Saturday, 14 June 2014

ဘလော့ တစ်ခု မှာဒိုမိန်းဝယ်ခြင်း ခွဲခြင်း

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 14.6.14 | Best Blogger Tips



ဒိုမိန်းနိမ်းတစ်ခုဝယ်တာနဲ့ နာမည်တွေခွဲတာနဲ့ပတ်သတ်လို့ သူငယ်ချင်းတစ်ယောက် မေးလာတာနဲ့ပတ်သတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ တခြားဝယ်နည်းတွေ ကျွန်တော်မသိပါ။ blogger ကနေ ၀ယ်ယူပုံကိုသာ ဖေါ်ပြမှာဖြစ်ပါတယ်။

၁။ အောက်ကပုံလေးအတိုင်း ၀ယ်ယူလိုတဲ့ ဘလော့အတွက် Setting>Publishing>Custom Domain ကိုသွားလိုက်ပါမယ်။

၂။ လိုချင်တဲ့ နာမည်တစ်ခုကို (.com .info စသည်ဖြင့်ရွေး) ဖြည့်ပြီး နာမည်သုံးရမရ Check Availability လုပ်ကြည့်ပါမယ်။

၃။ သုံးလို့ရတဲ့ နာမည်တစ်ခုဖြစ်မယ်ဆိုရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။ တစ်နှစ်အတွက် ၁၀ ဒေါ်လာပါခင်ဗျ။
၎။ ဖြည့်ရမယ့် နမူနာပုံစံဖြစ်ပါတယ်ခင်ဗျ။
၅။ အားလုံးဖြည့်ပြီးရင်တော့ အောက်ပါအတိုင်း ပေါ်လာပါမယ်။ မှာလို့ရပါပြီခင်ဗျ။
၆။ အောက်ကပုံကတော့ ၀ယ်ယူပြီးလို့ ၀င်လာမယ့် mail ပုံစံပါခင်ဗျ။ ဒီအဆင့်မှာပဲ domain name ၀ယ်ယူခြင်းပြီးပါတယ်။ မကြာမီ မိနစ်ပိုင်းမှာပဲ နာမည်သစ်နဲ့ စလို့ရပါပြီ။ ဆက်လက်ဖေါ်ပြမှာကတော့ domain name လေးတွေ ခွဲဖို့ပါခင်ဗျ။
၇။ အပေါ်ပုံက လင့်အတိုင်း သွားမယ်ဆိုရင် အောက်ကပုံကို ရလာပါမယ်
၈။ အကောင့်နဲ့ password ကို အောက်ပါအတိုင်းပြုပြင်ဖန်တီးပါ့မယ်။ (ကျွန်တော်ဝယ်တုံးက ID PW တန်းပါသလား မပါသလား မမှတ်မိပါ။ မပါရင်လို့ သဘောထားပြီး ပြန်ယူလိုက်တာကောင်းမယ်ထင်ပါတယ်။ ID PW ပါ မေးမှာပေးရင်တော့ ဒီအဆင့် ၈ ကို ကျော်ဖတ်လိုက်ပါခင်ဗျ။)

မှ တဆင့်
မှ တဆင့်

၉။ မေးကို ID pw ရောက်ပြီရောက်ပြီဆိုရင်တော့ အောက်ပါလိပ်စာအတိုင်းဝင်လိုက်ပါတယ်။
၁၀။ မိမိဆိုဒ် လိပ်စာအတိုင်းဝင်လိုက်ပါမယ်။
၁၁။ ဖန်တီးထားတဲ့ ID PW နဲ့ဝင်လိုက်ပါမယ်။
၁၂။ ပုံမှန်အားဖြင့် မေးဆီပေးထားလို့ မေးကိုဝင်ပါတယ်။ အောက်ပါအတိုင်းပြန်ပြောင်းလိုက်ပါမယ်။
၁၃။ ဒီပုံအရ email အသစ်လုပ်တာတွေ ဒိုမိန်းနိမ်းလေးတွေ ခွဲတာကို လုပ်လို့ရပါပြီခင်ဗျ။ အောက်ပါပုံအတိုင်း သွားလိုက်ပါမယ်။
၁၄။ အောက်ပါပုံအတိုင်းဆက်ဝင်လိုက်ပါမယ်။
၁၅။ ဒီ Page တစ်ခုပေါ်လာပြီး ID PW တောင်းပါတယ်။
၁၆။ ပေါ်လာတဲ့ Page က အောက်ပါ နေရာလေးရွေးကလစ်ပါမယ်။
၁၇။ Add new နှိပ်ပြီး အောက်ကအတိုင်း astro နေရာမှာ နှစ်သက်ရာ နာမည်ပြောင်းပြီး တစ်ကြောင်းရိုက် save လိုက်ပါခင်ဗျ။

