Showing posts with label အင်တာနက် ဆိုင်ရာ. Show all posts
Showing posts with label အင်တာနက် ဆိုင်ရာ. Show all posts

Sunday, 5 October 2014

သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 5.10.14 | Best Blogger Tips


သိထားသင့် တဲ့  firefox ရဲ့  Sync အကြောင်း
------------------------------------------------------------------

firefox အသုံးပြု သူများ အတွက် ပါ။ မိမိတို့  အင်တာနက် မှာ bookmarks လေးတွေလုပ်ပြီး

 သိမ်းထားတတ်သူတွေ အတွက်ပါ။ မိမိမှတ်သားထားတာလေးတွေ ကို မိမိ တို့ စက် မှာ windows အသစ်

 တင် တဲ့ အခါ ပျောက်သွားမှာ ကို စိုးရိမ် စရာ မလို တော့ ပါ ဘူး။အဲဒီအတွက် firefox  မှာ sync account

 ဖွင့် ပြီး တော့ ပုံမှန် အသုံးပြု လိုက်ရုံပါပဲ။firefox မှာ sync Account ဖွင့် ဖို့ အတွက် မိမိ တို့ ရဲ့  gmail

Account နဲ့  အရင်ဆုံး Sin up လုပ်ရ ပါမယ်။မိမိနှစ်သက်တဲ့  password ပေးပြီး Sing up လုပ်ခဲ့ တဲ့ 

Email မှာ Verify လုပ်ပေးပြီး ရုံပါပဲ.... Windows အသစ် တင် တိုင်း firefox မှာ sync Account ကို sin in

ဝင် တာ နဲ့ မိမိ မှတ်သားထား တဲ့  bookmarks , tab , password , Add on တွေ ကို ကဲ အလွယ်ကူ

ဆုံး ပြန်လည်ရယူ နိုင် ပါပြီ။အောက်မှာ အသေးစိတ် ကိုပုံနှင့် တစ်ကွ ရှင်းပြပေးထားပါ တယ်။


အဆင့် ( ၁)
-------------------------------
firefox setting  / option မှာ အောက်ကပုံလေးအတိုင်း Sync ကိုနိုပ်ပါ။ Create Account ကို နိုပ်ပေးပါ။




အဆင့် ( ၂ )
----------------------------------
 မိမိရဲ့  Register  လုပ်မဲ့ Email လိပ်စာနှင့်  Password ကိုထည့် ပါ။ year of Birth မှာ မိမိ မေးသက္က ရာဇ် ကို ထည့် ပေးပါ။ပြီးရင် Next ကိုနိုပ်ပါ။



အဆင့် ( ၃ )
------------------------------------

 မိမိ Register လုပ်ခဲ့ တဲ့ အီးမေး ကိုဖွင့် ပါ ။ firefox sync ကို verify ဖြစ် ဖို့ ပေးပို့ လာ တဲ့ link ကိုနိုပ်ပါ။



အဆင့် ( ၃ )
------------------------------------
Manage ကိုနိုပ်ပါ။



အဆင့် ( ၄ ) 
---------------------------

မိမိ sync လုပ်လိုတဲ့  tabs , bookmarks စသည်ဖြင့် မိမိ နှစ်သက်သလို စီစဉ်ပါ။ ပြီးရင် အားလုံးပြီး ဆုံးသွားပါ ပြီ။




အသစ်တင်တိုင်း facebook ကနေ ဖတ်မယ် ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။

စိုင်းသူ

www.saithu102.blogspot.com

Monday, 2 September 2013

အင်တာနက်ကနေ tv ; radio live chanel တွေကိုကြည့် မယ်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 2.9.13 | Best Blogger Tips

ChrisTV Online Premium 9.30 နဲ့  အင်တာနက်ကနေ tv ; radio live chanel တွေကိုကြည့် လို့ ရပါပြီခင်ဗျာ။ တစ်ကမ္ဘာလုံးက1800 TV channels နှင့်  600 radio  channels တွေကိုဖမ်းယူကြည့် ရှူ့ နိုင်မှာဖြစ်သလိုမိမိတို့ နှစ်သက်တဲ့  channels တွေကိုလည်း record လုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ဖိုင်ဆိုဒ်ကလည်း 8 mb ပဲဖြစ်ပါတယ်ခင်ဗျာ။
စမ်းသုံးချင်သူများ download ဆွဲထားနိုင်ပါပြီခင်ဗျာ။










