Showing posts with label Firefox. Show all posts
Showing posts with label Firefox. Show all posts

Tuesday, 11 February 2014

Mozilla Firefox Setup 28.0 Beta 1

Unknown | 11.2.14 | | Best Blogger Tips


Mozilla Firefox ရဲ့ နောက်ဆုံး update အသစ်လေး ပါ

update မလုပ်ရသေးတဲ့ သူငယ်ချင်းများအတွက်

 ဒီနေရာကနေပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ


DOWNLOAD


ကိုလတ်(ကျွဲဆင်း)

Monday, 20 January 2014

Firefox ကိန္နရီ Add-ons ကိုသုံးပြီး Facebook ကိုမြန်မာလိုသုံးမယ်

Anonymous | 20.1.14 | | Best Blogger Tips



ကျွန်တော်ယခုတင်ပြချင်တာကတော့ Firefox မှ ကိန္နရီ Add-ons လးကိုသုံးပြီး Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ဒီ Add-ons လေးဟာ မိမိကွန်ပျူတာမှာUnicode Font ရှိရန်မလိုဘဲ ဇော်ဂျီဖောင့်မှ ယူနီကုတ်ပြောင်းလိုသူများ အလွယ်တကူပြောင်းလဲ ပေးနိုင် ကြည့်ရူနိုင်ပါတယ်။ ပုံမှန်သင်ရိုက်နေကြ ဇော်ဂျီ ကီးဘုတ် ဖြင့်လည်း Ctrl+Alt ဖိပြီး Mouse ဖြင့်နှိပ်ပြီးUnicode ပြောင်းလဲပြီးအသုံးပြုနိုင်ပါသေးတယ်။ Firefox Version 26 များလိုအခြားနေရာတွင် မြန်မာစာပေါ်ပြီး မြန်မာနံမည် Facebook Account များတွင် လေးထောင့်တုံးဖြစ်နေတာ ကိုလည်း ဖြေရှင်းပေးနိုင်သော Add-ons လေးဖြစ်ပါတယ်။
 ဒီ Add-ons လေးကိုတီထွင်ခဲ့တဲ့ Official Blog Link ကတော့  Blog>>>Myanmar Font Prefixer ဖြစ်ပြီး Developer များကို အထူး ကျေးဇူးတင်ရှိသလို ဒီနေရာကနေလည်း Creditလည်းပေးပါတယ်.....
Facebook ကိုမြန်မာဘာသာဖြင့် အလွယ်တကူအသုံးပြုချင်သူ များ အောက်မှာကြည့်ပြီး ပြုလုပ်နိုင်ပါတယ်ခင်ဗျာ.....

1.အရင်ဆုံး Facebook မှ Setting>>>General>>>Language တွင် မြန်မာဘာသာမပါဝင်သေးသောသူများ အောက်ကအတိုင်း ပါဝင်လာအောင် ပြုလုပ်နိုင်ပါတယ်။(ရှိပြီးသားသူများကတော့ ဒီအဆင့်မလိုအပ်ပါဘူး...)
2.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။ Translations ကိုရောက်သွားလျှင် Select Language ကိုနှိပ်ပြီးမြန်မာဘာသာ ရွေးချယ်ပြီး Continue နှိပ်လိုက်ပါ။ 

3.အောက်ကပုံအတိုင်းပေါ်လာပါမယ်။

4.အပေါ်ကအဆင့်တွေ ပြီးသွားရင်တော့ ကိန္နရီ Add-ons လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Firefox ကိုRefresh ပေးလိုက်ပါ။
5.ပြီးရင်တော့ Facebook Setting >>> General >>>Language ကိုသွားပြီင်္း ညာဘက်မှ Editကိုနှိပ်ပါ။ မြန်မာဘာသာ ပြောင်းလဲပြီး  Save Changes ကိုနှိပ်လိုက်ပါ။ 



