Showing posts with label IOS နှင့် သက်ဆိုင်သော. Show all posts
Showing posts with label IOS နှင့် သက်ဆိုင်သော. Show all posts

Tuesday, 24 June 2014

Pangu နှင့် iOS 7.1 နှင့် 7.1.1 ကို Jailbreak လုပ်မယ်

မိုးညိုသား | 24.6.14 | | Best Blogger Tips







2014-06-23 13_23_38-



မင်္ဂလာပါ အားလုံးစောင့်စားနေကြတဲ့ iOS 7.1.1 Jailbreak Tools ကို တရုတ်ဟက်ကာတွေက ထုတ်ပေးလိုက်ပါပြီ။ တစ်ချို့ မလုပ်တတ်တဲ့သူတွေအတွက် Jailbreak လုပ်နည်းကို ကျွန်တော် အောက်မှာ ရှင်းပြပေးပါ့မယ်


ကွန်ပျူတာမှာ Pangu ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ ကျွန်တော်ဝိုင်းပြထားတဲ့နေရာက အမှန်ခြစ်ကလေးကို ဖြုတ်လိုက်ပါ။










ပြီးသွားရင်တော့  i Device ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ အောက်က ပုံမှာဝိုင်းပြထားတဲ့နေရာကို နှိပ်ပါ







ပြီးသွားရင် Pangu မှာအောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်။




 အဲဒီအချိန်ကျရင် မိမိ iDevice ကိုဖွင့်ပါ။ Setting ကိုဝင်ပါ General ကိုဝင်ပါ Date & Time ကိုဝင်လိုက်ပါ
Set Automatically မှာ ON ထားတာကို ပိတ်လိုက်ပါ။ ပြီးရင် အပြာရောင် Dtae ကိုနှိပ်ပြီးတော့  2 Jun 2014   8:30 ကို ပြောင်းပေးလိုက်ပါ။ ပြီးတာနဲ့ သူ့အလိုအလျှောက် Jailbreak ဆက်လုပ်နေပါလိမ့်မယ်.။



Jailbreak လုပ်နေစဉ် ၅၀ ရာခိုင်နှုံးလောက်မှာ ရပ်နေပါလိမ့်မယ်.. ဒီနေရာကိုရောက်ကရင်တော့ ဖုန်းကိုဖွင့်လိုက်ပါ ဖုန်းထဲမှာ Pangu icon လေးကိုတွေ့ရပါလိမ့်မယ် နှိပ်ပေးလိုက်ပါ ဘာမေးမေး Continue ကိုနှိပ်လိုက်ပါ အောက်ပါပုံအတိုင်း Keep the device connected and not close the app လို့ပေါ်နေပါလိမ့်မယ် ဘာမှာမလုပ်ပါနဲ့ ခဏနေရင်  Reboot ကျသွားပါလိမ့်မယ်။




ခဏနေရင် ပြန်တက်လာပါလိမ့်မယ် ဖုန်းကို Unlock လုပ်ပေးလိုက်ပါ.။  ခဏနေရင် နောက်တစ်ကြိမ် Reboot ကျပြီးတော့ ပြန်တက်လာတဲ့ အချိန်ကျရင် စောင့်စားနေတဲ့ Cydia iCon လေးကို တွေ့ရပြီဖြစ်ပါတယ်။


Pangu ဒေါင်းရန် >>> Mediafire :: Zippyshare 








အားလုံးအဆင်ပြေကြပါစေဗျာ....





Thursday, 20 March 2014

Contract Killer 2 ကို Credit တွေအများကြီး ဟက်ယူကြမယ်

မိုးညိုသား | 20.3.14 | | Best Blogger Tips




မင်္ဂလာပါ Contract Killer 2 ကိုကစားနေတဲ့ ios သမားတွေအတွက် Credit တွေခိုးတဲ့နည်းလမ်းလေးရေးပေးချင်ပါတယ် .. နဲနဲတော့ လက်ဝင်ပါတယ်.. JB လုပ်မထားတဲ့ သူတွေလည်း ခိုးလို့ရတဲ့နည်းလမ်းလေးဆိုတော့ သဘောကျလိမ့်မယ်ထင်ပါတယ်.. ၁၀၀% အဆင်ပြေကြောင်း အာမခံပါတယ် .. ကဲစလိုက်ကြရအောင်...

မစခင် .. လိုအပ်တာတွေကို   ( Zippyshare :: MiloShare ::: TusFiles  )      ဒေါင်းလိုက်ပါ..   