အဆင်ပြေတယ်ဆိုရင် facebook မှာ like လုပ်ပေးကြပါအုံး။



Tuesday, 27 August 2013

YouTubeကို မထစ်ဘဲ ကြည့်မယ်

Unknown | 27.8.13 | | Best Blogger Tips




YouTubeကို မထစ်ဘဲ ကြည့်မယ်

ကွန်နက်ရှင် မကောင်းတဲ့သူတွေအတွက် YouTubeကို ကြည့်ရင် Pause လုပ်ထားပြီး Video တစ်ခုလုံးကို Preloadလုပ်ပြီးတော့မှ ကြည့်ရင် မထစ်ဘဲ ကြည့်နိုင်ပါတယ်။ ဒါကအရင်တုန်းက သုံးလို့ ရတဲ့နည်းပါ။ 

အဲဒီနည်းကို အခုအသုံးပြုလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုရင် YouTubeက အတိုကောက်အားဖြင့် DASHလို့ခေါ်တဲ့ Dynamic Adaptive Streaming over HTTPကို ပြောင်းလဲ အသုံးပြုလိုက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ DASHကို Disableလုပ်လို့  ရတဲ့နည်းကတော့ YouTube Centerဆိုတဲ့ Browser Extensionကို အသုံးပြုရမှာပါ။ YouTube Centerကို Firefox, Chrome, Opera, Safari, Maxthonစတဲ့ Browserတွေမှာ သုံးနိုင်ပါတယ်။
YouTube Centerကို သက်ဆိုင်ရာ Browserမှာ အင်စတောလုပ်ပြီးရင် YouTubeကို Login ၀င်ပါ။ သင့်အကောင့်ပုံဘေးမှာ Gear Iconကို တွေ့ မြင်နိုင်ပြီး Gear Iconကိုနှိပ်ပါ။ YouTube Center Settings ပေါ်လာရင် Player အောက်က Dash Playbackကို Uncheck လုပ်ပါ။ ဒါဆိုရင် အရင်နည်းအတိုင်း YouTubeကို မထစ်ဘဲ ကြည့်နိုင်ပါပြီ။




YouTube Centerကို Official Websiteကနေတစ်ဆင့် သက်ဆိုင်ရာ Browserတွေမှာ အင်စတော လုပ်နိုင်ပါတယ်။ Chrome Web Storeမှာ YouTube Center မရှိတဲ့အတွက် Chrome User တွေအတွက်တော့ YouTube Centerရဲ့  Extensionဖိုင်ကို ဒေါင်းလုပ်လုပ်ပြီး Extension Page ထဲကို Drag and Drop လုပ်ပြီး Manual Install လုပ်ရမှာပါ။ Extension Pageမှာ Developer Modeကို Onထားရပါမယ်။
Download YouTube Center


utm_campaign=socialflow_lifehacker_facebook&utm_source=lifehacker_facebook&utm_medium=socialflow


အိုင်တီခေတ်


ကွန်ပြူတာနှင့်အင်တာနက်ဆိုင်ရာ အမေးအဖြေများ

Unknown | 27.8.13 | | | Best Blogger Tips


ကွန်ပြူတာနဲ့ ပါက်သက်ပြီးတော့ ဖြစ်တက်တဲ့ ပြဿနာလေးတွေ ၊ အင်တာနက်ဆိုင်ရာ

အခက်အခဲလေးတွေ ၊ Browser တွေ မှာမြန်မာ လို မမြင်ရတာလေးတွေ

Browser တခု့ထဲမှာ Facebook ၂ ခု့ ၃ ခု့ ဖွင့် သုံးချင်တာလေးတွေ

စသဖြင့် စသဖြင့် တော်တော်လေးစုံစုံလင်လင် ရှိပါတယ် အားလုံးလည်း လေ့လာ မှတ်သားနိုင်အောင်