၁၈။ နာမည်ပြောင်းလိုတဲ့ ဘလော့ရဲ့ ဒီနေရာကို သွားပါမယ်။ Custom domain မှ Advanced Setting ဖြစ်ပါတယ်။
၁၉။ အခုဆိုရင်တော့ http://technohalo.com မှ http://astro.technohalo.com ကို အောင်မြင်စွာ ခွဲပေးလိုက်ပြီဖြစ်ပါကြောင်းခင်ဗျား။
အဆင်ပြေပါစေခင်ဗျာ
အမောင်
PS: ကူညီဖြေရှင်းပေးသော ကိုတေ အားကျေးဇူးတင်ပါသည်။

NEED FOR SPEED Movie ဒေါင်းရန်

မိုးညိုသား | 14.6.14 | Best Blogger Tips








Merch လကမှရုံတင်ထားတဲ့ ဇာတ်ကားလေးပါ။ အောက်ကလင့်မှာဒေါင်းယူလိုက်ပါ

DOWNLOAD HERE

Tuesday, 3 June 2014

oppo r 821ကို root ဖောက်ပီး မြန်မာစာ ထည့်ချင်သူမှားအတွက် ပါ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 3.6.14 | Best Blogger Tips




oppo r 821ကို root ဖောက်ပီး မြန်မာစာ ထည့်ချင်သူမှားအတွက် ပါ... မြန်မာစာ အဆင်မပြေ သူများ .တစ်ထိုင် တည်းနဲ့ အမြင်မှန် ပြီး အဆင်ပြေ စေဖို့ ပါ။
 oppo တွေ က နဲ နဲ တော့ အကျော တင်း တယ် နော်....ခ်ခ်.....fepz 2.1 သုံး တာ တောင် အဆင် မပြေ ဘူး ဗျ.......အဆင်ပြေ ချင် ရင် လည်း ဟုတ် နေ ရော..ဗျ....ROOT ဖောက် တာ တော့  အဆန်း တကြယ် မဟုတ် ပေ မဲ့  မြန်မာစာ အဆင် ပြေ ဖို့ အတွက် ကို မသိ သေး တဲ့ သူ တွေ အမြန် ဆုံး အဆင် ပြေ အောင် ပြန် လည် မျှ ဝေ ပေး လိုက်ပါတယ်။


 root tool ကိုယူလိုက်ပါ   link-1 ;  link 2




ဖုန်းကို unknow source ကိုအမှန်ခြစ်ပေးပြီး usb debugging လုပ်ပေးပြီးကွန်ပျူတာနှင့် ချိတ်လိုက်ပါ။မချိတ်တတ်ရင်အသေးစိတ်ကို ဒီမှာ ဝင်ဖတ်ပေးပါ


usb  driver ကိုrun လိုက်ပါ။

ပြီးရင် root tool ကို run လိုက်ပြီးအစိမ်းရောင်အကွက်ကလေးကိုနိပ်ပြီး root လုပ်ပါ။ ခဏနေကျရင် ဖုန်းမှာ restart ကျသွားပြီး root လုပ်တာအောင်မြင်သွားပါပြီခင်ဗျာ။



ဒီအဆင့် မှာတော့ မြန်မာစာမှန်အောင် ဆိုရင် font changer ကို mmsd font changer ကိုသုံးပါ။  




mmsd font changer  link 1 ; link 2




zawgyi font -  ZIPPYSHARE   ;    playstore


frozen keyboard ,  zippyshare 




mmsd font changer ကို INSTALL လုပ်ပြီး HUAWEI ဖုန်း နှင့် အခြား ခလုပ် မှာ နှိပ်ပြီး FONT CHANGE ပေးလိုက်ပါ။ REBOOT

ကျ ပြီး ပြန်တက်လာတာနှင့် မြန်မာစာမှန် တဲ့  OPPO R821 ဖုန်းတစ်လုံးကို သင် ပိုင် ဆိုင် နိုင်ပါ ပြီ။





အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်

ဒီမှာ like လုပ်ပေးပါ။

စိုင်းသူ

Monday, 2 June 2014

android အတွက် smart zawgyi pro လာပါပြီ

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 2.6.14 | Best Blogger Tips













Developer
ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။
၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error
ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။

မနေ့ညက အဲဒါသုံးရင်း အဲဒီ
Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users
တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version)
အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro
(Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart
Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run
ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့
အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။

-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။

-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို
ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။
ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း
Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro
ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။

Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။

Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။

http://www.solidfiles.com/d/635449c200/smartzawgyipro_(Thet_Naing_Soe).apk

(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)

အားလုံးပဲအဆင်ပြေကြပါစေ။

Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

re:Thet Naing Soe

 
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Sunday, 1 June 2014

Corel DRAW GRAPHIC SUITE X5 ကိုဒေါင်းချင် သူများအတွက်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 1.6.14 | Best Blogger Tips



