Showing posts with label မြန်မာလို IT နည်းပညာ Ebook. Show all posts
Showing posts with label မြန်မာလို IT နည်းပညာ Ebook. Show all posts

Tuesday, 29 April 2014

Firmware တင်နည်းစာအုပ် ( ၈ ) အုပ်

Anonymous | 29.4.14 | | Best Blogger Tips


မင်္ဂလာပါနော်  သည်စုအုပ်လေးကတော့ ဖုန်းဆိုင်ရာ ဖန်ဝဲလ် တင်နည်းများကို စာစည်းထားခြင်းဖြစ်ပါတယ်
သည်စာအုပ်လေးကို လေ့လာခြင်းအားဖြင့် ဖန်ဝဲလ်တင် တတ်အောင် လေ့ကျင့် နိုင်ပါပြီ..လိုအပ်ပါသော မိတ်ဆွေများ အောက်မှာ ဒေါင်းယူလိုက်ပါနော်... ညီလေး IT HELPER ဆီကနေ ပြန်လည် မျှဝေလိုက်တာပါ...။
( 0R )

အဆင်ပြေပါစေ

<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Thursday, 13 March 2014

Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု

Mr. Win Hlaing | 13.3.14 | Best Blogger Tips


Administrator တိုင်း သိထားသင့်သည့် Windows 7 Command Line (၁၀) ခု
Windows 7 operating system ကို အသုံးပြုနေကြသူတွေ အတွက် command line တွေဟာ တစ်ခါတစ်ရံမှာ အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းတွေ ဖြစ်နေတတ်ပါတယ်။ Windows 7 desktop ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အခြေခံ အကျဆုံး command line (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။

    (1) System File Checker
Manlicious software ဟာ ကွန်ပျူတာ စနစ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် အဓိက system file တွေ နေရာမှာ အစားထိုး နေရာယူလေ့ ရှိပါတယ်။ ဒါကြောင့် Windows system file တွေ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို system file checker နဲ့ အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ System File Checker ကို ခေါ်ယူ အသုံးပြုနိုင်တဲ့ command ကတော့ "sfc/scannow" ဖြစ်ပါတယ်။

   (2) File Signature Verification
System မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့အတွက် သေချာတဲ့ နည်းလမ်း တစ်ခုကတော့ system file တွေ အားလုံးကို ဒီဂျစ်တယ်နည်းနဲ့ အမှတ်အသား ပြုလုပ်ဖို့ပါပဲ။ ဒီလို ပြုလုပ်ဖို့အတွက် File Signature Verification tool ကို အသုံးပြုနိုင်ပါတယ်။ ဒီ tool က command line နဲ့ ခေါ်ယူရတာ ဖြစ်ပေမယ့် GUI interface နဲ့ အသုံးပြုရမှာ ဖြစ်ပြီး ဘယ် system file တွေက အမှတ်အသား ပြုလုပ်ထားတယ်၊ မထားဘူး ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ File Signature Verification tool ကို "sigverif" ဆိုတဲ့ command line နဲ့ ခေါ်ယူနိုင်ပါတယ်။
     
    (3) Driverquery
မှားယွင်းနေတဲ့ device driver တွေဟာ system ပြဿနာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ Windows 7 system မှာ ဘယ်လို driver တွေ ထည့်သွင်းထားတယ် ဆိုတာကို driverquery tool နဲ့ ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ ဒီ tool ကိုတော့ "driverquery" command နဲ့ ခေါ်ယူနိုင်ပြီး အချက်အလက်တွေ ပိုမို ပြည့်စုံစွာ သိရှိလိုတယ်ဆိုရင် "driverquery-v" နဲ့ driver ရဲ့ signature ကို သိလိုတယ် ဆိုရင်တော့ "driverquery-si" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။
      
        (4) Nslookup
Nslookup tool ကတော့ DNS name resolution မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့ host name ကို nslookup နဲ့ run လိုက်တဲ့အခါ ဒီ tool က ၎င်း host name နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမှာ ဖြစ်သလို lookup ပြုလုပ်နေစဉ်အတွင်း အသုံးပြုလိုက်တဲ့ DNS server ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှန်ကန်မှု မရှိတော့တဲ့ DNS record တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒီ tool ကို အသုံးပြုဖို့ အတွက်က်တော့ nslookup command ထဲကို ဝင်ရောက်လိုက်ပြီး ဖြေရှင်းလိုတဲ့ host name ကို နောက်ကနေ ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ "nslookup dc1.contoso.com" ဆိုပြီး ဖြစ်ပါတယ်။

