Showing posts with label အင်တာနက်. Show all posts
Showing posts with label အင်တာနက်. Show all posts
Wednesday, 9 October 2013
Windows ဆိုသည်မှာ...
Unknown | 9.10.13 | | | Best Blogger Tips
ကွန်ပျူတာတစ်လုံး၏၀င်ပေါက်ဖြစ်လို့ တင်စားပြီး Windows လို့ခေါ်ခဲ့ပါတယ်။ ကွန်ပျူတာတစ်လုံးတွင် Hardware နှင့် Software ဆို၍ နှစ်မျိုးပေါင်းရပ်တည်ရပါတယ်။ ထိုထဲမှ Software တွင် Operating နှင့် Application ဆိုပြီးရှိပါတယ်။
          Application ကတော့ အသုံးချနေသော လိုအပ်သောလုပ်ငန်းခွင်သုံး Software များကို ခေါ်ပါတယ်။ ဥပမာ- ဓာတ်ပုံပြင်ဆင်၍ ဒီဇိုင်းလုပ်နိုင်သော Adobe Photoshop, Engineering ပုံများဆွဲနိုင်သော AutoCad စသဖြင့် ရှိကြပါတယ်။
          Operating Software ကိုတော့ အလွယ်တကူ OS လို့ခေါ်ကြပါတယ်။ ဒါဟာ ကွန်ပျူတာတစ်ခုလုံးကို ထိန်းချုပ်ပေးသော Programming နည်းပညာဖြင့် ဖန်တီးရေးဆွဲထားသော Software ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတွင် အထင်ကရ OS ကြီး ၃ခု ရှိပါတယ်။
1.       PC များတွင်သုံးသော - Windows OS
2.       Apple Mac Computer များတွင်သုံးသော - Mac OS
3.       အခမဲ့သုံးနိုင်သော Open Source - Linus OS
          ထိုအထဲတွင် Mac OS မှာ သီးသန့်အဆန်ဆုံး ဖြစ်ပါတယ်။သူရဲ့ OS ကို Apple Product Computer တွေမှာသာ တင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ အားသာချက်ကတော့ OS ကိုအခမဲ့ပေးထားပါတယ်။ အသစ်ထွက်တိုင်း Hardware ဖြင့် ကိုက်ညီပါက Free Upgrade လုပ်နိုင်ပါတယ်။
          Windows ကတော့ Microsoft ကနေထုတ်ပြီး အခကြေးငွေဖြင့် ရောင်းချပါတယ်။ Upgrade လုပ်ခွင့်ဟာလည်း အတိုင်းအတာတစ်ခုအထိ တန်ဖိုးပေးဝယ်ရပါတယ်။
          Linux ကတော့ အခမဲ့လို့ပြောသော်လည်း Smart Version တွေကိုတော့ တန်ဖိုးသက်သာစွာဖြင့် ရောင်းချပေးပါတယ်။ သာမန် User တစ်ယောက်အတွက် မလွယ်ဘူးထင်ကြလို့ လူသုံးနည်းပါတယ်။
Credit :  http://hlyothwetuyin.blogspot.com/2013/06/windows.html
Tuesday, 3 September 2013
Windows 8 အကြောင်း
Unknown | 3.9.13 | | | Best Blogger Tips
Microsoft မှ နောက်ဆုံးထုတ်လိုက်သော Operating System တစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ပါတယ်။
Windows 8 OS ကို C, C++ နှင့် Assembly Language တို့ကို အဓိကထားသုံးကာ
ဖန်တီးခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က
နောက်ဆုံးထုတ်ခဲ့တဲ့ Windows 7 OS ကို အပြတ်အသတ်ကို ကျော်နိုင်မယ်လို့
ယူဆမိပါတယ်။
ကောင်းဆိုးဆိုတာတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီထဲက ကောင်းတာတွေကို
ရွေးသုံးပြီး မကောင်းတာတွေကို ဆင်ခြင်သုံးရမှာ ဖြစ်ပါတယ်။ ယခင် Windows OS
တွေနှင့် လုံးဝကွဲပြားခြားနားသော ထုတ်ကုန်ဖြင့် ပရိသတ်ကို
ဆွဲဆောင်နိုင်ပါလိမ့်မယ်။
Start Windows ဟာ အလွန်ပင်မြန်ဆန်လာပါတယ်။ အဖွင့်မျက်နှာစာဟာလည်း မသိလျှင်
Tablet တစ်လုံးမှ မြင်ကွင်းတွေလို ခံစားရစေပါလိမ့်မယ်။ အထူးခြားဆုံးကတော့
အလျင်မြန်ဆုံး Windows တက်လာနိုင်ခြင်း ဖြစ်ပါတယ်။ Windows 7 ထက် ၃ ဆ
ပိုမြန်လာပါတယ်။
နဲနဲမကြိုက်တာကတော့ Start Button ကိုနေရာရောပုံစံပါ
ရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။ အပေါ် ညာဘက်ထောင့်ကို မြှားတင်မှသာ Start
အုပ်စုပေါ်လာပါတယ်။ Mouse ကစားမှုကို ပိုအချိန်ကုန်စေပါတယ်။ သို့သော်လည်း
အသွင်ဆန်းတစ်ခုအဖြစ် စာရေးသူတော့ လက်ခံသဘောကျပါတယ်။
          ကောင်းတဲ့ နောက်တစ်ချက်ကတော့ Smart Phone တွေမှာလို လိုသမျှ အသုံးများအား Desktop Screen အဖြစ်အလှဆင်ပေးထားတာပဲ ဖြစ်ပါတယ်။
          စာဖတ်သူ ကွန်ပျူတာမှာ Windows 8 ကို Install လုပ်ရန် အောက်ပါလိုအပ်ချက်တွေရှိမှ အဆင်ပြေပါလိမ့်မယ်။
¯  Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 (more info)
¯  RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
¯  Hard disk space: 16 GB (32-bit)or 20 GB (64-bit)
¯  Graphic card: Microsoft DirectX 9 graphics device with WDDM driver
ကွန်ပျူတာအကြောင်း နားလည်မှုအားနည်းသူများကတော့ ကျွမ်းကျင်သူများနှင့်ပြကာ
တိုင်ပင်သင့်ပါတယ်။ အချို့စက်တွေမှာ အလွယ်တကူ Upgrade
လုပ်နိုင်ခွင့်ရှိကောင်း ရှိနိုင်ပါတယ်။
Windows 8 ကို Style Type နှစ်မျိုးဖြင့် ရရှိနိုင်ပါတယ်။ Windows 8 နှင့်
Windows RT တို့ပဲ ဖြစ်ပါတယ်။ Windows RT ကတော့ Tablet များနှင့်
TouchScreen သုံး PC များအတွက်ဖြစ်ပါတယ်။ Windows 8 ကတော့ သာမန်အိမ်သုံး PC
များအတွက်ဖြစ်ပါတယ်။
Windows 8 ကိုတော့ Pro Version, Enterprise Version နှင့် Core Version
ဟူ၍ ခွဲထုတ်ထားပါတယ်။ သာမန် User Core Version ကို ၀ယ်သုံးကြပါတယ်။ Special
User အဖြစ်သုံးလိုသူတွေကတော့ Pro Version ကို ၀ယ်သုံးနိုင်ပါတယ်။
          Network ပါဝင်သော အကောင်းဆုံးကိုမှသုံးလိုလျှင် Enterprise Version ကိုဝယ်သုံးနိုင်ပါတယ်။
¯  Windows 8 Professional Upgrade - $69.99 (save $130)
¯  Windows 8 Pro Pack - Product Key Card (no media) - $ 69.99 (save $30)
¯  Windows 8 (Full Version) - OEM $99.99 
 ¯  Windows 8 Pro (Full Version) - OEM $139.99
စုဆောင်းမိတာလေးတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်ဗျာ.....
 Credit : http://hlyothwetuyin.blogspot.com/
Monday, 2 September 2013
Youtube မှ ဗွီဒီယိုများကို ဆော့ဝဲလ်မသုံးပဲ အလွယ်ကူဆုံး ဒေါင်းလုပ်လုပ်နည်း
Unknown | 2.9.13 | | Best Blogger Tips
Youtube မှ ဗွီဒီယိုများကို ဆော့ဝဲလ်မသုံးပဲ အလွယ်ကူဆုံး ဒေါင်းလုပ်လုပ်နည်းလေးပါ။ တကယ်ပဲ ဘာဆော့
ဝဲလ်မှ မလိုပါဘူး။
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။ http လို့မပေါ်ပဲ www လို့ပေါ်ရင်ဖြုတ်စရာမလိုပါ။
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါ။
ဥပမာ-
ကိုယ်က https://www.youtube.com/watch?v=qq99WNtsSpc အဲဒီသူချင်းကို
ဒေါင်းမယ်ဆိုရင် s ကိုဖြုတ်  s နှစ်လုံးထည့်လိုက်တဲ့ အခါ
http://www.ssyoutube.com/watch?v=qq99WNtsSpc ဖြစ်သွားမှာပါ။
၎။ပြီးရင် Enter ခေါက်လိုက်ရင် savefrom.net ဝက်ဘ်ဆိုဒ်ကို Direct လုပ်သွားမှာ ဖြစ်ပါတယ်။
အဲ့မှာ
FLV 240p, FLV 360p, MP4 360p,WebM 360p, 3GP 144p, 3GP 240p အစရှိတဲ့
Format များစွာထဲမှာကိုယ်ကြိုက်တဲ့ Video Format နဲ့ Video Quality ကို
ရွေးပြီး ဒေါင်းယုံပါပဲဗျာ။
အားလုံးပဲအဆင်ပြေပါစေဗျာ။ ခင်မင်လျှက်.........
Android ဖုန်း ၀ယ် မည့် သူများ အဝယ်မမှားရလေအောင်
Unknown | 2.9.13 | | | | Best Blogger Tips
ဖုန်း တစ် လုံး ၀ယ် ပြီး
အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ၀ယ်ပြီး တဲ့
အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ ဟန်း ၊ နဲ့ စိတ်ညစ် ရတာ တွေ များ
ပါတယ် ။ အဲ့ တော့ ကိုယ်ပေး တဲ့ ဈေး နဲ့ ရသင့် သလောက် မရ တာမျိုး တွေ
ကြုံနေ ကြရပါတယ် ။
အကြောင်းတစ်ခုခု ကြောင့်
ဖုန်း ပျက် ခဲ့ ပြီ ဆိုလျှင် ပြင် ဖို့ အတွက် လဲ ကြို မစဉ်းစား ပဲ ၀ယ်
ကြတာကြောင့် ပျက် တဲ့ ချိန်ကြ မှ ပြင်မရ လို့ ဒုက္ခ ရောက် ကြတဲ့ သူတွေ လဲ
မနည်း ပါဘူး ။
အဲ့ တော့ Android ဖုန်း တစ်လုံး ၀ယ်မည် ဆို ရင် ဘာတွေ ကြည့် သင့် လဲ ??
