Tuesday, 17 September 2013

Android Device က Video , Media တွေကို TV မှာကြည့်မယ်။

Unknown | 17.9.13 | | Best Blogger Tips







မကြာမီ
က Google က Chromecast ဆို တဲ့ Device ကို
ထုတ်လုပ်ရောင်းချခဲ့ပါတယ်။Chromecast က Android Device,iOS Device, Chrome
Browser တွေက Online Video,Media တွေကို TV မှာ ကြည့်လို
့ရအောင်လုပ်ပေးနိုင်ပါတယ်။TV က HDMI Port
မှာတပ်ဆင်ပြီးအသုံးပြုရမှာပါ။Chromecast က 35 Dollar
တန်ကြေးရှိပါတယ်။Chromecast ထွက်ပေါ်လာပြီးသိပ်မကြာမီ မှာပဲ Android
Developer တစ်ယောက်က CheapCast ဆိုတဲ့ Android Application တစ်ခုကို ဖြန်
့ချီခဲ့ပါတယ်။CheapCast App က Chromecast Emulator ဖြစ်ပြီး Android Device
တစ်ခု ကနေ အခြားတစ်ခုကို Video,Media တွေ ထုတ်လွှင့်ပြသပေးနိုင်ပါတယ်။
ဒီဆောင်းပါးမှာ Chromecast မလိုဘဲ Cheapcast ကိုအသုံးပြုပြီး Android
Device ကနေ TV ကို Media တွေ Stream လုပ်တဲ့နည်းကိုရေးပါမယ်။



လိုအပ်တဲ့အရာများ



- CheapCast App ကို အင်စတောလုပ် ပြီး Media တွေကို ထုတ်လွှင့်ပေးတဲ့ Host Device အနေနဲ့ သုံးဖို့ Android       Device တစ်ခု

- Video တွေ ကြည့်ဖို့ အတွက် Remote Device အနေနဲ့ သုံးဖို့  Android or iOS Device တစ်ခု

- HDMI port ပါတဲ့ TV တစ်လုံး

-
Micro HDMI cable (Host Device မှာ HDMI Port ပါခဲ့ရင်) - MHL adapter (
Host Devie မှာ HDMI Port မပါခဲ့ရင်) Android Device အချင်းချင်း Video တွေ
ထုတ် လွှင့်ပေးဖို့ အတွက်တော့ အပေါ်ဆုံးက အချက်နှစ်ချက်ပဲလို
အပ်မှာပါ။Android ကနေ TV ကို Video တွေ ထုတ်လွှင့်ပေးဖို့ အတွက် Android
Phone(Host Device) တစ်လုံးနဲ့ အောက်ဆုံးက အချက်နှစ်ခုထဲက တစ်ခုလို
အပ်ပါတယ်။



Android Device တစ်ခုကနေ တစ်ခြား တစ်ခု ကို Media တွေ Stream လုပ်ခြင်း။

CheapCast ကို Google Play Store 
ကနေ ဒေါင်းလုပ်လုပ်ပြီးAndroid Device(Host) မှာ အင်စတောလုပ်ပါ။Friendly
name ကို နှစ်သက်ရာပေးပြီး Play Button ကိုနှိပ်ပါ။ပြီးရင် Chromecast
Supported App တွေ ဖြစ်တဲ့ Netflix, YouTube, Play Movies and Music စတဲ့
App တွေကိုဖွင့်ပြီးတစ်ခြား Android Device(Remote Device) ကို Video ,
Media တွေထုတ်လွှင့်လို့ ရပါပြီ။



credit >>>
ကိုကိုအောင်အောင် (ဘလော့ခရီးသည်) ရေးသားထားသည်ကို ကိုအောင်ကျော်ခိုင်
(ပုသိမ်) ဆီမှ ပြန်လည် မျှဝေပေးခြင်းဖြစ်သည်။





အားလုံးအဆင်ပြေကြပါစေဗျာ။



Aung Ko Htet (IT Studier)

1 comment:

  1. ဒါ တွေအားလုံး ကို TV မှာ online ရှိနေမှ အဆင်ပြေမယ်လို့ ယူဆ မိပါတယ်

    ReplyDelete