Showing posts with label WiFi. Show all posts
Showing posts with label WiFi. Show all posts

Tuesday, 1 April 2014

Wi Fi Network လုံခြုံရေး စာအုပ်

Mr. Win Hlaing | 1.4.14 | Best Blogger Tips

WiFi Hack နည်းတွေတင်ပေးပြီး WiFi ကာကွယ်တဲ့နည်းလမ်းလေးတွေလည်းတင်ပေးပါဦးပြောလာလို့ မသိသေးတဲ့ သူငယ်ချင်းတွေအားလုံး ဗဟုသုတရအောင် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)

Wi Fi Network လုံခြုံရေးအတွက် အချက်များ

ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။ မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။

အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။

1.Change Default Administrator Passwords ( User Names )

သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး  user name & password ရိုက်ထည့်ပေးရသည်။

WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစွဲနိုင်သောကြောင့်ဖြစ်သည်။

ဥပမာ။     ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။

သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။

2. Turn on ( Compatible ) WPA/ WEP Encryption

အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါဝင်ကြသည်။ Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။

နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။

   1. IEEE 802.11( WEP Encryption ) နည်းပညာ

၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။  WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။

(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)

   1. IEEE 802.1X

IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။ Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။

(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))

မှတ်ချက်။        ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။

   1. Wi-Fi Protected Access (WPA)

အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)

နည်းပညာဖြင့် အစားထိုးသည်။ ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။

   1. WPA-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)

   1. Wi-Fi Protected Access 2 (WPA2)

WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။

   1. WPA2-Personal

Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။

   1. WPA2-Enterprise

အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။

WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)

သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။

3. Change the Default SSID

Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။

ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။

ဥပမာ။     ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။

ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။

4.Enable MAC Address Filtering

Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော  ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။ သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။

5.Disable SSID Broadcast

WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို  သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ ၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။

6.Do Not Auto-connect to Open WiFi netwoks

သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။

7. Assign Static IP address to Devices

များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး  မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။

ဥပမာ။      ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x

8.Enable Firewalls on Each computer and the Router

ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။

9.Position the Router or Access Point Safely

WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက်ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။

ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။ ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။

အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညှိနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညှိထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက်ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို  ကာကွယ်တားဆီး ရာရောက်ပါသည်။

10. Turn off the Network During Extended Periods of Non-Use

WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။

ဥပမာ။      ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ်ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။

အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆွဲနိုင်ပါမည်။

စာအုပ် Download Here
===

အားလုံးအဆင်ပြေပါစေ။ 
















































 






































 

 

