Showing posts with label Download ချနည်းများ. Show all posts
Showing posts with label Download ချနည်းများ. Show all posts

Saturday, 19 April 2014

ကျနော်ရဲ့ ဆိုဒ်ထဲက ဆော့ဝဲ များကို ဖုန်းဖြင်ဒေါင်းယူနည်း

Unknown | 19.4.14 | Best Blogger Tips




 ကျနော် ရဲ့ ဆိုဒ်ထဲက ဆော့ဝဲတွေကို ဖုန်းဖြင့် မဒေါင်းတက်သေးတဲ့ သူငယ်ချင်းတို့အတွက်

ကျနော်ရေးပေးလိုက်ပါတယ်။

အရင်ဆုံး မိမိဒေါင်းမယ့် ဆော့ဝဲ ကို upload တင်ထားတဲ့နေရာ ကို နှိပ်ပါ

ကျနော် ဆိုဒ်မှာဆိုရင် miloshare , dev-host , Zippyshare စသည်ဖြင့် အများကြီး

upload တွေတင်ပါတယ် အခု့အောက်မှာဆိုရင် miloshare ကနေဒေါင်းနည်းပြပါမယ်

အောက်က ပုံအတိုင်း Miloshare ကို နှိပ်လိုက်ပါ


  

 နောက်ထပ် Adfly လင့်ပေါ်လာပါမယ် 

ဖုန်းရဲ့ ညာဘက်ထောင့်လေးမှာကြည့်လိုက်ပါ။ 5 စက္ကန့်လောက်စောင့်ပေးပါ

SKIP AD ဆိုတာလေး ပေါ်လာရင် နှိပ်လိုက်ပါ




SKIP AD နှိပ်လိုက်ရင် မိမိသွားချင်တဲ့ Miloshare လင့်ကိုရောက်ပါမယ်

Miloshare မှမဟုတ်ပါ အခြား upload တင်ထားသော မည်သည့် နေရာမဆိုရောက်ပါမယ်

Download ဆိုတာလေးကိုနှိပ်လိုက်ပါ





 အောက်က ပုံကိုကြည့်လိုက်ပါ ကျနော်က ADM ကို တင်ထားတဲ့အတွက်

 Download ကို ဒီလိုမေးလာရင် ADM နဲ့ပဲ ရွေးပေးလိုက်ပါတယ်


 အောက်ကပုံကတော့ ADM ကိုရွေးလိုက်တဲ့အတွက် ဒေါင်းလင့်ချပေးလိုက်ပါပြီ

Start ကိုနှိပ်လိုက်ပါ။စတင်ဒေါင်းယူတော့မှာဖြစ်ပါတယ်။


 ဒေါင်း ပြီးသားကိုတော့ MyFile ထဲကနေ သွားကြည့်လိုက်ပါ။

ADM ထဲမှာ ရှိပါတယ်။ ဒီဒေါင်းယူနည်းဟာ Facebook က video တွေကိုလည်း

ဒီနည်းနဲ့ ယူနိုင်ပါတယ်နော်။

အောက်မှ Video လေးနဲ့ ပြထားတယ်




ကိုလတ်(ကျွဲဆင်း)



Thursday, 27 February 2014

Miloshare နဲ့ Dev-Host ဆိုဒ် ၂ ခု့ မှ ဒေါင်းယူနည်း Video

Unknown | 27.2.14 | Best Blogger Tips



ကျနော်ရဲ့ ဆိုဒ်ကို လာရောက်လည်ပါတ်ပြီး ဆော့ဝဲတွေ လာဒေါင်းကြတဲ့ သူငယ်ချင်းတွေက ပြောတယ် 

မဒေါင်းတက်ဘူး ဘယ်လိုဒေါင်းရတာလဲ

ဒေါင်းနည်းလေးပြောပြပါလို့ပြောလို့ VDO လေး ရိုက်ပြီး ပြောပြလိုက်ပါတယ်

ကျနော် အမြဲတမ်း upload တင်နေကျ ဆိုဒ်တွေဖြစ်တဲ့ Miloshare နဲ့ Dev-Host ဆိုဒ် ၂ 

ခု့ကို ပြပေးထားပါတယ်ခင်ဗျာ နောက်ထပ် မဒေါင်းတက်တဲ့

ဆိုဒ်တွေရှိရင်လည်း လာရောက် မေးမြန်းလို့ရပါတယ် အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ့်ခင်ဗျာ






ကိုလတ်(ကျွဲဆင်း)