Corel DRAW GRAPHIC SUITE X5 ကို အီးမေး ကနေ တစ်ဆင့်  တောင်းဆို လာတဲ့ ညီလေး တစ်ယောက် အတွက် ပြန်လည် မျှ ဝေ ရင်း ကျ နော့် မိတ်ဆွေ တွေ ဒေါင်းချင် ရင်ဒေါင်းလုပ် ဆွဲ နိုင်အောင် ပြန်လည် မျှ ဝေ ပေးလိုက်ပါတယ်။ ဒီကောင်လေးက Graphic Desinger တွေ အရမ်း ကို နှစ်သက် ကြပါတယ်။ full version ရအောင် အတွက် ဒေါင်းလုပ် ဖိုင်ထဲ မှာ keygyen လေးကို ထည့် သွင်းထား ပေးပါတယ်။ဖိုင်ဆိုဒ် ကတော့  500 Mb ရှိပါတယ် ။ အောက်မှာ ဒေါင်း ယူ လိုက်ပါ။








အသစ်တင်တိုင်း facebook ကနေ ဖတ် မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ 

နည်းပညာပြန်လည်မျှဝေခြင်း

windows 8.1 ကို ဒေါင်း လုပ်ယူကြမယ်

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 1.6.14 | Best Blogger Tips



windows 8.1 ကို ဒေါင်းလုပ်ယူချင် သူ များ အတွက်ပါ။ 32 bit နှင့်  64 bit ကို ကြိုက် ရာဒေါင်း ပါ.....series keys ပါ ထည့် သွင်း ပေးထားပါတယ်......ဖိုင်ဆိုဒ်ကတော့  3.4 GB လောက်ရှိပါတယ် ။ အသုံးပြု မယ်ဆိုရင် အောက်မှာ ဒေါင်း လုပ်ယူလို့ ရပါပြီ။








ဒါကတော့  series key ပါ။။ မှတ်ထားဖို့ မမေ့ နဲ့ အုံး နော်

Serial key : NTTX3-RV7VB-T7X7F-WQYYY-9Y92F



ယခု လို အသုံး ဝင် တဲ့  windows iso တွေ ကို အသစ်တင်တိုင်း ဒေါင်းလုပ်ယူမယ် ဆို ရင်
facebook မှာ like ပေးခဲ့ ပါ။




စိုင်းသူ

နည်းပညာ ပြန် လည်မျှ ဝေ ခြင်း

Friday, 16 May 2014

Blogger တွင် ZawGyi နှင်. Unicode Font များကို Embed လုပ်နည်း( ရှယ်နည်းလေးပါ)

Anonymous | 16.5.14 | Best Blogger Tips


မင်္ဂလာပါနော်  သည်နေ့ ရေးဖြစ်တာလေးကတော့  ဖုန်းတွေမှာ မြန်မာစာ မှရိတောင် ကျွန်တော် 


တို့ဘလော့မှာ ၀င်တာနဲ့ မြန်မာစာမြင်နိုင်မယ့် နည်းလမ်းကောင်းလေးပါဘဲ.. သည်နည်းလေးကိုတော့ 


ပထမ ကုဒ်နမူနာပြသလမ်းညွှန်ပေးထားသော  ကို မိုးသကြား  နဲ့  ကိုမြင့်မင်းစိုး တို့အား 


ကျေးဇူးတင်ရှိပါကြောင်း


Mobile အတော်များများတွင် မြန်မာဖောင်.သွင်းလို.ရသော်လည်း အချို.ဖုန်းများ/Jailbreak မရသေးသော 


IOS User တို.အတွက် မိမိ တို.၏ ဆိုဒ် ကိုဝင်ရောက်.ကြည်.ရှုရန် အခက်အခဲးတွေရပါလိမ်မည်။ဒီနေ.


 ကျွန်တော်. ဆိုဒ် ကို ပြု.ပြင်ရင်း  ဘလော့ကာ ညီအကို အချို.လုပ်ထားသောနည်းလမ်းကို 


စမ်းကြည့်လိုက်ရာ အောင်မြင်သွားသဖြင်. မသိသောသော ဘလော. ပိုင်ရှင်ဘော်ဘော် တို.အတွက် 


ပြန်ရှယ်ပေးလိုက်ပါတယ်......ထည်.သွင်းလိုပါက အောက်မှာဆက်ဖတ်ပေးပါ ခင်ဗျ။



အသုံးပြုရန် ကုဒ်များ


မြန်မာ Unicode Font ကို သွင်းချင်ပါက အောက်က Code ကိုသုံးပါ။


@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}

မှတ်ချက်   ။          ။ မြန်မာ ယူနီ ကုဒ်ထည့်သွင်းပါက  မိမိဘလော့မှာ စာလုံးတွေ 

ကမောက်ကမ ဖြစ်နေပါမည်...ပြင်ဆင်ဖို့လိုပါမည်... ကျွန်တော်ကတော့ Zawgyi Font 

ကိုဘဲသွင်းပါသည်။

မြန်မာ Zawgyi Font ကို သွင်းချင်ပါက အောက်က Code ကိုသုံးပါ။
@font-face {
font-family:'Zawgyi-One';
src:local('Zawgyi-One'),url('http://mmwebfonts.comquas.com/fonts/zawgyi.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}


 

Blogger တွင်မိမိတို.သွင်းလိုသော blog ၏ template ကို နှိပ်လိုက်ပါ။




မိမိတို့ လုပ်လိုသော ဘလော့ရဲ့  Template ကိုဝင်လိုက်ပါနော်  ပု့လေးတွေနဲ့ တဆင့်ဆီ သွားပြပါ့မယ်..





