Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Friday, 2 May 2014

အွန်လိုင်း အိမ်ခြံမြေ အရောင်းဝယ် အပြင်မှာ ငွေချေ

Aung Ko Htet | 2.5.14 | Best Blogger Tips

 
 
Aung Ko Htet (MM IT Knowledge)

လက်ရှိ မြန်မာပြည်မှာ အွန်လိုင်း ဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်များစွာ ပေါ်ပေါက် လာပေမယ့် အရောင်းအဝယ် ဖြစ်ဖို့ အတွက် ငွေပေးချေမှုက အပြင်မှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောဖြစ်လို့ပြောတဲ့အခါ သူ အင်မတန် အံ့သြသွားပါတယ်။

အွန်လိုင်း အရောင်းအဝယ် ဝဘ်ဆိုဒ်များအနေနဲ့ အပြင်မှာပဲငွေပေးကြ ဆိုတော့ ဘာများ ထူး လို့လဲပေါ့။ သို့ပေမယ့် ဒါကိုလည်း နိုင်ငံတကာ အွန်လိုင်းဈေးရောင်းဈေး ဝယ် ဝဘ်ဆိုဒ်နဲ့ စီးပွားရေး ပညာရှင်ဖို့ ချခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင် တို့လို ကျဉ်းလွန်းတဲ့ နိုင်ငံမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်ဖို့အတွက် အွန်လိုင်းကနေတောင် အော်ဒါမမှာပဲ ဖုန်းဆက်ပြီး စမှာခဲ့ကြတာ ဖြစ် ပါတယ်။ အွန်လိုင်း စာမျက်နှာက သတင်းအချက် အလက် ဖော်ပြထားတဲ့ နံရံကပ် စာစောင် တစ်ခုအလားပါပဲ။ ယနေ့အချိန်အထိလည်း ဖုန်းနဲ့ အော်ဒါမှာတဲ့ စနစ်ကို အွန်ုလိုင်းဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်တွဲမှာ အော်ဒါမှာ စနစ်တစ်ခုအနေနဲ့ တွဲထား ပေးဆဲ ဖြစ် ပါတယ်။ အွန်လိုင်းကနေ မှာယူမှုကိုတော့ ပိုလုပ်နေကြပါပြီ။ လက်ရှိ မြန်မာပြည် မှာတော့ အွန်လိုင်းငွေပေးငွေချေ စနစ် က အဆင် မပြေနိုင်သေး ပဲ ဖြစ်နေ ပါတယ်။ နည်းပညာ အမျိုးမျိုး၊ စနစ် အမျိုးမျိုးပေါ်လာပေ မယ့် ပြင်ပငွေပေး ၊ငွေချေ စနစ်နဲ့ ဆက်စပ်နေရဆဲ ဖြစ်ပါတယ်။

ဒီအတွက် စနစ်ကြီး တစ်ခု လုံး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အစိုးရ နည်းပေါ်လစီနဲ့လည်း သက်ဆိုင်ပါသေး တယ်။ အကယ်၍ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ Paypal, Mastercard များကို မြန်မာနိုင်ငံသားတို့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် အွန်လိုင်းအခြေခံ စီးပွားရေး လုပ်ငန်းများ အရှိန်ဟုန်နဲ့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ဒါကြောင့်မို့ လက်ရှိ သွားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းက ဝန်ဆောင်မှု ဝဘ်ဆိုဒ်ပဲ ဖြစ်ပါတယ်။ အရောင်းအဝယ် မလုပ်ပေးပဲ၊ အရောင်းအဝယ်လုပ်ရန် သတင်းအချက်အလက်များကို ဝန်ဆောင်မှု ပေးခြင်း က လက်ရှိအခြေအနေမှာ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည် မှာ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များစွာ ပေါ်လာပါတယ်။ အိမ်ခြံမြေ ဝဘ်ဆိုဒ် မှာဆိုရင် www.house.com.mm လိုမျိုး၊ ကားအရောင်း အဝယ်အတွက် www.motors.com.mm တို့လိုမျိုး ပစ္စည်းအရောင်းအဝယ်အတွက် www.ads.com.mm လို မျိုး အစရှိသဖြင့်တို့ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သူတို့ကျတော့ အရောင်းအဝယ်ဖြစ်ဖို့အတွက် ငွေပေးငွေချေ စနစ်ကိုထည့်သွင်းမထား ပဲ ရောင်းသူ၊ ဝယ်သူများကိုသာ သတင်းအချက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ငွေဝင်တဲ့ နည်းလမ်းကျတော့ အဖွင့်စာမျက်နှာမှာ ဦးစားပေးဖော်ပြခံရတဲ့ ကုမ္မဏီ ကို ငွေကောက်ယူခြင်းမျိုးသာ ရှိပါတယ်။ အကယ်၍ အရောင်း အဝယ် ငွေချေ စနစ်တွေသာထည့်မယ်ဆိုရင် ဒါတွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းအခြေစိုက် စီးပွားရေး လုပ်ငန်း များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။

Thursday, 27 March 2014

Sony Xperia M ကို android version 4.3 jelly bean သို့ version မြှင့်နိုင်ပြီ

Aung Ko Htet | 27.3.14 | | | Best Blogger Tips



Aung Ko Htet (MM IT Knowledge)

Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။

အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera  ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။



Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features ,  user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း  အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။

Ref: Arena

Translate By Aung Ko Htet 

Tuesday, 11 March 2014

Apple iOS 7.1 ရရှိပြီ ဖြစ်ကြောင်းသိရှိရတယ်

Mr. Win Hlaing | 11.3.14 | Best Blogger Tips

Apple ရဲ့ နောက်ဆုံး Firmware update တစ်ခုဖြစ်တဲ့ iOS 7.1 ကို အခမဲ့အနေနဲ့ Apple's စတိုးတွေမှာ ရရှိနိင်နေပြီး ဖြစ်ပါတယ်။ ထို နောက်ဆုံးထွက် ဗားရှင်းထဲတွင် ရောနှောမူတွေအနေနဲ့ အနည်းငယ်သော အစိတ်အပိုင်း အသစ်တွေကို ပေါင်းထည့်ထားခဲ့တယ်လို့ သိရပါတယ်။ မိတ်ဆွေတို့ရဲ့ i device တွေမှာ လမ်းကြောင်းညွှန်ပြမူ ဦးတည်ချက်တွေပါ ပါဝင်လာခဲ့ပြီး iOS UI တွေလည်း အနည်းငယ် ပိုစမတ်ကျစေထားတယ်လို့ သိရပါတယ်။ အဓိက အချက်အနေနဲ့ iOS 7.1 တွင် CarPlay support ကို တိုးတက်မူအနေနဲ့ ပါဝင်လာခဲ့ပြီး iOS အသုံးပြုသူတွေအနေနဲ့ ဖြစ်လေ့ရှိတဲ့ ပြသနာတွေကိုလည်း တိကျအောင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။
အဆိုပါ iOS 7.1 ကို i Phone အတွက်ဆိုလျှင် 14.GB ၊ i pad ဆိုလျှင် 1.5GB တွင် မိတ်ဆွေတို့ရဲ့ device ပေါ်မှ တိုက်ရိုက် ဒေါင်းလုပ်ခ် လုပ်သင့်ပြီး ကွန်ပျူတာပေါ်မှာ ဆိုရင် i Tune ကနေတစ်ဆင့် ရယူနိင်မှာ ဖြစ်ပါတယ်။ 
Aung Heine ( www.smart.com.mm )

 အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org





ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Saturday, 25 January 2014

အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra

Unknown | 25.1.14 | Best Blogger Tips



အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတဲ့ Bra
အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။
မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။

Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။

Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=B8Wd831gUt4

Credit – Digital Life Journal

Friday, 10 January 2014

တယ်လီဖုန်း Billကျသင့်ခြင်းနှင့်ပတ်သက်၍မသမာမှု များ ရှိနိုင် ကြောင်း ပြောကြား

Unknown | 10.1.14 | Best Blogger Tips









တယ်လီဖုန်း Billကျသင့်ခြင်းနှင့်ပတ်သက်၍မသမာမှု များ ရှိနိုင် ကြောင်း ပြောကြား
==========================================

ပြည်တွင်းဆက်သွယ်ရေးကွန်ရက်နှင့် ပတ်သက်၍ မြန်မာ့ဆက် သွယ်ရေးမှ တောင်းခံသော Bill ကိုလစဉ်အချိန်မီမဆောင်ပါက အဆိုပါ တယ်လီဖုန်းလိုင်းကို မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်သွား မည်ဖြစ်သော်လည်း လစဉ်ဝန်ဆောင်ခ (၅၀၀) ကျပ်ကို ပုံမှန်ပေးသွင်း ရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတဆင့်သိရှိရသည်။
““ ဖုန်းပိတ်ထားပေမယ့် Bill ကျနေခြင်းဟာ လစဉ်ဝန်ဆောင်ခ ၅၀၀ ကျပ်ကို ပုံမှန်ဆောင်ရမယ်လို့ သတ်မှတ်ထားခြင်းကြောင့်ပါ။ ဒါ့အပြင် ဒီကိစ်္စနဲ့ပတ်သက်ပြီး Bill ကိစ်္စမှာ မသမာသူလည်းရှိနိုင်ပါ တယ်။ တကယ်လို့ ပုံမှန်မဟုတ်ဘဲ Bill ကျသင့်နေရင်တော့ ဖုန်းနံပါတ် နဲ့ အချိန်ကာလကို သိရှိကာလကိုသိရှိပါက ပြန်လည်စစ်ဆေးဆောင် ရွက်ပေးမှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် တယ်လီဖုန်းကြိုးလိုင်းအများစုအနေဖြင့် လစဉ် လဆန်းတိုင်း Bill ဆောင်နေရသော်လည်း နောက်ပိုင်းကာလ များတွင် ၀န်ကြီးဌာနအနေဖြင့် Bill ထုတ်ဆင့်နိုင်ရန် နည်းလမ်းကောင်း များကို ရှာဖွေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ရန်ကုန်၊ မန်္တလေးအစရှိသော မြို့ကြီးများမှအပ ကျန်နယ်မြို့ များတွင်Bill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းမှာ ယခင်ကစာတိုက်မှ တဆင့်ပို့ဆောင်နေရခြင်းကြောင့်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် အင်တာနက်စနစ်အသုံးပြု၍ သက်ဆိုင်ရာမြို့၊ နယ်များသို့ ပို့ဆောင်နိုင် ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။
““ နယ်မြို့တွေမှာBill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းက အဲဒီနယ်မြို့ တွေမှာ အသုံးပြုတဲ့သက်ဆိုင်ရာအသုံးပြုခဲ့တဲ့ ဖုန်းတွေအနေနဲ့ ပြည်တွင်း၊ မြို့တွင်းခေါ်ဆိုတဲ့အချက်အလက်များအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပြည်ပခေါ်ဆိုမှုအချက်အလက်များကို စုံစမ်းပြီး ရန်ကုန် မှာရှိတဲ့Bill စင်တာကို ပို့ပေးရပါတယ်။Bill စင်တာကထုတ်ပေးတဲ့ စာရွက်စာတမ်း အချက်အလက်တွေကို Print ထုတ်ပြီး စာတိုက်ကနေ တဆင့်ပို့ပေးရတာကြောင့်Bill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းဖြစ်ပါတယ်”” ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြား ခဲ့သည်။


အောင်ရဲကျော်( MYANMAR DIGITAL LIFE JOURNAL )
==========================================

Sunday, 5 January 2014

Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်

Unknown | 5.1.14 | Best Blogger Tips


Android နှင့် Windows အသုံးပြုနိုင်သော ကွန်ပျူတာကို CES တွင် ပြသရန် Intel စီစဉ်
=========

Intel သည် လူသုံးကုန် အီလက်ထရောနစ် ထုတ်ကုန်ပြပွဲ (CES) တွင် Windows နှင့် Android အသုံးပြု ထားသော ကွန်ပျူတာသစ် တစ်မျိုးကို ပြသဖွယ်ရှိကြောင်း သိရသည်။

Intel သည် ၎င်းကွန်ပျူတာကို နည်းပညာပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ပြပွဲတွင် PC ထုတ်လုပ်သူများနှင့် စမ်းသပ် လုပ်ကိုင်နေသော အခြားထုတ်ကုန် အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက The Verge ထံပြောကြားခဲ့သည်။

Dual OS ဟုခေါ်သည့် Intel ၏ စိတ်ကူးအကြံအစည်သည် virtualization နည်းပညာကို အသုံးပြုပြီး Windows အတွင်း Android အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ၎င်းသည် စက်ကို reboot ပြုလုပ်စရာမလိုဘဲ Android app နှင့် Windows app များကို ယှဉ်လျက် အသုံးပြုနိုင်မည်ဖြစ်သည်။

Intel သည် ၎င်းတို့၏ x86 ပရိုဆက်ဆာ တပ်ဆင်ထားသော Android စမတ်ဖုန်းတစ်လုံး ပြုလုပ်နေသလို Bay Trail tablet chip ကိုလည်း OS တစ်ခုခုနှင့် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်နေကြောင်း သိရသည်။ Intel အနေဖြင့် Windows အတွင်း Android app များအဆင်ပြေစွာ အသုံးပြုနိုင်ရန် ပြုလုပ်ပေးနိုင်ခဲ့ပါက PC ထုတ်လုပ်သူများ အနေဖြင့် သုံးစွဲသူများကို Platform နှစ်ခုပါဝင်သော tablet တစ်လုံး တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။ Intel အနေဖြင့်လည်း ထိုနည်းပညာ ထောက်ပံ့နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း Microsoft နှင့် Google သည် ၎င်းကိစ္စကို လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါ ကိစ္စနှင့် ပက်သက်လျှင် ၎င်းတို့တွင် ဆတ်ဆတ်ထိမခံမှုများ ရှိကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားသွားခဲ့သည်။

Ref: TheVerge ( INTERNET JOURNAL)

