Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts

Thursday, 17 October 2013

အွန်လိုင်းပေါ်မှာငွေရှာချင်တဲ့ သူများ သတိထားဖွယ်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 17.10.13 | Best Blogger Tips



အွန်လိုင်းပေါ်မှာငွေရှာချင်တဲ့ သူများ သတိထားဖွယ် ။မင်္ဂလာပါခင်ဗျာ လောလောဆယ်ပြောင်းလဲ သွားတဲ့ 
လတ်တလောအခြေအနေတွေအရ အွန်လိုင်းပေါ်မှာ ptc တွေကိုကလစ်ပြီးငွေ ရှာ တဲ့ အလုပ်ဟာ
သိပ်ကို အရမ်း ခေတ် စားလာတာကိုတွေ့ ရပါတယ်။ ဒီကိစ္စ နဲ့ ပက်သက်ပြီး ကျွန်တော့် မိတ်ဆွေတွေပင်ပန်းဆင်းရဲ နေတာ တွေ ကို မကြည့် ရက်လို့ ဒီစာကို ရေးလိုက်တာပါ  ကျွန်တော်ကိုယ်
တိုင်တောင်စမ်းသပ်ဖူးသလိုထိုက်သင့် တဲ့ ဝင်ငွေတွေလည်းရခဲ့ ဘူးပါတယ်။ရိုးသားစွာဝန်ခံတာပါ။ ဒါပေမယ့်  ဒီ ptc တွေ မှာ ငွေရှာ တဲ့ အလုပ်ဟာ သာမန်လူတစ်ယောက်အနေနဲ့ လုံးဝ(လုံးဝ) ဖြစ်နိုင်ဖို့ ခဲယဉ်းတဲ့ ကိစ္စ ပါ။ PTC တွေမှာ ငွေရှာတယ်ဆိုတဲ့ အလုပ်ဟာ Refer တွေများများ ရမှ အဆင်ပြေတာပါ။သာမန်လူတစ်ယောက်အနေနဲ့  ကလစ်လို့ ဘာမှမရပါဘူး။ မြန်မာပြည်က လူတွေ ဆိုရင်  ကွန်နက်ရှင်မကောင်းရတဲ့ ကြား ထဲ ကြောငြာတွေကို ကလစ်ရတဲ့ ဒုက္ခ နော် မိတ်ဆွေတို့ စဉ်းစားကြည့် ပါဗျာ။အင်တာနက်သုံးတာကို တစ်မိနစ် ( ၃ ကျပ် ၄ ကျပ် ) လောက်ပေးနေရတဲ့ အနေအထားတစ်ခု မှာ အချိန်တွေ ပိုက်ဆံတွေအလကားအကုန်မခံစေချင်ပါဘူး။အကျိုးရှိမဲ့ ကိစ္စတစ်ခုခုကိုဆောင်ရွက်လိုက်တာမှ အကျိုးရှိပါတယ်။ ရလာတဲ့ ငွေစအချို့ ကို ဆက် လက်ပြီးမက်မောပြီး ထုတ်ချင်တဲ့ အခါ မှာလည်း အရမ်းကိုပင်ပန်းအုံးမှာပါ။ ဒီလိုမျိုးရေးတာလည်း မနာလို ပြီးရေးတာတော့ မဟုတ်ပါဘူးခင်ဗျာ။ အများအတွက် အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး ရေးလိုက်တာပါ။ ဒီနေရာမှာ ဂုဏ်သိက္ခာရှိရှိ နဲ့ အစကတည်းက မရှူပ်ခဲ့ တဲ့ နည်းပညာသမားတွေအားလုံးကို လေးစာသလို မှားမှန်းသိလို့ နောက်ဆုတ် လိုက်တဲ့ မိတ်ဆွေတွေလည်းတစ်ပုံကြီးပါ။ ကျွန်တော် လည်း မှားမှန်းသိလို့ နောက်ဆုတ်ပြီးနေလိုက်ခဲ့ တာကြာပါပြီ အခုချိန်အထိ ptc တွေကို အသက်သွင်းနေတဲ့ လူတစ်စုကြောင့် အခုလိုရေးလိုက်တာပါ။အသေးစိတ်ရေးချင်ပေမယ့် ဘယ်သူ့ ကိုမှမထိ ခိုက်စေချင်ပါဘူး ။ဒါကြောင့် အကျဉ်းချုံးရေးလိုက်တာပါ။ ဒါကိုမှဆက်လုပ်နေအုံးမယ်ဆိုရင် တော့  ဖြစ်ကြောင်းရယ်ကုန်စင် ကို by name နှင့် တပ်ပြီးရေးတော့ မှာ ဖြစ် တယ်ဆိုတဲ့ အကြောင်းသတိပေးပြောကြားလိုပါတယ်ခင်ဗျာ။






အထက်ပါကိစ္စနှင့် ပက်သက်ပြီး ဝေဖန်မယ် မေးမြန်းမယ် ဆဲမယ်ဆိုရင် 





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, 13 August 2013

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ချိန်သက်တမ်းတိုးရန် ထိုင်းအစိုးရအတည်ပြု

Unknown | 13.8.13 | Best Blogger Tips









ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ချိန်သက်တမ်းတိုးရန် ထိုင်းအစိုးရအတည်ပြု


ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံအလုပ်သမားများအတွက်(သတင်းကောင်း) 


ထိုင်း
နိုင်ငံရောက် ရွှေ့ပြောင်းအလုပ် သမားများ တရားဝင်ဖြစ်လာစေ ရန်
ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်အား ထိုင်းအ စိုးရမှ
တစ်နှစ်ထပ်မံသက်တမ်း တိုးပေးလိုက်သည်ဟု ဘန်ကောက် အခြေစိုက်
ရွှေ့ပြောင်းအလုပ်သ မားလုပ်ငန်းအဖွဲ့Migrant Work-ing Group မှ
ပြောရေးဆိုခွင့်ရှိ သူ ဦးစောခူက Dawei Watch သို့ပြောကြားသည်။

နှစ်ဆန်းပိုင်းမှစ၍ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအား လုံး
ယာယီနိုင်ငံကူးလက်မှတ်ကို အချိန်မီပြုလုပ်ရန် သက်တမ်းခု နစ်လပေးထားခဲ့ရာ
ဩဂုတ် ၁၁ ရက်တွင် အချိန်ပြည့်ခဲ့သော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမား များ
နှစ်သိန်းခန့်ကျန်ရှိနေသေး သဖြင့် ပြုလုပ်ချိန်ထပ်မံတိုးပေး
လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဝန်ဆောင်မှုပေးနေ သည့် ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်သည့် စခန်း
၁၁ ခုအစား ငါးခုသာကျန်တော့မည် ဖြစ်ကြောင်း၊ အလုပ်သမားအများ
စုရှိသည့်ဒေသများတွင်သာ စခန်း များထားရှိတော့မည်ဟုသိရသည်။
''နယ်စပ်က
စခန်းတွေကို ဖျက်သိမ်းပြီးတော့ အတွင်းပိုင်း မှာပဲ ထားမယ်ထင်တယ်''ဟု ဦး
စောခူက မှတ်ချက်ပေးပြီး ဆက် ဖွင့်ထားမည့်စခန်းနေရာငါးခု အတွက်
နှစ်နိုင်ငံအစိုးရ၏ ဆုံး ဖြတ်ချက်ကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း သိရသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်း တွင်လုပ်ကိုင်နေကြသော သက် သေအထောက်အထားမဲ့အလုပ်
သမားများအတွက် တစ်နှစ်အ တွင်း အလုပ်သမားကတ်နှစ်ကြိမ် လုပ်နိုင်ရန်
ဖွင့်လှစ်ပေးသွားမည် ဟု သိရသည်။
ထိုအလုပ်သမားကတ်သည်
ယာယီနိုင်ငံကူးလက်မှတ်မဟုတ် ဘဲ ထိုင်းအလုပ်သမားရှာဖွေရေး ဌာနမှထုတ်ပေးသော
ယာယီနေ ထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက် မှတ်သာဖြစ်ပြီး သက်တမ်းတစ်
နှစ်သာ ပေးထားသည်။
အလုပ်သမားအရေးအတွက် လူထုအခြေပြုအဖွဲ့အစည်းများ အား
အရည်အချင်းမြှင့်တင်မှု သင်တန်းပေးနေသည့် ဒေါက်တာ မင်းသော်ထွန်းကလည်း ''ခုလဲ
တစ်နေ့တခြား နယ်စပ်ဂိတ်တွေ ကနေ တရားဝင်အနေအထားနဲ့ ပြန်ဝင်လာနေကြတာ
ဝင်လာမစဲ တသဲသဲပေါ့''ဟုပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသောမြန်မာအလုပ်သ မား သုံးသန်းခန့်ရှိနိုင်ကြောင်း ခန့် မှန်းထားသည်။





Ref : Yangon Media Group & samagita chan















စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း


 


 


 


 


 





Sunday, 4 August 2013

အွန်လိုင်းပေါ်မှာ သတိထားစရာ (ညီငယ်,ညီမငယ်များ အတွက်)

Unknown | 4.8.13 | | | Best Blogger Tips









 ဒီ Video လေးကိုတော့ တမျိုး မထင်စေချင်ပါဘူး... Online ဆိုတဲ့ အင်တာနက်ကို စွဲစွဲ လန်းလန်း နဲ့ နေ့စဉ် နေ့တိုင်း Chating ထိုင်နေတတ်ကြတဲ့ , လက်တည့် စမ်းချင်နေကြတဲ့ ညီငယ်,ညီမငယ် လေးတွေ သင်ခန်းစာ ယူတတ်အောင် (သို့) အွန်လိုင်း (အင်တာနက်) ထဲမှာ အယုံ မလွယ်တတ်ကြဖို့ ညီငယ်,ညီမငယ်လေးတွေ သတိထားနိုင်ဖို့...... မျှဝေပေးလိုက်ခြင်းပါ....။








အားလုံးသော ညီငယ်,ညီမငယ်တွေ Online ကို အကျိုးရှိရှိ အသုံးချတတ်ကြပါစေ....