1. CPU speed
Brand များဖြစ် တဲ့ Sony ,
Samsung , HTC ,Huawei ,LG ,Moto စတာ တွေ က တော့ အချို့ ဆိုင်တွေ မှာ မေး
နိုင်ပါတယ် ။ဆိုင်တိုင်း တော့ မသိကြဘူး ပေါ့ ဗျာ ။ အဲ့ တော့ ကိုယ် ၀ယ်
ဖို့ ဆုံးဖြစ် ပြီး ရင်
Brand ထဲ က ဆို ရင် ဆိုင်
မသွားခင် အရင် အောက်ကပေးထားတဲ့ လင့် မှာ ၀င် ရောက် ပြီး မိမိ ဖုန်း ရဲ့
အသေးစိတ် အချက် လက် တွေ နဲ့ CPU speed ကို သက်ဆိုင်ရာ Link တွေကတဆင့် လေ့ လာနိုင်ပါတယ်....
အနိမ့် ဆုံး ၀ယ်ယူ သင့် သည့် CPU speed က တော့ 800 ဖြစ်ပါတယ် ။ များလေ ကောင်းလေ ပဲ ပေါ့ ။CPU speed 800အောက် နည်း
လျှင် ဂိမ်း များ ဆော့ မရခြင်း၊ ထစ်ခြင်း များ ။ဖုန်း သုံး လျှင် လေးခြင်း
၊ဟန်း ခြင်း များ ဖြစ် ပါတယ် ။ တရုတ်ဖုန်း များ မှာ တော့ application တစ်ခု
သွင်းပြီး မှ ကြည့် ရှု နိုင်မည် ဖြစ် သည် ။ဆိုင် တွေ က တရုတ်ဖုန်း တော့
မသိတာ များပါတယ် ။
တကယ် လို့ ကြိုက်ပြီ ၀ယ်မယ် သေချာ ပြီ ဆိုလျှင် CPU speed
မေးပါ မသိ လျှင်  ဒီဆော့ဝ် သွင်းပြီး စစ် ကြည့် လိုက်ပါ ။ များသော
အားဖြင့် ဈေး နည်း လျှင် CPU speed နည်းတက်ပါတယ် ။တရုတ် ဖုန်း တွေ ကတော့
တချို့ ဟာ က ဟန်ပြ ပဲ  ပါတာတွေ ရှိပါတယ် ။ ဘယ်ဖုန်း ဖြစ်ဖြစ် သုံးတာကြာ
လျှင် တော့ CPU speed ကျ လာပါတယ် ။ Brand နဲ့ တရုတ် ဖုန်း မှာ ကွာ တာက တော့
China ဖုန်း တွေ က ၆လ လောက် အတွင်း မှ CPU speed ကျ သွားပါတယ် ။
ဥပမာ -၀ယ် ချိန်က ၈၀၀ ဆိုပါတော့ ၆ လ အတွင်း 670 ,560 စသဖြင့် ကျ သွားတက် ပါတယ် ။
2. Internal storage
Internal storage က လဲ
Android ဖုန်း တစ်လုံး အတွက် အရမ်း ရေးပါပါတယ် ။ အများ စု က မန်မိုရီ 8Gb
ပါတယ် တို့ ၊ sd card 8Gb ဆိုဒ် လို့ ရတယ် ဆို တာ နဲ့ လုံလောက် ပြီ မှတ်နေ
ကြပါတယ် ။
တကယ် က Internal storage
နှင့်Phone stoage or Memory storage နှင့် sd card storage ဆို ပြီး ၃
မျိုးပါတက်ပါတယ် ။များသော အားဖြင့် Internal storage နှင့် sd card storage
နှစ်မျိုး တော့ ပါပါတယ် ။
အဓိက စစ်ရမှာ က internal storage ပါ ။ တခြား ဟာ တွေ က အရေး မကြီး ပါဘူး ။
Game တွေ သွင်း ရင် sd
storage  ထဲ သွင်းသွင်း Phone stoage or Memory storage ထဲ  သွင်းသွင်း
Internal ထဲ မှာ တော့ run ဖို့ အတွက်  ၃ပုံ ပုံ ၁ ပုံ လောက် တော့ နေရာ
ယူပါတယ် ။
ဥပမာ - 3Mb game တစ်ခု ဆိုပါ တော့ sd ထဲကို သွင်း တယ် သို့ ပေ မဲ့ Internal storage ထဲ မှာ 1 Mb Run နေ တာ ကို တွေ့ ရပါမယ် ။
Internal storage စစ်ဆေး နည်း
2.3.x version တွေ မှာ
settings - SD card and
Phone storage သို့ Phone storage သို့ storage ထဲဝင်ပါ ။ အထဲ မှာ sd card
နှင့် Internal Phone Storage ဆို တာပါပါတယ် ။Internal storage ဆို တာကို
ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့်
ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။
 4.0.x , 4.1 , 4.1.2 version တွေ မှာ
 settings - storage
ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage နဲ့ အချို့ ဖုန်း
တွေ မှာ Phone storage or Memory Storage ဆိုပါပါတယ် ။Internal storage ဆို
တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို
ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။
3. ဈေးနှုန်း
ဈေး က တော့ များလား နည်း
လား ဆိုတာ ထက် မိမိ ၀ယ်ယူ မည့် ဆိုင် က service ဘယ်လောက်ပြန် ပေး နိုင်လဲ
ကြည့် ပါ ။ ဥပမာ - ၁ နှစ် အာမခံ မရတောင် ၃ ရက်အာမခံ တော့ ပေး ရပါမယ် ။ ၃
ရက် အတွင်း ချို့ ယွင်းချက် တစ်ခုခု တွေ့ ရင်ပြန်လည် လဲလှယ် နိုင် စေ ရန်
အတွက် ပါ။ ကျွှန်တော် တို့ လဲ အာမခံ ၁ နှစ် မပေး ပါဘူး ။ဘာလို့ လဲ ဆိုတော့
ကျွှန်တော် တို့ ရတဲ့ အမြတ်က တစ်လုံး မှ ၂ ထောင် ၃ ထောင် မြတ် တာဖြစ် တဲ့
အတွက် အာမခံ ပေးဖို့ ဆို တာ မလွယ် ပါဘူး ။
 ယခု ဆိုင် အများ စု ပေး နေတဲ့
အာမခံ ဆို တာ ကြုံ ဖူးသူ တိုင်း သိပါတယ် ။နည်းနည်း ပါးပါး လောက် ပျက်တာ
လောက် ပဲ တာဝန် ယူပါတယ် ။ကျန် တာ က User false ပါ ပဲ ။ အဲ့ တော့ အာမခံ
ပေးသည် ဖြစ် စေ မပေး သည်ဖြစ် စေ ၃ ရက် တော့ အာမခံ တောင်း ပါ ။ ပြီးတော့
မိမိ ၀ယ် မည့် ဖုန်း က ဥပမာ samsung galaxy Y ဆိုပါတော့ 90000 လောက်ပေး
ရတဲ့ ချိန်မှာ ရတဲ့ ဖန်ရှင် တွေ ။ ကင်မရာ 3 Mag , internal storage 512 ,
cpu 800 စသဖြင့် ပေါ့ တခြား ဖုန်း နဲ့ နှိုင်း ယှဉ် ကြည့် ပါ ။ ဥပမာ huawei
မှာ 90000 ၀န်း ကျင် မှာ ကင်မရာ 5 Mag ရချင်ရမယ် , internal 1Gb ရရင်ရမယ်
,cpu ၁၀၀၀ ဖြစ်ချင် ဖြစ်မယ် ။ အဲ့ လို မျိုး ချိန်ကြည့် ပါ ။ပြီး မှ
နှစ်သက် ရာ ကို ၀ယ်ယူ ပါ ။
4. ပြုပြင် လို့ ရမရ
ဒါ လဲ အရေး ပါပါတယ် ။ဖုန်း
ကိုင် ပြီ ဆို မှ တော့ ပျက် မှာ ပါပဲ ။ ပျက် ရင် ပြင် မရ ရင် ဘာ လုပ် မလဲ
3,4 သောင်းတန် က ထား ပြင် လဲ မတန် ဘူး ။ ၁ သိန်း ကျော် တွေ ဆို   တော့ 
၂၀၀၀၀ လောက် ထိ ပြင် လို့ သင့် သေးပါတယ် ။အဲ့ တော့ ပြင် ဖို့ အတွက်
အပိုပစ္စည်းလာမလာ ၊ ဆော့ဝ် ပိုင်း ဆို လဲ ရေးရမရ စ တာ တွေ ကို ဆိုင် မှ မ၀ယ်
ခင် မေး ပါ ။အချို့ ဆိုင် တွေ က ရောင်းရပြီး ရော မလိမ့် တပတ် ပြောတက်ပါတယ်
။ဒီမှာ ရလား မရ ရင် ကော ဆို ပြီးသေချာ မေးပါ ။၅သောင်း အောက် ၀ယ် မယ် ဆို
ရင် တော့ ၁၀၀၀၀ အောက် ပျက် တာ လောက် ပဲ ပြင်သင့် တဲ့ အတွက် အပို ပစ္စည်း
မလာလဲ ကိစ္စ မရှိပါဘူး ။ Touch ဖြစ်ဖြစ် LCD ဖြစ်ဖြစ် တရုတ် Android ဖုန်း က
လာ ရင် ၁၅၀၀၀ နှင့် အထက် ဈေး ရှိပါတယ် ။
5. အထွေထွေ
အထွေထွေ ဆိုတာ ကတော့ Wifi
,bluetooth , 3G internet , လိုင်းကောင်းမကောင်း စသဖြင့် ပေါ့ ။ ဒါ တွေက
တော့  သိပ်တော့ အရေး မပါပါဘူး ။ စစ် ချင် ရင် တော့ စစ် ကြည့် ပါ ။
ကဲ Android ဖုန်း သုံး မည့် Mobile House မန်ဘာ များ ၊ မိတ်ဆွေ များ ဒါ လေး တွေ ကို စစ်ဆေး ပြီး ၀ယ် ယူသင့် ပါတယ် ။
Credit :  Mobile House
Sunday, 1 September 2013
ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ
Unknown | 1.9.13 | | | Best Blogger Tips
