်းပေးစရာ ရှိပါတယ်။

သူ့ရဲ့ လုပ်ဆောင် ချက်က သင်လိုအပ်နေတဲ့ File ကို သတ်မှတ်ထားတဲ့ Host ကနေ သွားပြီးတော့ ကူရှာပေးပါတယ်။

ဥပမာ - သင်က Google Talk လေး လိုချင်တယ်ဆိုပါစို့။
သင့် အနေနဲ့ ပုံမှန်ဆိုရင် Google မှာ Download Google Talk ဆိုပြီး ရိုက်ထည့်ပြီးရှာရပါလိမ့်မယ်။

နောက်ပြီးတော့ Website ထဲဝင်ရမယ်။ သင့် က Download လေးရှာ ပြီး နှိပ်ပေးရပါဦးမယ်။ တစ်ခါတစ်ခါ Like to Download တို့၊ စာဖတ်ပြီးမှ Like ပါတို့၊ နောက်ပြီး

Download Link သို့မဟုတ် Buttom ကို နှိပ်လိုက်တယ် ဆိုရင်လဲ Adfly , Adfocus စတဲ့ Ads Website တွေကို ကျော်ခွနေရဦးမှာ ဖြစ်ပါတယ်။

5 sec ကနေ့ 10 sec လောက်ထိ စောင့် ပြီး ကျော်ခွနေရဦးမှာဖြစ်ပါတယ်။


သင့် အနေနဲ့ Internet လိုင်း မကောင်းတာက တစ်မှောင့် Ads စောင့်ရတာက တစ်မှောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။

အဲ့အတွက် ဒီ Website လေးက သင့် အချိန်တွေမကုန်စေဖို့ ကူညီပေးပါလိမ့်မယ်။

Site နာမည်က http://www.filecrop.com ပါ။



Website ထဲမှာ မိမိ Download လုပ်ချင်တဲ့ File Name ကို ရိုက်ထည့်လိုက် ရုံ ပါပဲ။

ရိုက်ထည့်လိုက်တာနဲ့ သူက Website တွေကိုလိုက်ရှာပြီး Mediafire, Hotfile, Rapidshare, 4shared စသည်တို့မှာ တင်ထားတဲ့ မိမိလိုချင်တဲ့ File တွေထဲကို သွားရှာပေးပါလိမ့်မယ်။

ပြီးတော့ Result ကို ဖော်ပြပေးမှာ ဖြစ်လို့ သင့်အနေနဲ့ မိမိလိုချင်တဲ့ G Talk ဆို G Talk စသည်ဖြင့် မိမိလိုချင်တဲ့ ကောင် ရဲ့ Download Link ကိုတန်းရလာပါလိမ့်မယ်။ နောက်ပြီး ဘယ်ဆိုဒ်ကနေ ရှာတွေ့လာတယ်ဆိုတာရော ဖော်ပြပေးပါလိမ့်မယ်။


သင့်အနေနဲ့ က သူပေးတာလေးကို နှိပ်ပြီး လွယ်ကူစွာ ဒေါင်းလုပ် ပြုလုပ်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ သူက ရှာပေးတာပဲ ဖြစ်လို့ သင့် အနေနဲ့ Visus ဟုတ်မဟုတ်ကို သတိထားဖို့ လိုပါလိမ့်မယ်။

Download Link ကို http://www.virustotal.com မှာထည့်ပြီး Scan ဖတ်ကြည့်နိုင်ပါတယ်။

မိမိကွန်ပျူတာနဲ့က Antivirus နဲ့ လည်း Scan ဖတ်ကြည့်ဖို့ လိုပါတယ်။



သူ့ကို သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အချိန်ကုန်တာ သက်သာတာပါပဲ၊
ဒါပေမဲ့ သူက Rapidshare , Hotfile, Mediafire, Depositfiles,Mega, 4shared Host မှာ တင်ထားတဲ့ File တွေကို ပဲ ရှာ ပေးပါတယ်။

အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Credit : http://www.techmilo.tk/2013/09/file-search-engine-website.html
Writer:  Steel Jelly [Miloboy Inc.]