ဘလော့ >> http://www.aungzaylatt.net/ 


Monday, 18 November 2013

YouTube က သီချင်းတွေ ကို စိတ်ကြိုက်ဒေါင်းယူနိုင်မယ့် Bigasoft Video Downloader

Anonymous | 18.11.13 | Best Blogger Tips





မဂ်လာပါ... သည်နေ့ရေးဖြစ်တဲ့ နည်းပညာလေးကတော့... YouTube က သီချင်းတွေ ဗွီဒီယိုတွေကို
ဆော့ဝဲလ်လေးသုံးပြီး  ဒေါင်းခြင်ကြသူများအတွက်  မျှဝေတင်ပေးလိုက်ပါတယ်..သည်နည်းလမ်လေးကို
ကိုလွင်မင်းဗိုလ် ရေးတင်ထားခဲ့ဖူးပါတယ်  ကျွန်တော် သုံးကြည့်တာလည်းအတော်လေးအဆင်ပြေတယ်...
ဒါနဲ့ ပြန်လည် မျှဝေတဲ့သဘောနဲ့ ခုလို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်..နော်
ဒီ Video Downloader လေးကတော့ YouTube က သီချင်းတွေနဲ့ Video တွေကို အလွယ်တကူ ဒေါင်းယူပေးနိုင်ပြီး.. မိမိတို့ လိုအပ်တဲ့ ဖေါ်မတ်ကိုပါ တခါတည်း ပြောင်းပေးနိုင်တဲ့ ကောင်လေးပါ..။ ဒီ Pro ဗါးရှင်းလေးမှာတော့ သီချင်း၊ Video တွေကို ဖေါ်မတ်မျိုးစုံပြောင်းပေးနိုင်ပြီး.. Mobile Devices, Android Devices တွေနဲ့ Apple Devices တွေအတွက်ပါ အဆင်ပြေစေတဲ့ Pro ဗါးရှင်းလေးပါ..။ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် Key လေးတွေပါ ထည့်ပေးထားပြီး အောက်မှာလည်း အသုံးပြုတတ်အောင်ပါ တခါတည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့  20 MB ရှိပါတယ်..။ 
အရင်တုန်ုးက တင်ပေးခဲ့ဖူးတဲ့ Clip Converter ဆော့ဝဲလ်လေးနဲ့လည်း YouTube က သီချင်းတွေကို ဒေါင်းယူလို့ ရပါတယ်..။ ဒီကောင်လေးကတော့ ဆော့ဝဲလ်နောက်တမျိုးပါ..။
 အောက်မှာ နှစ်သက်ရာ လင့်ဖြင့် ဒေါင်းယူပါ

ဒေါင်းပြီးတာနဲ့  မိမိတို့ ရလာတဲ့ ဆော့ဝဲလ်ကို Run ပေးလိုက်ပါ...
အပေါ်က ပုံလေးအတိုင်း Full Versoin ဖြစ်ဖို့အတွက် လိုအပ်တဲ့ ကီးတွေ ထည့်ပေးလိုက်ပါနော်
ဒါဆို ဖူးဗားရှင်းသုံးနိုင်ပါပြီ ဒေါင်းယူနည်းကို အောက်မှာဆက်လက်လေ့လာလိုက်ပါ
Past URL ဆိုတဲ့နေရာမှာ မိမိတို့ ဒေါင်းခြင်သော YouTube မှ လင့်ကိုကော်ပီယူလာပြီး ထည့်ပေးလိုက်ပါ
အနီဝိုင်းပြထားသောနေရာများတွင် အမှန်ခြစ်ပေးလိုက်ပါ... ပုံမှာ ပြထားသလို
မိမိတို့ စိတ်ကြိုက် လိုအပ်သလို ဖေါ်မက်တွေကို ပြောင်းလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်...
စိတ်ကြိုက် ကလိကြည့်လိုက်ပါနော်...ဒါဆိုရင် လက်တွေ့ကျကျ သိလာမှာဖြစ်ပါတယ်..
ကဲ သည်လောက်ဆို သဘောပေါက်လောက်ပါပြီနော်... အဆင်ပြေစွာဖြင့် လိုအပ်သမျှကို ဒေါင်းယူ သိမ်းဆည်းနိုင်ကြပါစေ....

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Sunday, 22 September 2013

YouTube က Video တွေ ဒေါင်းယူပြီး ဖွင့်မရ ကြည့်မရဖြစ်နေရင် & Software မသုံးပဲ ဒေါင်းယူနည်း

Unknown | 22.9.13 | | | Best Blogger Tips










Aung Kyaw:


YouTube မှာတင်တဲ့ သီချင်း MTV တွေကို IDM နဲ့ အရင်ကလိုဒေါင်းလို့မရတော့ဘူးဖြစ်နေတယ်
ဘယ်လိုဖြစ်သွားတာလဲဟင်
YTD နဲ့ ဆွဲလည်း မရဘူးခင်ဗျ။


ပြီးတော့..


YouTube က Video တွေဆွဲလိုက်တယ်ဗျာ
ဒေါင်းယူလို့ရတယ်
ဒါပေမဲ့ဖွင့်ကြည့်ရင် ကြည့်မရဘူး။.
ဘာ Player နဲ့ပဲဖွင့်ဖွင့် ကြည့်လို့မရဘူးဖြစ်နေတယ်။
ဘယ်လိုဖြစ်တာလဲခင်ဗျာ။
ကူညီပါဦးနော်။





Facebook ကနေ သူငယ်ချင်းတစ်ယောက် မေးလာလို့ မသိသေးတဲ့ သူငယ်ချင်းတွေတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်... သူပြောသလိုပဲ ကိုယ်တိုင် ကြုံတော့မှပဲ သိတော့တယ်...။





OK.... ပထမဆုံး....



