
မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန်
့ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ
ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်
ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင်
ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည်
ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး
ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း
ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး
အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်
Ref : http://www.myanmarcnn.com
ဒီနေ့တော့ အင်မတန်မှ ကြက်သရေမင်္ဂလာ အပေါင်းခညောင်းတဲ့ သတင်းကောင်းကြိးတခုကို တွေ့ရကြားရလို့ ပြောမပြနိုင်အောင် ရွှေညီငယ်ညီမငယ်တို့အတွက် ၀မ်းသာအားရဖြစ်မိပါတယ် ...။ ၀မ်းသာလွန်းလို့ သတင်းကို ချက်းချင်းသိစေလိုတဲ့စေတနာဇောတွေကြောင့် မူရင်းအတိုင်း တိုက်ရိုက် ကော်ပီရော လင့်ပါတင်ပေးလိုက်ပါတယ် ဒါပေမယ့် တချိုညီငယ်ညီမငယ်များအတွက် နားလည်မှုလွဲမှာစိုးတဲ့အတွက် တတ်နိုင်သမျှ အကျဉ်းချုပ် နားလည်သလို ဘာသာပြန်သတင်းအဖြစ် တင်ဆက်ပေးလိုက်ပါပြိ ကျွမ်းကျင်သူများကလဲ တိုက်ရိုက်ဘာသာပြန်ပေးကြဖို့တောင်းဆိုပါတယ် ။
အားတက်စရာ မင်္ဂလာသတင်းပါ တပါတ်လုံးလုံး တအုံးနွေးနွေး သောက စိုရိမ်ကြောင့်ကြစိတ်တွေနဲ့ နေ့ညတွေကို တထိပ်ထိပ် တလန့်လန့်နဲ့ ကျော်ဖြတ်နေကြရတဲ့ ကလေးတွေ အတွက် ကောက်ရိုးလေးတမျှင်တော့ အားကိုးရာရပါပြိ The Star သတင်းစာကြိးမှာ ပြည်ထဲဝန်ကြိး Datuk Seri Dr Ahmad Zahid Hamidi ကိုယ်တိုင်က နိုင်ငံခြားအလုပ်သမားတွေ မရှိမဖြစ်လိုအပ်ပါတယ်လို့ ထုပ်ပြောလာပါပြိ ။
ပြိးခဲ့တဲ့ တနင်္ဂနွေနေ့စတင်ဖမ်းဆီးလာတာ တရားမ၀င်လုပ်သား ၅၀၀၀ ကျော် အဲဒိထဲက တချိုတ၀က်ကို သက်ဆိုင်ရာတိုင်းပြည်ကို ပြန်ပို့လိုက်ပါပြိတဲ့ (ချက်ချင်းပြန်ပို့ခံရတာက အင်ဒိုနီးရှားတွေပါ သူတို့အစိုးရက အဲလိုအားကိုးရတာ)
နိုင်ငံခြားသားအလုပ်သမားများကို မဖြစ်မနေလိုအပ်တဲ့အတွက် အလုပ်သမားများအတွက် 6p အစီအစဉ်အောက်ကနေ register ပြန်လုပ်ပြိး တရားဝင်လုပ်သားဖြစ်အောင် ပြန်လည် လုပ်ဆောင်ပေးမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ပြိးကြောင်းဆိုပါတယ် ။
ဖမ်းဆီးမိတဲ့ တရားမ၀င်လုပ်သားတွေရဲ့ထွက်ဆိုချက်အရ တချိုတွေက 6p အစီအစဉ်မှာ Outsourcing Companies တွေကို ရင်းကစ် ၃၀၀၀ ကနေ ၈၀၀၀ ပေးရပေမယ့် ပါမစ်မရဘဲ အိုဗာစတေဖြစ်နေရတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ် ။ အဲလိုလုပ်သားတွေကို အပြစ်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့လဲ ဆိုပါတယ် 6p မှာ register တင်ငွေပေးပြိး ပါမစ်မကျသူ မရသူတွေကို အပြစ်ပေးဖို့မဖြစ်နိုင်သလို Outsourcing Companies များကိုလဲ တစုံတရာ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ် ။