Friday, 20 September 2013

FIREFOX 25 BETA 1 update အသစ်လေးပါ

Unknown | 20.9.13 | Best Blogger Tips


19.09.2013 ရက်နေ့ကထွက်လာတဲ့ pc အတွက် Firefox browser beta အသစ်လေးပါ

Firefox ချစ်သူတို့အတွက် ပြန်လည် မျှဝေလိုက်ပါတယ်



အောက်က မူရင်းလင့်မှာလည်းဝင်ရောက်ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ



ကိုလတ်(ကျွဲဆင်း)

Tuesday, 17 September 2013

MOZILLA FIREFOX ရဲ့ 16.09.2013 ထွက် 24 version နောက်ဆုံးထွက် Stable

Unknown | 17.9.13 | Best Blogger Tips


မော်ဇီလာ ဆိုရင် လူတိုင်း သိကြ သုံးကြ ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့

တို့ မြန်မာတွေအတွက် မြန်မာဖောင့် မှန်မှန်ကန်ကန် ထွက်ပေးတာကိုး..ေိေိေိ

အခု့ ဒါလေးကတော့ Firefox ရဲ့နောက်ဆုံးထွက် 24 stable လေးပါ
BETA ဗားရှင်းမှာတော့ 24 .10 ထိ ထွက်ထားပြီးပါပြီ

Firefox ကို OS  3 မျိုး သုံးနိုင်ဖို့ လင့် ၃ ခု့ တင်ထားပေးပါတယ်

အသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာပြီး လည်း ဒေါင်းနိုင်ပါတယ်





ကိုလတ်(ကျွဲဆင်း)


Friday, 13 September 2013

Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine

Unknown | 13.9.13 | | Best Blogger Tips



Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine

“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။

Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။

Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။

Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်း စရာတောင် ကောင်းပါတယ်။

အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။

Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။

နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။

ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။

ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။

ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။

This Way, Shodan
http://www.shodanhq.com/

Ref to  Myanmar Consumer Guide


အိုင်တီခေတ်

 

Thursday, 12 September 2013

MOZILLA FIREFOX 24 BETA 10

Unknown | 12.9.13 | | Best Blogger Tips


လူသုံးအလွန်များတဲ့ Browser လေးရဲ့ update အသစ်လေး ကို

အားလုံးအလွယ်တကူဒေါင်းနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်



အိုင်တီခေတ်

Monday, 2 September 2013

Firefox 24.0 BETA 7 ကို DOWNLOADCREW မှ ဒေါင်းနည်း

Unknown | 2.9.13 | | Best Blogger Tips



ကျနော်ရဲ့ ဆိုဒ်လေးမှာ မအားလို့ မဝင်ဖြစ်တာ ၂ ရက်လောက်ရှိပြီ

မတင်နိုင်တာတွေလည်းတော်တော်လေးများတယ်။တင်ချင်သလောက်လည်း

မတင်ဖြစ်ခဲ့ဘူးဗျာ အားလုံးကို ဒီနေရာကနေတောင်းပန်ပါတယ်

အခု့တော့ ကျနော် ဆိုဒ်လေးတခု့ ကို ညွှန်းရင်းနဲ့ Mozilla Firefox 24.0 BETA 7

ကို တင်ပေးရင်းနဲ့ DOWNLOADCREW ဆိုတဲ့ ဆိုဒ်လေး ကနေ

ဒေါင်း နည်းလေး ကို ပြန်လည်မျှဝေလိုက်ပါတယ်

DOWONLOADCREW ကို ဘာဖြစ်လို့ ညွှန်းရသလဲ ဆိုတော့ ဒီဆိုဒ်လေး က Freeware

ဆော့ဝဲတော်တော်များများ ကို အရမ်း Up To DaTe ဖြစ်လို့ပါ မသိကြသေးတဲ့

ကျနော် ရဲ့ သူငယ်ချင်းတွေ ကို ပြောပြခြင်းဖြစ်ပါတယ် ခင်ဗျာ

ပထမဆုံး www.downloadcrew.com ကို သွားလိုက်ပါ




အထဲမှာ မိမိလိုချင်တာ ကိုရှာလိုက်ပါ ကျနော်က  Firefox နောက်ဆုံးဘားရှင်း ကို

ပြပေးမှာပါ ဘေးမှာ ပြထားတဲ့ Internet Tools ကိုသွားလိက်ပါ

Firefox 24.0 BETA 7 ဆိုတာကို ပြပေးပါလိမ့်မယ်

အပြာရောင် လေးထောင့်ကွက်ကို ဆက်နှိပ်လိုက်ပါ



မိမိ အသုံးပြု့တဲ့ OS ကိုစိတ်ကြိုက်ရွေးချယ် download ရယူနိုင်ပါတယ်

windows, Mac ,Linux  သုံးမျိုးလုံးကိုပေးထားပါတယ် ခင်ဗျာ



ပြထားတဲ့ အကွက်လေးတွေ ကို နှိပ်လိုက်တာနဲ့ ဒေါင်းရမယ့် လင့် ကို

တခါတည်းတမ်းကျလာပါတယ် one click download လင့်ပါ

အဲ့ဒါဆိုရင် DOWNLOADCREW ကနေ အခက်အခဲမရှိ ဒေါင်းလို့ရနိုင်လိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျာ


အိုင်တီခေတ်