စက်ထဲမှာ Internet Download Manager (IDM) ရှိနေရက်နဲ့ YouTube Video ရဲ့အပေါ် ညာဘက်ထောင့်နားက Download this video ဆိုတဲ့ Button လေး မပေါ်ပဲ ဒေါင်းမရ ဖြစ်နေရင်တော့  IDM ကို Update လုပ်ပေးပါ. .. IDM ကို Update လုပ်ပေးအပြီး Serial Key တောင်းနေရင် Full Version ဖြစ်ဖို့အတွက် ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးလိုက်ပါ....။





 (IDM မရှိသေးတဲ့ သူငယ်ချင်းများလည်း အဲ့ဒီပို့စ် ထဲကအတိုင်း မိမိတို့ စက်မှာ ဒေါင်းယူ Install နိုင်ပါတယ် အင်တာနက်ထဲက Software ,Video,Music တွေနဲ့ အခြား မိမိ လိုချင်တာတွေ ဒေါင်းယူတဲ့နေရာမှာ အဆင်ပြေဆုံး Downloader လေးပါ စက်တိုင်းထည့်ထားရှိသင့်ပါတယ်။ ဒေါင်းမရဘူး မဒေါင်းတတ်သေးဘူးဆိုရင်တော့ ဒီပို့စ်ကို ဖတ်ပေးပါ)





IDM ကို Update လုပ်ပြီးတော့လည်း Download this video ဆိုတဲ့ Button လေး မပေါ်သေးဘူးဆိုရင်တော့ ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးနိုင်ပါတယ်...။





 နောက်တစ်ခုက YouTube Video တွေ ဒေါင်းယူပြီး ဖွင့်မရ  ကြည့်မရ ဖြစ်နေရင်တော့... ဒီနည်းလေးတွေနဲ့ ပြန်ဒေါင်းယူပါ...





 ပထမဆုံး IDM ထည့်ထားတယ်ဆိုရင် Download this video ဆိုတဲ့ Button လေးကို နှိပ်ပါ... ရွေးစရာ Format တွေထဲက MP4 Format ကို ရွေးပြီးဒေါင်းယူပါ... (တချို့ Video တွေမှာ အဲ့ဒီလို ရွေးစရာတွေ မပေါ်တတ်ပါဘူး)











အဲ့ဒီလို ရွေးစရာ Format တွေမပေါ်ခဲ့ရင် တခြား Browser(IE,Firefox,Chrome) တွေကတဆင့် ပြောင်းပြီး ဒေါင်းကြည့်ပါ .. ။




Software မသုံးပဲ ဒေါင်းယူနည်း




နောက်ဆုံး အဆင်မပြေဘူးဆိုရင်တော့ ( ရွေးစရာ Format တွေမပေါ်ခဲ့ရင်) ဒီနည်းအတိုင်း ဒေါင်းယူနိုင်ပါတယ်...













ဒေါင်းယူပြီး ကြည့်မရ ဖွင့်မရတဲ့ Video နေရာကို ပြန်သွားပါ... အပေါ်က ပုံအတိုင်း မျှားပြထားတဲ့ နေရာက (Link) မှာ အစိမ်းရောင်လေးနဲ့ ပြထားတဲ့နေရာက www.  ကို ဖျက်ပြီး ss (s နှစ်လုံး) နဲ့ အစားထိုးရေးပြီး Enter ခေါက်ပါ...


(ဥပမာ ။ ။ http://[www.]youtube.com/watch?v=8JzyoECt7JY&list=PLC2D3DE605941A73E


အဲ့ဒီ Link က အနီရောင်နဲ့ ပြထားတဲ့ www. ကို ဖျက်ပြီး ss ကို အစားထိုးရေးပေးရမှာပါ)




ဒီပုံလေးအတိုင်းပါ..(ပုံတွေကို အကြီးချဲ့ချင်ရင်ပုံကို နှိပ်လိုက်ပါ)











နောက်စာမျက်နှာတစ်ခု ပွင့်လာမှာပါ ...











မျှားပြထားတဲ့နေရာကအတိုင်း ဒေါင်းယူနိုင်မဲ့ Format တွေ ကျလာပါလိမ့်မယ် .. MP4 ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါ.. စောစောက ကြည့်မရတဲ့ Video ဟာ ခု ကြည့်လို့ရသွားပါပြီ...။ အဲ့ဒါကတော့ ဘာ Software မှ မသုံးပဲ ဒေါင်းယူတဲ့ နည်းပါပဲ...။







 အဆင်မပြေသေးရင်တော့ ဒီ Video လေးကိုကြည့်နိုင်ပါတယ် စကားပြောအသံလေးပါထည့်ထားပြီး အတွေ့အကြုံလေးကို ရှင်းပြထားတာပါ.. ကျေးဇူးတင်ပါတယ်..:)













အားလုံး အဆင်ပြေကြပါစေ..





ခင်မင်လျှက်





ဝင်းကမ္ဘာကျော်





www.winkabarkyaw.net











Sunday, 25 August 2013

ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း

Unknown | 25.8.13 | | Best Blogger Tips

















ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း


**********************************





Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။


ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။


ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။





ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..


youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။


Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။





flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။


ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 





ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 





ပျော်ရွှင်ပါစေဗျာ။





Credit to Mr.AD





http://file2hd.com/








အိုင်တီခေတ်













ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း

Unknown | 25.8.13 | | Best Blogger Tips




ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************

Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။
ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။
ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။

ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။

flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။
ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။ 

ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။ 

ပျော်ရွှင်ပါစေဗျာ။

Credit to Mr.AD

http://file2hd.com/


ကိုလတ်(ကျွဲဆင်း)





Thursday, 15 August 2013

အင်တာနက်ပေါ်မှ Download ဆွဲကြရာဝယ်

Unknown | 15.8.13 | Best Blogger Tips






 မင်္ဂလာပါ.... 


ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) လေးကို လာရောက်လည်ပတ် အားပေးနေကြတဲ့  မိတ်ဆွေ ၊ သူငယ်ချင်းများ၊မန်ဘာများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း များဖြင့် 
ပြီးပြည့်စုံနိုင်ကြ ပါစေကြောင်း ခင်မင် လေးစားစွာဖြင့် ဆုတောင်း မေတ္တာ ပို့သ
လိုက်ပါတယ်ခင်မျာ ....



