Monday, 16 September 2013

၁ မိနစ်၂၅ ကျပ်နှုန်းသာ ကျမည့် ဆင်းကတ် ၁၅၀၀ ကျပ်ဖြင့် ၈ လအတွင်း သုံးစွဲနိုင်မည်

Unknown | 16.9.13 | Best Blogger Tips







Telenor
Myanmar က နိုင်ငံတော်အစိုးရနှင့် လိုင်စင်ဆောင်ရွက်ခွင့်
လက်မှတ်ရေးထိုးမှု ဆွေးနွေးပြီးပါက (၈) လအတွင်း ၁ မိနစ် ၂၅ ကျပ်နှင့်
ဆင်းကတ်ဈေးနှုန်း ၁၅၀၀ ဖြင့် အသုံးပြုနိုင်မည်ဟု တယ်လီနော တာဝန်ရှိသူ
တစ်ဦးက စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ “လိုင်စင်သဘောတူညီမှု
လက်မှတ်ရေးထိုးပြီးရင် (၈)လအတွင်း ဖုန်းပြောဖို့အတွက်နဲ့
အင်တာနက်အသုံးပြုမှု ကျယ်ပြန့်အောင် ဝန်ဆောင်မှုပေးဖို့ စီစဉ်နေပါတယ်” ဟု
ပြောကြားခဲ့သည်။ ကွန်ရက်တည်ဆောက်မှုအတွက် 2G နှင့် 3G ပါ တစ်ပြိုင်နက်တည်း
တည်ဆောက်သွားမည်ဖြစ်ပြီး 2G Network သည် အသံအရည်အသွေး ကောင်းမွန်သည့်
ဖုန်းပြောနိုင်ရန် ဖြစ်ကြောင်းနှင့် 3G Network သည် မြန်မာနှုန်းဖြင့်
အင်တာနက် ဆက်သွယ်နိုင်ရန်ဟု ပြောကြားခဲ့သည်။



 ယင်းကဲ့သို့
တည်ဆောက်မှုတိုင်းသည် 4G Network အတွက် အဆင်သင့်ဖြစ်ရန်နှင့် နောက်ဆုံးပေါ်
နည်းပညာအား အသုံးပြုခွင့် ရရန်ဟု ပြောကြားခဲ့သည်။ ယင်းအပြင် ငါးနှစ်အတွင်း
မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်း ဖုန်းအသုံးပြုနိုင်ရန်
ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့ သည်။ ယင်းကြောင့် သဘောတူညီချက်
ဆွေးနွေးမှု ပြီးစီးပါက ၈ လအတွင်းဖုန်းခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ်နှင့်
ဆင်းကတ်ဈေး ၁၅၀၀ ဖြင့် အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ်
စက်တင်ဘာ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


 


 


Ref : ခေတ်လူငယ်

















0 comments:

Post a Comment