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Monday, 3 March 2014

Connectify Hotspot & Dispatch Pro v7.3.1.30389 With Activator Full Version

Mr. Win Hlaing | 3.3.14 | | Best Blogger Tips

မိမိရဲ့ laptop ကနေ WiFi Hotspot ကိုသုံးပြီး friends, co-workers, and mobile devices တွေကို share ပြန်လုပ်ချင်သူတွေအတွက် Lasted Version လေးဖြစ်တဲ့Connectify Hotspot & Dispatch Pro ရဲ့ v7.3.1.30389 ကို Full ဖြစ်အောင် Patch ဖိုင်လေးနဲ့တွဲပြီးတင်ပေးလိုက်ပါတယ်။မိမိရဲ့ laptop or PC မှာ
Wi-Fi card or adapter ရှိရင်ရပါပြီ။   Windows 7 / 7 64 bit / 8 / 8 64 bit တွေမှာအသုံးပြုနိုင်ပါတယ်။
Microsoft .NET Framework  3G/4G ရှိဖို့တော့လိုအပ်ပါတယ်။
Connectify Hotspot PRO is an easy to use software router for your Windows computer that lets you transform your laptop into a Wi-Fi hotspot so you can share a single Internet connection such as wired ethernet, a 3 or 4G card or adapter, even another Wi-Fi network with your friends, co-workers, and mobile devices. With Connectify Hotspot PRO, you can turn your Windows computer into a real Wi-Fi hotspot that shares that single 3G/4G connection with any other Wi-Fi enabled devices. You'll maximize the value of your 3G/4G card and get all your peripherals online at the same time!
On the Road
For the modern traveler, Internet connectivity is a lifeline. Airports, Hotels, and Coffee Shops know this and charge accordingly for Wi-Fi access or only supply you with an ethernet jack, which leaves Wi-Fi only devices and smart phones in the dark. With Connectify Hotspot PRO as your software-only travel router, you can connect to ANY available Internet connection (including 3G, 4G, and mobile broadband), start a hotspot, and get all of your devices online simultaneously, and at a fraction of the cost.
Features:
Unlimited Hotspot Uptime – No time restrictions, run your Connectify Hotspot 24/7.
Share Wi-Fi from 3G/4G Networks – Connectify Hotspot PRO supports sharing Internet from 3G/4G cards in addition to a wide variety of other USB cards and dongles. Turn your 3G or 4G USB stick into a real travel router.
Fully Customizable SSID – Name your hotspot whatever you want! (Hotspot Lite requires your hotspot name to start with 'Connectify-').
Wi-Fi Extender Mode – Extend the range of your home or office Wi-Fi with just a few clicks.
Drag & Drop File Transfers – Easily share files of any size, directly to both devices connected to your hotspot, and to other Connectify Hotspot users on the same network.
AutoInternet Selection – Automatically configure your hotspot's Internet sharing settings.
Dispatch Integration Share your Super-Fast Dispatch Connection with Connectify Hotspot PRO.
For Setup And Activator Download Choose Any ONE Download Links Below Not All & All Download Links Are Resumable


Connectify Hotspot & Dispatch Pro v7.3.1.30389 With Activator Full Version 

Miloshare d-h.st Tusfiles

 
 
အားလုံးပဲအဆင်ပြေနိုင်ပါစေ
 
 
 
 
ဒေါင်းနည်းလေးမသိရင် ဒီမှာ ၀င်ဖတ်ပေးပါခင်ဗျား
 

Saturday, 1 March 2014

Connectify Hotspot PRO 7.3.0.30245 Final + Patch (12Mb)

Mr. Win Hlaing | 1.3.14 | | Best Blogger Tips

မိမိရဲ့ laptop ကနေ WiFi Hotspot ကိုသုံးပြီး friends, co-workers, and mobile devices တွေကို share ပြန်လုပ်ချင်သူတွေအတွက် Lasted Version လေးဖြစ်တဲ့ Connectify Hotspot PRO  ရဲ့ 7.3.0.30245 ကို Full ဖြစ်အောင် Patch ဖိုင်လေးနဲ့တွဲပြီးတင်ပေးလိုက်ပါတယ်။မိမိရဲ့ laptop or PC မှာ
Wi-Fi card or adapter ရှိရင်ရပါပြီ။Windows 7 / 7 64 bit / 8 / 8 64 bit တွေမှာအသုံးပြုနိုင်ပါတယ်။
Microsoft .NET Framework 4.5 ရှိဖို့တော့လိုအပ်ပါတယ်။
-------[Description]-----------------------------------
The Connectify Hotspot application will turn your laptop into a WiFi Hotspot to share the Internet with friends, co-workers, and mobile devices.
Connectify Hotspot is a handy tool that can be accessed directly from the system tray. Connectify is an easy-to-use and reliable software router that makes use of your Wi-Fi card to share your Internet connection.
While monolithic streams like Netflix can’t be split across connections, Dispatch will assign them to the fastest connection - and route other requests to secondary connections.
With Dispatch's metered connections you can avoid costly overages by assigning bandwidth caps to your expensive 3G and 4G connections. In addition by setting their Priority level to Backup, Dispatch will only route traffic through them if your Primary connections fail.
-------[Requirements]----------------------------------
OS: Windows 7 / 7 64 bit / 8 / 8 64 bit
- A laptop or PC with a compatible Wi-Fi card or adapter
- Microsoft .NET Framework 4.5
-------[Install Notes]---------------------------------
==> DisConnect Internet
==> Install Program
==> When Finish Installation, ReStart PC
==> Disable/Push Your AntiVirus Protechtion
==> Run & Apply Patch
==> Enjoy ...