မပြည့်စုံမှုများ ၊ လစ်ဟင်းမှုများ ၊ လိုအပ်ချက်များ ရှိခဲ့ရင် နားလည် ခွင့်လွှတ်ပေးကြပါဖို့လည်း တဆက်တည်း ပြောကြားလိုပါတယ်.....;)







 www.winkabarkyaw.net မှာ မိမိတို့အတွက် အသုံးဝင်တဲ့ Software တွေ PDF နည်းပညာ စာအုပ်တွေ နဲ့ အခြား လိုအပ်တာတွေ Download လုပ်ယူကြတဲ့အခါ အဆင်မပြေဘူး ၊ ဒေါင်းမရဘူး ၊ Download Link ပျောက်နေတယ်,ရှာမတွေ့ဘူး ဆိုတာလေးတွေ ပြောလာကြလို့ ဒီပို့စ်လေးကို တင်ပေးလိုက်ရခြင်းပါ...။





  Download ဆွဲသူများ အားလုံး Download ဆွဲရတာ အဆင်ပြေစေဖို့ နည်းလမ်းလေးတွေ ကို ကျနော်သိထားသလောက် ပြန်လည်မျှဝေပေးသွားပါ့မယ်...။



အရမ်းလည်းလွယ်တဲ့ နည်းလေးတွေပါ...




 လူသုံးများတဲ့  IE (Internet Explorer) , Firefox , Chrome , Opera , Maxthon , Safari စ,တဲ့ Browser တွေမှာ သက်ဆိုင်ရာ Add On လေးတွေ Add ပေးရုံနဲ့ Download အဆင်မပြေတဲ့ ကိစ္စဟာ ပြီးသွားစေမှာဖြစ်သလို Browser တွေမှာ Crash ဖြစ်ပြီး လေးလန်နေတာမျိုးတွေက အစ တစ်ခါတည်း ပြေလည်သွားစေမှာပါ....



Add On လေးတွ တင်မပေးခင်...  Download ဆွဲခဲ့ဖူးတဲ့ အတွေ့အကြုံလေးကို ဗဟုသုတအဖြစ် အနည်းငယ်ပြောပါရစေ....



တကယ်တမ်း  Download ဆွဲမရဘူး ၊ အဆင်မပြေဘူးဆိုပြီး ပြောနေကြတာတွေဟာ လုံးဝ ဖြစ်နိုင်ပါတယ်... ကျနော်တို့  ပေးထားတဲ့ Download Link တွေကတစ်ဆင့် Download ဆွဲတော့မယ်  (ပေးထားတဲ့ Link ကို နှိပ်လိုက်ပြီဆိုရင်).........  ခုမှ အင်တာနက်ကို စ,သုံးဖူးတဲ့ User တစ်ယောက် အနေနဲ့  မျက်စိလည် တိုင်ပတ်သွားစေနိုင်ပါတယ်... 









Download Link ကို နှိပ်လိုက်တဲ့ အခါ Ad ဆိုတဲ့ ကြော်ငြာတွေကြောင့် ဘယ် Download Button ကို နှိပ်လို့ နှိပ်ရမှန်း မသိနိုင်ပါဘူး.... ဘာဖြစ်လို့လဲဆိုတော့ Download Link မရောက်ခင် ကြားခံထားတဲ့ Adf.ly တို့  adfoc.us တွေရဲ့ Page တစ်ခုလုံးမှာ ကြော်ငြာတွေ Download Button တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်.... တခါတလေများဆို လာသေးတယ်ဗျာ ခပ်တည်တည်နဲ့ ...:D  သင့် ကွန်ပျူတာမှာ Flash Player မရှိဘူး ဒီမှာ နှိပ်ပြီး Download လုပ်ပါ ဆိုတာမျိုး ... ဟိုဟာသွင်းပါ .. ဒီဟာယူပါ .. ဒီ Software မရှိရင် ရုပ်ရှင်ကြည့်လို့ မရနိုင်ပါဘူး ...  iPhone 5 , Galaxy S4  Free လိုချင်ရင် ငါ့ကို ကလစ်ပါ  ဆိုတာမျိုးတွေကို Video နဲ့တစ်မျိုး အရုပ်တွေ ပြပြီး တဖုံ ....စုံလို့ပါပဲ ...ကြော်ငြာနေကြတာ...



သူတို့ကို နှိပ်ချင်အောင်လည်း လှုပ်လှုပ် ရွရွ နဲ့  ခုန်ပေါက်နေကြပြန်ပါသေးတယ်.... အခန့်မသင့်လို့  နှိပ်မိလိုက်ရင် Page တစ်ခု (New Window) နဲ့ အလိုလျှောက်ပွင့်သွားစေပါတယ်... အဲ့ဒီ Page ကိုရောက်တာနဲ့ ထုံးစံအတိုင်း အရုပ်နဲ့ ကြော်ငြာတာ အားမရလို့ Video နဲ့ပါကြော်ငြာနေပါတော့တယ်.... Cancel ကို ဘယ်လောက် နှိပ်နှိပ် တော်ရုံနဲ့ ပေးမထွက်ပြန်ပါဘူး .. သူကြော်ငြာနေတဲ့ အသံဆိုရင် အောက်က Video ထဲကအတိုင်းပါပဲ ပိတ်ကိုမရတော့တာပါ..... Cancel ကို နှိပ်လိုက်တာနဲ့ တကယ်ထွက်သွားတော့မလို့လား...  နေပါဦး နောင်ကြီးရာ... ရောက်တုန်း ရောက်ခိုက် ဘာညာဆိုပြီး သူတို့ပြောတာတွေ ၊ ရေးထားတာတွေကို ဇွတ်အတင်း ကြည့်ခိုင်းနေတတ်ပါတယ် ...  ဟိုဟာ နှိပ်ခိုင်း သည်ဟာနှိပ်ခိုင်းနဲ့  ၃/၄ ချက်နှိပ်ပေးပြီးမှ ပြန်ထွက်လို့ရတတ်ပါတယ်..  ဒေါင်းမရဘူး ဒေါင်းလို့ အဆင်မပြဘူး ဆိုတာ  အဲဒီက စ,တာပါပဲခင်မျာ..... Download ဆွဲဖူးသူ အားလုံး အနည်းနဲ့ အများ ကြုံဖူးကြမယ်ထင်ပါတယ်....




