Showing posts with label IPHONE ဆိုင်ရာ. Show all posts
Showing posts with label IPHONE ဆိုင်ရာ. Show all posts

Friday, 3 January 2014

iPhone, iPad Reset Settings များအကြောင်း

Unknown | 3.1.14 | | Best Blogger Tips



ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

         

         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

                           ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင်


                                            အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

                                            မိုးသိကြား


Monday, 23 December 2013

iOS 7.x သမားများ jailbreak ရပါပြီခင်ဗျာ......

မိုးညိုသား | 23.12.13 | | | Best Blogger Tips






iOS 7 တင်ထားသူတွေအတွက်တော့ ဒီညဟာ ပျော်စရာညလေး
တစ်ညဖြစ်မှာပါဗျာ iOS 7.x တင်ထားသမျှ
ipod , iphone , ipad စတဲ့ idevices အစုံကို jailbreak  လုပ်နိုင်အောင်
http://evasi0n.com/ က ကြိုးစား ထားပါတယ်ဗျာ
လိုချင်သူများအတွက် ဖိုင်ဆိုဒ် 29MB ရှိပါတယ်

မှတ်ချက်၊၊ Jailbreak လုပ်မည့် မိမိ၏ i Device မှာ Password ခံထားပါက Jailbreak မလုပ်မီ ခတ္တဖြုတ်ထားလျှင် ပို၍အဆင်ပြေပါလိမ့်မည်

လတ်တလော မြန်မာစာရေးဖို့ အဆင်ပြေချင်သူတွေကတော့ https://cydia.macforus.com ကိုအက်ပြီးတော့ MMKeyboard For ios 6+ ကိုထည့်ပြီးတော့သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေတာကတော့ ကီးဘုတ်ကို တစ်ဖက်လှန်လို့မရပါဗျာ ရေးရင်တော့ပေါ်ပါတယ် Layout မှာစာတွေ မပြောင်းသွားတာပါ။ အဆင်ပြေကြပါစေဗျာ
Windows သုံးပြီး jailbreak လုပ်ချင်သူတွေအတွက်





Saturday, 12 October 2013

iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 12.10.13 | Best Blogger Tips


iPhone 5 , 5 s နှင့်  5 c တို့ ၏ ( top ten secret codes) များ
===================================


1 ။ *#06# to find ime number (it will work many of smart phone)

2 ။ *#21# is display information about call forwarding (call voice and data )

3 ။ *#62 # information call forwarding if iphone is switched or in case of none of services is available

4 ။ ## 002 # this code disable call forwarding .

5 ။ *#30# this codes allow (or) blocks the phone number calling you

6 ။ *# 31 # allow you to hide your number.

7 ။ *#33# multiple configuration like (call,sms,data,etc..) and show wether they are enabled or not.

8 ။ *#61# to know miss call

9 ။ *#43# to verify status call wating like ( sms,data and sync data )

10 ။ *3001#12345#* to display many of inner setting of your phone.

========================================
ဆက်လက်ဖော်ပြပေးပါမည်။


    


အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။





စိုင်းသူ 






ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, 11 September 2013

iPhone 5C

Unknown | 11.9.13 | | Best Blogger Tips






ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ iPhone ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ iPhone 5S နဲ့အတူ iPhone 5C ကိုပါ Apple က မိတ်ဆက်ပေးခဲ့ပါတယ်။

iPhone 5C ကို Apple က ဆက်လက်ရောင်းချခြင်း မရှိတော့မယ့် iPhone 5 ရဲ့နေရာမှာ အစားထိုး ထုတ်လုပ်ထားတာပါ။ 5C မှာပါဝင်တဲ့ အချက်အလက်တွေဟာ iPhone 5 နဲ့ အနီးစပ်ဆုံး တူပါတယ်။ ဒါပေမဲ့ 5C က အနည်းငယ်လေးလံပြီး 64GB အမျိုးအစားနဲ့လည်း မရနိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်တွေက iPod ကို အရောင်မျိုးစုံနဲ့ တွေ့ခဲ့ရပေမယ့် iPhone ကိုတော့ အဖြူ၊ အမည်းနဲ့သာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ယခုအခါမှာတော့ iPhone 5C ကို ပန်းဆီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဖြူရောင်တို့နဲ့ ရရှိနိုင်ပါပြီ။