ယနေ့ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းများနှင့် ကွာလာလမ်ပူမြို့တစ်ချို့နေရာများတွင် စတင်ဖမ်းဆီးနေပြီ
*************************************************
ယနေ့ မလေးရှားအစိုးရ၏ ကြော်ငြာချက်အတိုင်း မလေးရှား ကွာလာလမ်ူရှိ မြန်မာဆိုင်တန်းများတစ်လျှောက်တွင် ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ သတင်းသမားများ စသဖြင့် စုံလင်စွာ ဖမ်းဆီင်္းမှုကိုစတင်ခဲ့သည် ။
တရားမဝင် နေထိုင်သူ ၊ အထောက်အထားမပြည့်စုံသူအားလုံးကို ဆွဲခေါ်ပုံစံဖြင့်ဖမ်းဆီးသွားခဲ့ပြီး ကား ၃ စီးအပြည့်တင်ဆောင်သွားခဲ့သည် ။
ထို့အတူ ကလန်းလားမား ၊ Miharja ၊ Maluri ၊ Kuchin Lama ၊ Klang ၊ စသည့်အလုပ်သမား များနေထိုင်ရာ နေရာများတွင် ဖမ်းဆီးနေဆဲဖြစ်သည် ။
ထို့အပြင် Jalan prima setapak 5 - of jalan genting klang. setapak တွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook အသုံးပြုသူမှ သတင်းပေးသွားသည် ။
အလားတူ မလေးရှားနိုင်ငံတစ်ဝှမ်းဖြစ်သော Malaka , Mua , Johor , Penang တို့ရှိ နိုင်ငံခြားသားအလုပ်သမားများနေထိုင်သော နေရာများတွင်လည်းဖမ်းဆီးနေပြီဖြစ်ကြောင်းနှင့် ယနေ့ 1.9.2013 နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့်နေရာတော်တော်များများတွင် ဆက်တိုက်ဖမ်းဆီးနေပြီဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများမှ သတင်းပေးသွားခဲ့သည် ။
အထူးသဖြင့် မိမိတို့နေအိမ်သည် နိုင်ငံခြားသားများနေသည့်အိမ်ပုံစံအတိုင်း
၊ ရှုပ်ရှက်ခတ်နေသော အဝတ်စားများလှမ်းခြင်း ၊ ကွမ်းတံတွေးများဖြင့်
ညစ်ပတ်ခြင်း ၊ အများသိသာလွယ်သော နိုင်ငုံခြားသားများနေအိမ်ပ
ုံစုံ ဖြစ်နေခြင်းတို့ရှိပါက သန့်ရှင်းထားရန် လိုအပ်သည် ။
ဝင်ရောက်စစ်ဆေးသွားသောနေအိမ်များသည် နိုင်ငံခြားသားများနေထိုင်သည်ဟု သေချာသော အိမ်များကိုသာ ဝင်ရောက်သွားကြောင်းသိရသည် ။
ဆက်လက်ပြီး ယနေ့ညနေ ရရှိမည့်သတင်းများကို ဆက်လက်တင်ဆက်ပေးသွားမည် ။
ဓာတ်ပုံ: နေဇော်လင်းအွန်လိုင်းမီဒီင်္ယ
Ref. မလေးရှားရောက်မြန်မာများ
Internet နှင့် Website ဆိုသည်မှာ...
Unknown | 1.9.13 | | | | Best Blogger Tips
Internet နှင့်.....
ကမ္ဘာကြီးကို အမြန်ဆုံးပတ်သွားနိုင်ဖို့ လေယာဉ်၊ ဂြိုလ်တု စီးသွားရန်မလိုပါ။
အင်တာနက်ပေါ်သာ တက်လိုက်ပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို
စက္ကန့်ပိုင်းအတွင်း စာတစ်စောင်ပို့မလား။
မျက်နှာတွေ့ပြီး စကားပြောမလား။ ဒါတွေသာမက သတင်းတစ်ခုကို သတင်းစာ၊ ဂျာနယ်
ထွက်လာသည်အထိ စောင့်ဖတ်စရာမလိုပါ။ အင်တာနက်ပေါ်မှာ မိနစ်ပိုင်းအတွင်း
လွှင့်တင်သူရှိပါက အလွယ်ကြည့်ရှုနိုင်ပါတယ်။
ကမ္ဘာကြီးဟာ Cable တွေလွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့
ဘော်လုံးလိုဖြစ်လာပါပြီ။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ
မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပါပြီ။
          အင်တာနက်ဆိုတာကတော့ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
          ဒါကို Network အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကို အောက်ပါနေရာတို့မှ ရယူကြပါတယ်။
1.       ADSL (Digital auto Telephone လိုင်းဖြင့် ချိတ်သုံးရန်)
2.       WiMAX (ကြိုးမဲ့သုံးနိုင်ပါတယ်)
3.       SkyNet (ဂြိုလ်တုစနစ်ဖြစ်ပါတယ်)
4.       Mobile (Mobile ဖုန်းများဖြင့် သုံးရပါတယ်)
5.       WiFi (အခမဲ့ဇုန်များ၊ အခပေး၊ လပေးများဖြင့်သုံးနိုင်)
Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ
လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ Page များဖြစ်ပါတယ်။
သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများနှင့်
အခြားသော အရာများစွာကို Webpage တွေမှာထည့်သွင်းပြီး အခမဲ့၊ အခပေးတွေအဖြစ်
Website ဖန်တီးကြပါတယ်။
          ထို Webpage တွေကို အမည်တွေပေးထားပြီး အမည်တူနှစ်ခုမရှိစေရန် ထိန်းချုပ်ထားကြပါတယ်။
          ရေးဆွဲဖန်တီးထားသော Website တွေကို အမြဲဖွင့်ထားတဲ့ Server တွေကနေ လွှင့်ပေးထားတာကြောင့် အလွယ်တကူ ဖွင့်ကြည့်နိုင်ပါတယ်။  
          ဒီလို Website တွေကို အင်တာနက်ပေါ်မှာ ကြည့်နိုင်ဖို့ လိုအပ်တာကတော့ Browser Software တစ်ခုခုပဲဖြစ်ပါတယ်။
စာဖတ်သူ ကွန်ပျူတာဟာ Windows OS ကို သုံးပါက Internet Explorer (IE)
ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါမှမဟုတ် Apple Mac ကိုသုံးပါက Safari Browser
ပါရှိပါလိမ့်မယ်။
          အခြားအမည်ရှိပြီး ထပ်မံထည့်သွင်းကြတာကတော့...
1.       Mozilla Firefox
2.       Chrome
3.       Opera
စတာတွေကို
အသုံးများပါတယ်။ အခြား Browser တွေကိုလည်း အလျဉ်းသင့်သလို သုံးနေကြပါတယ်။
ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာဖြင့်
ပြောင်းပေးနိုင်ပါတယ်။
အင်တာနက်ကိုသုံးရာဝယ်....
အများစုကတော့ စာဖတ်မယ်၊ Game ဆော့မယ်၊ Software တွေ၊ Data တွေ Download
ဆွဲယူမယ်။ ဒါ့အပြင် အခြားနည်းလမ်းအစုံကို မိမိလိုအပ်ချက်အတိုင်း
အင်တာနက်ကို သုံးကြပါတယ်။
          လူငယ်တွေကတော့ Chatting လုပ်ကြတယ်။ Social Network သုံးကြတယ်။
စာဖတ်သူများသိထားရန်မှာ အင်တာနက်မှ Mail များ၊ Social Network
များသုံးလိုလျှင်တော့ Account ကို Register လုပ်ရပါတယ်။ ဒါ့အပြင် အချို့သော
Website များကလည်း Register လုပ်ရပါတယ်။ ဒါသာမက တန်ဖိုးရှိ Data
တွေကိုလည်း ငွေကြေးဖြင့် ၀ယ်ယူရတာတွေ ရှိပါသေးတယ်။
          ဒါ့အပြင် လိမ်လည်သော Website များစွာလည်း ရှိနေပါတယ်။ ဒုက္ခပေးသော Website တွေလည်း ရောပြွမ်းနေတာမို့ သတိထားရပါမယ်။
အင်တာနက်ကို သုံးတဲ့အခါ ၀င်္ကဘာထဲ သွားနေရသလို Click တိုင်းမှာ အဆင့်တွေ
အဆင့်တွေ ထပ်ထပ်ပြီး ၀င်နေမှာပါ။ ဒါကြောင့် Click နှိပ်တာတွေကို
အလွန်သတိထားရပါမယ်။
အပြာရောင်ဖြင့် ပြထားတဲ့ Link ကိုနှိပ်မယ်ကြံတိုင်း Mouse Pointer
တင်ကြည့်ပါ။ မြားပြထားတဲ့ နေရာလေးမှာ သွားမယ့် Location ကိုပြလာပါမယ်။
ဒါကိုစစ်ပြီး သေချာမှနှိပ်ပါ။
ရှာဖွေခြင်းဆိုင်ရာ နည်းလမ်းများ....
