Showing posts with label Android နှင့် မြန်မာဖောင့်. Show all posts
Showing posts with label Android နှင့် မြန်မာဖောင့်. Show all posts

Sunday, 20 July 2014

Asus -tooj 4.3 version ဖုန်းကို ကွန်ပျူ တာ မလို root လုပ်မယ်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 20.7.14 | Best Blogger Tips


Asus -tooj 4.3 version ဖုန်းကို ကွန်ပျူ တာ မလို root လုပ်မယ်။ android version 4.3 အထက် ရောက်ရင် root လုပ်ရ တာ မလွယ်ဘူး ဆို တဲ့ မိတ် ဆွေ တွေ အတွက်ပါ။ font လည်းမှန်ကန် စွာ ချိန်းလို့ ရပါတယ်။apk လေးတစ်ခု တည်း နဲ့ အလုပ်ဖြစ် ပြီး မြန်မာစာပါ မှန်ကန် စေ ပါတယ်။



root apk ကိုဒေါင်းရန် ။ datafilehost Google drive 

ရလာတဲ့  APK လေးကို INSTALL လုပ်ပြီး. မိမိတို့ ဖုန်းကနေ ROOT လုပ်ပါ။
ရလာတဲ့  desktop apk လေးကိုဖွင့် လိုက်ပါ။



ညာဘက်က တရုပ်စာလေးကို နိုပ်ပါ။

 superSu (by chainfire ) ဆိုတာလေးကို နိုပ်ပါ။


အောက်က တရုပ်စာလေး ကို နိုပ်ပြီး  မိမိဖုန်းကို restart ချ ပေးပါ။ ပြန်တက်လာရင် root acess ရလာပါလိမ့် မယ်။





zawgyi font changer ကိုဒေါင်းရန် /SolidfilesGoogle drive

zawgyi font changer ကို install လုပ်ပြီး ဇော်ဂျီဖောင့် ထည့် ရန် အောက်က ပုံမှာ ပြထားတဲ့ screen shoot လေးအတိုင်း မြန်မာစာသွင်းရန် ဆိုတဲ့  ခလုပ်ကို နိုပ်ပေးပါ။

 




ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook 

ကနေဖတ်ချင်ရင်
ဒီမှာ like လုပ်ပေးခဲ့ ပါ။

စိုင်းသူ

Monday, 17 March 2014

Android Version 1.6 မှ 4.4.2 အထိ Support ပေးသော Font Changer

Unknown | 17.3.14 | Best Blogger Tips




MM Aio Font Changer

(Android Version 1.6 မှ 4.4.2 အထိ Support ပေးသော Font Changer)

MM Aio Font Changer ကတော့ Android Version 1.6 ကနေ 4.4.2 အထိ

အလုပ်လုပ်ပါတယ်။ မိမိဖုန်းကို Root လုပ်ထားရုံနဲ့ ဇော်ဂျီ ၊ Smart ဇော်ဂျီ တို့ကို

ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးနိုင်ပါတယ်။



Font ပြောင်းတဲ့ Method အနေနဲ့ 4.0 ကနေ 4.2.2 အထိ Method နှစ်မျိုးရွေးချယ်

ထည့်သွင်းနိုင်ပါတယ်။ မိမိဖုန်းအတွင်းရှိ မည့်သည့် Font များမှ မပျက်စေပဲ နောက်

Font တစ်မျိုးထည့်သွင်းရန် XML Method ကိုရွေးချယ်ပါ။ ဒီ Method ဖြင့် Font

ပြောင်းပြီးသွားပါက မိမိ မနှစ်သက်ပါက Original Restore ကို နှိပ်ပေးဖို့

လိုအပ်ပါတယ်။ Replace Roboto ကတော့ မိမိဖုန်းရဲ့ Original System Font ဖြစ်တဲ့

Roboto မှာ အစားထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီနည်းလမ်းကို G 730 တွေမှာသုံးလျှင်ရနိုင်မည်မဟုတ်ပါ။