Miloshare Solidfiles zippyshare



အားလုံးပဲအဆင်ပြေနိုင်ပါစေ


ဒေါင်းနည်းလေးမသိရင် ဒီမှာ ၀င်ဖတ်ပေးပါခင်ဗျား

Thursday, 19 December 2013

Who’s On My Wifi 2.2.0 Ultimate Edition Full Crack / Keygen

မိုးညိုသား | 19.12.13 | Best Blogger Tips




မင်္ဂလာပါ ခင်ဗျာ ဒါကတော့ ကိုယ့် wifi ကွန်ယက်ထဲမှာ ဘယ်သူတွေ ဝင်သုံးနေလဲဆိုတာကို ကြည့်တဲ့ဆော့ဝဲလ်လေးပါ.. အခုတင်ပေးလိုက်တာကတော့ အသစ်ထွက် ဗားရှင်း 2.2.0 ပါ၊။ ဒီဗားရှင်းမှာတော့ ကိုမသိပဲသုံးနေတဲ့ ip တွေပါဘလော့လုပ်လို့ရလာတာတွေ့ရပါတယ်... လိုချင်တဲ့သူများရှိရင် အောက်ကလင့်တွေမှာ ဝင်ယူလိုက်ပါဗျာ.. အားလုံးအဆင်ပြေကြပါစေဗျာ..

သတိ၊၊ လူတစ်ဖက်သားကို ဒုက္ခပေးဖို့မဟုတ်ပါ။ ရိုးသားစွာပဲအသုံးပြုကြပါလို့ အကြံပြုပါရစေဗျာ။။။







Download Link>>>( MILOSHARE | Zippyshare | TusFiles )



Tuesday, 13 August 2013

windows 7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ်

Unknown | 13.8.13 | Best Blogger Tips





windows
7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ်။တောင်းဆိုထားတဲ
့သူငယ်ချင်းတွေအားလုံးအတွက်ပါ။windows 8 မှာ တင်ပြပေးပြိးနောက်ပိုင်း
windows 7 မှာရောလုပ်နည်းလေးတင်ပေးပါလို့ တောင်းဆိုလာလို
့အဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။








(အဆင့် -၁) Start—ကနေ > control panel ကိုသွားပါ။




(အဆင့် -၂) control panel မှာ category ကနေ net work and  sharing Center  ကိုသွားပါ။


(အဆင့် -၃) Change adapter setting ကိုသွားပါ


(အဆင့် -၄) local area setting ကို right click လုပ်ပြီး properties ကိုဝင်ပါ။


(အဆင့် -၅) sharing ကို ကလစ်ပြီး Allow other network users to connect through this computer’s Internet connection  ကိုအမှန်ချစ်ပေးပါ။







(အဆင့် -၆) ပြီးရင် Network and Sharing Center ဆီကိုပြန်သွားပါ။





(အဆင့် ၇) “Setup a new connection" ဒါမှမဟုတ် network ကိုကလစ်ပါ။





(အဆင့် -၈) Set up a wireless ad hoc (computer-to-computer) network ကိုရွေးပေးပါ။





(အဆင့် -၉) next ကိုနိပ်ပေးပါ။ပြီးရင် wifi မှာနာမည်ပေးပြီး password ပေးပါ ။ security  ကို wap2 ကိုရွေးပေးပါ။ပြီးရင် save > next ကိုနိပ်ပေးပါ။







(အဆင့် -၁၀)ဒီအဆင့် မှာ wifi နာမည်နဲ့  password ကို မှတ်ထားပေးပါ။





(အဆင့် -၁၁)ဒီအဆင့် မှာတော့ ပြီးသွားပါပြီခင်ဗျာ။







 အားလုံးမင်္ဂလာပါ
မိတ်ဆွေတို့ ရဲ့ သိထားတာလေးတွေကိုပြန်လည်မျှဝေခြင်တယ်ဆိုရင် မိတ်ဆွေတို
့ရဲ့ နာမည်နဲ့ ကျွန်တော့် ဘလော့ လေးမှာပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။မည်သည်
့နည်းပညာမဆို


ပြန်လည်မျှဝေခြင်တယ်ဆိုရင် saithu102@gmail.com သို့ ပေးပို့ ပြီးနည်းပညာများပြန့် ပွားအောင်ကူညီပေးကြပါလို့  ဖိတ်ခေါ်ပါတယ်ခင်ဗျာ။



















Saturday, 27 July 2013

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်

Unknown | 27.7.13 | | | Best Blogger Tips











 မင်္ဂလာပါ....



ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက်
အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သုတ်ချင်လာနေကြတယ်....
အဲ့ဒီတုန်းက Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုရယူဖို့ ရာ Distionary
Attack နဲ့ ပဲရသေးတော့ အဲ့ဒီမှာ ခေါင်းစားကုန်ကြတယ်.... အဲ့ဟာကြီးက
ဘာကြီးမှန်းမသိဘူးပေါ့... အဲ့ဒါနဲ့ ပဲ လက်လျော့လိုက်ရတယ်...



အခုတခါတော့ Beini 1.2.5 ထွက်ရှိလာတဲ့အခါ wpa ပတ်စဝေါ့ကို အလစ်သုတ်ဖို့ 
Reaver ဆိုတဲ့ဖန်ရှင်ပါလာတဲ့အခါ အရင်လို ခေါင်းမစာတော့ပဲ
ကလစ်တစ်ချက်နှိပ်တာနဲ့  အလစ်သုတ်လို့ ရလာတော့ အဲရစ်လို
လူပြိန်းငတက်ပြားအတွက် အဆင်ပြေလာတယ်.... ဒါနဲ့ ပဲ တစ်ရက်တော့
မလေးရှားမှာနာမည်ကြီး ယူနီဖိုင်ဆိုတဲ့ wpa2-psk ပတ်စဝေါ့ကို
အလစ်သုတ်ကြည့်မိတယ်..... ဒါနဲ့ ပဲ နေ့ လည် ၁၂ နာရီလောက်မှာ စပီး
ခိုင်းတော့တာပဲ...... တစ်နေကုန်လွှတ်ထားလိုက်တယ်...
ဖြစ်ချင်တာဖြစ်ဆိုပြီး.... ညနေ ၅ နာရီလောက် ကြည့်လိုက်တော့ ၃၀ %
ပဲရှိသေးတယ်..... ဒါနဲ့ ဆက်လွှတ်ထားလိုက်တယ်..... ည ၁၀ နာရီကျပြန်တော့ ၅၅ %
... စောင့်ကြည့်မနေတော့ပဲ လွှတ်ထားလိုက်တော့တယ်....
မနက်မိုးလင်းကြည့်လိုက်တော့ ပတ်စဝေါ့ရပြီးဖြစ်နေတယ်.... မနက် ၃း၁၅
မှာရနေပြီးဖြစ်ပြီးတော့ ၉၂.၈၆ % မှာ ပတ်စဝေါ့ထွက်တာကိုတွေ့ ရတယ်.....
ဆိုတော့ နာမည်ကြီး ယူနီဖိုင်ကို အလစ်သုတ်တာ ၁၅ နာရီလောက် ကြာတယ်လို
့ပြောရမယ်.....







နောက်တခါ
ယူနီဖိုင်မဟုတ်ပဲ ရိုးရိုးလိုင်း wpa2-psk ကျတော့ ကြာချိန် ၇
နာရီရှိတယ်.... ဒါကြောင့် wpa2-psk ကိုအလစ်သုတ်ဖို့ ကြာချိန် အနည်းဆုံး ၇
နာရီကနေ အများဆုံး ၁၆ နာရီလို့ ဆိုလိုရမယ်ထင်တယ်.... စိတ်ရှည်ဖို့ နဲ
့အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်မယ်ဆို အဆင်ပြေပြေနဲ
့အလစ်သုတ်နိုင်မှာပါ....







