Showing posts with label IOS JAILBRAKES. Show all posts
Showing posts with label IOS JAILBRAKES. Show all posts

Tuesday, 24 June 2014

Pangu နှင့် iOS 7.1 နှင့် 7.1.1 ကို Jailbreak လုပ်မယ်

မိုးညိုသား | 24.6.14 | | Best Blogger Tips







2014-06-23 13_23_38-



မင်္ဂလာပါ အားလုံးစောင့်စားနေကြတဲ့ iOS 7.1.1 Jailbreak Tools ကို တရုတ်ဟက်ကာတွေက ထုတ်ပေးလိုက်ပါပြီ။ တစ်ချို့ မလုပ်တတ်တဲ့သူတွေအတွက် Jailbreak လုပ်နည်းကို ကျွန်တော် အောက်မှာ ရှင်းပြပေးပါ့မယ်


ကွန်ပျူတာမှာ Pangu ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးတာနဲ့ ကျွန်တော်ဝိုင်းပြထားတဲ့နေရာက အမှန်ခြစ်ကလေးကို ဖြုတ်လိုက်ပါ။










ပြီးသွားရင်တော့  i Device ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ အောက်က ပုံမှာဝိုင်းပြထားတဲ့နေရာကို နှိပ်ပါ







ပြီးသွားရင် Pangu မှာအောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်။




 အဲဒီအချိန်ကျရင် မိမိ iDevice ကိုဖွင့်ပါ။ Setting ကိုဝင်ပါ General ကိုဝင်ပါ Date & Time ကိုဝင်လိုက်ပါ
Set Automatically မှာ ON ထားတာကို ပိတ်လိုက်ပါ။ ပြီးရင် အပြာရောင် Dtae ကိုနှိပ်ပြီးတော့  2 Jun 2014   8:30 ကို ပြောင်းပေးလိုက်ပါ။ ပြီးတာနဲ့ သူ့အလိုအလျှောက် Jailbreak ဆက်လုပ်နေပါလိမ့်မယ်.။



Jailbreak လုပ်နေစဉ် ၅၀ ရာခိုင်နှုံးလောက်မှာ ရပ်နေပါလိမ့်မယ်.. ဒီနေရာကိုရောက်ကရင်တော့ ဖုန်းကိုဖွင့်လိုက်ပါ ဖုန်းထဲမှာ Pangu icon လေးကိုတွေ့ရပါလိမ့်မယ် နှိပ်ပေးလိုက်ပါ ဘာမေးမေး Continue ကိုနှိပ်လိုက်ပါ အောက်ပါပုံအတိုင်း Keep the device connected and not close the app လို့ပေါ်နေပါလိမ့်မယ် ဘာမှာမလုပ်ပါနဲ့ ခဏနေရင်  Reboot ကျသွားပါလိမ့်မယ်။




ခဏနေရင် ပြန်တက်လာပါလိမ့်မယ် ဖုန်းကို Unlock လုပ်ပေးလိုက်ပါ.။  ခဏနေရင် နောက်တစ်ကြိမ် Reboot ကျပြီးတော့ ပြန်တက်လာတဲ့ အချိန်ကျရင် စောင့်စားနေတဲ့ Cydia iCon လေးကို တွေ့ရပြီဖြစ်ပါတယ်။


Pangu ဒေါင်းရန် >>> Mediafire :: Zippyshare 








အားလုံးအဆင်ပြေကြပါစေဗျာ....





Sunday, 23 February 2014

IOS 7.0.6 ကို Jailbreak လုပ်နိုင်မည့် Evasi0n 1.0.5 (Modified)

မိုးညိုသား | 23.2.14 | Best Blogger Tips



evasi0n7-logo-400x400

မင်္ဂလာပါ ဒါကတော့ Ios 7.0.6 ကို Jailbreak လုပ်ပေးနိုင်မည့် Evasi0n 1.0.5 လေးပါ။ Mac အတွက် Version ကို Modified လုပ်ပြီး windows အတွက်လုပ်ပေးထားတာပါ..
ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးပါပြီ.. I pad mini Retina မှာတော့ လုံးဝအလုပ်လုပ်ပါတယ် ကျန်တဲ့ Device တွေကိုတော့ မစမ်းရသေးပါဘူး လိုချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ
ဝင်ယူလိုက်ပါဗျာ