6.ဒါဆိုရင်တော့ သင့်ရဲ့ Facebook မှာ အောက်ကပုံတွေအတိုင်း Facebook ကို မြန်မာလို ကောင်းစွာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။



အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)

Saturday, 9 November 2013

Firefox 26 Beta 3

Unknown | 9.11.13 | | Best Blogger Tips



WINDOWS  PC အတွက်

Firefox ကတော့ ပုံမှန် update လုပ်ပေးနေပါတယ်။ update ကိုမှသုံးချင်တဲ့ 

ကျနော်ရဲ့ချစ်သူငယ်ချင်းတို့အတွက် အချိန်မီ update လုပ်နိုင်အောင်

 ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ





ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Thursday, 7 November 2013

Firefox 26 Beta 2

Unknown | 7.11.13 | | Best Blogger Tips




Firefox ကတော့ ပုံမှန် update လုပ်ပေးနေပါတယ်။ update ကိုမှသုံးချင်တဲ့ 

ကျနော်ရဲ့ချစ်သူငယ်ချင်းတို့အတွက် အချိန်မီ update လုပ်နိုင်အောင်

 ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ





ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Saturday, 2 November 2013

Firefox 26.0 Beta 1

Unknown | 2.11.13 | | Best Blogger Tips



Firefox အသုံးပြု့သူများအတွက် Firefox ကနေ update အသစ်ပေးလိုက်ပါတယ်

မတင်ရသေးသောသူများအသုံးပြု့နိုင်ပါတယ်ခင်ဗျာ


SHAREBEAST | BOX | ZIPPYSHARE


ကိုလတ်(ကျွဲဆင်း)


Friday, 20 September 2013

FIREFOX 25 BETA 1 update အသစ်လေးပါ

Unknown | 20.9.13 | | Best Blogger Tips







19.09.2013 ရက်နေ့ကထွက်လာတဲ့ pc အတွက် Firefox browser beta အသစ်လေးပါ





Firefox ချစ်သူတို့အတွက် ပြန်လည် မျှဝေလိုက်ပါတယ်












အောက်က မူရင်းလင့်မှာလည်းဝင်ရောက်ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ












ကိုလတ်(ကျွဲဆင်း)



Sunday, 28 July 2013

MOZILLA FIREFOX မှာ ယာယီ BOOKMARK လေးလုပ်မယ်

Unknown | 28.7.13 | | Best Blogger Tips







ဒါလေး ကို ဗဟုသုတ ဖြစ်စေရန်နှင့် အသုံးလိုတဲ့ သူငယ်ချင်းများအတွက်ပါ





အများအားဖြင့် Mozilla Firefox ကို သုံးစွဲတာများပါတယ် အဲ့ဒီအတွက်အသုံးဝင်မယ် ထင်လို့ပါ





Internet ထဲမှာလျှောက်ပြီးလှည့်ပါတ်ကြည့်ရှု့တဲ့ အခါမှာ ကိုယ်ကြိုက်တဲ့ ဆိုဒ်လေးတွေ ဆိုရင်





Ctrl + D နှိပ်ပြီး Bookmark ပေးတက်ကြပါတယ် အမြဲတမ်း အသုံးဝင်တာရော





မဝင်တာရော အားလုံးရောပြီးမှတ်ထားတက်ကြပါတယ် တခါတလေ ကြတော့ ကိုယ်လို လို့





ပြန်ရှာချင်တဲ့ အခါကျရင်ခေါင်းမီးတောက်အောင် ရှာရပြီ မလိုတာတွေရော များနေတာကိုး





ရှာရမှာပေါ့ အဲလိုမဖြစ်အောင် အမှန်တကယ် အမြဲတမ်း ဝင်ကြည့်နေတဲ့ ဆိုဒ်တွေကို Bookmark