 အမှန်တကယ် နှိပ်ပေးရမဲ့ နေရာက အပေါ်ဆုံး ညာဘက်အစွန်က (အပြာရောင်နဲ့)  skip (or) SKIP AD ကိုပဲ နှိပ်ရမှာပါ.... ဒါတောင် ခုကျနော်ပြောမဲ့ Add On လေးတွေ Add မထားရင် skip (or) SKIP AD ကို နှိပ်လိုက်တာနဲ့ ကိုယ်မသိလိုက်ဘဲ Browser ရဲ့နောက်ကွယ်မှာ ကြော်ငြာတွေ အလိုလျှောက် ထပွင့်နေတတ်ပါတယ်.....Tab နှစ်ခု သုံးခု ပွင့်နေတဲ့ အတွက် ကွန်နက်ရှင် ကျဆင်းခြင်း Browser လေးသွားခြင်း စ,တာတွေဖြစ်ပေါ်သွားစေတဲ့ အတွက် Download ဆွဲရာမှာ အဆင်မပြေတာတွေဖြစ်စေတာပါ...... အင်တာနက်ကို ခုမှ စ,သုံးတဲ့ New User တွေ ကြုံတွေ့နိုင်တာကို ကျနော့ ကိုယ်တွေ့လေးနဲ့နှောပြီး ဗဟုသုတအနေနဲ့ ပြောပြတာပါ.....





ဒီအောက်ကပုံကို လေ့လာကြည့်ပါဦး...  မျှား အနီနဲ့ပြထားတာတွေက ကြော်ငြာတွေပါ... တကယ် Download ကို နှိပ်ရမှာက မျှားအပြာရောင်နဲ့ ပြထားတဲ့ နေရာက Download ကို နှိပ်ပြီး ဒေါင်းရမှာပါ...။









တချို့ User တွေက အနီရောင်နဲ့ ပြထားတဲ့ Download Button တွေကို မှားနှိပ်မိတတ်ကြပါတယ်.... ဒေါင်းမရဘူး အဆင်မပြေဘူးဆိုတာ ... ဒီကနေ စ,တယ်လို့ ကျန်ာထင်မိပါတယ်...:)



အဲ့ဒါတွေ အားလုံးကို ခုကျနော်ပြောပြမဲ့ နည်းလမ်းလေးတွေနဲ့ ကျော်ဖြတ် ရှောင်ကွင်းနိုင်ပါလိမ့်မယ်....။





Download  ဆွဲရတာ အဆင်မပြေတာလေးနဲ့  ဆက်စပ်လို့ နောက်တစ်ခု ပြောခွင့်ပြုပါ........





ကျနော်တို့ Website ကနေ Software တွေ PDF စာအုပ်တွေ နဲ့ တခြားလိုအပ်တာတွေ ဒေါင်းယူဖို့  Download Link တွေ ပြန်ညွှန်းကြတဲ့ အခါ ... တိုက်ရိုက် Download Link ကို မရောက်စေပဲ မရောင်ခင်စပ်ကြား Adf.ly နဲ့ adfoc.us ဆိုတဲ့ ကြော်ငြာဆိုက်ဒ် နှစ်ခုကို ကျော်ဖြတ်စေတာပါ....



(ကျနော်တို့ ဝက်ဘ်ဆိုက်ဒ် တစ်တည်းမှ မဟုတ်ပါဘူး အင်တာနက်ပေါ်က ဝက်ဘ်ဆိုက်ဒ်တွေရဲ့ ၈၅% ကနေ ၉၀% ထိ ဒီကြော်ငြာဆိုက်ဒ်တွေကို ကျနော်တို့လိုပဲ ကြားခံ အသုံးပြုနေကြပါတယ်) 



 ဒါကို တချို့က Website ထောင်ပြီး ငွေရှာနေတယ် ၊ စီးပွားရေး လုပ်နေတယ် လို့ ထင်နေ ၊ပြောနေကြပါတယ်... တကယ်တော့ ဒီမဖြစ်စလာက်ငွေလေးနဲ့ ဘာစီးပွားမှ မဖြစ်နိုင်ပါဘူးးးခင်မျာ....





ဘာ့ကြာင့် စီးပွားမဖြစ်နိုင်တာလဲ ?





adf.ly ဆိုတဲ့ ကြော်ငြာဆိုက်ဒ်တစ်ဆိုက်ဒ်ကိုပဲ ဗဟုသုတအဖြစ် ကြည့်ကြည့်ရအောင်ပါ....