       (5) Ping
Ping ကတော့ ကွန်ပျူတာ ချွတ်ယွင်းချက်ကို အဖြေရှာတဲ့ command တွေထဲမှာ အရိုးရှင်းဆုံး ဖြစ်ပါတယ်။ Network host ရဲ့ အခြေခံ TCP/IP ချိတ်ဆက်မှုတွေကို ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပြီး ping command ထဲမှာ စမ်းသပ်လိုတဲ့ IP address ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ "ping 192.068.1.1" ဆိုတာမျိုးပါ။ ဒီ command အသုံးပြုတဲ့အခါ တစ်ခု သတိထားရမှာက ICMP traffic လို့ခေါ်တဲ့ Internet Control Message Protocol ကို ကွန်ပျူတာ firewall က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။

      (6) Pathping
တကယ်လို့များ firewall က ICMP traffic ကို ခွင့်မပြုတာကြောင့် ping ရဲ့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင် pathping utility ကို အသုံးပြုပေးနိုင်ပါတယ်။ Pathping ကိုတော့ host တွေအကြားမှာ ရှိတဲ့ တစ်ခုထက်ပိုတဲ့ router တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီ command ကိုလည်း ping ကို ခေါ်ခဲ့တဲ့ အတိုင်း "pathping 192.168.1.1" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

    (7) Ipconfig
ကွန်ပျူတာ တစ်လုံးရဲ့ IP address တွေကို ကြည့်ရှုဖို့အတွင် ipcofig command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 system တစ်ခုလုံးရဲ့ IP configuration အပြည့်အစုံကို သိရှိလိုတယ်ဆိုရင် "ipconfig/all" ကို အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုနေတဲ့ IP address ကို အသစ် ပြန်လည် ပြုလုပ်လိုတယ် ဆိုရင်တော့ "ipconfig/release ipconfig/renew" ဆိုပြီး ခေါ်ယူနိုင်ကာ DNS resolver cache ကို ဖော်လိုတယ် ဆိုရင်တော့ "ipconfig/flushdns" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

     (8) Repair-bde
တကယ်လို့ Bitlocker နဲ့ encrypt ပြုလုပ်ထားတဲ့ drive ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင် repair-bde command ကို အသုံးပြုပြီး အချက်အလက်တွေကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီ command ကို အသုံးပြုဖို့အတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် destination driver တစ်ခုရဲ့ အမည်နဲ့ BitLocker recovery key ဒါမှမဟုတ် recovery password တို့ လိုအပ်ပါတယ်။ ခေါ်ယူနိုင်တဲ့ command ကတော့ "repair-bde-rk|rp" ဖြစ်ပါတယ်။ ဥပမာ "repair-bde c:d:-rk e:\recovery.bek"နဲ့ "repair-bed c:d:-rp 111111-111111-111111-111111-111111-111111" ဆိုပြီး ဖြစ်ပါတယ်။

   (9) Tasklist
Tasklist command ကတော့ Windows 7 system မှာ အသုံးပြုနေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ကြည့်ရှုတာပါ။ "tasklist" command မှာ အခြား ရွေးချယ်စရာ ခေါ်ယူစရာ function တွေလည်း များစွာ ရှိပါတယ်။ ဥပမာ လုပ်ဆောင်ချက် တစ်ခုနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဆက်စပ်နေတဲ့ DLL module တွေ အားလုံးကို ဖော်ပြစေချင်တယ်ဆိုရင် "tasklist-m" ကို အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီကို ထောက်ပံ့ပေးထားတဲ့ ဝန်ဆောင်မှုတွေကို သိလိုတယ် ဆိုရင်တော့ "tasklist-sve" ဆိုပြီး ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။