အသေပေးပြီး ခဏ သာဝင်ကြည့်မယ့် ဆိုဒ်တွေကို အလိုအလျောက် Bookmark ကနေပျောက်အောင်





လုပ်ထားလိုက်ရင် ရှင်းသွားလိမ့်မယ် ထင်တာပဲ Browser လည်း အလုပ်လုပ်ရတာ သက်သာတာပေါ့





အဲဒီလို ယာယီ Bookmark လေး ကို Tark ဆိုတဲ့ Add on လေးနဲ့ လုပ်မှာပါ





Add on ဆိုလို့ မကြောက်ပါနဲ့ အဲ့ဒါက Official ဆိုဒ်ကနေပေးတဲ့ Add on ပါ ဘာမှကြောက်စရာမရှိပါဘူး





အိုကေ အခု့ ပထမဆုံး Tark ကိုရှာပြီးတော့ ထည့်မယ်





Firefox ရဲ့ Setting ကိုသွားမယ် ဘယ်နေရာလည်း ဆိုတာ သိတယ် မို့လား မသိသေးရင် ပုံမှာပြထားတယ်





အောက်မှာကြည့်လိုက်ပါ





Firefox ဆိုတဲ့ အပေါ်အောက်မြှားလေး ကို ဆွဲချလိုက်ပါ Add on လေး ကို ထပ်နှိပ်လိုက်ပါ










အောက်မှာပြထားတဲ့ အတိုင်း ညာဘက်ထောင့် အပေါ် Search Bar မှာ Tark လို့





ရိုက်ရှာလိုက်ပါ တွေ့ရင် Install လုပ်လိုက်ပါ













Install လုပ်တာပြီးသွားရင် Browser ကို Restart ပေးလိုက်ပါ







Restart ချပြီးလို့ ပြန်ဖွင့်လိုက်ပြီဆိုရင် Extensions ဆိုတာလေး ကို နှိပ်လိုက်ပါ





ပြီးရင် အောက်နားလေးက ပြထားတဲ့ အနီကွက်ထဲ က Options  ကိုထပ်ဝင်လိုက်ပါ










အောက်က ပုံအတိုင် Autu Delete Expired Bookmark ကို အမှတ်ကလေး ပေးလိုက်ပါ





ပြီးရင် OK ကိုနှိပ် ပြီးရင် အပေါ် ကြက်ခြေခတ် ကနေ ပြန်ထွက်လိုက်ပါ ဒါဆိုရပါပြီ





ဆိုဒ်တခု့ ကိုစမ်းကြည့်လိုက်ပေါ့ 










ကျနော် ကအောက်မှာစမ်းပြထားတယ်ကြည့်လိုက်ပါ





ဆိုဒ် ဘယ်နေရာဖြစ်ဖြစ် Right Click နှိပ်လိုက်ပြီးကြည့်လိုက် Tark ဆိုတာလေး ပေါ်နေတယ်





အဲ့ဒါလေး ကို ထပ်ထောက်လိုက်ပါ ဘေးမှာ ပြထားတဲ့ အကွက်ကလေး အတိုင်း ပေါ်လာမယ်





အဲ့ဒီမှာ မိမိစိတ်ကြိုက် ထားချင်တဲ့ ရက်ကို





 ကန့်သတ်ပေးလိုက်လို့ရပါတယ် ၁ပါတ် ၂ပါတ် ၃ ပါတ် ၄ ပါတ်





အထိ ထားလို့ရပါတယ် အလိုအလျောက် ပျောက်မသွားအောင်လည်းထားလို့ရပါတယ်



















ဒါလေးပါပဲ ခင်ဗျာ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ











ကိုလတ်(ကျွဲဆင်း)



Wednesday, 17 July 2013

SpeedyFox 2.0.4.66 Final (Firefox Browser လေးနေတယ်ဆိုရင်)

Unknown | 17.7.13 | | Best Blogger Tips


 





SpeedyFox 2.0.4.66 Final (Firefox Browser လေးနေတယ်ဆိုရင် သုံဖို့ပါ)

Firefox,Skype,Chrome စ,တဲ့ Browser တွေ ကို မြန်ဆန်ဖို့ Speed မြှင့်တင်ပေးနိုင်တဲ့ Software လေးပါ Update လေးထွက်လာလို့ မျှဝေပေးလိုက်ပါတယ်...။ ဒီ Software လေး မ Run ခင် ဖွင့်လက်စ Browser တွေကို အရင် ပိတ်ထားပါ....။






peedyFox - Boost Firefox,Skype,Chrome,Thunderbird in a Single Click!