XML Method ဖြင့်အရင်ဆုံး Change ရင်အကောင်းဆုံးဖြစ်ပါတယ်။

အရင်က ထွက်ရှိထားသော MMSD Smart Zawgyi ထက် ၁၀ဆသာလွန်ကောင်း

မွန်တဲ့ Font Changer အသစ်ဖြစ်ပါတယ်။ Samung ဖုန်း HTC ဖုန်း အစရှိသည့်

Android Version ၄.၃ နဲ့ အထက်တွေမှာလဲ မြန်မာစာ ၉၀%လောက်နီးပါး မှန်ကန်

ပါတယ်။ ဖုန်းမပျက်အောင်တော့ အဓိကထားရေးသားထားပါတယ်။ တစ်ချို့ဖုန်း

တွေမှာတော့ Brick ဖြစ်နိုင်ပါတယ်။ Brick ဖြစ်သွားသော ဖုန်းများအား Factory

Rest မချပဲ နည်းလမ်းရှာဖို့ အကြံပေးပါတယ်။

FrozenKeyboard တစ်ခါထဲပါဝင်ပါတယ်။















ဒီ App ကို Google App မှာ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။



Playstore မှာ Download ဆွဲခြင်း Review ပေးခြင်းဖြင့်ကူညီပါ။



https://play.google.com/store/apps/details?id=com.phyochan.mmaiofontchanger



Playstore မရှိသူများအတွက်လဲ ဒီမှာဒေါင်းနိုင်ပါတယ်။



ဖြိုးချမ်း( MMSD )



Monday, 10 March 2014

Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 10.3.14 | Best Blogger Tips




Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ
========================
အရင်က 4.2.2 ကျော်ရင်မြန်မာဖောင့်ထည့်ဖို့
root လုပ်မှရပါတယ် ခုဒီကောင်က 4.3.3 ထိ
root လုပ်စရာမလိုပဲ စာလုံးအလှတွေပါထည့်လို့
ရပါတယ်.....samsung ကိုအဓိက support လုပ်ပါတယ် အခြားဖုန်းများမစမ်းရသေးပါ
......... ဆြာများ creadit ပေးပါတယ်...
လိုအပ်လျှင်ဒေါင်းနိင်ပါပြီ.....


 download here

PPL:)

Tuesday, 11 February 2014

Galaxy Ace 3 LTE GT-S7275R Version 4.2.2 မှာ မြန်မာဖောင့် ထည့်ပီး အလန်းလေးလုပ်မယ်

Unknown | 11.2.14 | Best Blogger Tips


Ace 3 LTE GT-S7275R Version 4.2.2 မှာ မြန်မာဖောင့်မပါဝင်ပါဘူး ။

အဲ့တာကို ပုံမှာပြင်တွေ့ရတဲ့အတိုင်းပါပဲ အလန်းဇယားလေး လုပ်လိုက်ကြရအောင်
 တစ်ချက်နှိပ်ယုံနဲ့ Root လုပ်မယ်
 မြန်မာဖောင့်ထည့်မယ်  
ဘာဆော့ဝဲမှမလိုပဲ ဖုန်းတစ်ခုလုံး မြန်မာစာစနစ်ရအောင်လုပ်မယ် 
 စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ကိုလဲ သွင်းပါမယ် ( မြန်မာစာလဲ 100% လဲမှန်ပါတယ် ဘာဆော့ဝဲနဲ့မှ ထောက်ပံ့ပေးစရာ လုံးဝမလိုပါဘူး )

လုပ်ဆောင်နည်းကို အောက်တွင် လေ့လာပါ






အရင်ဆုံးဖုန်းကို Root လုပ်ပါမယ် Vroot ကို ဒီမှာဒေါင်းလိုက်ပါ ။ သင့်ကွန်ပြူတာမှာ အင်စတောလုပ်လိုက်ပါ ။

( 4.0 အထက်တွေမှာ USB ( On ) ဖို့ရှာမတွေ့ဘူးဆိုရင် ဒီမှာသွားရောက်လေ့လာပါ )
 http://freemobilesharing.blogspot.com/2013/07/android-v42x-usb-debuggin.html

Root ဖို့ရန်လွယ်ပါတယ် ကလစ်တစ်ချက်နှိပ်လိုက်ယုံပါပဲ ။ ဖုန်းကိုအရင်ဆုံး USB ( On ) ထားလိုက်ပါ ။

ပြီးရင်ဖုန်းကို ပါဝါဖွင့်လျှက်တိုင်း ကြိုးချိတ်လိုက်ပြီး Vroot ဆော့ဝဲကိုဖွင့်လိုက်ပါ

