Showing posts with label Computer Tip & Tricks. Show all posts
Showing posts with label Computer Tip & Tricks. Show all posts

Monday, 13 January 2014

Windows 8.1 Charms Bar Icons တွေကို ပြောင်းပေးမယ့် Charms Bar Customizer

Unknown | 13.1.14 | | Best Blogger Tips






Windows ဟာ Customize လုပ်နိုင်တဲ့ Operating System ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နာမည်ကြီး လူသုံးများနေတာဖြစ်ပါတယ်။ နောက်ဆုံးထုတ် Windows 8.1 ကို အသုံးပြုတဲ့သူတွေအတွက် Charms Bar က အိုင်ကွန်တွေကို ပြောင်းလဲချင်ရင် Charms Bar Customizer ဆိုတဲ့ Freeware ကို အသုံးပြုနိုင်ပါတယ်။

Charms Bar Customizer က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလိုပါဘူး။ Download လုပ်ပြီး ZIP ဖိုင်ကိုဖြည်ပါ။ Program ကို Run ပြီး အသုံးပြုနိုင်ပါပြီ။ Program ကို Run ရင် ၀င်းဒိုးတစ်ခုပေါ်လာမှာဖြစ်ပြီး အိုင်ကွန်တွေကို ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲထားတာတွေကို လည်း အချိန်နဲ့ တစ်ပြေးညီ သိနိုင်ပြီး မနှစ်သက်ရင် Restore လုပ်နိုင်ပါတယ်။

Charms Bar မှာ Buttons ငါးခု ရှိပြီး တစ်ခုချင်းစီမှာ regular state နဲ့ hover state နှစ်ခုပါရှိပါတယ်။ အဲဒီ states နှစ်ခုကို App ကနေ နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ပြောင်းလဲနိုင်တဲ့ အိုင်ကွန် ဆယ်ခု ရှိပါတယ်။ အိုင်ကွန် တစ်ခုကို Double Click နှိပ်ပြီး နှစ်သက်ရာ Image File ကို အသုံးပြုနိုင်ပါတယ်။ အားလုံးပြီးသွားရင် အောက်ခြေက Change Button ကိုနှိပ်ပေးပါ။

Program က Explorer ကို Restart လုပ်ပေးမှာဖြစ်ပြီး အိုင်ကွန်တွေကို ပြောင်းပေးမှာဖြစ်ပါတယ်။ နဂို အိုင်ကွန်တွေကိုပြန်ပြောင်းချင်ရင် Program ကို ဖွင့်ပြီး Restore ကို နှိပ်ပါ။
Charms Bar Customizer ကို အောက်ကလင့်ကနေ အခမဲ့ရယူနိုင်ပါတယ်။





REF TO  MYANMAR DIGITAL LIFE JOURNAL

 

Wednesday, 16 October 2013

Create System Restore Point လေးအကြောင်းပြောပြချင်ပါတယ်

Unknown | 16.10.13 | | Best Blogger Tips




Create System Restore Point လေးအကြောင်းပြောပြချင်ပါတယ်

ဘာလို့လဲ new လေးဝယ်လာခဲ့ဆိုပါနော့ :Pကျွန်တော်လွန်ခဲ့တဲ့ ၅ လလောက် ကပေါ့နော်


 system restoreလုပ်ထားခဲ့ပါတယ် အခုကျွန်တော် ကျွန်ပျူတာ တစ်ခုခု ဖစ်ခဲ့ရင်ပေါ့(ဖွလွဲပါစေ)

 သူငယ်ချင်းတို့ကျွန်ပျူတာကောင်းသေးတယ်ဆိုရင် system restore လုပ်ထားစေချင်ပါတယ်

ဘယ်အချိန် ဘယ်အခါပြတ်မယ်ဆိုတာမသိနိုင်ဘူးလေ (မမြဲခြင်းသဘောတွေပေါ့ :P)


Computer > Right Click > Properties (or) ကီးဘုတ်မှ window +pause break နှိပ်လိုက်ပါ


Control Panel\System and Security\System နေလဲ သွားလို့ရပါသေးတယ်


အဲမှာ ဘယ်ဘက် system protection ကို click နှိပ်ပါ အဲမှာ box တစ်ခုကြလာပါလိမ့်မယ် 


အဲမှာ အောက်ဆုံးညာဘက်လေး create ဆိုတာလေရှိပါတယ် အဲဒါလေးကို clcik နှိပ့်လိုက်ပါ ဒါဆိုရင်

create a restore point ဆိုပြီး box လေးတစ်ခုကြလာလိမ့်မည် အဲနေရာမှာ သူငယ်ချင်းတို့ restore 

