Showing posts with label နည်းပညာ စာအုပ်များ. Show all posts
Showing posts with label နည်းပညာ စာအုပ်များ. Show all posts

Wednesday, 26 March 2014

အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ စာအုပ်

Unknown | 26.3.14 | Best Blogger Tips




အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ နဲ့ ပါတ်သက်လို့ အပြည့်အစုံ ရှင်းလင်းရေးသားထားတဲ့

စာအုပ်လေးတစ်အုပ်ပါ။ ဒီစာအုပ်ကို တက္ကသိုလ် စိုးဝင်း က ရေးသားထားတာပါ။

တောင်းဆိုထားတဲ့ ဘော်ဒါတွေအတွက်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ

DOWNLOAD EBOOK [ 55.70 MB ]

ကိုလတ်(ကျွဲဆင်း)

Monday, 24 March 2014

ဖုန်း နှင့် Root အလွယ် လုပ်နည်း For Android

Unknown | 24.3.14 | Best Blogger Tips



( ဗားရှင်း ၄.၂.၂ အထိ သာ )

မင်္ဂလာပါ..........

ဒီစာအုပ်လေး ကတော့ မသိသေးတဲ့

သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီး ရေးထားတာပါ။

ဒီ စာအုပ်လေးထဲမှာ -

(၁) ဖုန်းနှင့် Root လုပ်နည်း

(၂) ဖုန်း မှာ မြန်မာဖောင့် နှင့် ကီးဘုတ်ထည့်နည်း

(၃) မြန်မာစာ မမှန်တာကို ပြုပြင်နည်း

အန်းဒရိုက် ဗားရှင်း ၄.၂.၂ အထိ ဒီနည်းလမ်းလေးတွေ ကို အသုံးပြုနိုင်ပါတယ်။

ဗားရှင်း ၄.၃ တွေ မှာတော့ ဒီစာအုပ်ပါ ဆော့ဝဲလ် နှင့် Root လုပ်လို့  အဆင်မပြေပါ ။

ဒါပေမဲ့ မြန်မာဖောင့် နှင့် ကီးဘုတ် ထည့်နည်း နှင့် မြန်မာစာ မမှန်တာကို ပြုပြင်နည်း ကတော့

အတူတူပဲ ဖြစ်ပါတယ်။

အောက်ပါလင့်များ မှ နှစ်သက်ရာ လင့်ကို ကလစ်ပြီး ဒေါင်းပါ။

Miloshare

Miloshare

Dropbox

Copy

 

Tuesday, 25 February 2014

Tablet ကို အသုံးပြု့သူများအတွက်လေ့လာသင့်သော The Ultimate Guide to Android Tablets (True PDF)

Unknown | 25.2.14 | | Best Blogger Tips

Tablet ကို အသုံးပြု့သူများအတွက် Tab ထဲမှာ အလုပ်လုပ်တဲ့ Android OS အကြောင်းကို

အသေးစိတ်ဖော်ပြပေးထားတဲ့ စာအုပ်လေးပါ။စာအုပ်ကတော့ အင်္ဂလိပ်လို ရေးထားတာဖြစ်ပါတယ်

အင်္ဂလန် က ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။စိတ်ဝင်စားရင်အောက်မှာ

ဝင်ဒေါင်းပြီး ဖတ်ရှု့လေ့လာလို့ရပါတယ်။စာမျက်နှာ 115 မျက်နှာပါပြီးတော့

36 MB ဖိုင်ဆိုဒ်ရှိပါတယ်ခင်ဗျာ


DOWNLOAD


ကိုလတ်(ကျွဲဆင်း)

Tuesday, 4 February 2014

Samsung Galaxy ဖုန်း အသုံးပြု့သူလူတိုင်းအတွက် Tips, tricks, Apps, & Unlock the potential of your Device အင်္ဂလိပ်လို စာအုပ်

