Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, 7 April 2015

စီးပွား စတင်သူတို့ သိထားသင့်တဲ့ Engery Efficiency

Aung Ko Htet | 7.4.15 | | Best Blogger Tips

 
 
စီးပွား စတင်သူများမှာ Blind spot များစွာ ရှိပါတယ်။ ယင်းထဲမှာ Energy Efficiency ဟာလည်း ပါဝင်ပါလိမ့်မယ်။ ကားတွေမှာ ဘလိုင်းစပေါ့ ဆိုတာ မြင်ရန်ခက်တဲ့အပိုင်း ဖြစ်ပြီး ကိုယ့်ကို ဒုက္ခ ပေးပါတယ်။ ယခုလည်း အိုင်တီစီပွားစတင်သူတွေ သတိမထားမိတဲ့ စွမ်းအင် သုံးစွဲမှု အကြောင်းလေး ပြောပါရစေ။ 

Friday, 2 May 2014

မြန်မာနိုင်ငံ အွန်လိုင်း ကား အရောင်းအဝယ် ဈေးကွက်

Aung Ko Htet | 2.5.14 | Best Blogger Tips




Aung Ko Htet (MM IT Knowledge)

လက်ရှိ မြန်မာပြည်ရဲ့ ကားဈေးကွက်ဟာ အပြင်မှာတင် မကပဲ အွန်လိုင်းပေါ် အထိ ပြန့်နှံ့ လာနေပြီ ဖြစ်ပါတယ်။ အထူး သဖြင့် Facebook ပေါ်ကနေ ရောင်းဝယ် ဖောက်ကားမှု ပိုမို များပြားပြီး တဖြည်းဖြည်းနဲ့ ဝဘ်ဆိုဒ် တွေပေါ် အထိ ရောက်လာ ပါတယ်။ ဒါကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်လာတဲ့ Revolution နဲ့ သိပ်မကွာ ပါဘူး။ သို့ပေမယ့် နိုင်ငံ တကာမှာက ဝဘ်ဆိုဒ် စာမျက်နှာပေါ်ကို တိုက်ရိုက် ရောက်ရှိခြင်း ဖြစ်ပါတယ်။ ဥပမာ www.carmudi.com.mx တို့လို ဝဘ်ဆိုဒ် မျိုးဟာ မက္ကဆီကို မှာ လူသုံးများ အောင်မြင် လာခဲ့ ပါတယ်။

အွန်လိုင်း ကနေ ရှာဖွေ ခြင်းဖြင့် အချိန်ကုန် သက်သာခြင်း၊ မိမိ လိုအပ်သည့် ကား နှင့် ပက်သက်သော အသေးစိတ် အချက် အလက် များကို အလွယ်တကူ ဖတ်ရှု နိုင်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အရောင်း အဝယ် လုပ်ဖို့ အတွက် ငွေကြေးက အွန်လိုင်းကနေ မဟုတ်ပဲ အပြင်ကနေသာ သွားခြင်း ဖြစ်ပါတယ်။ အကြောင်းက မြန်မာပြည်မှာ လက်ရှိ အချိန်အထိ လူတိုင်း သုံးလို့ အဆင်ပြေ လွယ်ကူမယ့် အွန်လိုင်း ငွေချေ စနစ် မရှိသေးလို့ ဖြစ်ပါတယ်။ လက်ရှိမှာ မိုဘိုင်း ပိုက်ဆံ အမျိုးမျိုး ပေါ်ပေမယ့် သုံးသူ နည်းနေ ပါသေးတယ်။

ပြည်တွင်းက ဘဏ် များလည်း ငွေချေ စနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင် ရွက် နေပါပြီ။ Master Card တို့လို့ ငွေကဒ် တွေကိုလည်း ပြည်တွင်းက ဘဏ်တွေမှာ လုပ်လို့တော့ ရနေ ပါပြီ။ သို့ပေမယ့် ပြည်တွင်းမှာ အသုံးပြုနိုင် ဖို့ ခက်ခဲပြီး ပြည်ပမှာပဲ အသုံးပြုလို့ အဆင်ပြေတယ်လို့လည်း ဆိုကြ ပါတယ်။ အချို့ ကျတော့လဲ ရတယ်လို့ ပြောပါတယ်။ ပေးပဲ၊ မာစတာ ကဒ် တို့ကို ဖွင့်ဖို့ အတွက် ပြည်တွင်း ကနေ ဝန်ဆောင်မှု ပေးတာလည်း ရှိပါတယ်။ သို့ပေမယ့် အမည်ရင်းနဲ့ မရပဲ အခြားလူတစ်ဦး တစ်ယောက် နဲ့ အခြားနိုင်ငံ နေရပ်လိပ်စာ နဲ့ ရရှိတဲ့ ကဒ် ဖြစ်ပါတယ်။ သုံးလို့ ရပေမယ့် လုံခြုံမှု မရှိ ပါဘူး။ ရာခိုင်နှုန်းအလိုက် ပေးဆောင် ရခြင်း လည်း ရှိနေ ပါသေးတယ်။

ဒီတော့ အွန်လိုင်းမှာ ကား အရောင်း အဝယ် မလုပ်ကြပဲ သတင်း အချက် အလက် ကြည့်ဖို့သာ အသုံးပြု ကြပြီး အွန်လိုင်း ကား ရောင်းဝယ် ဝန်ဆောင်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပါတယ်။ www.motors.com.mm တို့လို ကား အရောင်း အဝယ် ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ မြန်မာပြည်မှာ အရေအတွက် အများအပြား ရှိနေပြီ ဖြစ်တာကို ကိုယ်တိုင် လေ့လာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Thursday, 27 March 2014

Sony Xperia M ကို android version 4.3 jelly bean သို့ version မြှင့်နိုင်ပြီ

Aung Ko Htet | 27.3.14 | | | Best Blogger Tips



Aung Ko Htet (MM IT Knowledge)

Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။

အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera  ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။



Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features ,  user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း  အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။

Ref: Arena

Translate By Aung Ko Htet 

Thursday, 9 January 2014

မြန်မာပြည် ပြိုင်ကား ဈေးကွက်က Mazda RX-8

Aung Ko Htet | 9.1.14 | | Best Blogger Tips



နည်းပညာအကြောင်းမဟုတ်ပေမဲ့ အားလုံးသော လေ့လာသူတို့ ကားအကြောင်းနဲ့ပတ်သက်ပြီး စုံစုံလင်လင် သိသွားအောင်လို့ ကျွန်တော်ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ... 

လက်ရှိ ပြည်တွင်းက Toyota GT 8 နဲ့ Nissan Fairlday ပြိုင်ကားတို့ကို ယှဉ်ပြိုင်နေတဲ့ ကား ဖြစ်ပါတယ်။ မန်မာပြည်လမ်းတွေ မှာ တော်တော်အတွေ့ များနေပြီ ဖြစ်တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ အဓိက လူကြိုက်များတဲ့ အကြောင်း အရင်းကတော့ ဈေးသက်သာခြင်း ဖြစ်ပါတယ်။ Nissan Fairlady ပြိုင်ကား မစီးနိုင်တဲ့သူတွေအနေနဲ့ RX-8 ဘက်ကို လှည့်ကြပါတယ်။ အချို့ ကျတော့ RX-8 ကြိုက်လို့ကို ဝယ် စီးကြခြင်း ဖြစ်ပါတယ်။ ၂၀၀၃ ကနေစလို့ ၂၀၁၂ မော်ဒယ် အထိသာ ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။