        စာဖတ်သူအနေဖြင့် ယခုအခန်းလေးဟာ အလွန်ပင်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် Google ကို သုံးထားပါတယ်။
          ကိုယ်ရယူရှာဖွေလိုတာတွေကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ ကောင်းစွာ ထောက်ပံ့နိုင်မှာပါ။
၁။       + နှင့် - အသုံး
ကိုယ်အဓိက ရှာဖွေလိုသော Keyword ရှေ့မှ + ကိုထည့်ပေးလိုက်ခြင်းဖြင့် ထို
Keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးပါတယ်။  - ကိုတော့ မပါဖို့အတွက်
သုံးပါတယ်။
          ဥပမာ။  ။         +technology ဆိုပြီး ရှာလျှင် ပိုမိုတိကျစွာ ရရှိပါမယ်။
                             - technology book ဆိုရင်တော့ book နဲ့ပတ်သက်တာတွေ ကိုသာရှာပေးမှာပါ။  
          - ကတော့ အသုံးနည်းပါတယ်။ သတိထားရမှာက Space မပါပါဘူး
၂။       "  " အသုံး
          ဒါကိုတော့ စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရပါမယ်။
ဥပမာ။  ။         "golden land of myanmar" လို့ရှာပါက ထိုစကားစုပါသော
Website တွေကို စုပေးပါလိမ့်မယ်။ စကားစုအတွက် ပိုသုံးသင့်ပါတယ်။
၃။       * အသုံး
          ဒီ * လေးကို ထည့်လိုက်ခြင်းအားဖြင့် ထို Keyword အား နှံ့စပ်စွာ ရှာပေးမှာဖြစ်ပါတယ်။
          ဥပမာ။  ။         *tech လိုရှာခြင်းဖြင့် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးပါလိမ့်မယ်။
၎။       the, a, an, i, you တွေကိုရှောင်သုံး
အထက်ပါစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ပါဘူး။ Message
ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။ ၎င်းတို့ကို  Stop
Words လို့ခေါ်ပါတယ်။ မဖြစ်မနေသုံးလိုပါက "  " ထဲမှာ ထားသုံးနိုင်ပါတယ်။
၅။       intitle ကိုထည့်သုံးခြင်း
          Website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့သုံးပါတယ်။
          ဥပမာ။  ။         intitle : myanmar လို့ရှာလိုက်ပါက ခေါင်းစဉ်တွေမှာ မြန်မာဆိုတာ ပါတာနဲ့ ဖော်ပြပေးပါလိမ့်မယ်။
၆။       intext ကိုသုံးခြင်း
          ကိုယ်ရှာချင်တဲ့ စကားလုံးကို Webpage တစ်ခုလုံးမှာရှာဖို့သုံးပါတယ်။
          ဥပမာ။  ။         intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကို ညွှန်းပါလိမ့်မယ်။
၇။       link တွေကိုကြည့်ရန်
          မိမိသိပြီးသား ဆိုက်တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ သုံးပါတယ်။
          ဥပမာ။  ။         www.mediumwaybook.com
၈။       အကြောင်းအရာကိုလည်းရှာနိုင်
          စာဖတ်သူဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါမှာလည်း Search Engine ကတွဲဆက်ရှာပေး နိုင်ပါတယ်။
၉။       File Type ဖြင့်လည်းအမြန်ရှာနိုင်
          စာဖတ်သူဟာ Ebook တွေကို ဖတ်ရှုလိုပါက .pdf ဆိုတာကို တွဲဖက်ရှာခိုင်းခြင်းဖြင့် ပိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။
၁၀။     လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
စာဖတ်သူအနေဖြင့် ဥရောပတိုက်ကို သွားရောက်လည်ပတ်ရန် ခရီးသွား Company
တစ်ခုခုနှင့် ချိတ်ဆက်လိုတဲ့အခါ "europe travel company" ဆိုပြီး
အလွယ်ရှာနိုင်ပါတယ်။
၁၁။     တန်ကြေးကန့်သတ်ရှာဖွေခြင်း
မော်တော်ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုတဲ့အခါ
"toyota car $2000 .... $ 5000" ဆိုပြီး ရှာလိုက်ပါ။ ထိုဈေးအတွင်း
ရောင်းချပေးသော ကားစာရင်းရှိရာ Site ကို ညွှန်ပြပါလိမ့်မယ်။
၁၂။     ပုံတွေသာရှာဖွေဖို့
ဓါတ်ပုံတွေနှင့် အခြားပုံအမျိုးမျိုး ရှာဖွေဖို့အတွက် Google ရဲ့ Image
လိုင်းမှရှာဖွေပါက ပုံများကို ဦးစားပေး ဖော်ပြပြီး ရှာပေးပါလိမ့်မယ်။
၁၃။     သတင်းတွေကို ရှာသောအခါ
သတင်းတစ်ခုခုကို ခေါင်းစဉ်သာသိပြီး နေရာမတိမကျဖြစ်နေပါက " riot location :
thailand " ဆိုပြီး ရှာနိုင်ပါတယ်။ အဓိက သုံးလိုက်တာကတော့ Location
ဖြစ်ပါတယ်။
၁၄။     သတင်းသီးသန့်ရှာဖို့
          http://news.google.com ကို အသုံးပြုပြီး ရှာဖွေပါ။ ဒါက Google အသုံးအတွက် ပြောတာပါ။
၁၅။     source ကိုလည်းသုံးတတ်ဖို့
          ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ Website တွေကို လိုချင်တဲ့အခါ သုံးရပါတယ်။
ဥပမာ။  ။    "stevejobs source: time" ဆိုလျှင် Time သတင်းစာမှာ
တောက်လျှောက် ဖော်ပြခဲ့သော stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာ ဖြစ်ပါတယ်။
......နည်းပညာဆိုတာ ကလိစရာလို့ အလွယ်မှတ်ထား ....
ဒါမှ လွယ်ပါလားဆိုပြီး ကလိမှ နည်းပညာကိုသိမှာ......
Credit : http://hlyothwetuyin.blogspot.com/
Saturday, 31 August 2013
အွန်လိုင်းပေါ်မှာငွေရှာနည်း အပိုင်း(၂) google adsense အကြောင်း
Unknown | 31.8.13 | Best Blogger Tips
Google Adsense
Google..AdsenseဆိုတာGoogleကုမဏ္ဍီကနေသတ်မှတ်ချက်အရည်အသွေးနဲ့ပြည့်မှီတဲ့ဝက်ဆိုဒ်ဘလော့များအတွက် ပေးထားတဲ့
ကြော်ငြာများပဲဖြစ်ပါတယ်။ကမ္ဘာမှာအရမ်းခေတ်စားပါတယ်၊၀က်ဆိုဒ်ဘလော့တွေမှာAdsense ကြော်ငြာတွေကိုခနခဏတွေ့နေပေမဲ့လို့..
အဲဒါတွေကို
ကြော်ငြာတွေလို့ သိပ်မသိကြဘူး..တကယ်တော့ Google ကုမဏ္ဍီက
ကြားခံဝန်ဆောင်မှု့ပေးတာပါ။ Google Adwords ဆိုတာနဲ့ လုပ်ငန်းရှင်တွေ ၊
ကြော်ငြာရှင်တွေကို လက်ခံပါတယ်။ ကြော်ငြာရှင်များက Google
ကုမဏ္ဍီကိုကျသင့်တဲ့ငွေကြေးပေးရပါတယ်။ တခါ Google ကုမဏ္ဍီက ပြန်ပြီး ၀က်ဆိုဒ်
ဘလော့ပိုင်ရှင်များဆီကိုကြော်ငြာများထဲ့သွင်းစေပြီး
ပိုက်ဆံပြန်ပေးတဲ့စနစ်ပါ။သို့သော်
ဝက်ဆိုဒ်များပေါ်မှာကြော်ငြာရှိနေယုံသက်သက်နဲ့
ဝက်ဆိုဒ်ပိုင်ရှင်များအဖို့ဝင်ငွေမရပါဘူး..အဲဒီကြော်ငြာကိုစိတ်ဝင်စားလို့
ပရိတ်သတ်များက ၀င်ရောက် ကလစ်ကြည့်ရှုမှာသာလျှင် ၀င်ငွေရပါတယ်။ အဲဒီတော့
ကျနော်တို့ကလည်းထင်စရာအကြောင်းရှိပါတယ်..ဒါဆို တနေကုန်ထိုင်ပြီး
ကြော်ငြာတွေကို ကလစ်နေရင် ပိုက်ဆံရမှာပေါ့လို့ ထင်စရာအကြောင်းရှိပါတယ်။
မရပါဘူး။ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် Google Adsense အကောင့်ကို
ရာသက်ပန်အပိတ်ခံရမှာဖြစ်ပါတယ်။ သူတို့မှာ အဆင့်မြင့် software
တွေတတ်ဆင်ထားပါတယ်။ ဒါ့ကြောင့် ၀က်ဆိုဒ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိကို
မလိုသူများက လုပ်ကြံမခံရလေအောင် ကာကွယ်တဲ့ software
များတတ်ဆင်ထားသင့်ပါတယ်။ အဲဒီ ဆော့ဝဲများတတ်ဆင်ထားခြင်းဖြင့် မလိုသူများက
ဘယ်လိုပဲ လုပ်ကြံ လုပ်ကြံ Google ပင်မ ဆော့ဖ်ဝဲများဆီသို့ မရောက်တော့ပဲ
ကြားခံ ဆော့ဖ်ဝဲများက ဖျက်ချပေးသွားမှာဖြစ်ပါတယ်။
                                    Google Adsense Text Link ကြော်ငြာပုံစံလေးတွေပါခင်ဗျာ။
        အခုဖော်ပြပါပုံကတော့ Google Adsense ရဲ့ Text Link ကြော်ငြာပဲဖြစ်ပါ
တယ် အဲဒီပေါ်မှာ မောက်စ်ကို တင်ပြီး ကလစ်ဝင်ရောက်ခြင်းဖြင့်
ကြော်ငြာပိုင်ရှင်ရဲ့ဆိုဒ်ဆီကိုရောက်သွားမှာဖြစ်ပါတယ်။ များသောအားဖြင့်
စီးပွားရေးလုပ်ငန်းအရမဟုတ်ပဲ ၀ါသနာယုံကြည်ချက်အရ အလုပ်လုပ်ပေးနေတဲ့