ရောက်တာနဲ့ Customise  ဆိုတာလေးကိုကလစ်ပေးလိုက်ပါ..


အိုကေ ဘယ်ဘက်တန်းထဲက Advance  ဆိုတာကိုဆက်ကလစ်ပေးလိုက်ပါ။


အိုကေ scorrl ဘားလေးဆွဲချလိုက်ပါ အောက်ဆုံးက Add CSS  ဆိုတာကိုကလစ်ပေးပါ။


အထဲမယ် ကုဒ်ဒင်းတွေတွေ့နိုင်ပါလိမ့်မယ်  အဲကုဒ်တွေရဲ့ အောက်ကနေ အပေါ်က ကူးလာသော

Union Code (သို့) zawgyi one ကုဒ်ကို ထည့်ပေးနိုင်ပါတယ်...

၂.. ခုစလုံးထည့်လိုပါက.. တစ်ခုကို ထည့်ပြီး တာနဲ့ အပေါ်ညာထောင့်က Apply to Blog  

ဆိုတာကလစ်ဆေ့ပြီး မှ  နောက် တကြိမ်  ပထမကုဒ်ထည့်သလို ပြန်ဝင်ထည့်နိုင်ပါတယ်နော်....

ဘယ်ကုဒ်ကို ထည့်ထည့်  အပေါ်က Apply   to  Blog  ဆိုတာတော့ ကလစ်ပေးရမှာဖြစ်ပါတယ်...

အိုကေ  ဒါဆို ထည့်နည်းတော့ အဆင်ပြေလောက်ပါပြီနော်...နောက် တစ်ခုကျန်ပါသေးတယ်နော်..

Mobile Theme ကို enable လုပ်ထားရင် mobile မှာမြင်ရလိမ်မည်မဟုတ်ပါ။


iPhone , iPad , Android (firefox) တို့တွင်မြင်လိုလျှင် mobile theme ကို disable လုပ်ထားပါ။


လုပ်နည်းကတော့


ဘလော့ကာ Template  ကိုကလစ်ပြီး  ညာဘက်မှာ ရှိတဲ့  Customise Mobile Template  ဆိုတာလေးကို  ကလ်စပေးရမှာ ဖြစ်ပါတယ်...


အိုကေ အပေါ်က ပုံလေးတိုင်း No. Show desktop template mobile device  ဆိုတာကို အမှတ်ပေးပြီး

Save ပေးလိုက်တာနဲ့ မိမိတို့ လုပ်ဆောင်ချက် ပြီးဆုံးခဲ့ပါပြီနော်

အဆင်ပြေကြပါစေ






<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Friday, 9 May 2014

လူကြိုက်များတဲ့ Ccleaner ကို Professional Version အဖြစ်အသုံးပြုနည်း (No Crack , No Patch)

Unknown | 9.5.14 | Best Blogger Tips

ဒီ Software လေးကတော့ ကွန်ပျူတာရှိသူတိုင်း ဆောင်ထားသင့်တဲ့ Cleaner Software လေးပါ... တော်တော်များများလည်း သိကြပြီးဖြစ်မှာပါ.. သူ့မူရင်း Website မှာတော့ $49.95 နဲ့ ရောင်းချနေပြီး ကမ္ဘာ့လူဦးရေအများဆုံးရဲ့ ထောက်ခံမှုကိုရထားတဲ့ PC Cleaner ဆော့ဖ်ဝဲလေးပါ..။
ကွန်ပျူတာမှာ မလိုအပ်တဲ့ ဖိုင်လ်တွေ ကွန်ပျူတာကိုလေးလန်စေတာတွေကို 1 Click နဲ့ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်.. လူတိုင်းဆောင်ထားသင့်တဲ့ Software လေးဆိုရင်လည်းမမှားပါဘူး..။
ဒါပေမဲ့ Free Version ဆိုရင်တော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံး အပြည့်အဝ ရရှိစေမှာ မဟုတ်ပါဘူး..။ Professional Version မှာမှ အပြည့်အဝ အသုံးပြုနိုင်မှာပါ..။
အဲ့ဒီ ကမ္ဘာ့နာမည်ကြီး Ccleaner  ဆော့ဖ်ဝဲကို Professional Version အဖြစ် Crack , Patch တွေ မသုံးပဲ ကိုယ်ပိုင်နာမည်နဲ့ Register လုပ်ပြီး တစ်သက်တာ Free အသုံးပြုချင်တယ်ဆိုရင်တော့....
  အောက်ဖေါ်ပြပါ နည်းလမ်းအတိုင်း Install ပြုလုပ်ပေးလိုက်ပါ..။
ပထမဆုံး Ccleaner Software ကို သူ့ မူရင်းဝက်ဘ်ဆိုက်ဒ်ကနေ Download (OR) Download ချပါ..။
ပြီးရင် ပုံမှန်အတိုင်း Install ပြုလုပ်ပါ..။
Install ပြီးသွားရင် Software ကို Run (ဖွင့်) လိုက်ပါ ..။
(1) Options ကို နှိပ်ပါ..