Unknown | 4.2.14 | | Best Blogger Tips


Samsung Galaxy ဖုန်း အသုံးပြု့သူလူတိုင်းအတွက်

ဖတ်သင့်တဲ့ စာအုပ်လေးပါ..ခ်ခ်ခ် ..အင်္ဂလိပ် လို Ebook လေးကို site တွေထဲမှာ

ရှာတွေလို့ ကျနော်သူငယ်ချင်းတွေလည်း ဖတ်ရှု့နိုင်အောင်ပြန်လည် မျှဝေလိုက်ပါတယ် 

-ဖုန်း အသုံးပြု့နည်း

- Application တွေကို အသုံးပြု့နည်း + Hack နည်း

စသည်ဖြင့်အကြောင်းအရာစုံလင်စွာဖြင့် စာမျက်နှာပေါင်း 180 ပါ ပါတယ်

 
အပိုင်း ၁ နှင့် ၂ ကိုတစ်ခါတည်းတင်ပေးလိုက်ပါတယ်ခင်ဗျာ

VOLUME 1 ကို အောက်မှာရယူပါ( 29.5 MB  )


VOLUME 2 ကို အောက်မှာရယူပါ( 42.5 MB)


ကိုလတ်(ကျွဲဆင်း)

Sunday, 1 December 2013

Program ရေးစရာမလိုဘဲ Android application (APK) ပြုလုပ်နည်း

Unknown | 1.12.13 | | Best Blogger Tips




မိမိတို့ ရဲ့Website, Blog, Facebook Page, Facebook Group, Facebook Account 

များအတွက်APK ပြုလုပ်မယ် ဆိုရင် ဒီကောင်လေးကလည်း အရမ်းလွယ်ပါတယ်

ဒါလေးကိုတော့ ဆရာမ ဒေါ်ထားထားလွင် က PDF အဖြစ် ရေးထားတာပါ

အသုံးပြု့မယ်ဆိုရင် PDF ကို အောက်မှာဝင်ရောက်ယူနိုင်ပါတယ်




ကိုလတ်(ကျွဲဆင်း)


Friday, 11 October 2013

မိုးသိကြား ရဲ့ မူလတန်း Apple ဖတ်စာ

Unknown | 11.10.13 | | Best Blogger Tips



"Easy iDevice Guide" လို့ အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ စာအုပ်လေးကို ဒီနေ့မနက်ပဲ အချောသတ်နိုင်ခဲ့ပါတယ်...
မိုးသိကြား
ဒီစာအုပ်လေးက အခုမှ iDevice ကို စသုံးမယ့် သူတွေအတွက် အထူးရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း စာအုပ်ရဲ့ အမည်ကို "မူလတန်း Apple ဖတ်စာ" လို့ အမည်ပေးထားတာပါ။ စာမျက်နှာ (၁၂၉) မျက်နှာပါရှိပြီး အခြေခံအသုံးပြုနည်းများ၊ Jailbreak, Unlock နှင့် သက်ဆိုင်သော သိရှိထားသင့်သည့် အကြောင်းအရာများကို အရှင်းလင်းဆုံးဖြစ်အောင် ရေးသားထားပါသည်..


ဒီစာအုပ်ကို ရေးလက်စနဲ့ ရပ်ထားခဲ့တာ ကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြန်ပြီး ဆက်ရေးဖြစ်တာပါ။ တစ်ကယ်ဆက်ရေးတော့ ရေးစရာတွေက အများကြီးရှိနေပါတယ်၊ ဒါပေမယ့် အကုန်လုံးကို တစ်ပြိုင်တည်း ရေးဖို့ဆိုတာ အချိန်ယူရပါလိမ့်ဦးမည်။
ယနေ့ခေတ်မှာ နည်းပညာဟာ ပုတ်သိုးလွယ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် မြန်မြန်ရေးပြီး မြန်မြန် လိုအပ်နေတဲ့သူတွေ လက်ထဲ ထည့်ပေးလိုက်ချင်တာပါ။ အမှန်က iOS 7 မထွက်ခင် ပြီးအောင် ရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အပြီးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် iOS 7 အတွက် Jailbreak မထွက်ခင် အချိန်မီ အချောသတ်လိုက်ရပါတယ်... နည်းပညာက တစ်ဖြည်းဖြည်းခြင်း ပြောင်းလဲနေပါပြီ၊ ကိုယ်ရေးထားတဲ့ information တွေ မပုတ်ခင် ခပ်မြန်မြန်ပဲ စာသုံးကြစေလိုပါတယ်။

 









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

 
REF TO မိုးသိကြား

Saturday, 5 October 2013

ဘယ်လောက်ထိ ဟက်နိုင်မလဲ...စမ်းကြည့်ရအောင်(စာအုပ်)

Unknown | 5.10.13 | | Best Blogger Tips


ငိငိငိ......