Your Firefox/Skype/Chrome/Thunderbird is working slowly?

Boost them all in a single click with SpeedyFox absolutely for free!











You get:




  • Boost Startup in up to 3 times!


  • Speed-up browsing history


  • Overall quicker operation


  • Smaller profile size


  • Available for both Windows and Mac OS





Version history:


2.0.3 Added Epic Browser support. SQLite engine updated to 3.7.14 version








Download SpeedyFox :




SpeedyFox for Mac OS X (800 KB) (Firefox only, Universal binary)




Sunday, 26 May 2013

မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ

Unknown | 26.5.13 | | Best Blogger Tips









မြန်မာဆိုဒ်များကို အကြည့်များသူများသွင်းထားသင့်တဲ့ addons ပါ





အခုနောက်ပိုင်း... မြန်မာဆိုဒ်တွေမှာ.. ကွဲပြားနေတဲ့ အယူအဆတစ်ခုရှိပါတယ်..


အဲ့ဒါကတော့ Display Font ပါ


တချို့တွေက လူသုံးများတဲ့.. zawgyi one သုံးကြတယ်..





တချို့တွေက formal ပိုကျတဲ့ unicode 3 သုံးကြတယ်...





ဒီလိုမျိုးတွေ ဖြစ်နေတော့ တကယ်အခက်ကြုံနေရတာတော့.... အသုံးပြုသူတွေပါပဲ...





ကျွန်တော်အခုပေးမယ်ဟာက mozilla fireofox မှာ.. ခုနကပြောခဲ့တဲ့ ဆိုဒ်ပုံစံနှစ်မျိုးလုံးကို ဘာ font 





setting ပြောင်းစရာမလိုပဲ... တန်းကြည့်လို့ရမယ် add-ons လေးပါ...





myanmarfonttager ပါ..





ပြုလုပ်ပုံအဆင့်ဆင့်ကတော့...





firefox browser ဖွင့်ပါ





Tools>add-ons 


ပေါ်လာတဲ့ add-ons tag မှာ search box ထဲမှာ myanmarfonttager လိုရိုက်ပြီးရှာပါ....





 နောက်ပေါ်လာရင် install လုပ်ပြီး ပြီးသွားရင်...


.


firefox browser ကို ပိတ်ပြီးပြန်ဖွင့်ရင် အဆင်ပြေသွားပါပြီ...


.





နောက်တစ်နည်းကတော့..





အပေါ်အဆင့်တွေ အဆင်မပြေသူများအတွက်ပါ





အောက်လင့်ခ်ကနေ


addons ကို ဒေါင်းလိုက်ပါ..









ဒေါင်ပြီးရင် firefox browser ကိုဖွင့်ပါ..





နောက် ဒေါင်းထားတဲ့ဖိုင်လ်ကို firefox browser ထဲကို drag ဆွဲပြီးထည့်လိုက်ပါ..





နောက် firefox browser ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ




 ကျနော်ကပုံလေးနဲ့ ပြန်လည်ဖြည့်ထားပေးလိုက်ပါတယ်





































PS: အဆင်ပြေလားစမ်းကြည့်ချင်ရင် http://www.google.com.mm/





ကိုဖွင့်ကြည့်ပါ မြန်မာဖောင့်ကို အဆင်ပြေပြေတွေ့ရပါမယ်...။





Credit to 20s IT Partner!