ပြန်လည်ဝေမျှနိုင်စေရန် ကျနော် ကလည်း တဆင့်ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ

ဒီ PDF  လေး ကိုတော့  FB မှ AV vs  DC က ပြန်လည် ပြု့စု့ထားပါတယ် ဒီလိုလေးလည်းရေးထားပါတယ်

နောက်လည်းဆက်လက်ဖော်ပြပေးသွားပါမယ်

အခု ကျွန်တော်တို့ကျွန်ပျူတာ နည်းပညာဆိုင်ရာအမေးအဖြေ ဆွေးနွေးခန်း လေးမှာ အမေးအများဆုံး error တွေ့ ကျွန်တော်တို့ admin အမ @Ei Mon သေခြာစုစည်ပြုစုထားတဲ့ စာတွေကို ကျွန်တော်က pdf ပုံစံလေးနဲ့ လွယ်လင့်တကူဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါ အထူးသဖြစ် မြန်မာစာ problem လေးတွေ အမေးအဖြေ လေးတွေ ပါ အားလုံးအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်




အိုင်တီခေတ်


Sunday, 25 August 2013

ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း

Unknown | 25.8.13 | | Best Blogger Tips




ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************

Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။
ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။

ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။

flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။
ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 

ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 

ပျော်ရွှင်ပါစေဗျာ။

Credit to Mr.AD

http://file2hd.com/


ကိုလတ်(ကျွဲဆင်း)





Friday, 23 August 2013

IP address အကြောင်းသိကောင်းစရာ

Unknown | 23.8.13 | | Best Blogger Tips



IP address အကြောင်းသိကောင်းစရာ

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု 
မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။
ကျွန်တော်တို့ လူတွေမှာလည်းဘာသာ
စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။
ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့
computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ
သုံးဖို့လိုပါတယ်။
TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address
တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။
IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits
နဲ့အလုပ်လုပ်ပြီးV6ကတော့
128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။
V4 IP address မှာ
Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့
နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။
( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့
machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။
( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ
အပြန်အလှန်ဆက်သွယ်နိုင်တဲ့
address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer
5 လုံး၊ Group 2 မှာ computer 5 လုံး၊
ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2
ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်
Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)
Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။
အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်
Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့
အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့
addressအစုအဝေးတစ်ခုဖြစ်ပြီး၊
HostAddressဆိုတာတော့
Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။
IP address ဒီလို အလုပ်လုပ်တယ်
IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ
32bitsကို8bitsစီ၊8bitsစီအပိုင်း
လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်
သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊
ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။
( ဥပမာ- 192.168.1 .100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။
8bits ပါဝင်တဲ့
အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။
ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို
IP address ရဲ့ ပထမဆုံးအပိုင်း
( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
Local Machine Address
အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။
အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့
ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။
local machine address ဆိုတာ
computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။
ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -
လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊
ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့
(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်
စတဲ့ နာမ်စားတစ်ခုနဲ့
ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol
သုံးပြီး Network ချိတ်တဲ့
computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်
ကိုယ့် computer ကို
ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။
အလွယ်ပြောရင်တော့
 computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ
အလုပ်လုပ်နိုင် မလုပ်နိုင်၊
NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။
ကျွန်တော် network အကြောင်းကိုလေ့လာနေဆဲ လူတစ်ယောက်အနေနဲ့ ကျွန်တော် IP address အကြောင်းကိုလေ့လာရင်း တွေ့လို့ ပြန်လည် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။



အိုင်တီခေတ်



Gmail ကို Offline သုံးမယ်(Chrome)

Unknown | 23.8.13 | | | Best Blogger Tips




ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် 

ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး 

အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ 


Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက 

မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်တည်း downloadလုပ်ပြီး

 သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် 

အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ 

ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ 

အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ 

ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် 

အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် 

သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို 

အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ 

အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါကေ


အာက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

 Gmailသို့ sign-in လုပ်ရပါမည်။

 မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။အောက်မှာပုံလေးနဲ့ပြထားပါတယ်