5C ရဲ့ နောက်ခံကိုယ်ထည်ကို တောက်ပတဲ့ polycarbonate နဲ့ ပြုလုပ်ထားတာပါ။ ဒါကြောင့် iPhone 5C မှာ ဖန်သားနဲ့ အလူမီနီယံတွေကို မြင်ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ 5C ရဲ့ screen အရည်အသွေးကိုတော့ Apple က လျှော့ပေါ့ထားခြင်းမရှိဘဲ Retina Display ကိုအသုံးပြုထားပါတယ်။

နောက်ပြီး 5C ကို iOS 7 နဲ့ အသုံးပြုနိုင်ပါတယ်။

ဖုန်းရဲ့ အောက်ခြေဘက်မှာ headphone minijack, microphone, Lightning connector နဲ့ built-in speaker တို့ကို တွေ့ရပါမယ်။

ကင်မရာကတော့ iPhone 5S လောက်ကောင်းမွန်ခြင်းမရှိပေမယ့် 5C နဲ့ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

Processor အနေနဲ့ လျင်မြန်တဲ့ A6 processor ကို အသုံးပြုထားတဲ့အတွက် lower-end ဖုန်းဖြစ်ပေမယ့် စွမ်းဆောင်ရည် မနိမ့်ပါဘူး။ ဒါ့အပြင် LTE ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

5C ရဲ့ စာချုပ်မပါ တန်ဖိုးက $549 ပါ။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $99 ဖြစ်ပြီး 32GB အတွက် တန်ဖိုးက $199 ဖြစ်ပါတယ်။ iPhone 5C ကို စက်တင်ဘာလ ၁၃ ရက်မှာ ကြိုတင်မှာယူ ထားနိုင်ပြီး စက်တင်ဘာလ ၂၀ ရက်မှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ စင်ကာပူနဲ့ ယူကေ တို့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 5C

1. A6 Chip
2. 4-inch Retina Display
3. iOS 7
4. 8 megapixels ƒ/2.4 aperture
5. LED flash
6. Siri
7. Talk time: Up to 10 hours on 3G
8. Standby time: Up to 250 hours

Colors
Green, grey, light blue, peach-ish, and yellow

iPhone 5C ဈေးနှုန်း
2Years Contract

16GB $99
32GB $199

Contract မပါ Unlocked, SimFree
16GB $549
32GB $649

Preorder: September 15

http://www.apple.com/iphone-5c

Ref to Techspace Journals & Internet Journals


အိုင်တီခေတ်







iPhone 5S

Unknown | 11.9.13 | | Best Blogger Tips


iPhone 5S
=====

မနေ့ညက ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Apple က 
 
iPhone 5S ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။
 
 iPhone 5S မှာ camera feature တွေ ပိုမိုပါဝင်လာပြီး processor ကိုလည်း အဆင့်မြှင့်ပေးထားပါတယ်။ 
 
ဒါ့အပြင် ရွှေရောင်နဲ့ပါ ရရှိနိုင်မှာဖြစ်တဲ့အတွက် Apple ပရိသတ်တွေကို ကျေနပ်မှု ရှိစေမှာပါ။

iPhone 5 ကို 16GB, 32GB နဲ့ 64GB ဆိုပြီး model သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပါတယ်။ 
 
အရောင်တွေ အနေနဲ့ မီးခိုးရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။

iPhone 5S မှာပါဝင်လာတဲ့ feature သစ်ကတော့ Touch ID လို့ခေါ်တဲ့ လုံခြုံရေးစနစ်ဖြစ်ပါတယ်။ 
 
၎င်းဟာ home button မှာ ထည့်သွင်းထားတဲ့ capacity sensor တစ်ခုဖြစ်ပြီး အသုံးပြုသူရဲ့ လက်ဗွေကို 
 
laser-cut sapphire crystal နဲ stainless steel detection ring တို့ကို အသုံးပြုကာ စစ်ဆေးပေးပါတယ်။

5S မှာ 8-megapixel camera ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် f/2.2 aperture, burst mode 
 
shooting နဲ့ image stabilization တို့လို အသုံးတည့်စေမယ့် feature တွေ ပါဝင်လာပါတယ်။ ဒါအပြင် အလင်းပေါ်မူတည်ပြီး camera flash ကို ချိန်ညှိပေးမယ့် True Tone လည်း ပါဝင်လာပါတယ်။