ဆက်မထုတ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သူအသုံးပြုတဲ့ Rotary အင်ဂျင်ကြောင့် ဖြစ်ပါတယ်။ အရွယ်အစားသေးပေမယ့် ပါဝါခပ်များများ ထုတ်လုပ်နိုင်ပြီး အိတ်ဇောစနစ်ကို တော်တော်အလုပ်များစေတဲ့ အမျိုး အစား ဖြစ်ပါတယ်။ သာမန်မြင်နေကျ ခွပုံသဏ္ဍန် V shaped အင်ဂျင်မဟုတ်၊ In Line အင်ဂျင် မဟုတ်ပါဘူး။ စက်ဝိုင်းပုံ သဏ္ဍန်ဖြစ်ပြီး ပြင်ဖို့က နည်းနည်း ခက်ပါတယ်။ သို့ပေမယ့် အားထုတ်လုပ်မှုကျတော့ အတော်လေး ပြင်းပါတယ်။

၁၃၀၀ စီစီ အင်ဂျင် ဖြစ်တာတောင် တာဘိုချာဂျာ မပေါင်းပဲ မြင်းကောင်ရေအား ၂၀၀ ကျော် ထုတ်လုပ်နိုင်တဲ့ အင်ဂျင်ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး ၁၃၀၀ စီစီ ဗားရှင်း တစ်ခုတည်း ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ၁၃၀၀ စီစီက မြန်မာနဲ့ အံကိုက်ဖြစ်တဲ့အတွက် ဝယ်စီးကြပါတယ်။ လက်ရှိ မြန်မာပြည်မှာ ပေါက်ဈေး သိန်း ၂၀၀ အောက်ရှိ တဲ့ ပြိုင်ကား ဖြစ်ပါတယ်။

၁၃၀၀ စီစီ Wankel အင်ဂျင်လို့ခေါ်ပြီး RX-8 သုံးမျိုးခွဲထုတ် ပါတယ်။ ရိုးရိုး Wankel အင်ဂျင်နဲ့ ဂီယာ ၅ ချက် ရိုးရိုးက မြင်းကောင်ရေအား ၁၉၀ ကျော်ထုတ်ပြီး ပါဝါအသင့်တင့် RX-8 ဖြစ်ပါတယ်။ နောက်တစ်မျိုးက ဂီယာ ၆ချက် လက်ထိုး - တာဘိုချာဂျာ ထပ်ပေါင်းပေးပြီး မြင်းကောင်ရေအား ၂၄၇ ကျော် အမျိုးအစား ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဂီယာ ၆ ချက် အော်တို၊ လက်ထိုး အပြောင်းအလဲလုပ်နိုင် တဲ့ မြင်းကောင်ရေ ၂၁၂ ထုတ် အမျိုးအစား ဖြစ်ပါတယ်။

Mazda RX8 မှာ အမြန်ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီ ၁၈၆ မိုင်အထိတောင် ရှိပါတယ်။ ဒါက Sport ဗားရှင်း ဖြစ်ပါတယ်။ အများစုကတော့ တစ်နာရီ မိုင် ၁၆၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် အမျိုးအစား တင်မက လေးပေါက် အမျိုးစားထောင် တွဲလို့ ထုတ်လုပ် ပါသေးတယ်။ တံခါး လေးပေါကကတော့ sucide door လို့ခေါ်တဲ့ ပြတင်းပေါက် တံခါးဖွင့်ရသလို ရှေ့ နောက် ဆန့်ကျင်ဘက် ပုံစံနဲ့ စတိုင်ကျကျ ဖြစ်ပါတယ်။ Mazda RX-8 ရဲ့  ထူးခြားချက် တစ်ခုက ပေါ့ခြင်း ဖြစ် ပါတယ်။ ပေါ့ဆို ကာဘွန်ဖိုက်ဘာ၊ အလူမီနီယမ်၊ စတီး၊ ပလပ်စတစ် အစရှိတာတွေကို အချိုးကျကျ အသုံးပြုထား လို့ ဖြစ်ပါတယ်။ နောက်ဘီးမောင်း စနစ်သုံး ပြိုင်ကား ဖြစ် ပါတယ်။

CD player, ဘေးဘယ်ညာ လေအိတ်၊ အဲယားကွန်း၊ ရေ ဒီယို၊ စပီကာ ပစ္စည်းစုံစုံလင်လင် ပါရှိပါတယ်။ ဒါတွေက မပါလည်း မြန်မာပြည်မှာတင် ဈေးသက်သက်သာသာနဲ့ ထည့်လို့ရနေပြီ ဖြစ်ပါတယ်။

ပုံစံကိုကြည့်လိုက်ရင် လှပါတယ်။ ၂၀၀၀ ခုနှစ်ကျော်တွေ ကတည်းက အနာဂတ်ကား ခေါင်းစဉ်အောက် က တောက်လျှောက်ကြော်ငြာလာတဲ့ကား ဖြစ်ပါတယ်။ ဥရောပ၊ အမေရိက အဓိကထားရောင်းချပြီး ရောင်းအား ပုံမှန် ရှိခဲ့တဲ့ကား ဖြစ်ပါတယ်။

ယခုတော့ မြန်မာပြည်လည်း ရောက်နေပါပြီ။ လေလံတွေက တစ်ဆင့်ဝင်တဲ့ကား ဖြစ်ပါတယ်။ ဈေးကလည်း အစားစား ရှိပါတယ်။ ၂၀၁၁ မော်ဒယ်ဆိုရင် မြန်မာကျပ်ငွေ သိန်း ၄၀၀ အထိ ပေါက်ဈေးရှိတဲ့ ကားကောင်းကားသန့်လည်း ရှိပါတယ်။ ၂၀၀၆ မော်ဒယ်လောက်ဆိုရင်တော့ သိန်း ၂၀၀ အောက်နဲ့ ရပါတယ်။ သိန်း ၁၇၀ အောက် တန်ဖိုးရှိတဲ့ Mazda ကားကိုတောင် ပြည်တွင်း ကား Lisiting ဝဘ်ဆိုဒ်တစ်ခုရဲ့  Mazda ကဏ္ဍ - www.motors.com.mm/cars/mazda/မှာ မြင်တွေ့နိုင်ပါတယ်။

Mazda က ခု ကား Show Room ကို တရားဝင်ဖွင့်နေပါပြီ။ ဒီတော့ နောက်ပိုင်းမှာ Mazda RX8 ပြိုင်ကားကို အဟောင်းတင်မက အသစ်လည်း ရနိုင်မယ့်အနေအထားမှာ ရှိပါတယ်။

Aung Ko Htet 

မလေးရှား နိုင်ငံရောက် မြန်မာ ပြည်သား များ အတွက် သတိပေးတိုက်တွန်းပါတယ်

Unknown | 9.1.14 | Best Blogger Tips


သတိပေးတိုက်တွန်းပါတယ်
********************

EVERFINE ကနေ ပတ်စပို့လျှောက်ဖို့ သတင်းတွေတင်ထားတာ ကြာပါပြီ။
မလေးရှားထုတ်ဂျာနယ်တွေမှာပါ ကြော်ငြာထားပါတယ်။အွန်လိုင်းမှန်မှန်တက်ပြီး ဒီသတင်း မသိသူတွေ သိပြီးမယုံကြည်သူတွေအများကြီး ရှိနေပါတယ်။ တချို့က သံရုံးကို တိုက်ရိုက်သွားလျှောက်ကြတယ်။သံရုံးက EVERFINEဆီ လွှတ်တယ်လို့  သံရုံးတိုက်ရိုက်သွားသူတွေက ပြောပါတယ်။
ဒီတော့ 6P လက်ဗွေရှိရှိ မရှိရှိ ပတ်စပို့ လျှောက်လို့ ရပါတယ်။
ဒီလ ၂၀ရက်နေ့နောက်ဆုံးပါ။
တချို့က အရက်ဖိုးမနှမြောဘူး။ပတ်စပို့  ၈၀၀ ဝန်းကျင်နှမြောကြတယ်။ ရှာစားရဲလည်းဖမ်းရော ရင်းဂစ် ၅၀၀ ၁၀၀၀ လွယ်လွယ် ထွက်လာရော။
အခွင့်အရေး ၂ခါမရပါဘူး။
တင်တဲ့လူတွေလည်း နီးစပ်ရာ သူငယ်ချင်းတွေကို အသိပေးပါ။
အခုထိ မသိသေးသူ အများကြီး ရှိနေပါတယ်။နောက်ဆုံးရက် နီးကပ်လာပါပြီ။
—
မြန်မာသံရုံးနှင့်အတူ EVER FIND SERVICE SDN,BHD မှ OVERSTAY များ
အတွက် PASSPORT ထုပ်ပေးမည့် အစီအစဉ်သစ်
(6P အစီအစဉ်ကို မေးနေကြသော မြန်မာများ ဖတ်ရန်)

