Showing posts with label Video Chat Software များ. Show all posts
Showing posts with label Video Chat Software များ. Show all posts

Friday, 20 September 2013

ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ(အဟောင်းလေးပါ)

Unknown | 20.9.13 | Best Blogger Tips



ဒါကတော့ ကျနော် ဆိုဒ်အဖျက်ခံလိုက်ရတဲ့ အထဲပါသွားလို့ ပြန်ရှာပြီးတော့

ပြန်တင်ပေးထားတာပါ  အသစ်မဟုတ်ပါဘူး ခင်ဗျာ




ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့

viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့

voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ

LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ

အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်

ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ


အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်

window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ

window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ




ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ

အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်

အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ



NEXT ကိုနှိပ်ပြီးဆက်သွားပါ


lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ



install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ



အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ



Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ

အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်

မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့ 

ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ

ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ

password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်

ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်

Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ


တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ


ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ

၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ

၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်

profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်

၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်



setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ


Zawgyi One လို့ပြောင်းပေးပေါ့



ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို

နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့

အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ


ဒီမှာ စာပို့လို့ရတယ်နော်


ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ


ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ


ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ


အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ


ကိုလတ်(ကျွဲဆင်း)

Monday, 16 September 2013

Video ချက် အသုံးပြု့လို့ရသော ooVoo

Unknown | 16.9.13 | | Best Blogger Tips


ooVoo ဟာ Skype တို့ Tango, VZO တို့လို့ Video ချက်လုပ်လို့ရတဲ့

application လေးတခု့ပါ ။ ooVoo ကို ကွန်ပြူတာ တင်မက ပဲနဲ့

Android,IOS ဖုန်းတွေမှာလည်း အသုံးပြု့နိုင်ပါတယ်။အခု့ ပေးမှာကတော့ PC အတွက်ပါ

အောက်မှာဒေါင်းနိုင်ပါတယ်



ဖုန်းတွေအတွက်ကတော့ မူရင်း ooVoo လင့်ကနေ ဒေါင်းလိုက်ပါ



အိုင်တီခေတ်


Tuesday, 27 August 2013

Facebook account ကို Skype နဲ့ချိတ်ပြီး သုံးနည်း

Unknown | 27.8.13 | | Best Blogger Tips




Facebook account ကို Skype နဲ့ချိတ်ပြီး သုံးလို့ ရတယ် ဆိုတာ သိပါသလား။ ကျွန်တော်တို့ account နှစ်ခုကို ဘယ်လို ချိတ်မလဲ၊ ဘာတွေ ဘယ်လို သုံးမလဲ သွက်သွက် လေးကြည့်လိုက် ရအောင်။

Facebook account နဲ့ Skype ကိုချိတ်ဆက် လိုက်ခြင်း အားဖြင့် သင်ပာာ VoIP service ကနေ သူငယ်ချင်း တွေကို ဖုန်းခေါ် ဆိုတာ၊ message ပို့တာ၊ Facebook က News Feed တွေကို ကြည့်နိုင်တဲ့ အပြင် status update လည်းလုပ် နိုင်ပါတယ်။ အောက်က အဆင့်တွေ အတိုင်း တစ်ဆင့်ခြင်း လုပ်လိုက်ရင် သင်ပာာ Skype ကနေ Facebook feature တော်တော် များများကို အသုံးပြု နိုင်မှာပါ။


1. Contacts Menu
ပထမ ဆုံးစဖို့ အတွက် Skype Toolbar မှ Contacts Tab ကိုသွားပါ။ ပြီးရင် Contact Lists ဆိုတာ အပေါ် mouse cursor တင်ပြီး Facebook ကိုရွေးပါ။

2. Connect to Facebook
screen ရဲ့ဘယ်ဖက်က contacts panel မှာ "Connect to Facebook" ဆိုတာကို တွေ့ပါ လိမ့်မယ်။ Log in ဝင်ပြီးတော့ permission ပေးပါ။