  1.  ပထမဆုံးအနေနဲ့ ဒေါင်းထားတဲ့ဖိုင်ကိုဖြေပြီးတော့ အထဲက ContractKiller2 XML ဖိုင်ကို Desktop ပေါ်ကိုတင်ထားပါ.
  2. နောက်ပြီးတော့ Charles Pro ကို ကွန်ပျူတာမှ install လုပ်ပါ.
  3. Devices ထဲက Safari ကနေပြီးတော့ www.charlesproxy.com/charles.crt/ ကိုရိုက်ပြီးတော့ Charles Proxy ကို install လုပ်ထားပါ။  
  4. ပြီးရင် ကွန်ပျူတာမှာ Charles ကိုဖွင့်ပါ.. ပွင့်လာပြီဆိုရင် Proxy ကိုနှိပ်လိုက်ပါ.. 
  5. ပြီးသွားရင်တော့ Proxy Settings ကိုဝင်လိုက်ပါ ။
  6. Setting ကိုရောက်သွားတာနဲ့ Port မှာ 8888 ကိုရိုက်ထည့်လိုက်ပါ။
  7. ပြီးသွားရင် SSL ကိုနှိပ်ပါ... Enable SSL Proxying ကို အမှန်ခြစ်ပေးလိုက်ပါ..
  8. ပြီးရင် Add ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဇယားပေါ်က  Host ;; မှာ ကြယ်ပွင့် ( * ) ကိုနှိပ်ထည့်လိုက်ပါ.. Port မှာကတော့ 8888 ကိုရိုက်လိုက်ပါ ပြီးရင် OK ကိုနှိပ်ပါ..
  9.  ပြီးရင် Tools ကိုနှိပ်ပါ ကျလာတဲ့အထဲမှ Rewrite ကိုနှိပ်လိုက်ပါ ..ဘောက်တစ်ခုကျလာပါလိမ့်မယ် ကျလာတဲ့ ဘောက်မှာ Enable Rewrite ကိုအမှန်ခြစ်ပေးလိုက်ပါ  ပြီးရင် အောက်က Import ကိုနှိပ်ပြီးတော့ စောစောက Desktop ပေါ်တင်ခိုင်းထားတဲ့ Contract Killer 2 XML ဖိုင်ကိုရွေးပေးလိုက်ပါဗျာ.
  10. နောက်တစ်ဆင့်ကတော့ Help ကိုနှိပ်ပါ .. ကျလာတဲ့အထဲကမှ Local IP Adress ကိုနှိပ်လိုက်ပါ ထွက်လာတဲ့ IP ကို သေချာမှတ်ထားလိုက်ပါ.. 
  11. ဒီအဆင့်ကတော့ မိမိရဲ့ devices မှာလုပ်ရမှာဖြစ်ပါတယ် .. Wifi Connection ရှိနေဖို့တော့လိုအပ်ပါတယ် ခင်ဗျာ.. ရှိနေပြီဆိုရင် Setting ကိုဝင်လိုက်ပါ.. မိမိချိတ်ထားတဲ့ wifi နည်မည်ရဲ့ ဘေးနားက (i) လေးကိုနှိပ်လိုက်ပါ .. ပြီးရင် HTTP PROXY အောက်က Manual ကိုနှိပ်ပါ ပြီးရင် အောက်မှာ .. Server ဆိုတဲ့နေရာမှာ စောစောက မှတ်လာခဲ့တဲ့ Local ip ကိုထည့်ပေးလိုက်ပါ.. Port မှာတော့ 8888 လို့ပဲပေးလိုက်ပါ.. Proxy ထည့်လို့ပြီးရင် ပြန်ထွက်လိုက်ပါ .. Safari ကနေ Proxy အလုပ်လုပ်မလုပ်ကို Google လို့ရိုက်ပြီးတော့ စမ်းကြည့်လိုက်ပါ တက်လာပြီဆိုရင်တော့ အလုပ်လုပ်ပါတယ် ကဲဒါဆိုရင်တော့ Hack လုပ်လို့ရပါပြီ..

ကဲ Drive မှာရှိတဲ့  Contract Killer ကိုဖွင့်လိုက်ပါ..  ပြီးရင် Store ကိုဝင်လိုက်ပါ

ဝင်ပြီးပြီဆိုရင် အောက်ကအတိုင်းတွေ့ရပါလိမ့်မယ်....




တွေ့ပြီဆိုရင်..  Free ဆိုပြီးတော့ အောက်ဆုံးက Credit ပုံလေးနဲ့ဟာကို နှိပ်လိုက်ပါ..



