
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။
သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။
Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကျေနိုင်ကြောင်း သိရသည်။
Credit – Oppositeyes






 

ဧပြီ ၁ ရက်နေ့ဆိုတော့ April fool ပေါ့
ReplyDeleteဧပြီ ၁ ရက်နေ့ဆိုတော့ April fool ပေါ့
ReplyDelete