Showing posts with label ကျော်ခွနည်း. Show all posts
Showing posts with label ကျော်ခွနည်း. Show all posts

Saturday, 28 September 2013

Your-freedom မှာaccount ဖွင့် ပြီး poxyအလွယ်ကျော်ကြမယ်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 28.9.13 | Best Blogger Tips

 
your -freedom အကောင့် သစ်ဖွင့် ပြီး poxy ကျော်ကြမယ်။ poxy ကကျော်တယ်ဆိုတာဘာလဲ ....? poxy ကျော်တယ်ဆိုတာ ပိတ်ထားတဲ့  website တွေကိုဝင်ရောက်မရနိုင်တဲ့ အခါမျိုးမှာအသုံးပြုကြရပါတယ်။(ဥပမာ-  ) paypal account ကိုမြန်မာနိုင်ငံကနေဖွင့် မယ်ဆိုရင်ဒီနည်းလမ်းကိုအသုံးပြုပြီးဖွင့် နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။

၁။ Register လုပ်ဖို့အတွက် http://www.your-freedom.net/ ကို အရင်ဖွင့်လိုက်ပါ။

၂။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Click here to register ကို နှိပ်လိုက်ပါ။


နောက်ထပ် ထပ်ပွင့်လာတဲ့ Page ကို အောက်မှာပြထားပါတယ်။


Username: Your-freedom အကောင့်အတွက် username ကို ထည့်ပေးပါ။

Password: Your-freedom အကောင့်အတွက် Password ကို ထည့်ပေးပါ။

Repeat Password: အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ပြန်ထည့်ပေးပါ။

Email address: ကိုယ့်ရဲ့ Email လိပ်စာကို ထည့်ပေးပါ။

ပြီးရင် အောက်မှာ မြှားပြထားတဲ့ Check box တွေမှာ ကလစ်ပြီး Check လုပ်ပေးပါ။


အပေါ်မှာ ကိုယ်ရဲ့ အချက်အလက်တွေကို ထည့်ပေးရမယ့် နေရာကို ပြထားတာပါ။ အဲဒါတွေက လုံးဝ အရေးမကြီးပါဘူး။ အဆင်ပြေတာကို ထည့်ပေးနိုင်ပါတယ်။ မဖြည့်ဘဲနဲ့ ကျော်သွားလို့လည်း ရပါတယ်။ ပြီးရင် Submit ကို နှိပ်ပေးပါ။

ပြီးရင် ကျွန်တော်တို့အပေါ်မှာ ထည့်ပေးခဲ့တဲ့ Email လိပ်စာဆီကို အီးမေးပို့လိုက်တယ်ဆိုတဲ့ Page တက်လာပါလိမ့်မယ်။


မေးထဲကိုသွားပြီးတော့ Your-freedom ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ မြှားပြထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ ပြီးရင် အကောင့်ကို Activation လုပ်ခိုင်းတဲ့ Page တက်လာပါလိမ့်မယ်။
ပြီးရင် Username နဲ့ Authorization code ကို အီးမေးထဲကနေ ကော်ပီကူးထည့်ပြီး Activate account ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ကျွန်တော့်တို့ Register လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။
ပြီးရင် ကျွန်တော်တို့ ကွန်ပြူတာမှာ Your-freedom ဆော့ဝဲကို install လုပ်နိုင်ဖို့အတွက် Downloads ကို နှိပ်ပေးပါ။ 


ကိုယ့်ကွန်ပြူတာ OS နဲ့ ကိုက်ညီမယ့် Installer ကို ရွေးပြီး download လုပ်ပြီး install လုပ်ပြီး အသုံးပြုလို့ ရပါပြီ။

credit -to naing aung soe




နောက်ရက်တွေမှာ paypal အကောင့် ဖွင့် နည်း verify လုပ်နည်း ငွေလွဲနည်းတွေကိုတင်ပေးမှာဖြစ်ပါတယ်။အွန်လိုင်းမှငွေရှာနည်းကိုစိတ်ပါလို့ သွားရောက်
လေ့ လာမယ်ဆိုရင် ဒီမှာ ဝင် ရောက် လိုက် ပါ။



အသစ်တင်တိုင်းfacebook ကနေစောင့် ဖတ်မယ်ဆိုရင်
ဒီမှာ Like လုပ်ပေးပါ။



စိုင်းသူ

Thursday, 25 July 2013

usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်

Unknown | 25.7.13 | | Best Blogger Tips











usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်
=============================================

အချိန်ကသိပ်မရတော့ တိုတိုနဲ့လိုရင်းကိုပဲ ပြောလိုက်တော့မယ်ဗျာ...

အောက်မှာပေးထားတဲ့
zip ဖိုင်လေးကို sd ကဒ်ထဲထဲ့ပြီး သက်ဆိုင်ရာကီးကိုနှိပ်ပြီး recovery ထဲ
ဝင်လိုက်ပါ။ ပြီးရင် update from sd card ကနေ ခုနဖိုင်လေးကို
ရွေးပေးလိုက်ပါ။ ကျွန်တော့ဆီမှာတော့ U8950D နဲ့စမ်းတာတော့ OK တယ်ဗျာ....
စမ်းကြည့်ပေါ့။ အန္တရာယ်တော့ မရှိပါဘူး။ ကျွန်တော်စမ်းလုပ်ထားတာပါ။
မှားတာပါရင်လည်း ဆရာများက သင်ပြပေးပါလို့....















ကိုလတ်(ကျွဲဆင်း)



Saturday, 14 January 2012

Access Denied ကျော်ခွနည်းများ

Unknown | 14.1.12 | Best Blogger Tips

 
အင်တာနက်ပေါ်မှာ website မျာစွာရှိနေပေမဲ့ ကျွန်တော်တို့ရဲ့ ISP (Internet Service Provider) တွေက အချို့သော website များကို censored လုပ်ပြီး အသုံးပြုခွင့် ပိတ်ပင်ထားကြတတ်ပါတယ်။ ကျွန်တော်တို့အသုံးပြုသူအများစုဟာ Access Denied အလုပ်ခံထားရတဲ့ website တွေကို ဝင်ရောက်လေ့လာချင်တဲ့အခါ ပိတ်ပင်ထားတာတွေကိုကျော်ခွပြီးအသုံးပြုတတ်ဖို့လိုပါတယ်။
 
ဒီနည်းကတော့ ကိုယ်အသုံးပြုတဲ့ computer ပေါ်မှာ proxy site နှင့် ချိတ်ဆက်ပေးမယ့် software/ program တခုကို install လုပ်ပြီး (တချို့ program များက install ပြုလုပ်စရာမလိုပါ။) အသုံးပြုရတာဖြစ်ပါတယ်။
1. Ultrasurf

2.
Freegate

3.
Tor Bundle download here

4.
GTunnel

5.
Yourfreedom