(ဒီ http://adf.ly Link ကို နှိပ်ပြီး လေ့လာလိုသူများ မူရင်း ဝက်ဘ်ဆိုက်ဒ်မှာ လေ့လာနိုင်ကြပါတယ်)



ခု ကျနော်တို့တင်ပေးနေတဲ့ Download Link တွေကို .... လူပေါင်း တစ်သောင်း  (၁၀၀၀၀) (သို့) Click (နှိပ်) တဲ့ အကြိမ်ပေါင်း တစ်သောင်း (၁၀၀၀၀) (ကြိမ်) ပြည့်ရင် $5.00 ရပါတယ်... ကျနော်တို့ ဆိုက်ဒ်ကတော့ တစ်ရက်ကို တစ်သောင်းမပြောနဲ့ ၁၀၀၀ ပြည့်အောင်နှိပ်မဲ့လူ  ရှိမယ်မထင်ပါဘူးး ... ဘာဖြစ်လို့လဲဆိုတော့ တချို့က  Download လုပ်ဖို့ထက် ကွန်ပျူတာ ပြဿနာ ဖြေရှင်းနည်းတွေ ဖတ်ဖို့ ၊ နည်းပညာ သတင်းတွေ ဖတ်ဖို့ ၊လေ့လာဖို့ရောက်လာတဲ့ လူတွေလည်း ရှိနေနိုင်လို့ပါပဲ ..... သူတို့တွေကတော့  Download Link ကို နှိပ်ဖို့ မဖြစ်နိုင်ပါဘူး.... ကဲဗျာ.... ပျမ်းမျှ တစ်ရက်ကို လူ အယောက် (သို့) အကြိမ် (၁၀၀၀) ပဲနှိပ် တယ်ပဲ ထားတော့ ... တစ်ရက် (၁၀၀၀ x ၃၀ =  ၃၀၀၀၀) ၁၀၀၀၀ ကို $5.00 နှုန်းနဲ့ ဆိုတော့ တစ်လကို $15.00 .....:(     တစ်လ ဝင်ငွေ $15.00 နှုန်းနဲ့  စီးပွားဖြစ်နိုင် မဖြစ်နိုင်ဆိုတာ.... အားလုံး စဉ်းစားလို့ ရနိုင်ကြပါတယ်ခင်ဗျာ.....:D





 အဲ့ဒါဆိုရင် ဘာ့ကြောင့် အဲ့ဒီ ကြော်ငြာ Link တွေ ခံထားရတာလဲ ? စေတနာနဲ့ မျှဝေနေတာမဟုတ်လား ? စေတနာပါလို့ မျှဝေနေတာဆိုရင် ဘာ့ကြောင့် တိုက်ရိုက် Download Link ကို မရောက်စေတာလဲ ?





အချိန်ပေးပြီး တည်ဆောက်လာခဲ့ရတဲ့ ဒီ Website လေးကို ထာဝစဉ် တည်မြဲနေစေချင်တာရယ် , တစ်နှစ်စာ နှစ်နှစ်စာ ဒိုမိန်းဖိုးလေးများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့  ရည်ရွယ်ပြီး ဒီလို ကြော်ငြာ ဆိုက်ဒ်လေးတွေကို ကြားခံပေးထားရတာပါ.... ကိုယ်ကျိုးအတွက် လုံးဝမပါပါဘူးးး....  Credit Card မသုံးနိုင်သေးတဲ့  ကျနော်တို့ကို အားလုံးနားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...:(





နောက်ဆုံးတစ်ခုကတော့......





Download Link ကို တစ်ချက် နှိပ်လိုက်တာနဲ့ Link နှစ်ခု သုံးခုပွင့်သွားစေတာလေးပါ... ဒါကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်စေဖို့  တမင် ဖန်တီးထားတာပါ...။


 ဒိအတွက် မြန်မာပြည်က သူငယ်ချင်း၊မိတ်ဆွေများအားလုံးကို အထူးတောင်းပန်ပါတယ်.....။





ဟိုနေ့က မြန်မာပြည်မှ သူငယ်ချင်းတစ်ယောက်က ဝင်းကမ္ဘာကျော် Website မှာ Download ဆွဲရတာ နဲ့ ပါတ်သက်ပြီး  စိတ်မချမ်းမြေ့စွာ အခုလို ငြီးငြူ သွားပါတယ်... .... လိုင်းက မကောင်းရတဲ့ အထဲ နှိပ်လိုက်တာနဲ့  Link နှစ်ခု ၊ သုံးခု တပြိုင်တည်းပွင့်တော့ အဝိုင်းလေး လည်နေတာကိုပဲ ကြည့် ကြည့်နေရပါတယ်တဲ့.... ပြီးတော့..


