Thursday, 5 September 2013

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်

Unknown | 5.9.13 | | Best Blogger Tips







5.9.2013


မလေးရှားနိုင်ငံတွင် အဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို
နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး ပြန်လည်ခေါ်ယူသွားမည်ဟု
သမ္မတ၏ပြောရေးဆို ခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည
့် ဦးရဲထွဋ်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော် ရေးသားလိုက်သည်။


စက်တင်ဘာ ၁ရက်က စတင်ခဲ့သည့် မလေးရှားအစိုး၏ တရားမ၀င်လုပ်သားများ
ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ မြန်မာ ၅၅၅ ဦး
အထိန်းသိမ်းခံထားရကြောင်းလည်း ဒု-၀န် ကြီးကဆိုထားသည်။


“ဒီစစ်ဆင်ရေးဟာ မြန်မာနိုင်ငံသားများကိုပဲ ဦးတည်ဆောင်ရွက်တာ မဟုတ်ပါဘူး။
တရားမ၀င်နေထိုင် လုပ်ကိုင် နေသူများနဲ့ ၎င်းတို့ကို အလုပ်ခန့်အပ်ထားသူ
များအားလုံးကို အရေးယူနိုင်ဖို့ မလေးရှားနိုင်ငံ အစိုးရက
ဆောင်ရွက်တာဖြစ်ပါတယ်” ဟုလည်း သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား
ရှင်းလင်း ထားသေးသည်။

မလေးရှားအာဏာပိုင်တို့
ဖမ်းဆီးထားသူများထဲတွင် မြန်မာနိုင်ငံသားများသာမက
အင်ဒိုနီးရှားနိုင်ငံသားများ၊ နီပေါနိုင်ငံသားများ၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၊ ပါကစ္စတန်နိုင်ငံသားများ၊
တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း ဒု-၀န်ကြီးက ဆိုသည်။


မလေးရှားအစိုးရ၏ `Ops 6P Ber-sepadu´ဟု အမည်ရသည့် အဆိုပါစစ်ဆင်ရေးကြောင့်
လက်ရှိအချိန် အထိ လူပေါင်း ၈၁၀၀ အဖမ်းခံခဲ့ရသည့်အနက် ၂၄၀၀ မှာ
တရားမ၀င်နေထိုင်သူများဖြစ်ကြောင
်း ဒု-၀န်ကြီး က ရေးသားထားသည်။


မလေးရှား လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရ၀နကူးမားက
“တရားမ၀င်အလုပ်သမားတွေ ကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကိုတော့
မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ် သိန်း ၁၅၀ ခန့်) နှင့် အထက်
ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ် အထိကျခံစေခြင်း(သို့မဟုတ်) ကြိမ်
ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့
နဲ့
အရေးယူနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း ယင်းပြစ်ဒဏ်သုံးရပ်စလုံး
ကျခံရနိုင်ပါတယ်” ဟု ပြောကြောင်း The Star သတင်းဌာနတွင် စက်တင်ဘာ ၃ ရက်က
ဖော်ပြထားသည်။

မလေးရှားရောက် ၈၈ ကျောင်းသား အဖွဲ့မှ
ကိုအောင်ကြီးကမူ မြန်မာများ ကြိမ်ဒဏ်ပေးခံရမည့်ကိစ္စကို အစိုးရက
တားဆီးပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

သူက “ကြိမ်ဒဏ်က
ကျွန်တော်ကိုယ်တိုင်အထိ ခံဖူးထားတာဆိုတော့ မလွယ်ဘူးဗျ။ အေးလာရင်
အသားကုန်ကိုက်တာ။ အလေးအပင်လည်း တော်တော်နဲ့ မ မနိုင်ဘူး” ဟုလည်း
ရှင်းပြသည်။




မဇ္ဈိမသတင်းဌာန 









0 comments:

Post a Comment