 အင်တာနက် ကွန်နက်ရှင် ကို (Not Connected)  ဖြုတ်လိုက်ပါ..။
(2) Upgrade to Pro ကို နှိပ်ပါ..။
 
 (3) Name နေရာမှာ မိမိနှစ်သက်တဲ့ နာမည်တစ်ခုခုရေးထည့်ပါ..။
(4) License Key နေရာမှာ အောက်ဖေါ်ပြပါ Key တွေထဲ တစ်ခုခုကို Copy ကူးထည့်လိုက်ပါ..။
C2YW-IAHG-ZU62-INZQ-WZPC

 C2YW-2BAM-ADC2-89RV-YZPC
 
C2YW-XFCX-ABIG-GZD4-8ZPC
 
C2YW-XK32-GBVV-N3BH-2ZPC
 
C2YW-JKW5-KK79-XHR2-4ZPC

  C2YW-QTRT-ZVCG-PQDK-CZPC
 
C2YW-GP33-TPIU-BGM8-AZPC
 (5) Register ကို နှိပ်ပြီး မှတ်ပုံတင်လိုက်ပါ...။
ဒါဆိုရင်ဖေါ်ပြပါပုံအတိုင်း Professional Version အဖြစ် ပိုက်ဆံ တစ်ပြားမှပေးစရာမလိုပဲ အပြည့်အဝ အသုံးပြုနိုင်ပါပြီ..။
  1. Download and install the Latest Free Version of CCleaner
  2. Turn off your Internet Connection
  3. Launch CCleaner
  4. Go to Options > About and Click Upgrade to PRO button
  5. Enter your name and a Serial Key given
  6. Click Register and You’re Done.
ဝင်းကမ္ဘာကျော်
 
www.winkabarkyaw.net






Sunday, 4 May 2014

Acer aspire E1-410G ကို WIindows တင်ကြမယ်။

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 4.5.14 | Best Blogger Tips



acer aspire E1-410G ကို windows တင်ကြည့် ခြင်း
===============================

Acer aspire E1-410G ကို Windows ပြန်တင်ဖို့ အခက် အခဲ ရှိသူများ အတွက်ပါ။ သုံးနေရင်းနဲ့  restart ကျ ပြီး windows ပြန် လည်း တက်မလာ windows install လုပ် လို့ မရ တဲ့ မိတ် ဆွေ တွေ အတွက်ပါ ။အခု နောက် ထွက်လာ တဲ့  notebook တွေမှာ windows ပြန်တင် တဲ့  အခါ ပြသနာ တော်တော်လေး ရှိပါတယ်။
သိတဲ့ မိတ်ဆွေ တွေ အတွက်တော့ အဆန်းတကြယ် မဟုတ် ပေမဲ့  မသိသေးတဲ့ မိတ်ဆွေ တွေ ငွေကုန်ကြေးကျ သက်သာအောင် ပြန်လည်မျှ ဝေ ပေး လိုက် ပါတယ်။
windows တင်တော့ မယ် ဆို ရင် အများစုကတော့  BIOS ထဲ မှာ BOOT ကို ဝင် ချိန် ကြတဲ့  အခါ UEFI Mode ကနေ Legacy Mode ကိုပြောင်း ပြီး တင်ကြပါတယ်.... အခု နောက် ထွက်လာ တဲ့  လက်တော့ တွေ မှာ ကျ တော့  UEFI MODE ကနေ LEGACY MODE ကိုပြောင်းစရာ မလို ပဲ တိုက်ရိုက် တင် လို့ ရပါတယ်။အောက် မှာ ပုံ နှင့် တကွ ဖော်ပြပေးထားတာမို့ အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ်။ UEFI Modeတစ်ခု တည်းပါတဲ့  လက်တော့ တွေ အတွက် လုံးဝ အဆင်ပြေ ပါတယ်။



အဆင့်  ( ၁ )
================
အရင်ဆုံး မိမိ ကွန်ပျူ တာ ကို ဖွင့် ပြီးrestart ချ ပါ ပြီးရင် F2 ကိုနိုပ်ပြီး  BIOS ထဲ မှာ main နေရာမှာ အောက်ပါအတိုင်း ပြောင်း ပေးလိုက်ပါ။