ကိုလတ်(ကျွဲဆင်း)



Friday, 5 April 2013

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့

Unknown | 5.4.13 | | Best Blogger Tips


 





 Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့
--------------------------------------------------------------------------------------------

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download  ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font  Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။

ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို
default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။



GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ 





အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

BoBoAung(99poison)(ITN)





Credit to :  http://www.facebook.com/B0B0AUNG





Monday, 28 January 2013

Firefox Browser မှာ မြန်မာ Font မပေါ်ရင်/ဖတ်မရရင် & မြန်မာ Font ပြဿနာ ရှင်းတမ်း

Unknown | 28.1.13 | | Best Blogger Tips












Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်တဲ့ပြဿနာကို ခဏခဏ မေးနေကြလို့ လက်တွေ့ကိုယ်တိုင် ကိုယ်ကျ လုပ်တတ်အောင် Video လေးနဲ့ ရှင်းပြပေးလိုက်ပါတယ်..။ Video ထဲက ကျနော် သုံးထားတာကတော့ Firefox ကထုတ်တဲ့ Nightly Browser ပါ... နာမည်သာကွဲပြီး Mozilla Firefox နဲ့ အတူတူပါပဲ... စမ်းသုံးကြည့်တော့ ရိုးရိုး Firefox ထက် အဆင်ပြေတာတွေ့လို့ သုံးကြည့်နေတာပါ... တကယ်လို့ Nightly Browser ကို စမ်းသုံးချင်ရင်  ဒီနေရာမှာ မိမိ စက်နဲ့ ကိုက်ညီတာရွေးပြီး အခမဲ့ဒေါင်းယူနိုင်ပါတယ်....



ကွန်ပျူတာမှာ မြန်မာစာတွေ ရေး/ဖတ် နိုင်ဖို့ Zawgyi Font လုံးဝ မရှိသေးဘူးဆိုရင် ဒီနေရာမှာ Window 32bit အတွက် ဒေါင်းယူ Install ပေးပါ 64bit အတွက်ကိုလည်း ဒီ 32bit ကို အရင် Install ပေးရမှာပါ... Window 32bit အတွက်ဆိုရင် ဒီအဆင့်မှာတင် မြန်မာစာတွေ ရေး/ဖတ် နိုင်ပါပြီ.... တကယ်လို့ ရေး/ဖတ် မရသေးဘူးဆိုရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ Window ပြန်တတ်လာရင် ရေး/ဖတ် လို့ရနိုင်ပါပြီ...။



Window 64bit အတွက်ကိုတော့ နောက်ထပ် ထပ်ထည့်ပေးရဦးမှာပါ... Zawgyi Font For 64bit အတွက်ကို ဒီနေရာမှာ ဒေါင်းယူပါ... ဘယ်လို Install ပေးရမယ်ဆိုတာကိုလည်း Notepad ထဲမှာ ရေးပေးထားပါတယ်...။



မြန်မာ Font နဲ့ ပါတ်သက်ပြီး အားလုံးအဆင်ပြေစေဖို့ ဒီဆိုက်ဒ် ရဲ့ ညာဘက်မှာတင်ပေးထားပါတယ် သတိမထားမိကြလို့ပါ... အောက်ကပုံလေးတွေကို နှိပ်ပြီး ဒေါင်းယူရုံပါပဲ.... အပေါ်ဆုံးက Window x32bit အတွက်ပါ ... အောက်က Window x64bit အတွက်ပါ ... အောက်ဆုံးက Myanmar Unicode ပါ....။








Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်ရင် အောက်က Video လေးအတိုင်း Setting တွေကို ချိန်းပေးနိုင်ပါတယ်...
