Processor အနေနဲ့ iPhone 5 ထက် ၂ ဆပိုမြန်တဲ့ 64-bit A7 processor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် M7 motion co-processor ကိုပါ အသုံးပြုထားပါတယ်။

Front-facing camera ကတော့ 1.2-megapixel camera ဖြစ်ပြီး 1,280x950 pixel resolution ဓာတ်ပုံတွေနဲ့ 720p HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

ဒီဇိုင်းအနေနဲ့ကတော့ iPhone 5 နဲ့ 5S ဟာ အလွန်ကွဲပြားခြင်း မရှိပါဘူး။ Lighting connector, 3.5mm နားကြပ်ပေါက်နဲ့ စပီကာ နှစ်ခု တို့ကို ဖုန်းရဲ့ အောက်ခြေမှာ ယခင်အတိုင်း တွေ့မြင်နိုင်ပါတယ်။

အရွယ်အစားကတော့ အမြင့် ၄.၈၇ လက်မ၊ အကျယ် ၂.၃၁ လက်မနဲ့ အထူက ၀.၃၀ လက်မဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၉၅ အောင်စ ပါ။

iPhone 5S မှာ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးထားပါတယ်။ Standby အနေနဲ့သုံးရင် ၁၀ ရက်အကြာ သုံးနိုင်ပြီး 3G သုံးရင် ၁၀ နာရီအကြာ သုံးနိုင်ပါတယ်။ 4G LTE, Wi-Fi နဲ့ အင်တာနက်သုံးတဲ့အခါ ၁၀ နာရီသုံးနိုင်ပါတယ်။ ဗီဒီယိုကိုလည်း ၁၀ နာရီအကြာ မနားတမ်းကြည့်နိုင်ပါတယ်။

iPhone 5S ကို စက်တင်ဘာလ ၂၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $199, 32GB အတွက် $299 နဲ့ 64GB အတွက် $399 ဖြစ်ပါတယ်။
 
 
Ref to INTERNET JOURNALS 


အိုင်တီခေတ်


 
 

Wednesday, 28 August 2013

iphone အတွက် မြန်မာ Font သွင်းနည်း

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 28.8.13 | Best Blogger Tips

iphone အတွက် မြန်မာ Font သွင်းနည်း

 

         ဒီ Post လေးကို Myanmar Mobile Development မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ဦးက သူ့ဖုန်းမှာ မြန်မာ Font သွင်းချင်တယ်ပြောလို့ ကျွန်တော်လိုက်ပြီးမွှေနှောက်ရှာဖွေနေတုန်း ဒီ Post
လေးကို တွေ့သွားတာဖြစ်ပါတယ်။ Myanmar Mobile Development ကို Credit ပေးပါတယ်။
           iPhone တွေအတွက်  မြန်မာ font သွင်းရလဲ ဆိုပြီး ကျွန်တော့်ဆီ Mail ပို့ ပြီး မေးလာတဲ့အတွက် ဒီ Post လေးကိုတင်လိုက်ပါတယ်။ ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။


1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ။



2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ။



3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ။



4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >> cydia.macforus.com ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ။


5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ။

6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....... refer to- Pyae phyo (MMitD)

Friday, 16 August 2013

မြန်မာရွက်ဆုတ်ပြက္ခဒိန် v1.0 (For iPhone, iPad, iPod Touch)

Unknown | 16.8.13 | Best Blogger Tips

မြန်မာပြက္ခဒိန် လွယ်လွယ်လေးနဲ့ ကြည့်လို့ရတယ်အဆင်လဲပြေတယ်
မြန်မာနေ့ကိုဘာမှန်းကိုမသိကြတော့ဘူး ကျွန်တော်လဲပါပါတယ်
အားလုံးကိုလဲအဆင်ပြေစေချင်ပါတယ် ဥပုသ် နေ့လေးပါထည့်ပေးရင်အရမ်းကောင်းမှာပဲ
မထည့်ထားတော့လဲ ကိုယ့်ဘာသာကိုယ်တွက်လို့ရလို့ အဆင်ပြေပါတယ်
ကျွန်တော်လဲ ဒီပြက္ခဒိန်လေးကြည့်ပြီး ဥပုသ်တစ်ရက်စောင့်လိုက်ရလို့
အလွန်ပဲကျေးဇူးတင်ပါတယ်
apple store မှာ Free ပေးပါတယ်
အောက်မှာက Crack ထားပြီးသားလေးကို upload လုပ်ပေးထားပါတယ်