6P အစီအစဉ်အရ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီး မြန်မာနိုင်ငံကူး
လက်မှတ်မပြုရသေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာနိုင်ငံသား ဟုတ်မဟုတ်
စီစစ်ပြီးနောက် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှု ရှိပါက သက်ဆိုင်မှ
မြန်မာနိုင်ငံကူး လက်မှတ်ထုပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အသေးစိပ် သိရှိနိုင်ရန် အတွက် ဓာတ်ပုံပေါ်တွင် ဖတ်နိုင်သလို EVER FIND SERVICE SDN,BHD
သို့ ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါသည်။


ဓာတ်ပုံ - ဧရာဝတီ ရုပ်သံဂျာနယ်
ဓာတ်ပုံ - နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

Thursday, 19 December 2013

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်မားများအတွက် ထုတ်ပြန်ကြေညာ

Unknown | 19.12.13 | Best Blogger Tips


မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လာမဲ့နှစ်သစ်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ခံစားအခွင့်ဥပဒေ ရရှိရေးအတွက် နိုင်ငံတကား စံချိန်နဲ့အညီ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရှေးဆက် ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)က နိုင်ငံတကာ အလုပ်သမားဥပဒေများနှင့် မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MTUC)တို့အပါအ၀င် ထိရောက်မှုရှိတဲ့ အလုပ်သမားဥပဒေများနဲ့အညီ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်သည်။
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် ဥပဒေများခွဲခြားဆက်ဆံခံနေရခြင်း၊ အခြေခံလစာ တရားဝင်သတ်မှတ်ထားသော်လည် လုပ်ခလစာများခေါင်းပုံဖြတ်ခံနေရခြင်း၊ လုပ်ငန်းခွင် ပြောင်းရွှေ့လုပ်ကိုင်ခြင်းများကို၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကျိုးဖောက်ခံရမှုတွေက တနှစ်ထက် တနှစ် ပိုမိုများပြားလာခဲ့ပြီ အလုပ်သမားဥပဒေကျိုးဖောက်မှုတွေလဲ ရှိခဲ့သည်၊ ယခုနှစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သမားတွေရဲ့ အလုပ်သမားပြဿနာ လက်ခံရရှိခဲ့တဲ့အမှု ၁၆၂ မှု ရရှိခဲ့ပြီ ဆက်လက်ရင်ဆိုင်နေရတဲ့အမှု ၁၆ မှု၊ ၉၇ မှုက အနိုင်ရရှိပြီ၊ ၃၂ မှုမှာ အမှုပိုင်ရှင်းများ လာရောက်ခြင်းမရှိတဲ့အတွက် ဆိုင်ငံ့ထားခဲ့ခြင်းဖြစ်ပြီ ၁၇ မှုက ပိုင်ရှင်မဲ့ဖြစ်သွားသည်။
ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့သည် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကိုဆီမှ ငွေကြေးထောက်ပံ့မှုများကို လက်ခံရယူထားမှုမရှိကြောင်း ဖြစ်သလို မည့်သည်အဖွဲ့အစည်း၏ လက်အောက်မှာ ရပ်တည်မှုမရှိခဲ့ပါ ကျနော်တို့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိမိရဲ့ အိတ်စိုက် ကိုယ်ပိုင် ပိုက်ဆံများနှင့်သာ ရပ်တည်သော အဖွဲ့ဖြစ်သည်။
ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့ကို ၀ိုင်ဝန်းကူညီထောက်ပံပိုပေးခဲ့တဲ့ မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MTUC) ရှေ့နေများနဲ့ မလေးရှားရှေ့နေကောင်စီများနှင့် မလေးရှားအတိုက်အခံပါတီ ၄ ပါတီများက ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရပ်တည်ပေးခဲ့ခြင်းဖြစ်ပါသည်။

Source: MMRCမှ ပေးပို့လာခဲ့သည်။
 

MMRC ဖုန်းနံပါတ်  (ကိုလတ်- ၀၁၆၃၂၁၀ ၉၆၆) 
                                           (ကိုရန်နိုင်ထွန်း -၀၁၂ ၆၈၈ ၄၃၇၇)


Friday, 13 December 2013

နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ

Unknown | 13.12.13 | Best Blogger Tips





▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့်
ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်းများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာပဲဖြစ်ပါတယ်။ အသံ၊မီး၊နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူးထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။

ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများသုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာကြည့်စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

Ye Htut

China-made fireworks light up London Olympics |Industries |chinadaily.com.cn

http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm

London Olympic Games made in China Anne McClain

http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/

China-made fireworks to light up London Olympics

http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html

Monday, 9 December 2013

စင်ကာပူမှ အဓိကရုဏ်းဖြစ်ပွားပုံ ရုပ်/သံများ

Unknown | 9.12.13 | Best Blogger Tips



စင်ကာပူနိုင်ငံမှာ  ဒီဇင်ဘာလ ၈ ရက်နေ့က  Little India မှာ ဖြစ်တဲ့ အဓိကရုဏ်းဖြစ်ပွားမှုပါ။ 


Just saw the news; really shocking. I don't have all the facts but apparently a bus ran over a person and sparked this whole mess. We'll probably get details in tomorrow's papers and news. For now, here are some videos and images to give you a guise on how bad the situation is.



   

Angry Riot at Little India 

ယနေ.ည ၈ နာရီခန်.တွင် စင်္ကာပူ Little India တွင် ရဲကား လူနာတင်ကားများမီးရှို့ ဖျက်ဆီးခြင်းခံရ။

SINGAPORE: At least three busloads of police officers in riot gear responded to a riot that broke out along Race Course Road in Singapore around 10pm on Sunday night.

The mob, believed to be made up mainly of foreign workers, apparently attacked an ambulance and a traffic police highway patrol car responding to an accident earlier in the vicinity.

Singapore's The Straits Times understands that a Bangladeshi worker was hit by a bus earlier and first responders were believed to be attending to the victim when the riot started.

According to preliminary reports from the ground, two vehicles were set on fire, an ambulance and a police car. A few police cars were also overturned.
At least two explosions occurred at the scene involving the vehicles.

Police have cordoned off the entire Race Course Road as they try to contain the situation.A section of the shops along Buffalo Road have been ordered to close their shutters.

Firefighters were seen putting out flames that had engulfed the two vehicles, believed to be an SCDF ambulance and a police patrol car.There were at least four police patrol cars which were overturned along the road.

A minibus which is believed to have collided with a civilian vehicle is further down Buffalo Road.As at 12.03am Monday, all the rioters appeared to have dispersed, but riot police could be seen combing the area.Crowds who were earlier cheering the police were still milling around.Residents in the area described the scene as "havoc".

One resident said at one point he saw about 200 men surround the minibus that was involved in the accident.

Photos by The Straits Times.

