Showing posts with label Mozilla Firefox နှင့် ပါက်သက်သမျှ. Show all posts
Showing posts with label Mozilla Firefox နှင့် ပါက်သက်သမျှ. Show all posts

Saturday, 1 March 2014

မိမိ ရဲ့ကွန်ပြူတာမှာ Firefox ကထုတ်တဲ့ OS လေးတင်ပြီးတော့သုံးကြည့်မယ်

Unknown | 1.3.14 | | Best Blogger Tips




ကဲဒါလေးကတော့ ကွန်ပြူတာကို ကလိချင်တဲ့လူတွေအတွက် ကလိလို့ရအောင်

ပြန်လည်မျှဝေပေးလိုက်တာပါ။ Firefox OS ကိုကြားသာကြားဖူးပြီး မသုံးဖူးသေးတဲ့

 သူငယ်ချင်းတို့အတွကအမြည်းလေးပေါ့ခင်ဗျာ။FIREFOX OS လေးက ANDROID လိုပါပဲ

ကွန်ပြူတာမှာ မို့ ဖန်ရှင်မတူတာက လွဲရင် ဖုန်းမှာဆိုရင်တော့တော်တော်လေးကို တူပါတယ်။

ANDROID ဖုန်းလိုပဲ Facebook သုံးနိုင်တယ်။ Games တွေ ကစားလို့ရတယ်။မြန်မာဖောင့်လည်း

ကောင်းကောင်းမြင်ရပါတယ်။ပြု့လုပ်ပုံအသေးစိတ်ကို VDO လေးလုပ်ပြီးတော့ 

ကျနော်ရဲ့ သူငယ်ချင်းတွေကို ပြသထားပေးပါတယ်။လိုအပ်တဲ့ မြန်မာဖောင့်ကိုလည်း 

အဆင်သင့် ဒေါင်းနိုင်ရန်အောက်မှာ  ၃ နေရာကနေ ပြန်တင်ပေးထားပါတယ်။

ဒီမြန်မာဖောင့် ဟာPC မှာသုံးတဲ့ Viber မှာတောင် မြန်မာလိုမရရင် ဒီကောင်လေး 

က မြန်မာလိုကောင်းကောင်းမြင်အောင်ပြု့လုပ်ပေးနိုင်ပါတယ်





 မြန်မာဖောင့်လေးကို အောက်မှာ ဝင်ဒေါင်းလိုက်ပါ ခင်ဗျာ



ကိုလတ်(ကျွဲဆင်း)

Monday, 9 December 2013

Firefox မှာ Duplicate Tabs တွေ မဖွင့်မိအောင် တားပေးမယ့် Dublicate Tab Blocker

Unknown | 9.12.13 | | Best Blogger Tips



Firefox မှာ Duplicate Tabs တွေ မဖွင့်မိစေဖို့
==========================================

Browser တွေမှာ Tab တွေ အသုံးပြုလို့ရစေတဲ့အတွက် ၀က်ဆိုက်တွေအများကြီး ကို Browser 

တစ်ခုထဲက နေကြည့်လို့ရပါတယ်။ Tab တွေအများကြီးဖွင့်ပြီး အသုံးပြုခြင်းဟာ သင့်ကွန်ပြူတာကိုလေးလံစေတာကို သတိပြုပါ။ အထူးသဖြင့် RAM Memory နည်းတဲ့စက်တွေမှာဆို သိသာပါတယ်။ ၀က်ဆိုက်တစ်ခုထဲကို Tab နှစ်ခုမှာ ဖွင့်ကြည့်မိတဲ့ အဖြစ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို Duplicate Tab တွေကို မဖွင့်မိအောင် ကာကွယ်ပေးမယ့် Firefox Add-on တစ်ခုဖြစ်တဲ့ Duplicate Tab Blocker ကို အသုံးပြုရင် အဲဒီ ပြဿနာကိုကင်းဝေးစေမှာပါ။