ဝက်ဆိုဒ် ဘလော့တွေတော်တော်များများဟာ မိမိစရိတ်နဲ့
မိမိလည်ပတ်နေရတာပါ။အပင်ပမ်းခံလုပ်ရတာပါ။ အဖွဲ့စည်း တွေက
ထောက်ပံ့ကြေးငွေပေးထားတဲ့ ဆိုဒ်တွေကိုတော့ မဆိုလိုဘူးပေါ့။
အဲဒီအခါကုန်ကျစရိတ်တွေကိုကာမိအောင်မိမိရဲ့ဆိုဒ်ဟာအရည်သွေးပြည့်မှီမယ်ဆို
ကြော်ငြာဝင်ငွေများနဲ့ကာထားမှသာလျှင် ရေရှည်တည်
တံ့နိုင်မှာဖြစ်ပါတယ်။
ကျနော့်ရဲ့အခု ၀က်ဆိုဒ် The Best English 4 You ဆိုရင်လည်း Google Adsense
ကြော်ငြာနဲ့ ကျားကန်ထားရပါတယ်။ Adsense ကြော်ငြာများကို သိချင်ရင်
ကျနော့်ဆိုဒ်ပေါ်ဝင်ကြည့်လို့ရပါတယ်။ ကျနော်ဆိုရင်
အကျင့်တခုလုပ်ထားပါတယ်..မိမိသိလိုသော ဖတ်လိုသော
ဝက်ဆိုဒ်များကိုဝင်ရောက်သောအခါတိုင်း Adsense ကြော်ငြာတွေ့မယ်ဆိုရင်
အဲဒီကြော်ငြာများအနက်မှ သုံးခုကို အမြဲဝင်ရောက် ကလစ်ကြည့်ရှုပေးပါတယ်…။ ဥပမာ
Burmese Classic ၀က်ဆိုဒ်ကို တခါတရံ
ရုပ်ရှင်ကြည့်ချင်လို့ဝင်ကြည့်ပါတယ်ကျနော်တို့အနေနဲ့ဒီလိုလွယ်လင့်တကူကြည့်နိုင်ဘို့ဝက်ဆိုဒ်ဖန်တီးသူများက
တော်တော်ကြိုးစားထားရ
တာပါ။ အဲဒီအခါမှာ သူရဲ့ကျေးဇူးကို သိတတ်သောအားဖြင့် တုန့်ပြန်တဲ့သဘောပါ။
    ကြော်ငြာ ကလစ်ချက်တခုကို ဘယ်လောက်ရသလည်းဆိုတာကတော့
ပြောဘို့ခက်ပါတယ်။ တဒေါ်လာရဲ့ အပုံတရာပုံတပုံ (
တစ်ဆင့်)ကနေ၁၀ဒေါ်လာလောက်ထိရှိပါတယ်။Google..Adsenseကြော်ငြာတွေကတခုထဲအမြဲတန်းပုံမှန်ရှိနေတာမဟုတ်ပါဘူး…အမြဲ
တန်းပြောင်းနေတာပါ။ဒါ့ကြောင့်ဘယ်ကြော်ငြာဟာဘယ်လောက်ရတယ်ဆိုတာပြောဘို့ခက်ပါတယ်။Google.Adsense ကြော်ငြာလက်
ခံနိုင်ဘို့ အရည်အသွေးများကတော့ အရင်ကျနော်ရေးခဲ့တဲ့ ဆောင်းပါးထဲက အတိုင်းပါပဲ…။
  • Free ၀က်ဆိုဒ် လက်မခံပါဘူး
  • သက်တန်း ( ၆ ) လရှိရပါမယ်။
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေက ကိုယ်ပိုင်ဖြစ်ရပါမယ်။
  • Page views ငါးသောင်းအထက် - ( Hit သို့မဟုတ် impression )
    နှစ်သိန်းလောက်ရှိရပါမယ်။          
    ကျနော်ခန့်မှန်းတွက်ချက်ကြည့်တာ..လူတစ်ထောင်လောက်နေ့စဉ်ဝင်ကြည့်နိုင်ဘို့လိုပါတယ်။
  • Google Adsense ပေါ်လစီများကို လိုက်နာရပါမယ်။ ( ဒီအကြောင်းနောက်ဆက်ရေးပေးပါမယ်)
  • ၀က်ဆိုဒ်ထဲမှာပါဝင်တဲ့အကြောင်းအရာများဟာ
    Google ပေါ်လစီနဲ့ မညိတဲ့အရာများဖြစ်ရပါမယ်။ ( ဥပမာ -ညစ်ညမ်းဆိုဒ် ၊
    လက်နှက်ရောင်းဝယ်မှု့ ဒါမျိုးတွေ လက်မခံပါဘူး
  • မိမိ
    အသုံးပြုနေတဲ့ IP ရဲ့ ကွန်ပြူတာမှ မိမိဝက်ဆိုဒ်ပေါ်က
    ကြော်ငြာကိုမကလစ်ရပါဘူး ( ဒါက အရမ်းအရေးကြီးတဲ့ အချက်ပါ )တကယ်လို့
    ကလစ်မိတယ်ဆို...ချက်ခြင်း အကောင့်ကို ပယ်လိုက်ပါတယ်။            
လောလောဆယ်တော့ Google ကုမဏ္ဍီက မြန်မာဖောင့် လက်မခံသေးပါဘူး..ဆိုလိုတာက သူ့
ဆော့ဖ်ဝဲတွေက မြန်မာဖောင့်ကိုလက်မခံသေးဘူး…ကိုယ်က ၀က်ဆိုဒ်ပေါ်မှာ
အကြောင်းအရာများကို မြန်မာလိုရေးတင်ထားတယ်ဆို သူ့ဆော့ဖ်ဝဲတွေက
မဖတ်နိုင်ဘူး..ဒီတော့ ကြော်ငြာကုတ်တွေကိုတင်လည်း ကြော်ငြာက မပေါ်ပါဘူး။
သို့သော် မြန်မာလိုရေးချင်ရင် ဓါတ်ပုံလိုဟာမျိုးနဲ့လုပ်ပြီးတင်ရင်ရပါတယ်။
ဥပမာ ကျနော့် ၀က်ဆိုဒ် home page ကိုကြည့်လိုက်ပါ။ မြန်မာလိုတွေ
တွေ့ရပါလိမ့်မယ်.. အဲဒါတွေက
ဆိုဒ်စာမျက်နှာပေါ်တိုက်ရိုက်မြန်မာလိုရေးတင်ထားတာမဟုတ်ပါဘူး..photo shop
ကနေတဆင့် စာလုံးရေး
ဓါတ်ပုံလုပ်တင်ထားတာပါ။တချို့ဆိုဒ်တွေမှာအင်္ဂလိပ်လိုရေးတာရော..တချို့နေရာတွေမှာမြန်မာလိုကြားညှပ်ပါနေတာတွေရှိပါတယ်…
ဒီလောက်က ရတယ်။ စာမျက်နှာတခုလုံး ဗမာလိုချည်းရေးတင်မယ်ဆိုရင်တော့ ကြော်ငြာတင်လို့မရပါဘူး။
ကျနော်တို့ နိုင်င်ငံသားတွေညီညွတ်တယ်…ကိုယ့်အမျိုးကိုစောင့်ရှောက်ချင်စိတ်ရှိကြတယ်ဆို စည်းစည်းလုံးလုံးနဲ့ လုပ်လို့ရတာတွေရှိပါတယ်။
နောက်တခါ ဗွီဒီယိုလိုဟာမျိုးတွေချည်းတင်မယ်ဆိုရင်တော့ ပိုအဆင်ပြေပါတယ်...Google Adsense က လက်ခံပါတယ်။ ကြော်ငြာ တင်လို့ ရပါတယ်။
                                     ( ဆက်လက်ဖော်ပြပေးပါမယ် )
credit to - the best english 4 you   မှတစ်ဆင့် ကူးယူဖော်ပြပါတယ်ခင်ဗျာ
Friday, 30 August 2013
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက်
Unknown | 30.8.13 | Best Blogger Tips
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး
ဝင်ငွေရှာလိုသူများအတွက် ပါခင်ဗျာ။ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊
လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန်
ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို
ထပ်ဆင့်မျှဝေပေးပါမယ်။တချို့သောအကြောင်းအရာများကိုဘာသာပြန်ပေးပါ့မယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက
အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ
သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ
သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။
အင်တာနက်ကိုအခြေခံပြီး ၀င်ငွေဖန်တီးလို့ရတယ်ဆိုတာ
သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။
အင်တာနက်မှတဆင့် ၀င်ငွေရှာခြင်းနဲ့ တလ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့
မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့
အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ
တာတွေကို
ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ
ဝိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး
၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက်
မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။
          ကျနော်ယုံကြည်ထားတာ ပညာရပ်တခုကို လက်ဆင့်ကမ်းတယ်ဆိုတာ
သောက်ရေအိုးထဲက ရေကိုခပ်ပေးလို့ ကုန်သွားတာမျိုးမဟုတ်ပါဘူး ၊ ဖယောင်းတိုင်
တစ်တိုင်က တတိုင်ကိုမီးကူးပေးလိုက်ခြင်းမျိုးပါပဲ မီးတောက်တွေများလာလေ
အလင်းတွေထိန်လာလေပါပဲ။ ဒီနေရာမှာ တခုကြိုပြောထားခြင်းတာက ကျနော်
ဒီအကြောင်းရာများကိုရေးသားတင်ပြခြင်းသည် လူတတ်လုပ်လိုသောစိတ် ၊
ဆရာကြီးလုပ်လိုသောစိတ် အလျှဉ်းမရှိဘူးဆိုတာ ယုံပါ။
မိမိမရောက်ဘူးသေးသောအရပ်ဒေသမှာ လမ်းမသိလို့ ရောင်ချာချာဖြစ်နေသူကို
လမ်းညွှန်လိုက်ပို့တဲ့ အဆင့်ပဲဖြစ်ပါတယ်။ အချိန်ရရင်ရသလောက်
ဆက်တိုက်ရေးပေးသွားပါ့မယ်။
အွန်လိုင်းပေါ်မှာငွေရှာနည်းနဲ့ပတ်သက်လို့ အခက်အခဲရှိနိုင်တာတွေရှိပါတယ် ၊
ဒါတွေကိုတော့ အချိန်ယူ သီးခံရင်းနဲ့ပဲ
..ကျော်လွှားရမှာဖြစ်ပါတယ်။ကျနော်ဆက်တိုက်ရေးပေးမဲ့ဆောင်းပါးများနှင့်ပတ်သက်လို့မယုံကြည်တာပဲဖြစ်ဖြစ်…အပျက်မြင်ပဲဖြစ်ဖြစ်ရှိခဲ့မယ်
ဆိုရင်..ဒီနေရာမှာပဲ..ရပ်လိုက်ပါ ဆက်ဖတ်နေရင် မျက်စိညောင်းပါတယ်…။
                  အောင်မြင်မှု့ဆိုတာ..ယုံကြည်စွာ စိတ်အားထက်သန်တဲ့သူတွေအတွက်သာဖြစ်တယ်။
ဝက်ဆိုဒ် ၊ ဘလော့ များကိုအသုံးပြ ငွေရှာခြင်း
ကျနော့်ဆီကိုအီးမေးလ်၊မက်ဆေ့တွေကတဆင့်သူတို့သိချင်တဲ့ အကြောင်းအရာတွေကို
ရေးပေးဘို့ တောင်းဆိုထားတာတွေရှိပါတယ်..ဥပမာ အွန်လိုင်းပေါ်မှာ
ဘယ်လိုဈေးရောင်းမလည်း ၊ ၀က်ဆိုဒ် ဘလော့များနှင့် ဘယ်လိုငွေရှာမလည်း
စတာတွေပေါ့..ဒီနေရာမှာ အရင်ဆုံးအနေနဲ့ ၀က်ဆိုဒ် ဘလော့များနှင့်
ငွေရှာနည်းကို အရင်တင်ပြပေးပါ့မယ်။