မှတ်ချက်၊၊ Devices ကို Jailbreak မလုပ်မီ မိမိရဲ့ Data များကို backup လုပ်ထားဖို့တော့ တိုက်းတွန်းပါရစေ

Download Link >> (Zippyshare :: Mediafire )

Friday, 10 January 2014

Cydia Crash အတွက် ဖြေရှင်းနည်း

Unknown | 10.1.14 | | Best Blogger Tips




ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။ 

ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...

Download Software 

>> Download iExplorer 3.2.3.3 
 
>> Download iFunBox 2.6 

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။ 

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။ 

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ) 

အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။ 



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး... 

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။ 

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ 


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 


 

Sunday, 29 December 2013

Evasi0n version 1.01 update

မိုးညိုသား | 29.12.13 | Best Blogger Tips

picture of iOS 6 compatible devices 
 ဒါကတော့ ios သမားများအတွက် .. jailbreak လုပ်ဖို့ Evasi0n v1.0.1 Update လေးပါ။ လိုချင်တဲ့သူများရှိရင် ယူလို့ရအောင်ပြန်တင်ပေးလိုက်တာပါ။ အောက်ကလင့်မှာ ဒေါင်းယူလိုက်ကြပါဗျာ
http://www54.zippyshare.com/v/72708074/file.html




Monday, 23 December 2013

iOS 7.x သမားများ jailbreak ရပါပြီခင်ဗျာ......

မိုးညိုသား | 23.12.13 | | | Best Blogger Tips






iOS 7 တင်ထားသူတွေအတွက်တော့ ဒီညဟာ ပျော်စရာညလေး
တစ်ညဖြစ်မှာပါဗျာ iOS 7.x တင်ထားသမျှ
ipod , iphone , ipad စတဲ့ idevices အစုံကို jailbreak  လုပ်နိုင်အောင်
http://evasi0n.com/ က ကြိုးစား ထားပါတယ်ဗျာ
လိုချင်သူများအတွက် ဖိုင်ဆိုဒ် 29MB ရှိပါတယ်

မှတ်ချက်၊၊ Jailbreak လုပ်မည့် မိမိ၏ i Device မှာ Password ခံထားပါက Jailbreak မလုပ်မီ ခတ္တဖြုတ်ထားလျှင် ပို၍အဆင်ပြေပါလိမ့်မည်

လတ်တလော မြန်မာစာရေးဖို့ အဆင်ပြေချင်သူတွေကတော့ https://cydia.macforus.com ကိုအက်ပြီးတော့ MMKeyboard For ios 6+ ကိုထည့်ပြီးတော့သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေတာကတော့ ကီးဘုတ်ကို တစ်ဖက်လှန်လို့မရပါဗျာ ရေးရင်တော့ပေါ်ပါတယ် Layout မှာစာတွေ မပြောင်းသွားတာပါ။ အဆင်ပြေကြပါစေဗျာ
Windows သုံးပြီး jailbreak လုပ်ချင်သူတွေအတွက်





Wednesday, 13 February 2013

IOS 6.1 Firmware & Jailbreak ပါ (www.itminmin.blogspot.com မှာပံ့ပိုးကူညီထားပါသည်)

Unknown | 13.2.13 | Best Blogger Tips








အကြောင်းအမျိုးမျိုးကြောင့် Firmware ပြန်တင်ရမယ့်/တင်ချင်သူများအတွက်  ISO Firmware 6.1 ပါ။

အရင်ဆုံး အောက်က ပေးထားတာကိုအရင်ဒေါင်းပါ..