တချို့မြန်မာ Website တွေမှာ Myanmar Unicode နဲ့ ရေးထားတတ်ကြပါတယ် .. အဲ့ဒီ Myanmar Unicode နဲ့ ရေးထားတဲ့ Website တွေမှာ မြန်မာစာတွေ မပေါ်တာမျိုး/ဖတ်မရတာမျိုးကိုတော့ Myanmar Unicode Font ကို မိမိ စက်ထဲမှာ ထည့်ထားဖို့ လိုဦးမှာပါ.... Myanmar Unicode Font ကို  ဒီနေရာ မှာ နှိပ်ပြီး Install ပေးပါနိုင်ပါတယ်ခင်မျာ......။







အခြား မြန်မာ Font နဲ့ ပါတ်သက်ပြီး အဆင်မပြေတာတွေ..


 (ဥပမာ။ ။ Gtalk မှာစာရေးရင် အမှန် Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုး) ကိုတော့..


ဒီနေရာ  မှာ ရေးထားပေးပါတယ်...။







နောက်ဆုံး တစ်ခုကတော့ ခုမှထွက်လာတဲ့ Window 8 မှာ Zawgyi Font သွင်းနည်းကိုတော့ ဒီနေရာမှာ တင်ပေးထားပါတယ်....။







အဆင်ပြေကြပါစေ......







ဝင်းကမ္ဘာကျော်





www.winkabarkyaw.net








Friday, 18 January 2013

Firefox Bookmarks Backup & Restore ပြုလုပ်နည်း

Unknown | 18.1.13 | | Best Blogger Tips












အစ်ကိုရေ.... Firefox က မှတ်ထားတဲ့ Bookmarks တွေကို HTML ဖိုင်လ်နဲ့ ထုတ်တာလေးပြောပြပါဦးခင်ဗျာ လေးစားစွာဖြင့် ညီငယ်.... 





ဟုတ်ကဲ့.. မေးထားတာ Backup & Restore လုပ်တာကိုမေးတာထင်ပါတယ် ... အကြောင်းကြောင်းကြောင့် Window ပြန်တင်ဖို့ လိုအပ်တဲ့အခါ မိမိမှတ်ထားတဲ့ Bookmarks လေးတွေကို ပျောက်ပျက်မသွားအောင် Backup လုပ်ထားသင့်ပါတယ် ...။

Firefox Bookmarks Backup & Restore လုပ်နည်းလေးကို မသိသေးတဲ့ ညီကိုတွေလည်း ဗဟုသုတရအောင်  မျှဝေပေးလိုက်ပါတယ်....



 ကျနော်က Firefox ကထုတ်တဲ့ Nightly Browser ကိုသုံးထားပါတယ် နာမည်းလေးပဲ မတူတာပါ... ကျန်တာတွေအားလုံး အတူတူပါပဲ....:)





Nightly Browser ကို စမ်းသုံးချင်ရင်  ဒီနေရာကနေ  တဆင့်ဒေါင်းယူနိုင်ပါတယ်....:) သုံကြည့်တာ အဆင်ပြေပါတယ်... ဒါပေမဲ့ အင်တာနက်ချိတ်ထားရင် မကြာ မကြာ အော်တို Update လုပ်တတ်ပါတယ်...
















ကိုယ်သိမ်းထားမဲ့နေရာကို ရွေးပေးလိုက်ပါ... ကျနော်ကတော့ Desktop ကိုရွေးပေးထားပါတယ်...















Restore လုပ်တဲ့အခါ အပေါ်ကပုံမှာလို စောစောက ဖိုင်လ်လေးကို ရွေးပေးလိုက်ရုံပါပဲ...

















Sunday, 13 January 2013

Mozilla Firefox 18.0 latest

Unknown | 13.1.13 | Best Blogger Tips


Mozilla Firefox 18.0 Latest Version Released







 


ဝင်းဒိုးအသုံးပြု့သူများအတွက် mozilla firefox  browser  ဆိုရင်လူတိုင်းသိပါတယ်






ယခု့ update အသစ်လေးထွက်လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်


window အတွက်ဒေါင်းရမယ့်နေရာမှာ Android အတွက်လည်းတခါတည်းဒေါင်းလို့ရပါတယ်


လိုအပ်ရင်အဲဒီနေရာမှာတခါတည်းဒေါင်းသွားလိုက်ပါ



 


The
new version has been released with major updates and bug fixes. the
most important update is now Firefox 18.0 supports Retina display on OS X
10.7 + devices and another important update is Preliminary supports for
webRTC.