အောက်ထောင့်နားက တရုတ်စာနဲ့အစိမ်းရောင်အကွက်လေးကိုနှိပ်လိုက်ပါ ။
Loding..... လေးခဏဖတ်ပြီးတာနဲ့ အမှန်ခြစ်လေးပြသွားကာ သင့်ဖုန်းမှာရီစတတ်ကြသွားပါမယ် ။

ပါဝါပြန်တတ်လာရင်ကြည့်လိုက်ပါ သင့်ဖုန်း Root ရသွားပါပြီ :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစာ ထည့်ကြရအောင်

( ကျနော်ပြထားတဲ့နည်းအတိုင်းပဲ ထည့်ပါ ။ တခြားနည်း Apk တွေဘာတွေထည့်ရင် သင့်ဖုန်းမှာ တခြားဖောင့်ပိုင်းပြသနာရှိသလို စမ်ဆောင်းရဲ့မြန်မာကီးဘုတ်မှာလဲ မြန်မာလိုမပေါ်ပဲ တခြားအက္ခရာများနဲ့ ဖြစ်နေတတ်ပါတယ် )

" Samsung မြန်မာစာပါဝင်တဲ့ဖုန်းထဲက Zawgyi2008 ဖောင့်ဖြစ်ပါတယ် DroidSansFallback လို့ အမည်ပြောင်းထားခြင်းဖြစ်ပါတယ် "

ဒေါင်းထားတဲ့ ဖောင့် DroidSansFallback.ttf ဖိုင်ကို Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ။

ထည့်ပြီးရင် ဖောင့်အား rw - r - r ပေးပြီး ဖုန်းကိုရီစတတ်ချပေးလိုက်ပါ ပြီးပါပြီ :)

သင့်ဖုန်းမြန်မာဖောင့် ရသွားပါပြီ :)

rw - r - r ပေးနည်းမသိပါက ဒီမှာသွားကြည့်ပါ 


http://freemobilesharing.blogspot.com/2013/12/root-explorer-permissions.html


" လိုအပ်သည့် Root Explorer Pro ဆော့ဝဲအားဒေါင်းရန် "

Root Explorer Pro V3.1.3 ဆော့ဝဲကို Dev Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Root Explorer Pro V3.1.3 ဆော့ဝဲကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Root Explorer Pro V3.1.3 ဆော့ဝဲကို Limelinx  လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Root Explorer Pro V3.1.3 ဆော့ဝဲကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။


" DroidSansFallback .ttf မြန်မာဖောင့်ဖိုင်အား ဒေါင်းရန် "

DroidSansFallback . ttf ဖိုင်ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

DroidSansFallback . ttf  ဖိုင်ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

DroidSansFallback . ttf ဖိုင်ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

DroidSansFallback . ttf ဖိုင်ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

DroidSansFallback . ttf ဖိုင်ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။


 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သင့်ဖုန်း မြန်မာဖောင့် မြင်ရသွားပြီဆိုရင် ။ ဖုန်းတစ်ခုလုံး မြန်စာစနစ်ရအောင်ဆက်လုပ်ပါမယ် ။

အရမ်းလွယ်ပါတယ်  Root Explorer Pro ဆော့ဝဲထဲကနေဝင်ပြီးတော့ ကျနော်ပုံနှင့်ပြထားသည့်နေရာမှာ စာလေးနှစ်လုံးကို သွားဖြည့်ပေးလိုက်ယုံပါပဲ :)

Samsung ဖုန်းတွေ ဘာဆော့ဝဲမှမလိုပဲ မြန်မာစာစနစ်ရအောင် လုပ်နည်းကို 


ဒီမှာသွားရောက်လေ့လာပြီး လုပ်လိုက်ပါ 

http://freemobilesharing.blogspot.com/2013/10/blog-post.html

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြီးပြီဆိုရင် စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ကို သင့်ဖုန်းထဲမှာ ပေါ်လာအောင် ဆက်လုပ်ပါမယ်

စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ကို ထည့်ရမှာလဲ အရမ်းကိုလွယ်ပါတယ် ။
ကျနော်ပေးထားတဲ့ဖိုင်လေးကို Root Explorer Pro ဆော့ဝဲထဲက သတ်မှတ်ထားတဲ့ နေရာကို သွားထည့်ပေးလိုက်တာနဲ့ စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ပေါ်လာပါမယ် ။

စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ထည့်နည်းကို ဒီမှာသွားရောက်လေ့လာပါ


http://freemobilesharing.blogspot.com/2013/11/samsung-version-43.html

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကဲ..... သင့်ရဲ့  Ace 3 LTE GT-S7275R ဖုန်းလေး မြန်မာစာလဲမှန်ပြီး ဘာမှလိုအပ်ချက်မရှိပဲ အလန်းဇယားလေး ဖြစ်သွားပါပြီ :)


Djjoe Man(MMF)

Friday, 10 January 2014

App တစ်ခုတည်းနဲ့ Root လုပ်ခြင်း Myanmar Font ထည့်သွင်းခြင်းကို လုပ်ဆောင်နိုင်မည်

Unknown | 10.1.14 | Best Blogger Tips


ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့
အခုမှဖုန်းစသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေးသားဖြစ်သွားပါတယ်။ ဆော့ဝဲနာမည်ကိုတော့
MMAS Root & Font Installer လို့အမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ 
 
ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။
 
 ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။

MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။


Miloshare



http://d-h.st/y14

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App Store)

Tuesday, 7 January 2014

Huawei G730 အတွက် Myanmar Font APK

Unknown | 7.1.14 | | Best Blogger Tips

 



 
 
 Huawei G730 Myanmar Font APK
======================
Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ
One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ်
ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှားပါဘူး
G730 အတွက် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် တခြားဖုန်း မော်ဒယ်
မှာ စမ်းလို့ အဆင်မပြေရင် တာဝန်ယူမည် မဟုတ်ပါ

Download Here >> http://d-h.st/Sjf <<
 
                              MILOSHARE


Refer >> Ko Ye Lin Aung

==========================
 
Aung MIn Han

Thursday, 2 January 2014

ကျွန်တော်နှင့် တိုင်ပတ်သွားသော HTC One

မိုးညိုသား | 2.1.14 | Best Blogger Tips




မင်္ဂလာပါ ဒီနေ့တော့ နဲနဲအားနေတာနဲ့ ဟိုတစ်နေ့က တိုင်ပတ်ခဲ့တဲ့ HTC One ရဲ့ဇတ်လမ်းလေးကို တင်ပေးလိုက်ပါတယ် :D .. အဖြစ်က ဒီလိုပါ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီးတော့မေးလာတယ် သူ Htc One ဝယ်မလို့တဲ့ မြန်မာဖောင့် သွင်းလို့အဆင်ပြေပါသလားဆိုတော့
ကျွန်တော်လည်း ရပါတယ်လို့ အာမခံလိုက်ပါတယ်. ညပိုင်းအလုပ်ပြန်ချိန်လည်းရောက်ကိုတော်ချောက ဖုန်းကိုလာပြီးပေးသွားပါလေရော.. ကျွန်တော်လည်းအေးဆေးပေါ့. အိမ်လည်းရောက်ရော လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးတော့ HTC One လေးကိုကောက်ကိုင်ပြီးတော့ လုပ်ငန်းစပါတော့တယ်
Bootloader Unlock အရင်လုပ် တယ် အဆင်ပြေတယ် .. နောက်ပြီးတော့ CWM Flash လုပ်တယ် အဲအထိအဆင်ပြေတယ် .. နောက် Super User install လုပ်ပြီးတော့ Root ဖောက်လိုက်တယ် အဆင်ပြေပါသေးတယ်။။  ခက်ပါတယ်ဆိုတဲ့ အဲဒီအဆင့်တွေကျော်သွားတော့ ပြီးသွားပြီပေါ့ မြန်မာဖောင့်ကတော့ အေးဆေး မျက်စိမှိတ်ပြီးတော့ လုပ်လို့ရတယ်ဆိုပြီးအေးဆေးနေလိုက်တာ .. လုပ်စရာကျန်သေးတဲ့ အိမ်အလုပ်တွေနဲနဲ ထလုပ်လိုက်သေးတယ် ပြီးသွားတာနဲ့ ဖုန်းပြန်ကိုင်လိုက်ပြီး မြန်မာဖောင့်သွင်းလိုက်တယ်.. ပြဿနာက အဲဒီမှာစတွေ့တော့တာပဲဗျာ.. APK တွေကို Install လုပ်ဖို့လက်ခံတယ် Superuser ကလည်းအလုပ်လုပ်တယ် root access လည်းဖြစ်တယ် Font Folder မှာလည်း ဖောင့်ကဝင်တယ် ဒါပေမယ့် မြန်မာစာလုံးဝမပေါ်ပါဘူးဗျာ...  နဲနဲတော့ခေါင်းခဲသွားပြီ အရင်ဖုန်းတွေတုန်းက အဆင်ပြေပါတယ်ပေါ့.. ဒါနဲ့နောက်တစ်ခု Zawgyi Changer နဲ့လုပ်တယ်မရဘူး.. ဒါလည်းလက်မလျှော့သေးပါဘူး ရှိသမျှ zawgyi changer အကုန်းလုံး apk , exe ရှိသမျှနည်းလမ်းအကုန်လုံးနဲ့လုပ်တယ် မရပါဘူး.. Root explore ကနေဝင်ပြီးတော့ fallback font ပါသွင်းတယ်မရပါဘူး.. ဒါနဲ့ဖုန်းးကို restore လုပ် Format ချ။။ ရှိသမျှအကုန်ပြန်ထည့် မရပါဘူး အဲဒါတွေနဲ့ချည်းပဲ သံသရာလည်နေလိုက်တာ မိုးလင်းသွားတဲ့အထိပါပဲ.. ဒါနဲ့တစ်ခုခုတော့လွဲနေပြီဆိုပြီးတော့ Google ကြီးကိုအကူအညီထတောင်းလိုက်ရပါတော့တယ်.. Google ထဲဝင်မိမှပဲ ကိုယ့်လိုလူတွေ အများကြီးဆိုတာ သွားတွေ့လိုက်ရတယ် အားတော့ ရှိသွားတယ် :P :P :P
ဒါနဲ့ ဟိုရှာဒီရှာ လုပ်လိုက်တာ မနက် ၇ နာရီထိုးမှပဲ XDA developer ဆိုဒ်ထဲကနေ mmfont.zip ဖိုင်လေးကို သွားတွေ့ပါတယ် .. ဒါနဲ့လက်တဲ့စမ်းကြည့်လိုက်တာ .. ဟော ထင်မထားပဲ လုံးဝအဆင်ပြေသွားပါတယ်ဗျာ.. .. ဒါနဲ့ ကျွန်တော်လည်း ဒီပို့လေးကို ကျွန်တော့်လိုမျိုးတိုင်ပတ်နေသူများ ရှိရင် အဆင်ပြေပါစေဆိုပြီင်္းတော့ ဒီအကြောင်းလေးနဲ့အတူ လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတင်ပေးလိုက်ပါတယ်ဗျာ.. အားလုံးအဆင်ပြေကြပါစေ..