Duplicate Tab Blocker ကို အင်စတောလုပ်ပြီးရင် Restart လုပ်စရာမလိုပါဘူး။ ဒါ့အပြင် အသုံးပြုသူက Configure လုပ်စရာမလိုပါဘူး။ ဖွင့်ထားပြီးသား ၀က်ဆိုက်တစ်ခုကိုထပ်ပြီးဖွင့်မိရင် နောက်ထပ် Tab တစ်ခုဖွင့်ပေးမှာမဟုတ်ဘဲ ဖွင့်ထားပြီးသား Tab ကို ပြပေးမှာပါ။


 Ref to Digital Life Journals


ကိုလတ်(ကျွဲဆင်း)


Monday, 2 December 2013

ဝက်ဆိုက်တစ်ခု မှ အကောင့်များကို Firefox မှာ တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေမယ့် Multifox

Unknown | 2.12.13 | Best Blogger Tips



ဝက်ဆိုက်တစ်ခု မှ အကောင့်များကို Firefox မှာ 

တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေမယ့် Multifox
==========================================
အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာ အတွက် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် Facebook, Google စတဲ့ ၀က်ဆိုက်တွေမှာ အကောင့်တစ်ခုထက်ပိုအသုံးပြုကြမှာပါ။ Firefox မှာ Cookie တွေကို စီမံခန့်ခွဲတဲ့ System တစ်ခုရှိပါတယ်။အဲဒီအတွက် Gmail အကောင့်တစ်ခုကို Login ၀င်ပြီး အသုံးပြုနေတဲ့အချိန်မှာ နောက်ထပ် Gmail အကောင့်တစ်ခုကို Login ၀င်လို့မရပါဘူး။ နောက်ထပ် Firefox Window တစ်ခုကိုဖွင့်ပြီး အသုံးပြုရင်တောင် မရပါဘူး။ ၀က်ဆိုက်တစ်ခုက အကောင့်တွေကို တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုချင်ရင် တစ်ခြား Browser ကိုအသုံးပြုရမှာပါ။ ဒါမှမဟုတ် Firefox ရဲ့ Private Window ကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းတွေထက်ပိုပြီး လွယ်ကူအဆင်ပြေစေမယ့် နည်းကတော့ Multifox ဆိုတဲ့ Firefox Add-on ကို အသုံးပြုခြင်းဖြစ်ပါတယ်။ Multifox က ၀က်ဆိုက်တစ်ခု က အကောင့်တွေအများအပြားကို တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေပါတယ်။ Private Window နဲ့ မတူတဲ့အချက်က Cookie တွေကိုလည်း သီးခြားသိမ်းပေးထားနိုင်တာဖြစ်ပါတယ်။
Multifox ကို အင်စတောလုပ်ပြီးရင် Firefox ကို Restart လုပ်စရာမလိုပါဘူး။ Facebook အကောင့်တစ်ခုကို အသုံးပြုနေတယ်ဆိုပါစို့။နောက်ထပ်အကောင့်တစ်ခုကို အသုံးပြုချင်ရင် URL Bar က Multifox Icon ကိုနှိပ်ပါ။ New ကိုနှိပ်ရင် Firefox Window တစ်ခုပေါ်လာမှာဖြစ်ပြီး နောက်ထပ် Facebook အကောင့်တစ်ခုကို အသုံးပြုနိုင်ပါတယ်။ Multifox က Profile အသစ်တစ်ခုကို ပြုလုပ်ပေးလိုက်တာဖြစ်ပြီး Icon ကိုနှိပ်ကြည့်ရင်

 Default Profile, Profile 2 , Profile 3 စသဖြင့် တွေ့ရမှာပါ။
Icon ကို နှိပ်ကြည့်ရင် Profile တွေကို တွေ့ရမှာဖြစ်သလို Rename, Delete လုပ်ဖို့ Options တွေကို Edit မှာတွေ့နိုင်ပါတယ်။



 ref to Digital Life



ကိုလတ်(ကျွဲဆင်း)