Friday, 3 January 2014

မိုဘိုင်းလ်ဖုန်းဆိုတာ လူတိုင်းအတွက်လိုအပ်ကြောင်း Telenor ၏ CEO ပြောကြား

Unknown | 3.1.14 | Best Blogger Tips


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းလ် ဖုန်းများကို လစဉ်ချထားပေးချက်ရှိသော်လည်း နောက်ပိုင်းကာလများတွင် မိုဘိုင်းဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ကြီးမြင့်၍ ၀ယ်ယူရသည့်အပြင် ယခု အခါတွင် မိုဘိုင်းလ်ဖုန်းဆိုင်အများစု အနေဖြင့် အတိအလင်းရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်ဈေးကွက် အတွင်းမှ ကြားသိရသည်။
“ စီးပွားရေးလုပ်တာကို နားလည်ပေမယ့် အခုဆိုရင် SimCard တစ်ခုကို အဆမတန်ပေးဝယ်နေရတော့ မြန်မာနိုင်ငံအတွင်းမှာပဲ ဘယ်လိုလုပ်ပြီး မိုဘိုင်းလ်သုံးစွဲသူရာခိုင်နှုန်း တိုးလာမှာလဲ။ တစ်ချို့ မိုဘိုင်းလ်ဆိုင်တွေ ဆိုရင် အရစ်ကျစနစ်နဲ့ SimCard ရောင်းတဲ့စနစ်တို့၊ SimCard ၀ယ်ရင်ဟန်းဆက်ပေးမယ်ဆိုတဲ့ စနစ်တို့နဲ့ တွဲဖက်ပြီး အထူးဈေးရောင်းပွဲအစီအစဉ်တွေကိုတောင် ပြုလုပ်လေ့ရှိပါတယ်” ဟု လသာမြို့နယ်နေ ကိုအောင်မြင့်မြတ် ကပြောကြားခဲ့သည်။
ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍအတွက် ၂၀၀၁ ခုနှစ်မှ အစပြု၍ှSiemens ကုမ္ပဏီမှ စက်ပစ္စည်းများ အသုံးပြု၍အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း SimCard ဈေးနှုန်းများမှာ ငွေကျပ်(၄၈)သိန်း အထိ ဈေးနှုန်းအဆမတန်ရောင်းချခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိအခါတွင် ငွေကျပ်(၁၅၀၀) တန် SimCard ဟူ၍ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အလိုက် ရောင်းချပေးခဲ့သည်။ သို့သော် အဆိုပါ တန်ဖိုးနည်း SimCardများ၏ဈေးနှုန်းမှာ နံပါတ် (အလှ) ပေါ်မူတည်၍ ငွေကျပ်(၃)သိန်းဝန်းကျင်အထိ ဈေးနှုန်းကြီးမြင့်ခဲ့သည်။“ အစိုးရကတော့ အခြေခံလူတန်းစားတွေအတွက် စီစဉ်ပြီး တန်ဖိုးနည်းဖုန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေမယ့် အခုဆိုရင် SimCard များမရတဲ့သူတွေနဲ့ မဲမပေါက်တဲ့သူတွေကတော့ အပြင်မှာဝယ်နိုင်ရယ်ဝယ်၊ မ၀ယ်နိုင်ရင်မသုံးရဆိုတဲ့ ပုံစံဖြစ်နေလို့ စိတ်မကောင်းပါဘူး”” ဟုရွှေပြည်သာမြို့နယ်နေ ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
လက်ရှိတန်ဖိုးနည်းငွေကျပ် (၁၅၀၀) တန်SimCardများ၏ ပြင်ပပေါက်ဈေးမှာ CDMA 800MHz SimCardကိုငွေကျပ် (၆၅,၀၀၀)မှ (၈၅,၀၀၀)အထိလည်းကောင်း GSM SimCard နှင့် WCDMA SimCard များကိုငွေကျပ် (၁၂၀,၀၀၀) ၀န်းကျင်မှ (၁၃၅,၀၀၀)အထိလည်းကောင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့် လိုင်စင်စောင့်မျှော်လျက်ရှိသော နော်ဝေးနိုင်ငံအခြေစိုက် Telenor Group ၏ CEO Mr.Jon Fredrik Baksaas က ““ မိုဘိုင်းလ်ဖုန်းဆို တာ လူကုန်ထန်အသိုက်အ၀န်းနဲ့ လူချမ်းသာတွေအတွက်ပဲ မဖြစ် စေချင်ပါဘူး။ ဒါ့အပြင်မိုဘိုင်းလ်ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်သလို အမှန်တကယ်ဆိုရင် မိုဘိုင်းလ်ဖုန်းဆိုတာ လူတိုင်းအတွက်ဖြစ်သင့်ပါ တယ်”ဟုပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းဆက်သွယ် ရေးကဏ္ဍ အတွက် မိုဘိုင်းလ်သုံးစွဲသူပမာဏကို ၂၀၁၃-၂၀၁၄ ဘဏ္ဍ ရေးနှစ်တွင် ၂၂.၈% ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်တွင် ၅၀% နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်တွင် ၇၅% မှ ၈၀% အထိရောက်ရှိ လာရန်မျှော်မှန်းထားရှိသည်။၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ ချထားပေးသော မိုဘိုင်းလ်ဖုန်းလိုင်းစာရင်းဇယားများ အရ နိုင်ငံလူဦးရေသန်း (၆၀) အတွက်မိုဘိုင်းလ်ဖုန်းအရေအတွက် (၆.၆၄) သန်းကိုငှားရမ်းသုံးစွဲခွင့် ပြုထားပြီဖြစ်သည်။


အောင်ရဲကျော် (Myanmar Digital Life Journal )

Friday, 20 December 2013

Viber က Windows 8 App ပြုလုပ်ပေး

Unknown | 20.12.13 | Best Blogger Tips



Viber က Windows 8 App ပြုလုပ်ပေး

==========================================


မကြာမီက Viber က နိုင်ငံတကာဖုန်းခေါ်ဆိုမှု ၀န်ဆောင်မှု ကို စတင်ခဲ့ပြီး Skype နဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။


 အခုတစ်ခါ Viber က Windows 8 App ကို ပြုလုပ်ပေးလိုက်ပါတယ်။ 

Viber က အစ ပထမ မှာ မိုဘိုင်း ၀န်ဆောင်မှု ပဲပြုလုပ်ပေးတာဖြစ်ပြီး 

လွန်ခဲ့တဲ့ ခြောက်လက က Desktop Version ကို ပြုလုပ်ပေးလိုက်ပါတယ်။

အခုပြုလုပ်ပေးလိုက်တဲ့ Windows 8 App ဟာ Start Screen မှာ Pin လုပ်ထားနိုင်ပြီး


 Live Tile အဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။ Lock Screen Notification တွေလည်း ရရှိမှာပါ။

 Windows 8 Search ကနေ Contacts တွေကို ရှာဖွေနိုင်ပါတယ်။

Viber Version အားလုံးမှာ Activity တွေကို Sync လုပ်ပေးမှာဖြစ်ပါတယ်။ 

PC Language နဲ့ မတူတဲ့ တစ်ခြား Language ကို Viber မှာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။


၂၀၁၃ ခုနှစ်ဟာ Messaging Apps တွေရဲ့တိုးတက်လာမှုလို့ပြောလို့ရလာပါတယ်။


 Line , Kakao Talk တို့ဟာလည်း Desktop Clients တွေကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်မှာတော့ Desktop Client မရှိတဲ့ Messaging App တွေနဲ့ 

Desktop Client ပြုလုပ်ပေးထားတဲ့ Messaging App တို့ရဲ့

 အဓိက ကွာခြားချက်ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။


Viber ဟာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိပြီး Stickers ရောင်းချခြင်း၊


 နိုင်ငံတကာ ဖုန်းဝန်ဆောင်မှု ပေးခြင်းတို့ဖြင့် ၀င်ငွေရရှိနေပါတယ်။


Ref to Myanmar Digital Life


ကိုလတ်(ကျွဲဆင်း)