3. Your New Homepage
သင် account နဲ့ချိတ်ဆက် ပြီးရင်တော့ သင့်ရဲ့ Skype hompage မှာ Facebook News Feed တွေကို မြင်ရပါ တော့မယ်။ ဘယ်ဖက်မှာ ရှိတဲ့ Menu ကနေ တစ်ဆင့် house ပုံပေါ်မှာ click နှိပ်ပြီး Facebook မှာဘာတွေ hot နေလဲ၊ ဘာတွေဖြစ် နေပြီလဲ ကြည့်လို့ ရပါပြီ။ သင်ဘာတွေ ပေါ်စေ ချင်လဲ? "Skype contacts," "Facebook friends," "Alerts" and "All" tab တွေကို click နှိပ်ပြီး ရွေးထုတ်လို့ ရပါတယ်။

4. Liking and Commenting From Skype
Skype ပေါ်မှာပဲ Facebook News Feed ကအရာ တွေကို Like နှိပ် comment ပေးလို့ ရပါတယ်။ Like နှိပ်ချင်ရင် အသည်းပုံ လေးကို click နှိပ်ပြီး comment ပေးချင် ရင်တော့ speech bubble ကိုနှိပ်ပေါ့။ refresh လုပ်ချင်ရင် homepage ဘယ်ဖက် အပေါ်က မျှားနှစ်ခု ကိုနှိပ် လိုက်ပါ။

5. Sorting Your Contacts
Skype ထဲမှာပဲ Facebook သတင်း တွေကို သင်ကြည့်နိုင် တဲ့အပြင် account ကိုချိတ်ဆက် လိုက်တဲ့ အတွက် Facebook ကသင့် သူငယ်ချင်း တွေကို Skype contacts list ထဲထည့် ပေးလိုက် ပါတယ်။ Contacts List ကို click နှိပ်လိုက်ရင် သင်ပာာ "All," "Skype," "Online" နဲ့ "Facebook" စသဖြင့် စီစဉ် နိုင်ပါတယ်။

6. Instant Messaging From Skype
သင်ပာာ skype ထဲမှာပဲ Facebook သူငယ်ချင်း တွေကို instant messaging ဒါမှမပာုတ် Facebook Chat လုပ်နိုင် မှာပါ။ Skype မှာလုပ် နေကျ အတိုင်း contact မှာ click နှိပ်ပြီး လုပ်ရ မှာပါ။ ပုံမှန် Chat message တွေလိုပဲ သင့် message ပာာ Facebook ပေါ်မှာသွား ပေါ်မှာပါ။

7. Calling Facebook Friends From Skype
အကယ်၍ သင်ပာာ Skype ကနေ Facebook မှာရှိတဲ့ သူငယ်ချင်း ကိုခေါ်ဆို ချင်ရင် contact မှာနှိပ်ပါ။ သူတို့ပာာ online ဖြစ်နေရင် သင်ပာာ "Call" or "Video call" စတဲ့ Skype ရဲ့ခလုပ် တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

8. Your Facebook Online Status
သင်ပာာ Facebook က availability status တွေကိုလည်း skype ကနေ ထိန်းချုပ် နိုင်ပါမယ်။ ဒီလို လုပ်ဖို့တော့ Skype online status ပုံလေးမှာ Facebook ဆိုတာကို ရွေးပြီး Skype နဲ့အတူတူ ထားနိုင် သလို offline လုပ်ထားလို့ လည်းရ ပါတယ်။

9. Posting a Status From Skype
နောက်ဆုံး အနေနဲ့ skype ကနေပြီး Facebook status update တွေကို တင်နိုင် ပါတယ်။ Skype homepage ကိုသွားပြီး "Tell your friends what you're up to" ဆိုတဲ့ လေးမှာ တင်ချင်တဲ့ စာရိုက်လိုက်၊ ပြီးရင် "Also post to Facebook" ဆိုတဲ့ check box လေးမှာ အမှန်ခြစ်ပြီး Facebook ကိုသင့် Post တွေတင်ဖို့ ဒီအတိုင်း ထားလိုက်ပါ။ ရသွား ပါပြီ။




အိုင်တီခေတ်