ခင်မင်တဲ့





ဝင်းကမ္ဘာကျော်




www.winkabarkyaw.net






ဒီပို့စ်လေးအတွက် ကို Cristiano Zarni  နဲ့ ကို Ko Cho Lay တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်....။









ညီငယ်,ညီမငယ်တွေ ဒီ Video လေးကို ကြည့်ဖြစ်အောင် ကြည့်ပေးကြပါ...:)




 


 


 

Friday, 26 July 2013

Tablet Vs. Laptop (တက်ဘလက်လား၊ လက်ပ်တော့လား ဘာကိုသုံးမလဲ)

Unknown | 26.7.13 | | | Best Blogger Tips















 Tablet Vs. Laptop
==================
တက်ဘလက်လား၊ လက်ပ်တော့လား၊ ဘာကိုသုံးမလဲ
===============================


တက်ဘလက် ပီစီ ဆိုတာ ခရီးဆောင် သယ်ရ လွယ်ကူခြင်း၊ အသုံးရ လွယ်ကူခြင်းနဲ့
ဘက်စုံ သုံးနိုင်ခြင်းတွေကြောင့် လူကြိုက် များလာရပါတယ်။ ဒါကြောင့်
လက်ပ်တော့တွေ နေရာကို အစားထိုး သိမ်းပိုက်လိမ့်မယ်လို့လည်း

ခန့်မှန်းထားကြတယ်။ ဒါပေမဲ့ ကွန်ပျူတာ သုံးတဲ့သူတွေ လက်ပ်တော့ တွေကို
စွန့်ပြီး တက်ဘလက်တွေ တကယ် သုံးလာကြပြီလား ဆိုတာ ပြန်လည် ဆန်းစစ်ကြည့်ဖို့
လိုပါတယ်။ တက်ဘလက်ဟာ ခရီးဆောင်ရတာတော့ ကောင်းတယ်၊ လက်ပ်တော့တွေလောက်
သုံးရတာ စိတ်ကျေနပ်မှု ရှိရဲ့လား ဆိုတာလည်း ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်။

လက်ပ်တော့ရော တက်ဘလက်ပါ သူ့ကောင်းချက်လေးတွေနဲ့ သူ ရှိပါတယ်။ ဒါပေမဲ့ အားသာချက်၊ အားနည်းချက်လေးတွေကတော့ ကိုယ်စီ ရှိကြပါတယ်။

Input Method


တက်ဘလက်နဲ့ လက်ပ်တော့မှာ အဓိက ကွာခြားချက် ဘာလဲလို့မေးရင် ကီးဘုတ်ပါတာနဲ့
မပါတာ သိသာတဲ့ ကွာခြားချက် ဖြစ်ပါတယ်။ တက်ဘလက်မှာ လုပ်ဆောင်မှု မှန်သမှ
မြင်ကွင်းပေါ်ကို လက်ချောင်းလေးတွေနဲ့ တို့ထိပြီး ခိုင်းစေရပါတယ်။
ကွန်ပျူတာကို ခိုင်းစေတဲ့ စနစ်ကို Input method လို့ ပြောနိုင်တယ်။ Touch
လုပ်ပြီးတော့ Input လုပ်နိုင်တဲ့ စနစ်ကို ကျင့်သုံးတာပါ။ မျက်နှာပြင်
ပေါ်မှာပဲ ပွတ်လိုက်၊ ဆွဲလိုက်၊ ချုံ့လိုက်၊ ချဲ့လိုက် အားလုံး
လုပ်ဆောင်နိုင်တယ်။

ပြဿနာက စာရိုက်တော့မယ်ဆိုရင် စတော့တာပဲ။
အီးမေးလ်အတွက် စာရိုက်ရတာတွေ၊ အခြားစာတွေ ရိုက်ချင်ရင်တော့ ကီးဘုတ်
မပါတဲ့အတွက် သိပ် အဆင်မပြေဘူး။ ဒါကြောင့် layout နဲ့ ဒီဇိုင်းသမားတွေ
အတွက်ကတော့ လုံးဝ စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ တကယ့် ကီးဘုတ်ကို သုံးလာတဲ့
သူတွေအတွက် တက်ဘလက်ရဲ့ စာရိုက် စနစ်ကို အားရမှာ မဟုတ်ဘူး။ ကီးဘုတ်ကို
Bluetooth နဲ့ တွဲပြီး ကြိုးမဲ့ ဆက်သွယ် သုံးနိုင်တာတွေ ရှိပေမယ့် အပို
ပိုက်ဆံထပ်ကုန်မယ့် ကိစ္စတော့ ရှိပါတယ်။

ရလဒ် - စာများများ
ရေးချင်သူတွေအတွက် လက်ပ်တော့ပဲ အဆင်ပြေတယ်။ လက်ကလေးနဲ့ တို့ပြီး ဟိုခိုင်း
သည်ခိုင်း လုပ်တာလောက်ကတော့ တက်ဘလက်က ကောင်းပါတယ်။


Size


တက်ဘလက်နဲ့ လက်ပ်တော့ကို အရွယ်အစား နှိုင်းယှဉ် ပြောရတာ ခက်ပါတယ်။ တက်ဘလက်
တစ်လုံးဟာ အရွယ်အစား အလွန်ကြီးမှာ A4 စာရွက် တစ်ရွက်စာလောက်ပဲရှိမှာ။
အလေးချိန်ကလည်း နှစ်ပေါင်လောက်တော့ ရှိပါလိမ့်မယ်။ လက်ပ်တော့တွေကတော့
ပိုပြီးတော့လည်းကြီး၊ ပိုပြီးတော့လည်း လေးတယ်။ Apple Mac Book Air 11
ဆိုရင်တောင် ပေါ့ပါတယ်ဆိုတာ နှစ်ပေါင်လောက် လေးတယ်။ အရွယ်အစားကလည်း iPad
တက်ဘလက်ထက် ပိုကြီးတယ်။ ကီးဘုတ်တွေ trackpad တွေ ထည့်ထားရတော့ လက်ပ်တော့က
ပိုကြီးမှာပါ။ ကြီးပေမယ့် လေဝင် လေထုတ် စနစ်တွေ၊ စွမ်းအား ကောင်းပြီး
လုပ်ဆောင်နိုင်စွမ်းတွေကို ပိုသာအောင် လုပ်ထားတာကလည်း လက်ပ်တော့ရဲ့
အားသာချက် ဖြစ်နေတယ်။ တက်ဘလက်က သယ်ဆောင်ရတာ လွယ်တယ်၊ ခရီးသွားရင်း သုံးလို့
လွယ်တယ်ဆိုပေမယ့် အရွယ်အစားက သိပ်ကြီးမားတယ်ဆိုတာ ပြဿနာတော့ မဟုတ်လောက်
ပါဘူး။

ရလဒ် - တက်ဘလက်

Battery Life


တက်ဘလက်တွေကို ဒီဇိုင်း ထုတ်ကတည်းက ပါဝါစား နည်းအောင် စီမံထားကြတာ များတယ်။
ဒါကလည်း အတွင်းမှာ ထည့်ထားတဲ့ ဟာ့ဒ်ဝဲကြောင့် ဖြစ်ပါတယ်။ တက်ဘလက်
အတွင်းပိုင်းမှာ ဘက်ထရီအတွက် နေရာများများ မပေးနိုင်တာကြောင့်လည်း
လျှော့ရတာလေးတွေ များတယ်။ လက်ပ်တော့မှာတော့ စွမ်းအားမြင့်တဲ့ ဟာ့ဒ်ဝဲတွေကို
စိတ်ကြိုက် ထည့်သုံးပေးနိုင်စွမ်း ရှိတယ်။ နေရာ ထည့်ဖို့
အလွတ်ပေးနိုင်တာရယ်၊ ဘက်ထရီကို စိတ်ကြိုက် သုံးနိုင်တာတွေက လက်ပ်တော့ရဲ့
အားသာချက်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဟာ့ဒ်ဝဲ ကောင်းကောင်း သုံးရင်
ဘက်ထရီသုံးအား ပိုများတတ်တယ်။ ဒါကြောင့် လက်ပ်တော့တွေဟာ တက်ဘလက်လောက်တော့
ကြာကြာသုံးနိုင်မှာ မဟုတ်ဘူး။ တက်ဘလက်တွေကို အင်တာနက်လောက် သုံးရင်
အနည်းဆုံး ၁၀ နာရီလောက် သုံးနိုင်တယ်။ လက်ပ်တော့ တစ်လုံးရဲ့ ပျမ်းမျှ
အကြာဆုံး သုံးနိုင်ချိန်ဟာ သုံးလေး နာရီလောက်ပဲ ဖြစ်ပါတယ်။ အင်တာနက် သက်သက်
သုံးရင်တောင် ရှစ်နာရီလောက်ပဲ ခံတယ်ဆိုတာလည်း တက်ဘလက်နဲ့ ယှဉ်ရင်
နည်းနေသေးတယ်။ တစ်နေ့လုံး သုံးဖို့ ဆိုရင်တော့ တက်ဘလက်က ပိုသင့်လျော်ပါတယ်။

ရလဒ် - တက်ဘလက်

Storage Capacity


အရွယ်အစားနဲ့ တန်ဖိုးကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ တက်ဘလက်တွေမှာက SSD
လို့ခေါ်တဲ့ solid state drive တွေကိုပဲ သုံးထားတာ များတယ်။ ဟာ့ဒ္ဒစ္ကို
မသုံးၾကဘူး။ ဒေတာနဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်တွေကိုလည်း SSD နဲ့ပဲ သိုလှောင်ထားတာ
များတယ်။ SSD ရဲ့သဘောက ဒေတာတွေကို အမြန်ဆုံး လုပ်ဆောင်နိုင်အောင်
စီစဉ်ပေးနိုင်ပြီး၊ ပါဝါ စားသုံးမှုလည်း အလွန် နည်းပါတယ်။


လက်ပ်တော့တွေကတော့ အစဉ်အလာ ဟာ့ဒ်ဒစ်တွေကိုပဲ သုံးနေကြတာ တွေ့ရတယ်။
ဟာ့ဒ်ဒစ်ကို သုံးတဲ့ လက်ပ်တော့တွေဟာ တက်ဘလက်တွေထက် သိုလှောင် စွမ်းအင် ပမာဏ
ပိုပြီး များများရ လိမ့်မယ်။ Netbook ဆိုတာတောင် 160GB လောက် အနည်းဆုံး
ထည့်ပေးနိုင်တာ တွေ့ရတယ်။ အချို့သော လက်ပ်တော့တွေမှာ ဟာ့ဒ်ဒစ်အပြင် SSD
ကတ်တွေကိုပါ ထည့်သုံးနိုင်တဲ့အတွက် အပို 64GB လောက် သုံးနိုင်တဲ့
အနေအထားမှာ ရှိနေပါတယ်။

ရလဒ် - လက်ပ်တော့

Performance


တက်ဘလက်တွေမှာ သုံးထားတဲ့ ပရိုဆက်ဆာတွေဟာ သိပ်ပြီး အမြင့်ကြီးတွေ
မဟုတ်ပါဘူး။ လက်ပ်တော့တွေမှာ သုံးထားတဲ့ ပရိုဆက်ဆာတွေလောက် စွမ်းအား
မကောင်းတာ အမှန်ပဲ။ ဒါပေမဲ့ တက်ဘလက်နဲ့ လက်ပ်တော့တွေမှာလည်း ပရိုဆက်ဆာကို
ရွေးချယ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ပရိုဆက်ဆာ ကောင်းသင့်
မကောင်းသင့်ဆိုတာ ဘာသုံးမှာလည်းဆိုတဲ့ အပေါ်လည်း မူတည်တယ်။ အီးမေးလ်၊
အင်တာနက်၊ ဗီဒီယို၊ အော်ဒီယိုလောက် သုံးတာကတော့ စွမ်းအား အရမ်း ကောင်းတဲ့
ပရိုဆက်ဆာတွေ မလိုပါဘူး။