DOWNLOAD DOWNLOAD

လိုအပ်ချက်အနေနဲ့ကတော့ iOs 5 နဲ့အထက်လိုပါတယ်

အဓိပတိ
www.trtech-mm.com 
အိုင်တီခေတ်

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် iPhone 5 ပေါက်ကွဲမှုကြောင့် မျက်လုံးထိမှန်

Unknown | 16.8.13 | | Best Blogger Tips



ပေကျင်း သြဂုတ် ၁၃

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် iPhone 5 ပေါက်ကွဲမှုကြောင့် မျက်လုံးထိမှန် ခဲ့ရကြောင်း သိရသည်။ လီအမည်ရှိ အဆိုပါ အမျိုးသမီးသည် ၎င်းဖုန်းဖြင့် မိနစ် ၄ဝကြာ စကားပြောပြီး ဖုန်းကို ပိတ်ရန် ကြိုးစားရာ ဖုန်းမျက်နှာပြင်မှာ တုံ့ပြန်မှု မရှိတော့ဘဲ ဖုန်း၏ ညာဘက် အပေါ်ထောင့် နေ

ရာမှ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ  ၄င်း၏ အစအနများသည် သူမ၏ မျက်လုံးအတွင်း သို့ဝင်ရောက် ခဲ့ကြောင်း လီကပြောကြားခဲ့သည်။

ဇူလိုင်လအတွင်း ကလည်း အသက် ၂၃နှစ်အရွယ်ရှိ လေယာဉ်မယ် တစ်ဦးသည်  iPhone 5ကို အားသွင်းထားစဉ် ဖုန်းဝင် လာသောကြောင့် အားသွင်းလျက် နှင့်ပင် ဖုန်းပြန်ဖြေ လိုက်ရာ ဓာတ်လိုက် သေဆုံးသွားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့မှု နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ iPhone အသုံးပြုသူများ အကြား တွင် ဝေဖန်ပြောဆိုမှုများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါဖုန်းကို လူသတ်ဖုန်းဟုပင် ခေါ်ဆို နေကြကြောင်း သိရသည်။



အိုင်တီခေတ်


Sunday, 11 August 2013

အချိန်ကုန်သက်သာစေဖို့ IDEVICES တွေကိုiMobie AnyTrans သုံးပြီးပြောင်းမယ်

Unknown | 11.8.13 | Best Blogger Tips



iMobie AnyTrans 3.4.9 Build 20130703 | 12.80 MB

ဒါလေးကတော့ မိမိရဲ့ ကွန်ပြူတာကနေ Apple Devices တွေကို သီချင်းထည့်ခြင်း

video တွေ ကို ITUNE လို ထည့်နိုင်ပါတယ် 

ပျောက်ပျက်မှာကြောက်လို့ BACK UP လုပ်ထားချင်တယ် ဆိုရင်လည်း 

အများကြီးကူညီပေးနိုင်ပါတယ်

Apple devices တွေ ဆိုရင် iPhone 5, iPad mini, iPod touch 5 ထိ အသုံးပြု့လို့ရပါတယ်

သီချင်းတွေ အပြင် Game တွေ Application တွေ ကိုလည်း ထုတ်နိုင်သွင်းနိုင်

လိုသလို စီမံ နိုင်ပါတယ် တကယ်လို့ပြောင်းရွေ့ချငတယ်ဆိုရင်လည်း 

မြန်နှုန်း speed ကောင်းကောင်းလေးနဲ့ ပြောင်းရွေ့နိုင်ပါတယ်

သူက ITUNE ထဲ ကိုလည်း သွင်းပေးနိုင်သလို Devices တွေ ဆီ ကိုလည်း တိုက်ရိုက်

အသွင်းအထုတ်လုပ်ပေးနိုင်ပါတယ် lincence အတွက်ကတော့ စိတ်မပူရအောင်လို့

ဖတ်ပါဆိုတဲ့ဖိုင်ထဲမှာတခါတည်း ထည့်ပေးထားပါတယ် ခင်ဗျာ

အသုံးလိုမယ်ဆိုရင် အောက်မှာတခါတည်းဒေါင်းသွားလိုက်ပါ

လာရောက်လည်ပတ်တဲ့ ညီအကို များ အချိန်မကုန်အောင် Adf.ly လင် မခံထားပါ




ALEX