Tuesday, 10 December 2013

Lightning connector ကဲ့သို့ နှစ်ဖက်သုံးနိုင်မည့် မျိုးဆက်သစ် USB connector ကို ၂၀၁၄ တွင် အသုံးပြုနိုင်မည်

Unknown | 10.12.13 | Best Blogger Tips


မကြာသေးမီက ကျင်းပခဲ့သော USB တီထွင်သူများ ဆွေးနွေးပွဲတွင် USB 3.1 သည် connector အသစ်ဖြင့် ထွက်ပေါ်လာဖွယ်ရှိပြီး ၎င်းကိုမည်သည့် ကိရိယာမျိုးတွင်မဆို ချိတ်ဆက်နိုင်ကာ အနာဂတ်နည်း ပညာများဖြစ်သော USB Power Delivery အပြင် အချက်အလက်များ မြန်နှုန်းမြင့် ပြောင်းရွှေ့နိုင်ခြင်းနှင့် video-over-USB တို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။

အဆိုပါ USB ကိုဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Micro-Bconnector နှင့်အရွယ်အစား တူညီမည်ဖြစ်ကာ USB 3.1, USB 3.0, USB 2 များဖြင့်လည်း အသုံးပြုနိုင်ကြောင်း USB-IF မှဖော်ပြသွားခဲ့သည်။ Micro-B connector သည် 6.85x1.80 မီလီမီတာခန့်ရှိပြီး Apple TV များတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

သုံးစွဲသူများသည် တစ်ဖက်တည်းသာ တပ်ဆင်အသုံးပြု၍ရသော USB connector များကို စိတ်ပျက်လျက်ရှိသောကြောင့် နှစ်ဖက်စလုံး တပ်ဆင်အသုံးပြုနိုင်သည့် USB Type-C ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Apple ၏ နှစ်ဖက်အသုံးပြုနိုင်သည့် Lightning connector ကို iPhone 5 တွင် စတင်အသုံးပြုခဲ့ပြီး သုံးစွဲရလွယ်ကူသောကြောင့် ချီးကျူးမှုများရရှိခဲ့သည်။

USB တီထွင်သူ Intel အင်ဂျင်နီယာ Ajay Bhatt က ၎င်း၏ရည်ရွယ်ချက်မှာ နှစ်ဖက်အသုံးပြုနိုင်သော USB connector တီထွင်သွားရန်ဖြစ်ကြောင်း The Economist သို့ပြောကြားခဲ့သည်။

USB Type-C connector သည် USB 3.1 Power Delivery feature ကိုထောက်ပံ့ပေးနိုင်ပြီး ချိတ်ဆက်ထားသော device များကို 5 amps နှင့် 100 watts ပေးနိုင်ပြီး port ဖြင့်အမျိုးမျိုးသော item များကို တိုးချဲ့၍စွမ်းအင် ပေးနိုင်သည်။ USB 3.0 ကမူ 1.5 amps နှင့် 10 watts သာထောက်ပံ့ပေးနိုင်သည်။

USB Power Devlivery သည် စွမ်းအင်ကို ချိန်ညှိပေးပြီး အီလက်ထရောနစ် ပစ္စည်းငယ်များကို ကန့်သတ်ထားခြင်း မရှိပေ။ USB 3.1 သည် 10Gbps အထိအချက်အလက် လွှဲပြောင်းပေးနိုင်ပြီး USB PD စနစ်သည် Apple နှင့် Intel တို့၏ Thunderbolt စနစ်ကိုယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ Thunderbolt 2 သည် အချက်အလက် 20 Gbps အထိလွှဲပြောင်းပြီး Thunderbolt cable သည် ချိတ်ဆက်ထားသော device များသို့ 10 watts သာထောက်ပံ့ ပေးနိုင်သော်လည်း အရွယ်အစားမှာ USB Type-C plug ထက်နှစ်ဆကြီးမားသည်။

အဆိုပါ မျိုးဆက်သစ် USB connector ကို ၂၀၁၄ နှစ်လယ်ပိုင်းတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။
 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်

Unknown | 10.12.13 | Best Blogger Tips

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Professional Drupal Developer Course သင်တန်း တစ်ခုကို ဇန်နဝါရီလ (၂) ရက်နေ့ ၌
စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

Drupal ဆိုသည်မှာ PHP ပေါ်တွင် ခြေပြုတည်ဆောက်ထားသော Content
Management System/ Content Management Framework ဖြစ်ပါသည်။ Drupal သည်
ရူပ်ထွေးသော Requirement များကို ကိုင်တွယ်နိင်ခြင်း အသုံးပြုသူများစွာ၊
Level ပေါင်းများစွာကို ကိုင်တွယ်နိင်ခြင်း၊
လုံခြုံစိတ်ချမူရှိခြင်းများကြောင့် အထူးပင်ကျော်ကြားသော
စနစ်တစ်ခုဖြစ်ပါသည်။ Drupal အား အထူးသဖြင့် အစိုးရဆိုင်ရာများ ၊
Cooperation အကြီးစားများနှင့် Web application
များအဖြစ်အသုံးပြုကြပါသည်။ Drupal သည်ပြည်ပတွင်သာမက ပြည်တွင်းတွင်ပါ
အစိုးရ၀က်ဘ်ဆိုက်များ၊ Portal များတွင် အားလုံးနီးပါးတွင် အသုံးပြုနေသော
စနစ်လည်းဖြစ်ပါသည်။ နိင်ငံတကာတွင်လည်း အမေရိကန်သမ္မတ
အိမ်ဖြူတော်ဝက်ဘ်ဆိုက် ၊ Sony Music ၊Singapore Management University
အစရှိသည်တို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးရုံပင်မက နာမည်ကြီး java.net
ဝက်ဘ်ဆိုက်သည်လည်း Drupal ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။
နိင်ငံတကာတွင်လည်း Drupal Developer များသည်ဝင်ငွေကောင်းသော
စာရင်းဝင်သူများ ဖြစ်ပါသည်။ ပြည်ပတွင်သာမက ပြည်တွင်းတွင်လည်း
အမှန်တကယ်တတ်ကျွမ်းသော Drupal Developer များသည်
လစာကောင်းသောသူများဖြစ်ကြပါသည်။ အထူးသဖြင့်
တိုင်းပြည်သည်ပြောင်းလဲနေသောကာလဖြစ်သဖြင့် Drupal ဖြင့်ရေးသားသော
ဝက်ဘ်ဆိုက်များ/စနစ်များသည်များစွာ လိုအပ်လျှက်ရှိပါသည်။
သင်တန်းအားမြန်မာပြည်၏ အထင်ကရ Drupal Developer တစ်ဦးဖြစ်သော
ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။ ကိုဝိန်းသည်
အမေရိကန်နိင်ငံ၊ နယ်သာလန်နိုင်ငံနင့် စင်္ကာပူနိုင်ငံတို့မှ Drupal Project
မြောက်များစွာကို ရေးသားခဲ့ သူလည်းဖြစ်ပါသည်။

(သင်တန်းတက်ရောက်လိုသူများသည် ၀င်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပါသည်)