ကဲ ဒါလေးကတော့ တဟက်တည်း ဟက်နေကြတဲ့ လူတွေအတွက်

ဟက်နည်း စာအုပ်တွေ တပြုံကြီးစု့ပြီးတော့ တင်ပေးလိုက်ပါတယ်

ဘာတွေပါလည်း ဆိုတော့ တော်တော်လေးစုံတယ် ဗျ...Facebook,Gmail, Wifi

စသဖြင့်တော်တော်များများလေးပါ ပါတယ် ဗဟုသု့တ ရအောင်ပဲဖြစ်ဖြစ်

အသုံးချလို၍ပဲဖြစ်ဖြစ် ဖတ်ကြည့်မယ်ဆိုအောက်မှာ ဒေါင်းသွားလိုက်ပါ ခင်ဗျာ

အဲ..အဲ မေ့နေလို့ ဟက်နည်းပါသလို ကာကွယ်နည်းလည်း ပါ ပါ တယ်







AC Vs DC



iPhone life -november / december (2013 ) MAGAZINE

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.13 | Best Blogger Tips


1380889922_medium
iPhone life -november / december (2013 )  လေးကို အင်္ဂလိပ်စာစိတ်ပါဝင်စားကြသူများရော iphone ကိုနှစ်သက်ကြတဲ့ မိတ်ဆွေတွေအတွက်ရော အားလုံးအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဖိုင်ဆိုဒ်ကတော့ 98 mb ရှိပါတယ်ခင်ဗျာ။
အသုံးပြုလိုတယ်ဆိုရင်တော့ အောက်မှာယူပေးပါ။





စိုင်းသူ






ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Friday, 4 October 2013

Hiren’s BootCD 15.2 အသုံးပြုနည်း , Clone ရိုက်နည်း မြန်မာလို

Unknown | 4.10.13 | Best Blogger Tips

 
 
 
မင်္ဂလာနံနက်ခင်းပါမျာ သီးတင်းကျွတ် အကြို Hiren’s BootCD 15.2 လေးနဲ့ online ဆရာသမားများနဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ များကို ကန်တော့တဲ့ အနေနဲ့ ရေးလိုက်ခြင်းဖစ်ပါတယ် ခင်မျာ ဒါလေးကိုရေးဖို့ 2 ရက်အချိန်ပေးခဲ့ရပါတယ် Aung Than Oo အိုင်တီ မုဆိုး Sanlin Htet Ei Mon Cristiano Zarni နှစ်တကွ တစ်ခြားသင်ဆရာမြင်ဆရာ အားလုံးကို ဦးထိပ့်ထားပြီး ကန်တော့လိုက်ပါတယ်ခင်မျာ~~~~
Hiren’s BootCD 15.2 ဆိုတာ တစ်ကယ်ကိုအသုံးဝင်ပါတယ် Computer Service သမားတွေ တွေနဲ့ ကွန်ပျူတာ ရှိတဲ့သူတိုင်းဆောင်ထားသင့်တယ်လို့ကျွန်တော်ယူဆပါတယ်ခင်မျာ Hiren’s BootCD 15.2 ဟာ လုပ်ဆောင်ချက်တော်တော်များကို လုပ်ဆောင်နိုင်ပါတယ် အဲထဲကမှ ကျွန်တော်သိတဲ့ လုပ်ဆောင်ချက်လေးတွေ ပြောပြပါ့မယ်
၁=data များကို backup ပြုလုပ်ခြင်း
၂=window password ခြင်း ဖယ်ရှားခြင်း/password ထဲခြင်း
၃=window တက်မလာတော့ဘဲ မိမိရဲ့ data /driver တွေ backup ပြုလုပ်ခြင်း
၎=အခြား HDD တစ်ခု လုံး ချိတ်ဆက်ပြီး window တင်နိုင်သော clone ရိုက်နိုင်းခြင်းတို့ဖြစ်ပါတယ်ခင်မျာ~~~~