လုပ်ချင်တာတွေလေးကို ရိုက်ထဲ့ပါ ပီးရင် create ဆိုတာကိုနှိပ့်ပါ ခဏစောင့်ပါ ပြီးရင် the restore 

point was created successfully ဆိုပြီး ပေါ်လာပါလိမ့်မယ် ဒါဆိုရင် System Restore Point 

ပြုလုပ်တာပီးသွားပါပြီးအဲဒါဆိုရင်computer တစ်ခုခုဖစ်ပီးဆိုရင် ပြန်ယူလို့ရနိုင်သွားပါပြီး ခင်မျာ 

~~ပြန်ယူတော့မယ်ဆိုရင်

 Start Menu>> All Program>> Accessories>> System Tools>>systemrestore ဆိုတာကို

 click နှိပ့်ပါ ပြီးရင် box တစ်ခုကြလာလိမ့်မယ် next ကို နိုပ့်ပါဒါဆိုဘယ်နေ့ ဘယ်အချိန်က

 restore လုပ်ထားလဲဆိုတာတွေ့နေရပါတယ် manual ဆိုတဲ့ နာမည်လေးနဲ့ပြနေပါတယ်

 ဒါဆို သူငယ်ချင်တို့ရဲ့ data တွေ မဆုံးရူံးတော့ဘူးနော် 

အဆင်ပြေပါစေဗျာ အဆင်မပြေသေးဘူးဆိုရင် အောက်က you tube လေးကြည့်ကလိနိုင်ပါတယ်


အော် ကျွန်တော်ပြောချင်တာ တစ်ခု ကျွန်တော်window user တစ်ယောက်

 ရေးတာပြောတာမှားရင်နာလည်ပေးကြပါ ဒါမှာ မဟုတ်ရင်ခွင့်လွတ်ပေးကြပါလို့ 

ရှိခိုး ပြီး တောင်းပန်အပ့်ပါတယ်ခင်မျာ အဆင်ပြေပါစေ





အိုင်တီခေတ်


Monday, 14 October 2013

Winrar ရဲ့ Themes ကိုပြောင်းသုံးမယ်

Unknown | 14.10.13 | | Best Blogger Tips




ပြီးခဲ့တဲ့အပါတ်ကတော့ winrar နဲ့ password ဖြည်တာလေးကို ပြန်လည်မျှဝေပြီးပါပြီ

အခု့ဒီတခါပေးချင်တာလေးကတော့ winrar လေး ပါပဲ

ဘာလည်းဆိုတော့ ကျနော် တို့ window OS သုံးနေတဲ့ ကွန်ပြူတာတွေမှာ

winrar ကို 90 % လောက်သုံးစွဲကြပါတယ် ဘာဖြစ်လို့လည်း ဆိုတော့ သူကရိုးရှင်းလို့ပါ

ဖိုင်ခွဲ ဖိုင်ပေါင်း ဖိုင်ချုံ လုပ်တာတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်

လုပ်နိုင်လို့ပါ သူ့လို မျိုး app တွေရှိပါတယ် ဒါပေမယ် သူ့ကိုပဲသုံးစွဲကြပါတယ်

အခု့ဘာပေးမှာလည်းဆိုတော့ ကျနော်တို့နေတိုင်း သုံးနေတဲ့ winrar လေးကို ပုံစံ ဒီဇိုင်း

ပြောင်းသုံးမယ် ပြောရရင်တော့ winrar ရဲ့ Theme ကိုပြောင်းသုံးမှာပါ ဒီပုံပဲနေ့တိုင်းမြင်နေရတော့