Network Mode [Disabled]
F12 Boot Menu [Enabled]
D2D Recovery [Disabled]
Wake on LAN [Disabled]
SATA Mode [IDE Mode]

ကိုပြောင်းပေး ပါ။


အဆင့်  ( ၂ )
==============

နောက်တစ်ဆင့် အနေ နဲ့ ကတော့  Security မှာ set up supervisor password ကို enter  ခေါက်ပြီး password ပေးပါ။ ( ဥပမာ - 123 ) password ကိုမှတ် သားထားပါ။


အဆင့်  ( ၃ )
==========

Boot setting ထဲ မှာ
Boot Mode ကို ( UEFI )
Secure Boot ကို ( Enable )

ပေးပါ။ ပြီးရင်

  • ATAPI CDROOM HL-DT-ST DVDRAM GUAON
  • HDD :ST500L TO12 -9WS142 ကို အပေါ်အောက်ထားပေးပါ။ပုံအကူအညီကို အောက်မှာ ရယူပါ။







အဆင့်  ( ၄ )
============

ဒီအဆင့် မှာ တော့  Windows iso burn ထားတဲ့ အခွေ ကို ထည့် ပြီး  F 10 ကို နှိပ်ပြီး SAVE လုပ်ကာ မည်သည့် ကီးကိုမဆို နှိပ်ပြီး ပုံမှန်အတိုင်း windows ပြန်တင် နိုင်ပါတယ်ခင်ဗျာ။





အသစ်တင်တိုင်း Facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ


www.saithu102.blogspot.com

Friday, 2 May 2014

Hacking Ebooks ( 45 ) အုပ်စုစည်းမှု

Anonymous | 2.5.14 | | Best Blogger Tips


 သည်စာအုပ်လေးတွေကတော့ Hacking စိတ်ဝင်စားသူများအတွက် စုစည်းထားခြင်းဖြစ်ပါတယ်.. စာအုပ်ပေါင်း 45 အုပ်ပါရှိပါတယ်..ကဲ လေ့လာမယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူလိုက်ပါနော်..
ညီလေး it helper ကနေစုစည်းပေးထားခြင်းဖြစ်ပါတယ်..နော်.. ကဲဆွဲလိုက်ကြဗျာ....

အဆင်ပြေပါစေ

<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Click တစ်ချက်နဲ့ Full Version ဖြစ်တဲ့ IDM 6.19 build 8 (Latest Version , No Patch , No Crack !!!)

Unknown | 2.5.14 | Best Blogger Tips

ဒီ IDM ကတော့ Patch ,Crack တွေ မသုံးတတ်တဲ့သူတွေအတွက်ပါ... ဘာမှ ထူးထူးထွေထွေ လုပ်ပေးနေစရာ မလိုပါဘူး.. ဒေါင်းလို့ ရလာတဲ့ Rar ဖိုင်လ်ကို ဖြည်ပြီး အထဲက (ပုံ) Setup Installer ဆိုတဲ့ .bat ဖိုင်လ်လေးကို နှိပ်ပေးလိုက်ရုံပါပဲ...
Internet Download Manager 6.19 build 8 Latest Version , No Patch , No Crack !
 
Enjoy :)
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net



မြန်မာနိုင်ငံ အွန်လိုင်း ကား အရောင်းအဝယ် ဈေးကွက်

Aung Ko Htet | 2.5.14 | Best Blogger Tips




Aung Ko Htet (MM IT Knowledge)

လက်ရှိ မြန်မာပြည်ရဲ့ ကားဈေးကွက်ဟာ အပြင်မှာတင် မကပဲ အွန်လိုင်းပေါ် အထိ ပြန့်နှံ့ လာနေပြီ ဖြစ်ပါတယ်။ အထူး သဖြင့် Facebook ပေါ်ကနေ ရောင်းဝယ် ဖောက်ကားမှု ပိုမို များပြားပြီး တဖြည်းဖြည်းနဲ့ ဝဘ်ဆိုဒ် တွေပေါ် အထိ ရောက်လာ ပါတယ်။ ဒါကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်လာတဲ့ Revolution နဲ့ သိပ်မကွာ ပါဘူး။ သို့ပေမယ့် နိုင်ငံ တကာမှာက ဝဘ်ဆိုဒ် စာမျက်နှာပေါ်ကို တိုက်ရိုက် ရောက်ရှိခြင်း ဖြစ်ပါတယ်။ ဥပမာ www.carmudi.com.mx တို့လို ဝဘ်ဆိုဒ် မျိုးဟာ မက္ကဆီကို မှာ လူသုံးများ အောင်မြင် လာခဲ့ ပါတယ်။