data များကို backup ပြုလုပ်ခြင်း
Windows တင်သလို Fist Boot မှာ CD/DvD ကိုရွေးလိုက်.. Windows သမားက Mini Windows XP ကိုရွေးလိုက်ရင် Windows XP တက်လာပြီပါပီး ပီးရင် data တွေ ပြန်ရှာပြီး save နိုင်သွားပါပြီးခင်မျာ
window password  ဖယ်ရှားခြင်း
Window Password ကိုမေ့သွားတဲ့အခါ ၀င်လည်းဝင်လို့ မရ၊ ဖျက်လည်းဖျက်လို့ မရတော့လို့  Window ပြန်တင်ဖို့  စဉ်းစားနေသူများ ဟိုး ... ထားပါဦး ... Hiren's Boot CD ဆိုတာ ကျွန်တော် ပြောမှာက version 10 ပါ .... အဲဒီ အခွေဝယ်ပြီး ... စက်ထဲထည့် .. power တက်လာရင် F8 နှိပ် Boot ကို CD Rom ကို ရွေးလိုက် ... F8 မရရင်တော့ DEL နှိပ် Advanced Setting မှာ Boot Setting မှာ First Boot ကို CD Rom ပေးလိုက် .. OK ပြီဆိုရင် Boot Menu တက်လာရင် ဒုတိယ အကြောင်း Start Boot CD ကိုရွေးပါ .. ၀င်ပြီးရင် Password and Recovery Tools ကိုရွေးပါ ၊ပြီးရင် Active Password Changer ထဲဝင်လိုက်ပြီးရင် ....1 လို့ ရိုက်ပြီး Choose Logical Drive ကိုရွေးပါ ။ ပြီးရင်တော့ Window တင်ထားတဲ့ Partition ကို နံပါတ်နဲ့ ရွေးပေးလိုက်ပါ ဥပမာ C: မှာတင်ထားတယ်ဆိုရင် 0 ပေါ့ ...မှန်သွားပြီဆိုရင် SAM database ကိုပြပါလိမ့်မယ် ။ အဲဒိ ပြလာတဲ့ SAM Database ကို ENTER နှိပ်ရင် User Account တွေကိုထပ်ပြပါလိမ့်မယ် ၊ ပြပြီဆိုရင် သင်ဖျက်ပြီး ၀င်ချင်တဲ့ User Name ကို နံပါတ်နဲ့ ရွေးပြီး Enter နှိပ် ၊ပြီးရင် Y တစ်ချက်နှိပ်လိုက်ရင် ရပါပြီ ။ ပေးထားတဲ့ Password ပျက်သွားပါပြီခင် ဒီလောက်ဆို နားလို့ ကျွန်တော်ထင်ပါတယ်

window တက်မလာတော့ဘဲ မိမိရဲ့ data /driver တွေ backup ပြုလုပ်ခြင်း/clone ရိုက်နည်း
နောက် windows မတက်တော့ရင် data backup ကို hirens boot CD နဲ့ လုပ်တယ် Mini Xp နဲ့ တက်ပြီး data ဆယ်တယ်။ CD drive နဲ့ boot တက်လိုက်ပါ ဘယ်လိုလုပ်ရမလဲဆိုတော့ Desktop ဆိုရင် power ဖွင့်ပြီးတာနဲ့ del key ကို နှိပ်ထား laptop ဆိုရင် စက်စတက်တာနဲ့ scree ရဲ့ ညာဘက်ထောင့် မှာ Enter boot menu or Setup လို့ ရေးထားတဲ့ စာရဲ့ နားမှာ နှိပ်ဖို့ key ပြထားတယ် eg. Del or F2 ကြည့် ပြီးနှိပ်လိုက်ပါ။ ကိုယ့် BIOS ပေါ်မူတည်ပြီး ပုံစံ တွေတူမှာ မဟုတ်ဘူး ဒါပေမယ့် ကျွန်တော်တို့ အဓိကရှာရမှာက First Boot device or Boot option တစ်ခုချင်းသာ ၀င်ရှာတော့ဗျာ Bios ကိုမူတည်ပြီး tab name တွေက မတူဘူး။ တစ်ချို့ က Advance Bios Setup ထဲမှာ တစ်ချို့ က Boot menu ထဲမှာ ရှာသာကြည့်ဗျာ။ F8 နှိပ်ပြီးရွေးလို့လည်းရတယ် ဒါပေမယ့် တစ်ခါတစ်လေ အဲဒီအထဲကိုမရောက်တတ်ဘူး အထူးသဖြင့် Laptop တွေမှာသူက သီးခြားခလုပ်ရှိတယ်။First Boot Device တွေ့ရင် အောက်ဘက်မှာ ပြောင်းလည်းမှု့ လုပ်ချင်ရင် ဘာခလုတ်ဆိုတာရှိတယ် ဒါလည်းမတူတတ်ဘူး အဲ့ဒီခလုတ်အတိုင်းနှိပ် eg. Page up, Page down or F5, F6 or Enter & up and down arrow ပြောထားတဲ့ အတိုင်းလုပ်ကြည့်ဗျာ။ First Boot device ကို CD drive ဖြစ်အောင် change ပေး ပြီးရင် F10, Yes နဲ့ restart ချ။ အခွေထည့် ပြီး စောင့်နေ CD နဲ့ တက်လာလိမ့်မယ် အဲ့ဒီမှာ ရွေးရမယ် အဲ့ဒီမှာ mini widows xp ဆိုတဲ့ နေရာကို down arrow နဲ့သွား Enter ခေါက် တက်လာရင် windows အတိုင်းဘဲ C: ထဲသွား ကိုယ့် data တွေကိုရှာ ကျွန်တော်တို့ အဓိကရှာတာက Desktop/My Document and File eg.photo, word, excel, pdf customer ပေါ်မူတည်ပြီးရှာရတယ် တစ်ခါတစ်လေ mail backup လုပ်ရတယ်နိုင်ပါတယ်ခင်မျာ ပီးလုပ် ကိုယ်လုပ်ဆောင်ချင်တာကို လုပ်ဆောင်နိုင်ပါပြီး windows အခွေထည့် ပြီး windows တင်နိုင်ပါပြီတစ်ခါတစ်လေ Data အရမ်းကို အရေးကြီးရင် ghost ကိုသုံးပြီး clone ရိုက်တယ် ghost ကို ဒီCD ထဲမှာဘဲ အပေါ်မှာတုံးက mini windows xp ကိုရွေးတယ်နော် ဒီမှာ တော့ boot form CD ကိုရွေး backup ထဲသွား ghost ထဲသွား ghost normal ကိုရွေး Enter ခေါက်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်

