အင်တာနက်အခတ်အခဲကြောင့် Microsoft Security Essentials (MSE) ကို Online Update မလုပ်နိုင်တဲ့ သူငယ်ချင်းများ Offline အနေနဲ့ Update လုပ်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....
ပထမဆုံး မိမိသုံးနေတဲ့ Operating System က 32bit လား 64bit လားဆိုတာ သိထားရပါ့မယ် .... Win + Pause/Break ကို တွဲနှိပ်လိုက်ရင် သိနိုင်ပါတယ်... အောက်မှာ 32bit ဆိုရင် 32bit ကိုဒေါင်းယူပါ... 64bit ဆိုရင် 64bit ကို ဒေါင်းယူပါ...။
ဒေါင်းယူပြီးရင် mpam-fe ဆိုတဲ့ exe ဖိုင်လ်လေးရလာမှာပါ အဲ့ဒီဖိုင်လ်လေးကို Desktop မှာတင်ပြီး Right Click -> Run as administrator နဲ့ Run ပေးလိုက်ပါ ...
ပြီးသွားရင် MSE ကိုဖွင့် Update ကို နှိပ်ပြီး Offline Update လုပ်နိုင်ပါပြီ.....
အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်...
ဝင်းကမ္ဘာကျော်
အော်ဒီလိုလား တခါယူပြီးအမြဲသုံးလို့ရလား အမြဲယူရမှာလား file size ကကြီးတော့မကိုက်ဘူး ကွန်ပြူတာပြင်တဲ့လူတွေတော့ကိုက်တယ် တခါယူပြီး လာသမျှလူကိုပေးလို့ရတယ်နော် ကျေးဇူးတင်ပါတယ်
ReplyDeletethanks you bro..
ReplyDeletethanks alot
ReplyDelete