Monday, 16 September 2013

Microsoft က မိမိ၏ password ကို ၁၆လုံးနှင့်အထက် ထားရှိရန် ပြောကြား

Unknown | 16.9.13 | Best Blogger Tips




 


ယခုအချိန်မှာ Microsoft အကောင့်အသုံးပြုသူများဟာ မိမိ၏ အကောင့် Security
မြင့်မားဖို့အတွက် Password ကို 16 လုံးနှင့်အထက် ထားရှိဖို့ လိုအပ်ကြောင်း
ပြောကြားထားပါတယ်။ Password များကိုလဲ လူတိုင်း ရှည်နိုင်သမျှရှည်အောင်နဲ့
ပိုမိုရှုပ်ထွေးတဲ့ Password များကို အသုံးပြုကြဖို့ ပြောကြားလိုက်ပါတယ်။



၎င်းကို Microsoft ပိုင် Outlook.com Team က Reddit ရဲ့ AMA session မှာ
ပြောကြားထားတာဖြစ်ပြီး အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါတယ်။ Password
များကို 16 လုံး ထားရှိရန် ကန့်သတ်လိုက်ခြင်းအားဖြင့် user အကောင့်တွေကို
ဝင်ရောက်ဖို့ကြိုးစားနေတဲ့ cybercriminals တွေကို တော်တော်လေး
ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်လာလို့ပါ ပြောကြားထားပါတယ်။




ဒါကြောင့်မို့ Passwords များကို 16လုံးအနည်းဆုံးထားရှိဖို့
ကန့်သတ်ထားတယ်လို့ Microsoft Outlook Team ၏ အဖွဲဝင်တစ်ယောက်က
ရှင်းပြထားပါတယ်။ ဒါပေမဲ့လဲ Phishing နဲ့ malware တွေကနေ Passwords
ခိုးယူမှုက ရှိနေဆဲပဲလို့  ၄င်းက ဆက်လက်ပြောကြားသွားပါတယ်။



"Phishing, Malware ကိုက်ခံထားရတဲ့ စက်တွေ, မိမိ၏ Password ကို အခြားသော
Site မှာ ပြန်သူတဲ့ သူတွေကိုတော့ ရှည်လျားသော Password
ထားရှိခြင်းကူညီမှာမဟုတ်ပါဘူး။ ဒါပေမဲ့လဲ ကျွနှုပ်တို့ရဲ့ Research က
Password ရှည်ရှည်ထားရှိခြင်းဟာ ပိုကောင်းတယ်လို့ တွေ့ရှိထားတဲ့ အတွက်
ကျွနှုပ်တို့ ယခုနှစ်တွေမှာ Password Sixteen characters ထားရှိဖို့
လုပ်ထားခဲ့ပြီးပါပြီ။




ကျွနှုပ်တို့ဟာ အမြဲတမ်း Userတွေရဲ့ အကောင့်တွေကို ကာကွယ်ပေးသွားမှာပါ။
ထို့ပြင် hijackers နဲ့ spammers တွေရဲ့ ရန်ကနေပြီးတော့လဲ ကာကွယ်ဖို့
ဆက်လက် research အသစ်များပြုလုပ်နေပြီး Feature အသစ်များနဲ့
ကာကွယ်ပေးနေပါတယ်။ကျွနှုပ်တို့ ဒီကနေပြီးတော့ User[customer] များကို
မကြာခဏPassword ပြောင်းလဲခြင်း၊ မိမိ၏ Password များကို အခြားသော Site
များမှာ မတူညီအောင်ထားဖို့ တိုက်တန်းအကြံပြုလိုက်ရပါတယ်။" ဟု Microsoft က
ပြောကြားပြီး နိဂုံချုပ်သွားခဲ့ပါတယ်။
 



 


Tech Milo [Miloboy Inc.] ဘာသာပြန်တင်ပြသည်။















0 comments:

Post a Comment