နည်းပညာ ဝေဖန်သုံးသပ် (Tech Review) ရေးနည်း
အိုင်တီ
စာရေးဆရာများ အတွက်ပါ။ ယနေ့ မြန်မာပြည်မှာ နည်းပညာ ဂျာနယ်၊ ဝဘ်ဆိုဒ်
ပေါင်း မြောက်များစွာ ပေါ်ထွန်းနေပါပြီ။ ဒါကြောင့် နည်းပညာ ဝေဖန်သုံးသပ်၊
IT Product Review ရေးသားခြင်းကလည်း နိုင်ငံတကာလို ရေပန်းစားလာမယ့်
ပရော်ဖက်ရှင်နယ် ပညာရပ်တစ်ခုပါ။ Tech Revie ရေးသားရန် အခြေခံ သိရမယ့်
အကြောင်းလေးကို ကိုယ် လက်တွေ့ ကျင့်သုံးနေတဲ့ နည်းလမ်းအတိုင်း ပြန်လည်
မျှဝေ ပေးလိုက် ရပါတယ်။
Product Knowledge
ဖုန်းလား၊
ကွန်ပြူတာ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲအမျိုးမျိုးရှိတယ်။ အဲဒါတွေနဲ့ပက်သက်လို့
Basic Produt Knowledge ရှိရမယ်။ ဒါက အချို့အတွက်ဆိုရင် တကူးတကတောင်
သင်နေစရာမလိုဘူး။ ဥပမာ . ဟာ့ဒ်ဝဲဆိုင်တွေမှာ အလုပ်လုပ်တယ်။ သူဒါတွေ
လေ့လာပြီး Physical ကို ကောင်းကောင်း ရေးလို့ရတယ်။
အချို့ ဆိုရင်
Developer တွေ့ပေါ့။ အမြဲထိတွေ့နေတဲ့ Software user တွေ၊ Web App User
တွေပါ။ Web/ Software နဲ့ပက်သက်ပြီး ကောင်းကောင်း Review လုပ်လို့ရတယ်။
သို့ပေမယ့် phone တစ်လုံးဆိုတာ Physical နဲ့ Logical တွဲနေတာ။ အပြင်ကို
မြင်သိရုံမက အတွင်းက Logically (OS) အလုပ်လုပ်ပုံများကိုလည်း ကိုယ်က
အကြမ်းဖျဉ်းသိသားရမယ်။ သင်တန်းတက်စရာမလိုဘူးနော်။ ဒါတွေ အချိန်ပေး
ထိုင်ကလိ၊ထိုင်ဖတ်နေရင် ရတယ်။
Desire
လူတော်တော်များများ
ကိုယ်ပိုင် စမတ်ဖုန်း ရှိတယ်။ လပ်ပ်တော့ ရှိတယ်။ အားလုံး
ခြေစခေါင်းဆုံး လေ့လာဖူးကြပါသလား။ သေချာလေ့လာပါ။ အစိတ်အပိုင်း
တစ်ခုချင်းစီအပါ် စိတ်ဝင်စားချင်စိတ် တစ်ဖွားဖွားဖြစ်အောင် မွေးပါ။ ဘာလို့
လပ်တော့ကို Power ခလုပ်နှိပ်လိုက်တာနဲ့ ဘာလို့ Start up ဖြစ်သွားတာလဲ။
အဲ့လောက်ထိတွေ့ဖူးလား။ ကျနော်ဆို Star up ဖြစ်ဖို့ကြာချိန်ကို နာရီနဲ့
ထိုင်ကြည့်ပြီးတော့ စက္ကန့်တွေထိုင်ရေဖူးတယ်။ အဲဒါနဲ့ပဲ Star up မြန်တဲ့
ကွန်ပြူတာ၊ နှေးတဲ့ ကွန်ပြူတာဟာ ဘက်ထရီနဲ့ Boostig Power Performance
ကွာလို့ဆိုတာ သိလိုက်ရတယ။် Boost ဆိုတာ တွန်းတာ၊