အွန်လိုင်း ကနေ ရှာဖွေ ခြင်းဖြင့် အချိန်ကုန် သက်သာခြင်း၊ မိမိ လိုအပ်သည့် ကား နှင့် ပက်သက်သော အသေးစိတ် အချက် အလက် များကို အလွယ်တကူ ဖတ်ရှု နိုင်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အရောင်း အဝယ် လုပ်ဖို့ အတွက် ငွေကြေးက အွန်လိုင်းကနေ မဟုတ်ပဲ အပြင်ကနေသာ သွားခြင်း ဖြစ်ပါတယ်။ အကြောင်းက မြန်မာပြည်မှာ လက်ရှိ အချိန်အထိ လူတိုင်း သုံးလို့ အဆင်ပြေ လွယ်ကူမယ့် အွန်လိုင်း ငွေချေ စနစ် မရှိသေးလို့ ဖြစ်ပါတယ်။ လက်ရှိမှာ မိုဘိုင်း ပိုက်ဆံ အမျိုးမျိုး ပေါ်ပေမယ့် သုံးသူ နည်းနေ ပါသေးတယ်။

ပြည်တွင်းက ဘဏ် များလည်း ငွေချေ စနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင် ရွက် နေပါပြီ။ Master Card တို့လို့ ငွေကဒ် တွေကိုလည်း ပြည်တွင်းက ဘဏ်တွေမှာ လုပ်လို့တော့ ရနေ ပါပြီ။ သို့ပေမယ့် ပြည်တွင်းမှာ အသုံးပြုနိုင် ဖို့ ခက်ခဲပြီး ပြည်ပမှာပဲ အသုံးပြုလို့ အဆင်ပြေတယ်လို့လည်း ဆိုကြ ပါတယ်။ အချို့ ကျတော့လဲ ရတယ်လို့ ပြောပါတယ်။ ပေးပဲ၊ မာစတာ ကဒ် တို့ကို ဖွင့်ဖို့ အတွက် ပြည်တွင်း ကနေ ဝန်ဆောင်မှု ပေးတာလည်း ရှိပါတယ်။ သို့ပေမယ့် အမည်ရင်းနဲ့ မရပဲ အခြားလူတစ်ဦး တစ်ယောက် နဲ့ အခြားနိုင်ငံ နေရပ်လိပ်စာ နဲ့ ရရှိတဲ့ ကဒ် ဖြစ်ပါတယ်။ သုံးလို့ ရပေမယ့် လုံခြုံမှု မရှိ ပါဘူး။ ရာခိုင်နှုန်းအလိုက် ပေးဆောင် ရခြင်း လည်း ရှိနေ ပါသေးတယ်။

ဒီတော့ အွန်လိုင်းမှာ ကား အရောင်း အဝယ် မလုပ်ကြပဲ သတင်း အချက် အလက် ကြည့်ဖို့သာ အသုံးပြု ကြပြီး အွန်လိုင်း ကား ရောင်းဝယ် ဝန်ဆောင်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပါတယ်။ www.motors.com.mm တို့လို ကား အရောင်း အဝယ် ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ မြန်မာပြည်မှာ အရေအတွက် အများအပြား ရှိနေပြီ ဖြစ်တာကို ကိုယ်တိုင် လေ့လာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်း အိမ်ခြံမြေ အရောင်းဝယ် အပြင်မှာ ငွေချေ

Aung Ko Htet | 2.5.14 | Best Blogger Tips

 
 
Aung Ko Htet (MM IT Knowledge)

လက်ရှိ မြန်မာပြည်မှာ အွန်လိုင်း ဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်များစွာ ပေါ်ပေါက် လာပေမယ့် အရောင်းအဝယ် ဖြစ်ဖို့ အတွက် ငွေပေးချေမှုက အပြင်မှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောဖြစ်လို့ပြောတဲ့အခါ သူ အင်မတန် အံ့သြသွားပါတယ်။

အွန်လိုင်း အရောင်းအဝယ် ဝဘ်ဆိုဒ်များအနေနဲ့ အပြင်မှာပဲငွေပေးကြ ဆိုတော့ ဘာများ ထူး လို့လဲပေါ့။ သို့ပေမယ့် ဒါကိုလည်း နိုင်ငံတကာ အွန်လိုင်းဈေးရောင်းဈေး ဝယ် ဝဘ်ဆိုဒ်နဲ့ စီးပွားရေး ပညာရှင်ဖို့ ချခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင် တို့လို ကျဉ်းလွန်းတဲ့ နိုင်ငံမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်ဖို့အတွက် အွန်လိုင်းကနေတောင် အော်ဒါမမှာပဲ ဖုန်းဆက်ပြီး စမှာခဲ့ကြတာ ဖြစ် ပါတယ်။ အွန်လိုင်း စာမျက်နှာက သတင်းအချက် အလက် ဖော်ပြထားတဲ့ နံရံကပ် စာစောင် တစ်ခုအလားပါပဲ။ ယနေ့အချိန်အထိလည်း ဖုန်းနဲ့ အော်ဒါမှာတဲ့ စနစ်ကို အွန်ုလိုင်းဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်တွဲမှာ အော်ဒါမှာ စနစ်တစ်ခုအနေနဲ့ တွဲထား ပေးဆဲ ဖြစ် ပါတယ်။ အွန်လိုင်းကနေ မှာယူမှုကိုတော့ ပိုလုပ်နေကြပါပြီ။ လက်ရှိ မြန်မာပြည် မှာတော့ အွန်လိုင်းငွေပေးငွေချေ စနစ် က အဆင် မပြေနိုင်သေး ပဲ ဖြစ်နေ ပါတယ်။ နည်းပညာ အမျိုးမျိုး၊ စနစ် အမျိုးမျိုးပေါ်လာပေ မယ့် ပြင်ပငွေပေး ၊ငွေချေ စနစ်နဲ့ ဆက်စပ်နေရဆဲ ဖြစ်ပါတယ်။