အင်တာနက်(သို့)အွန်လိုင်းနဲ့ငွေရှာဘို့မရှိမဖြစ်ရှိရမဲ့
အရာတွေရှိပါတယ်..ဒါတွေမရှိသေးဘူးဆိုရင်တော့ ဗဟုသုတအဖြစ်မှတ်သားထားပြီး
အဆင်ပြေလာတဲ့ အချိန်မှာ အဆင်သင့်ကောက်လုပ်လို့ရပါပြီ..။
မရှိမဖြစ်ရှိနေရမည့်အရာများ
( ၁ ) အင်တာနက်ဆက်သွယ်ရေးရှိရပါမယ် ( speed အမြန် အနှေး ကိစ္စမရှိပါ )။
( ၂ ) ဘဏ် အကောင့် ရှိရပါမယ်။
( ၃ ) အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ရှိရပါမယ်။အီးမေးလ် အကောင့်ရှိရပါမယ်။
( ၄ ) သေချာတဲ့ နေရပ်လိပ်စာ ရှိရပါမယ်။
( ၅ ) ငွေကြေး တစုံတရာစိုက်ထုတ်နိုင်မှု့ရှိရပါမယ် ( အရင်းအနှီး မများပါ )
( ၆ ) အင်္ဂလိပ်လို အထိုက်အားလျှော်စွာ ရေးတတ်၊ ဖတ်တတ်ရှိရပါမယ်။
(
၇) အမေရိကန်မှာနေထိုင်သူဆိုရင်တော့ တရားဝင်နေထိုင်ခွင့်ရှိသူဖြစ်ရပါမယ်။
Tax ID ရှိရပါမယ်။ Good     Credit ရှိသူများအတွက်
အခွင့်အလမ်းကောင်းတွေများပါတယ်။
        အထက်ဖော်ပြပါ အချက်များမှ (
အမေရိကားမှာနေထိုင်သူများ အတွက် မှတပါး )
ကျန်နိုင်ငံများမှာနေထိုင်သူများအတွက် ဖော်ပြပါ အချက်
ခြောက်ချက်ပြည့်စုံရန်လိုပါတယ်။
ဝက်ဆိုဒ်၊ဘလော့ဖြင့်ငွေရှာခြင်းဆိုတာ..မိမိဝါသနာပါရာ၊ယုံကြည်ရာ
အကြောင်းအရာများကို ရေးသားတင်ပြရင်း..ခင်ဗျားတို့ဆိုဒ်တွေဟာ
အထိုက်အားလျှော်စွာလူဝင်ကြည့်တာများလာပြီဆိုကြော်ငြာများတင်လို့ရပါပြီ….။ကျနော်တို့မြန်မာနိုင်ငံသားဝက်ဆိုဒ်ဘလော့ပိုင်ရှင်အများစု
ကကြော်ငြာဆိုတာနဲ့မြန်မာပြည်ကကြော်ငြာတွေကိုပဲပြေးပြေးမြင်တတ်ပါတယ်…။အဲဒီကြော်ငြာတွေတင်မကပါဘူး နိုင်ငံတကာမှာရှိတဲ့ ကြော်
ငြာများကိုလည်းထဲ့သွင်းနိုင်ခြင်းဖြင့်ဝင်ငွေရှာလို့ရပါတယ်။နောက်တခါဝက်ဆိုဒ်ဘလော့များကိုဖန်တီးရာမှာလည်း…သတင်းကဏ္ဍလောက်ကိုပဲ
အာရုံစိုက်တတ်ကြတယ်..လုပ်လို့ရတာတွေအများကြီးရှိပါသေးတယ်…။ဥပမာ...အတတ်ပညာနဲ့ပတ်သက်တဲ့ဆိုဒ်တွေတည်ဆောက်လို့ရပါ
တယ်…ဓါတ်ပုံ
၊ ဗွီဒီယို ၊ ဂိမ်း ၊ ကားပြင်နည်း ၊ကွန်ပြူတာနည်းပညာ၊ စသဖြင့်ပေါ့
အများကြီးပါ….။ ကိုယ်အားသန်ရာ စိတ်ဝင်စားရာ ကျွှမ်းကျင်ရာ
တခုကနေစလုပ်လို့ရပါပြီ။
                         ကြော်ငြာဖြင့်ဝင်ငွေရှာဘို့ ၀က်ဆိုဒ် ဘလော့များအနေဖြင့် မရှိမဖြစ် မလုပ်မဖြစ်အရာတွေရှိပါတယ်။
ဒါတွေကတော့……..။
( ၁  ) ၀က်ဆိုဒ် ဘလော့များဟာ အင်တာနက်ပေါ်မှ အခမဲ့ယူထားတဲ့ အရာတွေမရပါ။
(
၂ ) အထဲတွင်ပါဝင်သော အကြောင်းရာအများစုဟာ တခြားသူများဆီမှ
မိတ္တူကူးဖော်ပြထားခြင်းမျိုးကို လက်မခံပါ ( နည်းနည်းပါးပါး ရပါတယ် )။
မူအရပြောတာ..နိုင်ငံသားတွေညီရင် ရတာတွေရှိတယ်။
( ၃   ) သက်တမ်းအားဖြင့် ခြောက်လ အနိမ့်ဆုံးရှိရပါမယ်။
(
၎  ) တလကို အနိမ့်ဆုံး page view ငါးသောင်း ၊ Hit ( သို့မဟုတ် )
Impression နှစ်သိန်းကျော်ရှိရပါမယ်။ လူဦးရေ ၀င်အားနဲ့ ခန့်မှန်း
အတိအကျမဟုတ်
( လူတစ်ထောင်လောက်နေ့စဉ် ) ၀င်ရင် ကြော်ငြာလက်ခံပေးနိုင်ပါတယ်။
ဝန်ခံချက်။       ။ ကျနော် ကွန်ပြူတာ အင်တာနက်နည်းပညာမကျွှမ်းကျင်ပါ…ဒါ့အတွက် တချို့အခေါ်အဝေါ်များ မှားရင်ပြင်ပေးပါ။
တော့ကျနော်တို့ အများစုက ၀က်ဆိုဒ် ဘလော့ တည်ဆောက်ခြင်းနည်းပညာတွေမတတ်ကျွှမ်းတာများပါတယ်။ဒီအတွက် အခက်အခဲတွေ
တလှေကြိးနဲ့ကြုံရပါတယ်...သို့သော် ဒါ့အတွက် ပူစရာမလိုတော့ပါဘူး ၀က်ဆိုဒ်များကို လွယ်လွင့်တကူ ( ကွန်ပြူတာ အင်တာနက်နည်း
ပညာ အရမ်းကျွှမ်းကျင်စရာမလိုပဲ တည်ဆောက်နိုင်တဲ့ ကုမဏ္ဍီတွေရှိပါတယ်။ ) ကျနော် စပြီးဝက်ဆိုဒ်ကို တည်ဆောက်တော့ အဆင်မပြေ
ပါဘူး ၀က်ဆိုဒ် ကုမဏ္ဍီ ( ၃ ) ခုပြောင်းလိုက်ရပါတယ် ၊ နောက်ဆုံး ကုမဏ္ဍီကြမှ ကောင်းကောင်းအစဉ်ပြေသွားပါတယ်။ ၀က်ဆိုဒ်ကို စတင်
တည်ဆောက်တော့မယ်ဆိုရင်
ပျှမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၁၀၀ ကျော်တော့ရှိပါတယ်။ လစဉ်ကတော့ ပျှမ်းမျှ
ငါးဒေါ်လာကနေ
၁၀ဒေါ်လာကြားထဲလောက်ရှိပါမယ်(ကိုယ်ကလုပ်ဆောင်ချက်တွေအများကြီးမထဲ့ဘူးဆိုရင်အဲဒီလောက်ငွေနဲ့ရပါတယ်။)
ခြောက်လလောက် အတွင်း ဒီငွေကို ရင်းနှီးမြှုတ်နှံနိုင်ဘို့တော့လိုပါတယ်။
        အခု ကျနော် အသုံးပြုနေတဲ့ ၀က်ဆိုဒ် ကုမဏ္ဍီက တော်တော်ကောင်းပါတယ် ဈေးကတော့ တခြားကုမဏ္ဍီထက်စာရင် နည်းနည်းများ
သလိုရှိပေမဲ့
လုပ်ဆောင်ချက်တွေက အရမ်းလွယ်ပါတယ် အကောင်းဆုံးကတော့ ၀က်ဆိုဒ်
တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို customer service ကအရမ်းကောင်းတယ်
ချက်ချင်းတုန့်ပြန်တယ် ဖြေရှင်းပေးတယ် ဒီ ကုမဏ္ဍီပါ
အောက်မှာဖော်ပြပေးထားပါတယ် ကလစ်ဝင်
ရောက်ပြီးလေ့လာကြည့်လိုက်ပါ အရင်
အသုံးပြုခဲ့တဲ့ ၀က်ဆိုဒ် ကုမဏ္ဍီ နှစ်ခုမှာ အဆိုးဆုံးက customer service
ပါပဲ တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို တခါတလေ ၂၄နာရီနဲ့တောင်
အကြောင်းမပြန်ပါဘူး။
ဝက်ဆိုဒ် နည်းပညာအရမ်းသိဘို့မလိုပါဘူး သူ့ထဲမှာ အလွယ်တကူတည်ဆောက်လို့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်
ပါတယ်။ ၀က်ဆိုဒ်တည်ဆောက်ဖို့ အလွယ်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ၀က်ဆိုဒ်ကို ဘယ်အကြောင်းအရာတွေနဲ့ ဘယ်လိုတည်ဆောက်မယ်
ဆိုတဲ့ အယူအဆကောင်းကောင်းရပြိဆို စတင်လည်ပတ်ပါ။
အထက်ဖော်ပြပါအတိုင်းလုပ်ဆောင်ပြီးရင်..မိမိရဲ့ဆိုဒ်ကိုလူတွေစိတ်ဝင်စားအောင်Social
Media Network တွေမှာတင်ပါ ( facebook , Twitter ) တို့မှာတင်ပါ။
ဝက်ဆိုဒ် သက်တမ်း ခြောက်လ အကျော်မှာ ကျနော် အထက်မှာဖော်
ပြခဲ့သလို...အရည်အသွေးများပြည့်စုံပြီဆိုရင်တော့
ကြော်ငြာတင်ဘို့ ကမ်းလှမ်းလို့ရပါပြီ။ ကြော်ငြာ နဲ့ပတ်သက်လို့
အမျိုးမျိုးရှိပါတယ်။ခေတ်
အစားဆုံး အရာတွေကိုပြောပြပါမယ်။
                - Google Adsense
                - ကြော်ငြာ ကုမဏ္ဍီများကို မှတ်ပုံတင်ဝင်ရောက်ပြီး မိမိဝက်ဆိုဒ်ကို ရောင်းရပါတယ်။ ရောင်းတယ်ဆိုတာ ကြော်ငြာတင်ဘို့
                  ဈေးကွက်မှာရောင်းရတာကိုပြောတာပါ။မိမိဆိုဒ်ဟာ လူဝင်များရင်များသလို ငွေပိုရပါတယ်။မိမိဝက်ဆိုဒ်မှာ ကြော်ငြာထဲ့ချင်
               တဲ့ အပိုင်း၊ အကန့် ၊ အကွက်မှာ ( Advertise Here )
ဆိုပြထားရပါတယ်...ကြော်ငြာ ပုံသဏ္ဍန်အမျိုးမျိုး ဆိုဒ် အမျိုးမျိုး
                   ရှိပါတယ်...သူ့ဟာနဲ့သူဈေးကွာခြားပါတယ်။ ဖော်ပြပါလင့်ကိုကြည့်လိုက်ပါ ကြော်ငြာထဲ့သွင်းဘို့ပေးထားတာကိုတွေ့ရပါ
 လိမ့်မယ်။( ကလစ်လိုက်ပါ )
  ( ဆက်လက်ဖော်ပြပေးပါမယ် )
credit to- the best english4 You 
ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ
Unknown | 30.8.13 | | Best Blogger Tips
ကွန်ပျူတာ ကာကွယ်ရေးနည်းလမ်းများ
ကွန်ပျူတာကို အင်တာနက်ကနေ ချိတ်ဆက်အသုံးပြုတဲ့အခါမှာ ပြဿနာ
အမျိုးမျိုးကိုရင်ဆိုင်ရနိုင်ပါတယ်.အထူးသဖြင့် သင့်သတင်းအချက်
အလက်တွေကို ရယူပြီး သင့်အနေနဲ့ လုပ်ချင်ရာလျှောက်လုပ်တာမျိုးဟာ ဘဝပျက်တဲ့အထိ ထိခိုက်နိုင်ပါတယ်... သင့်ကွန်ပျူတာစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်အောင်လုပ်ဆောင်တာမျိုးတွေလည်း မဖြစ်မနေကြုံရနိုင်ပါတယ်... ဒါကြောင့် သင့်သတင်းအချက်အလက်တွေနဲ့ သင့်ကွန်ပျူတာစနစ်ကို ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၁၀) ချက်ကို ဆွေးနွေးဖော်ပြပေးပါမယ်...