   (10) Taskkill
Taskkill command ကတော့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အမည်နဲ့ ဖြစ်စေ၊ process ID နဲ့ ဖြစ်စေ ခေါ်ယူပြီးတော့ ပိတ်နိုင်စေမှာ ဖြစ်ပါတယ်။ "taskkill" ဆိုတဲ့ command ရဲ့ အနောက်မှာ မိမိ အဆုံးသတတ်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၎င်းရဲ့ အမည် ဒါမှမဟုတ် process ID ဒါမှမဟုတ် ပုံရဲ့ အမည် အစရှိသဖြင့် ထည့်သွင်း ဖော်ပြပြီးတော့ အဆုံးသတ်နိုင်ပါတယ်။ ဥပမာ process ID နဲ့ ခေါ်ယူမယ်ဆိုရင် taskkill command ရဲ့ နောက်မှာ -ipd(process ID) ကို ထည့်သွင်းပြီး ခေါ်ယူနိုင်သလို ပုံနာမည်နဲ့ ခေါ်ယူချင်တယ် ဆိုရင်လည်း -im(image name) ကို taskkill ရဲ့ နောက်ဖက်မှာ ထည့်သွင်းပြီး ခေါ်ယူနိုင်ပါတယ်။
ကျနော် ဘယ်ဆိုဒ်က ယူပြီးသိမ်းထားခဲ့သလဲဆိုတာ မမှတ်မိတော့ အတွက် မူရင်းဆိုဒ်အမည်ကို မဖော်ပြပေးနိုင်တာ ကိုနားလည်ခွင့်လွတ်ပေးစေချင်ပါတယ် ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။

စာအုပ်ဒေါင်းရန်
====
 
Ref: နတ်သားလေး


အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org





ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Tuesday, 4 March 2014

Memory Stick အတွင်းရှိ အစိတ်အပိုင်းများ

Mr. Win Hlaing | 4.3.14 | Best Blogger Tips

သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1 USB Standard, Male A-plug ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။


2 USB mass storage controller device သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

3 Test points test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။

4 Flash memory chip အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။

5 Crystal oscillator သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။

6 LED (Optional) LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။

7 Write-protect switch (Optional) Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။ 8 Space for second flash memory chip အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။

စာအုပ်ဒေါင်းရန် အောက်မှာ

Miloshare zippyshare


အားလုံးပဲအဆင်ပြေနိုင်ပါစေ

 www.winhlaing.org

-- Ref: wiki

Friday, 20 September 2013

ကွန်ပျူတာဖြင့်ရုပ်သံ တည်းဖြတ်နည်းလက်စွဲ (မြန်မာလို)

Unknown | 20.9.13 | Best Blogger Tips


 





ကွန်ပျူတာဖြင့်ရုပ်သံ
တည်းဖြတ်နည်းလက်စွဲ (မြန်မာလို) စာအုပ်ဖြစ်ပါတယ်။ ကွန်ပျူတာဖြင့် ရုပ်သံ
တည်းဖြတ်လိုသူများ ဆောင်ထားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ကျွန်တော့်မှာရှိတဲ့
မြန်မာလို ကွန်ပျူတာ Ebooks ပေါင်း 800 ကျော်ကို တစ်နေ့
နည်းနည်းဆီဝေမျှပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော့် ဘလော့


လေးကိုလည်း လာရောက်အားပေးကြပါဦးလို့။











Download=>>
Link 1, Link 2


















Thursday, 19 September 2013

Adobe InDesign CS6 အသုံးပြုနည်း (မြန်မာလို)

Unknown | 19.9.13 | Best Blogger Tips










U Sann Oo (MIS, Mandalay) မှ ရေးသားထားတဲ့ Adobe InDesign CS6 အသုံးပြု

နည်း စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြန်မာလို တစ်ဆင့်ချင်းစီ ရှင်းပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

tools များအကြောင်းကို ပြည့်စုံစွာ ရေးသားပေးထားပြီး စာမျက်နှာပေါင်း ၅၀ နီးပါး ပါဝင်ပါတယ်။

Adobe InDesign CS6 က design ဆွဲခြင်းအတွက် ကောင်းမွန်ရုံတင်မကပဲ၊ ဒီစာအုပ်ထဲမှာ လှပသေသပ်