09.12.2013 Singapore ရဲ တို့ရဲ့ သတင်းစာ ရှင်းလင်းပွဲ




အစကတော့ Cedit ပေးမလို့ပဲ ဒါပေမယ့် သူတင်တဲ့ ပို့တွေမကြိုက်လို့ မပေးဘူး

လိုချင်လာတောင်း thp92525@gmail.com ကို လာခဲ့

Saturday, 12 October 2013

ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း

Unknown | 12.10.13 | | Best Blogger Tips




ရေအောက်ကေဘယ်ဆက်ကြောင်းချို့ယွင်းမှုအား ပြည်သူသို့ အသိပေးခြင်း

မြန်မာတနိုင်ငံထဲမှာပဲဖြစ်နေတာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်ပဆက်ကြောင်းများ ချိတ်ဆက်သုံးစွဲထားသော SMW-3 ရေအောက် ကေဘယ်ကုန်းတွင်းပိုင်းဆက်ကြောင်းသည် (10.10.2013) ရက်နေ့ ညနေ (5:15) နာရီ တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြည်ပနှင့် ချိတ်ဆက်ထားသော ဆက်ကြောင်းအချို့ ပြတ်တောက်မှု ဖြစ်ပေါ်လျှက် ရှိပါသည်။
အဆိုပါ ချို့ယွင်းမှုကြောင့် အင်တာနက်သုံးစွဲမှု မြန်နှုန်းအနည်းငယ် နှေးကွေးသွားနိုင်မည်
ဖြစ်သော် လည်း ကုန်းတွင်းနယ်စပ် ဖြတ်ကျော်ဆက်ကြောင်းများမှ
ပြောင်းလဲချိတ်ဆက်ပေးထားမည်ဖြစ်သဖြင့် ပြည်ပနှင့် ဆက်သွယ်မှုများ ပုံမှန်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
ချို့ယွင်းမှုကိုပြုပြင်ရန် (၇) ရက် ခန့်ကြာမြင့်နိုင်မည် ဖြစ်ပြီး အမြန်ဆုံးပြန်လည်ကောင်းမွန်ရေးအတွက် ပြုပြင်လျှက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Wednesday, 9 October 2013

Windows ဆိုသည်မှာ...

Unknown | 9.10.13 | | | Best Blogger Tips



ကွန်ပျူတာတစ်လုံး၏၀င်ပေါက်ဖြစ်လို့ တင်စားပြီး Windows လို့ခေါ်ခဲ့ပါတယ်။ ကွန်ပျူတာတစ်လုံးတွင် Hardware နှင့် Software ဆို၍ နှစ်မျိုးပေါင်းရပ်တည်ရပါတယ်။ ထိုထဲမှ Software တွင် Operating နှင့် Application ဆိုပြီးရှိပါတယ်။
          Application ကတော့ အသုံးချနေသော လိုအပ်သောလုပ်ငန်းခွင်သုံး Software များကို ခေါ်ပါတယ်။ ဥပမာ- ဓာတ်ပုံပြင်ဆင်၍ ဒီဇိုင်းလုပ်နိုင်သော Adobe Photoshop, Engineering ပုံများဆွဲနိုင်သော AutoCad စသဖြင့် ရှိကြပါတယ်။
          Operating Software ကိုတော့ အလွယ်တကူ OS လို့ခေါ်ကြပါတယ်။ ဒါဟာ ကွန်ပျူတာတစ်ခုလုံးကို ထိန်းချုပ်ပေးသော Programming နည်းပညာဖြင့် ဖန်တီးရေးဆွဲထားသော Software ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတွင် အထင်ကရ OS ကြီး ၃ခု ရှိပါတယ်။
1.       PC များတွင်သုံးသော - Windows OS
2.       Apple Mac Computer များတွင်သုံးသော - Mac OS
3.       အခမဲ့သုံးနိုင်သော Open Source - Linus OS
          ထိုအထဲတွင် Mac OS မှာ သီးသန့်အဆန်ဆုံး ဖြစ်ပါတယ်။သူရဲ့ OS ကို Apple Product Computer တွေမှာသာ တင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ အားသာချက်ကတော့ OS ကိုအခမဲ့ပေးထားပါတယ်။ အသစ်ထွက်တိုင်း Hardware ဖြင့် ကိုက်ညီပါက Free Upgrade လုပ်နိုင်ပါတယ်။
          Windows ကတော့ Microsoft ကနေထုတ်ပြီး အခကြေးငွေဖြင့် ရောင်းချပါတယ်။ Upgrade လုပ်ခွင့်ဟာလည်း အတိုင်းအတာတစ်ခုအထိ တန်ဖိုးပေးဝယ်ရပါတယ်။

          Linux ကတော့ အခမဲ့လို့ပြောသော်လည်း Smart Version တွေကိုတော့ တန်ဖိုးသက်သာစွာဖြင့် ရောင်းချပေးပါတယ်။ သာမန် User တစ်ယောက်အတွက် မလွယ်ဘူးထင်ကြလို့ လူသုံးနည်းပါတယ်။






Credit :  http://hlyothwetuyin.blogspot.com/2013/06/windows.html











Monday, 7 October 2013

အင်တာနက်ပေါ်ကနေ Free SMS ပို့ချင်ရင်

Unknown | 7.10.13 | | Best Blogger Tips








အင်တာနက်ပေါ်ကတဆင့် ဖုန်းမှ ကွန်ပျူတာ , ကွန်ပျုတာမှ ဖုန်း ကို Free SMS ပို့လို့တဲ့ နေရာလေးပါ....မေးထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။





ဒီအောက် Link က တဆင့် ပို့နိုင်ပါတယ်....

















အဆင်ပြေကြပါစေ...




ခင်မင်လျှက်




ဝင်းကမ္ဘာကျော်





www.winkabarkyaw.net








Saturday, 28 September 2013

မလေးရှားရောက် အိုဗာစတေးများ သိစေရန်

Unknown | 28.9.13 | Best Blogger Tips



မလေးရှားရောက် အိုဗာစတေးများ သိစေရန် 

============================

ယနေ့  ၂၇ - ၉ - ၂၀၁၃ ရက်နေ့  ည မလေးရှားနိုင်ငံထုတ်


 တရုတ်သတင်းစာတွင် ဖော်ပြချက်အရ မလေးနိုင်ငံတွင်း အိုဗာစတေးများအား ၁၀ လပိုင်း ၁၅ ရက်နေ့ 

မှ စတင်၍ ယခင် 6P ပုံစံကဲ့ သို့  ပထမဆင့်  အနေဖြင့် လက်ဗွေနှိပ်ခွင့်ပြုမည်ဖြစ်ပြီး 


၁၀ လပိုင်း ၁၅ ရက်နေ့ မှ စတင်၍ 


အင်ဒိုနီးရှား နိုင်ငံသားများအား ဦးစားပေး အဆင့်သတ်မှတ်ပြီး ကျန်နိုင်ငံသားများအား ဆက်လက် 

လက်ဗွေနှိပ်ခြင်း ကို ၃ လအတွင်း ဆက်လက်ခွင့်ပြု လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း


 သတင်းကောင်းပါးအပ်ပါသည်








ကိုလတ်(ကျွဲဆင်း)

Monday, 23 September 2013

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

Unknown | 23.9.13 | Best Blogger Tips






ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC)
လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို
အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 







 ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။
လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့
ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က
အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး
သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို
ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ 
လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင်
ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့
ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။





လေဆာနဲ့
Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး
ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ
ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။











ဒီအတွက်
ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု
ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့်
ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့
ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့
Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ်
ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။


.