မိုဘိုင်းဖုန်းငွေဖြည့်ကတ် အတုများ ပေါ်ပေါက်နေသည်ဟုဆို

Unknown | 10.12.13 | Best Blogger Tips





မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ၏ အဓိကခဲခြစ်နေရာကို ပြန်လည်ပြုပြင်ထားသည့် ငွေဖြည့်ကတ်အတုများကို မြင်တွေ့ခဲ့ရကြောင်း မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်တစ်ခုဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်ချမ်းဖြိုးက ပြောသည်။

ငွေဖြည့်ကတ်အတုများသည် ထုတ်လုပ်သည့် ကုမ္ပဏီကြီးများထံမှ လာရောက်ခဲ့ခြင်းမဟုတ်ဘဲ အ သုံးပြုသူများထံမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က ဂျီအက်စ်အမ် ၁ သောင်းကတ် လာဝယ်တယ်။ ပြီးတော့ မဟုတ်ဘူး ၅ ထောင်တန်နှစ်ကတ်ပေးပါဆိုပြီး လာပြန်လဲသွားတယ်။ လာ လဲသွားတဲ့ကတ်က အတုကြီး” ဟု ၎င်းကပြောသည်။

ပြန်လည်လဲလှယ်ခဲ့သည့် ငွေ ဖြည့်ကတ်ကို မိမိ၏မိုဘိုင်းဖုန်းအတွင်း ထည့်သွင်းအသုံးပြုသော်လည်း အသုံးပြုနိုင်ခဲ့ခြင်းမရှိသည့်အတွက် ငွေဖြည့်ရာ၌ပါဝင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း သိရသည်။ “အဲဒီကတ်က အသုံးပြုပြီးသားကတ်ဖြစ်နေတယ်။ သူတို့က ခဲခြစ်နေရာမှာ အသစ်ပြန်ပြီး ခဲနဲ့ အုပ်ထားတာ။ သေချာစစ်ကြည့်တော့ ခဲခြစ်ပေါ်မှာ MPT ဆိုတဲ့ စာတမ်းလေးတွေ မပါဘူး” ဟု ၎င်းကဆိုသည်။

“ကျွန်မတို့အနေနဲ့ကတော့ ငွေဖြည့်ကတ်အတုဆိုတာ တစ်ခါမှ မကြုံဖူးသေးဘူး။ အဲဒါမျိုးကို ပြန်ပြီးလာလဲတာလည်း မရှိသေးဘူး။ ကုမ္ပဏီအနေနဲ့ကတော့ ခဲခြစ်မရတဲ့ ပြဿနာမျိုးဆိုရင် စိစစ်ပြီးလဲပေး တယ်။ ဒါကလည်း နည်းပါတယ်” ဟု ငွေဖြည့်ကတ်များကို ကိုယ်တိုင်ရိုက်နှိပ်ဖြန့်ချိလျှက်ရှိသည့် Global Telephone ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ငွေဖြည့်ကတ်များကို ရိုက်နှိပ်ထုတ်ဝေနေသည့် ကုမ္ပဏီများအနေဖြင့် အတုအစစ်ပြဿနာအတွက် အသုံးပြုသူ များထံ အသိပေးလုပ်ဆောင်ချက်များ မရှိခဲ့ကြောင်း ငွေဖြည့်ကတ်ဖြန့်ချိရေး လုပ်ကိုင်နေသူများက ဆိုသည်။ “အဓိက ကတော့ ခဲလိုင်းပေါ်မှာ စာမပါတာအဓိကပဲ။ ကျွန်တော်တို့က မသင်္ကာလို့ လာလဲထားတဲ့ကတ်တွေကို စစ်လိုက်တာ အဲဒီလိုမျိုး စီဒီအမ်အေကတ်အတုတစ်ခုကို ထပ်တွေ့ရတယ်။ အခုဆိုရင် မြို့သစ်ဘက်က ကျွန်တော့် သူငယ်ချင်းတွေလည်း အဲဒီလိုကတ် အတုတွေကို ကြုံနေရပြီလိုပြောကြ တယ်” ဟု ကိုအောင်ချမ်းဖြိုးက ဆိုသည်။

ငွေဖြည့်ကတ်များသည် အတု အစစ်ပြဿနာများသာမက ငွေအပြည့်မဝင်ခြင်းနှင့် အခြားသော ပြဿနာများလည်းရှိကြောင်း နေ့စဉ်မိုဘိုင်းဖုန်းငွေဖြည့်ကတ် ရောင်းချနေသူတို့ ကဆိုသည်။ “အခုနောက်ပိုင်း ငွေဖြည့်ကတ်ရောင်းရတာက အမြတ်နည်းနေပါတယ်ဆိုမှ ပြဿနာတွေကလည်း အများကြီးရှိတယ်။ အဲဒါကြောင့် ငွေဖြည့်ကတ်ပြဿနာများကို ဆိုင်မှတာဝန်မယူပါဆိုပြီး စာရေးချိတ်ထားလိုက်တယ်” ဟု ကမာရွတ်မြို့နယ်မှ ငွေဖြည့်ကတ်လက်လီ ရောင်းချသူတစ်ဦးက ပြောသည်။

“၁၅၀၀ ကျပ်တန်ဖုန်းလိုင်းထဲကို ၅ ထောင်ကျပ်တန်ငွေဖြည့်ကတ် ထည့်လိုက်တာ ၃၅၀၀ ပဲဝင်တယ်။ အဲဒါကိုယ်တိုင်ကြုံခဲ့ရတာ။ ကိုယ်ကလည်း ဆိုင်ထဲမှာတင် ကိုယ်တိုင်ထည့်လိုက်တာ။ သူတို့ကိုလည်း ဘာမှပြောမရဘူး။ ဒါနဲ့ ဒီတိုင်းပဲ နေလိုက်ရတယ်” ဟု မိုဘိုင်းဖုန်းငွေ ဖြည့်သွင်းစဉ် ဖြည့်သွင်းငွေအပြည့်အဝ မရရှိခဲ့သည့် မသန္တာကဆိုသည်။


မြင့်ကျော်လှိုင်


ကိုလတ်(ကျွဲဆင်း)


တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များ၌ အင်တာနက်စနစ်ပါ တွဲဖက်ပါဝင်

Unknown | 10.12.13 | Best Blogger Tips






ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။ ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့ ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။



တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက် Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။ ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ၎င်းကဆက်လက်ပြော သည်။



တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံးဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။



တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။





မြင့်ကျော်လှိုင်

Monday, 9 December 2013

Bill Gates , Zuckerberg တို့ရဲ့ Coding Tutorials တွေကို သင်ယူနိုင်မယ့် Hour of Code