အောက်မှာ ပုံတွေ ပြထားတဲ့ အတိုင်းဆက်သွားလိုက်ပါ

Setting ကိုဝင်လိုက်ပြီ ဆိုရင် Offline ဆိုတာ ကို အပေါ်တန်းလေးမှာတွေ့နိုင်ပါတယ်

Offline ကိုတွေ့ရင် နှိပ်လိုက်ပါ အောက်ခြေကပ်လျက်မှာ install Gmail Offline ဆိုတာလေး ကို

ထပ်မံရွေချယ်ပေးရမှာဖြစ်ပါတယ်


ထပ်ရွေးပေးပြီးရင်တော့ စာမျက်နှာ အသစ် ပေါ်လာပါမယ်

အောက်မှာ ပြထားပါတယ်  အနီရောင် ကွင်းထဲ က Free ဆိုတာ ကို ထပ်နှိပ်လိုက်ပါ

အောက်က ပုံအတိုင်းပေါ်လာရင် Add ကိုထပ်နှိပ်လိုက်ပါ


နောက်စာမျက်နှာမှာ အောက်ကပုံအတိုင်း LAUNCH APP ကိုနှိပ်လိုက်ပါ



အောက်မှာထပ်ပြီးတော့ ရွေးပေးရမယ်တခု့  Allow OFFline mail ဆိုတာကို

နှိပ်ပြီးတော့ Continue ကိုထပ်နှိပ်လိုက်ပါ


Gmail  setting မှာသွားကြည့်လိုက်ပါ အောက်နားလေးက လေးထောင့် အနီရောင်ကွက်မှာ

Launch Gmail Offline လို့ပြောင်းသွားပါပြီ





မိမိဖွင့်ကြည့်ချင်တဲ့အချိန် အဲ့ဒီ Launch Gmail Offline ကိုနှိပ်ပြီးတော့ ကြည့်နိုင်ပါပြီ ခင်ဗျာ



Thank Tyrino


အိုင်တီခေတ်





Monday, 19 August 2013

SUPER HIDE IP လေးကိုသုံးပြီးလြုံခုံစိတ်ချစွာအသုံးပြုနိုင်ပြီ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 19.8.13 | Best Blogger Tips

SUPER HIDE IP လေးကိုသုံးဘူးကြလား ? ဒီကောင်လေးကို ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ကိုင်နေကြသူများ(စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ )စသည်ဖြင့် လုပ်ငန်းတွေလုပ်ကိုင်နေကြသများအနေဖြင့် မိမိတို့ ရဲ့ သတင်းအချက်အလက်တွေခိုးယူခြင်း
မှကာကွယ်နိုင်အောင် SUPER HIDE IP  ဆော့ ဝဲကောင်းလေးသုံးဖို့ အကြုံပြုပါရစေ။
မိမိတို့  WEBSITE တွေကိုဝင်ရောက်တဲ့ အခါမှာ ဟက်ကာတွေဟာမိမိတို့ ရဲ့  IP ကိုရယူပြီးတန်ပြန်ပြီးသတင်းအချက်အလက်တွေကိုခိုးယူနိုင်ပါတယ်။ဒီလိုဟက်ကာတွေရဲ့ ရန်ကို ကာကွယ်ချင်တယ် မိမိတို့ ရဲ့  IP ADRESS ကိုဖျောက်ခြင်တယ်ဆိုရင်တော့  အောက်မှာဒေါင်းလုပ်ယူလိုက်ပါခင်ဗျာ။
လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်အောက်မှာပုံလေးကိုကြည့် ရင်ဘာလုပ်ရမယ်ဆိုတာသဘောပေါက်မှာပါ
 