အပေါ်မှာ Watch a Video For 9999999 Free ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်..  နှိပ်လိုက်ပါ.. Clash of Clans ထွက်လာပါလိမ့်မယ် ..  ပြီးတဲ့ကြည့်ပေးလိုက်ပါ ပြီးသွားရင်  X နှိပ်ပြီးတော့ထွက်လိုက်ပါ အောက်ပါပုံ အတိုင်း 9999999 Credit ရရှိပြီဖြစ်ကြောင်းပြောလာပါလိမ့်မယ်ဗျာ ဘယ်တော့မှမကုန်တော့ပါဘူးဗျာ အမုန်းသာဝယ်ပြစ်လိုက်တော့ ကုန်ရင်လည်း စောစောကလို Short Movie ကြော်ငြာလေးကြည့်ပေးလိုက်ရင် ရလာပါလိမ့်မယ်

ကဲအားလုံးပဲ အဆင်ပြေကြပါစေဗျာ.. အတတ်နိုင်ဆုံးတော့ နားလည်အောင်လို့ ကြိုးစားပြီးတော့ ရှင်းပြပေးထားပါတယ်.. အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် Comment ဖြစ်ဖြစ် C Box ကနေပဲဖြစ်ဖြစ်ပြောခဲ့ပါ..


ပြုလုပ်ပုံအဆင့်ဆင့် ပုံများ..








ကွန်ပျူတာမှာလုပ်ရန်...








အဆင်ပြေပါစေဗျာ..

စာကြွင်း၊၊၊၊၊၊ ။။ Windows System 32bit သမားများအတွက် .. Charles ကို ဒီနေရာမှာ  ဝင်ယူလိုက်ပါ...
License ဗားရှင်းမဟုတ်သည့်အတွက် မိနစ် ၃၀ သာဖွင့်လို့ရပါသည် ပြည့်သွားရင် ပိတ်ခိုင်းပါလိမ့်မယ်.. ပိတ်ပြီးရင် ပြန်ဖွင့်လိုက်ပါ ...ပြန်သုံးလို့ရပါတယ်..


Monday, 13 January 2014

iOS 7 Font ထည့်ပြီးသော်လည်း မြန်မာစာမပေါ်သော Device များအတွက်

မိုးညိုသား | 13.1.14 | Best Blogger Tips

ကျွန်တော် ဒီနေ့ညပဲ ကျွန်တော့် သူငယ်ချင်းရဲ့ i Pad Mini ကို Firmware Update လုပ်ပြီးတော့ မြန်မာဖောင့်ထည့်ဖို့အတွက် Jailbreak လုပ်တယ်.. နောက်ပြီးတော့ Source သွင်းပြီးတော့ Zawgyi ios 7 ကို install လုပ်တယ် နောက်ပြီး ကီးဘုတ် ကိုပါထည့်တယ် install လုပ်ပြီးသွားပေမဲ့ မြန်မာစာကတော့ ပေါ်မလာပါဘူး .. Zawgyi iOS 7 Font Version 1.1.2  က i pad mini မှာပြဿနာ နဲနဲရှိတယ်ထင်ပါတယ်.. ကျန်တဲ့ဖုန်းတွေနဲ့ စမ်းကြည့်ပါတယ် အဆင်ပြေတာကိုတွေ့ပါတယ်.. i Pad Mini မှာပဲပြဿနာတက်နေတာပါ.. အောက်ကပုံတွေအတိုင်းပါ






အဲဒီလိုမျိုး အခက်အခဲများကြုံခဲ့ရင် သို့လော သို့လော တွေးစရာမလိုပဲ အဆင်ပြေမည့်နည်းလမ်းလေးကို ပြောချင်ပါတယ် Zawgyi iOS 7 Font  Version 1.0 ကိုသာပြန်ပြီးတော့ install လုပ်ပေးလိုက်ပါ .. Zawgyi iOS 7 Font V-1.0 ကို. https://cydia.myrepospace.com/komin27/  cydia မှာအက်ပြီးတော့ install လုပ်နိုင်ပါတယ် အဆင်ပြေကြပါစေဗျာ