Unknown | 9.12.13 | Best Blogger Tips



Bill Gates , Zuckerberg တို့ရဲ့ Coding Tutorials တွေကို သင်ယူနိုင်မယ့် Hour of Code
==========================================
လာမယ့် တနင်္လာနေ့မှာ ကျရောက်တဲ့ Computer Science Education Week အထိမ်းအမှတ် အနေနဲ့ Code.org က နာမည်ကြီး တွေရဲ့ Coding Tutorials တွေကို သင်ကြားနိုင်မယ့် Hour of Code ဆိုတဲ့ အစီအစဉ် ကိုပြုလုပ်ပေးလိုက်ပါတယ်။ Code တွေ စတင် သင်ကြားဖို့ အချိန်တစ်နာရီ လောက်သာ ပေးရမှာပါ။
နာမည်ကြီး Language တွေကို သင်ကြားပေးမှာဖြစ်ပြီး Mark Zuckerberg နဲ့ Angry Birds သင်ခန်းစာ၊ Khan Academy ရဲ့ JavaScript ၊ Grok Learning ရဲ့ Python Basic ၊ တစ်နာရီအတွင်းမှာ Mobile App ပြုလုပ်နည်း အပြင် အခြား Coding Tutorial များစွာပါရှိပါတယ်။ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ် တိတိ သင်ကြားပေးမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Programming လေ့လာချင်သူ တွေကို တစ်ပတ်အတွင်းမှာ လေ့လာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Bill Gates , Zuckerberg နဲ့ Amazon, Microsoft, LinkedIn, Dropbox, Apple ,Yahoo စတဲ့ နည်းပညာ Company တွေက ဒီ အစီအစဉ်မှာ ပံ့ပိုးပေးကြမှာဖြစ်ပါတယ်။ အမေရိကန် ကျောင်းအများစုမှာ သင်ကြားမှု မရှိတဲ့ Coding Tutorial အသစ်အဆန်းတွေကို သင်ကြားပေးမယ်လို့သိရပါတယ်။
အောက်က လင့် ကနေ Code.org ရဲ့ Hour of Code အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။


MYANMAR DIGITAL LIFE JOURNAL
 

Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်

Unknown | 9.12.13 | Best Blogger Tips


 Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်
================================================
Samsung က Galaxy Note 3 ,Galaxy Note 2, Galaxy S3, Galaxy S4 ဖုန်းများကို Android 4.4 KitKat ကို ၂၀၁၄ ဇန်န၀ါရီလတွင် Update ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးပါပြီ။ Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမှာဖြစ်တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ သတင်းအရ Galaxy S4 mini, Galaxy S3 mini, Galaxy S Advance, Galaxy Core, Galaxy Fame, Galaxy Ace 2, Galaxy Fresh တို့ကို KitKat Update ပေးမယ်လို့သိရပါတယ်။ KitKat ကို အသုံးပြုဖို့ လိုအပ်တဲ့ RAM ပမာဏမှာ 512MB ဖြစ်ပါတယ်။ Samsung က အဆိုပါ တန်ဖိုးနည်းဖုန်းများကို Update ပေးဖို့ တရားဝင်ပြောကြားခြင်းမရှိသေးဘဲ စဉ်းစားနေဆဲဖြစ်ပါတယ်။

 Ref to Digital Life Journal

ကိုလတ်(ကျွဲဆင်း)

Google က Android OS သုံး Nexus TV ကိုထုတ်မည်

Unknown | 9.12.13 | Best Blogger Tips



Google က Android OS သုံး Nexus TV ကိုထုတ်မည်
==========================================
Google က Android OS သုံး Nexus TV ကို တီထွင်နေကြောင်း Google ရဲ့ ၀န်ထမ်းတစ်ဦးက ထုတ်ဖော်ပြောဆိုပါတယ်။ Netflix, Hulu , YouTube စတဲ့ အွန်လိုင်း မီဒီယာ တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Video Game ကစားလို့ရပါမယ်။ Google က Nexus TV ကို ၂၀၁၄ ခုနှစ် မတ်လမတိုင်မီမှာ ရောင်းချမယ်လို့သိရပါတယ်။ Nexus TV ဟာ Apple TV , Roku တို့ကိုယှဉ်ပြိုင်မှာဖြစ်သလို၊ Ouya, Microsoft, Sony , Nintendo တို့ရဲ့ ဂိမ်းစက်တွေကိုလည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒါဟာ Nexus TV နဲ့ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ သတင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီ က Wall Street Journal ရဲ့ သတင်းတစ်ပုဒ်မှာ Google က Apple TV , Roku တို့ကို ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ Google မှ Andy Rubin က Android OS, Hangouts တို့ပါရှိမယ့် နမူနာ TV ပုံစံ ကို International Consumer Electronics Show 2013 မှာ သရုပ်ပြမိတ်ဆက်ခဲ့ဖူးပါတယ်။ TV မှာ Motion Sensor ပါရှိပါမယ်။ YouTube , Google Play Store, Netflix , Pandora တို့မှ မီဒီယာ တွေကို ကြည့်ရှုနိုင်ပါမယ်။
အခြား သတင်းတွေအရ Google က TV အစီအစဉ် တွေကို အင်တာနက် က ထုတ်လွှင့်ပေးနိုင်မယ့် Internet TV ၀န်ဆောင်မှု ကို ပြုလုပ်ဖို့အတွက် Media Company တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

REF TO DIGITAL lIFE JOURNAL


ကိုလတ်(ကျွဲဆင်း)


Wednesday, 4 December 2013

Hide All နေရာတွင် Unfollow ခလုတ်ဖြင့် Facebook အစားထိုး

Unknown | 4.12.13 | Best Blogger Tips



Hide All နေရာတွင် Unfollow ခလုတ်ဖြင့် Facebook အစားထိုး
=========

Facebook ကုမ္ပဏီသည် သုံးစွဲသူများ News Feeds သုံးစွဲရာတွင် အဆင်ပြေစေရန် Hide All ခလုတ်နေရာတွင် Unfollow ခလုတ်ကို အစားထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ Unfollow ခလုတ်သည် Hide All ကဲ့သို့ပင် မိမိသူငယ်ချင်းများ ၏ နေ့စဉ် update များကို ငြီးငွေ့လာပါက မမြင်မတွေ့ ရအောင် ဖျောက်ဖျက်ပေးနိုင်ပြီး Facebook ကုမ္ပဏီအနေဖြင့် စကားလုံး အဓိပ္ပာယ်ကိုသာေ ပြာင်းလဲခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် Twitter နှင့် Instagram တို့အသုံးပြုမှု များပြားလာသောကြောင့် သုံးစွဲသူများ အနေဖြင့် Unfollow botton ဖြင့်ရင်းနှီးလာပြီး follow နှင့် Unfollow button တို့သည်လည်း Facebook ပေါ်တွင် အသုံးများလာ နိုင်ဖွယ်ရှိသည်။

Facebook သုံးစွဲသူများ၏ profile များတွင် Like button နှင့်အတူ Follow button လည်းပါဝင်လာပြီး တစ်စုံတစ်ယောက်အား Follow ပြုလုပ်နိုင်ကြောင်း သိရသည်။

ယခုပြောင်းလဲမှု ၏ရည်ရွယ်ချက်မှာ စိတ်ဝင်စားသည့် အကြောင်းအရာများ News Feed တွင် ပိုမိုမြင်တွေ့နိုင်ရန် သုံးစွဲများကို ကူညီရန်ဖြစ်ကြောင်း Facebook ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားသည်။

Ref: TechCruch

Tuesday, 3 December 2013

အင်တာနက်အသုံးပြုနိုင်သည့် ပမာဏကို 20 GB အထိတိုးချဲ့

Unknown | 3.12.13 | Best Blogger Tips



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆီးဂိမ်းအတွက်ရည်ရွယ်၍ အင်တာနက်အသုံးပြုနိုင်သည့် Bandwidth ပမာဏကို 20 GB အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



ယခင်က 12GB အထိသာ ပြည်တွင်း၌ သုံးစွဲခဲ့သော်လည်း အောက်တိုဘာလကုန်၌ 16GB အထိ တိုးချဲ့နိုင်ခဲ့ပြီး ယခုလကုန်ပိုင်း၌ 20GB အထိတိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအောင်မော်က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြောသည်။