တင်တာ၊တက်တာကိုပြောတာလို့ အကြမ်းဖျဉ်းမှတ်ပေါ့။ ဒီလိုပဲ
တစ်ခုချင်းစီကို စိတ်ဝင်တစားနဲ့ လေ့လာသွားရင် ရကြောင်း ပြောချင်တာပါ။
Person Placement
ကိုယ်ကိုယ်တိုင်
Second Personဘက်ကနေ ဝင်ပေး။ Second Person ဆိုတာအခြား မဟုတ်ပါဘူး။
အသုံးပြုသူဘက်ကနေ။ Review မှာအရေးကြီးဆုံးအချက်က အဲဒါပါပဲ။
ကိုယ်ကိုယ်တိုင် အသုံးပြုသူ တစ်ယောက်ဘက်ကနေနေပြီး ရေးရမယ်။
ခုမှားယွင်းနေကြတာက First Person ဖြစ်နေတယ် ဒီဖုန်းလေးဟာဆိုရင်
မြန်ဆန်ပေါ့ပါးပြီး ထူးခြားတဲ့စွမ်းဆောင်ရည်ကို အင်မတန် ပေးစေပါတယ်။
ကွိကွနဲ့။ အဲဒါ ထုတ်လုပ်သူ First Person ကကြော်ငြာ Purpose နဲ့ရေးတာ။
အဲ့လို ရေးချင်သပဆိုရင်တော့ ကုမ္မဏီတွေမှာ Copy Writer သာသွားလုပ်တာ
အကော်းဆုံးပါ။ မဟုတ်လည်း မာကဲတင်းလုပ်နိုင်ပါတယ်။ Review
သမားတစ်ယောက်ရဲ့  Role က Second Person နေရာမှာ အများအားဖြင့် ရှိနေရမယ်။
လိုအပ်ရင် Third person မှာလည်း ရှိရမယ်။ ဥပမာ အိုင်ဖုန်း
ကောင်းကြောင်းကို ထုတ်လုပ်သူကပြောတယ်။ မကောင်းဘူးလို့ user ကပြောတယ်။
ဒါကို ကိုယ့် Review ထဲပြီး မျှတအောင် ပြန်ဝေဖန်ရေးရင် ဒါဟာ Third Person
တစ်ယောက်အနေနဲ့ ပြန်လည် ဝေဖန်ခြင်းပါ။ အနှစ်ချုပ်ရင် Person
နေရာဝင်မှုကို ကောင်းကောင်း အသုံးချ တတ်ရတယ်။
Mode
Humor,
Excited, Straight, Story Line, Hints အစရှိသဖြင့် ရေးနည်း တွေထဲက
လိုသလို အသုံးပြုတတ်ရတယ်။ တစ်ပုဒ်ကို တစ်မျိုးထဲပါ။
ရယ်စရာလေးဖြစ်အောင် ရေးထားတဲ့ Review တွေ ဖတ်ဖူးတယ်။ ကောင်းတယ်။ iOS 7 မှာ
Car အတွက် Siri ပါပြီ။ သင့် အမျိုသမီးကို အိမ်မှာ ထားခဲ့နိုင်ပါတယ်။
အစရှိသဖြင့်ပေါ့။ Excited ကျတော့ တစ်မျိုး သူက ငမ်းငမ်းကိုတက်နေတာ
ရေးချင်စိတ်တွေပြင်းလွန်းလို့ ဝင်္ကဝုတ္တိတွေတောင် ယူသုံးတတ်တယ်။
ကောင်းလိုက်တာဗျာ။ အဲဒါလေးမဆိုးဘူးဗျ။ ဆိုးလိုက်တာဗျာ။ အစရှိသဖြင့်ပါ။
သတိတော့ထားပေါ့။ ဒီအရေးအသားက နည်းနည်းတော့ အဝေဖန်ခံရနိုင်တယ်။ Story Line က
ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်အနေအထားကိုပါထည့်ရေးတယ်။ ဥပမာ