လိုအပ်တာလေးတွေ အောက်မှာယူလိုက်ပါ..

Android

Super User



CWM Recovery

MM Font

Sunday, 1 December 2013

Ace 3 LTE GT-S7275R Version 4.2.2 ကို အလန်းဆုံး လုပ်မယ်

Unknown | 1.12.13 | Best Blogger Tips



Ace 3 LTE GT-S7275R Version 4.2.2 မှာ မြန်မာဖောင့်မပါဝင်ပါဘူး ။

အဲ့တာကို ပုံမှာပြင်တွေ့ရတဲ့အတိုင်းပါပဲ အလန်းဇယားလေး လုပ်လိုက်ကြရအောင်
+ တစ်ချက်နှိပ်ယုံနဲ့ Root လုပ်မယ်
 မြန်မာဖောင့်ထည့်မယ် 
+ ဘာဆော့ဝဲမှမလိုပဲ ဖုန်းတစ်ခုလုံး မြန်မာစာစနစ်ရအောင်လုပ်မယ် 
+ စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ကိုလဲ သွင်းပါမယ်
+ ( မြန်မာစာလဲ 100% လဲမှန်ပါတယ် ဘာဆော့ဝဲနဲ့မှ ထောက်ပံ့ပေးစရာ လုံးဝမလိုပါဘူး )

လုပ်ဆောင်နည်းကို အောက်တွင် လေ့လာပါ

 





အရင်ဆုံးဖုန်းကို Root လုပ်ပါမယ် Vroot ကို ဒီမှာဒေါင်းလိုက်ပါ ။ သင့်ကွန်ပြူတာမှာ အင်စတောလုပ်လိုက်ပါ ။
http://cdnpic.mgyun.com/files/products/vRoot/1000/2013/17236736/VRoot_1.7.3.4388_Setup.exe