ဆီးဂိမ်းပွဲတော်အတွင်း WiFi အင်တာနက်စနစ်ကို အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်စနစ်အမြန်နှုန်းများ မြှင့်တင်နိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း ISP အသစ်များကိုလည်း နေပြည်တော်နှင့် မန္တလေးမြို့၌ တိုးချဲ့တည်ဆောက်ထားရှိပြီး IXP ဟု ခေါ်ဆိုသော အင်တာနက် Gate Way တစ်ခုကိုလည်း နေပြည်တော်၌ တည်ဆောက်ထားရှိကြောင်း သိရသည်။



ထို့အပြင် ဂျပန်နှင့်ပူးပေါင်း၍ ဖိုင်ဘာဆက်ကြောင်းများကို တိုးချဲ့တည်ဆောက်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများအတွက် Long Term Evolution စနစ်ဖြင့် WiFi အင်တာနက်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်နေကြောင်း ဦးအောင်မော်က ပြောသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်ရှိ အားကစားရွာနှင့် အားကစားကွင်းများရှိ ရုံးခန်းများသို့ အင်တာနက်စနစ်ချိတ် ဆက်ပေးခဲ့သည့်အပြင် ဆီးဂိမ်းသို့ လာရောက်သည့် အများပြည်သူအတွက် အင်တာနက်စနစ် ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့သည်။



Red Link ကုမ္ပဏီနှင့် Global Telphone ကုမ္ပဏီတို့သည် ဆီးဂိမ်း အားကစားပွဲတော်၌ အင်တာနက်စနစ်ကို ကူညီထောက်ပံ့ခဲ့သည့်အတွက် အထက်မြန်မာပြည် နေပြည်တော်နှင့် မန္တလေးမြို့၌ Global Telephone အကူအညီဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်နှင့် ငွေဆောင်၌ Red Link ကုမ္ပဏီ အကူအညီဖြင့် အင်တာနက်စနစ် အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ဦးဆောင်မှုအောက်၌ ဆီးဂိမ်းလာ ဧည့်ပရိသတ်များအနေဖြင့် WiFi အင်တာနက်စနစ်ကို အသုံးပြုရာတွင် Password များ လိုအပ်မည်မဟုတ်ဘဲ လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။





မြင့်ကျော်လှိုင်

Tuesday, 26 November 2013

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်

Unknown | 26.11.13 | Best Blogger Tips



ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် 

အင်တာနက်စတင်သုံးစွဲနိုင်ပြီဖြစ်

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅နေရာတွင်

 နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီ

ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က

Tech Space သို့ပြောကြားသည်။

ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ 

အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ

၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။

Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း ၊

သိမ်ဖြူ အားကစားရုံ၊နှင့် MCC ခန်းမတို့တွင် အင်တာနက် Wi Fi အခမဲ့ ဝန်ဆောင်မှုပေးသွား


မည်ဖြစ်သည်။ Red Link ကုမ္ပဏီမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊

 ရွှေသံလွင် ကုမ္ပဏီတို့နှင့် အတူ ဆီးဂိမ်းစ် ပြိုင်ပွဲ၌ အင်တာနက် Wi Fi အခမဲ့ 

ဝန်ဆောင်မှုပေးရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဆီးဂိမ်းစ်

ပြိုင်ပွဲ၏ တရားဝင် Web Site ကိုလည်း Red Link မှတာဝန်ယူလွှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ ၌ အားကစားနည်း ၇ မျိုး 

လက်ခံကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်များ ၊ ကမ်ပိုအားကစားနည်း၊ 

နပန်းအားကစားနည်း၊ သေနတ်ပစ်၊ အလေးမ၊ ကာယဗလ၊ ဟော်ကီအားကစားနည်းတို့ 

ပါဝင်မည်ဖြစ်သည်။

---------------------------------

အေဝမ်း

Tech Space  ဂျာနယ်

---------------------------------

Saturday, 16 November 2013

Apple iPad Air , Samsung Galaxy Note 10.1 (2014 Edition ) နဲ့ ASUS Transformer Pad TF701T တို့နှိုင်းယှဉ်ချက် (Review)

Aung Ko Htet | 16.11.13 | Best Blogger Tips


 
Apple ဟာ ပြီးခဲ့ရက်သတ္တပတ်က ပါးလွှာပြီး ပေါ့ပါးတဲ့ iPad Air ကိုထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီ iPad Air ဟာ အရင် ထုတ်လုပ်ခဲ့ Apple products တွေထက် ပိုပြီးသာ လွန်ကောင်းမွန်ပေ မဲ့လည်း လူအများ ရဲ့စိတ်ဝင် စား မှုကို အရမ်းကြီးထိရောက်မှုမရှိစေခဲ့ပါဘူး။

နောက်ထပ် iPad Air နဲ့အပြိုင်ထွက်ရှိလာတဲ့ Product တွေဖြစ်တဲ့ Samsung Galaxy Note 10.1 (2014 Edition ) နဲ့ ASUS Transformer Pad TF701 တို့အကြောင်းကိုပြောကြည့်ကြ မယ်ဗျာ။ Product နှစ် မျိုးစလုံးရဲ့ screen size ကတော့ 10.1" display နဲ့ screen resolution ကလည်း 2560 x 1600 pixel ရှိပါတယ်။

iPad Air ရဲ့ 469 g သာအလေးချိန်ရှိတဲ့ aluminum ကိုယ်ထည်ကတော့ အားလုံးထက်သာလွန်ကောင်း မွန်တဲ့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်။ ပါးလွှာလွန်းလှတဲ့ဘေးဘောင်လေးတွေကလည်း သူ့ကို ယှဉ်ပြိုင်နေ တဲ့ android devices တွေကိုအံ့သြမှင်သက်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ASUS Tramsformer Pad ရဲ့ aluminum ကိုယ်ထည်ကလည်း apple ရဲ့ ဒီဇိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းမရှိတာကိုတွေ့ ရပါတယ်။

ကျွန်တော်ဒီလိုတစ်ခုချင်းစီကို လိုက်ပြီးရေးပြနေလို့ရှိရင် ရေးလို့ကုန်မှာမဟုတ်တော့ပါဘူး။ အဲ့ဒါကြောင့် သူတို့ရဲ့ အချက်အလက် specification တွေကို နှိုင်းယှဉ်ကြည့်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။



Apple iPad Air
==========

OS                             = iOS 7
Display                       = 9.7" IPS LCD
Resolution                   =2048 x  1536 (299 ppi)
Height                        = 240mm
Width                         = 168.5 mm
Thickness                   = 7.5 mm
Weight                       = 469grams
Processor                   = Apple A7 Chipset (64 bits) Dual - Core 1.3 GHz Krait 400
GPU                          =Power VRG 6430 .
RAM                          = 1GB
Storage                     = 16 GB / 32 GB / 64 GB / 12S8 GB
Micro SD card slot      = No
Primary Camera         = 5MP, 2592 x 1944 pixels, autofocus, LED flash,1080 p@30fps , HDR , video stabilization touch focus, face detection
Front Camera             = 1.2 MP 720p@ 30fps
Battery                      = Up to 10 hours of battery life
Wi Fi                         = Wifi 802.11 a/b/g/n, dual-band,Wi-Fi hostpot , AirPlay
Bluetooth                   = Yes, v4.0 with A2DP
Network                     = Quad-bnad GSM/ GPRS / EDGE Quad- band UMTS/ HSPA Penta- bnad LTE support
NFC                           = No
Speakers                    = Mono
Distinctive features      = iOS has the best tablet apps around
Availability                  = November, 2013