Ref:mashable





အောင်ခမ်း (TSJ Team)





Saturday, 21 September 2013

သက်တမ်းလွန် ငွေဖြည့်ကတ်များ တစ်လအတွင်း ပြန်လဲပေးမည်

Unknown | 21.9.13 | | Best Blogger Tips













 






မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက

ဖြန့်ဖြူးရောင်းချနေသော မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ်များမှာ
သတ်မှတ်ကာလထက် ကျော်လွန်နေသော်လည်း ရောင်းချသုံးစွဲရခြင်း မရှိသေးသော
သက်တမ်းလွန် ကတ်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် တစ်လအတွင်း
ပြန်လည် လဲလှယ်ပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ 




သက်ဆိုင် ရာ တရားဝင်
ကိုယ်စားလှယ်များက အကြောင်းအမျိုး မျိုးကြောင့် မရောင်းချလိုက်ရသော
သက်တမ်းလွန် ငွေဖြည့်ကတ်များ ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက
သက်တမ်းတိုးပေးနိုင်ခြင်း မရှိသော်လည်း ကတ်အသစ်ဖြင့် အစားထိုးပေးနိုင်မည်
ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့က
ကြေညာထားသည်။ “လဲလှယ်ပေးတာကတော့ GSM, CDMA, WCDMA အကုန်လုံးပဲ။ တရားဝင်
ကိုယ်စားလှယ်တွေက Customer တွေဆီက သက်တမ်း လွန် ငွေဖြည့်ကတ်တွေကို
စုထားပြီး
လာပို့ပေးရတယ်။ 




အဲဒီကတ်တွေကို
MPT မှာ သုံးပြီး မသုံးပြီး လာစစ်ပြီးတော့မှ
လဲပေးတာ” ဟု အဆိုပါ မိုဘိုင်းလ်ဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ သက်တမ်းလွန်
ငွေဖြည့်ကတ်များကို သက်တမ်းကုန်သည့် နေ့ရက်မှ တစ်လ အတွင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  တရားဝင် ကိုယ်စားလှယ်က အခကြေးငွေ မယူဘဲ 
ငွေဖြည့် ကတ် အသစ်ဖြင့် အစားထိုး ပြန်လည် ထုတ်ပေးနေကြောင်း၊
ကိုယ်စားလှယ်ဆိုင်များ လက်ခံ ထားသော သက်တမ်းလွန် ငွေဖြည့်ကတ်များကို
နောက်ထပ် တစ်လအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သို့ အပ်ရ မည် ဖြစ်ကြောင်း

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့က ကြေညာ
ထားသည်။
“ငွေဖြည့်ကတ် သက်တမ်းလွန် သွားတာမျိုးတော့ ဆိုင်မှာတော့ သိပ်မကြုံ ဘူး။
အနည်းအကျဉ်းပါ။ ပြန်လဲရင် အလုပ်ရှုပ်လို့ တစ်ခုနှစ်ခုလောက်ဆို မလဲဖြစ်ဘူး”
ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။




 မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်များအတွက်
လိုအပ်သော အချက်အ လက်များကို မှတ်တမ်းပြုလုပ်၍ ဖြန့်ဖြူးရောင်းချမည့်
သက်ဆိုင်ရာ ကုမ္ပဏီထံသို့ လွှဲပြောင်းပေး ရာတွင် ငွေဖြည့်ကတ်သက်တမ်း (Expiry
Date) ကို မှတ်တမ်းစတင်ပြုလုပ်သည့် ရက်မှစတင် ၍ ခြောက်လ သတ်မှတ်ထားကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉
ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 







Ref : ခေတ်လူငယ်











ကွာလာလမ်ပူမြို့စွန်တွင် ဖွင့်ထားသည့် လိုင်စင်မဲ့မြန်မာဆိုင်အချို့ ဆိုင်းဘုတ်များဖျက်ဆီးခံရ

Unknown | 21.9.13 | Best Blogger Tips






မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်ရှိ
မြန်မာနိုင်ငံသားများရောင်းချသော မြန်မာဆိုင်တန်းရှိ ဆိုင်များကို
မလေးရှားစည်ပင်က လာရောက်စစ်ဆေးပြီး လိုင်စင်မရှိသောမြန်မာဆိုင်များ၏
ဆိုင်းဘုတ်များကို ဖြုတ်ချ၍ဆိုင် အချို့ကို ဖျက်ဆီးသွားကြောင်း
သတင်းရရှိသည်။

စက်တင်ဘာ ၁၉ရက်တွင် မလေးရှားနိုင်ငံစည်ပင်က
မြန်မာဆိုင်တန်းဘက်တွင်ရောင်းချသော ဆိုင်များကို စစ်ဆေးပြီး
ရောင်းချခွင့်လိုင်စင်မရှိသောဆိုင်များ၏ ဆိုင်းဘုတ်များကို
ဖြုတ်ချသိမ်းဆည်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လာရောက်
စစ်ဆေးသောကြောင့် အနည်းဆုံး မြန်မာဆိုင်ငါးဆိုင်၏ 
ဆိုင်းဘုတ်များဖြုတ်ချခံရကြောင်း စွန်းငိုင်းဘလို့ရပ်ကွက်တွင်နေထိုင်သော
ကိုနေဇော်လင်းကပြောသည်။

““မလေးစည်ပင်က ဆိုင်လိုင်စင်တွေ ရှိ၊
မရှိလာစစ်တာ။ မရှိဘူးဆိုရင် တစ်ခါတည်းဆိုင်းဘုတ်တွေဖြုတ်ပြီး သိမ်းသွားတာ။
မြန်မာဆိုင်တွေဘက်ကိုပဲ လာစစ်တာ။ လိုင်စင်မရှိတဲ့ဆိုင်တွေတော့
အရေးယူခံရမယ်နဲ့တူတယ်””ဟု မြန်မာဆိုင်တန်းဘက်
အဆိုပါဆိုင်းဘုတ်များဖြုတ်ချသောနေရာသို့ ရောက်ရှိနေသည့်
ကိုနေဇော်လင်းကပြောသည်။

““မြန်မာအင်တာနက်ဆိုင်ကိုဝင်ပြီး
ကွန်ပျုတာတွေကို ရိုက်ခွဲနေကြတာ။ လိုင်စစ်စစ်တာလို့ ပြောတာပဲ။
ကျွန်တော်တို့ ထွက်ပြေးလာရတာ””ဟု မြန်မာဆိုင်တန်းဘက်တွင် ရောက်ရှိနေခဲ့သူ
ကိုစန်းမျိုးကပြောသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ်အတွင်း
မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများ
သားမယားပြုကျင့်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ထိုသို့ဖြစ်ပေါ်နေခြင်းကြောင့် မလေးရှားနိုင်ငံတွင် လုံခြုံမှုမရှိဟုဆိုကာ
မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအချို့ မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိလာသည်။

““အဲဒါတွေဖြစ်နေတာကို သံရုံးကလည်း
ကာကွယ်မှုမပေးဘူး။ အကူအညီတောင်းလို့လည်း မရဘူး။ ဒီမှာလာပြီး
အလုပ်လုပ်တဲ့သူတွေက အရဲစွန့်ပြီးနေနေကြတာ”” ဟု မလေးရှားနိုင်ငံရောက်
၈၈မျိုးဆက်ကျောင်းသား ကိုအောင်ကြီးကပြောသည်။

 


7day daily


Ref : သစ်ထူးလွင်












Tuesday, 17 September 2013

Android Device က Video , Media တွေကို TV မှာကြည့်မယ်။

Unknown | 17.9.13 | | Best Blogger Tips







မကြာမီ
က Google က Chromecast ဆို တဲ့ Device ကို
ထုတ်လုပ်ရောင်းချခဲ့ပါတယ်။Chromecast က Android Device,iOS Device, Chrome
Browser တွေက Online Video,Media တွေကို TV မှာ ကြည့်လို
့ရအောင်လုပ်ပေးနိုင်ပါတယ်။TV က HDMI Port
မှာတပ်ဆင်ပြီးအသုံးပြုရမှာပါ။Chromecast က 35 Dollar
တန်ကြေးရှိပါတယ်။Chromecast ထွက်ပေါ်လာပြီးသိပ်မကြာမီ မှာပဲ Android
Developer တစ်ယောက်က CheapCast ဆိုတဲ့ Android Application တစ်ခုကို ဖြန်
့ချီခဲ့ပါတယ်။CheapCast App က Chromecast Emulator ဖြစ်ပြီး Android Device
တစ်ခု ကနေ အခြားတစ်ခုကို Video,Media တွေ ထုတ်လွှင့်ပြသပေးနိုင်ပါတယ်။
ဒီဆောင်းပါးမှာ Chromecast မလိုဘဲ Cheapcast ကိုအသုံးပြုပြီး Android
Device ကနေ TV ကို Media တွေ Stream လုပ်တဲ့နည်းကိုရေးပါမယ်။