Clone ရိုက်နည်း
Ghost ကိုသုံးတဲ့အခါ သတိထားရမယ့် အချက်တွေက မှားပြီး clone လုပ်မိရင် Data တွေတော့ အကုန်ဘဲ သိပ်လည်းမစိုးရိမ်ပါနဲ့ အဲ့ဒီလိုမဖြစ်ရအောင် 1. New HD ကို secondary ထား SATA ဆိုရင် တော့ဗျာ SATA 2 ပေါ့ မူရင်း HD က SATA 1 ထားရမယ်။ ဒါမှ ပြရင် အစဉ်အတိုင်းပြမယ် နောက် ကူးထည့်မယ် HD က partition Delete လုပ်ထားရင်ပိုကောင်းတယ် ရွေးစရာမလိုဘူး ပထမဆုံး source device ကိုရွေးပေးရမယ် ကိုယ့်မူရင်း HD ကိုရွေးပေးလိုက် Destination ကိုရွေးတဲ့ နေရာရောက်မယ် အဲဒီမှာ ကိုယ်က HD ကို အပေါ်က ပြောထားသလို SATA 2မှာထားခဲ့ရင် သူက အော်တို destination နေရာကိုရောက်နေမယ်။ သူ့ကိုရွေးပြီး Enter ခေါက် confirm မေးရင် continue ကိုရွေး ပေး။ သူဟာသူ အော်တို clone လုပ်မယ် ပြီးရင် restart ချပြီး စက်ပါပိတ်လိုက်။ ကိုယ့် HD အတိုင်းနောက်တစ်လုံးရပြီ မူရင်းကို ကြိုက်သလိုလုပ်ပြီး data ကို clone HD ထဲက ပြန်သွင်းရင်ရပါပြီးခင်မျာအဆင်ပြေပါစေ ဒီလောက်ဆိုရင်Hiren’s BootCD ကို ကြိုက်နှစ်သက်နေပြီးလို့ထင်ပါတယ်ခင်မျာ လိုချင်သပါ့ဆိုရင်တော့ ဒီလင့်မှာသွားရောက်ဒေါင်းနိုင်ပါတယ် ခင်မျာ
 
 
ဖိုင်ဆိုက်ကတော့ 592MB ရှိပါတယ်ခင်မျာ ကျွန်တော်တက်သလောက်ဖတ်သလောက်မှတ်သလောက်ရေချပြခြင်းဖစ်ပါတယ်အမှားပါရင်နား
လည်ပေးစေချင်ပါတယ် (ဒါမှမဟုတ်ဒေါင်းရတာ အဆင်မပြေဘူးဆိုရင် rar ခွဲပြီး တင်ပေးပါ့မယ်)
ကျွန်တော်ရေးတာလေးစာအုပ်အနေနဲ့ သိမ်းထားချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ 
 