ရိုးနေလောက်ပါပြီ ကျနော်ကတော့ပြောင်းလိုက်ပါပြီ

အောက်မှာပုံလေးတွေနဲ့ ပြပေးထားတယ်နော် ဆော့ဝဲ တခု့တော့ဒေါင်းရမယ်



ဒီမှာ အရင်ဒေါင်းယူလိုက်ပါ



အောက်က ပုံအတိုင်း မိမိစိတ်ကြိုက် ရွေးချယ်နိုင်ဖို့ themes တွေအများကြီးရှိပါတယ်

မိမိစိတ်ကြိုက်ဒေါင်းပြီး install လုပ်လိုက်ပါ



အောက်ကပုံကတော့ themes မပြောင်းခင် ပုံလေးဖြစ်ပါတယ်



ဒေါင်းထားတာလေး ကို install လုပ်ပေးပြီး ပြီ ဆိုရင်

အောက်ကပုံကို ဆက်ကြည့်ပါ winrar ရဲ့ အပေါ်နားလေးကoptions ကိုဝင်လိုက်ပါ

အောက်မှာပြထားတဲ့အတိုင် Themes ကိုရွေးပေးလိုက်ပါ 

Themes ကိုရောက်ပီဆိုရင် sub explorer လေး ပေါ်မှာ မိမိ install လုပ်ထးတဲ့

themes လေး ကို ကလစ်ပေးလိုက်ပါ အဲလိုကလစ်ပေးလိုက်ရင် ကွန်ပြူတမှာ flash ဖြစ်သွားမယ်





Flash ဖြစ်ပြီးသွားရင် winrar explorer လေး ကိုပြန်ကြည့်လိုက်ပါ

themes ပြောင်းသွားတာကိုတွေ့လိမ့်မယ် task bar မှာရှိတဲ့ shotcut icon လေး

ရဲ့ပုံစံလည်းတခါတည်းပြောင်းသွားတာကိုအောက်ကပုံအတိုင်းတွေ့ရပါလိမ့်မယ် ခင်ဗျာ




ဒါလေးပါပဲ ခင်ဗျာ ဒီထိရောက်အောင် ဖတ်လာပေးတဲ့ အတွက်

ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ



ကိုလတ်(ကျွဲဆင်း)




Saturday, 12 October 2013

Windows Start up မှာ အသံ မလာဘူးဆိုလျှင်

Unknown | 12.10.13 | Best Blogger Tips


Windows Vista or Windows 7


တကယ်လို့ windows Vista နဲ့ Windows 7 မှာ အသံမလာဘူးဆိုရင်

 အောက်မှာပြထားတဲ့ အတိုင်းလိုက်လုပ်ကြည့်ပါ။

 ရိုးရိုး သာမာန် အခြေအနေတခု့ ဆိုရင် ဒီတိုင်းဖြေရှင်းနိုင်ပါတယ်လို့

miscrosoft support team ကပြောထားပါတယ်

 ( 1) Start button  ပုံလေးနဲ့ Start ကိုနှိပ်ပါ   Search Box ထဲမှာ mmsys.cpl လို့ရိုက်ပါ

( 2 ) mmsys.cpl လေးကအပေါ်မှာပေါ်လာလိမ့်မယ် ကလစ်လိုက်ပါ

အောက်က ပုံ ကိုကြည့်ပါ



( 3 ) mmsys.cpl ကို ကလစ်လိုက်တဲ့အခါမှာ အောက်မှာ ပြထားတဲ့အတိုင်းနောက်ထပ် 

explorer အသစ်ပေါ်လာမယ်နော်


အိုကေ ပေါ်လာတဲ့ အကွက်ထဲမှာ sound ကိုရှာလိုက်ပါ တွေ့ရင်နှိပ်လိုက်ပါ

အောက်မှာ လေးထောင့်ကွက် အနီရောင်လေး နဲ့ အမှန်ခြစ်လေးဟာရှိမနေဘူးဆိုရင်

အမှန်ခြစ်လုပ်ပေးလိုက်ပါ(ကလစ်ပေးရုံပဲနော်) ပြီးတာနဲ့ apply နှိပ်

OK ပေးလိုက်ပြီး ထွက်လိုက်တယ် ဆိုရင် အဆင်ပြေနိုင်ပါတယ် 


WINDOWS XP

နောက်တခု့ကတော့ windows xp အတွက်ပါ ကျနော် မှာ windows xp မရှိလို့


ပုံနှင့်တကွ မပြနိုင်ပါဘူး ခင်ဗျာ အဲ့ဒီအတွက်တောင်းပန်ပါတယ်


လုပ်ရမှာကတော့အထက်မှာပြောခဲ့တဲ့အတိုင်း   windows 7  နဲ့ သိပ်မကွာပါဘူး


တိုက်ရိုက်ပဲ ရေးပေးလိုက်မယ်နော် လိုက်လုပ်ကြည့်ပါ


Click Start, click Run, type mmsys.cpl, and then click OK.