 မြန်မာနိုင်ငံမှ MPT ဆိုတဲ့ အင်တာနှေး ကြီးက ဒီလို ဒီလို ကောင်းကြောင်း (စိတ်ပျက်ဖို့) ၊ တစ်မိနစ် (၄) ကျပ် နှုန်းနဲ့ အဝိုင်းလေး လည်နေတာကြည့်ကြည့်ပြီး သာသနာ့ဘောင်ကို ဝင်သွားတဲ့ လူတွေလည်း မနည်းတော့တဲ့အကြာင်း ၊ မြန်မာပြည်သူ ပြည်သားများ အားလုံးက မည်သို့ပင် မေတ္တာဓာတ်တွေ ကြီးမားစွာနဲ့ ပို့သ အမျှပေးဝေ နေပါသော်လည်း ကြီးမားလှတဲ့ အကုသိုလ်ကံ အရှိန်အဟုန်ကြောင့် အမျှကုသိုလ် မရနိုင်ပဲ မကျွတ်မလွတ်ဖြစ်နေတာဟာ နှစ်ပေါင်းများစွာပင် ရှိနေပြီဖြစ်ကြောင်း  ....စ,တာ စ,တာ တွေကို သဘင်သံမနှော နတ်သံမနှောပဲ ရိုးရိုးလေးပြောပြသွားပါသေးတယ်...:D 





အဲ့ဒါကြောင့် ခုနောက်ပိုင်း မြန်မာပြည်က သူငယ်ချင်းများ လိုချင်တာတွေ Download လုပ်ရတာ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ခုလို Link ကို တစ်ချက် နှိပ်လိုက်တာနဲ့ သုံးခုပွင့်အောင် တမင်လုပ်ထားရတာပါ.... :D  



 ဘယ်လို အဆင်ပြေစေမှာလဲ ?





ဒီလိုပါ အရင်က ဆိုရင် Download Link ကို နှိပ်လိုက်တာနဲ့  Adf.ly ကို အရင်ဝင် (၅) စက္ကန့်စောင့် .....  ပြီးမှ adfoc.us ကိုနောက်တစ်ခါ ထပ်ဝင် (၅)စက္ကန့် ထပ်စောင့်ရပါတယ် စောင့်ရတဲ့ အချိန်က နှစ်ဆိုက်ဒ်ပေါင်း (၁၀) စက္ကန့်ဖြစ်သွားပါပြီ .... 





 ခုလို Click တစ်ချက် နှိပ်လိုက်တာနဲ့ Link နှစ်ခု သုံးခု ပွင့်စေတာက ပိုကောင်းတယ် ထင်ပါတယ် ....  (၅)စက္ကန့် တစ်ကြိမ်ပဲစောင့်ရလို့ ပိုအဆင်ပြေစေမလားလို့ပါ... Download Link ကို နှိပ်လိုက်တာနဲ့ Link သုံးခုပွင့်လာပြီး အဝိုင်းလေး လည်နေတာကို နှေးသွားစေတယ်ဆိုရင်တော့ ဒီလိုလုပ်ပေးနိုင်ပါတယ်...  ပွင့်လာတဲ့  Link သုံးခုထဲက ကြိုက်တဲ့ နှစ်ခုကို ချက်ချင်း ပိတ်ပစ်လိုက်ပါ Down ရမဲ့နေရာက အတူတူပါပဲ (၅) စက္ကန့်စောင့်ပြီး Download Link ကို တန်းရောက်သွားမှာပါ.... ဒါမှ အဆင်မပြေသေးဘူးဆိုရင်တော့  နောက်တစ်ခါ Software တွေတင်ရင် Link တစ်ခု လျှော့တင်ပေးလိုက်ပါ့မယ်... :D





ကဲဗျာ... မလိုအပ်ပဲ စာတွေ ရှည်နေပြီ...ဖတ်နေတဲ့သူငယ်ချင်းတွလည်း ..ပျင်းနေရောပေါ့....:) 





 Download  ဆွဲရတာ အဆင်မပြေဘူး ၊ Download Link ရှာမတွေ့ဘူး ၊ ဒေါင်းမရဘူး  ဆိုတဲ့ သူငယ်ချင်းများ အတွက် .... 



ကွန်ပျူတာကနေ အင်တာနက်ကို စ,ဖွင့်လိုက်တာနဲ့  ဘယ် Website က Link ကိုမှ မနှိပ်ခင်... အောက်မှာ တင်ပေးထားတဲ့  Extensions ခေါ် Add On လေးတွေကို သက်ဆိုင်ရာ Browser တွေမှာ  အရင်ဆုံး Add  ပေးလိုက်ပါ....။



 Add ပြီးရင်တော့ စိတ်ကြိုက်မွှေနိုင်ပါပြီ....:D



(တခုတော့ ရှိတယ်နော်....  ဒီ Add On လေးတွေကို Add ထားရင် http://www.adinnwa.com/

က  Ad ကြော်ငြာတွေကိုလည်း မတွေ့မြင်နိုင်တော့ပါဘူး ကြော်ငြာတွေမှ ကြည့်ချင်တဲ့ သူငယ်ချင်းများအတွက်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူးခင်မျာ)









 Firefox Browser အတွက် ဒီနေရာကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ...။








Chrome Browser အတွက်ကိုတော့ ဒီနေရာက တဆင့် ADD TO CHROME ကိုနှိပ်ပြီး Add ပေးလိုက်ပါ..။








 IE (Internet Explorer) Browser အတွက်ကတော့ အပေါ်က Browser တွေလို Add လို့မရပါဘူး ဒေါင်းယူပြီး Double Click နဲ့ မိမိစက်မှာ Install ပေးရမှာပါ...။ ဒီနေရာကနေ ဒေါင်းယူပါ...။





Opera Browser အတွက်ကို ဒီနေရာ ကိုနှိပ်ပါ..။





Maxthon Browser  အတွက်က ဒီမှာပါ...။





Safari Browser  အတွက်ကိုတော့ ဒီနေရာက တဆင့် ညွှန်ကြားချက်အတိုင်း Add  ပေးလိုက်ပါ...။













 


 