ဂရပ်ဖစ် စွမ်းအားကို အရမ်းသုံးရတဲ့
ဗီဒီယို တည်းဖြတ် ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ဆော့မယ်ဆိုရင် performance
ကောင်းကောင်း ထုတ်ပေးနိုင်တဲ့၊ ဂရပ်ဖစ်ကိုလည်း သုံးရမယ့် လက်ပ်တော့တွေပဲ
သုံးသင့်တယ်။

နောက်ထုတ်တဲ့ iPad 2 လိုတက်ဘလက်တွေမှာ iMovie ကို
သုံးနိုင်တာ တွေ့ရတယ်။ အဲဒီဆော့ဖ်ဝဲ က ဗီဒီယို တည်းဖြတ်တာတွေကို
လုပ်နိုင်တယ်ဆိုတော့ ဟာ့ဒ်ဝဲကလည်း ကောင်းမှ ရပါတယ်။ ဒါကြောင့် iPad 2 မှာ
လက်ပ်တော့ဖြစ်တဲ့ MacBook Pro လိုပဲ ဟာ့ဒ်ဝဲချင်း တူပြီး iMovie ကို
နှစ်မျိုးစလုံးမှာ သုံးနိုင်တာက လွဲပြီး ကျန် တက်ဘလက်တွေမှာတော့ ဂရပ်ဖစ်
ဆော့ဖ်ဝဲတွေ သုံးနိုင်ဖို့ ခက်ပါတယ်။

ရလဒ် - လက်ပ်တော့

Cost


တန်ဖိုးအရ ပြောရရင် တက်ဘလက်က ဈေးကွက်ကို နောင်ဆုံးမှ ရောက်လာတာ ဖြစ်သလို၊
ဆန်းသစ်မှုကြောင့် တန်ဖိုးလည်း မြင့်သေးတယ်လို့ ဆိုရမယ်။ နောက်ဆုံး
နည်းပညာသစ်တွေက တက်ဘလက်ထဲမှာပဲ ရနိုင်သေးတာလည်း ပါတယ်။ တက်ဘလက် တစ်လုံးကို
အနည်းဆုံး ပျမ်းမျှ ၄၉၉ ဒေါ်လာလောက် ပေးမှ ကောင်းကောင်း ရနိုင်တယ်။
လက်ပ်တော့ တစ်လုံးကတော့ ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ လောက်ပေးရင် ကောင်းကောင်း ရတယ်။


ဒါပေမဲ့ လက်ပ်တော့ သုံးတဲ့သူတွေကလည်း သိပ်ပြီး ဈေးပေါပေါ မလိုက်ကြပါဘူး။
ဒေါ်လာ ၆၅၀ တန် လောက်ကို အများစုက သုံးနေကြတယ်ဆိုတာ ဆန်းစစ်ချက်တွေအရ
သိရပါတယ်။ လက်ပ်တော့တွေ ဟာ တက်ဘလက်တွေထက် စွမ်းရည် ကောင်းပေမယ့် တန်ဖိုးမှာ
နိမ့်တာကလည်း စဉ်စားစရာ ဖြစ်ပါတယ်။ Netbook တစ်လုံးဟာ အနည်းဆုံး ဒေါ်လာ ၃၀၀
လောက် ပေးရင် ရနိုင်တယ်။ ဒါကလည်း တက်ဘလက် ဈေးနဲ့ အတူတူလောက်ပဲ ဖြစ်နေပြီ။
သယ်ဆောင်မှု အနေအထား၊ အသုံးတည့်မှု အလိုက် တတ်နိုင်တာကို သုံးဖို့ပါပဲ။

ရလဒ် - သရေ

နိဂုံး ဆွဲကြည့်ခြင်း


မိုဘိုင်းလ် ကွန်ပျူတာတွေထဲမှာတော့ လုပ်ငန်းသုံး၊ ကျောင်းသားသုံး
လက်ပ်တော့တွေကိုပဲ အများဆုံး သုံးကြပါတယ်။ တက်ဘလက်ကို ပေါ့ပေါ့ပါးပါး သယ်၊
ပေါ့ပေါ့ပါးပါး သုံးချင်သူတွေကတော့ ကြိုက်မှာ သေချာတယ်။ အင်တာနက်၊
အီးမေးလ်၊ ဗီဒီယို၊ အော်ဒီယိုလောက်ကတော့ တက်ဘလက်က ကောင်းပါတယ်။ အိမ်အတွက်
Desktop ကွန်ပျူတာ၊ ရုံးအတွက် Laptop နဲ့ ခရီးဆောင် Tablet ဆိုပြီး
ဝယ်ထားနိုင်ရင်တော့ ပိုပြီး အသုံးတည့်နိုင်ပါလိမ့်မယ်။ ဘာကောင်းသလဲလို့
မေးရင် ဘာသုံးမှာလဲလို့ ပြန်မေးရမယ်။ ကိုယ်သုံးမယ့်အပေါ် မူတည်ပြီးတော့
ဘာကောင်းတယ်ဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။






Credit : The Voice Weekly 



www.Facebook\The Voice Weekly




မြန်မာများကို ဒဏ်ကြေး ရှစ်ဆ တိုးမြှင့်မှု မလေးရှား အစိုးရ ယနေ့ ပြန်လည်ဆုံးဖြတ်မည်

Unknown | 26.7.13 | | Best Blogger Tips


 


မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များ ပြည်တော်ပြန်ရန်
ပေးဆောင်နေသည့် ဒဏ်ကြေးကို ရုတ်တရက် ရှစ်ဆခန့် တိုးမြှင့်ခဲ့ရာ ယခင်
ကောက်ခံသည့် ရင်းဂစ် ၄၀၀ အတိုင်း ပြန် လည် ခွင့်ပြု မပြု မလေးရှား အစိုးရက
ယနေ့ အကြောင်းပြန် မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။


မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှု နောက် ပိုင်း
ပြည်တော်ပြန်မည့် မြန်မာ လုပ်သားများထံမှ အထူး ဖြတ်သန်းခွင့် (Special
Pass) အဖြစ် ဒဏ်ကြေး ကောက်ခံသည့် ရင်းဂစ် ၄၀၀ နှုန်း ထားဖြင့် ပြန်လည်
ကောက်ခံပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ မလေးရှားရောက် မြန်မာ
လုပ်သားများကို ကူညီပေးနေသည့် ဧရာဝတီ ဖောင်ဒေးရှင်း အပါအဝင် လူမှု
အဖွဲ့အစည်းများက မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးကို
တောင်းဆိုခဲ့သဖြင့် ယင်းသို့ အကြောင်းပြန်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက
ဆိုသည်။

အထူး ဖြတ်သန်းခွင့် ထုတ်ပေးရန် တစ်ဦးလျှင် ရင်းဂစ် ၄၀၀
နှုန်းဖြင့် ကောက်ခံနေရာမှ ဇူလိုင်လ တတိယပတ်တွင် မလေးရှား အစိုးရက ရင်းဂစ်
၃၀၀၀ သို့ ပြောင်းလဲ ကောက်ခံခဲ့သဖြင့် မြန်မာနိုင်ငံ သားများ အခက်အခဲ
ကြုံတွေ့နေရကြောင်း မလေးရှားရောက် မြန်မာ များထံမှ သိရှိရသည်။


မလေးရှားနိုင်ငံတွင် တစ်လကျော်ကြာ တရားမဝင် နေထိုင်ပြီး နောက်ပိုင်းမှ
စတင်၍ တစ်ရက်လျှင် ရင်းဂစ် ၃၀ နှုန်းဖြင့် ပေးလျော်ရကြောင်း နိုင်ငံကူး
လက်မှတ် (Passport) ရှိသော်လည်း ဗီဇာ သက်တမ်း ကုန်ဆုံးပြီး ခွင့်ပြုချက်
(Permit) မရှိဘဲ နှစ်ကာလအထိ နေထိုင်ပါက ရင်းဂစ် ၃၀၀၀ ပေးဆောင်ရန်
မလေးရှားနိုင်ငံတွင် ဥပဒေ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့
ပြန်ရန် စာရင်း ပေးထားသူ ၃၀၀၀ ဦး ရှိသည့်အနက် ၄၀၀ ကို မြန်မာနိုင်ငံသို့
ပို့ဆောင် ပြီးဖြစ်ပြီး ကျန် ၂၆၀၀ ခန့် ကျန်ရှိနေသေးကြောင်း၊ အဆိုပါ
လုပ်သားများ Special Pass ရရှိရေး အတွက် ဒဏ်ကြေးကို သီတဂူ ဆရာတော်
အထောက်အကူပြု အဖွဲ့က ကျခံပြီး လေယာဉ် လက်မှတ် ကို ဧရာဝတီ ဖောင်ဒေးရှင်းက
ကျခံပေးခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနထံမှ သိရှိရသည်။

ပြည်တော် ပြန်လိုသူများ လူစုပြီး
Special Pass သွားရောက်ရာတွင် နှစ်ပတ် ခန့် ကြာမြင့်ခဲ့သော်လည်း ဒဏ်ကြေး
၃၀၀၀ ထိ တိုးမြှင့်လိုက်သည့် နောက် ပိုင်းတွင် နေ့ချင်းပြီး ထုတ်ပေးနေပြီး
တစ်ရက်လျှင် လူ ၈၀ ခန့် ထုတ်ပေးနေကြောင်း လုပ်သားများထံမှ သိရှိရသည်။
 


Ref:  http://www.thithtoolwin.com/




မိဘများ စဉ်းစားကြဖို့ပါ

Unknown | 26.7.13 | | | Best Blogger Tips









 






  { မိဘများ စဉ်းစားကြဖို့ပါ }
===============

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )

ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ..