အဆင်မပြေတာ ရှိခဲ့ရင် Comment ရေးပြီးထားခဲ့ပါဗျာ


Saturday, 11 January 2014

Movie Box ထဲက Movies တွေကို ဘယ်လိုရွှေ့မလဲ

မိုးညိုသား | 11.1.14 | Best Blogger Tips

မင်္ဂလာပါ ဒီတစ်ခါကျွန်တော်ပေးမည့် နည်းလမ်းလေးကတော့ Movie Box ထဲမှာ Download လုပ်ထားတဲ့ Movie တွေကို သူငယ်ချင်း အချင်းချင်း Air Drop နဲ့ ရှယ်ပေးချင်လို့ပဲဖြစ်ဖြစ် .. ကွန်ပျူတာထဲကိုပဲ ထည့်ပြီးသိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် လုပ်လို့ရမည့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ Movie တွေမရွှေ့ခင် ပထမဆုံး မိမိတို့ရဲ့ Device မှာ iFile ရှိဖို့တော့ လိုပါတယ်ခင်ဗျာ..။ iFile မရှိသေးသော သူများ Cydia မှာ (https://repo.hackyouriphone.org) ကိုအက်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။ iFile ရှိပြီဆိုရင် စလိုက်ကြရအောင် ဗျာ

ပထမဆုံး iFile ကိုဖွင့်ပါ ပြီးရင် Home ကိုနှိပ်ပါ





Home ကိုနှိပ်ပြီးပြီဆိုရင် ထွက်လာတဲ့ ဖိုင်တွေထဲမှ Library ကိုနှိပ်ပါ



Library ထဲကိုရောက်သွားပြီဆိုရင် Artworks ဆိုတဲ့ဖိုင်ကိုရှာပြီးတော့ဖွင့်ပါ။ Artworks ဖိုင်ထဲမှာ ရှိသမျှ Movie တွေအားလုံးဟာ Movie Box ထဲမှဒေါင်းခဲ့တာတွေပါ။  Movie ဖိုင်တွေရဲ့ ညာဘက်အစွန်မှာ ရှိတဲ့
 ( i ) ပုံစံ logo လေးကိုနှိပ်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်



ကျလာတဲ့ Box ကလေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါ Add To Camera Roll ဆိုတာကိုတွေ့ပါလိမ့်မယ်။ Add To Camera Roll ကိုနှိပ်လိုက်ရင်တော့ စောစောက ဖိုင်ဟာ Photo ထဲကိုရောက်သွားပြီဖြစ်ပါတယ်။



iFile နေထွက်ပြီးတော့ Photos ထဲက Camera Roll မှာသွားကြည့်ပါ စောစော နှိပ်ခဲ့တဲ့ Movie ရောက်နေတာ တွေ့ပါလိမ့်မယ်..


 ဒါဆိုရင်တော့ Air Drop နဲ့ပဲ ပို့ပို့.. ကွန်ပျူတာထဲကိုပဲ ပြောင်းသိမ်းချင်သိမ်း ကြိုက်တာ အကုန်လုပ်လို့ရပါပြီ.. အဆင်ပြေကြပါစေဗျာ..

 အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါခင်ဗျာ..



iOS သမားများအတွက် Apple ID ပြုလုပ်နည်း

မိုးညိုသား | 11.1.14 | Best Blogger Tips

မင်္ဂလာပါ  ဒီတစ်ခါတော့ တဂျီဂျီတပွမ်ပွမ်နဲ့ တောင်းနေကြတဲ့ Apple ID ကို ကိုယ်တိုင်လုပ်တတ်အောင် လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သိပြီးသားဖြစ်သော ကိုကို မမများ ဤပို့စ်ကို ကျော်သွားလိုက်ပါခင်ဗျာ မသိသေးသော သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ကဲစလိုက်ကြရရောင် ပထမဆုံးရေးပေးမှာကတော့ ဖုန်းနဲ့ဖွင့်နည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ ပြီးရင် မိမိနှစ်သက်ရာ Free app တစ်ခုကိုဒေါင်းလိုက်ပါ...


ပြီးသွားရင်တော့ apple ID တောင်းပါလိမ့်မယ် အဲဒီနေရာမှာ Create New Apple ID ကိုနှိပ်ပြီးတော့သွားလိုက်ပါ





ပြီးသွားရင်တော့ Store ကိုမလေးရှားလို့ရွေးပေးလိုက်ပါ..  Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ



နောက်စာမျက်နှာ ရောက်ပြီဆိုပြီဆိုရင်တော့ မိမိ Email နဲ့ မိမိအသုံးပြုမည့် password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီး စာလုံးကြီးတစ်လုံးနှင့် ဂဏန်းများပါဝင်ရမှာဖြစ်ပါတယ် အလွယ်ဆုံးနည်းကတော့ ပထမဆုံးစာလုံးကို အကြီးနဲ့ရေးပြီး ကျန်တာကို ပုံမှန်ရေးသွားလိုက်ပါ အဆင်ပြေမှာပါ ဥပမာ= Moenyothar12345 အဲလိုမျိုးပေါ့။ ပြီးသွားရင် Question နဲ့ Answer မှာ မိမိမှတ်မိလွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်ပါ အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ မိမိ Password မေ့သွားခဲ့ရင် ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ် မွေးနေ့ ရက် လ တွေကိုထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။