သတင်းစာမှာပါတာ ဒီလောက်ပါပဲ နားလည်သလိုဘာသာပြန်ပြိး နားလည်လွယ်အောင် ပြန်ရေးပြတာပါ Immigration အတွင်းက အရာရှိတယောက်ဆီက ခိုင်လုံတဲ့ သတင်းအရတော့ 6p အစီအစဉ်ကို ပြန်စပြိး စာအုပ်ရှိသူတွေကို ပါမစ်ပြန်လည်ချထားပေးမယ်လို့ သတင်းတိတိကျကျရထားပါတယ် ။ ဒီတကြိမ်တော့ ရွှေညီငယ် ညီမငယ်တို့ရေ မြန်မာအချင်းချင်းမို့ လက်တို့လိုက်အုံးမယ် ဖြစ်နိုင်သမျှ ရှောင်ကြဉ်ကြစေလိုပါတယ် ရွှေအေဂျင်စီကြိးတွေကိုပါ သေချာတဲ့ Outsourcing Companies တွေကို သေချာစုံစမ်းပြိး တိုက်ရိုက်ကိုယ်တိုင် ကြိုးပမ်းကြစေလိုပါတယ် အစိုးရကိုယ်တိုင် ဘယ်ကုမ္ပဏီတွေမှာ လုပ်ရမယ်ဆိုတာ ကြေညာချက်ထုပ်ပြန်ပါလိမ့်မယ် အစိုးရကြေညာတဲ့ ကုမ္ပဏိဆီကို ကိုယ်တိုင်ချီတက်နိုင်အောင် ကြိုးစားကြပါ ဒိအစီအစဉ်သစ်အတွက် တိုက်သလောက် အချိန်ယူရမှာဖြစ်လို့ မိမိတို့ဘက်ကလဲ ရသမျှငွေကြေးလေးစုဆောင်းထားကြပါလို့ တိုက်တွန်းရင်း ။ တိုက်ရိုက်ဘာသာပြန်လိုအပ်ရင် ကွန့်မင်ပေးထားပါ မနက်လင်းရင်း ကြိုးစားပေးပါမည်။
ကိုယ်စိတ်နှစ် ကျမ်းခန့်သာ ၀မ်းသာကြပါစေ
အရှင်နာရဒ
PUTRAJAYA: Illegal immigrants detained under the Ops
6P Bersepadu crackdown in the country will be given another chance to be
legalised, said Datuk Seri Dr Ahmad Zahid Hamidi.
The Home Minister said this was in view of the country's need for foreign manpower in certain sectors.
Some 5,000 illegal immigrants have been detained since the start of the
crackdown on Sunday but not all of them will deported, Dr Ahmad Zahid
said.
"We will provide the facility for employers to register these workers to
be re-legalised under 6P because we are considering the shortage of
manpower in certain sectors, which we reckon foreign workers are needed.
"We have also listened to the appeal from employers. Some of them were
cheated by outsourcing companies (and) they did not get the (legal work)
documents even though they have paid between RM3,000 to RM8,000, so we
cannot penalise them.
"I think they should not be penalised but we need to take action against
the outsourcing companies as well," Dr Ahmad Zahid said during a press
conference at the ministry after launching a seminar for ministry staff,
here, Friday.
Tags / Keywords:
Ref : http://www.thestar.com.my/News/Nation/2013/09/06/6P-crackdown-illegal-immigrants-Malaysia.aspx







ကြောက်ရတာတေြာ့ မြန်မာအေဂျင့်တွေပါပဲ သတင်းကြားပီး မျက်ရက်တောင် ထွက်ချင်သွားတယ်
ReplyDelete