တဲ့ PDF ဖိုင် အဖြစ် ထုတ်ယူခြင်းကိုပါ၊ သင်ပြပေးထားပါတယ်။














Click Here to Download


 


 


ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်းစာအုပ် (မြန်မာလို) (5MB)

Unknown | 19.9.13 | Best Blogger Tips


 



ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်းစာအုပ် (မြန်မာလို) ဖြစ်ပါတယ်။ PC ကွန်ပျူတာတစ်လုံး


တပ်ဆင်ရာတွင်
လိုအပ်သောပစ္စည်းအစိတ်အပိုင်းများ ၊ ပစ္စည်းအစိတ်အပိုင်းများရွေးချယ်
ဝယ်ယူခြင်း၊ ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ခြင်းကို
အသေးစိတ်ရေးသားပေးထားတဲ့ စာ အုပ် လေး  ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးကို
ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်မယ်ဆိုရင် သေသေချာချာလေ့


လာ နားလည်သဘောပေါက်ပြီးမှ တပ်ဆင်ကြပါလို့............











Download=>>
Link 1, Link 2











ကွန်ပျူတာဖြင့်ဖန်တီးမှုအနုပညာစာအုပ် (မြန်မာလို) (10.5MB)

Unknown | 19.9.13 | Best Blogger Tips




 






ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့
ကွန်ပျူတာဖြင့်ဖန်တီးမှုအနုပညာစာအုပ်လေးဖြစ်ပါတယ်။ Corel Draw X4
ကိုစတင်အသုံးပြုခြင်း၊ Corel Draw X4 ရဲ့ Tool များကို အသုံးပြုခြင်း၊
Corel Draw X4 ဖြင့် ဒီဇိုင်းရေးဆွဲခြင်းများကို
ပြည့်စုံစွာရေးသားဖေါ်ပြထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲတတ်ချင်သူ


များ၊ ဖန်တီးတတ်ချင်သူများ ဆောင်ထားသင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။











Download=>> Link 1, Link 2









Wednesday, 18 September 2013

Google ရဲ့ လျှို့ဝှက်ချက်များ စာအုပ် (မြန်မာလို) (4.6MB)

Unknown | 18.9.13 | Best Blogger Tips




  


Google
ရဲ့ လျှို့ဝှက်ချက်များ စာအုပ် (မြန်မာလို) စာအုပ်လေးဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်းလိုလို google ကို အသုံးပြုနေကြတဲ့ လူတွေအတွက် google
ရဲ့လျှို့ဝှက်ချက်တွေနဲ့ ရှာဖွေတဲ့နေရာမှာ အကောင်းဆုံး
နည်းလမ်းတွေကိုသိထားမယ်ဆိုရင် အမြန်ဆန်ဆုံးရှာဖွေနိုင်မှာ ဖြစ်ပြီး
အတိကျဆုံးရလာဒ်တွေကို လဲရရှိနိုင်ပါတယ်။ ဒီစာအုပ်လေးကတော့ Goolge မှာ
စာအုပ်၊ ဓါတ်ပုံစသည်ဖြင့် ကိုလိုချင်တာကို အတိအကျရအောင်
ဘယ်လိုရှာရမလဲဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ 














Download=>> Link 1, Link 2










Tuesday, 17 September 2013

Adobe In Design CS3 ဧ။် အသုံးပြုနည်းပေါင်း ၁၀၀ စာအုပ် (မြန်မာလို)

Unknown | 17.9.13 | Best Blogger Tips









 Adobe In Design CS3 ဧ။်
အသုံးပြုနည်းပေါင်း ၁၀၀  စာအုပ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ။  Adobe In
Design ဆော့ဝဲလ်ရဲ့ လုပ်နိုင်စွမ်းရှိသည့် Function အမျိုးမျိုးဖြင့်
အီိလက်ထရွန်နစ် လူထုဆက်သွယ်ရေး ပုံစံ အမျိုးမျိုးအပါအ၀င် မဂ္ဂဇင်း၊ စာအုပ်၊
သတင်းစာလွှာပေါင်းစုံနှင့် ပိုစတာထုတ်လုပ်ရေးလုပ်ငန်းများကို ပါ အခက်အခဲမရှိ
ဆောင်ရွက်သွားနိုင်ပါတယ်။ DTP နှင့် Design  လုပ်ငန်းလုပ်ကိုင်လိုသူများ
ဆောင်ထားသင့်