၁) ပထမအချက်အနေနဲ့ အရာအားလုံးကို Back up လုပ်ထားဖို့လိုပါမယ်... ဒါဆိုရင်အကြောင်းတစ်ခုခုကြောင့် သင့်စနစ်တွေထိခိုက်သွားမယ်
ဆိုရင်တောင် နဂိုအတိုင်း အမြန်ဆုံးပြန်ရောက်နိုင်ပါတယ်..
၂) ခန့်မှန်းရခက်တဲ့ password မျိုးကိုရွေးထားပါ... ဂဏန်းတွေချည်း
သက်သက် စာလုံးရေနည်းနည်းထားတာမျိုးတွေမလုပ်ပါနဲ့... default password တွေကို အမြဲပြောင်းပေးပါ...
၃) Antivirus တွေကို အသုံးပြုပါ... update နေ့စဉ်လုပ်ပါ...
၎) သင့် OS ကို မကြာခဏ update လုပ်ပေးပါ... software ထုတ်လုပ်
သူတွေက ထည့်ပေးထားတဲ့ security patches တွေအားလုံးကို apply လုပ်ထားပါ...
၅) Hacker တွေ တည်ကျက်အဖြစ်သုံးတတ်တဲ့ apps တွေကို ရှောင်ပါ... သင့် email က အချက်အလက်တွေကို အလိုအလျောက်ယူသုံးခွင့် မပေးပါနဲ့...
၆) အရေးကြီးတဲ့ email တွေပို့တဲ့အခါ PGP (Pretty good privacy) လိုမျိုး encryption software တွေကို အသုံးပြုပါ... သင့် hard drive တစ်ခုလုံးကို ကာကွယ်ဖို့လည်း ဒီ software ကို သုံးနိုင်တယ်လို့သိရပါတယ်...
၇) Spyware detection app တစ်ခုခုကို install လုပ်ထားပါ... ဖြစ်နိုင်ရင် တစ်ခုမကတွဲသုံးပါ... SpyCop လိုမျိုး program တွေကို မကြာခဏ run ပေးပါ...
၈) Personal Firewall တစ်ခုခုကို အသုံးပြုပါ... တခြားကွန်ပျူတာတွေ၊ network တွေနဲ့ site တွေက သင့်ကိုချိတ်ဆက်တာကနေ တားဆီး
ကာကွယ်ထားပါ... ကွန်ရက်ကိုအလိုအလျောက်ဆက်သွယ်ခွင့်ပြုမယ့် program တွေကို ရွေးချယ်သတ်မှတ်ထားပါ...
၉) သင်အသုံးမပြုတဲ့ system services တွေကို disable လုပ်ထားပါ... အထူးသသဖြင့် Remote Desktop, RealVNC နဲ့ NetBIOS တို့လိုမျိုး တခြားကနေ သင့်ကွန်ပျူတာကို remote access လုပ်နိုင်မယ့် app မျိုးတွေဖြစ်ပါတယ်...
၁၀) သင့် wireless network တွေကို လုံခြုံမှုရှိပါစေ... အိမ်မှာသုံးတဲ့အခါ WPA (Wi-Fi protected access) ကို စာလုံးရေအနည်းဆုံး ၂၀ လုံးပါတဲ့ password နဲ့ enable လုပ်ထားပါ... သင့် laptop ကို Infrastructure mode ကနေပဲ ချိတ်ဆက်ပါစေ... WPA မသုံးထားတဲ့ network တွေကို မချိတ်ဆက်ပါနဲ့...
 နှိုင်းရင့်နွေ
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
တရားမဝင်လာနေသူများကို အကြီးဆုံး ဖြိုခွင်းမှု အစီအစဉ် မလေးရှား စတင်လုပ်ဆောင်မည်
Unknown | 30.8.13 | | Best Blogger Tips
 Thursday,
August 29, 2013
မလေးရှားနိုင်ငံသည် ရာဇဝတ်မှုတို့က နိုင်ငံ၏ လုံခြုံရေးကို အာရုံစိုက်လာ
စေသောကြောင့် ၎င်းနိုင်ငံတွင်း မီဒီယာက အကြီးဆုံး အစီအစဉ်ဖြစ်မည်ဟု ဆိုထားသော
တရားမဝင် ရောက်ရှိလာသည့်
နိုင်ငံခြား အလုပ်သမား ခန့်မှန်းခြေ
သန်းဝက်ခန့်ကို ဖြိုခွင်းသည့် အစီအစဉ်ကို စတင်တော့မည်ဖြစ်သည်။
တနင်္ဂနွေနေ့တွင် စတင်မည့် သုံးလတာ စစ်ဆင်ရေးအောက်တွင် အာဏာပိုင်များသည်
အဓိကအားဖြင့် နိုင်ငံကျယ်ဝန်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် အိမ်နီးချင်း
အင်ဒိုနီးရှားမှ နိုင်ငံသားများ အပါအဝင်
နိုင်ငံခြားသား
ငါးသိန်းခန့်ကို အိမ်ပြန်ပို့ရန် ရှာဖွေသွားမည်ဖြစ်ကြောင်း လူဝင်မှုဌာန
ဥက္ကဌအာလီယာ အာမက်က ပြောကြားသည်။
စစ်ဆင်ရေးတွင် ၎င်းဌာနဦးဆောင်မှု
အောက်တွင် လူ ၁၃၅၀၀၀ပါဝင် မည်ဖြစ်ကြောင်း ၎င်းပြောကြားသည်ဟု စတား သတင်းစာတွင်
ပါရှိသည်။
မလေးရှားနိုင်ငံတွင် သေနတ်ပစ်ခြင်း၊ သေမှုသေခင်းများစွာ ဖြစ်ပွားခဲ့ပြီး
အာဏာပိုင်တို့က လူမိုက်ဂိုဏ်းနယ် တိုက်ပွဲကို အများအားဖြင့် အပြစ်တင်ကြသည်။
နိုင်ငံခြားသားများကို ရာဇဝတ်မှု၏ အဓိက ရင်းမြစ်အဖြစ် မမြင်ကြသော်လည်း
တရားမဝင် လာရောက် လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် လုံခြုံရေး
စိုးရိမ်ပူပန်ရမှုကို မြင့်တက်လာစေသည်။
အစိုးရ၏ မှတ်တမ်းများက
ရာဇဝတ်မှုလုံးဝကျသွားကြောင်း
ပြသသော်လည်း အကြမ်းဖက်မှုတွင် ခိုးမှုများ၊ ဖောက်ထွင်းမှုများနှင့်
လုယက်မှုများကဲ့သို့ အမှုများ ထပ်တိုးလာခဲ့သည်။
လွန်ခဲ့သည့်လအတွင်းဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုတွင် အသင့်မဖြစ် ခဲ့ခြင်းကြောင့် အမျိုးသားရဲတပ်ဖွဲ့သည်
ဝေဖန်မှုများခံခဲ့ရသောကြောင့
သြဂုတ်လ ၁၇ ရက်နေ့တွင် ဂိုဏ်းများကို ဦးတည်ဆောင်ရွက်သည့်
သီးခြားဖြိုခွင်းမှု တစ်ခုကို ဆောင်ရွက်ခဲ့သည်။
၎င်းစစ်ဆင်ရေးတွင်
ဒုစရိုက်မှု လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူ ၁၄၀၀ကို
ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အာလီယာက ခန့်မှန်းခြေ သန်းဝက်ခန့်ရှိ တရားမဝင် လာရောက်သူများသည်
လွန်ခဲ့သည့်နှစ်နှစ်က တရားမဝင် လုပ်သားများအတွက် လွတ်ငြိမ်းခွင့်
အစီအစဉ်အောက်၌ အစောပိုင်းတွင် စာရင်းပေးထားကြသော်လည်း နောက်ပိုင်းတွင်
၎င်းတို့သည် တရားဝင် ပြုလုပ်ရန် သို့မဟုတ် ပြန်ရန် ရှေ့ဆက် လုပ်ဆောင်ရမည်ကို
လာရောက် လုပ်ဆောင်ခြင်း မရှိကြတော့ကြောင်း ပြောကြားသည်။
“ခုချိန်ဟာ အမိန့်အာဏာ အပြည့်အဝ တည်အောင်လုပ်ရမယ့် အချိန်ပါ။
သူတို့တွေပုန်းလို့ရပါတယ်။ ဒါပေမယ့် သူတို့ဘယ်လောက် ကြာကြာ ပုန်းနိုင်မလဲ”
ဟု ၎င်းက စတားသတင်းစာသို့ ပြောကြားသည်။
မလေးရှား နိုင်ငံသည်
အရှေ့တောင်အာရှ၏ တတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သောကြောင့်
လုပ်ခနိမ့်နိမ့် ရရှိသည့် ဆောက်လုပ်ရေး၊ စက်ရုံနှင့်
စိုက်ပျိုးရေးလုပ်ငန်းများတွင်
လုပ်ကိုင်ရန် ပိုမိုဆင်းရဲသော အိမ်နီးချင်း နိုင်ငံများဖြစ်သည့်
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါနှင့် အခြားနေရာမှ
ရွှေ့ပြောင်း လုပ်သားများအတွက် သံလိုက်တစ်ခု ဖြစ်နေသည်။
လွတ်ငြိမ်းခွင့် အစီအမံသည် တရားမဝင် လာရောက်သူများအား မှတ်တမ်း တင်ထားရန်
ရည်ရွယ် လုပ်ဆောင်ထားပြီး လုပ်သား ၁.၃ သန်း လာရောက် စာရင်းပေးကြသည်။
၎င်းတို့အထဲတွင် ငါးသိန်းသာ အလုပ်လုပ်ခွင့် ရကြပြီး သုံးသိန်းသုံးသောင်းကို
မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။