 
အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 
 
AC Vs DC
 
 
 
 
 
 

Monday, 9 September 2013

HTML & CSS မြန်မာလို E-book

Unknown | 9.9.13 | Best Blogger Tips

 
ကိုထိန်လင်းရွှေ ( Saturngod ) ရေးထားတဲ့ စာအုပ် လေးတွေဖြစ်ပါတယ်..။ HTML , CSS အကြောင်းကို အသေးစိတ် တစ်ဆင့်ခြင်းရှင်းပြထားပြီး နားလည်လွယ်အောင်ရေးသားထားတဲ့အတွက်  လေ့လာသူများ ဖတ်သင့်တဲ့ E-book တွေဖြစ်ပါတယ်....။ HTML နဲ့ CSS Language ကို စိတ်ဝင်စားသူတွေ အခုမှစတင်လေ့လာမယ့်သူတွေအတွက် အတော်လေးကိုအထောက်အကူဖြစ်စေပါတယ်....။

Click Here to Download CSS မြန်မာလို
 

Click Here to Download HTML မြန်မာလို
 



Saturday, 7 September 2013

Boot Screen တွင် Loading လုပ်ပြီး Restart ပြန်လည်ဖြစ်သွားခြင်းကိုဖြေရှင်းနည်း

Unknown | 7.9.13 | | | Best Blogger Tips



Boot Screen တွင် Loading လုပ်ပြီး Restart ပြန်လည်ဖြစ်သွားခြင်းမျိုး တွေ့ဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ပါ အဓိကလိုအပ်တာကတော့ Windows XP Installer CD ပါပဲ။ CD Rom ထဲကို ခွေထည့်လိုက်ပါ ပြီး ရင်ဘာဆက်လုပ်ရမလဲဆိုတာ ကို သိချင်ရင် စာအုပ်လေးဒေါင်းသွားလိုက်ပါ အဆင်ပြေပါစေ 





AC VS DC


Tuesday, 3 September 2013

Microsoft Office မြန်မာလို စာအုပ်များ စုစည်းမှု

Unknown | 3.9.13 | Best Blogger Tips



ဒီနေ့ ကျွန်တော် တင်ပေးချင် တာလေးက ရုံးသုံးကျောင်းသုံး လုပ်ငန်းသုံးတွေတွက် မဖြစ်မနေ
နားလည်တတ်ကျွမ်းထားရမဲ့ Microsoft office စာအုပ် မြန်မာလိုစာအုပ်တွေကို စုစည်းပြီး ရသမျှတင်ပေးလိုက်ပါတယ်။

  ပြည့်စုံချင်မှာ ပြည့်စုံပါလိမ်မယ် ဒါပေ့မယ် ၂၀၀၇ ရော ၂၀၁၀ ရော
မြန်မာလို ရှင်းပြထားတဲ့ စာအုပ်တွေပါပါတယ်။

တချို့စာအုပ်တွေက Microsoft Office XP တွေတွက်ပါ မြန်မလို စာအုပ်တွေပါ ထည့်ပေးလိုက်ပါ
တယ်။

လိုအပ်သလို အဆင်ပြေတဲ့ စာအုပ်တွေကို ဒေါင်းယူနိုင်ပါတယ်။


AccessXP.pdf - 7007k Download

MS WordXP.pdf -1482k Download

Word 2007.pdf - Download

Excel 2010 .pdf - 3953k Download

MICROSOFT_EXCEL_2002.pdf 1661k Download

Microsoft Excel 2010 Introductory.rar 17884k Download

Excel 2007 Download

Excel 2007 Part-II_2 Download

PowerPoint 2002.pdf 6872k Download

Microsoft_Access_2002.pdf 7007k Download

Microsoft_FrontPage_2002.pdf 1750k Download

Microsoft_Visual_Basic_6.0.pdf 5770k Download

ch-51.pdf 796k Download

Powerpoint_2007.pdf 2253k Download

http://adfoc.us/3357932165190




Network ဆိုတာက ဘာလဲ ဆိုတာကို ရှင်းထားတယ်

Unknown | 3.9.13 | Best Blogger Tips

What is a Network?
Network ဆိုတာက ဘာလဲ။ Network ဆိုတာက 

ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးချိတ်ဆက်ထားတဲ့ကွန်ရက်ကို Network လို့ခေါ်တယ်။