တဲ့ စာအုပ်လေးဖြစ်ပါတယ်ခင်ဗျာ။











Download=>> Link 1, Link 2








ကျော်မယ်................................ ( EBook - မြန်မာလို )

Unknown | 17.9.13 | Best Blogger Tips








Access Denied ပြနေတယ်..ဒေါင်းမရဘူး လို့အော်နေသူများ..မြန်မာ IP နဲ့ဝင်မရဘူး.. ကျော်မရဘူးလို့

အော်နေကြသူများ...ငွေရှာတဲ့ Website တွေမှာ Account လုပ်မရဘူးလို့ပြောနေကြတဲ့ ကိုကိုပျိုပျိုများ..

Survery Website (အချို့)ကို ကျော်မရပါဘူးလို့ ညည်းနေကြတဲ့ညီအစ်ကိုများ
(Dollarupload  ကိုတော့လက်တွေ့ကျော်ခဲ့ပြီး ) Facebook Account
တွေကိုမြန်မာနိုင်ငံက ဖွင့်လျှင်ဖုန်းနံပတ်တောင်းနေသော်လည်း...နိုင်ငံခြားက
ဖွင့်ရင် ဖုန်းနံပတ်မတောင်း Lock မကျဘူးလို့ပြော

နေသူများအတွက် ကျော်ခွ Facebook Account ဖွင့်နည်း စတဲ့ သုံးတတ်ရင်သုံးတတ်သလို အကျိုးရှိမယ့်

Proxy ကျော်နည်း အခြေခံစာအုပ်လေးဖြစ်ပါတယ်.
.ကျော်နည်းပေါင်းများစွာရှိတဲ့အထဲကမှ
စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကနည်းပေအမယ့်...တွေးတတ်ရင်တွေးတတ်သလို..

လုပ်တတ်ရင်လုပ်တတ်

သလို အကျိုးရှိစေမယ့်စာအုပ်လေးတစ်အုပ်ဖြစ်သလို...အခြေခံနည်းပညာလေ့လာနေသူများအတွက်လည်း

အသိပညာဗဟုသုတရစေမယ့်စာအုပ်လေးတစ်အုပ်ကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။
















Monday, 16 September 2013

KARAOKE စာတန်းထိုး ပြုလုပ်နည်း (ADOBE AFTER EFFECT 7.0) (HOW TO MAKE KARAOKE TEXT ) မြန်မာလို စာအုပ်

Unknown | 16.9.13 | Best Blogger Tips




KARAOKE စာတန်းထိုးပြုလုပ်နည်း မြန်မာလိုစာအုပ်လေး Offline အနေနဲ့ ဖတ်လို့အဆင်ပြေအောင် တိုက်ရိုက် PDF ပြန်ခုတ်ကာတင်ပေးလိုက်ပါတယ်...

အသုံးလိုအပ်သူများ Download ရယူနိုင်ကြပါပြီ။



www.mmithelper.com
Myanmar IT Helper






Download =>Solidfiles / Tusfiles


Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ.






Passwords Recovery အကြောင်းသိကောင်းစရာ ( မြန်မာလို )

Unknown | 16.9.13 | Best Blogger Tips




 မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ..ယနေ့တင်ပေးမယ့်စာအုပ်ကတော့..


Passwords Recovery အကြောင်းသိကောင်းစရာ ( မြန်မာလို ) စာအုပ်ဖြစ်ပါတယ်..ဒီစာအုပ်ကိုဖတ်ပြီးရင်အ

ခြားသော အသိအမြင်များလည်း ရရှိကြပါလိမ့်မယ်..တွေးလေ သိလေ ကွင်းဆက်မိလေပေါ့... :)






www.mmithelper.com
Myanmar IT Helper



Download => Tusfiles / Solidfiles




Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ.