သည်းထန် - The Yangon Times Daily



Credit to : The Yangon Times Daily
 




မြန်မာ့ ဆက်သွယ်ရေးနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်း၍ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်မည်

Unknown | 26.7.13 | | Best Blogger Tips





China Unicom ကုမ္ပဏီ (ဓာတ်ပုံ – idownloadblog.com)

 


မြန်မာနိုင်ငံတွင် အင်တာနက် အပါအ၀င် ဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့ အသုံးပြုနိုင်ရေး အတွက်  ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ်တခု ချိတ်ဆက် တည်ဆောက်ရေးအတွက် တရုတ်အစိုးရပိုင် China Unicom ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ သဘောတူညီစာချုပ်တရပ် ချုပ်ဆိုလိုက်ပြီး ယင်းဆက်ကြောင်းကို ၂၀၁၄ ခုနှစ်တွင် အပြီး တည်ဆောက်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွက် ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်ရာတွင် အာရှပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် အနောက်ဥရောပနိုင်ငံများသို့ ချိတ်ဆက်ထားသော SEA.ME.WE 5 ဖိုက်ဘာ ဆက်ကြောင်း နှင့် ချိတ်ဆက်မည် ဖြစ်ပြီး ဖိုက်ဘာ ဆက်ကြောင်းသစ်သည် ဧရာဝတီတိုင်း ဒေသကြီး၊ ငွေဆောင်ကမ်းခြေမှ ရှမ်းပြည်နယ်၊ မူဆယ်မြို့အထိ ကီလိုမီတာ ၁၅၀၀ ခန့် ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ လုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိုးသိန်းက ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက China Unicom ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်မှု စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်အရ ချိတ်ဆက်ပြီး ဖိုက်ဘာဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တ၀က်ပိုင်ဆိုင်မှုရရှိမည်ဟု ဆိုသည်။

“တရုတ် ကုမ္ပဏီနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက Cooperation Agreement ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီမှု စာချုပ် ချုပ်ဆိုထားတာ။ ဇူလိုင် ၄ ရက်နေ့က ချုပ်ဆိုထားတယ်။ အင်တာနက်၊ မိုဘိုင်းလ်နဲ့ ဆက်သွယ်ရေးအတွက် သုံးလို့ ရမယ့် ဖိုက်ဘာဆက်ကြောင်း။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိုက်ဘာဆက်ကြောင်းကို တ၀က် သုံးလို့ရမယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် တင်ဒါရရှိထားသည့် Telenor ကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီတို့က အသစ် ချိတ်ဆက်ထားသော ရေအောက်ဖိုက်ဘာ ဆက်ကြောင်းကို အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

“ဖိုက်ဘာဆက်ကြောင်းကို ဆက်သွယ်ရေး တင်ဒါရသွားတဲ့ ကုမ္ပဏီတွေက သုံးမယ်ဆိုရင်လည်း ငှားပေးလို့ရပါတယ်။ သဘောတူညီချက်နဲ့ ငှားပေးလို့ရတယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

အဆိုပါ ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသစ် ချိတ်ဆက်မှု တာဝန်ယူထားသည့် China Unicom ကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယ အကြီးမားဆုံးသော ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သည်ဟု သိရှိရသည်။

အိုင်တီ ပညာရှင်တဦးဖြစ်သူ ဦးရဲမြတ်သူက မြန်မာနိုင်ငံအတွက် ဖိုက်ဘာဆက်ကြောင်းသစ်တခု ထပ်မံ ချိတ်ဆက်မှုအပေါ် ကြိုဆိုသော်လည်း မြန်မာအစိုးရ အနေဖြင့် တရုတ်ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့် ပေးမှုအပေါ်  သေချာဆန်းစစ် လေ့လာပြီး ဆောင်ရွက်ခွင့် ပေးသင့်သည်ဟု သုံးသပ်သည်။

“တရုတ်လုပ်လို့ ကောင်းတယ်၊ မကောင်းတယ် ဆိုတာထက် အဓိက တရုတ်ရဲ့ နည်းပညာက အမေရိကားတို့ ဂျပန်တို့ကို မမီတာပဲ။ ဒါပေမယ့် အခု လုပ်မယ့်အလုပ်က နည်းပညာ အရမ်းမလိုဘူး ဆိုရင်တော့ တရုတ်ကုမ္ပဏီဆိုရင်လည်း ပြဿနာမရှိဘူး။ ကျနော်တို့က ကန်ထရိုက်စာချုပ်ကို ဘယ်လိုလုပ်မလဲ။ ဘယ်လို အရည်အသွေးကို ရမလဲ။ ကျနော်တို့က ဈေးဆစ်ပြီး ရအောင်လုပ်ပေး ဆိုရင်တော့ ဖြစ်ကတတ်ဆန်းပဲ ထွက်လာမှာပဲ။ ရေထဲမှာ ပိုက်ချတဲ့ကိစ္စမှာ ဘယ်သူက အရည်အသွေးကောင်းသလဲ၊ ဈေးတန်သလဲ၊ အာမခံချက် ဘယ်လောက်ပေးနိုင်သလဲ ဆိုတဲ့အချက်တွေကို ကြည့်ပြီး အာမခံချက်ပေးနိုင်တဲ့ ကုမ္ပဏီမျိုးကို ရွေးသင့်တယ်။ အဲဒီလို မရွေးဘဲနဲ့ တရုတ်နဲ့ပဲ သိလို့ ရွေးတာဆိုရင်တော့ မကောင်းဘူးပေါ” ဟု ဦးရဲမြတ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ရေအောက် ဖိုက်ဘာဆက်ကြောင်း  SEA.ME.WE 3 နှင့် ချိတ်ဆက်ထားသော ဖိုက်ဘာ ဆက်ကြောင်း၊ တရုတ်နှင့် ထိုင်းနယ်စပ် ကုန်တွင်းဒေသ ဖြတ်ကျော် သွယ်တန်းထားသော ဆက်ကြောင်းများရှိပြီး  လတ်တလော SEA.ME.WE 3 ရေအောက် ဖိုက်ဘာ ဆက်ကြောင်းသည် ဖျာပုံမြို့နယ်အနီးတွင် ဇူလိုင်လ ၂၂ ရက်နေ့က  ချွတ်ယွင်းသွားသည့်အတွက် အင်တာနက်မြန်နှုန်းများ တလတိတိ  နှေးကွေးနေမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။



Ref: http://burma.irrawaddy.org/archives/44991


 


 

Thursday, 25 July 2013

၂၅.၇.၂၀၁၃ တွင်ဖြန့်ချိမည့် တန်ဖိုးနည်း GSM နှင့် CDMA သတင်းထုတ်ပြန်ချက်များ မိုဘိုင်းဖုန်းသုံးစွဲသူများသိရှိစေရန်

Unknown | 25.7.13 | | Best Blogger Tips












၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။



၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန်


စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။



၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။



၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍
(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။



၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
 


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း







မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခွင့် လက်မှတ်ခ မလေးရှားလ၀က ရှစ်ဆခန့်မြှင့်

Unknown | 25.7.13 | | Best Blogger Tips








လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ပြန်မည့် မြန်မာအလုပ်သမားများအား အထူးလျှောက်ထားခွင့် (Special Pass) လက်မှတ်ခကို ရင်းဂစ် ၄၀၀ ကောက်ခံရာမှ ရင်းဂစ် ၃၀၀၀ သို့ ရှစ်ဆခန့် တိုးမြှင့်ကောက်ခံ လိုက်သည်။

ဇူလိုင် ၁၆ ရက်မှစ၍ မလေးရှားနိုင်ငံ ပူထရာဂျာရာ လူဝင်မှုကြီးကြပ်ရေး ရုံးမှ မြန်မာနိုင်ငံသို့ တရားဝင်ပြန်မည့် မြန်မာအလုပ်သမားအား အထူးလျှောက်ထားခွင့်လက်မှတ်ကို ပတ်စ်ပို့ရှိသူနှင့် မရှိသူ နှုန်း ထားနှစ်မျိုးခွဲလိုက်ပြီး ပတ်စ်ပို့ရှိသူများ ပြန်ရန်အတွက် အထူးလျှောက် ထားခွင့်လက်မှတ် ရင်းဂစ် ၂၂၀၀ ကောက်ယူကာ ပတ်စ်စ်ပို့မရှိသူများကို ရင်းဂစ် ၃၀၀၀ သို့ အသီးသီးပြောင်းလဲ ကောက်ခံလိုက်ပြီး နေ့ချင်းပြီး လက်မှတ်ထုတ်ပေးကြောင်း သိရသည်။
ယခင်က နှုန်းထားခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ ရင်းဂစ် ၄၀၀ နှင့်သာ ထုတ်ပေးခဲ့ပြီး ယင်းလက်မှတ်ရရှိပြီးမှ သာ မြန်မာနိုင်ငံ သို့ပြန်ရန် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းဖြစ်သည်။



ယခင်က မြန်မာနိုင်ငံသို့ပြန်ရန်အတွက် ဆောင်ရွက်မှုများမှာ ပတ်စ်ပို့ရှိသူများ၊ ပတ်စ်ပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများမှာ ပူထရာဂျာရာလူဝင်မှုကြီးကြပ်ရုံးသို့ သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တိုကင်ယူကာ ပြန်လည်ချိန်းဆိုသောနေ့တွင် လက်မှတ်ခ ၄၀၀ ရင်းဂစ် ပေးဆောင်ရသည်။



ယခုကဲ့သို့ ပြောင်းလဲကောက်ခံလိုက်ခြင်းကြောင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ပြန်မည့် အလုပ်သမားများမှာ အောက် လမ်းမှပြန် ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“လက်မှတ်ခ ၃၀၀၀ ရင်းဂစ် ဆိုရင် မြန်မာငွေ ကျပ် ကိုးသိန်း ကျော် ဆယ်သိန်းနီးပါးဖြစ်ပြီး ပုံမှန်လစာရှိသူတစ်ယောက်ရဲ့ ၀င်ငွေက စားသောက်စရိတ်နုတ်ပြီး စုနိုင်ရင် တစ်လ ၆၀၀ ရင်းဂစ်ပေါ့။
မြန်မာတွေ ဒုက္ခတော်တော်ရောက်နေတယ်။ ခုပြန်မယ့်သူတွေ အောက်လမ်းကပြန်ဖို့လုပ်နေတယ်”ဟု မလေးရှားနိုင်ငံ ဧဒင်ဥယျာဉ်သတင်းဌာနမှ ကိုမျိုးကပြောသည်။



အဆိုပါပြောင်းလဲကောက်ခံမှုသည် အလုပ်သမားအခက်အခဲများကြောင့် မပြန်နိုင်ရန်အတွက် ယခုလိုတိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်ကြောင်း ကိုမျိုးက ၄င်း၏ အမြင်ကိုပြောသည်။
“ပြန်ချင်တဲ့သူတွေက ဒုက္ခတွေရောက်နေပြီး အရင်က ရင်းဂစ် ၄၀၀ ပဲပေးရတော့ သက်သာတာပေါ့။ ခုတော့ ပြန်ချင်ရင် အောက်လမ်းကနေပဲ ပြန်ရတော့မှာပေါ့။
ဆယ်သိန်းကြီးကျတော့လည်း မတတ်နိုင်ကြဘူး””ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အလုပ်လုပ်ကိုင်သော ကိုစန်းမျိုးကပြောသည်။



မလေးရှားနိုင်ငံသို့ရောက်ရှိနေသော မြန်မာအလုပ်သမားများအားပြည်တော်ပြန်ရန်အတွက် စင်းလုံးငှား အခမဲ့သယ်ယူပို့ဆောင်ပေးနေသော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) သည် ဇူလိုင် ၁၆ ရက် နောက်ပိုင်းတွင် အခမဲ့နှစ်ကြိမ်သာ ပျံသန်းပေးတော့ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းလိုင်း (MAI) မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။



မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိသူများမှာ ဇူလိုင် ၂၁ ရက်ထိ ၃၀၀၀ ၀န်းကျင်ခန့်ရှိပြီး မြန်မာနိုင်ငံပြန်ရန်အတွက် မလေးရှား ရှိ မြန်မာသံရုံးတွင် လူဦးရေ ၂၅၀၀ ၀န်းကျင် စာရင်းပေးပို့ထားကြောင်း သတင်းရရှိသည်။



မေ၂၉ရက်မှစ၍မလေးရှားနိုက်ငံတွင် မန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုများကြောင့် မြန်မာနိုင်ငံသားအချို့ ပြန်ရောက်ရှိလာသည်။ ထိုအကြမ်းဖက်ခံရမှုများကြောင့် မြန်မာနိုင်ငံသား ခုနစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 


Ref : 7Day News Journal



 







Wednesday, 24 July 2013

Online တွင် ခင်မင်ကြရာဝယ် (သတိထားရန်)

Unknown | 24.7.13 | | Best Blogger Tips


 





 Online တွင် ခင်မင်ကြ ရာဝယ် သတိထားရန် ..