လိုအပ်တဲ့အရာများ



- CheapCast App ကို အင်စတောလုပ် ပြီး Media တွေကို ထုတ်လွှင့်ပေးတဲ့ Host Device အနေနဲ့ သုံးဖို့ Android       Device တစ်ခု

- Video တွေ ကြည့်ဖို့ အတွက် Remote Device အနေနဲ့ သုံးဖို့  Android or iOS Device တစ်ခု

- HDMI port ပါတဲ့ TV တစ်လုံး

-
Micro HDMI cable (Host Device မှာ HDMI Port ပါခဲ့ရင်) - MHL adapter (
Host Devie မှာ HDMI Port မပါခဲ့ရင်) Android Device အချင်းချင်း Video တွေ
ထုတ် လွှင့်ပေးဖို့ အတွက်တော့ အပေါ်ဆုံးက အချက်နှစ်ချက်ပဲလို
အပ်မှာပါ။Android ကနေ TV ကို Video တွေ ထုတ်လွှင့်ပေးဖို့ အတွက် Android
Phone(Host Device) တစ်လုံးနဲ့ အောက်ဆုံးက အချက်နှစ်ခုထဲက တစ်ခုလို
အပ်ပါတယ်။



Android Device တစ်ခုကနေ တစ်ခြား တစ်ခု ကို Media တွေ Stream လုပ်ခြင်း။

CheapCast ကို Google Play Store 
ကနေ ဒေါင်းလုပ်လုပ်ပြီးAndroid Device(Host) မှာ အင်စတောလုပ်ပါ။Friendly
name ကို နှစ်သက်ရာပေးပြီး Play Button ကိုနှိပ်ပါ။ပြီးရင် Chromecast
Supported App တွေ ဖြစ်တဲ့ Netflix, YouTube, Play Movies and Music စတဲ့
App တွေကိုဖွင့်ပြီးတစ်ခြား Android Device(Remote Device) ကို Video ,
Media တွေထုတ်လွှင့်လို့ ရပါပြီ။



credit >>>
ကိုကိုအောင်အောင် (ဘလော့ခရီးသည်) ရေးသားထားသည်ကို ကိုအောင်ကျော်ခိုင်
(ပုသိမ်) ဆီမှ ပြန်လည် မျှဝေပေးခြင်းဖြစ်သည်။





အားလုံးအဆင်ပြေကြပါစေဗျာ။



Aung Ko Htet (IT Studier)

Monday, 16 September 2013

Apple ပစ္စည်း ရန်ကုန်မှာ အရောင်းပြခန်းဖွင့်မယ်

Unknown | 16.9.13 | | Best Blogger Tips



Apple
ရဲ့ iOS နည်းပညာထုတ်ကုန်တွေကို နိုင်ငံတကာအပြင်အဆင်နဲ့
ရောင်းချပေမယ့်ဆိုင်ကို အခုလ ၂၈ ရက်မှာ ရန်ကုန်မြို့
ဂျန်းရှင်းမော်တင်ဈေးဝယ်စင်တာမှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးတော့
ထူးခြားချက်က တန်ဖိုးကြီးတဲ့ Apple ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ပါ
ရောင်းချပေးသွားမှာပါ။

နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်တဲ့
အော်ရီဒူးနဲ့ တယ်လီနောကုမ္ပဏီတွေ လုပ်ငန်းစရင် မြန်မာပြည်ရဲ့ မို
ဘိုင်းဆက်သွယ်ရေးကဏ္ဍ တိုးတက်လာဖို့ရှိတာကြောင့် အခုလို
နည်းပညာမြင့်ထုတ်ကုန်ဖြစ်တဲ့ Apple ရဲ့ပစ္စည်းတွေကို နိုင်ငံတကာစံနှုန်းနဲ့
ဖွင့်လှစ်ရောင်းချဖို့စီစဉ်ရတာလို့ တစ်ဦးတည်းကိုယ်စားလှယ်
အရောင်းဆိုင်ဖွင့်ခွင့်ရတဲ့ mDrive ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်
ဦးမြတ်ထူးကပြောပါ တယ်။

“အမှန်အတိုင်းပြောရမယ်ဆိုရင်
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ Network အခြေအနေက အဆင်မပြေသေးတဲ့အတွက်iPad
Team က iPad ကိုပေးဖို့ရာအဆင်မပြေပဲဖြစ်နေသေးတာ။ မြန်မာနိုင်ငံရဲ့ Network
ကသူများနိုင်ငံနဲ့ယှဉ်ရင်သိပ်မကောင်း သေးဘူးပေါ့။ အဲ့ဒါကြောင့်ဖြစ်လို့
iPad Netork က တယ်လီဖုန်းတွေနဲ့ တွဲပြီးသုံးရတာရှိတာကြောင့်
လောလောဆယ်မှာခွင့် မပြုပဲ နောက်နှစ်လသုံးလလောက်နေရင်ခွင့်ပြုမှာပါ”

မကြာခင်ရောင်းချတော့မယ့်
ဒီကုမ္ပဏီအနေနဲ့ လောလောဆယ်မှာ သူ့ရဲ့ iPad နဲ့ iPhone ပစ္စည်းတွေကို
ရောင်းချဦး မှာ မဟုတ်သေးပဲ iMac အမျိုးအစားနည်းပညာထုတ်ကုန်တွေပဲ
ရောင်းချပေးမှာလို့သိရပါတယ်။

ဘာကြောင့် iPad နဲ့ iPhone
ထုတ်ကုန်တွေကို အခုလို Apple ရဲ့ တရားဝင်အရောင်းပြခန်းမှာ
မရောင်းချနိုင်သေးတာနဲ့ ပတ်သတ်ပြီး သူကအခုလိုဆက်ပြောပါတယ်။

မြန်မာပြည်ရဲ့မိုဘိုင်းဈေးကွက်ကတော်တော်အခြေအနေကောင်းပါတယ်။
ဒါပေမယ့် လူတွေရဲ့ဝယ်နိုင်တဲ့ဝင်ငွေမရှိတဲ့အခါ ကျတော့ Apple မပြောနဲ့
လက်ရှိ HTC တောင် တော်တော်ကြီးရုန်းကန်နေရတာပါ။ မြန်မာပြည်ကလူတွေရဲ့
တစ်ဦးချင်း ဝင်ငွေတိုသာမတိုးလာရင် မြန်မာပြည်ရဲ့မိုဘိုင်းဈေးကွက်က Apple
အတွက်မဖြစ်နိုင်ဘူး။ တခြား Huwei တို့ ZTE တို့
လောက်တံဆိပ်တွေပဲရောင်းရမယ်လို့မြင်ပါတယ်။ လာမယ့်နှစ်အနည်းငယ်လောက်တော့
နိုင်ငံခြားအော်ပရေတာနှစ်ခု ကြောင့် မြန်မာပြည်မှာလူတွေအားလုံး
မိုဘိုင်းဖုန်းတွေနဲ့ဖြစ်လာမယ်ထင်ပါတယ်”