Tuesday, 15 October 2013

firefox ကိုအလုပ်လုပ်တာမြန်အောင်SpeedyFox 2.0.5 ကိုသုံးမယ်

Unknown | 15.10.13 | Best Blogger Tips


သူငယ်ချင်းတို့ သုံးတဲ့ ကြိုက်တဲ့ Firefox ဟာသုံးတာကြာလာရင် 

web page တွေတက်တာနှေးလာပါလိမ့်မယ် ဒီ Speed fox လေး ကို install လုပ်လိုက်ပါ

3 ဆလောက်မြန်လာတာကိုတွေ့ရပါလိမ့်မယ်။Speed fox လေးကို run တော့မယ်ဆိုရင်


သုံးနေတဲ့ Firefox ကိုအရင်ပိတ်ပေးဖို့တော့ လိုလိမ့်မယ် ပြီးမှ Speedfox လေး ကို

run လိုက်ပါ ။ဒီ ဗာားရှင်းအသစ်မှာ Opera Browser သုံးတဲ့ လူတွေအကြိုက်

Opera ကိုလည်း support လုပ်ပေးထားပါတယ်။ OS 2မျိုး အတွက် တင်ပေးထားပါတယ် ခင်ဗျာ

WINDOWS အတွက်


MAC OS အတွက်

 

ကိုလတ်(ကျွဲဆင်း)

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Saturday, 12 October 2013

Facebook မှာ မိမိ သုံးတဲ့ password ကို ကြည့်မယ်

Unknown | 12.10.13 | Best Blogger Tips


ကဲကဲ..Facebook မှာကိုယ်သုံးတဲ့ password ကို ပြန်မကြည့်ချင်ကြဘူးလား

Firefox မှာတော့ကြည့်လို့ရပါတယ် ခင်ဗျာ

Add on လေးတခု့ထည့်ပေးရမယ် မကြောက်ပါနဲ့ အဲ့ဒီ Add On က Firefox ကပေးတဲ့ Add on ပါ

Add on ကို ဒီနေရာ မှာ ယူလိုက်ပါ


ဆိုဒ်ထဲရောက်ရင် Add to Firefox ကိုနှိပ်လိုက်ပါ


ဒေါင်းပြီးရင် install လုပ်ပေးရပါမယ်



install လုပ်ပြီးရင်ကြည့်လိုက်ပါ password ရိုက်တဲ့အကွက်ရဲ့ဘေးမှာ

show ဆိုတာလေးပါ ပါတယ် ကြည့်ချင်ရင် show ကိုနှိပ်လိုက်ပါ

ပြန်ဖျောက်မယ်ဆို hide လို့ပေါ်ပါတယ်

အာဆို password လွဲ မှာမကြောက်ရတော့ဘူးပေါ့နော် ..ဟီးဟီးဟီး

ဒါလေးပါပဲခင်ဗျာ



ကိုလတ်(ကျွဲဆင်း)




Thursday, 12 September 2013

MOZILLA FIREFOX 24 BETA 10

Unknown | 12.9.13 | | Best Blogger Tips


လူသုံးအလွန်များတဲ့ Browser လေးရဲ့ update အသစ်လေး ကို

အားလုံးအလွယ်တကူဒေါင်းနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်



အိုင်တီခေတ်

Friday, 6 September 2013

Firefox ကို ပိုပြီးမြန်ဆန်စေအောင် Speed တိုးကြမယ်...

Anonymous | 6.9.13 | Best Blogger Tips

 Firefox Animated Gifs
မဂ်လာပါနော်သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့ လူတိုင်းလိုလို အသုံးပြုနေကြတဲ့ မော်ဇီလာ
ဆိုတဲ့ Firefox ရဲ့ အကြောင်းလေးပါဘဲ... သူကတော့ Firefox ကို ပိုမိုမြန်ဆန်စေတဲ့ နည်းလမ်လေးတစ်ခုကို  ရှာဖွေတွေ့ရှိထားလို့...ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်... သိထားပြီး သူများလည်း တော်တော် များများ ရှိနေကြမယ်လို့ ထင်ပါတယ်.. မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်..... လုပ်နည်းလေးကလည်း ရိုးရှင်းတာ မို့ အပန်းမကြီးတဲ့အတွက် လုပ်ကြည့်လိုက်ပါနော်

ကဲစမယ်...ပထမဆုံး မိမိတို့ ကွန်ပျူတာရဲ့ Runbox ကိုခေါ်လိုက်ပါ... Win + R ကိုတွဲကလစ်ခြင်းဖြင့် ရနိုင်ပါတယ်..နော်  အိုကေ  ကျလာတာနဲ့ အဲထဲမှာ regedit  ဆိုပြီးရေးထည့်ပေးလိုက်ပါ နောက် ok..