Click the Sounds tab.

Under Program events, click Start Windows.

In the Sounds box, click (None), and then click OK.

Windows XP မှာ သိပ်အဆင်မပြေဘူးဆိုရင် miscrosoft support team မှာ တိုက်ရိုက်

လေ့လာလို့ရပါတယ် ခင်ဗျာ





လိုအပ်တာလေးတွေရှိတာကိုတော့ခွင့်လွှတ်ပါ ခင်ဗျာ 

တကယ်လို့အဆင်ပြေသွားတယ်

ဆိုရင်လည်း comment လေးပေးခဲ့ပါအုံးခင်ဗျာ


ကိုလတ်(ကျွဲဆင်း)


Friday, 11 October 2013

windows 7 home premium မှာ the system administrator has set policies to prevent this installation လို့ပေါ်လာခဲ့ရင်ဖြေရှင်းနည်း

Unknown | 11.10.13 | | Best Blogger Tips


windows 7 home premium မှာ

the system administrator has set policies to prevent this installation 

လို့ပေါ်လာခဲ့မယ် ဆိုရင် နည်း ၂ မျိုးနဲ့ ဖြေရှင်းနိုင်ပါတယ်လို့ 

miscrosoft support team ကပြောထားပါတယ် ဖြေရှင်းလို့ရနိုင်မယ့် ပထမ နည်း ကို

 အောက်မှာပုံနှင့်တကွ ပြထားပေးပါတယ် ခင်ဗျာ 

ပထမ ပုံမှာတော့ Start ကိုနှိပ်ပြီးေးတာ့ Control Panel ကိုသွားရမယ်
ပေါ်လာတဲ့ ပုံချင်းတော့ တူမယ်မထင်ဘူးဗျ ကျနော် က Control Panel ကိုအလွယ်တကူ
သွားလို့ရအောင် လုပ်ထားတာ OK Control Panel ထဲကိုရောက်ပီဆိုရင်
နံပါတ် 2 လို့ရေးပြထားတဲ့ အတိုင်း Administrastive Tools ဆိုတာကိုရအောင်ရှာလိုက်ပါ


အောက်က ပုံမှာကြတော့ နံပါတ် 3 လို့ရေးပြထားတဲ့အတိုင်း Local Security Policy ကို

တွေ့အောင်ရှာလိုက်ပါ တွေ့ပြီဆိုရင် Double Click( ကလစ်၂ချက်)ခေါက်ဖွင့်လိုက်ပါ

4 လို့ရေးထားတဲ့ စာအတိုင်းထပ်ပေါ်လာမယ်နော် Software Restriction Policies ဆိုတာကို

ကလစ် ၂ ချက်ခေါက်ဖွင့်ဖို့လိုပါမယ် ပွင်သွားပြီဆိုရင် အောက်မှာ ဆက်ကြည့်လိုက်ပါ



နံပါတ် ၆ လို့ ရေးထားတဲ့အတိုင် Enforcement ကိုတွေ့ရင် ကလစ် ၂ ချက်ခေါက်ပြီးထပ်ဖွင့်ပါအုံး




7 ကို ကလစ် ၂ချက်ခေါက် ဖွင့်လိုက်တဲ့အခါမှာ နောက်ထပ် explorer အသစ်ပေါ်လာမယ်



အပေါ်က နံပါတ် ၈ အတိုင်း အောက်က နံပါတ် ၉ မှာ အမှတ်လုပ်ပေးပါ

ပြီးရင် Apply လုပ် OK ပေးလိုက်ပါ


Computer ကို Restart ချဖို့လိုပါလိမ့်မယ် ပြန်တက်လာရင် စမ်းသပ် install လုပ်ကြည့်လိုက်ပါ


အဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ် 


နောက်တနည်းကတော့ Registry ထဲကနေ သွားပြင်တဲ့ နည်းပါ တကယ်လို့ လိုအပ်ရင်


ပုံလေးတွေနဲ့ ကျနော် ထပ်ရှင်းပြပေးပါမယ် ခင်ဗျာ

အဆင်ပြေသွားတယ် ဆိုရင် ကျနော် ကိုအားပေးစကားလေး ပြောသွားအုံးနော်



ကိုလတ်(ကျွဲဆင်း)