ဒေါင်းလုပ်ကိုအောက်မှာယူပေးကြပါခင်ဗျာ။
CREDIT -TO THE WORLD OF CRACKS

Password:မေးလာရင်အောက်ကဘောင်လေးထဲကစာသားတွေကိုကူးပြီးထည့် ပေးပါခင်ဗျာ။


Super Hide IP 3.3.4.8 Full Setup : Link1 - Link2

Super Hide IP 3.3.4.8 Full Patch : Link1 - Link2



ဒါကတော့  SUPER HIDE IP SET UP FILE ပါDOWNLOAD



ဒါကတော့  SUPER HIDE IP PARTCH FILE DOWNLOAD








Sunday, 18 August 2013

Internet Download Manager 6.17 Build 8 Final (18 August 2013

Unknown | 18.8.13 | Best Blogger Tips


 Internet Download Manager (IDM) ကို အားလုံးသိပြီးကြပြီ ဖြစ်မှာပါ .... နောက်ဆုံးထွက် Update Version လေးပါ...။
 Internet Download Manager 6.17 Build 8 Final (18 August 2013)






Click Here to Download Setup
 
Click Here to Download Crack Only
 
 


Sunday, 4 August 2013

ကွန်ပြူတာတွေ တလုံးနဲ့ တလုံး ချိပ်ဆက်မယ့်Teamviewer Premium

Unknown | 4.8.13 | Best Blogger Tips



Teamviewer 8.0.19617

မိမိကွန်ပြုတာ ကနေ အခြားကွန်ပြူတာ ကို ပြု့ပြင်ပေးချင်တာပဲဖြစ်ဖြစ်

လိုအပ်တဲ့ ဖိုင်တွေ ကိုကူးယူတာပဲဖြစ်ဖြစ် Teamviewer လေး ကို အသုံးပြု့ကြပါတယ်

ကွန်ပြူတာကနေ ဖုန်း ကိုပဲဖြစ်ဖြစ် ဖုန်းကနေ ကွန်ပြူတာ ကိုပဲဖြစ်ဖြစ် အင်တာနက် ကွန်နက်ရှင်

သာရှိမယ် ဆိုရင်  ချိပ်ဆက် အသုံးပြုနိုင်ပါတယ်

ယခု့ Teamviewer လေး က အသစ် upate လေးထွက်လာလို့ သုံးစွဲကြတဲ့ သူငယ်ချင်းများအတွက်

အလွယ်တကူ ဒေါင်းယူနိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်

အောက်မှာ ပေးထားတဲ့ ဒေါင်းရမယ့် လင့်တနေရာရာကနေဒေါင်းလိုက်ပါ

အဆင်ပြေပြေဒေါင်းနိုင်ရန်အတွက် ဒေါင်းမယ့် လင့်တွေ ကိုလည်း Adfly ကြော်ငြာ လင့်တွေ 

ခံထားခြင်းမရှိပါ အေးအေးဆေးဆေးဒေါင်းပါ



ဒေါင်းလို့ရလာတဲ့ ဖိုင်လေး ကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ အထဲမှာ

Teamviewer .exe ဆိုတဲ့ ဖိုင်လေး ပါတယ် ကလစ် ၂ ချက်ခေါက်ပြီးတော့ run လိုက်ပါ

အဆင့်အဆင့် ကို install လုပ်လိုက်ပါ အဲ့ဒါတော့ မပြောတော့ဘူး သိမှာပါ

ပြီးသွားပြီဆိုရင် Desktop မှာ Teamviewer Icon လေးပေါ်လာမှာပါ

Activate လုပ်မယ်အခု့ install လုပ်ထားလို့ short cut icon tray ထဲမှာ teamviewer ရှိနေမယ်

ဆိုရင် Right click နှိပ်ပြီး Exit ပေးလိုက်ပါ ပြီးရင် Download ထားတဲ့ ဖိုင် ဆီ ပြန်သွား

Activator.exe ဆိုတဲ့ ဖိုင် ကို ကလစ် ၂ ချက်ခေါက်ဖွင့်လိုက်ပါ

ပွင့်လာရင် Next ကို ၂ ခါ နှိပ်ပါ နောက်ထပ်တခါ Start ကိုနှိပ်ပါ 

ပြီးရင် Activate sucessful ဖြစ်ကြောင်း စာတက်လာမယ် ကွန်ပြုတာ ကို Restart တောင်းပါလိမ့်မယ်

အဲ့ဒါတော့ ကြိုက်သလိုလုပ်ပါ Restart ပေးရင်တော့ ပိုကောင်းပါတယ်

ဒါလေးပါပဲ ခင်ဗျာ

ALEX