ကိုလတ်: အကို....ဘာဘဲဖွင့်ဖွင့် Firefox Browser နဲ့ပွင့်နေတယ် .lnk တခုကို Open With Firefox နဲ့နှိပ်မိထားတာပါ ကူညီပါဦးဗျာ...
ဘယ် Program ဖွင့်ဖွင့် .Lnk File (or) Window Media Player (or) Adobe Reader (or) IE Browser စ,သည်တို့ ဖြင့်ပွင့်နေတတ်တာဟာ Malware တမျိုးကြောင့်ပါ.. အဲ့ဒီ Error ကို အောက်ပါ နည်းလမ်း (၅) မျိုးထဲမှ အဆင်ပြေမဲ့ တစ်နည်းနည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...။
နည်းလမ်း (၁)
Window XP User တွေအတွက် ဒီမှာ ဒေါင်းပါ..။
Window Vista , 7 User တွေအတွက်ကတော့ ဒီမှာ ဒေါင်းပါ...။
ဒေါင်းလို့ ရလာတဲ့ .reg ဖိုင်လေးကို Double Click နဲ့ Run ပါ ...
Registry Editor တတ်လာရင် Yes ကို နှိပ်ပါ ....
ကွန်ပျူတာကို Restart ချပေးပါ...။
နည်းလမ် (၂)
Start > Run မှာ regedit ရေးထည့်ပြီး Enter ခေါက်ပါ ..
HKEY_CURRENT_USER\ Software\ Microsoft\ Windows\ CurrentVersion\ Explorer\ FileExts\ .lnk
ထိ အဆင့်ဆင့် ရောက်အောင်သွားပါ..
UserChoice ဆိုတာကို ရှာပါ .. တွေ့ရင် Right Click နှိပ်ပြီး Delete လုပ်ပေးလိုက်ပါ...။
Registry Editor ကို ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ...။
နည်းလမ်း (၃)
Start button က Search Box မှာ System Restore ရေးထည့်ပြီး ခု Error မတတ်ခင် ရက်တွေကို ရွေးပြီး System Restore လုပ်ပေးနိုင်ပါတယ်...။
နည်းလမ်း (၄)
Perform full scan နဲ့ စစ်ပေးပါ ..
တွေ့သမျှ Malware တွေကို Delete လုပ်ပါ...
ပြီးရင် စက်ကို Restart ချပေးပါ....။
နည်းလမ်း (၅)
ဒီ Repair .lnk ဆိုတဲ့ Utility လေးကို ဒေါင်းယူ Install ပါ...
Start button ကို နှိပ်ပြီး Repair လုပ်ပေးလိုက်ပါ...
ပြီးရင် စက်ကို Restart ချပေးလိုက်ပါ....။
အဆင်ပြေနိုင်ကြပါစေ
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net








နည်းလမ်း၂နဲ့အဆင်ပြေသွားတာပါ....ကျန်တာယူထားလိုက်ပါတယ်...တောင်းပန်ပါတယ်အကို
ReplyDelete