                                            
Firmware Download



Firmware ပြန်တင်မယ်ဆိုရင် အရင်ဆုံး I Device ကို Power ပိတ်လိုက်ပါ

ပြီးရင် Itune ကိုဖွင့်ပါ.... I Device မှ power နဲ့ Home Buttom ကို တွဲ
နှိပ်ပေးပါ .... Power တက်လာပြီးတော့ Itune
နဲ့တွဲဖို့ပုံလေးပေါ်လာပါမယ်...အဲဒါဆိုရင် Power ခလုပ်ကိုလွှတ်ပြီးတော့
Volume Up ကိုနှိပ်ပါ

Home Buttom ကိုမလွှတ်ဘူးနော်.... ဖွင့်ထားတဲ့ Itune မှာ အခုလိုလေးမြင်ရမှပါ....






Ok ကိုနှိပ်ပေးလိုက်ပါ...

ပြီးရင် Keyboard ကနေ Shift ကိုနှိပ်ထားပြီးတော့ Itune ကနေ Restore Ipad ဆိုတာကိုနှိပ်ပေးပါ..

ပြီးရင် ဒေါင်းထားတဲ့ Firmware ကိုရွေးပေးပြီးတော့ Open ကိုနှိပ်လိုက်ပါ.... သူ့အလိုလို အလုပ်လုပ်သွားပါလိမ့်မယ်.....





အားလုံးအဆင်ပြေကြပါစေဗျာ ....  Firmware ပြန်တင်လို့ပြီးပြီဆိုရင် လိုလာတာက Jailbreak ....




ISO 6.1 Jailbreak လုပ်ရန်



 Jailbereak လုပ်ဖို့အတွက်ကို Evasi0n.exe ကိုအရင်ဆုံးဒေါင်းလိုက်ပါ..ရွေးချယ်စရာသုံးမျိုးတွေ့ပါ့



မယ်..သက်ဆိုရင် OS ကိုရွေးချယ်ပါ..များသောအားဖြင့် Windows ကိုအသုံးများတဲ့အတွက် Windows



ကိုဘဲရွေးချယ်ပါ. 



 Download Here








အရင်ဆုံး i device ကို Itune နဲ့ backup လုပ်ထားပါ.backup လုပ်ပြီးသွားတာနဲ့ Itune ကိုပြန်ပိတ်ထားလိုက်ပါ

I device ကိုတော့ PC နဲ့ချိတ်ထားတာကိုမဖြုတ်ပစ်ပါနဲ့ .... ဒေါင်းထားတဲ့ evasi0n.exe ကို Run လိုက်ပါ

အောက်မှာမြင်တွေ့ရမယ့်ပုံလေးပါ.....








I device ကို PC ကနေသိပြီဆိုရင် jailbreak ကိုနှိပ်ပါ ... အလုပ်လုပ်နေတာကိုတွေ့ရပါမယ်

မြင်တွေ့နေရမယ့်ပုံလေးပါ









- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်

- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode
ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။













ဒီအဆင့်ရောက်ရင်တော့ Jailbreak က ရပ်နေပါလိမ့်မယ်... I device ကနေပြီးတော့ လုပ်ဆောင်ဖို့လိုအပ်လာပါပြီ...အောက်မှာကြည့်ကြည့်ပါ....









I device ရဲ့ Home screen မှာ evasi0n 

ဆိုတာလေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မယ်။ နှိပ်ပေးလိုက်ပါ။










ဆက်ပြီးတော့ အလုပ်လုပ်သွားပါလိမ့်မယ် စောင့်ကြည့်နေလိုက်ပါ ဘာမှလုပ်ဖို့မလိုအပ်သေးပါဘူး ....








I Device Reboot ပြန်လုပ်သွားပါလိမ့်မယ် Program တွင် Jailbreak
Complete! The device may restart a few times as it completes the
process. ဆိုပြီးတော့ တက်လာပါလိမ့်မယ် Exit ဆိုတာကို နှိပ်ပြီးတော့ Program
ကိုပိတ်လိုက်ပါ .....








 ပြန်တက်လာပါက Home screen တွင် စောစောက evasi0n ဆိုတဲ့နေရာမှာ Cydia icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။









ဒါဆိုရင်တော့ I device --IOS 6.1 ကို jailbreak လုပ်လို့ အောင်မြင်သွားပါပြီ....အားလုံးအဆင်ပြေကြပါစေ...