Samsung Galaxy Note 10.1 (2014 edition )
===========================

OS                           = Android 4.3 Jelly Bean
Display                     = 10.1 " Super Clear LCD
Resolution                 = 2560 x 1600 (299 ppi)
Height                      = 243.1mm
Width                       = 171.4 mm
Thichness                 = 7.9 mm
Weight                     = 535 grams
Processor                 = Snapdragon 800 chipset Quad -cord 2.3 GHz Krait 400
GPU                         = Adreno 330
RAM                         = 3 GB
Storage                     = 16 GB/ 32 GB / 64 GB
MicroSD card slot       = Yes. up to 64 GB
Primary Camera         = 8 MP. 3264 x 2448 pixels auto- focus camera, face detection , HDR mode, panorama , geo tagging ; Full HD (1080p) video recording at 60 fps
Battery                      = Li-Ion  8 , 220 mAh
Wi Fi                         = Wi-Fi 802.11 b/g/n/ac, dual- band, WiFi Direct , DLNA , Wi-Fi  hostpot
Bluetooth                   = Yes, v4.0 with A2DP
Network                     = Quad -band GSM / GPRS/ EDGE Quad- band UMTS/              HSPA Hexa-band LTE support
NFC                           = Yes
Speakers                    = Stereo
Distinctive features      = iOS has the best tablet apps around
Availability                   = October , 2013



ASUS Tramsformer Pad TF701T
=====================

OS                             = Android 4.2.2 Jelly Bean
Display                       = 10.1" IGZO IPS LCD
Resolution                   = 2560 x 1600 (299 ppi)
Height                        = 263 mm
Width                         = 180.8 mm
Thickness                    = 8.9 mm
Weight                        = 585 grams
Processor                    = Tegra 4 T40 X chipset Quad - core 1.9 GHz Cortex-A15
GPU                           = GeForce GPU
RAM                           = 2 GB
Storage                       = 32 GB / 64 GB
micro SD card slot        = Yes, up to 64 GB Primary camera = 5 MP, 2592 x 1944 pixels, autofocus camera, face detection, HDR mode, panorama, geo - tagging; 1080p video recording @ 30 fps
Front                          = 1.2 MP
Camera                       = 720p@30fps
Battery                        = Li - Ion 7820 mAh
Battery                        = Li- Ion 7,820 mAh
Wi-Fi                           = Wi-Fi 802.11 b/g/n, dual-band, Wifi Direct, DLNA, Wi-Fi hotspot
Bluetooth                     = Yes, v3.0 with EDR
Network                       = N/A
NFC                             = No
Speakers                      = Mono
Distinctive features        = Mobile Dock with a full- size QWERTY keyboard and 4,170 mAh battery
Availability                    = October 2013

ဒီလောက်ဆိုရင် အကြီးမားဆုံး tablet တွေရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်နိုင်ပါပြီ။ iPad Air အတွက်ကတော့ သိပ်ပြေစရာ မလိုလောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ Android ဘက်မှာတော့ အကောင်း ဆုံး multitasking အနေနဲ့အသုံးပြုနိုင်တဲ့ tablet တွေက samsung ရဲ့ product တစ်ခုဖြစ်တဲ့ Galaxy Note  10.1 (2014 Edition)မှာကတော့ အားလုံးမတူတဲ့ S Pen ပါရှိတာကတော့ samsung ရဲ့ user တွေကတော့ မပြောပဲ သိနေလောက်ပြီလို့ထင်ပါတယ်။

နာက်ထပ် ASUS ရဲ့ Transformer Pad TF701Tက mobile dock system လို့ပြောနိုင်တဲ့ battery အပိုပါရှိတာရယ်၊ QWERTY keyboard က external အနေနဲ့  ပါရှိတာရယ်တွေက ASUS products ရဲ့ အားသာချက်လို့ပြောလို့ပါတယ်။ ဘာ ပဲပြောပြောပါ Apple ရဲ့ products ဖြစ်တဲ့ iPad Air ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ယှဉ်ပြိုင်မှု တိုင်းမှာတော့ အောင်မြင်ဆုံး သရဖူကိုဆောင်းထားနိုင်နေမြဲပါပဲ... အသုံးပြုတဲ့ user တွေအနေနဲ့ ကိုယ်ဘာ နဲ့သင့်တော် တယ်ဆိုတာကိုတော့ရွေးချယ်ပြီးအသုံးပြုစေ ချင်ပါတယ်။ အားလုံးရဲ့ အားသာ ချက်နဲ့အားနည်းချက်တွေကိုတော့ ကျွန်တော် ရေးပေးထားပါတယ်။ အပေါ်က အချက်တွေကိုကြည့်ပြီးလေ့ လာပြီးမှဝယ်ယူဖို့အတွက် ဆုံးဖြတ်တာအကောင်းဆုံးလို့ကျွန်တော် ထင်ပါတယ်။

Ref: Arena

Aung Ko Htet

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Wednesday, 6 November 2013

ZTE ရဲ့ Grand S Flex ဖုန်းကို ဥရောပဈေးကွက်အတွက် မိတ်ဆက်ပြသခဲ့

Aung Ko Htet | 6.11.13 | | Best Blogger Tips


တရုတ်နိုင်ငံ အခြေစိုက် ZTE ကုမ္ပဏီက သူတို့ရဲ့ smart phone ဖြစ်တဲ့ Grand S Flex ကိုဥရောပဈေး ကွက်မှာ စတင်ဖြန့်ချိဖို့အတွက် မိတ်ဆက်ပြသပေးလိုက်ပါတယ်။ ZTE Grand S Flex ဖုန်း ဟာ ပါးလွှာပြီး စတိုင် ကျလှပတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ အတိုင်းအတာအရ 145 x  70  x  8.9 mm နဲ့ အလေး ချိန်အရဆိုရင်တော့ 130 g ရှိတာပါတယ်။ Screen display က 5 inches ရှိပြီး resolution ပိုင်းကတော့ 720 x 1280 pixel ရှိပြီး Dual-core processor 1.2 GHz ရှိပါတယ်။ RAM 1 GB ပါရှိပြီး memory ကတော့ built in 16 GB ပါရှိပါတယ်။

Camera အနေနဲ့ကတော့ အရှေ့ကင်မရာပဲပါရှိပြီး 8 megapixel နဲ့ LED flash မီးပါရှိပါတယ်။ Connection အနေ ထား အရဆိုရင် 4G LTE ကို support လုပ်ပေးထားတာဖြစ်တာကြောင့်ဖုန်းလိုင်းကို ကြည် လင်စွာအသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ Android Version ကိုတော့ 4.1 Jelly Bean အသုံးပြုထားပါတယ်။ ဒါ့အပြင် battery ကိုလည်း 2300 mAh အသုံးပြုထားတာကြောင့်
battery အားကို ကြာကြာ အသုံးပြုနိုင်ပါတယ်။

ZTE Grand S Flex ကို Spain, Czech Republic နဲ့ Slovakia တွေမှာ ရောင်းချပေးသွားမှာဖြစ်ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာ Germany , Finland နဲ့ Poland နိုင်ငံတွေ ကိုရောင်းချပေးသွားမယ် လို့သိရပါတယ်။

Ref : Arena


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