ဒါပေမယ့် ပြည်တွင်းက
နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာ နှစ်ခုလုပ်ငန်းလည်ပတ်တဲ့အချိန်မှာပဲ Apple က
iPhone နဲ့ iPad ထုတ်ကုန်တွေကို မြန်မာပြည်က သူ့ရဲ့အရောင်းပြခန်းမှာ
တရားဝင်ရောင်းချဖို့ ခွင့်ပြုပေးသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် Apple က မြန်မာပြည်မှာပဲ သူ့ရဲ့ ဝန်ဆောင်မှုစင်တာကိုဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။
နည်းပညာမြင့်ထုတ်ကုန်တွေဖြစ်တဲ့
Apple ရဲ့ ပစ္စည်းတွေကို အသုံးပြုလိုပေမယ့် ဈေးနှုန်းမြင့်မားလွန်းတာကြောင့်
ဈေးနှုန်းသင့်တင့်တဲ့ Android OS စနစ်ပစ္စည်းတွေရဲ့ဈေးကွက်က
ပြည်တွင်းမှာကြီးမားနေရတာလို့ ရန်ကုန်အခြေစိုက်
မိုဘိုင်းဖုန်းလုပ်ငန်းတစ်ချို့ကလုပ်ငန်းရှင်တွေကဆိုကြပါတယ်။

လောလောဆယ်မှာတော့
Apple ထုတ်ကုန်တွေဟာ မြန်မာပြည်ဈေးကွက်မှာ လူတန်းစားတစ်ရပ်လောက်သာ
အသုံးပြုနိုင်သေးတဲ့ နည်းပညာပစ္စည်းတွေဖြစ်နေပါတယ်။

by ယုဇနကိုကို   (ဒီဗွီဘီ)




သစ်ထူးလွင်မှ ပြန်လည်ဝေမျှပေးခြင်းဖြစ်သည်။ 



အားလုံးအဆင်ပြေကြပါစေဗျာ။ 



Aung Ko Htet (IT Studier)

Saturday, 14 September 2013

၂၀၁၄ ပထမအပတ်တွင် Sim Card များကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့နည်းကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်

Unknown | 14.9.13 | Best Blogger Tips









တောင်သူလယ်သမားအတွက် စိုက်ပျိုးရေးနည်းပညာများကို မကြာသေးမီက ဆယ်သွယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော elenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစနစ်ကို
၂၀၁၄ ပထမလေးပတ်အတွင်းစတင်တည် ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများထုတ်လုပ်မှုတိုးတက် စေဖို့နှင့် ကုန်ကျစရိတ်များ ကို လျော့ချနိုင် ဖို့အတွက်ဖြစ်ကြောင်း Telenor Myanmar မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

““မိုဘိုင်းဆက်သွယ်ရေးဟာ
အများပြည်သူအတွက် ကောင်း မွန်တဲ့ဆက်သွယ်ရေးစနစ်ဖြစ်မယ် လို့ Telenor ကယုံကြည်ပါတယ်။ ဒါကြောင့်တိုင်းမှာလယ်သမားတွေ ကို ၀န်ဆောင်မှုပေးတဲ့ဟာ ကို မြန်မာနိုင်ငံမှာ ပေးမှာပါ”” ဟု ၎င်းကဆက်လက်ပြောသည်။

““ဒီဝန်ဆောင်မှုက လယ် သမားတွေကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့လည်းဆိုတော့ ဒီ မိုဘိုင်းဖုန်းကနေတစ်ဆင့် မိုးလေ ၀သကို သိရမယ်။ ဒီရာသီမှာ ဘာသီးနှံတွေစိုက်ရင် အကောင်း ဆုံးဖြစ်မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက်ရဲ့အခြေအနေတွေပါ သိရမှာပါ”” ဟုTelenor Myanmar မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အင်တာနက်လျှောက်ထား
ပြီးသော simcard များကို ၁၅၀၀ ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄ လပိုင်းတွင် sim card များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း သိ ရသည်။Telenor Myanmar သည် နော်ဝေး အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။






 Hot News




မလေးရှားက မြန်မာလုပ်သားများအရေး နှစ်ဖက်အစိုးရ သဘောတူညီမှုရပြီ

Unknown | 14.9.13 | Best Blogger Tips






Photo: မလေးက မြန်မာလုပ်သားများအရေး နှစ်ဖက်အစိုးရ သဘောတူညီမှုရပြီ<br />Thursday, September 12, 2013 <br /><br />မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေအ တွက် ကွာလာ လမ်ပူမြို့မှာ One Stop Service စင်တာ ဖွင့်လှစ်ပြီး အထောက်အထား ထုတ်ပေးဖို့ မလေးရှားနဲ့ မြန်မာ နှစ်ဖက်အစိုးရ သဘော တူညီမှု ရလိုက်ပြီလို့ သိရပါတယ်။<br /><br />ဒီအစီစဉ်ကို နောက် ၂ လလောက်မှာ စတင်ဖို့ ရှိတယ် ဆိုတဲ့အကြောင်း မြန်မာအစိုးရရဲ့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားက ပြန်ရောက်ရောက် ချင်း မင်္ဂလာဒုံလေဆိပ်မှာ ဒီကနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။<br /><br />မလေးရှားမှာ အထောက်အထား မရှိတဲ့ မြန်မာနိုင်ငံက တရားမဝင် လုပ်သားပေါင်း တစ်သိန်းတစ်သောင်းလောက်ရှိနေပြီး ဒီလူတွေအတွက် အထောက်အထား စိစစ်ပေးမှုကို ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံရုံးက လုပ်ပေး မှာ ဖြစ်ပြီး ကွာလာလမ်ပူနဲ့ အဝေးမှာ ရှိနေတဲ့ တရားမဝင် မြန်မာတွေအတွက်လည်း စက်ရုံ အလုပ်ရုံတွေ၊ စိုက်ပျိုးရေးခြံတွေ အထိပါ ကွင်းဆင်းလုပ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။<br /><br />မြန်မာနိုင်ငံသား ဖြစ်ပြီး အလုပ်ရှိတဲ့သူတွေကို တရားဝင် အလုပ်လုပ်နိုင်ဖို့ အထောက်အထား ထုတ်ပေးမှာဖြစ်သလို၊ အလုပ်မရှိဘဲ မြန်မာနိုင်ငံ ပြန် ချင်တဲ့သူတွေအတွက်လည်း ရင်းဂစ် ၄၀၀ (မြန်မာငွေ တစ်သိန်းကျော်) ဆောင်ရတဲ့ ဒဏ်ကြေးကို ပေးစရာမလို့တော့ ဘဲ ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ဦးအေးမြင့်က ပြောသွားပါတယ်။<br /><br />ဝန်ကြီးက ဒီလို ပြောခဲ့ပေမယ့် အခုလို အကောင်ထည်ဖော်ဖို့ ကိစ္စဟာ နားလည်မှု စာချွန်လွှာ ရေးထိုးတဲအဆင့်ထိ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံ အစိုးရချင်း နားလည်မှု ယူခဲ့တဲ့အဆင့် သာ ဖြစ်တဲ့အတွက် ဖြစ်မှ ဖြစ်လာပါ့ မလား ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။<br /><br />အခု ရက်ပိုင်းမှာ တရားမဝင် ဖြစ်နေတဲ့ မြန်မာလုပ်သား တချို့ဟာ မလေးရှားကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လာနေကြတာတွေ ရှိပါတယ်။<br /><br />မလေးရှားအခေါ် အော်ပရာစီလို့ အမည်ပေးထားတဲ့ တရားမဝင် နိုင်ငံခြား အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နောက် ၃ လ အထိ ဖမ်းဆီးဖို့ ရှိနေပါတယ်။<br /><br />ဒီနေ့အထိ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ မလေးရှားမှာ ဖမ်းဆီးခံထားရပြီးတော့ ထောင်ဂဏန်းလောက်ရှိတဲ့ မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ စောင့်ဆိုင်းနေတယ်လို့လဲ သိရပါတယ်။<br /><br />မလေးရှားက ပြန်ရောက်လာသူအချို့<br />BBC