Saturday, 14 September 2013

Ulead Video Studio 6 Video Editing စာအုပ်

Unknown | 14.9.13 | Best Blogger Tips


 





Ulead
Video Studio 6 Video Editing စာအုပ် (မြန်မာလို) ဖြစ်ပါတယ်။   Ulead
Video Studio 6 ဖြစ်ပေမယ့် ဘယ်လောက်ပဲ Version တွေမြင့်သွား အခြေခံအားဖြင့်တော့
အတူတူပါပဲခင်ဗျာ။ Project တစ်ခုစတင်ခြင်း၊ Video Camera, Video Capture Card
တို့မှတစ်ဆင့် Video Files များကူးယူခြင်း၊ Video File တစ်ခုနှင့်တစ်ခု ထပ်ခြင်း၊
စာတမ်းထိုးခြင်း အစရှိသည်တို့ကို ရေးသားဖေါ်ပြထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။








Download=>> Link 1, Link 2





Friday, 13 September 2013

ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း စာအုပ် ( မြန်မာလို) (18MB)

Unknown | 13.9.13 | Best Blogger Tips


 





ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့
ရိုးသားစွာ ထိုးထွင်းလေ့လာခြင်း စာအုပ်ဖြစ်ပါတယ်။ Hacker ဆိုသည်မှာ၊
Windows Speed Hacking ၊ Run Command Hacking ၊ Hacking System Control ၊
Hacking Group Policy ၊ Hacking Registry Editor ၊ Guide For Hacker ၊
Email & Internet Hack အစရှိသည်တို့ ကို ပြည့်စုံစွာ ရှင်းလင်းရေးသား
ဖေါ်ပြထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။








Download=>> Link 1, Link 2





Tuesday, 10 September 2013

Laptop ကွန်ပျူတာပြုပြင်နည်းနှင့် သိသင့်စရာများ စာအုပ် (12.2MB)

Unknown | 10.9.13 | Best Blogger Tips







ဆရာသန်းထိုက်
(ရွှေရိပ်) ရေးသားထားတဲ့ Laptop ကွန်ပျူတာပြုပြင်နည်းနှင့် သိသင့်စရာများ
စာအုပ်ဖြစ်ပါတယ်။ Laptop များကို လေ့လာခြင်း၊ Laptop
နောက်ဖက်ခြမ်းတည်ထားပုံကို လေ့လာခြင်း၊ LCD Panel ကို လေ့လာခြင်း၊ Memory
RAM ဆိုင်ရာလုပ်ငန်းခွင်၊ CD/DVD ဆိုင်ရာလုပ်ငန်းခွင်၊  Wifi Card
ဆိုင်ရာလုပ်ငန်းခွင် အစရှိသည်တို့ကို
ပြည့်စုံစွာရေးသားဖေါ်ပြထားတဲ့စာအုပ်လေးဖြစ်ပါတယ်။ Laptop ရှိသူတိုင်း
ဆောင်ထားသင့်ပါတယ်ခင်ဗျာ။








Download=>> Link 1, Link 2





Monday, 9 September 2013

Skype အသုံးပြုနည်းစာအုပ် (5MB)

Unknown | 9.9.13 | Best Blogger Tips







သူငယ်ချင်းအားလုံးအတွက်
Skype အသုံးပြုနည်းစာအုပ်လေး တင်ပေးလိုက်ပါတယ်ဗျာ။ Skype ဆိုတာ ဘာလဲ၊
Skype ရဲ့ သမိုင်းကြောင်းနဲ့ Skype အသုံးပြုပုံကို အသေးစိတ်ရှင်းလင်း
ရေးသားထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ အားလုံးပဲ ဒေါင်းလိုက်ကြပါဦးခင်ဗျာ။
ခင်မင်လျှက်.........






Download=>> Link 1, Link 2








HTML & CSS မြန်မာလို E-book

Unknown | 9.9.13 | Best Blogger Tips







 

ကိုထိန်လင်းရွှေ ( Saturngod )
ရေးထားတဲ့ စာအုပ် လေးတွေဖြစ်ပါတယ်..။ HTML ,
CSS
အကြောင်းကို အသေးစိတ် တစ်ဆင့်ခြင်းရှင်းပြထားပြီး နားလည်လွယ်အောင်ရေးသားထားတဲ့အတွက်  လေ့လာသူများ ဖတ်သင့်တဲ့ E-book တွေဖြစ်ပါတယ်....။ HTML နဲ့ CSS Language ကို စိတ်ဝင်စားသူတွေ အခုမှစတင်လေ့လာမယ့်သူတွေအတွက် အတော်လေးကိုအထောက်အကူဖြစ်စေပါတယ်....။