ယခုလို တိုးတက်လာတဲ့ခေတ်ကာလကြီးမှာ... အင်တာနက်ဆိုတာကို ယခင်က လူတန်းစား တစ်ရပ် ပဲ သုံးစွဲနိုင်လာ ရာကနေ ... လက်ရှိ မြန်မာ နိုင်ငံ တိုးတက်မှုအရ..လူတန်းစားအလွှာအသီးသီး .. အတန်းပညာ မရွေး .. အသုံးပြု လာနိုင်ကြပြီ။


အင်တာနက်ကို တစ်လွဲ အသုံးချ တဲ့ ပုရိဿ အချှို အကြောင်း
ကြားဖူးနေကြမှာ အမှန်ပါပဲ။ အစ ကတော့ ရိုးရိုး ခင်မင်ရာကနေ နောက်တော့
တစ်မျိုးတိုးလို့ ဆိုး ပြန် ဆိုပဲ...ဆိုပဲ ..။

တစ်ခါ မျှ
မမြင်ဘူးတဲ့ ယောင်္ကျား တစ်ယောက်နဲ့ အွန်လိုင်းမှာ မကြာခဏ Chatting ကြတာ
ကနေ...သံယောဇဉ် ငြိတွယ်ပြီး ဘဝတစ်သက်တာ အိမ်ထောင်ဘက် ဖြစ်သွား ကြသူတွေ
ရှိသလို ... အပျို ရည်ပျက် ... ဗီဒီယိုတစ်ကွက် အဖြစ်ပြောင်းလဲ သွားကြ သူ
တွေလဲ အများကြီးပေါ့။

အင်တာနက် ဆိုတာ .... ဆယ်နှစ်မျိုး ဂျင်းသုပ်... လို ... ရောချင်ရာရော...ပေါင်းချင်ရာပေါင်းစပ် ထား ပြီး ကိုယ်ကြို က်တာ ကိုယ်ရွေး စား နေကြတဲ့ ဟာကြီးမဟုတ်လား။

ပညာ ရှာတဲ့သူ.... မယားရှာတဲ့သူ.... လင်ရှာတဲ့သူ နဲ့ မိတ်ဆွေ အပေါင်းသင်းရှာသူ....ရှာချင်ရာ
ရှာလို့ ရတဲ့ အဘိုး စတို ခန်းကြီး လို ပဲ။ အဘိုးက တွေ့
ကရာကောက်သိမ်းထားတာ..... လမ်းကတွေ့ တဲ့စကူ ကအစ ပိုက်တိုပိုက်ပျက်
..ထီးစုတ်..ဖိနပ်စုတ်.. ကနေေ၇ှးဟောင်း တန်ဖိုးကြီးပစ္စည်းတွေ... တစ်ခါ
... ဟိုးပဝေသဏီက .. ကိုယ်လုံးတီး ဖလင်အလိပ်လိုက်ကြီး တွေအထိ... ဘာတွေ
မှန်းကိုမသိ စတိုခန်းထဲ ထည့်သိမ်းပြီး သော့ခါးကြားထိုးထားသေး ..
လိုချင်တာရှိရင် အဘိုးဆီ ခွင့်တောင်းမွှေတာပဲ..... မရမရှိ
...ရတာပဲ..မရှိရှိတာ အသုံးချ လို့ ရတာတွေ့ လဲ ယူအသုံးချ
လိုက်တာပဲ..မရှိသုံးပေါ့။


သည်လိုပဲ..အွန်လိုင်းဆိုတာ... တစ်ချှိုအတွက်တော့ မရှိသုံးသုံးလို့ သိပ်ကောင်းတယ်မဟုတ်လား... သည်တော့ မျိုးစုံကြိုးခုန် ကုန်ကြတာပေါ့။

သတိထားဖို့ ပြောချင်တာလေး တစ်ခုရှိလို့ သိုင်းဝိုင်းနေမိတယ်။ မိန်းကလေးတွေအတွက်ပါ..။


ဟယ်..ကိုယ်မသိတဲ့ယောင်္ကျား နဲ့ Chat ရတာ အန္တရယ်များတယ် ဆိုပြီး
ကိုယ်မသိတဲ့ မိန်းကလေး နဲ့ Chat လျင်ရော... အန္တရယ် မဖြစ်ဖူးမထင်နဲ့ ။
အင်တာနက် ဆိုတာ... အထီးအမ မှန်း ခုထိ ဘယ်သူမှ မသိသေးဘူး။


ညီမလေး ...မမ နဲ့ .. မေးရင်းပြောရင်းကနေ ကိုယ့်အတွင်းရေးအကုန်သိပြီး ... ကိုယ့် အိမ်သွားပြေး လိမ်ရုံမက ကိုယ့်အမျိုးပါ ရှိသမျှ တက်တက်ပြောင် သွားနိုင်သေး..။


ဒါ နဲ့ တင်လား ဆိုတော့ မပြီးသေးပေါင်..။ လင်အကြောင်းသားအကြောင်း နှိုက်နှိုက်ချွတ် ချွတ် မေးလာ ရင်သတိလေးထား ပြောပေါ့ .။

ကိုယ်ကတော့ မိန်းမ ထင်ပြီး မမရယ် ညီမကလေ... ယောင်္ကျားကိုဘယ်လိုပြုစုပါတယ်။
ဘယ်လိုခံစားရပါတယ်။ ဘယ်လို အဆင်မပြေတာ စတဲ့ အိပ်ရာခန်းဝင် အကြောင်း
အသေးစိတ် သူက လဲပြော ကိုယ့်လဲ မေးလာရင်.... Minions လေး တွေအော်သလို "
ဝီရော...ဝီရော " လို့ သာ ခေါင်းထဲ ကိုေ အ်ာခိုင်းထားလိုက်..။

အပျို မလေး တွေ လဲ အတူတူပဲ..ဘယ်လို လူမျိုးကိုမှ ရင်ခုန်တာပါ ... ဘယ်ပုံဘယ်ပန်းမှ ဖီလင်လာတာပါ... ဆိုတာမျိုးတွေ။


သာမန်မိန်းကလေးတွေ Sex အကြောင်း ရင်းနှီးသူ တွေ
စုမိတိုင်းမပြောကြဘူးလား လို့ မေးရင်း ..ဟုတ်ကဲ့... ပြောကြသပေါ့...
နင့်ဟာ ကြီးတယ် ငါ့ဟာ သေးတယ် တောင် တိုင်းထွာ ကြသေး။ ( ခါး ကိုပြော
ပါတယ် )

အိမ်ထောင်သည်တွေစုံလာရင် တော့ ပြောမနေနဲ့ တော့ တော်ရုံ ယောင်္ကျား နားရှက်လို့ ထပြေးမယ်။


အပျို တစ်အုပ်ထဲ အိမ်ထောင်သည် ခပ်သွက်သွက် တစ်ယောက် ရောက်နေ လဲ
အဲသည့်အ ပျိုတွေ ဝိုင်းမေးတာနဲ့ အကုန် ပြောရင်း တစ်ဝါးဝ့ါး ပွဲကျ နေ
ကြတာပါပဲ။ ဒါက အပြင်မှာ လူချင်းတွေ့ ထုံးစံ မဟုတ်လား။


Online ကျတော့ မတူဘူးလေ။ ဟိုဘက်က ဟာကြီးက မမ လို့သာဆိုတယ်.. အထီးကြီး ဖြစ်နေရင်ဘယ့်နှယ်လုပ်မတုန်း။


ကိုယ့်အတွင်းရေးတွေ မေးပြီး ကိုယ့်အားနည်းချက်လဲ သိရော ယောင်္ကျားလေး
အကောင့်နဲ့ ဝင်လုံးပြီး ဒုက္ခ ပေး သွားနိုင် သေးတယ်မဟုတ်လား။


Online မှာ မိန်းမ ဆိုတိုင်း မိန်းမ မဟုတ် သလို ယောင်္ကျား ဆိုတိုင်း
ယောင်္ကျားမဟုတ်သူတွေ တစ်ပုံကြီး မို့ ကိုယ့်ရှိသမျှ ဖွင့်ဟ ပြော
ဖို့ ဘယ်တော့ မှမစဉ်းစားကြပါနဲ့ လို့ သာ သတိပေး ချင်တာပါ.။


လေးစားချစ်ခင်လျက်

မနတ်သမီး

၂၄.၇.၂၀၁၃





အင်တာနက်ပေါ်မှာ ခင်မင်ကြတာနဲ့ ပါတ်သက်ပြီး ဒီအောက်က Video လေးကိုလည်း ကြည့်ဖြစ်အောင်ကြည့်သွားကြပါဦးနော်....(သတိထားနိုင်ကြပါစေ)















Viber ၏ Webiste တိုက်ခိုက်ခံရ

Unknown | 24.7.13 | | Best Blogger Tips












Smart phoneများတွင် အသုံးများသော viber app၏ sub domainဖြစ်သော http://support.viber.com/ အား Syrian Electronic Armyမှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ databaseတချို့တဝက်အား back upလုပ်ယူနိုင်ရန် ဆောင်ရွက်ခဲ့သောကြောင့် Viber၏ Systemတစ်ခုလုံးအာ မတိုက်ခိုက်နိုင်ခဲ့ကြောင်း SEAမှ hackerတစ်ဦးက ပြောကြားခဲ့သည်။



SEA hackerများမှ Viber Usersများအနေနှင့် Viberအား မိမိဖုန်းများမှ Uninstallလုပ်ထားသင့်ကြောင်း
အကြံပေးခဲ့သည်။ အကြောင်းရင်းမှာ Viber Companyသည် userများ၏ IP
addressများ အပေါ်တွင် ပြထားသကဲ့သို့ databeတွင် သိမ်းဆည်းကာ
စုံစမ်းထောက်လှမ်းနေသောကြော
င့် ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် viberရဲ့ သတင်းထုတ်ပြန်ချက်အရ Viberအသုံးပြုသူ သန်းနှစ်ရာကျော်သွားပြီ ဖြစ်ကြောင်းသိရသည်။




Viber websiteကို hackလိုက်ကြောင်း SEAမှ ကြေညာပြီးသည်နှင့် တပြိုင်နက်
Viber Admin Teamမှ ထိုsite domainပိတ်ထားလိုက်ပြီ ဖြစ်သည်။ defaceအား
ကြည့်ရှုချင်ပါက mirror linkဖြစ်သော http://www.zone-h.org/mirror/id/20342711 တွင်ကြည့်နိုင်ပါသည်။



Viberမှ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ၄င်းဝန်ထမ်းတစ်ဦးအား email pishingနည်းဖြင့်တိုက်ခိုက်ကာ
minor systemနှစ်ခုအား ထိန်းချုပ်ရယူသွားခြင်း ဖြစ်ကြောင်း၊ userများ၏
dataများမှာ လုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော minor
systemနှစ်ခုမှာ Customer Support Panel နှင့် Support Administration
Systemတို့ဖြစ်ပြီး တစ်ခုမှာ ပုံတွင် ပြထားသည့်အတိုင်း ဖြစ်သည်။