ကဲ ပြီးတာနဲ့ အောက်မှာ ပြထားတဲ့ Registry Editor ဇယားကျလာပါပြီ.. အဲထဲမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွားလိုက်ပါနော်....သည်လိုလေးပေါ့နော်...
HKEY_LOCAL_MACHINE\   SYSTEM\   CurrentControlSet\  Services\   Dnscache\

နောက်ထပ် ဆက်ကရစ်ရန် ရှိပါသေးတယ်နော် မပြီးသေးပါ  ဇယားနံပါတ်  ( ၂ ) လာပါ့မယ်နော်...
ပုံမှာ ပြထားသလို နံပါတ် ( ၆ ) ထိကလစ်ပြီးတာနဲ့ ညာဘက်က အကွက်ထဲကို ကြည့်လိုက်ပါ... ဖိုင်လေး နှစ်ခု  သာရှိနေရမှဖြစ်ပါတယ်... ယခု ကျနော် ပြထားသော ဖိုင် လေးခု ဖြစ်နေခြင်းဟာ...ကျွန်တော် Firefox Speed ကို တိုးထားလို့ ဖြစ်ပါတယ်... မိမိတို့လည်း ထို့နည်းတူ ထိုင်လေး လေးခု ဖြစ်နေအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်...အမှန်က Speed တိုးပြီးတာနဲ့  မိမိတို့ အပေါ်ကပုံ နေရာပြန်သွားကြည့်တဲ့အခါ  စုစုပေါင်း ဖိုင်  ( ၆ ) ဖိုင်ဖြစ်နေရပါမယ်.. ကျနော်က ၂ ခု ဖျက်မိထားလို့  ၄ ခုဘဲကျန်နေတာ...ေိေိ... ကဲ.. အောက်မှာ...
 
မိမိတို့ ကွန်ပျူတာက Notepad  ကိုဖွင့်လိုက်ပါ  ဖွင့်ပြီးတာနဲ့  အောက်ကပေးထားတဲ့ ကုဒ်တွေ ယူထည့်ပါ


Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters]
"CacheHashTableBucketSize"=dword:00000001
"CacheHashTableSize"=dword:00000180
"MaxCacheEntryTtlLimit"=dword:0000fa00
"MaxSOACacheEntryTtlLimit"=dword:0000012d
အိုကေ ထည့်ပြီးတာနဲ့  ဆေ့ကြမယ်နော်  ဆေ့ တဲံအခါ အပေါ်ပုံပြထားသလို  file ကိုကလစ်ပါ.. save as ဆိုတာကိုကလစ်ပါ....အောက်မှာ ကြည့်လိုက်ပါ   ဆေ့တဲ့ အခါမှာ file name ဆိုတဲ့နေရာမှာ မဖြစ်မနေ
dnscache.reg   ဆိုတာနဲ့ ထည့်ဆေ့ပေးရမှာဖြစ်ပါတယ်...နေရာကိုတော့ မိမိတို့ Desktop ရေါးပေးပါ။

အိုကေပါ... ဒါဆို save ပေးလိုက်လို့ရပါပြီနော်... အဲလို ဆေ့လိုက်တာနဲ့ မိမိတို့ ဆေ့ထားတဲ့ ဖိုင်လေး Desktop ပေါ်ကြည့်လိုက်ပါနော်...
ကဲ မိမိတို့ မြင်နေရတဲ့ ဖိုင်လေးကို နှစ်ချက်ကလစ်ပြီး run  ပေးလိုက်ပါနော်  ပြီးတာနဲ့

Reg ဖိုင်လေးကို Run ပြီးတာနဲ့  HKEY_LOCAL_MACHINE\   SYSTEM\   CurrentControlSet\  Services\   Dnscache\   Parameters ဆိုတဲ့ နေရာရဲ့ ညာဘက် အကွက်ထဲမှာ ဖိုင် (၄)ဖိုင် တိုးတာပြီး အားလုံးပေါင်း (၆) ဖိုင် ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ Browser ကို Speed မြှင့်လို့ ပြီးသွားပါပြီ။ Registry ကို ပြင်တဲ့အတွက် ကွန်ပျူတာကို Restart လုပ်ပေးဖို့ လိုပါလိမ့်မယ်။


. ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Thursday, 29 August 2013

Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်

Unknown | 29.8.13 | Best Blogger Tips



Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ကြရအောင်

Web Browser အများကြီးထဲကမှMozilla Firefox 

ကိုကျွန်တော်တို့မြန်မာလူမျိုးအသည်းဆွဲလို့ပြော၇င်လဲမမှားလောက်ဘူးထင်ပါတယ်နော်

 hacking သမားတွေ စိတ်ကြိုက် ခိုးလို့ရတဲ့ browser ဆိုလဲမှားပါဘူး

Website တွေဆို Bookmarks တွေ..

တချို့  website တွေဆို remember password လုပ်ထားတွေရှိတယ်..

အဲ့ဒီလို Mozilla Firefox ရဲ့ Setting တွေအကုန်လုံးကို Backupလုပ်ထားရင် 

အဆင်ပြေတာပေါ့ဗျာ..အခန့်မသင့်လို့ Windows

ပြန်တင်ရရင်ပဲဖြစ်ဖြစ်firefox ကို ပြန် Install လုပ်တာပဲဖြစ်ဖြစ် restore 

လုပ်လိုက်တာနဲ့မိမိအရင်ကထားခဲ့တဲ့ setting အကုန်လုံးအလွယ်တကူ ပြန်ရနိုင်ပါတယ် 

ကဲ Restore လုပ်ကြရအောင်…..Run ထဲကနေ” %userprofile%\Application 

Data\Mozilla\Firefox\Profiles”ကိုရိုက်လိုက်ပါ.. 

အဲ့ဒါဆိုရင် Firefox ရဲ့ Profile တွေအကုန်လုံးကိုမှတ်ထားတဲ့ABCD.default ဆိုတဲ့ Folder 

ကိုတွေ့ပါမယ်.. (ABCD ဆိုတာ ကွန်ပျူတာရဲ့ Code ပါ..တစ်လုံးနဲ့တစ်လုံး မတူနိုင်ပါဘူး

 အဲဒီ Folder တစ်ခုလုံးကို save ထားလိုက်ပါ..ဒါဆို ရပါပြီ..

 နောင်တချိန်အကြောင်းကြောင်းကြောင့် firefox Restore ပြန်လုပ်ရင်

Run ထဲကနေ ခုနက Command ကိုပြန်ရိုက်ပြီးFolder လိုက်ပြန်ကူးထည့်လိုက်ရင် 

မိမိအရင်ကထားခဲ့တဲ့Firefox ရဲ့ setting အကုန်လုံးအလွယ်တကူ

 ပြန်ရပြီးအရင်မှတ်ထားတဲ့အချက်အလက်တွေအတိုင်းပုံမှန်ပြန်သုံးနိုင်ပါပြီ

Bookmarks တွေပြန်မရှာရတော့ဘူးပေါ့ဗျာ ကဲ ဒီလောက်ဆိုနားလည်မယ်လို့ 

ထင်မိတာပါတယ် အဆင်ပြေပါစေဗျာ 

Ref to AC Vs DC

အိုင်တီခေတ်



Wednesday, 31 July 2013

MOZILLA FIREFOX မှာ ယာယီ BOOKMARK လေးလုပ်မယ်

Unknown | 31.7.13 | Best Blogger Tips


ဒါလေး ကို ဗဟုသုတ ဖြစ်စေရန်နှင့် အသုံးလိုတဲ့ သူငယ်ချင်းများအတွက်ပါ

အများအားဖြင့် Mozilla Firefox ကို သုံးစွဲတာများပါတယ် အဲ့ဒီအတွက်အသုံးဝင်မယ် ထင်လို့ပါ

Internet ထဲမှာလျှောက်ပြီးလှည့်ပါတ်ကြည့်ရှု့တဲ့ အခါမှာ ကိုယ်ကြိုက်တဲ့ ဆိုဒ်လေးတွေ ဆိုရင်