 Network မှာ LAN (Local Area Network) နဲ့ WAN (Wide Area Network) ဆိုပြီးရှိတယ်။

LANs ဆိုတာဘာလဲ။ ဥပမာပြောရရင် အခန်းတစ်ခန်းတည်းက၊ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခု၊ 

ကုမ္ပဏီရုံးခန်းတစ်ခုမှာကွန်ပျူတာ ၁၀ လုံးရှိတယ်။ အဲဒီကွန်ပျူတာ ၁၀ လုံးက တစ်လုံးနဲ့တစ်လုံး 

Network ချိတ်ထားတယ်ဆိုပါစို့။ တစ်ခြား ကွန်ပျူတာနဲ့ဆက်စပ်တဲ့

 Devices (Printer, Scanner) တွေနဲ့လည်း Network ချိတ်ဆက်ထားတယ်။ အဲဒါကို Local Area 

Network (LAN) ချိတ်တယ်လို့ခေါ်တယ်။

အဲဒါဆိုရင် WAN ကရောဘာလဲ။ သူကတော့ အခန်းတစ်ခန်းထဲမှာမဟုတ်တော့ဘူး။ 

မတူညီတဲ့နေရာဒေသက ကွန်ပျူတာတွေနဲ့ချိတ်ဆက်ထားမယ်။ တစ်မြို့နယ်နဲ့တစ်မြို့နယ်၊ တစ်နိုင်ငံနဲ့ 

တစ်နိုင်ငံကို ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးပဲဖြစ်ဖြစ်၊ LAN ချိတ်ထားတဲ့ကွန်ပျူတာတွေအချင်းချင်းပဲဖြစ်ဖြစ် 

ချိတ်ဆက်ထားမယ်ဆိုရင် အဲဒါကို WAN (Wide Area Network) လို့ခေါ်တယ်။ 

Internet ကလည်း WAN ပဲ ဆက်ဖတ်ချင်တယ်ဆိုရင် စာအုပ်သာ ဒေါင်းသွားလိုက်ပါ



အိုင်တီခေတ်




Monday, 19 August 2013

android ဖုန်းကို root လုပ်နည်းဖုန်းအမျိုးအစားပေါင်းများစွာပါဝင်တဲ့  e-book ကိုရယူနိုင်ပါပြီ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 19.8.13 | Best Blogger Tips


android ဖုန်းကိုင်ထားသူများလေ့ လာရန်အတွက်e -book လေးပါ။မူလရေးသားထားတဲ့ သူကတော့ 
e -book လေးဖွင့် ဖတ်ရင်တွေ့ ရမှာမို့  တကူးတက credit မပေးတော့ ပါဘူး။ဒီနေရာမှာ အခုမှ စတင်လေ့ လာသူတွေအတွက်အထောက်အကူရအောင်ပြန်လည်ဝေမျှပေးတာကလွဲရင် တစ်ခြားဘာမှမရှိပါဘူးပြန်လည်မျှဝေယုံသက်သက်ပါခင်ဗျာ။ဒီစာအုပ်လေးကိုဖတ်ပြီးသွားပြီဆိုရင်တော့  မိတ်ဆွေတို့ အနေနဲ့ လည်းသဘောပေါက်နားလည်သွားမှာပါ။ဒီစာအုပ်လေးထဲမှာ ပါတဲ့ အကြောင်းအရာရေးသားထားတာတွေထဲကတစ်ချို့ တစ်ဝက်ကတော့ ။အောက်မှပြထားတဲ့ အတိုင်းပါပဲစိတ်ဝင်စားရင်တော့ 
ဒေါင်းလုပ်ယူထားလိုက်ပါခင်ဗျာ။ရှားပါးစာအုပ်လေးမို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။




ဒီပိုစ်လေးကို -ကိုအမျိုးကောင်းသားဆီမှတစ်ဆင့် ကူးယူဖော်ပြပါတယ်။











ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်။မိတ်ဆွေတို့ ရဲ့ ဖုန်းပြသနာများကို saithu102@gmail.com သို့ ပေးပို့ မေးမြန်းနိုင်ပါတယ်။