Monday 2 September 2013

မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက်

Unknown | 2.9.13 | | Best Blogger Tips




 


 


ဂျိုဟိုး ရှိစက်ရုံးတစ်ချို့တွင်ဆက်တိုက်ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများစတင်းခဲ့ကြောင်း မလေးရှားရောက်မြန်မာများမှ သတင်းပေးခဲ့ကြပါသည် ။
===================================
ထပ်မံပြီးမလေးရှားအစိုးရ၏ရာဇာသံ ပေးသည့်ရက်မှာယနေ့ရောက်ရှိလာပြီဖြစ်
သောကြောင့်ကွာလာလမ်ပူရှိတစ်ချို့သော နိုင်ငံခြားသားအလုပ်သမားများရှိနေနိုင်
သည့်နေရာတစ်ချို့တွင်ဖမ်းဆီးရန်ပြင်ဆင်မှု့များယနေ့စတင်နေပြီင်္းဖြစ်ကြောင်းသိရသည် ။
Thestar သတင်းစာမှာယနေ့မနက်ဖော်ပြချက်တွင်
ယနေ့နံနက်စောစော ပိုင်းအတွင်း ကွာလာလမ်ပူရှိ Bukit Raja, Klang and
Dengkil တို့အားစစ်ဆေးသွားခဲ့ပြီး ၊ Bangladesh, Indonesia, Myanmar and
Nepal နိုင်ငံသား စုစုပေါင်း 71 ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းထုတ်ြ
ပန်သွားသည်။


ယခုစတင်မည့် Enforcement အစီင်္အစဉ်အတွင်း နိုင်ငံလုံးဆိုင်ရာ တရားမဝင်
အလုပ်သမား ၄ သိန်းအားဖမ်းဆီးရန် Target ထားကြောင်းနှင့် အလုပ်ရှင် 4520 ကို
ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားလဝကက အတိအလင်းထုတ်ပြန်သွားခဲ့သည် ။

ယခုဖမ်းဆီးမှု့တွင် အဖမ်းခံရသည့် အလုပ်သမားများကို ချက်ချင်း ပြည်နှင်မည့်
အစီအစဉ်အား ဥပဒေ ပုဒ်မ Section 6, 15(4) and 55 ဖြင့်
စီစဉ်မည့်အကြောင်းနှင့် ။
ပြည်တွင်းရှိ တရားမဝင်အလုပ်သမားများကို
ခန့်အပ်သည့်အလုပ်ရှင်များကို ဒဏ်ငွေ 50000 ၊ ထောင်ဒဏ် ၅ နှစ်နှင့် ကြိမ်ဒဏ်
5 ချက်အထိ အမြင့်ဆုံးထား အရေးယူမည်ဖြစ်ကြောင်း ယနေ့ Thestar သတင်းစာက
ဖော်ပြသွားသည် ။

အဖမ်းခံရသော တရားမဝင်နိုင်ငံခြားသားများကိုမူ မိခင်တိုင်းပြည်သို့ ချက်ချင်းပို့ဆောင်သွားမည်ဟု ဖော်ပြထားသည် ။




မလေးရှားနိုင်ငံရောက် မြန်မာများအား အထူးသတိပေးချက်(၂)
(မလေးရှား အရေးပေါ် သတင်း)

Written By နေဇော်လင်း- မီဒီယာ on Sunday, September 1, 2013 | 12:08:00 PM


ယနေ့ (၁.၉.၂၀၁၃ တနင်္ဂနွေနေ့) Sunday, September 1, 2013 | 12:08:00 PM
ယခုအချိန်မှ စတင်ကာ ကေအယ် ကိုတာရာယာ ဝန်းကျင်တွင် နှင့် ကားဂိတ် ၊ ရထားဂိတ်
၊ အဝေးပြေးသွားကားဂိတ်များတွင် နိုင်ငံခြားသားများအား အော်ပရာဇီ
(အထူးစစ်ဆေး ဖမ်းဆီးခြင်း) အစီအစဉ်များ စတင်နေပြီ
ဖြစ်ပါသည်။ကေအယ်တစ်ဝိုက်နှင့် အခြားနေရာများတွင်လည်း တစ်ပြိုင်နက်
စတင်ဖမ်းဆီးမည် ဖြစ်ပါ၍ ကေအယ်နှင့် အခြားနေရာများ လူစည်ကားသော နေရာများသို့
သွားလာမှုများ ဂရုစိုက်ကြပါရန် ကြိုတင် အသိပေးအပ်ပါသည်။)


ယခု နံနက် (၁၀) အချိန်မှ စတင်ကာ ရဲများ လဝကများ ရေလာများ ပြည့်သူစစ်များမှ
အဆင့်သင့် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။ မလေးရှားနိုင်ငံ သတင်းဌာန၏
သတင်းထုပ်ပြန်ချက်များအရ မလေးရှားနိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့
အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ယခုလ စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ
စပြီးစီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ
အော်ပရာစီတွင် ဌာနပေါင်းစုံမှ ၀န်ထမ်းပေါင်း ၁၃၅,၀၀၀ (တသိန်း သုံးသောင်း
ငါးထောင်)မှ ပါဝင် ဖမ်းဆီးအရေးယူဖြစ်ပြီး အဓိက ဖမ်းဆီးမည့် နေရာများမှာ
Kuala Lumpur, Selangor, Penang, Johor, Kalang ဖြစ်ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အထောက်ရှိသူ
အထောက်ထားမခိုင်လုံသူများ အကြောင်းမျိုးမျိုးကြောင့် အိုဗာစတေး
ဖြစ်နေသူများ အားလုံး အထူးဂရုစိုက်၍ သွားလာကြပါရန် ကြိုတင် သတိပေးအပ်ပါသည်။