Ref : မြန်မာ့ခေတ်
Thursday, 29 August 2013
အစိုးရချပေးသည့် ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ကြီးထွား
Unknown | 29.8.13 | | Best Blogger Tips
အစိုးရက ခွဲတမ်းစနစ်နဲ့ လုပ်နေတဲ့ ၁၅၀၀ တန်ဖုန်းဆင်းမ်ကတ်ရဲ့
မှောင်ခိုဈေးကွက်ပြဿနာက ရန်ကုန်မြို့ရဲ့ ရပ်ကွက်တိုင်းမှာ
ဖြစ်ပေါ်နေတာကြောင့် တကယ်လိုအပ်သူတွေ ဖုန်းဆင်းမ်ကတ်ကို မသုံးစွဲနိုင်
ဖြစ်နေပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ခွဲတမ်းနဲ့ရောင်းချပေးနေတဲ့ ၁၅၀၀ တန် ဆင်းမ်ကတ်တွေရဲ့ မှောင်ခိုဈေး ကွက်က
တဖြည်းဖြည်းအရှိန်မြင့်လာပြီး ဆင်းမ်ကတ်တခုကို ကျပ် ၁၂၀,၀၀၀ ကနေ ၉၀,၀၀၀
လောက်အထိ ပေါက်နေပါတယ်။
အခုလိုမှောင်ခိုဈေးကွက်ပြဿနာကြောင့်  ၁၅၀၀
တန် ဖုန်းတွေကို မဲစနစ်နဲ့ ပေါက်လာကြတဲ့ သူတွေထဲက အများစုဟာ သူတို့
အသုံးပြုဖို့မဟုတ်ဘဲ ဈေးနှုန်းအမြင့်နဲ့ ပြန်လည်ရောင်းချနေကြတဲ့ ဘက်ကိုပဲ
ဦးတည်နေတယ်လို့ ရန်ကုန်မြို့နေ မြို့ခံတချို့က ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်း) ရဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သူက အခုလို သုံးသပ်ပါတယ်။
“လိုသလောက်
မပေးတဲ့ အတွက်ကြောင့် ဆင်းရဲသားတွေဘက်က ၁၅၀၀ ကို ဖုန်းကတ်ဆက်ဖို့ သူတို့က
ကိုင်တာ မဟုတ်ဘူးလေ။ ၁၅၀၀ ကို တန်းစီလို့ရှိရင် ဘယ်နှသောင်းမြတ်မလဲဆိုတာ
သူက အလုပ်မလုပ်ဘဲနဲ့ အချိန်ကုန်ခံပြီး တန်းစီကြတာလေ။ ဘာဖြစ်သွားသလဲဆိုတော့
မြန်မာလူမျိုးတွေက တန်းစီတဲ့ လူမျိုးတွေ ဖြစ်ပြီး အလုပ်အကိုင်တွေ ပျက်ပြီး
တန်းစီတဲ့အလုပ်တွေ လုပ်ရတဲ့အတွက်ကြောင့် လုပ်အားတွေလည်း လျော့သွားတယ်၊
တကယ်တမ်းကျတော့ သူတို့က လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်ချိန်ပေးတဲ့အခါကျမှ
သူမရောင်းရင် ငါရောင်မယ်၊ ငါမရောင်းရင် သူရောင်းမယ်ဆိုတဲ့ ခေတ်တကယ်ရောက်မှ
ဒါတွေက ဈေးပေါပေါနဲ့ ၀ယ်လို့ရမှာလေ။”
၁၅၀၀ တန်ဖုန်းကတ်တွေကို
မူရင်းဈေးထက် ဈေးကြီးပေးပြီး ပြန်ဝယ်ကြတဲ့သူတွေထဲမှာ
စီးပွားရေးလုပ်ကိုင်သူတွေ ပါဝင်သလို မဖြစ်မနေ ဖုန်းကတ်တခုရမှ
အဆင်ပြေမယ့်သူတွေက များတယ်လို့ ဖုန်းလျှောက်ထားကြတဲ့ ရန်ကုန်မြို့ခံတွေက
ပြောပါတယ်။
ဒါ့အပြင် ၁၅၀၀ တန်ဖုန်းဆင်းကတ်တွေကို
မဲနှိုက်ရောင်းချပေးတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ မသမာမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
တချို့ရပ်ကွက်တွေမှာ
အရင်က သန်းခေါင်းစာရင်းပါ မိသားစုဝင်အကုန် လျှောက်ထားခွင့်ရှိပေမယ့်
အခုဆိုရင် တအိမ်ထောင်ကို တယောက်သာ လျှောက်ထားနိုင်တော့တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး
ရန်ကုန်မြို့မှာနေထိုင်တဲ့ အိမ်ရှင်မတဦးက “ကျမ လှိုင်မြို့နယ်
ရပ်ကွက်ရုံးမှာ သွားလျှောက်တော့ ရပ်ကွက်မှာ အနည်းဆုံး ၆ လ
နေထိုင်ဖူးတဲ့သူမှ ဖုန်းလျှောက်ခွင့်ရှိတယ်လို့ ပြောတယ်။ ကျမတို့
ရွာကနေလာတာဆိုတော့ ဒီမှာ ၈ လရှိသွားပြီ။ ကျမတို့မှာလည်း
လျှောက်ခွင့်ရှိတယ်။ အဲလိုပြောတာ့ မရဘူးတဲ့။ ညီမတို့က ဧည့်စာရင်းတိုင်ပြီး
နေတဲ့အဆင့်မှာပဲ ရှိသေးတာတဲ့။ တန်ဖိုးနည်းဖုန်းဆိုတော့ တကယ့်ကို
ရချင်တာပေါ့နော်။ တကယ်လိုအပ်တဲ့ သူတွေကျတော့ မရတဲ့အတွက် ဒီဟာ
မဖြစ်သင့်ဘူးပေါ့” လို့ ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ရောင်းချခဲ့တဲ့ ၁၅ သိန်းတန် ဖုန်းကတ်တွေကအစ အခုလက်ရှိ ၁၅၀၀
တန်ဖုန်းကတ်တွေအထိ မှောင်ခိုဈေးကွက်တောက်လျှောက်ဖြစ်ပေါ်ခဲ့ပြီး အစိုးရက
အကန့်အသတ်နဲ့ ထိန်းချုပ်နေသရွေ့ အခုလို သတ်မှတ်နှုန်းထားအတိုင်း
မဝယ်ယူနိုင်တဲ့ ပြဿနာက ဆက်ရှိနေဦးမှာပဲလို့ ရန်ကုန်အခြေစိုက်
မိုဘိုင်းဖုန်းလုပ်ငန်းရှင်တချို့က ပြောပါတယ်။
အခုလက်ရှိ
ဖြစ်ပေါ်နေတဲ့ ဖုန်းဆင်းမ်ကတ် ရောင်းချပေးနေမှုအပိုင်းနဲ့ပတ်သက်ပြီး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို မေးမြန်းခဲ့ရာမှာ တစုံတရာဖြေကြားပေးခြင်း
မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ၁၅၀၀ တန် ဆင်းမ်ကတ်တွေကို တလ ၃ သိန်းခွဲနှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းက မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှုအရည်အသွေးကလည်း အခုအချိန်အထိ အဝေဖန်ခံနေရပါတယ်။
by : ယုဇနကိုကို (ဒီဗွီဘီ) 
Ref :  http://www.thithtoolwin.com
Tuesday, 27 August 2013
KProxy Agent Pro (ပိတ်ထားတဲ့ Website တွေကို ကျော်ခွ ဝင်ရောက်ကြမယ်)
Unknown | 27.8.13 | | | Best Blogger Tips
အင်တာနက်ပေါ်က ပိတ်ထားတဲ့ Website တွေကို  ကျော်ခွနိုင်တဲ့ Tool လေးပါ ... မြန်မာပြည်က သူငယ်ချင်းများအတွက် အဆင်ပြေစေနိုင်မယ်ထင်ပါတယ်....။
Kproxy Agent Pro is the
ideal tool to access the blocked and suspended websites. This
application has the prospective to have the access over any stage of
security for blocking of sites. I have tried this application myself and
it is fairly good in browsing the websites which are blocked by any
colleges and universities or schools, or banned by community government.
How to install and use KProxy Agent Pro
  • Unzip the downloaded file and you will get KProxy Agent.
  • Simply click on  Surf application and your KProxy agent is now started.
  • A Chrome browser will get opened which is to surf the websites that are blocked or banned.
  • A
    frame as shown at the top image will also pop-up. All you need is to
    click on "Hide" button shown at the bottom-right of the frame.
  • Now you can easily surf the websites using the Chrome Browser from KProxy Agent Pro.
Thank to : http://darklandhackerz.blogspot.com
Click Here to Download