Tuesday, 10 September 2013

ဖမ်းဆီးခံထားရသော အိုဗာစတေးများ တရားဝင်ပါမစ် ပြန်လည်ထုတ်ပေး

Unknown | 10.9.13 | | Best Blogger Tips









ရန်ကုန် စက်တင်ဘာ ၈


မလေးရှားနိုင်ငံ၌ ဖမ်းဆီးနေသော OPS 6P စီမံချက်အတွင်း ယခင် 6P က
(Permit)ပါမစ်အတွက် ငွေပေးသွင်းထားပြီး ပါမစ်မရရှိသူများနှင့်
အချို့သောပါမစ်ပြန်လည်ပေးအပ်ရန်

လိုအပ်သည့် နိုင်ငံခြားသားအလုပ်သမားများကို တရားဝင်ပါမစ်ထုတ်ပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း
မလေးရှားနိုင်ငံ နေ့စဉ်ထုတ် The Star သတင်းစာက တရားဝင်ဖော်ပြထားသည်။


 


 ယနေ့အထိ ဖမ်းဆီးထားသူ တရားမဝင်အလုပ်သမား စုစုပေါင်း ၅ဝဝဝ
ကျော်ရှိနေပြီဖြစ်ပြီး အားလုံးကို ပြန်လည်ပို့ဆောင်သွားမည်မဟုတ်ြေ
ကာင်း၊
လိုအပ်သော နိုင်ငံခြားသား အလုပ်သမားများကို စိစစ်ပြီး တရားဝင်
နေထိုင်လုပ်ကိုင်ခွင့်ရအောင် ပြန်လည်စီစဉ်မည်ဖြစ်ကြောင်းကို
ပြည်ထဲရေးဝန်ကြီး ဒါတွတ်စရီအာမက်ဇာဟစ်က အဆိုပါသတင်းတွင်
ဖြည့်စွက်ပြောကြားသည်။



''ရွှေ့ပြောင်း အလုပ်သမားတွေအတွက်
ပြစ်ဒဏ်မရှိစေသင့်ပါဘူး၊ ကျွန်တော်တို့ အခု Outsourcing Companies တွေကို
စိစစ်ရပါတော့မယ်''ဟု ဆက်လက်ပြောကြားသွားခဲ့ကြောင်း၊ အဆိုပါ ပါမစ်ဆက်လက်
ဆောင်ရွက်ပေးမည့်သူများမှာ 6p အစီအစဉ်၏ ကွန်ပျူတာစနစ် ဖော်ပြချက်အတိုင်း
စိစစ်သွားမည်ဖြစ်ကြောင်း၊ အခြားသောသူများကိုမူ မလေးရှားနိုင်ငံမှ
ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြေ
ာင်းလည်း သိရသည်။




အဆိုပါ အစီအစဉ်များကို မလေးရှားနိုင်ငံ လူ့အရင်းအမြစ်
ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကြိုဆိုလိုက်ပြီး မလေးရှားနိုင်ငံရှိ
အလုပ်ရှင်များအတွက် တရားဝင်လုပ်သားများသာ ခန့်အပ်ရေးကို ထိရောက်စွာ
အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ေ
ကြာင်း၊
အလုပ်သမားပြတ်လပ်မှုပြဿနာများ အလုပ်ရှင်များ ရင်မဆိုင်လိုပါက တရားဝင်
အလုပ်သမားများကိုသာ ခန့်အပ်ပေးသွားရန် အဓိကဖြစ်ကြောင်း၊ ထို့ကြောင့်
ဝန်ကြီးဌာနများအနေဖြင့် ယခုအစီအစဉ်ကို ပြီးဆုံးအောင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြော
င်းနှင့်
နောက်ဆုံးအဆင့် တရားဝင် နိုင်ငံခြားသားအလုပ်သမားများသာ နိုင်ငံအတွင်း
ကျန်ခဲ့မည် ဖြစ်ကြောင်းကို ဝန်ကြီးက ဆက်လက်ပြောကြားသွားသည်။



ယနေ့ မလေးရှားနိုင်ငံ The Star သတင်းဌာနမှ အလုပ်ရှင်သူဌေးများမှ တရားမဝင်လုပ်သားများ ခန့်အပ်မှုကို နောက်ဆုံးရပ်တန့်ပစ်ရမည့်အချိန်
ဖြစ်ကြောင်းကိုလည်း ဖော်ပြထားရှိပြီး လက်ရှိမြို့တော် ကွာလာလမ်ပူ၊
ဆလန်းဂေါပြည်နယ်၊ ပီနန်မြို့ ဂျိုဟိုးဘာရူးမြို့၊ မလကာမြို့ရှိ
အချို့နေရာများတွင် စက်တင်ဘာ ၇ ရက်အထိ ဖမ်းဆီးမှုများ ရှိနေသေးကြောင်း
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံသားများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။
 


စိုးဝင်း(SP)


 


 Ref : http://www.myanmardailynews.org/




0 comments:

Post a Comment