နေဇော်လင်း
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအားလုံး အောက်ပါအချက်များကို သတိပြုန်
************

ယနေ့ရက်များသည် မလေးရှားရောက် မြန်များများ - အထူးသဖြင့် တရားမဝင်
အလုပ်သမားများအတွက် သတိထားနေထိုင်ရမည့်ကာလဖြစ်သည် မှာအထူးပြောရန်မလို
။အမှန်သမားများအတွက်မူ ခိုင်မာ ၊ သေချာသော အထောက်အထားများ
ကိုလက်တွင်ကိုင်ဆောင်ထားဖို့သာလ
ိုသည် ။
ကျွန်တော်တို့ မှ အိုဗာစတေးသများကို အထူးအသိပေးလိုသည်မှာ အရမ်းကြောက်လန့်မနေစေရန် သတိပြုစေလိုပါသည် ။
အများနှင့်လုပ်ဆောင်သောအခြေအနေဖြစ်သောကြောင့်ကိုယ့်တိုင်အားကိုးပြီးနေထိုင်ရန်သာ
လိုသည်။မိမိတို့ မိတ်ဆွေသူငယ်ချင်းများ၏ ဖုန်းနံပတ်များ နှင့်
အားကိုးနိုင်သော မိတ်ဆွေသူငယ်ချင်းများကို အကူညီကြိုတောင်းထားရန် လိုသည် ။

အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားကြရန်နှင့် အဖိုးတန်ပစ္စည်းများ ကို တတ်နိုင်သမျှ မဆောင်ထားဖို့ အကြံပြုသည် ။


အရေးပေါ်ငွေပမာဏ 500 ၊ မှ 1000 ဝန်းကျင်ခန့် စိတ်ချယုံကြည်ရသော
မိတ်ဆွေထံတွင် အဆင်သင့်ဆောင်ထားရန်လိုသည် ။ ထိုငွေသည် မိမိအဖမ်းခံရပါက
လေယာဉ်လက်မှတ်ဖိုး သို့မဟုတ် လိုအပ်သည့်နေရာတွင် အသုံးချရန်အတွက်ဖြစ်သည် ။
အိုဗာစတေးသမားများ၏ ကိုယ်တွင် အခြား မည်သည့်အဖိုးတန် ပစ္စည်း ၊ ငွေကြေးများ မဆောင်ထားရန် အထူးသတိပြုသင့်သည်/
/အပြင်ထွက်လည်ပတ်ခြင်း၊လမ်းသွားခြင်းတို့ကို ရှောင်နိုင်သလောက်ရှောင်စေလို
သည် ။

အိုဗာစတေးများစုနေသော နေရာများကို ရှောင်ရန်လိုသည် ။
6 P တွင် လက်ဗွေနှိပ်ထားပြီး ပါမစ်ထပ်မံ မလျှောက်သော စက်ရုံများရှိအလုပ်သမားများ သတိပြုရန်အထူးလိုသည်။

မိမိယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းများ ၊ မိမိတို့နှင့်သက်ဆိုင်သော
အေးဂျင်းများ ၊ သူဌေးများကို အကြောင်းတစ်စုံတရာ ဖြစ်လာပါက တာဝန်ယူပေးရန်
ကြိုတင်ညှိနှိုင်းထားသင့်သည် ။
အထူးသဖြင့် မည်သည့်အချိန်မဆို ခရီးသွားနိုင်ရန် ပြင်ဆင်ထားသင့်သည့်အချိန်ဖြစ်သည် ။

ဖမ်းခြင်းမဖမ်းခြင်းသည် မလေးရှားအစိုးရ၏ တာဝန်ဖြစ်သည် ။

အဖမ်းခံရခြင်းမခံရခြင်းသည်သာလျှင် ကျွန်တော်တို့လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည် ။မလေးရှားတွင် ဖမ်းဆီးသည်မှာ အကြောင်းတစ်စုံတရာ မရှိပဲအချိန်မရွေးဖမ်းဆီးနေခဲ့ပြီးသည်ကို အားလုံးသိပြီးဖြစ်သည် ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအနေဖြင့
အခြေအနေအားလုံးကို ပါးနပ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန်အတွက်
ကျွန်တော်တို့မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ အားပေး
တိုက်တွန်းသည် ။

ကျွန်တော်တို့ကြိုတင်သိရသမျှအခြေအနေအားလုံးကို ရေးသားတင်ဆက်ပေးသွား
မည်ဖြစ်သည် ။


 


 










0 comments:

Post a Comment