( 4.0 အထက်တွေမှာ USB ( On ) ဖို့ရှာမတွေ့ဘူးဆိုရင် ဒီမှာသွားရောက်လေ့လာပါ )
 

 http://freemobilesharing.blogspot.com/2013/07/android-v42x-usb-debuggin.html

Root ဖို့ရန်လွယ်ပါတယ် ကလစ်တစ်ချက်နှိပ်လိုက်ယုံပါပဲ ။ ဖုန်းကိုအရင်ဆုံး USB ( On ) ထားလိုက်ပါ ။

ပြီးရင်ဖုန်းကို ပါဝါဖွင့်လျှက်တိုင်း ကြိုးချိတ်လိုက်ပြီး Vroot ဆော့ဝဲကိုဖွင့်လိုက်ပါ 

အောက်ထောင့်နားက တရုတ်စာနဲ့အစိမ်းရောင်အကွက်လေးကိုနှိပ်လိုက်ပါ ။
Loding..... လေးခဏဖတ်ပြီးတာနဲ့ အမှန်ခြစ်လေးပြသွားကာ သင့်ဖုန်းမှာရီစတတ်ကြသွားပါမယ် ။

ပါဝါပြန်တတ်လာရင်ကြည့်လိုက်ပါ သင့်ဖုန်း Root ရသွားပါပြီ :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစာ ထည့်ကြရအောင်

( ကျနော်ပြထားတဲ့နည်းအတိုင်းပဲ ထည့်ပါ ။ တခြားနည်း Apk တွေဘာတွေထည့်ရင် သင့်ဖုန်းမှာ တခြားဖောင့်ပိုင်းပြသနာရှိသလို စမ်ဆောင်းရဲ့မြန်မာကီးဘုတ်မှာလဲ မြန်မာလိုမပေါ်ပဲ တခြားအက္ခရာများနဲ့ ဖြစ်နေတတ်ပါတယ် )

" Samsung မြန်မာစာပါဝင်တဲ့ဖုန်းထဲက Zawgyi2008 ဖောင့်ဖြစ်ပါတယ် DroidSansFallback လို့ အမည်ပြောင်းထားခြင်းဖြစ်ပါတယ် "

ဒေါင်းထားတဲ့ ဖောင့် DroidSansFallback.ttf ဖိုင်ကို Root Explorer ဆော့ဝဲထဲက System >>> font ဆိုတဲ့ဖိုဒါထဲကို ထည့်ပေးလိုက်ပါ ။


ထည့်ပြီးရင် ဖောင့်အား rw - r - r ပေးပြီး ဖုန်းကိုရီစတတ်ချပေးလိုက်ပါ ပြီးပါပြီ :)

သင့်ဖုန်းမြန်မာဖောင့် ရသွားပါပြီ :) 


" လိုအပ်သည့် Root Explorer Pro ဆော့ဝဲအားဒေါင်းရန် "

Root Explorer Pro V3.1.3 ဆော့ဝဲကို Dev Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Root Explorer Pro V3.1.3 ဆော့ဝဲကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Root Explorer Pro V3.1.3 ဆော့ဝဲကို Limelinx  လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။ 

Root Explorer Pro V3.1.3 ဆော့ဝဲကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။


" DroidSansFallback .ttf မြန်မာဖောင့်ဖိုင်အား ဒေါင်းရန် "

DroidSansFallback . ttf ဖိုင်ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

DroidSansFallback . ttf  ဖိုင်ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။




DroidSansFallback . ttf ဖိုင်ကို Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။ 


 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သင့်ဖုန်း မြန်မာဖောင့် မြင်ရသွားပြီဆိုရင် ။ ဖုန်းတစ်ခုလုံး မြန်စာစနစ်ရအောင်ဆက်လုပ်ပါမယ် ။

အရမ်းလွယ်ပါတယ်  Root Explorer Pro ဆော့ဝဲထဲကနေဝင်ပြီးတော့ 

ကျနော်ပုံနှင့်ပြထားသည့်နေရာမှာ စာလေးနှစ်လုံးကို သွားဖြည့်ပေးလိုက်ယုံပါပဲ :)

Samsung ဖုန်းတွေ ဘာဆော့ဝဲမှမလိုပဲ မြန်မာစာနစ်ရအောင် လုပ်နည်းကို ဒီမှာသွားရောက်လေ့လာပြီး လုပ်လိုက်ပါ 
http://freemobilesharing.blogspot.com/2013/10/blog-post.html 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 ပြီးပြီဆိုရင် စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ကို သင့်ဖုန်းထဲမှာ ပေါ်လာအောင် ဆက်လုပ်ပါမယ်

စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ကို ထည့်ရမှာလဲ အရမ်းကိုလွယ်ပါတယ် ။
ကျနော်ပေးထားတဲ့ဖိုင်လေးကို Root Explorer Pro ဆော့ဝဲထဲက သတ်မှတ်ထားတဲ့ နေရာကို သွားထည့်ပေးလိုက်တာနဲ့ စမ်ဆောင်းရဲ့ မြန်မာကီးဘုတ်ပေါ်လာပါမယ် ။

စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ထည့်နည်းကို ဒီမှာသွားရောက်လေ့လာပါ

 
http://freemobilesharing.blogspot.com/2013/11/samsung-version-43.html 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကဲ..... သင့်ရဲ့  Ace 3 LTE GT-S7275R ဖုန်းလေး မြန်မာစာလဲမှန်ပြီး ဘာမှလိုအပ်ချက်မရှိပဲ အလန်းဇယားလေး ဖြစ်သွားပါပြီ :)

နားမလည်တာ မလုပ်တတ်တာများ ရှိပါက ထိုပို့စ်လင့်နှင့်တကွ Facebook - MMF Group မှာ လာရောက်မေးမြန်းနိုင်ပါတယ် :)

အားလုံးပဲ အဆင်ပြေကြပါစေ..... :) 


Credit To Djjoe Man (MMF)

Wednesday, 13 November 2013

jellay brean 4.1.2 တွေအထက်မှာမြန်မာစာမှန်ပြီ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 13.11.13 | Best Blogger Tips

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D



Credit to : https://www.facebook.com/fepfz




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

MMSD Smart Zawgyi v1.3.1 (Stable)

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 13.11.13 | Best Blogger Tips




MMSD Smart Zawgyi v1.3.1 (Stable)

MMSD Smart Zawgyi v1.3.1 ကတော့ Orient Myanmr Font ကိုအခြေခံထားတာပါ။

မည့်သည့်ဖောင် Changer နဲ့ထည့်ထည့်မြန်မာစမပေါ်သော Y511

0 တွေပေါ်ပေါ်နေတက်သော G610, Y320 တို့အပြင်

Samsung,Sony,Huawei,HTC,imobile နှင့်မည်သည့် Model မဆိုအသုံးပြုနိုင်ပါတယ်။

Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး

Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမြန်မာစာမှန်ပါတယ်။

Android App ဖြစ်သည့်အတွက် ဖုန်းအတွင်းထည့်သွင်းအသုံးပြုရန်လိုအပ်ပါသည်။

မိမိဖုန်းအား Root ဖောက်ထားရန်လိုအပ်ပါသည်။

Google Playstore ကနေ ဒေါင်းလော့ဆွဲခြင်းဖြင့်ကူညီပါ။

Vote လေးပါပေးခဲ့အုံးနော်။

https://play.google.com/store/apps/details?id=com.phyochan.smartzawgyi


Playstore မရှိသူများဒီကဒေါင်းပါ။

http://www.mediafire.com/download/9c93g8ozbgc2b5z/MMSD_Smart_Zawgyi_v1.3.1.apk


ဒီ Font Changer နဲ့ချိန်းပြီးရင် ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။

http://www.mediafire.com/download/xp4fuss4xygax54/fepfz(MMSD).apk


ပြီးရင် Patch &amp; Reboot ကို နှိပ်လိုက်ပါ။ မြန်မာစာလုံးဝမှန်ပါပြီ။

http://www.myanmarmobilesoftwaredeveloper.com/?p=906


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Tuesday, 8 October 2013

Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3

Unknown | 8.10.13 | Best Blogger Tips




Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။

အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်

Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။

Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။

လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။

Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။

iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။

ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။

Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။

သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .

တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့

Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .

မည့်သည့် Font မှမပျက်ပါဘူး

Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။

အဆင်ပြေပါစေ

ဒီမှာဒေါင်းပါ။

Download Here(Mediafire)

Download Here(Zippyshare)

Download Here(Sharebeast)

Download Here (Mediafire)

Download Here (Dev host)

http://www.myanmarmobilesoftwaredeveloper.com/?p=8865


ကိုလတ်(ကျွဲဆင်း)