Ctrl + D နှိပ်ပြီး Bookmark ပေးတက်ကြပါတယ် အမြဲတမ်း အသုံးဝင်တာရော

မဝင်တာရော အားလုံးရောပြီးမှတ်ထားတက်ကြပါတယ် တခါတလေ ကြတော့ ကိုယ်လို လို့

ပြန်ရှာချင်တဲ့ အခါကျရင်ခေါင်းမီးတောက်အောင် ရှာရပြီ မလိုတာတွေရော များနေတာကိုး

ရှာရမှာပေါ့ အဲလိုမဖြစ်အောင် အမှန်တကယ် အမြဲတမ်း ဝင်ကြည့်နေတဲ့ ဆိုဒ်တွေကို Bookmark

အသေပေးပြီး ခဏ သာဝင်ကြည့်မယ့် ဆိုဒ်တွေကို အလိုအလျောက် Bookmark ကနေပျောက်အောင်

လုပ်ထားလိုက်ရင် ရှင်းသွားလိမ့်မယ် ထင်တာပဲ Browser လည်း အလုပ်လုပ်ရတာ သက်သာတာပေါ့

အဲဒီလို ယာယီ Bookmark လေး ကို Tark ဆိုတဲ့ Add on လေးနဲ့ လုပ်မှာပါ

Add on ဆိုလို့ မကြောက်ပါနဲ့ အဲ့ဒါက Official ဆိုဒ်ကနေပေးတဲ့ Add on ပါ ဘာမှကြောက်စရာမရှိပါဘူး

အိုကေ အခု့ ပထမဆုံး Tark ကိုရှာပြီးတော့ ထည့်မယ်

Firefox ရဲ့ Setting ကိုသွားမယ် ဘယ်နေရာလည်း ဆိုတာ သိတယ် မို့လား မသိသေးရင် ပုံမှာပြထားတယ်

အောက်မှာကြည့်လိုက်ပါ

Firefox ဆိုတဲ့ အပေါ်အောက်မြှားလေး ကို ဆွဲချလိုက်ပါ Add on လေး ကို ထပ်နှိပ်လိုက်ပါ


အောက်မှာပြထားတဲ့ အတိုင်း ညာဘက်ထောင့် အပေါ် Search Bar မှာ Tark လို့

ရိုက်ရှာလိုက်ပါ တွေ့ရင် Install လုပ်လိုက်ပါ



Install လုပ်တာပြီးသွားရင် Browser ကို Restart ပေးလိုက်ပါ

Restart ချပြီးလို့ ပြန်ဖွင့်လိုက်ပြီဆိုရင် Extensions ဆိုတာလေး ကို နှိပ်လိုက်ပါ

ပြီးရင် အောက်နားလေးက ပြထားတဲ့ အနီကွက်ထဲ က Options  ကိုထပ်ဝင်လိုက်ပါ


အောက်က ပုံအတိုင် Autu Delete Expired Bookmark ကို အမှတ်ကလေး ပေးလိုက်ပါ

ပြီးရင် OK ကိုနှိပ် ပြီးရင် အပေါ် ကြက်ခြေခတ် ကနေ ပြန်ထွက်လိုက်ပါ ဒါဆိုရပါပြီ

ဆိုဒ်တခု့ ကိုစမ်းကြည့်လိုက်ပေါ့ 


ကျနော် ကအောက်မှာစမ်းပြထားတယ်ကြည့်လိုက်ပါ

ဆိုဒ် ဘယ်နေရာဖြစ်ဖြစ် Right Click နှိပ်လိုက်ပြီးကြည့်လိုက် Tark ဆိုတာလေး ပေါ်နေတယ်

အဲ့ဒါလေး ကို ထပ်ထောက်လိုက်ပါ ဘေးမှာ ပြထားတဲ့ အကွက်ကလေး အတိုင်း ပေါ်လာမယ်

အဲ့ဒီမှာ မိမိစိတ်ကြိုက် ထားချင်တဲ့ ရက်ကို

 ကန့်သတ်ပေးလိုက်လို့ရပါတယ် ၁ပါတ် ၂ပါတ် ၃ ပါတ် ၄ ပါတ်

အထိ ထားလို့ရပါတယ် အလိုအလျောက် ပျောက်မသွားအောင်လည်းထားလို့ရပါတယ်





ဒါလေးပါပဲ ခင်ဗျာ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ



ကိုလတ်(ကျွဲဆင်း)