Userများ၏ အရေးကြီးသော dataများမှာ လုံခြုံမှုရှိကြောင်းနှင့် hackခံရာတွင်
မပါဝင်ကြောင်း viberမှ ပြောခဲ့သည်။” ဒီလိုတိုက်ခိုက်မှုမျိုးဖြင်
့ ဝင်ရောက်လို့ မရနိုင်သော ပိုမိုလုံခြုံသောsystemဖြင်
userများ private dataများအား ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်။ နောင်မှာ
ဒါမျိုး မဖြစ်ပွားအောင်လဲ ကျွန်တော်တို့ ကြပ်မတ်လုပ်ဆောင်နေပါတယ်။”

Star Tek
(Admin)





Ref : ITgroup 

ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများ မလေးရှားတွင် တရားဝင် အလုပ်လုပ်ခွင့် ရမည်ဟုဆို

Unknown | 24.7.13 | | Best Blogger Tips







မလေးရှားနိုင်ငံတွင်ရှိသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး
(United Nations High Comissioner for Refugees-UNHCR) က ထုတ်ပေးသည့်
ဒုက္ခသည်ကတ် ကိုင်ဆောင် ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင်
အလုပ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး
ဒါတွန်စရီအဟ်မဒ်ဇာဟစ်ဟမီဒီ (Datuk Seri Dr Ahmad Zahid Hamidi) က
ပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံ အခြေစိုက် Burma Muslim Community
Malaysia အဖွဲ့၏ ရေးသားချက် အရ သိရသည်။


မလေးရှား ပြည်ထဲရေး ဝန်ကြီး၏ ပြောကြားချက်အရ ကတ်အသစ်များတွင် Radio
Frequency Identification (RFID) နည်းပညာ ထည့်သွင်းထား မည် ဖြစ်ကြောင်း၊
ယင်းနည်းပညာဖြင့် ပြည်ပမှ လာရောက် ခိုလှုံသူများအား ဂြိုဟ်တုဖြင့် သူတို့၏
တည်နေရာကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း၊ ထိုကတ် အသစ်တွင် ATM များမှ ပိုက်ဆံ
ထုတ်ယူရန် Debit Card စနစ်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အတုအပများ
မလုပ်ဆောင်နိုင်ရန်လည်း ကာကွယ် တားဆီးသော စနစ်များလည်း ထည့်သွင်းထား မည်
ဖြစ်ကြောင်းနှင့် ကတ် အဆင့်မြှင့်ရာတွင် ကုန်ကျမည့် စရိတ်ကိုလည်း
ကိုင်ဆောင်သူက ပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဟ်မဒ် ဇာဟစ်က
မလေးရှားနိုင်ငံတွင် လာရောက် ခိုလှုံသူ ဒုက္ခသည် များတွင် ၁၀၄,၀၇၀ သည် UNHCR
ကတ် ကိုင်ဆောင်ထားပြီး ကျန်သော ၅၀,၀၀၀ ကျော်မှာ ကိုင်ဆောင်ထားခြင်း မရှိဟု
ဆိုသည်။

ပါမစ် ရရှိသူများသည် မလေးရှားနိုင်ငံမှ ပြဋ္ဌာန်းထားသော
ဥပဒေကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ ထို့အတွက် UNHCR နှင့်လည်း
ဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ အချက်အလက်များ ပြည့်စုံပါက
အလုပ်သမား ပါမစ်ပေး ရန် ညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက
ပြောကြားထားသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ
မရောက်သေးကြောင်းနှင့် ယင်းကိစ္စကို မသိရှိသေးကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြန်ကြားရေး တာဝန်ခံ တစ်ဦးက The
Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

မလေးရှားနိုင်ငံတွင် လက်ရှိ
တရားဝင် မြန်မာလုပ်သား ခုနစ်သောင်း၊ တရားမဝင် မြန်မာလုပ်သား ၂ ဒသမ ၅
သိန်းခန့်နှင့် မြန်မာနိုင်ငံသား ကတ် ရရှိပြီးသူ ၂၄၅၆ ဦး ရှိကြောင်းနှင့်
ဆာလာယန်းတွင် နေထိုင်သူ မြန်မာ လုပ်သား အရေအတွက်ကိုမူ စာရင်း
ကောက်ယူဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန၏ တရားဝင် စာရင်းအရ သိရသည်။



Ref : အေးချမ်းမွန်




Tuesday, 23 July 2013

မလေးရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ

Unknown | 23.7.13 | | Best Blogger Tips


 








 နည်းပညာနဲ့တော့ မဆိုင်ပါဘူး... ဒါပေမဲ့ မလေးရှားက မသိသေးတဲ့ သူငယ်ချင်းတွေ သိစေဖို့ တဆင့်ပြန်လည် Share ပေးရခြင်းပါ....။








 (မလေးရှားရောက်မြန်မာအတွက် အထူးသတင်း)


ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံ
သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့
နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်
မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ်


ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊
ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya
အင်မီဂရေးရှင်းရုံးသို့သွား
ရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။


ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special
Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း
Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား

ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်

သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။


ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ
တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး
ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။

သို့ကြောင့်
မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင်
ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာ
တော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။










Ref & Credit 





မလေးရှားရောက်မြန်မာများ Facebook Fun Page


 





Thursday, 18 July 2013

အာဇာနည်နေ့ သမိုင်းကြောင်း

Unknown | 18.7.13 | Best Blogger Tips










 မြန်မာ့ သမိုင်းမှာ မမေ့သင့် မမေ့အပ်တဲ့  အာဇာနည်နေ့ အကြောင်းပါ... နည်းပညာနဲ့ မဆိုင်ပေမဲ့ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော မနက်ဖြန် ကျရောက်မဲ့ အာဇာနည်နေ့ကို သတိတယနဲ့ အားလုံး အလေးပြု ဦးညွှတ်နိုင်ဖို့ တဆင့် ပြန်လည်မျှဝေပေးလိုက်တာပါ....။





----------------------------------------------------------------


ကျွန်တော် ဒီအကြောင်းအရာလေးကို မျှဝေဖို့ ရှာနေတာ တော်တော်ကြာပါပြီ။
ဘယ်သူမှလည်း မတင်ကြဘူး။ တင်တော့ တင်ကြပါတယ်။ သတင်းစာကို ဓာတ်ပုံရိုက်ပြီး
တင်ကြတယ်။ အဲလိုကျတော့ ဖတ်ရတဲ့သူအတွက် အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါကြောင့်
အဲဒီသတင်းစာ ဓာတ်ပုံထဲက အကြောင်းအရာတွေကို ပြန်လည်ရိုက်ချပြီး
ဖော်ပြလိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။ Google မှာ ရှာကြည့်ပါတယ် ။
အာဇာနည်နေ့ဆိုပြီးတော့ပေါ့။ ထွက်တော့လာပါတယ်။ အခမ်းအနားလုပ်တဲ့
အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်လိုချင်တာက
အဲဒီနေ့ကအဖြစ်အပျက်ကိုလိုချင်တာပေါ့။ ၁၉ ရက်နေ့အမှီတင်မလို့ပါပဲ ။
ဒါပေ့မယ့် မမှီတော့ဘူး။ ဒီနေ့ညနေပိုင်းလောက်မှတွေ့လို့ အတင်း စာရိုက်ပြီး
တင်လိုက်ရပါတယ်။ ကူညီစာရိုက်ပေးသော သူငယ်ချင်း မင်းဟိန်း နဲ့ ညီလေး
ဝင်းထက်ကို ကျေးဇူးတင်ပါတယ်။




၁၉၄၇
ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ
တိုင်းပြည်ကျွန်ဘ၀က လုံးဝ လွတ်မြောက်ရေးနဲ့ 
စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့
အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ
လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။


အဲဒီနေ့က
ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်
။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။  မိုးကို
ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်
စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊  တဖြိုင်ဖြိုင်
ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။ 




နံနက်
၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မဲ့ ၀န်ကြီးများ
အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့
အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။ ၁၀ နာရီ  ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ် ဗဟို
လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို
အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ 
အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင်
ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့
လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊
“ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။




ကာကွယ်ရေး  ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက်
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး
စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန်  လမ်းခရီးမှာပဲ
ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး  ဦးကျော်ငြိမ်းနဲ့
ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထဋ် တို့မှအပ ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ
ရောက်ရှိ နေကြပြီ ဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ
စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့ အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ
အလုပ်များနေကြတယ်။




ဒီနောက်
အစည်းအဝေး
ကျင်းပရာ အခန်းထဲကို  ဗိုလ်ချုပ်နှင့်
အပါးတော်မြဲ ဗိုလ်လှထွန်တို့ ၀င်လာပြီး ၊ ဗိုလ်လှထွန်းက ဗိုလ်ချုပ်အတွက်
လိုအပ်တဲ့ဖိုင်တွေ၊
မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ 
ချပေးလိုက်တယ်။  ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ
ဝင်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း
ရှိရာကို  ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။
အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့ 




၁။
ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန


၂။
သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန


၃။
ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊


၎။
ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန


၅။
အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊


၆။
မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊


၇။
မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊


၈။
ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေး ဌာန၊


၉။
ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊


၁၀။
ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်း ဌာန၊


၁၁။
ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။






 ကျဆုံး အာဇာနည်များ


 



ဦးအုံးမောင်ဟာ
သူ့ ၀န်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး မတက်နိုင်လို့၊ လမ်းပန်း ဆက်သွယ်ရေး
ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့
ရောက်ရှိနေတာဖြစ်တယ်။


အရင်ကတော့
ဝန်ကြီးများ (ဘု၇င် အမှု့ဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံ့ သဘာပတိအဖြစ်
ဆောင်ရွက်ကာ ဘုရင်ခံ ကိုယ်တိုင် ဦးစီး ကျင်းပလေ့ ရှိပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်
ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ ၊မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မဲ့
အခြေအနေနဲ့ ဖဆပလ ဘုရင် အမှု့ဆောင် ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ
စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့  ၁၉၄၇
ဇန်န၀ါရီ လောက်ကစပြီး ဘုရင်ခံ ကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင်
ကောင်စီ ဒဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ကပဲ သဘာပတိ အဖြစ် ဦးစီး ကျင်းပနေတာဖြစ်တယ်။ 




အစည်းအဝေးကျင်းပရာ 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကို ၀င်ရန်
တံခါး  ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်ပြီး၊
လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ်
အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့
အခန်းတွေ ရှိပါတယ်။  ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ
ဗိုလ်ချုပ် အလုပ်လုပ်တဲ့ စားပွဲရှိပြီး ၊ တောင်ဘက် နံရံမှာတော့ ၀န်ကြီး
တွေ အစည်းဝေးပွဲ
ကျင်းပတဲ့ စားပွဲကြီးတွေ ရှိပါတယ်။ ၀န်ကြီးတွေ အစည်းအဝေး ကျင်းပရာ
နေရာမှာစားပွဲရှည်ကြီး  ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတခု၊ ဘေးထဖက်
တချက်မှာ တစ်လုံးစီ ချထားတယ်။ ထိပ်က စားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက်
ကျယ်ပြီး
၊ ကျန်တဲ့ဘေးတဖက် တချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ
ရှိကြတယ်။