ဒါဆိုရင် အပေါ်က ပုံလေးတွေအတိုင်း မျက်စိနောက်စရာ ဘာကြော်ငြာမှ မတွေ့ရတော့တာကြောင့် Download လုပ်ရာမှာ အဆင်ပြေစေတဲ့အပြင် Browser ကို လေးလန်စေတဲ့ Ad ကြော်ငြာတွေကို မတွေ့ရတော့ပဲ အချိန်ကုန် သက်သာသွားစေမှာပါ....။






ဒီ Extensions လေးတွေကို Add ပေးထားခြင်းဖြင့် ဘယ်လို အကျိုးထူးစေလည်းဆိုတာကိုတော့ ဒီ Video လေးကို ကြည့်ပြီး လေ့လာနိုင်ပါတယ်... (အသံမကြည်မလင်ဖြစ်နေတာကိုတော့ နားလည်ပေးပါ ခင်မျာ)










အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ...



ခင်မင်လျှက်



ဝင်းကမ္ဘာကျော်



www.winkabarkyaw.net





Saturday, 15 June 2013

ZIPPYSHARE မှ Download ချနည်း

Unknown | 15.6.13 | Best Blogger Tips







ဆိုဒ်ထဲမှာ ဒေါင်းရမယ့် လင့်မရှိဘူးလို့ လာအော်သွားလို့





ကျနော် အသုံးပြု့နေကြ Upload ဆိုဒ်တခု့ဖြစ်တဲ့ ဒေါင်းရတာလည်းလွယ်တဲ့





Zippyshare ကနေ မိမိလိုချင်တဲ့ ဖိုင်တွေ ဒေါင်းနည်းကို ရေးပေးပါမယ် ခင်ဗျာ





ကျနော်ဆိုဒ်မှာလည်း တခါမှ တင်မပေးဖူးတော့ ပထမဆုံး အနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်





မသိသေးတဲ့ ဘော်ဒါတွေလည်းပဲ လေ့လာစေချင်ပါတယ်





သိပြီးသား ဘော်ဒါတွေကတော့ ပြောစရာမလိုတော့ဘူးပေါ့ ခင်ဗျ








(1 )ပထမ ဆုံး မိမိဒေါင်းမယ့် Post ထဲက ဒေါင်းရမယ့် လင့်ကိုသွားပါ





ကျနော်ဆိုဒ်မှာတော့ ဒေါင်းလို့ရတဲ့လင့်က များတယ်ခင်ဗျ





Zippyshare ကို ပြမှာဆိုတော့ အောက်မှာပြထားတဲ့ ပုံအတိုင်း zippyshare ကို နှိပ်လိုက်ပါ













(2 ) ဒေါင်းမယ့်လင့် Zippyshare ကို နှိပ်လိုက်မယ်ဆိုရင် နောက်ထပ် Page Adfly ဆိုပြီးတော့





ပေါ်လာမယ်။အဲ့ဒါဆိုရင် ဘာမှသွားမနှိပ်ပါနဲ့ ပုံမှာပြထားတဲ့ နေရာမှာ 1,2,3,4,5 ထိရေနေပါလိမ့်မယ်





အဲ့ဒါလေးကိုစောင့်ပေးပါ  5 ထိပြည့်သွားပြီဆိုရင် SKIP AD လို့ ပုံမှာပြထားတဲ့ အတိုင်း





ပေါ်လာမယ်နော် SKIP AD လေးကို နှိပ်လိုက်ပါ







( 3 ) SKIP AD ကိုနှိပ်လိုက်ရင် နောက် Page တခု့ ပေါ်လာမယ်





အဲ့ဒီမှာ ဒေါင်းရမယ့်ဖိုင်ရှိတဲ့ လင့် ကိုရောက်လာပါပြီ။ဒါပေမယ့် မနှိပ်ခင်





ညာဘက်အပေါ်နားမှာ ပုံမှာပြထားတဲ့ အတိုင်း DOWNLOAD NOW ဆိုတာရှိပါတယ်





အဲ့ဒီ လင့်ကလွဲရင် တခြား ဘာ ကိုမှ မနှိပ်ပါနဲ့.။ အခု့ DOWNLAOD NOW ကိုနှိပ်လိုက်ပါ










( 4 )အခု့ဆိုရင် ဒေါင်းရမယ် လင့် ကျလာပါပြီ ခင်ဗျာ Maxthon နဲ့ ပြလို့ ဒီလို ပုံစံပေါ်တာပါ





IDM နဲ့ ဆိုရင် IDM ပုံ အတိုင်းပေါ်မှာပါ/ Maxthon မှာ ဆိုရင်တော့ save ကိုနှိပ်လိုက်ပါ





IDM နဲ့ ဆိုရင်တော့ Start Download ကို နှိပ်လိုက်ပါ ဒေါင်းပါပြီခင်ဗျာ







မသိသေးတဲ့ သူငယ်ချင်းတွေကို သိအောင် သိသလောက်လေးကိုပြည်မျှဝေခြင်းသက်သက်ပါ





အားလုံးအဆင်ပြေစွာဒေါင်းနိုင်မယ် ဆိုရင်ကျေနပ်ပါပြီ ခင်ဗျာ





ကျနော် ဆိုဒ်ထဲမှာရှိတဲ့ ဒေါင်းရမယ့် လင့်တွေကို ဒေါင်းလုပ် ချနည်းများကိုလည်း





အားရင်အားသလိုပြန်လည် မျှဝေ သွားပါမယ် ခင်ဗျာ














ကိုလတ်(ကျွဲဆင်း)