ဒီအတွက် စနစ်ကြီး တစ်ခု လုံး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အစိုးရ နည်းပေါ်လစီနဲ့လည်း သက်ဆိုင်ပါသေး တယ်။ အကယ်၍ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ Paypal, Mastercard များကို မြန်မာနိုင်ငံသားတို့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် အွန်လိုင်းအခြေခံ စီးပွားရေး လုပ်ငန်းများ အရှိန်ဟုန်နဲ့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ဒါကြောင့်မို့ လက်ရှိ သွားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းက ဝန်ဆောင်မှု ဝဘ်ဆိုဒ်ပဲ ဖြစ်ပါတယ်။ အရောင်းအဝယ် မလုပ်ပေးပဲ၊ အရောင်းအဝယ်လုပ်ရန် သတင်းအချက်အလက်များကို ဝန်ဆောင်မှု ပေးခြင်း က လက်ရှိအခြေအနေမှာ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည် မှာ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များစွာ ပေါ်လာပါတယ်။ အိမ်ခြံမြေ ဝဘ်ဆိုဒ် မှာဆိုရင် www.house.com.mm လိုမျိုး၊ ကားအရောင်း အဝယ်အတွက် www.motors.com.mm တို့လိုမျိုး ပစ္စည်းအရောင်းအဝယ်အတွက် www.ads.com.mm လို မျိုး အစရှိသဖြင့်တို့ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သူတို့ကျတော့ အရောင်းအဝယ်ဖြစ်ဖို့အတွက် ငွေပေးငွေချေ စနစ်ကိုထည့်သွင်းမထား ပဲ ရောင်းသူ၊ ဝယ်သူများကိုသာ သတင်းအချက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ငွေဝင်တဲ့ နည်းလမ်းကျတော့ အဖွင့်စာမျက်နှာမှာ ဦးစားပေးဖော်ပြခံရတဲ့ ကုမ္မဏီ ကို ငွေကောက်ယူခြင်းမျိုးသာ ရှိပါတယ်။ အကယ်၍ အရောင်း အဝယ် ငွေချေ စနစ်တွေသာထည့်မယ်ဆိုရင် ဒါတွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းအခြေစိုက် စီးပွားရေး လုပ်ငန်း များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။

Thursday, 1 May 2014

နောက်ဆုံးထွက် Facebook 10.0.0.0.19 ပါ ခင်ဗျာ

Unknown | 1.5.14 | Best Blogger Tips



ထွက်လိုက်တဲ့ Facebook update တွေ မနေ့က အသစ်ထွက် ဒီနေ့ နောက်ဗားရှင်း

ထပ်ထွက် နဲ့ သုံးတဲ့လူချာလပတ်လည်ထွက်နေတယ်

UPDATE ကိုမှသုံးချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းသွားလိုက်ပါ


DOWNLOAD 




Photo လည်း ဒေါင်းလို့ရပါတယ်



Video ကြည့်မယ်ဆိုရင် Player တခု့ခု့ကိုနှိပ်ပြီးတော့ Just Once ကိုနှိပ်ပါ

Always ကိုနှိပ်လိုက်ရင်တော့ နောက်တခါ video ကိုဒေါင်းချင်လို့နှိပ်ရင်တောင်မှ

Player နဲ့ ပဲလာတော့မှာဖြစ်တဲ့အတွက် ဒေါင်းဖို့ခက်ခဲသွားပါမယ်

 ဒီမှာလည်း ဒီလိုပါပဲ ဒေါင်းမယ်ဆိုရင် ADM ကို ရွေးပေးပါ

Just Once ကိုပဲထပ်ရွေးပါ။ Always ကိုရွေးလိုက်ရင် နောက်တခါကြည့်ချင်ရင်တောင်မှ

ခက်ခဲသွားပါမယ်။ကျနော်က ADM ကိုသုံးလို့ ADM ကိုပြောတာပါ။သူငယ်ချင်းတို့ သုံးတာကိုရွေးပေါ့


Status တင်တဲ့အခါမှာလည်း Feelin လေးတွေကိုပေါင်းထည့်လို့ရပါတယ်


ကိုလတ်(ကျွဲဆင်း)