အဲဒီနေ့
အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလည်တည့်တည့် မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ
သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဥိးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊
လက်ဝဲဘက် စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး
စပ်စံထွန်း တို့ ထိုင်နေကြတယ်။  ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့
ထပ်စားပွဲ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေတယ်။


အစည်းအဝေးကို
အစီအစဉ်
အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ၀န်ကြီး ဌာနအလိုက်
အရေးကြီးတဲ့  သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။ ဒီလိုနဲ့
ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀
နာရီခွဲခန့်မှာ  လမ်းပန်းဆက်သွယ်ရေး ဌာန ကိစ္စရပ်တွေကို တွေးနွေးဖို့
အလှည့်ရောက်လာတာနဲ့ ဒုတိယ အတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း
အစည်းအဝေး ခန်းမထဲကို
ရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြ အနားမှာ ၀င်ထိုင်လိုက်တယ်။ 






 တွေ့ရခဲသော ဗိုလ်ချုပ်ပုံစံတစ်မျိုးနှင့် စီးတော်ယာဉ် ကားနက်ကလေး





နံနက်
၁၀
နာရီ ၁၀ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့
စကားသံအဆိုံးမှာ
အင်းလျှားကန် ဘေးရှိ ဦးစောအိမ်ဝင်းထဲကနေ ဂျစ်ကားအစိမ်းလေး တစင်းဝူးခနဲ
ထွက်လာပြီး
အတွင်းဝင်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ် ဒီဂျစ်ကားလေးကိုဦးစောရဲ့
တပည့် တစ်ဦးဖြစ်တဲ့
သုခက မောင်နှင်ပြီးကားပေါ်မှာ တခြားတပည်တွေဖြစ်တဲ့ 
စိန်ကြီး မောင်စိုး ရန်ကြီးအောင်သက်နှင်းတို့က တော်မီဂန်းနဲ့ စတင်းဂန်းတွေ
အသင့်ကိုဆောင်ကာ လိုက်ပါလာကြတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ
အာစီ/၁၈၁၄
နံပါတ်ဂျစ်ကား အစိမ်းလေးကဟာ စ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်းဝတ် နံပါတ်
၁၂ တပ်မ
ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။
ဒီဂျစ်ကားလေးဟာ
မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ်
နာရီစင်ကိုဖြတ်ပြီးအနောက်မှ
အရှေ့သို့  မောင်းနှင်လာတယ်။ နောက် စပတ်လမ်း(ယခု
ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှ တဆင့် 
ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး
အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကို ရောက်တဲ့အခါ စက်ရှိန်
လျှော့ပြီးအတွင်းဝန်များရုံးဝင်းအတွင်း
ဝင်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။ ဒီအချိန်ဟာ ရုံးတက်စ
၁၀နာရီခွဲခန့်ဖြစ်လို့
အရာရှိကြီးငယ်တွေရဲ့ ကားကြီးကားငယ်တွေ ၀င်နေကြလို့ ဂိတ်ဝမှာ
ခဏရပ်စောင့်နေရသေးတယ်။
နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်ဆင်ဝင်ကြီးအောက်က တဆင့်
ကာကွယ်ရေးဌာနဘက်သို့
ကွေ့ဝင်ကာ  အနောက်တောင် ထောင့်မှာ ထိုးရပ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ
ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊တော်မီဂန်း၃လက်
တို့ကို အသင့်
ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်က
ခုန်ဆင်းကာ  အတွင်းဝန် များရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။သုခက
ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်၊သေနတ်ကိုယ်စီ
ကိုင်ဆောင်ထားတဲ့
စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ
အတွင်းဝန်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်းဗိုလ်ချုပ်ရုံးခန်းရှိရာ
ကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့ မင်းစေကိုတွန်းဖယ်ကာ
မြောက်ဘက်ဆုံးတံခါးပေါက်ကနေ
ဝန်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့ဝင်လိုက်ကြတယ်။




နံနက်
၁၀နာရီ ၃၇ မိနစ်၊ရှေ့ဆုံးမှ ၀င်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်သံနဲ့
အတူ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ် တချိန်တည်းမှာပဲ
စားပွဲထိပ်မှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာက လက်ကာပြရင်း ၀င်လာသူတွေကို တစုံတခု
လှမ်းပြောဖို့ ကျိုးစားခဲ့သော်လည်း အချိန် မမှီတော့ပေ။လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့
ကျည်ဆံတွေကြောင့် ဗိုလ်ချုပ် နောက်သို့ လန်ကျကာ လူရော ကုလားထိုင်ပါ လုံးထွေး လဲပြိုသွားတော့တယ်။ဒီနောက်မှ
ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ၀န်ကြီးတွေကိုလည်း တဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ
ဘယ်ဘက်ကို မွေ့ယမ်းလိုက်တယ်။




ဝန်ကြီး
ပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန် ဦးရွှေဘော်တို့ဟာ ရှေ့ဆုံးက လူသတ်သမားက ဗိုလ်ချုပ်ကို
စတင်ပစ်ပစ်ခြင်း နောက်ကျောဘက်က ပြတင်းပေါက် ကနေ အချိန်မှီ ခန်ချပြေးကြလို့ ဒဏ်ရာ မရရှိဘဲ
လွတ်မြောက်ခဲ့ရတယ်။ဝန်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ခြင်း သူ့ဘေးမှာ ရှိတဲ့ ဦးအောင်ဇံဝေရဲ့
လက်ကို ဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးက လွတ်ခဲ့ရတယ်။


 ကျန်တဲ့ ၀န်ကြီးတွေ ကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိမှန်ကာ
အတုံးအရုံးလဲကျ ကုန်တယ်။နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ
အားရပါးရ စိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။ စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့ နောက်မှ လူသတ်သမားတွေဟာ
အပစ်ရပ်ကာလှေကားရှိရာဘက်ကို ပြေးထွက်လာကြတယ်။ ဒီအချိန်မှာ လှေကားထိပ်ရှိ အခန်းထဲက ၀န်ကြီးဦးရာဇတ်ရဲ့
သက်တော်စောင့် ကိုထွေးထွက်လာရာ လူသတ်သမားတွေက


ကိုထွေးကို
စတင်းနဲ့ တချက်မွှေလိုက်ပြီး"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း
လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။ဆင်ဝင် အပေါက်ကြီး အောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့
သုခ ကားပေါ်တက်ကာ စပတ်လမ်း(ယခုဗိုလ်အောင်ကျော်လမ်း)ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို
ကွေ့ကာ ဒါဟိုစီ(ယခုဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေးမောင်းနှင်လွတ်မြောက်သွားကြတယ်။




ဦးစောဟာ ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ
ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဌနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်
ဥက္ကဌ သခင်နုကိုပါ လုပ်ကြံဖို့ တပည်တစ်ဦး ဖြစ်တဲ့ ဘညွန့်ကို စေလွှတ်ခဲ့ပေမဲ့၊အဲဒီနေ့က
သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမဲ့ ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။  








 ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီး တွေကို လူသတ်သမားတွေက
လုပ်ကြံသတ်ဖြတ်ခြဲ့ပြီးနောက် အခန်းထဲသို့  ပထမဆုံးေ၇ာက်ရှိလာတဲ့ ဗိုလ်ထွန်းလှက ဗိုလ်ချုပ်ကိုလဲကျနေရာမှ
ထူကြည့်ခဲ့ရာ ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက်  သုံးချက်ခန့်
ရတယ်လို့ ထင်ခဲ့တယ်။ဒါပေမယ့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ပြီးနောက် ဆရာဝန်ကြီးတွေက
အသေအချာ စစ်ဆေးကြည့်ရှု့တဲ့အခါမှာတော့  ဗိုလ်ချုပ်
ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃ တိတိကိုတွေ့ခဲ့ကြရတယ်။




ပျော်ဘွယ်
ဦးမြနဲ့အတူ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အတွင်းဝန်ဦးရွှေဘော်မှာ လုံးဝထိခိုက်ခြင်းမရှိခဲ့ပေ၊
ကြမ်းပြင်ပေါ်ကို မှောက်လဲ ချခဲ့တဲ့ ဦးအောင်ဇံဝေလည်း ထိခိုက် ဒဏ်ရာ မရခဲ့ပေမဲ့၊ဦးဘဂျမ်းကတော့
လက်ဝဲဘက် နံပါးမှာ တချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တချက်အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။ တကယ်တော့
ဦးဘဂျမ်းဟာ အဲဒီနေ့က အည်းအဝေးကို တက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ 




ဘာဖြစ်လို့လဲဆိုတော့ သူဟာ
ဟင်္သာတ ခရိုင်ကို ခရီးထွက်ရာကနေ ပြန်ရောက်ခါစ ဖြစ်ပြီး အအေးမိကာ အနည်းငယ် မကျန်းမမာဖြစ်နေတာကြောင့်
ဖြစ်တယ်။ဒါပေမယ့် သူကဟာ အဲဒီအချိန်က အရေးကြီးသတင်းထူး တခုကိုအမြန်ဆုံးတင်ပြ အစီရင်ခံဖို့
လိုအပ်နေတယ်လို့ ယူဆပြီး အစည်းအဝေးကို ကြိုးစားလာတက်ခြင်းဖြစ်တယ်။




ဦးဘဂျမ်းရရှိခဲ့တဲ့ သတင်းထူး
တစ်ခုကတော့ လွန်ခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ(Base
Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး  တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့မှုရဲ့
တရားခံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။











ဂဠုန်ဦးစောရဲ့
လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာတော့ ကြာပါပြီ။နောက်ပြီးဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင်
အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်ဟာ ဦးစောရဲ့လူသတ်မှုတွေကို
သင်္ကာ မကင်းဖြစ်ကာ၊ မိမိနေအိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညအချိန် စောင့်ကြည့်နေခဲ့ရာ
ဦးစောဟာ တပည့် လေးငါးယောက်နဲ့ အတူ  အင်းလျှားရေပြင်မှာ
လှေတစင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ပြီး ဒီသတင်းကိုလည်း ဘုရင်ခံရဲ့
အတွင်းဝန် ဖိလစ်နက်ရှ်ထဲမှ တဆင့် ဘုရင်ခံက ဇူလိုင်က ၁၈ရက်နေ့မှာ သိထားပြီးဖြစ်တယ်။နောက်ပြီး
အဲဒီလုပ်ကြံမှု့ဖြစ်ပွားတဲ့နေ့က လူ၅ဦးကို တင်ဆောင်ကာအပြေးမောင်းနှင်လာတဲ့ ဂျစ်ကားလေးတစ်စီး
ဦးစောအိမ်ထဲကို ချိုးဝင်သွားတယ်၊အ၀င်မှာ ဦးစောနဲ့ဆုံမိကြတော့ "အောင်ပြီ၊အောင်ပြီ"
လို့လက်သီးလက်မောင်းတန်း ကြွေးကြော်  နှတ်ဆက်ကြတာကို
လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ(မှုခင်းတပ်ဖွဲ့)ကို
သတင်းပို့ခဲ့တယ်။ ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူ
နှိမ်နှင်းရေး တပ်တို့ပူးပေါင်းပြီး အင်းလျှားကန်စောင်းရှိ ဦးစော နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပါတယ်။ဦးစောရဲ့တပည့်တစ်ဦးဖြစ်သူ
မိုက်ရူးရဲ မှုံကြီးက သေနက်ကို ကိုင်စွဲကာ ခုခံပစ်ခတ်  ခဲသေးသော်လည်း အင်အားချင်း မမျှသည်ကို ရိပ်မိတဲ့ဦးစောက
အချိန်မီ တားဆီးခဲ့တဲ့အတွက် ဦးစောတို့ လူသိုက် အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။




ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ
မကြာခင်ကမှ ပြုလုပ်ထားတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေနဲ့အတူ
အင်္ဂလိပ် စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေထဲက တချို့ကို အိမ်ထဲကရော
အိမ်အနီးက အင်းလျှားကန်ကရော ရှာဖွေသိမ်းဆည်းရမိခဲ့တယ်။ 






ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသူ ဦးစော




ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့
လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့
ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး
အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း
လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ 
ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး
ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။




ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့
လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့
ထုတ်ဖော်ရေးသားချက်အရ၊စက်တင်းဂန်း ၂၀၀ ပျောက်ဆုံးမှု့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထက်လာပြီးလုံခြုံရေး
အခြေအနေစိုးရိမ်ရတဲ့အထိ ပြောဆိုမှုတွေရှိလာတဲ့ အခါ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း
လန်ဒန်သွားနေခိုက်ပြည်ထဲရေးဌာန တာဝန်တွေကိုပါ 
ပူးတွဲယူထားတဲ့ ပျော်ဘွယ်ဦးမြက ဗမာ့ တပ်မတော်က တပ်စိတ် တစိတ်ကို ထုတ်နှတ်ပြီး
ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အ၀င်လမ်းမှာ ကင်းပုန်းချထားလိုက်တယ်။ မြန်မာပြည်ရဲ့
ကံဆိုးမိုးမှောင်ကျမှု အစလို့ ပြောရမဲ့ ကိစ္စကတော့ ၊အဲဒီတပ်စိတ်ထဲကရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့
အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်က တွေ့ပြီး ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့
အမိန့်ပေးခဲ့တာကြောင့် လုပ်ကြံမှု့ မဖြစ်ပွားခင် ရက်ကမှ ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့
တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။




ဗိုလ်ချုပ်
အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး
ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင်အယောင်
ပကာသန တွေကို ရွံ့ ရှာ စက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ဗိုလ်ချုပ်ရဲ့
စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကို မချင့်မရဲဖြစ်ကာ မြန်မာပြည်နဲ့ လူထု ရဲ့ဆိုးဝါးလှတဲ့
ကံကြမ္မာလို့ ပဲပြောရမလား မသိတဲ့ အဖြစ်အပျက်ကိုသိမြင်ခွင့်ရခဲ့တော့ အံကြိတ် “တောက်

ခေါက်မိရင်း    ”      “ရန်သူမရှိဘူး

ဆိုတဲ့ ဗိုလ်ချုပ်ရေ ဘယ့်နှယ့်လဲ ကွဲ့။ ”   
လို့သာ ဟစ်အော်လိုက်ချင်တော့တယ်။




ဦးစေ ဒီလို နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို
လုပ်ကြံ သတ်ဖြတ်ရတဲ့ အကြောင်းအရင်းက လန်ဒန်ဆွေးနွေးပွဲမသွားမီ
လအနည်းငယ်အလိုက ကာကီရောင်ဝတ်ထားတဲ့ လူ နှစ်ယောက်က ဦးစောကို သေနတ်နဲ့ ပစ်လုပ်ကြံခဲ့ရာမှာ
အသက်မသေခဲ့သော်လည်း မျက်ခုံးကိုရှပ်မှန်ကာ ဒဏ်ရာရခဲ့တယ်။ ဒီလုပ်ကြံမူကို ဗိုလ်နေဝင်း
နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ အစီအမံနဲ့ ဦးမြလိုင်(ပေဖူးလွှာ မဂ္ဂဇင်း အယ်ဒီတာဟောင်း) က
ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေက ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။ ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီါ်ပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ
တပ်ရင်းမူးဗိုလ် နေဝင်း(အဲဒီအချိန်က ဗိုလ်နေဝင်းဟာတပ်ရင်းမူးသာရှိ သေးတယ်)ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။ဒီကိစ္စ
ဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပြည်သူ့ရဲဘော် လက်ချက်ဖြစ်တယ်လို့ယူဆကာ ဦးစော က ဗိုလ်ချုပ်နဲ့
ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေ တာလို့ပြောကြတယ် အမှန်တော့ ဒီလုပ်ကြံမူ
ကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။




ဦးစောဟာ ဗိုလ်ချုပ်တို့ကို ညှီးသူရန်ဘက်
အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုက်၊  ဦးစော တချိန်က
“ကောင်လေးတစ်ယောက်
လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက
နိုင်ငံအမျိုးသားခေါင်းဆောင်ဖြစ်လာပြီး သူလို နိုင် ငံရေးသမား စားဖားအိုကြီးတွေအတွက်
မြန်မာ့ နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိဖြစ်နေရတဲ့အဖြစ်ကို ကြိတ်မနိုင် ခဲမရ ဖြစ်နေရတယ်။ဒါ့ကြောင့်
ဦးစောအနေနဲ့ ဖဆပလ ခေါင်းဆောင်အားလုံးကု ဖယ်ရှားနိုင်မှသာသူ့အနေနဲ့အာ ဏာရနိုင်မှာဖြစ်တယ်လို့
ယူဆကာ ရန်ကုန်ရှိ ဖဆပဘ ခေါင်းဆောင်အားလုံးကိုသာမက နယ်ရှိဖဆပလ ခေါင်းဆောင်တွေကို ပါ
လုပ်ကြံသတ်ဖြတ်ဖို့  စီစဉ်ခဲ့တယ်။ ဒါ့ကြောင့်လဲ
အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်း ခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေ ကိုအိမ်အနီး အင်းလျားကန်ထဲမှာ
ဝှက်ထားသလိုလက် နက်တချို့တဝက်ကို လဲမျိုးချစ်ပါတီဝင်တွေဆီ ကိုဖြန့်ဝေထားပြီးဖြစ်တယ်။




ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မူ
ဟာ နယ်ချဲ့ဗြိတိသျှတွေ ရဲ့မြှောက်ပင့်အားပေး မူကြောင့်သာဖြစ်တယ်။ဗြိတိသျှ ကွန်ဆာဗေးတစ်
နိုင်ငံရေးသမားတွေ၊စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့
ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကိုမရူစိမ့်မနာလိုကြ ပါဘူး။ဒါကြောင့် မြန်မာနိုင် လွတ်လပ်ရေး
မယူမီမှာ ဖဆပလ အစိုးရအဖွဲ့ ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံ အတွင်းမှာဆက်ရှိနေအောင်
ဂဠုန်ဦးစော လိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်။




ပြီးပါပြီ။







Credit to: မောင်ကျောက်ခဲ










Saturday, 13 July 2013

ဥသြဆွဲသံကို ဖုန်းနဲ့ဖွင့်ပြီး အာဇာနည်ခေါင်းဆောင်းကြီးတွေကို အလေးပြုကြစို့

Unknown | 13.7.13 | Best Blogger Tips


 






ဥသြဆွဲသံကို ဖုန်းနဲ့ဖွင့်ပြီး အာဇာနည်ခေါင်းဆောင်းကြီးတွေကို အလေးပြုကြစို့
July 19,, နံနက် (10:37) နာရီမှာ ပြိုင်တူဖွင့်ကြပါ...
အောက်က Link မှာ Download ရယူပါ... ကျွန်တော်ဖန်တီးထားတဲ့အသံလေးပါ.. ၁ မိနစ်စာရှိပါတယ်
ဗိုလ်ချုပ်အောင်ဆန်းကိုချစ်သော Mobile User များ Share ပေးကြပါ.....။
 












Credit : Ko Htwe





Myanmar Mobile Users Group 





 ဒါလေးကတော့ ဒီနေ့ Facebook မှာ တွေ့လို့ တဆင့် ပြန်ရှယ်ပေးလိုက်ပါတယ်.... 




အ လေး ပြု ဖို့အတွက် 19 JULY.apk

ပထမအကွက် - နိုင်ငံတော်သီချင်း

ဒုတိယ - ဥသြဆွဲသံ

တတိယ - ဗိုလ်ချုပ်အောင်ဆန်းသီချင်း




( Dub Horn.apk ကို ပြင်ထားတာပါ )

အားလုံး အဆင်ပြေ ပါ စေ ဗျာ ... :)
 


Apk Developer By (ကို မိုး စက်)



Download >> http://db.tt/VyVRPRSG







Wednesday, 10 July 2013

မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ပြနိုင်ပါက နေရပ်သို့ ပြန်လာနိုင်

Unknown | 10.7.13 | | Best Blogger Tips















နည်းပညာနဲ့ မဆိုင်ပေမဲ့ မသိသေးတဲ့ မလေးက ညီကို သူငယ်ချင်းတွေ သိနိုင်ဖို့ တဆင့်ပြန်လည်မျှဝေရခြင်းပါ....။





မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြနိုင်ပါက နေရပ်သို့ ပြန်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားများ အနေဖြင့် နေရပ်သို့ ပြန်လာမည်ဆိုပါက မှတ်ပုံတင်နှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း တရားဝင် ထောက်ခံချက်များကို မှာယူရမည်ဖြစ်ကာ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် CI လျှောက်ထားရမည်ဟု သိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နိုင်ငံကူး ပတ်(စ်)ပို့စာအုပ် မရှိသူများ၊ မိတ္တူသာ ကိုင်ဆောင်ထားသူများ၊ အထောက်အထား ပြစရာ မရှိသူများ အနေဖြင့် မြန်မာနိုင်ငံမှ ထုတ်ပေးသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်ထောက်ခံစာများကို ပြန်လည်မှာယူပြီး မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွင် CI လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

CI လျှောက်ထားလိုသူများ အနေဖြင့် မှတ်ပုံတင်မူရင်း (သို့မဟုတ်) မိတ္တူ၊ အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်ရဲစခန်း ထောက်ခံစာတို့နှင့်အတူ အခမဲ့လာရောက် လျှောက်ထားနိုင်သည်ဟု သိရသည်။ သို့သော် အထောက်အထား မရှိသူများ အနေဖြင့် မြန်မာသံရုံးသို့ သွားရောက်ကာ မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးမှုခံယူ ပြီးပါက ပြန်ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ထုတ်ပြန်ထားချက်အရ သိရသည်။

ယခုအစီအစဉ်ကြောင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ၊ မြန်မာနိုင်ငံသား မဟုတ်သူများ အနေနှင့် အခက်အခဲ တွေ့ဖွယ်ရှိကြောင်း သိရသည်။
 





Ref: ELEVEN