Click Here to Download CSS မြန်မာလို


 








Click Here to Download HTML မြန်မာလို


 


 


 

Sunday, 8 September 2013

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်းစာအုပ် (6.5MB)

Unknown | 8.9.13 | Best Blogger Tips






 အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း စာအုပ်ဖြစ်ပါယ်။ Website တွေလည်း တော


တော်စုံပါတယ်။ အခုမှ အင်တာနက်စတင်အသုံးပြုသူများအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်လေးပါဗျာ။ 


ဆောင်ထားသင့်ပါတယ်။ အဆင်ပြေပါစေ......... 











Download=>> Link 1, Link 2, Link 3





Deep Freeze 7.7 Enterprise + Key + PDF

Unknown | 8.9.13 | | Best Blogger Tips



 





  Deep Freeze ဆိုတာ အင်တာနက်ဆိုင်များရဲ့မရှိမဖြစ်လက်စွဲ Software ငယ်တစ်ခုသာဖြစ်ပါတယ်။
 အင်တာနက်ဆိုင်များရဲ့ မရှိမဖြစ်လက်စွဲဖြစ်သလို၊ ရုံးများ၊ကျောင်း စသည့်လူသုံးအများတဲ့ ကွန်ပျူတာ
တွေကို Restart ချလိုက်ရုံနဲ့ နဂိုမူလ ပြင်ဆင်ထားတဲ့ Settings တွေအတိုင်း ပြန်ရအောင်လုပ်ပေးမယ့်
Software ပါ။ တန်ဖိုးလဲ တကယ်ရှိသလို…လူသုံးလဲများပါတယ်။








Deep Freeze is a software that is able to restore the system conditions that change as users make changes before Deep Freeze is installed on the Operating System. And this time Faronics has released the latest version of Deep Freeze 7.7 which has some features that can enhance the security on our systems.







System Requirements:
Deep Freeze requires Windows XP/Vista/7/8 and 10% free hard drive space.
The Deep Freeze Configuration Administrator and the Enterprise Console
require Windows XP/Vista/7/8 to function properly. Information on
Faronics Core system requirements can be found in the Faronics Core user
guide. The hardware requirements are the same as the recommended
requirements for the host operating system.





 


Download Deep Freeze 7.7 pro



Download Serial Key Only


အသုံးပြုနည်း စာအုပ်ကို ဒီမှာ ဒေါင်းယူပါ


ဒါကတော့ Password မေ့သွားရင် သုံးဖို့ပါ 






 ဒေါင်းရတာ အဆင်မပြေရင်  ဒီမှာ  ဖတ်ပေးပါ .. ကျေးဇူးတင်ပါတယ်ခင်မျာ....



ဒီ Website ထဲက လိုချင်တာလေးတွေကို   ဒီမှာ  အလွယ်တကူရှာနိုင်ပါတယ်....:)










Saturday, 7 September 2013

မြန်မာပြည်ရဲ့ ပထမဦးဆုံး Hacking Magzine (မြန်မာလို) (6.3MB)

Unknown | 7.9.13 | Best Blogger Tips





အားလုံးပဲ
မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ သူငယ်ချင်းတို့အားလုံးအတွက် မြန်မာပြည်ရဲ့
ပထမဦးဆုံး Hacking Magzine လေးတင်ပေးလိုက်ပါတယ်။ စာအုပ်ရေးသားထုတ်ဝေတဲ့
Ghost Area ကိုလည်း အထူးကျေးဇူးတင်ရှိ ပါတယ်။  Hackers နှင့် Hacking
ဆိုတာဘာလဲဆိုတာသိရအောင်နှင့် ဘာတွေကို Hack ပြထားသလဲဆိုတာ

သိရအောင် ဒေါင်းလုပ်ဆွဲပြီး ဖတ်ကြည့်လိုက်ပါဗျာ။ အားလုံးပဲ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခင်မင်လျှက်........










Download=>> Link 1, Link 2