 


ဒီမှာဒေါင်းလိုက်ပါ Download Firefox 18.0


 


 


ကိုလတ်(ကျွဲဆင်း)





Friday, 4 January 2013

Firefox Browser မှာ Video ကြည့်မရခြင်း (သို့) အခြားတစ်စုံတရာပြဿနာတတ်ခဲ့သည်ရှိသော် (Reset Firefox – easily fix most problems)

Unknown | 4.1.13 | | Best Blogger Tips











ကျနော်တို့ Firefox Browser မှာ YouTube Video တွေ ကြည့်မရတာတို့ (သို့) အခြားတစုံတရာ ပြဿနာတတ်တွေရှိခဲ့ရင် Firefox Browser ကို Reset လုပ်ပေးခြင်းဖြင့်  Default Setting အနေအထားကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်....အားလုံးလုပ်တတ်ကြမယ်ထင်လို့ .....အောက်မှာ မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်.... 






How do I reset Firefox to its default state?





At the top of the Firefox window, click the Firefox button, go over to the Help sub-menu


(on Windows XP, click the Help menu at the top of the Firefox window) and selectTroubleshooting Information.





Firefox Browser ရဲ့ ဘယ်ဘက်ထိပ်နားက Firefox ကို နှိပ်ပါ.... ပုံထဲကအတိုင်း Help မှတဆင့် Troubleshooting Information ကို Click ပါ....





Click the Reset Firefox button in the upper-right corner of the Troubleshooting Information page.





Firefox: Troubleshooting Information





Reset Firefox ဆိုတဲ့ Button လေးကို Click ပေးလိုက်ရင်.......







Reset Firefox Button








 Firefox Browser ဟာ သူ့ဘာသာသူ ပိတ်သွားပြီး အရင်က Old Data တွေကို Auto Clean ပေးသွားပါလိမ့်မယ်.... 





To continue, click Reset Firefox in the confirmation window that opens.


Firefox will close and be reset. When it's done, a window will list the information that was imported. Click Finish and Firefox will open. That's it – you're done!





Refresh Firefox dialog





ဒါဆိုရင် Firefox Browser က ပြဿနာတွေအားလုံး မရှိတော့ပဲ အရင်သုံးစကအခြေအနေအတိုင်း ပြန်လည်ရာက်ရှိသွားမှာပါ...





အဆင်ပြေကြပါစေ....



အဆင်မပြေသေးရင် အောက်က Video လေးကို ကြည့်နိုင်ပါတယ်....





Ref: http://pureinfotech.com










Sunday, 21 October 2012

Firefox Browser မှာ Tab bar, Bookmark Menu က မြန်မာ Font ပြဿနာ ဖြေရှင်းနည်း

Unknown | 21.10.12 | | | Best Blogger Tips






 han nwe soe: Mozilla Firefox က Tab and Menu bar မှာ
မြန်မာဖောင့်တွေမပေါ်ဘူးဖြစ်နေတယ်.. Webpage မှာတော့ဖတ်လို့ရတယ်..
ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦး...




တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.... သူငယ်ချင်းတစ်ယောက်ကလည်း ဒီကိစ္စ နဲ့ ပါတ်သတ်ပြီး  အိမ်ရောက်လာလို့ နည်းလမ်းရှာပြီး လက်တွေ့ ဖြေရှင်းပေးလိုက်တာ အဆင်ပြေသွားလို့ ဒီနည်းလမ်းလေးကို မသိသေးသူအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် .....:)





 အပေါ်ကပုံထဲကလို Firefox ရဲ့ Tab Bar , Bookmark Menu တွေမှာ မြန်မာစာတွေ လေးထောင့်တုံးဖြစ်နေရင်...  အောက်က နည်းလမ်းအတိုင်းပြင်ပေးလိုက်ပါ....