Saturday, 5 October 2013

ဆော့ဝဲ မသုံးပဲ winrar password ကိုလွယ်လွယ်ကူကူ ဖြေမယ်

Unknown | 5.10.13 | Best Blogger Tips



 ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ

အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့်

 ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး ဒါပေမယ် လိုအပ်လို့ရှာရင်

မတွေ့ပါဘူး...ကဲစမယ်...နိုင်ငံခြားဆိုဒ်တွေ ကနေ software တွေဒါင်းတဲ့အခါ rar ဖိုင်တွေ ကို

password တွေ ခံထားတက်ကြပါတယ် အဲ့ဒီ password ကို သိနေရင်တော့ ဘာမှမဖြစ်ဘူး

မသိတော့ဘူးဆိုရင်တော့ အသုံးပြု့ဖို့ ခဲယဉ်းသွားပါတယ်

 ဒါကြောင့် software တွေကိုဖြေဖို့အတွက်အပိုဆော့ဝဲ ဒေါင်းစရာမလိုပဲနဲ့လွယ်လွယ်ကူကူဖြေလို့ရပါတယ်

သူငယ်ချင်းတို့လည်း မလုပ်ဖူးသေးလို့ မသိတာပါ တကယ်တော့ လွယ်လွယ်လေးပါ အောက်မှာ

ကျနော် ပုံအနည်းငယ်နဲ့ ရှင်းပြထားပါတယ်


ဒီ password ဖြည်တာကိုအသုံးပြု့ဖို့အတွက် winrar ကိုပဲ အသုံးပြု့တာပါ

မိမိ က winrar ကို အသုံးမပြု့ဘူး ဆိုရင်တော့ winrrar ကိုဒေါင်းထည့်ဖို့ လိုပါလိမ့်မယ်

လိုအပ်ရင် ဒီနေရာမှာ ဝင်ယူနိုင်ပါတယ်


အပေါ်ကပုံမှာ Arma actics ဂိမ်းကိုဖြေပါမယ် 

အောက်ကပုံအတိုင်း exe ဖိုင်ကိုပဲဖြစ်ဖြစ် txt ဖိုင်ကိုပဲဖြစ်ဖြစ် ကလစ် ၂ချက်ခေါက်ဖွင့်မယ်ဆိုရင်

password တောင်းပါတယ်


အောက်ကပုံကိုဆက်ကြည့်ပါ password ကိုဖြည်ပါမယ်

ဖြည်မယ့် ဂိမ်းဖိုင်ကို(မည်သည့်ဆော့ဝဲဖြစ်ဖြစ်) ထောက်ပြီး Right click နှိပ်လိုက်ပါ

ပုံထဲက အတိုင်း Convert achieve ဆိုတာလေးတွေ့နိုင်ပါတယ် နှိပ်လိုက်ပါ


အောက်ပုံအတိုင်း explorer လေးထပ်ပေါ်လာမယ် zip ကိုအမှန်ခြစ်ပေးပါ

အပြာရောင် အကွက်ကတော့ ဖြည်ပြီးတဲ့အခါ ဖိုင်သိမ်းမယ့်နေရာ ကိုပေးထားတာပါ

ကျနော်ကတော့Folder အသစ်လုပ်ပြီးတော့ ဖိုင်ကိုသပ်သပ် ပြန်သိမ်းလိုက်ပါတယ်

Delete Original Acheves ကိုအမှန်ခြစ်ပေးရင် မူရင်းဖိုင်ကိုဖျက်ပြီးတော့

Folder အသစ်နေရာမှာပဲ ပြန်သိမ်းပေးပါတယ် အပေါ်ကလုပ်စရာရှိတာလုပ်ပြီးရင်

OK ကိုနှိပ်လိုက်ပါ


OK ကို နှိပ်လိုက်ရင် နောက်ဆုံးအနေနဲ့ password တောင်းပါလိမ့်မယ်

ပေးလိုက်ပါ သူ achieves ဆက်လုပ်ပါလိမ့်မယ် စောင့်ပေးလိုက်ပါ ပြီးသွားရင်

ဖိုင်အသစ်နေရာမှာသွားကြည့်ပါ password ပေးစရာမလိုပဲနဲ့ ဖိုင်တွေကိုဖွင့်လို့ရပါလိမ့်မယ်


winzip နဲ့ ဖြည်တာတော့ ကျနော်လည်း မသိသေးပါဘူး winrar နဲ့ ဖြည်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်

