မလေးရှားနိုင်ငံက တရားမဝင် အလုပ်အကိုင် ဝင်ရောက်လုပ်နေတဲ့ အလုပ်သမားတွေကို ဖမ်းဆီးတဲ့ ၃လ
ကြာ အထူး စီမံကိန်းရဲ့ ဒုတိယမြောက်နေ့မှာ တရားမဝင် နေထိုင်နေကြတဲ့ လူပေါင်း ၂၅၀၀ ကို ဖမ်းဆီး
ထားပြီး ဆိုင်ရာနိုင်ငံကို ပြန်ပို့ တော့မယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေးတွေ၊ ပြည်သူ့စစ်တွေနဲ့ ရဲတွေ ပူးပေါင်းပြီး ပြည်ပကနေ တရားမ
ဝင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ် သမားတွေရှိရာ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စိုက်ပျိုးရေးခြံတွေနဲ့
အဖြစ်သဘောသာ ဆောက်ထားတဲ့ တဲအိမ်တွေမှာ ဝင်စီးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီလို ဖမ်းဆီးမှုမျိုးကို ၃ လ ကြာ ပြုလုပ်ဖို့ရှိပြီး မလေးရှားနိုင်ငံတွင်း တရားမဝင်နေထိုင်နေကြတဲ့ လူပေါင်း
ငါးသိန်းကို ဖမ်းဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၂၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး ကျန်ရှိသူ အများစု
က တောထဲမှာ ပုန်းအောင်းနေကြတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ အင်ဒိုနီးရှား၊ ဖိလိပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ တ
ရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ပြည်ပကနေ အဆမတန် ဝင်လာတဲ့ အလုပ်သမားတွေကြောင့် မလေးရှားနိုင်ငံမှာ အလုပ်သမားပိုလျံမှု
ပြဿနာတွေ၊ စီးပွားရေး ကျဆင်းမှုတွေ ကြုံနေရတဲ့အပြင် ရာဇာဝတ်မှုတွေပါ များလာတဲ့အတွက်
ကြောင့် လူပေါင်း ငါးသိန်းကို ဖမ်းဆီးပြီး ဆိုင်ရာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေသူပေါင်း ခုနှစ်သိန်းရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ABC Radio Australia
Ref : http://friendsloveforlife.blogspot.com
0 comments:
Post a Comment