အခုအဲရစ်ပေးမယ့်နည်းလမ်းက Xiaopan ဆိုတဲ့ iso လေးနဲ့  မိတ်ဆက်ပေးမယ်.....
Beini နဲ့ တူတူပဲ.... သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD
ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB
ရှိတယ်...
















CD ကတော့ လူတိုင်နီးပါးလုပ်တတ်လို့ မပြောပြတော့ဘူး.... အဲ.... CD
ရှာရခက်တယ်... လောလောဆည် မရှိသေးဘူးဆိုရင်လဲ USB Pendrive နဲ့ လဲ
အဆင်ပြေပါတယ်..... Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ
ဒေါင်းလိုက်.... 5MB ရှိတယ်....















ဒေါင်းတဲ့အခါ ပြန်ရှာရလွယ်အောင် desktop ပေါ်မှာပဲသိမ်းထားတာ ကောင်းပါတယ်....








၂ခုစလုံး ဒေါင်းပီးပီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်ပါ....



















အောက်ကပုံစံအတိုင်း ၁း Diskmiage ကို click နှိပ်ပါ.... ၂း
မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို
ရှာပီးရွေးပေးပါ.... ၃း pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း
Ok နှိပ်ပါ....

















အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ... 

















Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်....
အဲရစ်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်....
စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး...
Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး.... အဲရစ်စက်ကတော့
Acer ပါ.... ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်....








အောက်ကပုံကတော့ Boot Order ထဲဝင်သွားပုံပါ...

















ရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ....

















အော်တို Boot လုပ်ပေးပါလိမ့်မယ်...

















boot လုပ်ချိန် ခဏလေးစောင့်ပါ.... 








Xiaopan ထဲ ရောက်သွားပါပြီ...

















ရောက်သွားရင် အောက်ကပုံမှာပြထားတဲ့အတိုင်း minidwep-gtk ကို နှိပ်ပါ...

















Ok ကိုနှိပ်ပါ....

















တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0
ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင်
wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.... ကြိုက်နှစ်သက်ရာ
ကဒ်ကိုရွေးချယ်ပါ... 

















မြှားပြထားတာကိုနှိပ်ပီး WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်...
အခုက WPA2 ကိုအလစ်သုတ်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ....

















ပီးရင်တော့ Scan နှိပ်ပါမယ်...

















Scan လုပ်ပီး လိုင်းတွေတက်လာပုံပါ.....

















မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....





အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....





ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....





အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်.... သုနောက်ကမှ wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....





ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....

















Ok ကိုနှိပ်ပါ...

















Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်....

















ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၃၆ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....





အဲရစ်စမ်းသပ်ပီးသလောက်တော့ ၉၂% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ထွက်ပါတယ်.....



















အောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို
ရေးမှတ်ထားဖို့ လိုပါတယ်.... အလည်က WPA PSK က သုပတ်စဝေါ့ပါ.... ဒါကတော့
Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ
ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...




















အခုဆိုရင် အားလုံလိုချင်နေတဲ့ wpa/wpa2-psk ကိုအောင်မြင်စွာ
အလစ်သုတ်နိုင်ပြီဖြစ်လို့  မလေးရှားက သူငယ်ချင်းတွေ အကန့် အသတ်မရှိ
သုံးနိုင်တဲ့ သာမာန်လိုင်းတွေထက် ပိုမြန်တဲ့ ယူနီဖိုင် ဆိုတာကြီးနဲ
့ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... အကန်
့အသတ်မရှိသုံးနိုင်တော့ သူလဲမသိသာတော့ဘူးပေါ့.....








အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့ 
စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း
အသိပေးလိုက်ပါတယ်....











ခင်တဲ့..
















Sunday, 27 January 2013

Who On My Wifi 2.1.3

Unknown | 27.1.13 | | Best Blogger Tips















Who On My Wifi ကိုအားလုံးသိကြမှာပါ... WiFi ပိုင်ရှင်တွေ မိမိတို့ရဲ့ Internet Connection ကို ဘယ်နှစ်ယောက်တောင် ခိုးသုံနေသလဲဆိုတာကို ရှာပေးမဲ့ Software လေးပါ... နောက်ဆုံး Update လေးဖြစ်တာကတစ်ကြောင်း Install လုပ်စရာမလိုတဲ့ Portable Version လေးဖြစ်တာကတစ်ကြောင်းမို့ ထပ်တင်ပေးလိုက်ပါတယ်...။





As the owner of a wireless network, you want to protect it from hackers and freeloaders. Download Who's On My Wifi and find them today.





