Monday, 9 September 2013

မလေးရှား အလုပ်သမားများအတွက် သတင်းကောင်း

Unknown | 9.9.13 | | Best Blogger Tips




 


 


 
မလေးရှားမှာ

အော်ပရာစီရာတွင် ဖမ်းဆီးခံထားရသော အလုပ်သမားများကို ပြန်လည် တရားဝင်
မှတ်ပုံတင်ခွင့်ပြုမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က
ပြောကြားလိုက်ပါတယ် ။
သူက ဆက်လက်ပြောကြားရာမှာ...



ကျွန်တော်တို့
နိုင်ငံမှာ သင့်တော်တဲ့ အလုပ်တွေအတွက် နိုင်ငံခြား အလုပ်သမား အရင်းအမြစ်တွေ
လိုအပ်နေပါတယ် ။



အော်ပရာစီ
စတင်ကတည်းက ဖမ်းဆီးထားတဲ့ အလုပ်သမား ၅၀၀၀ လောက်ရှိပါတယ် ။
ဒီဖမ်းဆီးခံ
အလုပ်သမားတွေ တရားဝင် ပြန်ဖြစ်ရေး မှတ်ပုံတင်ခွင့်ပြုပါမယ် ။




အလုပ်သမားတွေက အသနားခံတာတွေကို ကျွန်တော်တို့ နားထောင်
လိုက်လျောပေးလိုက်တာပါ ။
အချို့ဆိုရင် ကုမ္မဏီတွေရဲ့
လိမ်လည်ငွေယူတာကိုခံကြရတာကု

သိရပါတယ် ။




သူတို့ဟာ ရင်းဂစ် 3000 ကနေ 8000 အထိ မလေးရှားမှာ အလုပ်လုပ်ရဖို့
ပေးခဲ့ရပေမဲ့ တရားဝင် စာရွက်စာတမ်း ဘာတခုမှ မရခဲ့ပါဘူး ။ ဒီလိုဒုက္ခ
ရောက်နေတဲ့သူတွေကို ကျွန်တော်တို့ အနေနဲ့ အပြစ်ပေးလို့ မဖြစ်ပါဘူး ။
ဒါပေမဲ့ တရားဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ကုမ္မဏီတွေကိုတော့ ဥပဒေအရ အရေးယူရပါမယ်
လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က ပြောကြားလိုက်ပါတယ် ။




Myanmar Journal






0 comments:

Post a Comment