ကိုလတ်(ကျွဲဆင်း)




Tuesday, 1 October 2013

ကွန်ပြူတာအတွင်း ဖြစ်လေ့ဖြစ်ထ ရှိသော အသေးအမွှားပြဿနာများ

Unknown | 1.10.13 | | Best Blogger Tips



ဒါလေးကတော့ နည်းပညာ စာအုပ်တွေကို စု့စည်းပြီးတော့

အမြဲတမ်း တင်ပေးနေတဲ့ KEE KEE ရဲ့ PDF လေးပါ

ဒီထဲမှာ ဘာတွေပါလည်းဆိုရင်တော့ ကွန်ပြူတာ စသုံးခါစ လူတွေနဲ့ စဝယ်ခါစလူတွေအတွက်

ကွန်ပြူတာ တစ်လုံးမှာ မြန်မာဖောင့် ထည့်နည်း ၊ Browser တွေမှာ မြန်မာဖောင့် မမြင်ရတာတွေ၊

Desktop Icon တွေမှာ မြန်မာဖောင့် နဲ့ကြည့်လို့ရအောင်လုပ်နည်း၊ ဝင်းဒိုး Activate လုပ်နည်း ၊

System Restore လုပ်နည်း..တော်တော် စုံစုံလေး ပုံနှင့်တကွ ရေးပြ ရှင်းပြထားပါတယ်

အခြေခံသမားတွေအတွက်တ်ာတော်လေးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်

အခြား နည်းတွေလည်းအများကြီးပါဝင်ပါတယ်

ဒါကြောင့် သူငယ်ချင်းတို့လည်း လိုအပ်ရင် ပြန်လည် အသုံးပြု ပြန်လည်မျှဝေနိုင်အောင်

တင်ပေးလိုက်ပါတယ်


ကီးကီး မနေ့ကတည်းကတင်မလို့ပါ။ upload လုပ်ပြီးမှ ကိုကြီး Lu Zein က ပိုပြီး ကောင်းမွန်အဆင်အောင် PDF လုပ်နည်းတွေသင်ပေးပြီး အကြံ ပေးလို့ အစကနေပြန်လုပ်တော့ နည်းနည်းကြာသွားတယ်။ အသစ်စလုပ်တုန်းကထက်တောင်လက်ဝင် ခေါင်းရှုပ်သွားတယ်။ ဒါပေမယ့် လိုချင်သလို အဆင်ပြေသွားတဲ့ အတွက် ကို Lu Zein အထူးပဲကျေးဇူးတင်ပါတယ်။
ဒီ PDF လေးလုပ်ရခြင်းရည်ရွယ်ချက်မှာ အွန်လိုင်းတက်( ကွန်ပျူတာသုံး) ခါစ သူတွေ အတွက်သာဖြစ်ပါတယ်။ ပြီးရင် ကီးကီးကို နည်းပညာတွေ စလေ့လာတတ်အောင် သင်ပေးတဲ့ ဆရာတွေ Group လည်းဖြစ်ပါတယ်။ အဲဒါကြောင့် တတ်နိုင်တဲ့ဘက်က members တွေကိုကူညီတဲ့သဘောပါ။ အမှားများလိုအပ်ချက်များကို သင်ပြ ထောက်ပြပေးကြပါလို့ တောင်းဆိုရင်....

Dropbox မှာ ဒေါင်းချင်တဲ့သူတွေအတွက်>>> 


အရင်တင်တဲ့ ပုံအောက်မှာလည်း လင့်ပြန်တင်ပေးထားပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်
(kee kee)






 ဒီ PDF လေးအတွက်
 
ကိုလတ်(ကျွဲဆင်း)
 
 

Thursday, 26 September 2013

Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း

Unknown | 26.9.13 | Best Blogger Tips


ငါ window password ဘယ်သူကို မှ ပေးမချိန်းဘူးကွ 
Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ
၁၊ window+R နှိပ်ပြီRun box ခေါ်ပါ
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ Enter ခေါက်လိုက်ပါ
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာတာတွေ့ရပါလိမ့်မည်
၎၊ box ရဲ့ Local Computer Policy အောက်က User Configuration ကိုရောက်အောင်သွားပါ
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ် လို့ထင်ပါတယ် အမှားပါရင် နားလည်ပေး စေ ချင်ပါတယ် ခင်မျာ


AC Vs DC