ဟင်းချက်တဲ့အစီအစဉ်တစ်ခုကို FM မှာ မိသားစုဆုံတုန်းပြောဖြစ်တဲ့
သဘောပေါ့။ ဘယ်ရောက်တယ်။ ဘယ်လိုတွေ့တယ်။ ပြောပါတယ်။ ကိုယ့် Feeling
ပါထည့်လို့ရတယ်။ နောက်တစ်မျိုးကတော့ ရသ ဆန်ဆန် ရေးသားမှု၊ ရသဆိုတာ
ခံစားချက်တွေ ထည့်တာမျိုး၊နည်းပညာကို Deeply သွားတာထက်
သင်ခန်းစာရစရာလေးတွေ ညှပ်တာမျိုးပေါ့။
Arrangement
Arrangement
ကောင်းဖို့လိုတယ်။ ရေးတဲ့အရေးအသားက တောရောက်၊တောင်ရောက် မဖြစ်ရဘူး။
ပြောချင်တဲ့အချက်တွေများလွန်းလို့ အောက်ရောက်လိုက် အပေါ်ရောက်လိုက်
ဆိုရင် တော်တော်ဖတ်ရဆိုးပါတယ။် ဒါကြောင့် အစီအစဉ်တကျရေးတတ်ဖို့လည်း
အထူးတလည် လိုအပ်ပါတယ်။ စာပိုဒ်လည်းခွဲတတ်ရမယ်နော်။ ဒါက အဓိက အခြေခံပါ။
စာပုဒ်အခွဲလည်း တတ်ရတယ်။
End Line
နောက်ဆုံးအဆုံးသတ်မှာ
တိုးလို့တန်းလမ်း မချန်ရဘူး။ ကိုယ်က တစ်ပိုင်းတစ်စလောက်ပဲ
သိတာမို့ပါဆိုရင် ကျနော်ဒီလောက်ပဲသိတာပါ ဆိုတာကို ဖတ်ရှုသူအား
ဝန်ခံရတယ်။ ဆင်ဝှေ့ရန်ရှောင်လည်း အလွယ်ခေါ်နိုင်ပါတယ်။
အနှစ်ချုပ်
ကဲအချက်အားလုံး ပြန်စုပြောပါမယ်။
Products Knowledge, Desire, Mode, Person Placement, Arrangement, End Line
အဲလောက်အကြမ်းဖျဉ်းသိရင်ရပါပြီ။
အရေးအကြီးဆုံးအချက်ပြောပါမယ်။ မရွှီးပါနဲ့။ မရတာ၊ မသိတာကို
ရွီးပြီးရေးတဲ့အရေးအသားက တော်တော်ဖတ်ရဆိုးတဲ့ Review ပါ။ မသိရင်
အချက်အတိုင်း တိတိကျကျ ပြန် ကူးထည့်တာမျိုးလုပ်နိုင်ပါတယ်။
ဘာသာပြန်တယ်ဆိုရင်ပေါ့။ အမှားအယွင်းမရှိပဲ ရေးနိုင်ကြပါစေ။
အိုင်တီ နည်းပညာဝေဖန်ဆောင်းပါး ( Review, Preview) များ ကောင်းကောင်း ရေးနိုင်ကြပါစေ။
အထက်ပါ
နည်းလမ်း ဟာ August Myanmar Media Group မှ ကူညီထောက်ပံ့ပေးလျက် ရှိသော MM
Social Sky Young Entrepreneur group ၏ Course မှာ လူငယ်တွေကို
သင်ကြားပြသနေခြင်း ဖြစ်ပါတယ်။ နောက်ဆိုရင် ဒီလိုပဲ အားလုံးအတွက်
ကျိုးရှိမယ့်၊ အလုပ်အကိုင်အခွင့်အလမ်း တိုးစေမယ့် ဗဟုသုတ၊ Lecture
များကို ရေးသား မျှဝေ ပါ့မယ်--
အောင်ခမ်း {TSJ Team}
ကိုလတ်(ကျွဲဆင်း)
0 comments:
Post a Comment