ကဲအခုဆိုရင်တော့ Billing Information  ထည့်ရမည့်နေရာကိုရောက်ပါပြီ ဒီနေရာမှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် အပေါ်မှာကျွန်တော်ပြောခဲ့သလို Free app ကို နှိပ်မလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင် ကျန်တာတွေဆက်ထည့်ရအောင် Title မှာ Mr/Ms ရွေးပါ။ First Name ထည့် Last Name ထည့်ပါ။ Address နေရာနှစ်ခုစလုံးမှာ Balakong လို့ရေးထည့်ပါ. Postcode နေရာမှာ 43300 လို့ထည့်ပါ။
Town နေရာမှာ Seri Kembangan လို့ရေးထည့်ပါ... County မှာ Kuala Lumpur ကိုရွေးပေးလိုက်ပါ. ပြီးသွားရင်တော့ ဖုန်းနံပတ်ကို မိမိကြိုက်တာထည့်ပါ. ပြီးသွားရင်တော့ Next ကိုနှိပ်ပါ ပြီးသွားရင်တော့ Verify Your Account ဆိုပြီးတော့ မိမိ အီးမေးလ်မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ် ဒါဆိုရင် Account လုပ်ခြင်းပြီးဆုံးပါပြီ.







ပြီးသွားရင်တော့ စောစောကထည့်ခဲ့တဲ့ Email ကိုဖွင့်ပြီးတော့ Apple ကပို့ထားတဲ့ mail ကိုဖွင့်ပါ.ပြီးတော့ Verify Now ဆိုတာကို နှိပ်ပြီးတော့ ထည့်ခဲ့တဲ့ ID နဲ့ Password ကိုထည့်ပေးလိုက်ပါ.. ပြီးပြီဆိုရင်တော့ Apple ID ကိုစတင်ပြီးတော့ သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေဗျာ။ ဒါကတော့ ဖုန်းနဲ့ဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်။


ကွန်ပျူတာနဲ့ ဖွင့်မည့်သူတွေကတော့ ကွန်ပျုတာမှာ iTunes ရှိရမှာဖြစ်ပါတယ် မရှိသေးရင် ဒီနေရာကို နှိပ်ပြီးတော့ သွားယူလိုက်ပါ။ ကွန်ပျူတာမှာ iTunes  ရှိပြီဆိုရင် iTunes ကိုဖွင့်ပါ။ iTunes ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ ရှိတဲ့ iTunes Store ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ..




iTunes Store ကိုရောက်ပြီဆိုရင် App Store ဆိုတာကို ထပ်နှိပ်ပါ။ App Store ထဲရောက်သွားပါလိမ့်မယ်။



 ရောက်ပြီဆိုရင် အထဲမှာ ရှိတဲ့ Free App တစ်ခုကို  နှိပ်လိုက်ပါ



App နဲ့ပတ်သက်တာတွေ ကြလာပါလိမ့်မယ် Icon အောက်က Free လို့ရေးထားတာကို နှိပ်လိုက်ပါ apple ID နဲ့ Password ထည့်ရန် ကျလာပါလိမ့်မယ်။



Box ကျလာပါက Create Apple ID ကိုဆက်နှိပ်ပါ..



ပြီးရင် အောက်မှာပြထားတဲ့  ပုံပါအတိုင်း Continue ဆိုတာကိုနှိပ်ပါ.. နောက်ထက်စာမျက်နှာသို့ရောက်ပါလိမ့်မည်




ဒီစာမျက်နှာမှာတော့ I have read and agree to these terms and conditions ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Agree ကိုဆက်နှိပ်ပါ ..





Apple ID ဖွင့်တဲ့နေရာကို ရောက်ပါပြီခင်ဗျာ .. ကျန်တာတွေကတော့ ဆက်ပြီးတော့ လုပ်တတ်လိမ့်မယ်လို့ မျော်လင့်ပါတယ်.. အပေါ်မှာရေးခဲ့တဲ့ ဖုန်းနဲ့ဖွင့်နည်းမှာ ဒီအဆင့်ကနေစပြီးတော့ အကုန်အတူတူပါပဲ



အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါ. အဆင်ပြေကြပါစေဗျာ..