Are People On Your Network Right Now?





If you’ve stumbled across this site, chances are that you’re concerned about how secure your wireless network really is. You might even be concerned that someone you don’t know is connected to your network this very minute.





The problem is you can’t see a wireless network. You can’t touch it. And you can’t know who is connected to it without some help.





But there is a way to be 100% certain that no one is on your Wireless Network but the computers and devices that you want to be on it…







Click Here to Download Setup


Click Here to Download Keygen Only











ဝိုင်ဖိုင် ပြန်လည်မျှဝေခြင်သူများအတွက် connectify pro

Unknown | 27.1.13 | | Best Blogger Tips

















မိမိ အင်တာနက်ကို ပြန်လည်မျှဝေသုံးစွဲချင်သူများအတွက်


Connectify Pro နောက်ဆုံထွက် Version အသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်


အသုံးပြုချင်သူများအောက်မှာ ဒေါင်းယူ သုံးစွဲနိုင်ပါတယ်.. 



အသုံးပြုနည်း Video လေးကို ဒီနေရာ မှာကြည့်နိုင်ပါတယ်..။




Mediafire | Zippyshare | Box





The Connectify application will turn your Windows laptop into a WiFi Hotspot to share the Internet with friends, co-workers, and mobile devices. Connectify is running in the Notification Tray next to the system clock. It might not be visible, because Windows has cleaned up the Notification Tray to hide the icons that you don't frequently use. If you click on the small white triangle it will show all of the icons, including the Connectify radio wave icon.





Here are some key features of "Connectify":





Software-based Wireless Router:


· Take any intemet connection and share it wirelessly with no additional hardware





Connect with Mobile Devices:


· Easily connect any number ot WiFi enabled devices to your mobile network








OS : Windows XP, Windows Vista, Windows 7, Windows 8 (64 & 32 bit)


Language : English





Home Page -


 http://www.connectify.me/







ကိုလတ်(ကျွဲဆင်း)





Wednesday, 16 January 2013

မိမိသုံးနေတဲ့ Internet Connection ကို အခြား Devices တွေမှာ Share သုံးရအောင် (Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ)

Unknown | 16.1.13 | | Best Blogger Tips









Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ ... ပြုလုပ်ပေးရမဲ့ အဆင့်ကလည်း  ၄ ဆင့်ပါပဲ ... Connectify pro က သုံးရတာ စက်လေးပါတယ် ပြီးတော့ Key,Crack  အတွက်ခေါင်းစားရတယ်...  ဒါလေးက ပေါ့ပါးတဲ့ အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလည်း 1.6MB ပဲရှိပါတယ်.... ဒီ Software လေးကို Run နိုင်ဖို့ကိုတော့ .Net farmwork v.4  လိုပါမယ်ခင်မျာ....




Click Here to Download .Net Farmwork 4 Offline Installer





Would you like to share your internet connection over to your room and use the same connection for Laptop, Mobile Phones or other devices without any kind of cable connectivity, but you don’t have any expensive wireless router! if so, don’t worry. Now you can use your internet connected desktop or laptop as a WiFi hotspot easily. Yes, many people use Connectify software for this. But some people have trouble with this software. Another thing, its provably costs you some money to use the full version...so, whatever Connectify is!













I am talking about ‘WiFi Hotspot Creator’ . its an alternative of Connectify pro. Download this software from   

Here  Download


(1.55MB).






Now go for using instructions:





Step  1: Install WiFi Hotspot Creator and restart your PC.









 Step  2: Open the program and set your hotspot information as seen bellow. then press Start to start using your newly created WiFi hotspot.

















Note: Installation should take 5-10 Min to complete. And you must have .net farmwork v.4 installed on your PC to run this program.