 


မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေအ တွက် ကွာလာ
လမ်ပူမြို့မှာ One Stop Service စင်တာ ဖွင့်လှစ်ပြီး အထောက်အထား
ထုတ်ပေးဖို့ မလေးရှားနဲ့ မြန်မာ နှစ်ဖက်အစိုးရ သဘော တူညီမှု ရလိုက်ပြီလို့ သိရပါတယ်။ဒီအစီစဉ်ကို နောက် ၂ လလောက်မှာ စတင်ဖို့ ရှိတယ် ဆိုတဲ့အကြောင်း
မြန်မာအစိုးရရဲ့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားက ပြန်ရောက်ရောက် ချင်း
မင်္ဂလာဒုံလေဆိပ်မှာ ဒီကနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။



မလေးရှားမှာ
အထောက်အထား မရှိတဲ့ မြန်မာနိုင်ငံက တရားမဝင် လုပ်သားပေါင်း
တစ်သိန်းတစ်သောင်းလောက်ရှိနေပြီး ဒီလူတွေအတွက် အထောက်အထား စိစစ်ပေးမှုကို
ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံရုံးက လုပ်ပေး မှာ ဖြစ်ပြီး ကွာလာလမ်ပူနဲ့
အဝေးမှာ ရှိနေတဲ့ တရားမဝင် မြန်မာတွေအတွက်လည်း စက်ရုံ အလုပ်ရုံတွေ၊
စိုက်ပျိုးရေးခြံတွေ အထိပါ ကွင်းဆင်းလုပ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။


မြန်မာနိုင်ငံသား ဖြစ်ပြီး အလုပ်ရှိတဲ့သူတွေကို တရားဝင်
အလုပ်လုပ်နိုင်ဖို့ အထောက်အထား ထုတ်ပေးမှာဖြစ်သလို၊ အလုပ်မရှိဘဲ
မြန်မာနိုင်ငံ ပြန် ချင်တဲ့သူတွေအတွက်လည်း ရင်းဂစ် ၄၀၀ (မြန်မာငွေ
တစ်သိန်းကျော်) ဆောင်ရတဲ့ ဒဏ်ကြေးကို ပေးစရာမလို့တော့ ဘဲ ဆောင်ရွက်ပေးဖို့
ရှိတယ်လို့ ဦးအေးမြင့်က ပြောသွားပါတယ်။

ဝန်ကြီးက ဒီလို
ပြောခဲ့ပေမယ့် အခုလို အကောင်ထည်ဖော်ဖို့ ကိစ္စဟာ နားလည်မှု စာချွန်လွှာ
ရေးထိုးတဲအဆင့်ထိ ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံ အစိုးရချင်း
နားလည်မှု ယူခဲ့တဲ့အဆင့် သာ ဖြစ်တဲ့အတွက် ဖြစ်မှ ဖြစ်လာပါ့ မလား ဆိုတဲ့
ဝေဖန်မှုတွေလည်း ရှိပါတယ်။

အခု ရက်ပိုင်းမှာ တရားမဝင် ဖြစ်နေတဲ့
မြန်မာလုပ်သား တချို့ဟာ မလေးရှားကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး
မြန်မာနိုင်ငံကို ပြန်လာနေကြတာတွေ ရှိပါတယ်။

မလေးရှားအခေါ်
အော်ပရာစီလို့ အမည်ပေးထားတဲ့ တရားမဝင် နိုင်ငံခြား အလုပ်သမားတွေကို
ဖမ်းဆီးတဲ့ စစ်ဆင်ရေးဟာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နောက် ၃ လ
အထိ ဖမ်းဆီးဖို့ ရှိနေပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံသား ၆၀၀
ကျော်ဟာ မလေးရှားမှာ ဖမ်းဆီးခံထားရပြီးတော့ ထောင်ဂဏန်းလောက်ရှိတဲ့
မြန်မာလုပ်သားတွေဟာ မြန်မာနိုင်ငံကို ပြန်လာဖို့


 စောင့်ဆိုင်းနေတယ်လို့လဲ
သိရပါတယ်။

မလေးရှားက ပြန်ရောက်လာသူအချို့
BBC










Thursday, 12 September 2013

မလေးရှားရှိ မြန်မာသံရုံးနှင့်ဝေးရာသို့ အမျိုးသမီးလုပ်သား စေလွှတ်မှု ရပ်ဆိုင်းမည်

Unknown | 12.9.13 | Best Blogger Tips


 


 


မလေးရှားနိုင်ငံတွင်
မြန်မာအမျိုးသမီးများ မုဒိမ်းကျင့် အကြမ်းဖက်ခံရမှုကြောင့်
မြန်မာသံရုံးနှင့် အလှမ်းဝေးသည့် နေရာများကို အမျိုးသမီးအလုပ်သမား စေလွှတ်မှု
ရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးမျိုးအောင်က မလေးရှားနိုင်ငံရောက် မြန်မာလူမှု
အဖွဲ့အစည်းများနှင့် စက်တင်ဘာလ ၉ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားသည်။





မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီးမှ
အမျိုးသမီးတစ်ဦး ၂၀၁၂ ခုနှစ်တွင် မုဒိမ်းကျင့်ခံခဲ့ရပြီး ယခုနှစ်
သြဂုတ်လအတွင်း ကလည်း မြန်မာအမျိုးသမီးတစ်ဦး နေထိုင်သည့် အဆောင်ကို
လူအုပ်စုလိုက် ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ကာ
လမ်းဘေးတွင် ပစ်ထားခဲ့မှု များနှင့် အခြားအကြမ်းဖက်မှုများကို
လူမှုအဖွဲ့အစည်းများ တင်ပြသဖြင့် ဦးမျိုးအောင်က ယင်းသို့
ပြောဆိုခြင်းဖြစ်ကြောင်း ကပုန်း ခုနစ်ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ
ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။

မြန်မာအမျိုးသမီးများ လုံခြုံရေး
အခြေအနေ ယခုထက် ပိုမိုဆိုးဝါးလာပါက မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီး
လုပ်သားစေလွှတ်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ၍ ရပ်ဆိုင်းသွားမည်ဟု
၎င်းကပြောဆိုကြောင်း ဦးဆန်းဝင်းက ပြန်လည်ပြောဆိုသည်။


မလေးရှားနိုင်ငံတွင် မေလကုန်နှင့် ဇွန်လဆန်းတို့တွင် ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်မှုများ အပါအဝင် မြန်မာများ သတ်ဖြတ်ခံရမှု များတွင်
အမှုမှန်တစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်း မရှိခြင်း တို့အတွက် မလေးရှားနိုင်ငံ
ပြည်ထဲရေးဝန်ကြီးဌာနကို ဖိအားပေးလုပ်ဆောင်ရန် မလေးရှားနိုင်ငံသို့
ရောက်ရှိနေသည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုထားကြောင်း ၄င်းက
ဆက်လက်ပြောကြားသည်။

မြန်မာလုပ်သားများ သေဆုံး၊ ထိခိုက်မှုများတွင်
နစ်နာကြေးများရရှိခြင်း မရှိကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား
များထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား
အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရား နှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ
လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ်
လူ့အဖွဲ့ အစည်းနှင့် NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရထံ တောင်းဆိုသည့်
ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများကို
ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ယာယီ
ရပ်ဆိုင်းထားသည်။

မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဂျပန်တို့ရှိ
စက်ရုံအလုပ်ရုံ လုပ်ငန်းများတွင် မြန်မာအမျိုးသမီး အလုပ်သမားများကို ၂၀၁၁
ဒီဇင်ဘာလမှစတင်ကာ တရားဝင် သွားရောက် အလုပ်လုပ်ခွင့် ပြုထားသည်။

The Voice Weekly