 Desktop > Right Click > Presonalize >

Window Color > Advanced appearance setting... > Menu  နဲ့  Message Box  မှာ  Zawgyi One  ကို ရွေးပေးပြီး Apply > OK  ပြောင်းပေးလိုက်ပါ....





အဆင်ပြေမပြေဆိုတာကိုတော့ ပုံတွေကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်...







ဝင်းကမ္ဘာကျော်





ကဲ... ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ.....:)












အခြား မြန်မာလို မပေါ်တဲ့ ပြဿနာအတွက်ကိုတော့ ကိုစေတန်ဂေါ့ ရေးထားတဲ့ ဒီ Add On လေးကို add ပေးလိုက်ပါ...



အားလုံးအဆင်ပြေကြပါစေ.....





ဝင်းကမ္ဘာကျော်











Wednesday, 11 July 2012

အင်တာနက် Website ပေါ်က Flash Song ,Flash Photo , Image တွေကို ကူးယူနည်း

Unknown | 11.7.12 | | Best Blogger Tips

 Pyay Thar Naing: နောင်တော်ကြီးရေ... Website ပေါ်က photo Flash Slideshow က ပုံတွေကို ကူးချင်တာဗျာ.. Screen Shot နဲ့ လည်း မကူးချင်ဘူး.. Quality ကျမှာစိုးလို့. အဲတာ ဘယ်လို Software သုံးလို့ရမလဲ ပြောပေးပါနော်.. ကျေးဇူးပဲဗျ...



ဘာ Software မှ သုံးစရာမလိုပဲ Firefox Browser ကိုအသုံးပြုပြီး SWF Format အပြင် တခြား  Format တွေဖြစ်တဲ့  .png .gif.image စ, တာ တွေကို အောက်ပါအတိုင်း ကူးယူလို့ လို့ ရနိုင်ပါတယ် ...


Firefox Broswer နဲ့ ကိုယ်ယူယူချင်တဲ့ Web Page တစ်ခုကို သွားပါ.... Tools ကတဆင့် Page Info ကိုနှိပ်ပြီး (သို့) Web Page ရဲ့လွတ်တဲ့တစ်နေရာမှာ Right Click >> Page Info  နဲ့လည်းရပါတယ်... ပေါ်လာတဲ့ Box မှာ Media Tab ကိုရွေး .swf ကို Select ပေးပြီး Save As နဲ့ သိမ်းထားမဲ့ နေရာကို ရွေးပေးလိုက်ရုံပါပဲ....အောက်မှာ မူရင်း ပို့စ်အတိုင်း ပုံလေးတွေကိုကြည့်လိုက်ရင် ပိုသဘောပေါက်သွားမှာပါဗျာ....:)   


Firefox Browser နဲ့မှ မဟုတ်ဘဲ တခြား Browser နဲ့ဒေါင်းယူချင်ရင်တော့ နောက်မှ ဖြည့်စွက်ထားလိုက်ပါ့မယ်...



Download SWF files using Firefox
  Fire up Firefox and browse to the page which contains the embedded SWF Flash file that you are eyeing to download. Let the SWF file stream through once completely.On any empty part of the page, right-click and select the Page Info context menu option. Or alternatively, go to Tools ““ Page Info


1_ff_rightclick


2_ff_media-tab


အောက်က Comment မှာ အဆင်မပြေဘူးဆိုလို့ လက်တွေ့ ရှင်းပြပေးလိုက်ပါတယ်.... ပြန်ကြိုးစားကြည့်လိုက်ပါဗျာ... တခုခု လွဲနေလို့ပါ....