Showing posts with label MEMORY CARD ပြဿနာအထွေထွေ. Show all posts
Showing posts with label MEMORY CARD ပြဿနာအထွေထွေ. Show all posts

Thursday, 22 August 2013

memory stick တွေ ဖော်မက်ချမရရင်

Unknown | 22.8.13 | Best Blogger Tips





သူငယ်ချင်းတစ်ယောက်အကူအညီတောင်းလို့ဒီပိုစ့်လေးကိုတင်ပေးလိုက်ပါသည်
မန်မိုရီ်Stick ပြသာနာအခုထိဖြေရှင်းလို့မအေးနိုင်သေးပါ တကယ်ကျွန်တော်ပေါက်စကိုယ်တိုင်လဲဒုက္ခခံခဲ့ရပေါင်းများပြီး
ဆိုင်က၀ယ်တယ်ဖုန်းမှာထည့်လိုက်တော့ပျက်သွားတယ် ပိုက်ပိုက်များများပေးပြီးဝယ်တော့စိတ်ဆင်းရဲရတာပေါ့ဗျာ
ကဲစိတ်မညစ်ကိုယ်လူတို့ ဒီမှာမန်မိုရီ Stick လုပ်ပုံလုပ်နည်းလာပြီနော် သိမ်းထားတာလဲကြာပြီအခုမှာပြန်တင်ပေးရတာ
စိတ်မကောင်းပါဝူးဗျာ
Repairing Memory Stick PostAuthorIconWritten by Thurein
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကန်ွပျူတာက
မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity
အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format
ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို
ရေးသားပေးလိုက်ပါတယ်။
သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System
မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။
အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System
ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့
နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့
Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။
နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter
ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ
ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို
နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။
ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ
ပြထားသလို ပေါ်လာပါလိမ့်မယ်။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single
Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format
စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။လိုအပ်သည်ဖိုင်များကိုအရင်ဆုံးဒေါင်းလော့လုပ်လိုက်ပါအုံးဂျာ..ဖိုင်ဆိုဒ်က- 1.52MBပဲရှိတယ်နော်....။
ဒေါင်းလော့လင့်....




ကြိုက်သလို့ဒေါင်းကြပေတော့ဂျာ....။ပေါက်စသည်ရခိုင်လူမျိုးကိုယ်စား ရခိုင်သားတစ်ရပ်လုံးအိုင်တီခေတ်မှာအိုင်တီနည်းပညာကို
ရခိုင်သူ၊ရခိုင်သားတတ်မြောက်ရမည် ရည်ရွယ်ချင်ဖြင့်အိုင်တီနည်းပညာများကို
တင်ပေးနေခြင်းဖြစ်ပါသည်။မည့်သည်တစ်ဦးတစ်ယောက်ဆီမှာအကူအညီယူရဲ့လုပ်ဆောင်နေ
ခြင်းမဟုတ်ပါ၊ကျွန်တော်လဲတတ်သလောက်လေးများကို
သူငယ်ချင်းများသို့မျှဝေနေခြင်းသာဖြစ်ပါသည်။တချို့ကပြောရပါလိမ့်မည်
ဒီဆော့ဝဲ့တွေဟာတခြားဆိုဒ်တွေကကူးယူထားတာလို့ဟုတ်ပါတယ် ၀န်ခံပါသည်။ဒီလို့မှာမလေ့လာ မကူးယူရင်
ဘယ်သူဒီလောက်ထိတတ်နိုင်မလဲ ရှင်းရှင်းလေးပါဗျာ၊ကဲကျွန်တော်လဲစကားမရှည်ချင်
တော့ပါဘူးဗျာ...အားလုံးအဆင်ပြေနိုင်ကြပါစေ ၀ါသနာကိုအရင်းခံရဲ့စေတနာဖြင့်
ဖော်ပြပေးလိုက်ရပါသည်။မောင်ပေါက်စ(စစ်တွေ) ကျွန်တော်တင်ပေးထားသောဒေါင်းလော့လင့်များသေသွားခဲ့ပါကkhinemyolin@gmail.comသို့
အကြောင်းကြားပေးပါ ပြန်တင်ပေးပါမည်။


အိုင်တီခေတ်