
ကျွန်တော်တို့ တွေရဲ့ computer မှာ
Software တွေကို သိမ်းချင်သလိုသိမ်းပြီး install
တွေလည်းလုပ်ချင်သလိုလုပ်ကြပါတယ်။ အဲ့ဒါလေးကိုကျွန်တော်
ဥပမာတစ်ခုပေးပြီးပြောပါရစေဗျာ။ ကျွန်တော်တို့ အခန်းတွေထဲမှာ အ၀တ်စားတွေ၊
ပစ္စည်းတွေကို ဒီအတိုင်းပဲ နေရာတကျမထားပဲ ထားချင်သလိုထားမယ်ဆိုရင်
အခန်းကြီးက ရှုပ်ပွနေပြီး ဘယ်လိုမှ မြင်ကောင်းမှာမဟုတ်ဘူးလေ။
အဲ့ဒီအချိန်မှာကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ အခန်းလေးကိုပြန်ရှင်းပြီး
ပစ္စည်းတွေ၊ အ၀တ်စားတွေကို နေရာတကျပြန်ထားလိုက်ရင် ရှင်းပြီးတော့
ကြည့်လို့လည်းကောင်းသွားသလိုပေါ့ဗျာ။
အခုလည်းဒီသဘောပါပဲ။
ကွန်ပျူတာမှာ software တွေ ကို install လုပ်ချင်လုပ်၊ unistall
လုပ်ချင်လုပ်နဲ့ ဆိုတော့ harddisk ထဲမှာ software တွေက
ဖြစ်ချင်သလိုဖြစ်နေပြီး၊ တစ်ခါတစ်လေ စက်ကိုသုံးရတာ လေးလာတာတို့၊
ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီ software လေးကိုသုံးပြီး defragment
လုပ်ပေးသင့်ပါတယ်။ ပြောရမယ်ဆိုရင် နေရာပြန်စီတာပေါ့ဗျာ။ အဲ့ဒါကြောင့် ဒီ
software လေးက အသုံးဝင်မယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ။
တစ်လကိုတစ်ကြိမ်လောက် လုပ်ပေးတာနဲ့ ကိုယ့်ရဲ့စက်လေးက
အသုံးပြုရတာပေါ့ပါးတာပေါ့ဗျာ။ ဒါပေမဲ့ သတိထားသင့်တာတော့ ဒီ software
လေးသုံးနေချိန်မှာဆိုရင် ကွန်ပျူတာကို ဘာမှမလုပ်ပဲ
ဒီအတိုင်းပဲထားသင့်ပါတယ်။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)







0 comments:
Post a Comment