မိမိရဲ့ ကွန်ပျူတာက အင်တာနက်ချိတ်ထားတယ်..ဒါပေမယ့် Virus ကာကွယ်ရေး Software တွေက အလုပ်မလုပ်တော့ဘူး..ဒါမှမဟုတ် Update မဖြစ်ဘူး..အဲဒါကြောင့် ကွန်ပျူတာမှာ Virus တွေ ၀င်နေပြီဆိုရင်
Panda Cloud Cleaner လေးက ကူညီပေးပါလိမ့်မယ်..ပေါ့ပေါ့ပါးပါး ဖြင့် အလုပ်လုပ်နိုင်ပြီး .. အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာများအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်.. အင်တာနက် ချိတ်ဆက်ထားသည့်အတွက် အလိုအလျောက် Update ဖြစ်နေမှာဖြစ်ပြီး အင်တာနက်ကနေတစ်ဆင့် မလိုလားအပ်ဘဲ ၀င်ရောက်လာတဲ့ Malware , Virus အစရှိသည်များကို လျင်လျင်မြန်မြန်ဖြင့် ရှာဖွေ ရှင်းလင်းနိုင်ပါတယ်..အခြား အသုံးဝင်တဲ့ Feature တွေတော့ မပါဝင်ပါဘူး.သို့သော် မိမိစက်မှာ ပေါ့ပေါ့ပါးပါးနှင့် မြန်မြန်ဆန်ဆန် Virus များကိုရှင်းလင်းချင်တယ်ဆိုတဲ့ သူများအတွက်ကတော့ အင်မတန်အဆင်ပြေတဲ့ Virus Cleaner Software ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်မျာ။
မှတ်ချက် -- ဒီ Software က Portable ဆန်တဲ့အတွက် Virus တွေကို သတ်တယ်ဆိုရုံလေး သတ်ပေးမှာပါ.. ဒါပေမယ့် တကယ့် Antivirus တွေလို အမြဲတမ်း စောင့်ကြည့်နေမှာမဟုတ်သလို .အလိုအလျောက်လဲ သတ်ပေးမှာမဟုတ်ပါဘူး..အင်မတန် Virus အခြေအနေဆိုးရွားနေတဲ့စက်တွေမှာသာ အသုံးပြုသင့်ပါတယ်..Virus တွေရှင်းသွားပြီဆိုတာနဲ့ အမြဲတမ်းသုံးနေနိုင်တဲ့ Antivirus အကြီးစားတွေကို ပြန်ထည့်ဖို့မမေ့ပါနဲ့..။
Antivirus software တင်ထားရင်လဲဒီကောင်လေးကိုရောတင်ထားလို့ရလား။
ReplyDeleteအစ်ကိုတင်ထားတဲ့ Antivirus က Update ဖြစ်တယ်..အလုပ်လုပ်သေးတယ်ဆိုရင် တင်စရာမလိုအပ်ပါဘူးခင်မျာ
ReplyDelete